ဒဏ္ဍာရီ ထဲက မောင် တင်ဦး…။

black chawAugust 24, 20151min31720

ဖြစ်ရပ် ၁…။

စိတ်ကူးချိုချို ၁၆ နှစ်ပြည့် စာအုပ်ရောင်းပွဲသို့

နံနက်ခင်း တစ်ခုမှာ ရောက်ခဲ့ပါတယ်…။

စာအုပ် ၂ အုပ် ဝယ်ဖြစ်ပါတယ်…။

ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းရဲ့ ငရဲ နိုင်ငံ ဝတ္ထု (ဒုတိယအကြိမ်) နှင့်

ဆရာဝင်းဖေ ရဲ့ လွယ်အိတ် (ရေဒီယို အသံလွှင့်ချက်များ-၁) တို့ ဖြစ်၏။

ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်း စာအုပ်ကတော့

တစ်ည နည်းနည်း နှင့် တစ်ဝက်လောက်တော့ ကျိုးနေပါပြီ။

ဆရာဝင်းဖေ စာအုပ်ကတော့ မဖတ်ဖြစ်သေး။

သို့သော် စာအုပ်နှင့်အတူ အသံလွှင့်ချက်တွေကို စီဒီနှင့် တွဲပြီးလက်ဆောင်ပေးထား

တာဆိုတော့ ဖုန်းထဲ ပြန်ကူးထည့်ပြီး အစ မှ အဆုံး တိုင်

ညတိုင်း နားထောင်ဖြစ်ပါတယ်။

တော်တော် လည်း နားထောင်လို့ ကောင်းတဲ့ အသံလွှင့်ချက်တွေပါပဲ။

 

ဖြစ်ရပ် ၂…။

ပြီးခဲ့တဲ့ တစ်ပတ်လောက်က အိမ်မည်းမြို့နေ ဆရာထက်ဝေး

ရန်ကုန်ရောက်လာပြီး သင်တန်းတစ်ခုတက်ပါသည်။

၃ ရက်ခန့်ကြာသည် ထင်ပါရဲ့…။

သူပြန်တော့ ကျွန်တော့် အိမ်ရှေ့မှာ သူစီးလာတဲ့ တက်စီ ကိုရပ်ခိုင်းပြီး

သူ့ ရဲ့ ထုတ်ဝေပြီးဖြစ်သော အမုန်းမုန်တိုင်းပေါ်မှ ရက်စက်သော ရယ်သံ

စာအုပ် တချို့ လက်ဆောင်ပေးခဲ့ပါသည်။

တစ်အုပ်ကို ကိုပါကြီး ကိုပေးပေးပါ ဆိုပြီး လက်မှတ်ထိုးပေးခဲ့ပါ၏။

ထို့ကြောင့် တစ်ရက်ကိုပါကြီး နှင့် ချိန်းပြီး စာအုပ်ပေးဖြစ်ပါသည်။

စာအုပ်ပေးရင်း ကိုပါကြီးကို ဝင်းဖေ ၏ လွယ်အိတ် အသံလွှင့်ချက်များ အကြောင်း

ကျွ်နတော် ပြောပြဖြစ်သည်။

ဒါရိုက်တာ မောင်တင်ဦး နှင့် ဝင်းဖေ တို့ ပတ်သက်ခဲ့ပုံတွေကို ပြောထားတာ

နားထောင်လို့ ကောင်းတယ် ဆိုတဲ့ အကြောင်းပေါ့။

ကိုပါကြီး စိတ်ဝင်စားလျှင် ပေးမည် ဟု ပြောဖြစ်၏။

ကိုပါကြီး ကလည်း စိတ်ဝင်တစားဖြင့် နားထောင်မည်ဆိုသဖြင့်

စီဒီ ပေးမည်ဟု ပြောဖြစ်ခဲ့ပါသည်။

အဲဒီနေ့က ဒါရိုက်တာ မောင်တင်ဦး အကြောင်းတောင် ကိုပါကြီးက

ပြောပြနေပါသေးသည်။

အဲဒီနေ့က ကျွန်တော်တို့ စကားဝိုင်း မှာ မောင်တင်ဦး အကြောင်းတွေ

အတော် ပြောဖြစ်ခဲ့ကြပါသည်။

 

