( အိပ်မက်မုန်းသူ တစ်ယောက်အကြောင်း )

အကြည့်က ရင်ဖို ချိုသာတဲ့ စကား

ဖက်ထားတဲ့လက်တွေ ချွေလေခဲ့အနမ်း

မရိုးတမ်းအိပ်မက်တွေကြား

ဗျာများရင်းကျော်ဖြတ်

အတော်မရပ်တဲ့ အကယ်ဒမီရှော့ခ်

ကြာလေပြီ ဆိုတော့ရိုး

နိူးလာတဲ့ မနက်တိုင်းဟာ ဗလာ

ဘာလက်တွေ့မှ မရှိလေတော့လည်း

တကယ့်ဘဝကိုမျှော်ရင်း

သိပ်မထူးအသွင်ချင်း စိတ်ကူးယဉ်ခြင်းကိုပစ်

တရားသစ်တွေနဲ့အိပ်စက်

ဘာအိပ်မက်မှာ မလာတော့သမို့

ကျေနပ်လို့ရတဲ့ နံနက်ခင်း

ကြည်လင်ခြင်းကို အားပြု

အနားအခုရှိသူသာ ငါ့ဘဝအတွက် သင့်သူပါ ၊

16 comments

  • black chaw

    August 25, 2015 at 3:27 pm

    အိပ်မက်ရပ်အောင် လုပ်ကြပါဦး
    ကျွန်တော့်ကို နိုးအောင် နှိုးကြပါဦး
    အိပ်မက်ကိုသွားအောင် မောင်း..ထုတ်..ပါ..ဦး..
    (အဲဒါ ဂျေညီညီ့ သီချင်း)

    မှုံရီဝိုးတဝါး ညကမ္ဘာထဲ
    အိပ်မက်လေး တစ်ခု မက်နေတယ်
    ကိုယ့်ရင်ခွင် ထဲ မင်းအိပ်နေပါအချစ်ရယ်
    ရင်ထဲက မင်းကို တမ်းတလို့
    ကိုယ်ယောင်အော်နေဆဲ…ကိုယ်ယောင် ယောင်အော်နေဆဲ
    (အဲဒါ ဂျေမောင်မောင် သီချင်း)

    အိပ်မက်လေးထဲ လာမှာလားကွယ်
    လာနိုင်ပါတယ် ပြန်လည်ထွက်မသွားနဲ့
    (အဲဒါ ထူးအိမ်သင်သီချင်း)

    အိပ်မက်ကလှတယ် ဘဝက ရုပ်ဆိုးတယ်
    ယုံကြည်နေသူကို နှစ်သိမ့်ပါရစေ
    မိုးမလင်းသေးဘူး..အိပ်ဦး
    (အဲဒါ စိုင်းထီးဆိုင်)

    မုန်တိုင်းထဲမှာ ပွင့်တဲ့ ပန်းလို ကြေမွသွားခဲ့တယ်
    အချစ်မျက်နှာလေး မြင်ယောင်ကာ အိပ်မက် မက်တယ်
    ပတ်ဝန်းကျင်လှည့်ကြည့်မိတော့ တမ်း…တ တဲ့သူ ကိုယ်တစ်ယောက်တည်းကွယ်
    (အဲဒါ ခိုင်ထူး သီချင်း)

    မောင့်ရဲ့အိပ်မက်များ
    မင်းတီထွင်တာလား
    (အဲဒါ ကိုင်ဇာ့ သီချင်း)

    အိုး ကြည့်ပါ
    သူလာပြီ အိပ်မက်များလား လှတဲ့သူ
    ပန်းများအားလုံးခေါင်းငုံ့ထားမယ်
    သူဟာ ပြိုင်ဆိုင်လာရင် ကမ္ဘာမှာအလှဆုံး ပန်းကလေးပေါ့
    အချစ်လေးရေ ဘာကြောင့်များမင်း သိတ်လှနေ
    (အဲဒါ အောင်ရင်)

    အိပ်မက်မက်တိုင်းမှာ
    ခမ်းနားတဲ့ နန်းတော်ကြီးဆီ ရောက်လို့သွား
    (အဲဒါ မျိုးကြီး)

    အိပ်မက် ဆိုတာ မုန်းစရာမဟုတ်ပါဘူး ကိုကိုရယ်…။
    အိပ်မက် မရှိတဲ့ ညတွေဟာ မှောင်မိုက်လွန်းနေမှာပါဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • တောင်ပေါ်သား

