ဒမ်ဒရိုဗီယမ် သစ်ခွအကြောင်း – Dendrobium အပိုင်း(၁)

ဒမ်ဒရိုဘီယမ်ဆိုတဲ့ သစ်ခွမျိုးကို အားလုံးရင်းနှီးဖူးပြီးသားဖြစ်ကြမှာပါ။

ဒမ်ဒရိုဘီယမ်(Dendrobium)သစ်ခွတွေကို ဈေးတွေ စူပါမားကတ်တွေမှာ အများဆုံးတွေ့

ရတတ်ပါတယ်။ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ သို့ပေမယ့် သစ်ခွဆိုတာကလည်း

အလွန်ဂရစိုုက်ရတဲ့မျိုးမဟုတ်လား။

 

တစ်ပင် နှစ်ပင်စိုက်တာမဟုတ်ဘဲ အများအပြား တစ်နိုင်တစ်ပိုင်စိုက်မယ်ဆိုရင်တော့

ကိုယ်စိုက်တဲ့သစ်ခွမျိုးရဲ့   သဘာဝကိုသိထားတာအကောင်းဆုံးပါ။ နည်းစနစ်အတိအကျ

အပူအချိန်တွေ မလုပ်ဆောင်နိုင်ဘူးဆိုရင်တောင် သူကြိုက်နှစ်သက်တဲ့ အနေအထားမျိုး

လုပ်ပေးနိုင်တယ်ဆိုရင် သစ်ခွဟာ ဖြစ်ထွန်းတတ်တဲ့ အပင်မျိုးပါ။

 

အခု ပို့စ်လေးမှာ ဒမ်ဒရိုဘီယမ်ဆိုတဲ့ သစ်ခွမျိုးနဲ့ မိတ်ဆက်ပေးပြီး ဘယ်လိုပြုစုပျိုးထောင်

ရတယ်ဆိုတာကိုပါ ရေးသားပေးမှာဖြစ်ပါတယ်။ ဒမ်ဒရိုဘီယမ်လို့ခေါ်လိုက်လို့  မသိဘူး

လို့ ထင်နေကြမှာပါ။ ဓာတ်ပုံလေးမြင်ရင်တော့ ဪ ဒီသစ်ခွမျိုးပဲဆိုတာ သိကြမှာပါ။

 

ကျွန်တော်တို့ မြန်မာပြည်မှာ အစိုက်များတဲ့ ဒမ်ဒရိုဘီယမ်မျိုးလေးတွေနဲ့ အရင်မိတ်ဆက်ပေးပါရစေ။

 

14
ဒမ်ဒရိုဘီယမ်ရဲ့ အပင်ပုံစံပါ အပွင့်တွေသာ ကွဲထွက်သွားမယ်။ အပင်ပုံစံကတော့ တစ်ပုံစံတည်းပါပဲ။

 

6
Ceratobium group ခေါ် Antelope Type ( သမင်ချို မျိုးအုပ်စု )

 

url
Ceratobium group ခေါ် Antelope Type ( သမင်ချို မျိုးအုပ်စု )

 

 

8
Phalaenanthe group ခေါ် Phalaenopsis type ( အပွင့်ဝိုင်းမျိုး)

 

eeee
Phalaenanthe group ခေါ် Phalaenopsis type ( အပွင့်ဝိုင်းမျိုး)
1
Ceratobium group ခေါ် Antelope Type ( သမင်ချို မျိုးအုပ်စု ) နှင့် Phalaenanthe group ခေါ် Phalaenopsis type ( အပွင့်ဝိုင်းမျိုး) နှင့် ၎င်း၂ ခု တို ့ မျိုးစပ်ထားသော ဒမ်ဒရိုဘီယမ်
9
Ceratobium group ခေါ် Antelope Type ( သမင်ချို မျိုးအုပ်စု ) နှင့် Phalaenanthe group ခေါ် Phalaenopsis type ( အပွင့်ဝိုင်းမျိုး) နှင့် ၎င်း၂ ခု တို ့ မျိုးစပ်ထားသော ဒမ်ဒရိုဘီယမ်
12
Ceratobium group ခေါ် Antelope Type ( သမင်ချို မျိုးအုပ်စု ) နှင့် Phalaenanthe group ခေါ် Phalaenopsis type ( အပွင့်ဝိုင်းမျိုး) နှင့် ၎င်း၂ ခု တို ့ မျိုးစပ်ထားသော ဒမ်ဒရိုဘီယမ်
13
Ceratobium group ခေါ် Antelope Type ( သမင်ချို မျိုးအုပ်စု ) နှင့် Phalaenanthe group ခေါ် Phalaenopsis type ( အပွင့်ဝိုင်းမျိုး) နှင့် ၎င်း၂ ခု တို ့ မျိုးစပ်ထားသော ဒမ်ဒရိုဘီယမ်