ဖြစ်ရပ် ၃…။

အခု အဲဒီ အထဲက နည်းနည်းလောက် အမြည်းနမူနာလေး

ထုတ်နှုုတ်ဖေါ်ပြလိုက်ချင်ပါ၏။

ဖတ်ကြည့်ကြပါခင်ဗျာ…။

မောင်တင်ဦးဟာ ရုပ်ရှင် ပညာ သက်သက်သာ မဟုတ်ဘဲ

ရုပ်ရှင်လုပ်ငန်းရဲ့ စီးပွားရေး ပြသနာတွေကိုပါ စိတ်ဝင်စားသူ

ဖြစ်ပါတယ်။ ရုပ်ရှင်ကားတစ်ကားကို ထုတ်လုပ်ဖို့ ဘယ်လောက်

ကုန်ကျမလဲ၊ ဘယ်လောက်အမြတ်အစွန်း ရှိနိုင်သလဲ၊ ငွေကြေးအရင်းအနှီးကို

ဘယ်က ရနိုင်သလဲ၊ ဘယ်လို ရှာရမှာလဲ၊ ငွေကြေးကျခံမယ့်သူတွေကို ဘယ်လို

ပြောမှာလဲ၊ ဘယ်လိုအာမခံချက်တွေ ပေးမလဲ၊ စာနယ်ဇင်းကြော်ငြာတွေကို

ဘယ်လိုလုပ်မှာလဲ…စတာတွေကို ကြိုတင် ပြင်ဆင် အကွက်ချ လုပ်ကိုင်တတ်သူ

ဖြစ်ပါတယ်။

ရုပ်ရှင် အနုပညာမှာ ထုတ်လုပ်ရေးအပိုင်း၊ ငွေရေးကြေးရေး အပိုင်းတွေကိုပါ

အခြေခံလောက်တော့ နားလည်သင့်တယ် ဆိုတဲ့ အတိုင်းအတာ အထိ ဝင်းဖေက

လက်ခံလို့ရပါတယ်။ ဒါပေမယ့် အသေးစိတ် တွေ အထိ လိုက်သိဖို့ ဆိုတဲ့ အပိုင်းကို

တော့ ပင်ကိုယ် ဝါသနာ မပါလာတာကတစ်ကြောင်း၊ အနုပညာပိုင်းမှာ အချိန်နဲ့

လုပ်အားခွဲဝေပေးဖို့ အခက်အခဲ အများကြီးရှိနေတာ က တစ်ကြောင်း၊

စတာတွေကြောင့် မောင်တင်ဦးနဲ့ ဝင်းဖေ တို့ အကြား သဘောထားတွေ ကွဲပြား

လာပါတယ်။

နောက်ဆုံး ဝင်းဖေ မောင်တင်ဦး ပူးပေါင်း ရုပ်ရှင်ထုတ်လုပ်ရေး ရည်မှန်းချက်ကြီး

ဝါး အစည်းပြေသလို ပြေသွားခဲ့ရပါတယ်။ မန္တလေးသား ၂ ယောက်ပေါင်းပြီး

စည်းစည်းလုံးလုံး ရှိစေချင်တဲ့ မန္တလေးက လူကြီးတွေက ဝင်းဖေ နဲ့ မောင်တင်ဦးကို

ညီညွတ်ကြဖို့ တိုက်တွန်းဆုံးမ ခဲ့ကြပါသေးတယ်။ ဒါပေမယ့်

၂ ယောက်စလုံးရဲ့ လွတ်လပ်မှု အတွက် သီးခြားစီနေကြတာက ပိုပြီး သင့်တော်ကြောင်း

နှစ်ဦးသဘောတူပဲ ဆုံးဖြတ်နေထိုင်ခဲ့ကြပါတယ်။)

ဖြစ်ရပ် ၄…။

ဒီနေ့ မနက် ဒါရိုက်တာ မောင်တင်ဦး ဆုံးပြီဟု သိလိုက်ရပါသည်။

တိုက်တိုက် ဆိုင်ဆိုင် ဝင်းဖေ ၏ လွယ်အိတ် အသံလွှင့်ချက်တွေထဲမှာ

ဒါရိုက်တာ မောင်တင်ဦး နှင့် သူ့အကြောင်းကို ထည့်ပြောသွားတာ

လှမ်းသတိရလိုက်ပါ၏။

မောင်တင်ဦး ကား ရုပ်ရှင် ပညာ သာမက ရုပ်ရှင်လုပ်ငန်း ဆိုင်ရာ စီးပွားရေးတွေကို ပါ

စိတ်ဝင်စားခဲ့သူ ဖြစ်ပါသတဲ့။

ကောင်းလေစွ။

မြန်မာ့ရုပ်ရှင်လောကကြီး နိမ့်ဆင်းနေသည့် အချိန်မျိုးမှာ

မောင်တင်ဦးလို လုပ်တတ်ကိုင်တတ် သည့် ဒါရိုက်တာတစ်ယောက်

ကွယ်လွန်သွားတာ နှမြောစရာ ကောင်းလှပါသည်။

မောင်တင်ဦး ကောင်းရာသုဂတိ သို့ ရောက်ပါစေဟု

အမှတ်တရ ဆုတောင်း လိုက်ရပါတယ်ဗျာ။

 