      August 25, 2015 at 3:40 pm

      ဒါပေမယ့် အိပ်မက်ဟာ တကယ်မှမဖြစ်လာတော့ သွားပေရော့ကွယ်

      • black chaw

        August 26, 2015 at 12:22 pm

        သူဟာ ကျွန်တော့် ရဲ့ အိပ်မက်တွေထဲမှာ
        ရွှေနတ်သမီး အဖြစ် စိုးမိုးနေတာ
        ကျွန်တော် ညည အိပ်မရတဲ့အခါ
        အိပ်မက်များကို နှမြောတသ စွာ
        တကယ်တမ်းတော့ ကျွန်တော့်ရဲ့ အဖြစ်ဟာ
        မကြင်နာလေသူကိုမှ သွား ချစ်မိနေတာ…။

        • တောင်ပေါ်သား

          August 26, 2015 at 1:33 pm

          တည့်တည့်ကို ထိတာပါပဲလား ဆရာဘလက်ရယ်

  • @QUIL@

    August 25, 2015 at 3:49 pm

    ကျုပ်တော့
    အိပ်မက် တွေအကြောင်းကို
    အိပ်မက် ထဲမှာ
    အိပ်မက် မက်ရင်း
    အိပ်မက် မှန်းလည်း သိနေပြန်သဗျာ…။

    • တောင်ပေါ်သား

      August 25, 2015 at 3:52 pm

      အဲဒါတော့ သားသားလည်း သိတတ်တော့ဘူးဗျာ

  • Alinsett @ Maung Thura

    August 25, 2015 at 5:41 pm

    အိပ်မက်တွေ… မရိုးတမ်း မက်တတ်ဖို့တောင်… အတော်သင်ယူရဦးမယ့် …
    ကျနော်…

    😆

  • aye.kk

    August 25, 2015 at 8:02 pm

    နတ်များပေးမဲ့အိပ်မက်
    မှန်လွန်းလို့မက်ချင်မိ။။

  • ဦးကြောင်ကြီး

    August 26, 2015 at 8:50 am

    . တောင်ပေါ်သား
    .ကြောင်ပေ ျာ်နား
    .ရောင်တော ်ပွား
    .အူးမ ျိုးတမီးကိုခြစ်သှယ်။

  • CharTooLan

    August 26, 2015 at 10:10 am

    အိမ်မက်ဂို တကယ်မဖစ်စေဂျင်ဘာ ……
    ညက ချစ်ချစ်ကို လဘင်းညှစ်သတ်ပလိုက်တယ်လို့ အိမ်မက်မက်တယ် :'(

  • Mike

    August 26, 2015 at 11:30 am

    .အိပ်မက်ကအနိုးမှာ
    .အိပ်မက်နဲ့ခီများဘဝ
    .တူညီနေတာကို
    .တစ်နေ့တော့တွေ့မယ်
    .ခုတော့အိပ်အုံး….အူးညိုး :))

    • တောင်ပေါ်သား

      August 26, 2015 at 12:05 pm

      အောင်ရဲလင်းရေ
      မသင်ပဲတတ်တဲ့အထဲမှာ အိပ်မက် မက်တာပါပါတယ်ကွာ

      အန်တီအေးရေ
      အဲ့လိုအိပ်မက်မျိုးဆိုရင်လည်း လိုချင်သား

      ကိုပေါက်ရေ
      မအိပ်လို့မှ မရတာဗျာ

      ကြောင်ကြောင်ရေ
      ခီများလည်း အဲ့ဒါနဲ့ ကိစ္စချောမှာပဲ ၊ စိတ်လျှော့ စိတ်လျှော့ 😛

      ချာတူးရေ
      ချစ်ချစ်က သေနတ်နဲ့ ပစ်လိုက်မှဖြင့် 🙂

      ကိုမိုက်ရေ
      အိပ်နေလို့ ဖြစ်သေးဘူး ရုံးသွားရဦးမယ် 🙂

  • may july

    August 26, 2015 at 2:01 pm

    စိတ်ကူးယဉ်အတွေး ထဲမတော့ ပြေလည်လိုက်တာ ..
    သူကျွန်တော့ကို ချစ်လိုက်ပုံများ နှိုင်းရက်စရာ ဘာမှမရှိ အောင် …
    အပြင်ကလက်တွေ့ဘဝမှာ အိပ် မက် ဟာ တစ်ကယ်ဖြစ်မလာ … ငိငိ်

    • တောင်ပေါ်သား

      August 26, 2015 at 2:12 pm

      အွန် နာ့ကိုနောက်တယ်ပေါ့လေ

Leave a Reply