 

 

စိုက်ပျိုးရန်ပုံစံ

 

ကော်အိုးနဲ့ဖြစ် အုတ်အိုးနဲ့ဖြစ်ဖြစ် သစ်ပင်မှာကပ်ချည်ပြီးပဲ ဖြစ်ဖြစ် စိုက်ပျိုနိုင်ပါတယ်။

ကျွန်တော်ကတော့ အုတ်အိုးနဲ့ရယ် သစ်ပင်မှာကပ်ချည်စိုက်တာရယ်ကို ပိုနှစ်သက်ပါတယ်။

အိုးနဲ့စိုက်တော့မယ်ဆိုရင်တော့ အပေါက်ပါတဲ့အိုး လေဝင်လေထွက်ကောင်းတဲ့အိုးက

ပိုကောင်းပါတယ်။

 

ပျိုးခံ (သို့) ပွားစာ

 

ရေဆင်းရေလာကောင်းရမယ်။

လေဝင်လေထွက်ကောင်းမယ့် ပွားစာဖြစ်ရမယ်။

မီးသွေး ၊ အုန်းဆံတို့ကတော့ အသုံးအများဆုံးပေါ့။

 

အလင်းရောင်

 

ပုံမှန်သတ်မှတ်နှုန်းကတော့ တစ်နေကုန်နေရာင်အောက် ၅၀% ဒါမှမဟုတ်

၇၅% အမိုးအောက်မှာထားရပါမယ်။  အမိုးဆိုတာလည်း သစ်ခွစိုက်ရင်မိုးတဲ့ ဇကာအစိမ်း

ကိုပြောတာပါ။ မနက်နေရောင်ကို အမိုးမပါဘဲခံနိုင်ပေမယ့် ညနေခင်း ကျနေကိုတော့

မခံနိုင်ပါဘူး။ မနက်နေရောင်ကိုတော့ အမိုးမပါဘဲ ထားနိုင်ပြီး ညနေ ကျနေကိုတော့

မထားပါနဲ့။ အရွက်ဝါတာတွေ နေလောင်အမည်းကွက်တွေဖြစ်တတ်ပါတယ်။ အဲသည်ကနေ

တစ်ဆင့် မှိုနဲ့ ဘတ်တီးရီးယားဝင်ပြီး အပင်သေတတ်ပါတယ်။ အမည်းကွက်တွေဖြစ်လာရင်

တော့ ဖြစ်တဲ့နေရာကနေ တစ်လက်လောက်ဖြတ်ချပြီး အရိပ်ထဲပို့ မှုန်သတ်ဆေးဖြန်းပေး

ရပါမယ်။

 

ရေလောင်းခြင်း

 

အခြားအပင်တွေလိုပါပဲ သစ်ခွကို နေ့လည် နေပြင်းတဲ့အချိန်တွေမှာ ရေမလောင်းရပါဘူး။

ရေလောင်းတဲ့နေရာမှာလည်း မနက်တစ်ကြိမ် ညနေတစ်ကြိမ်မှာ မနက်တစ်ကြိမ်လောင်း

အပြီး အလယ်အလတ်အချိန်မှာ ပျိုးခံဟာ ခြောက်သွေ့နေဖို့လိုပါတယ်။ အဲသည်အချက်ကို

ကြည့်ပြီး ပျိုးခံကိုစစ်ပြီး ရေ (၁)ကြိမ် သို့မဟုတ် (၂)ကြိမ်ထိ ရေပေးဖို့လိုပါတယ်။

နံနက်ပိုင်း ရေလောင်းချိန် (၉)နာရီဟာ အနောက်ကျဆုံးအချိန်ဖြစ်ပြီး

ညနေပိုင် ရေလောင်းချိန်ဟာ (၅)နာရီ အစောဆုံးဖြစ်တာ အကောင်းဆုံးပါ။

ထုံဓာတ်များလွန်း သံဓာတ်များလွန်းသောရေကို မလောင်းတာအကောင်းဆုံးပါ။

အဓိက ph 6- 7.5 ထိ အကောင်းဆုံးပါ။

 

အပိုင်း(၂)မှာ ဒမ်ဒရိုဘီယမ်အတွက် အိုးလဲခြင်း မြေဩဇာကျွေးခြင်း ပိုးသတ်ဆေးဖြန်းခြင်း