 

20 comments

  • ဇီဇီခင်ဇော်

    August 24, 2015 at 5:02 pm

    ပါပါ တင်ဦးး ကိုင်ရင်
    အဲ
    ရွံ့ က ရွှေဖြစ်ဆိုလားးး
    တော်တဲ့ အနုပညာရှင်တွေမို့ ညီ အကို ၂ ယောက်လုံးး နှမြောစရာ…

    • black chaw

      August 24, 2015 at 5:41 pm

      @ ဇီဇီခင်ဇော် ;
      ဒီရက်ပိုင်း မိတ်ဆွေတချို့နဲ့ မောင်တင်ဦးအကြောင်း
      အတော်လေး ပြောဖြစ်ပါတယ်။
      လောလောဆယ် ကျွန်တော် နားထောင်ဖြစ်နေတဲ့
      ဆရာဝင်းဖေ ရဲ့ လွယ်အိတ် အသံလွှင့်ချက်တွေ ထဲမှာ
      မောင်တင်ဦး အကြောင်း လည်းပါတယ်လေ။
      အခု မောင်တင်ဦး ဆုံးပြီဆိုတော့
      လောလောဆယ် စိတ်ဝင်စားနေမိတဲ့
      ပုဂ္ဂိုလ်ဖြစ်နေလို့ ဒီပို့စ်ကို အမြန်ရေးတင်လိုက်ရခြင်းပါဗျာ…။
      ပထမဆုံး ချီးမြှင့်ပေးသွားတဲ့ ကွန်းမန့်လေးအတွက်
      အထူးကျေးဇူးပါဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

    • @QUIL@

      August 24, 2015 at 8:22 pm

      အဲ့အကြောင်း သူဖြေထားတာ နာဖူးသဗျ…
      သူက ရွှေဖြစ်မယ့် ရွှံ့ပဲ ရွေးကိုင်လို့ပါတဲ့…

      ကျနော့်အမြင်ကတော့ ဘာကိုင်ကိုင် ရွှေဖြစ်အောင် လုပ်နိုင်တာထက်စာရင်
      ဘယ်ရွှံ့က ရွှေဖြစ်မယ်ဆိုတာကို မှန်းနိုင်- မှန်းတဲ့အတိုင်းလည်း ရွှေဖြစ်အောင် ကိုင်နိုင်တာကိုကပိုဆြာကျတယ် ထင်မိတာပါပဲ။

      • black chaw

        August 24, 2015 at 9:49 pm

        @ @QUIL@ ;
        ရွှေဖြစ်မယ့် ရွှံ ့ကိုပဲ ရွေးကိုင် လို ့ပါ ဆိုတဲ့
        အင် တာဗျူးကို သိနေတယ် ဆိုလို ့
        ဘီစီ ချီးမြင့် ပါတယ်ဗျာ။
        ချစ်ခင် လေးစားတဲ့
        ဘလက်ချော…။

  • Alinsett @ Maung Thura

    August 24, 2015 at 5:08 pm

    စိတ်ကူးချိုချို စာအုပ်ရောင်းပွဲကို သွားချင်တာ…. ခြေထောက်ကြီးတောင် ကားယားကြီးကို ဖြစ်လို့…
    မဝယ်နိုင်ပဲ…. မြည်းပဲမြည်းရတဲ့ ခံစားချက်ကို လွန်ဆန်ပစ်လိုက်လို့သာ… မရောက်ဖြစ်တာ…
    😥

    .မြန်မာ့ရုပ်ရှင်လောကကြီးကိုတော့….. ဘာမှမသိ..ဘာမှမတတ်သည့် လူငယ်တစ်ယောက်အနေနဲ့တောင်မှ…
    ကျနော် အားမရ….

