တောင်အာရှတွင် ပဋိဇီဝဆေးများကိုခံနိုင်ရည်ရှိသော မျိုးဗီဇသစ်တွေ့ရှိ

cobraAugust 26, 20101min520

လန်ဒန်- အိနိ္ဒယနှင့်ပါကစ္စတန်နိုင်ငံများသို့သွား၍ ဈေး နှုန်းချိုသာသော ဆေးဝါးကုသမှုခံယူခဲ့သူများသည် ဘေးဥပဒ်များကူးစက်ခံရကာ အထူးပိုးမွှားသစ်များကို ပျံ့နှံ့စေခဲ့သည်ဟု နိုင်ငံတကာသိပ္ပံပညာရှင်များအဖွဲ့၏ အဆိုအရ သိရသည်။ သုတေသီတို့၏တွေ့ရှိချက်အရ အာရှနှင့် ဗြိတိန်တို့ရှိ လူနာများတွင်New Delhi metalla beta-Lacta-mase သို့မဟုတ် NDM-1 ဟု ခေါ်သော မျိုးဗီဇသစ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ NDM-1 မျိုးဗီဇသစ်က ပဋိဇီဝဆေးဝါးများနှင့်ပတ်သက် ၍ ခံနိုင်ရည်အဆင့်မြင့်မားသော ဗက်တီးရီးယားကို ပေါ်ပေါက်စေခြင်းဖြစ်ပြီး နိုင်ငံတကာသိပ္ပံပညာရှင်များ အဖွဲ့က ထိုမျိုးဗီဇသစ် တစ်ကမ္ဘာလုံးအနှံ့ပျံ့နှံ့မည်ကို စိုးရွံ့ထိတ်လန့်လျက်ရှိသည်ဟု သိရသည်။
သုတေသနပညာရှင်တို့၏အဆိုအရ NDM-1 သည် ဘင်္ဂလားဒေ့ရှ်၊ အိနိ္ဒယနှင့် ပါကစ္စတန်တို့တွင် ပျံ့နှံ့လျက်ရှိကြောင်း ထိုနိုင်ငံများမှပြန်လာသော ဗြိတိန် နိုင်ငံမှ လူနာတို့တွင် စတင်ကူးစက်နေခြင်းသည်လည်း အရေးပါလှသည့်အနေအထားဖြစ်သည်ဟု ဆိုသည်။
အိနိ္ဒယနိုင်ငံတွင် အခြားသော ဥရောပသား တို့နှင့် အမေရိကန်တို့ကို အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင် မှုများ ပြုလုပ်လျက်ရှိရာ ထိုမှတစ်ဆင့် NDM-1 မျိုး ဗီဇသစ်ကို တစ်ကမ္ဘာလုံးအနှံ့ပျံ့နှံ့စေမည့်အလားအလာ များရှိနေကြောင်း သုတေသီသိပ္ပံပညာရှင်အဖွဲ့ကို  ဦး ဆောင်နေသည့် ပါမောက္ခတီမိုသီဝါ့ရှ်က ပြောဆိုခဲ့ ကြောင်း သိရသည်။
ပါမောက္ခဝါ့ရှ်နှင့် သူ၏ နိုင်ငံတကာသိပ္ပံပညာ ရှင်များအဖွဲ့က အိနိ္ဒယမြို့နှစ်မြို့ရှိ ဆေးရုံများရှိ လူနာ များထံမှ  ဗက်တီးရီးယားနမူနာများကို စုဆောင်းကာ စမ်းသပ်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ၎င်းင်းတို့၏ စမ်းသပ် စစ်ဆေးချက်အရ အိနိ္ဒယမှ လူနာ၇ဝခန့်တွင် NDM-1 မျိုးဗီဇကိုတွေ့ရှိသကဲ့သို့ ဗြိတိန်မှ လူနာ ၃ရဦးနှင့် ဘင်္ဂ လားဒေ့ရှ်၊ အိနိ္ဒယနှင့် ပါကစ္စတန်တို့မှ လူနာ ၇၃ဦးတွင် လည်း အလားတူတွေ့ရှိခဲ့ရသည်ဟု သိရသည်။