နဲ့ အပင်ပွားခြင်းတို့ကိုဆက်တင်ပြပေးသွားပါ့မယ်။

 

အကိုးအကား-www. Tohgarden.com
– www. thaiorchidnursery.com
– ဦးမင်းဝင်းထိန် (ဘုရင်မသစ်ခွ )
ဒမ်ဒရိုဘီယမ်သစ်ခွ စာအုပ်
– မိမိကိုယ်ပိုင်အတွေ့အကြုံများ- သန့်စင်အေး admin / founder ( Myanmar Orchid Lovers )

 

လေးစားစွာဖြင့်

အောင်မိုးသူ

 

9 comments

  • ဦးကျောက်ခဲ

    August 26, 2015 at 1:23 pm

    အဲသည့်သစ်ခွကို စိတ်အနာဂျီးနာတယ်…
    တွေ့များတွေ့ရင် တစစီဖြစ်အောင် ချေမွပစ်လိုက်ချင်တယ်…
    ဘယ့်နှယ်ဗျာ သူ့ဟာသူ အပြစ်ကင်းတဲ့ သဘာဝပန်းကို…
    စလုံး Lee အစိုးရက … မြန်တျန့်ဖွတ်အစိုးရ ပြောင်ဂျီးကို ပဏာစားချင်တာနဲ့…
    “ဒမ်ဒရိုဗီယမ် သိန်းစိန်” တဲ့လေ… ကျောက်စ် စိတ်ဆိုးတာ လွန်သလား… 🙁

    • အောင် မိုးသူ

      August 26, 2015 at 1:34 pm

      သူ့မျိုးစိတ်ထဲက တစ်ပင်ကို ပေးလိုက်တာထင်တယ်။ သတင်းတစ်ခု ဖတ်ဖူးတယ် အဲ့အမျိုးကိုတော့ မစိုက်ဘူး မစိုက်ဘူး။

  • ဇီဇီခင်ဇော်

    August 26, 2015 at 1:29 pm

    ဟုတ်ပါ့။
    ဒီမယ် အတော်ပေါတဲ့ သစ်ခွတွေ။ ဘပြေါင် နာမည်ပေးမှန်းတော့ ခု မှ သိတယ်။
    လုပ်ရက်ပါပေ့။

    နာကတော့ အပင်လက်ဆိပ် ရှိတယ်မရှိတယ် ကြက်သွန်မိတ်ပင်တွေတောင် သေတာဆိုတော့ မစိုက်တော့ဘူးး
    ဟီးဟီး

    • အောင် မိုးသူ

      August 26, 2015 at 1:36 pm

      ဂရုစိုက်နိုင်ရင်တော့ ရပါတယ် သူ့ပတ်ဝန်းကျင်လေးသာ ထားပေးရင် ဖြစ်ပါတယ်။ ကြက်သွန်မိတ်တောင် သေတယ်ဆိုတော့ မကြီး ဘယ်လိုစိုက်တယ် မသိ ဟိဟိ။

  • Alinsett @ Maung Thura

    August 26, 2015 at 2:59 pm

    သမင်ချိုမျိုး အုပ်စုဆိုတဲ့ သစ်ခွလေးတွေများ..
    ပန်းပွင့်တွေကိုက……
    က …..နေသလိုလို….

      • Alinsett @ Maung Thura

        August 26, 2015 at 3:26 pm

        ခုနတောင် သေချာ စိုက်ကြည့်နေလိုက်သေးတယ်လေ….
        သူကလည်း နာ့ကို ပြန်စိုက်ကြည့်နေတာ….
        မျက်တောင်မခတ်…

  • Ma Ma

    August 27, 2015 at 8:52 am

    အပင်ကလည်းသန်၊ အပွင့်တွေကလည်း လှလိုက်တာ။

    ဒန်ဒရိုဘီယန်အပွင့်ဝိုင်းမျိုးစိုက်ထားတယ်။
    အပင်ခွဲခြင်နေတာအတော်ပဲ။

    သမင်ချိုမျိုးကိူ မမြင်ဖူးဘူး။ လှလိုက်တာ။ 🙂

    ဒါ့ထက် ပျိုးခံဆိုတာ ဘာကိုပြောတာလဲ။ 🙄

    • အောင် မိုးသူ

      August 27, 2015 at 9:22 am

      ပျိုးခံဆိုတာ အိုးထဲမှာ ထည့်တဲ့ အပင်အောက်က ခံတဲ့ အုန်းခွံတို့ မီးသွေးခဲတို့ ကိုပြောတာပါ။ အဲ့ဒါတွေက ကြာရင်ဆွေးသွားတတ်တယ်လေ။

Leave a Reply