    • black chaw

      August 24, 2015 at 5:50 pm

      @ Alinnsett @ Maung Thura ;
      ဆရာ ခရမ်းပြာထက်လူက သူ့ကဗျာတစ်ပုဒ်ထဲမှာ အခုလိုပဲ
      ရေးသွားခဲ့ပါတယ် ညီလေးရေ…။

      မင်းသိလား ညီလေး
      ငါတို့ဆီမှာက
      အကောင်းထဲက အကောင်းဆုံးကိုရွေးနေရတာမဟုတ်ဘူး
      အဆိုးထဲက အကောင်းဆုံးကိုရှာနေရတာ။

      အနည်းဆုံးတော့ မောင်တင်ဦး ဟာ
      မြန်မာနိုင်ငံရဲ့ အဆိုးဆုံးတွေထဲက အကောင်းဆုံး စာရင်းဝင်တစ်ယောက်
      ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
      ဥပမာ ပေးတာ မောင်တင်ဦးကို စော်ကားသလိုများ ဖြစ်နေမလား မသိပါဘူး…။
      အဲဒါကြောင့် ဒီပို့စ်ကို ချက်ခြင်း ရေးတင်လိုက်ရခြင်းပါဗျာ…။
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ ညီလေးရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • တောင်ပေါ်သား

    August 25, 2015 at 10:02 am

    ဒဏ္ဍာရီဇာတ်သိမ်းပိုင်း . . .

    ထွန်းထွန်းနိူင်နဲ့မေသန်းနုမင်္ဂလာဆောင်မှာ

    ဇင်ဝိုင်း ဓါတ်ပုံရိုက်တဲ့အချိန် . . .

    ပရင့်ဆက်စ် အန် ဖိုတိုဂရပ်ဖာထဲက ဇာတ်သိမ်းမှာ

    တော်ဝင်မင်းသမီးလေးကို ဓါတ်ပုံလိုက်ရိုက်တဲ့ ဂျပန်ကြီးကို သွားသတိရမိတယ်

    ရိုက်ပြီးသားဓါတ်ပုံဖလင်တွေ ကင်မရာထဲက ဆွဲထုတ်လိုက်တဲ့အခါ . . . .

    အတော်အသည်းမာမှ ရမှာနော့ . . .

    • black chaw

      August 25, 2015 at 1:11 pm

      @ တောင်ပေါ်သား ;
      အသေးစိတ်ကို မှတ်မိနေတာပါလား ကိုကိုရယ်…။
      သံယောဇဉ်ကို တိကနဲ နေအောင် ဖြတ်ချလိုက်တယ် ဆိုတဲ့ သဘောပေါ့…။
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူး ပါ ကိုမျိုး ရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

    • black chaw

      August 25, 2015 at 1:13 pm

      @ အောင်မိုးသူ ;
      တစုံတရာဟာ ကြယ်တွေကြွေအောင် ပြုလုပ်ပေးနေတယ်…။
      ကွန်းမန့်လေးအတွက် ကျေးဇူး ပါ ညီလေးရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ဦးဦးပါလေရာ

    August 25, 2015 at 12:37 pm

    ဒီလိုဖန်တီးရှင်မျိုးက အရမ်းရှားပါတယ်…
    သူဘယ်သူ ဘယ်လိုလူ ဘာပညာတွေတတ်တဲ့သူဆိုတာ ထက်..
    သူ့ရဲ့ ရတနာထိုက်တဲ့ လက်ရာလေးတွေကိုတော့ နှစ်သက်မိတယ်..
    သူကိုင်ရင်း မတော်တဆဂွမ်းသွားတာလေးတွေလဲ ရှိတော့ရှိပါတယ်..
    ဒါပေမယ့် ခြုံပြောရရင်
    အဲလိုဒါရိုက်တာမျိုးကမှ အောင်မြင်မှု့ကြီးမားတဲ့ရုပ်ရှင်ကားမျိုး လုပ်နိုင်တာများတယ်…

    • black chaw

      August 25, 2015 at 1:16 pm

      @ ဦးဦး ပါလေရာ ;
      သူနဲ့ကျမှ တိုက်တိုက် ဆိုင်ဆိုင် လို့ပဲ ဆိုရတော့မှာပါပဲ…။
      သူ သေခါနီး မှာ သူ့အကြောင်းကို စိတ်ဝင်တစား စကားဖေါင်ဖွဲ့ခဲ့တာတော့
      အမှတ်တရပါပဲဗျာ…။
      အကောင်း အဆိုး ရောပြွမ်းနေမှာဖြစ်ပေမယ့်
      အကောင်းတွေကလည်း နှယ်နှယ်ရရ မဟုတ်ဘူး ဆိုတာ
      အားလုံး လက်ခံနိုင်ကြပါတယ်…။
      ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုပါကြီးရေ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • Mike

