တောင်ပြုန်းပွဲတော်တွင် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရောဂါ ပြန့်ပွားမှု လျော့ကျစေရေးအတွက် ကာကွယ်လုပ်ငန်းများ ဆောင်ရွက်

cobraAugust 26, 20101min542

ဝါခေါင်လဆန်း ၈ ရက် (ဩဂုတ် ၁၈ ရက်) နေ့မှစ၍ ကျင်းပသည့် တောင်ပြုန်းပွဲတော်တွင် Man living the Sex with Man(MSM) နှင့် မိမိခန္ဓာကိုယ်အား အရင်းတည်ကာ စားဝတ်နေရေး ဖြေရှင်းနေရသော သူများအား အဓိကထား၍ HIV/AIDS ပြန့်ပွားမှု လျော့ကျစေရေးအတွက် မန္တလေးတိုင်း ခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေး National AIDS Program(NPA) အဖွဲ့၊ National NGOsNetwork(3) အဖွဲ့အစည်းများနှင့်အတူ Care Myanmar, PSI တို့မှလည်း ပူးပေါင်း ကာ ရောဂါကာကွယ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ HIV/AIDS ပြန့်ပွားမှုနှုန်း လျော့ကျရေးအတွက်  National AIDS Program(NAP)အဖွဲ့အစည်းမှ ဦးဆောင်ပြီး အခြား NGOs အဖွဲ့အစည်းများနှင့် ရောဂါခံစားနေရသော ဝေဒနာရှင်များကိုယ်တိုင် ပါဝင်၍ အသိပညာ တိုးပွားလာရေး၊ကြိုတင်ကာကွယ်ရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဩဂုတ်လ ၁၈ ရက်နေ့မှ စတင်ကာ ပွဲတော်ပြီးဆုံးသည့် နေ့အထိ အလှည့်ကျ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။”တောင်ပြုန်းပွဲ စတဲ့အချိန် ကစပြီး လုပ်ဆောင်တဲ့ အစီစဉ်ပါ။ ဝါခေါင်လပြည့်ကျော် ၈ ရက် (စက်တင်ဘာ ၂ ရက်) နေ့ စတင်ကျင်းပမယ့် ရတနာဂူပွဲတော်မှာလည်း ဒီအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားပါ့မယ်။ NAP အဖွဲ့နဲ့အခြား NGOs အဖွဲ့တွေလည်း ပါဝင်ပါတယ်။ဒီပွဲမှာ အဓိကလာကြတဲ့ MSM တွေနဲ့ မိမိရဲ့ စားဝတ်နေရေးကြောင့် ဒီအလုပ်ကို လုပ်ရတဲ့သူတွေကို အဓိကထားပြီးတော့ ဆောင်ရွက်ထားတာပါ။MSM တွေက သွေးစစ်ဖို့နဲ့ ကာကွယ်ဖို့တွေကို သိကြတယ်။ တောင်ပြန်းပွဲမှာ ဒီလိုအစီအစဉ်တွေလုပ်တော့ သူတို့ က သွေးလာစစ်ကြတယ်။တကယ်လုပ်နေတဲ့ သူတွေက သွေးစစ်ဖို့ကို မသိကြတဲ့သူတွေ များတယ်”ဟု အစီအစဉ်တွင် ပါဝင်သူတစ်ဦးက ဆိုသည်။

ထိုအစီအစဉ်များတွင် တောင်ပြုန်းပွဲတော် စသည့် နေ့မှစ၍ ပြီးဆုံးသည့်တိုင် ဆောင်ရွက်သွားလျက်ရှိ ပြီး သွေးစစ်ဆေးခြင်းများ၊ ဓာတ်ပုံပြပွဲများနှင့် သွေးလာစစ်သည့် အမျိုးသမီးတိုင်းကို လက်ဆောင်ပစ္စည်း ပေးခြင်းများလည်း ပါဝင်ကြောင်းနှင့် ရောဂါတွေ့ရှိသော သူများအား ART ဆေးများ ရရှိစေရန်လည်း စီစဉ်ဆောင်ရွက်သွားလျက် ရှိကြောင်းလည်း ထပ်မံသိရှိရသည်။

2 comments

  • moethidasoe

    August 26, 2010 at 10:52 am

    လုပ်သင့်တာ .. ဖြစ်သင့်တာ ကြာပြီ .. အများအားဖြင့် ပက်ကင် မပွင့်သေးတဲ့ .. အလှဖန်တီးရှင်တွေဟာ .. ဒီပွဲ အပြီးမှာ ပွင့်သွားကြတာ များတယ် .. အရေးပေါ်လုပ်စားတဲ့ သူတွေ အတွက်လဲ အဆင်ပြေသွားတာပေါ့ .. ဆောင်ရွက်ပေးကြတဲ့ အဖွဲ့အသီးသီးကို ကျေးဇူးတင်ဖို့ ကောင်းပါတယ် .. ဘယ်သူတွေအတွက် လိုနေတယ်ဆိုတာကို သိကြပါတယ် .. ဒါပေမယ့် လက်ခံ မခံ ဆိုတာ မသိနိုင်ကြသေးတဲ့ အချိန်မှာ ယခုလို အားကြိုးမာန်တက် ဆောင်ရွက်ပေးတဲ့အတွက် နှစ်ဖက် အကျိုးရှိသွားတာပေါ့ ..

  • mG

    August 26, 2010 at 1:14 pm

    Yap ! That is really good idea.We can help for HIV/AIDS.We together do.

Leave a Reply