    August 25, 2015 at 2:18 pm

    .ဒါရိုက်တာမောင်တင်ဦးကိုတော့ တော်တဲ့အထဲထည့်ရမှာပါပဲ..သူရိုက်ခဲ့တဲ့ကားတွေကသက်သေ..
    .သူတင်ခဲ့တဲ့မင်းသား မင်းသမီးတွေလည်းအောင်မြင်ခဲ့တာကိုး…
    .လူတော်တွေတော်တော်သွားကုန်ကြပြီမို့ နောက်လူတွေအတုယူကြိုးစားကြစေချင်ပါသဗျာ
    .ဒါရိုက်တာကြီးလည်းကောင်းရာမွန်ရာရောက်ဖို့ဆန္ဒပြုလိုက်ပါရဲ့ ကိုရင်ဘလက်ေ၇

  • black chaw

    August 25, 2015 at 2:42 pm

    @ Mike ;
    မှန်တာပေါ့ ကိုမိုက်ရယ်…။
    သူ ဖန်တီးထားရစ်ခဲ့တဲ့ အနုပညာတွေက
    မြန်မာပြည်စံနဲ့ ကြည့်ရင် ကောင်းလွန်းနေတော့
    တချို့အားနည်းချက်တွေကို မေ့ ထားပေးလိုက်ကြဖို့
    သင့်ပါတယ်ဗျာ…။
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါ ဗျာ…။
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

  • ဦးကြောင်ကြီး

    August 26, 2015 at 8:42 am

    ဆလာကီးက လူသားလည်း စားတယ်လို့ နှာမြည်က ျီးသဗ ျ။ ရိုုက်လည်းရိုက် စားလည်းစားပေါ့ဂ ျာ… တော ်ဒါတော ့ ငြင်းမြ။ အဲလို ဒါရိုက်တာမ ျိုး ဖြစ်ခ ျဉ်သာ… ရိုက်စားလှုပ်ခြင်ရို့

  • black chaw

    August 26, 2015 at 12:42 pm

    @ ဦးကြောင်ကြီး ;
    အခွင့်အရေး သာ ရမယ်ဆိုရင်
    ဘယ်လို ပုထုဇဉ်က ရော ရှောင်နိုင်မှာလဲ ကိုကိုရယ်…။
    ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးဗျ…ကိုကြောင်ကြီး…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • Wow

    August 26, 2015 at 3:59 pm

    သူနောက်ဆုံးတင်သွားတဲ့ ရွှေသမီး ဆိုတဲ့ မင်းသမီးပေါက်စလေးလဲ ချောသဗျ….

    • black chaw

      August 26, 2015 at 7:25 pm

      @ Wow ;
      ရွှေသမီး…က…အခု ပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီး ဖြစ်နေပြီဗျာ…။
      ငါ့တူမကြီး Wow ရဲ့ ကွန်းမန့်လေးတွေ မမြင်ရတာ ကြာပြီနော်…။
      အခုလို ကွန်းမန့်လေး ဝင်ရေးပေးသွားတာ
      အထူး ကျေးဇူးတင်ရှိပါတယ် ဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • Shwe Ei

    August 27, 2015 at 2:18 pm

    -ခေတ်ကြီးက တိုးတက်တယ်သာဆိုတယ်..
    -ခေတ်နဲ့အမှီ သိချင်တတ်ချင်တယ်သာ တွင်တွင်ပျောကျတယ်
    -ကိုယ်ပိုင် အတွေးအခေါ်နဲ့ဖန်တီးနိုင်စွမ်းတွေ အောက်ဆုံးထိ ထိုးကျနေတာ ဘဒူမှမမြင်ဝူး
    -ဝါရင့် ဒါရိုက်တာတွေ အကြောင်း စကားဖေါင်ဖွဲ့ရင် ကောင်းတာတွေဆွဲထုတ်လို့ရသေးတယ်
    -ခေတ်ပေါ်ဒါရိုက်တာတွေ ပေါက်တတ်ကရ လုပ်ကျတဲ့ အကြောင်း ဆွဲထုတ်ဖို့ အစီအစဉ်ရှိသေးရင်
    -ဖတ်ချင်တယ်လို့စ်…

    • black chaw

      August 27, 2015 at 2:27 pm

      @ Shwe Ei ;
      ခေတ်ပေါ် ဒါရိုက်တာတွေ ပေါက်တတ်ကရ လုပ်တဲ့ အကြောင်း
      ဦးဘလက် ကတော့ ရေးတတ်ဘူးဗျ…။
      ဟေးဟေး။
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူး အထူး….အထူးပါဗျာ…။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

Leave a Reply