မြန်မာဖေ့စ်ဘုတ်ခ် စတော့မည်

etoneAugust 26, 20101min576

ကျွန်တော် ဂျာနယ် တစ်စောင်ဖတ်ရင်း ဒီအကြောင်းအရာလေးဖတ်မိလို့ ဒီ ပို့စ်လေးကိုတင် ဖြစ်သွားတာပါ။ မြန်မာနိုင်ငံသား များအတွက် အလွန်အသုံးဝင်မယ် ထင်လို့ ဖြစ်ပါတယ်။
မြန်မာဖေ့စ်ဘုတ်ခ် www.myanmarfacebook.com ကို စက်တင်ဘာလ ၁ရက်နေ့တွင် စတင်တော့မှာ ဖြစ်ကြောင်းကြားခဲ့ရပါတယ်။ မြန်မာနိုင်ငံသား များအတွက် ရည်ရွယ်ပြီး ပြုလုပ်ထားချင်းဖြစ်ကြောင်း ပြီးတော့ မန်ဘာအရေအတွက် ကန့်သတ်ထားချင်းခြင်းမရှိဘဲ မည်သူမဆို အခမဲ့ သုံးစွဲနိုင်ပါတယ်။ ဆိုက်ရဲ့ လုံခြုံရေးအတွက် SSL Certificate သုံးပြီး မန်ဘာတွေအနေနဲ့ ကိုယ်တင်ပြချင်တဲ့ အကြောင်းအရာ၊ ပြလိုသူတွေကို ကို်ယ်တိုင်ရွေးချယ်သတ်မှတ်နို

င်ပါတယ်။

ဆိုက်မှာပါဝင်တဲ့ feature တွေကတော့ facebook ဆိုက်မှာပါဝင်တဲ့ ပုံစံများအတိုင်း ပါဝင်မှာ ဖြစ်ပါပြီး feature အသစ်တွေကို ပါထည့်သွင်းဖို့ အစီအစဉ်ကို လည်းဆောင်ရွက်သွားမယ်လို့သိရပါတယ်။ နောက် လူမှုရေး၊ ပညာရေး ၊ဘာသာရေး၊ ရိုးရာယဉ်ကျေးမှုနဲ့ ထွေထွေ ဗဟုသုတတွေ ပါဝင်မှာ ဖြစ်ပြီး MMFB Entertainment မီဒီယာဆိုက်၊ ဂိမ်းဆိုက်၊ jobဆိုက်နဲ့ shopping ဆိုက်တွေကိုလည်း ဆက်ပြီး ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။ MMFB စဖွင့် တဲ့အချိန်မှာ Facebook က feature တွေအပြင် wall, group, video, photo, event, mail, chat status, my playlist wall, my forum post wall, photo tagging, gift exchange, activities list, my articles စတဲ့ feature တွေပါဝင်မယ်လို့သိရတယ်။ နောက်ပိုင်းမှာလည်း မန်ဘာတွေ အနေနဲ့ မိမိ တို့ရဲ့ facebook, Gtalk, skype, yahoo, msn စတဲ့ account တွေနဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်မယ့် feature သစ်တွေထပ်မံ တိုးချဲ့မိတ်ဆက်သွားမယ်လို့ ဆိုတယ်။ ဂိမ်းတွေကို လည်းupcoming features တွေအနေနဲ့ တဖြည်းဖြည်းထပ်မံမိတ်ဆက်ပေးသွားဦးမှာ ဖြစ်ပါတယ်တဲ့။ ဒီလို ဆိုက်တွေပေါ်လာတော့ တော်တော်လေး အဆင်ပြေသွားမယ်လို့ ထင်တာဘဲ။ ကိုယ့်နိုင်ငံသား
အချင်းချင်း ဆက်သွယ်နိုင်ပြီး နိုင်ငံခြား ဆိုက်တွေကို အားကိုးစရာ မလို့တော့တဲ့ အတွက်ပေါ့။

6 comments

  • bolay

    August 26, 2010 at 7:52 am

    အရမ်းကောင်းတဲ့ အစီအစဉ်တစ်ခု ပဲဗျာ…

  • alfred

    August 26, 2010 at 8:24 am

    အရမ်းကောင်းတဲ့ အစီအစဉ်ပါ။ ဒါပေမယ့် ကျွန်တော်ကတော့ facebook ကိုမသုံးပဲတော့ မနေနိုင်ပါ။ သူ့ဂိမ်းတွေက ကျွန်တော့်ကို ဆွဲထားတယ်။ ဒါကြောင့် online game ကောင်းကောင်းရှိခြင်းဟာလည်း social site တွေ အတွက် ဆွဲဆောင်ချက်တစ်ခုလို့တောင်ထင်မိပါတယ်။ နိုင်ငံခြား ဆိုဒ်တွေ မအားကိုးဖို့ကတော့ ကျွန်တော်လို လူမျိုးအတွက်တော့ဖြစ်နိုင်မယ် မထင်ပါ။ 😀

  • researcher

    August 26, 2010 at 8:54 am

    ပိတ်ကောပိတ်ဦးမှာလားဟင်???

  • Yin Nyine Nway

    August 26, 2010 at 9:09 am

    အရမ်းကောင်းပါတယ်

  • winne

    August 26, 2010 at 12:19 pm

    အဲဒါ မြန်မာက လုပ်တာလား နိုင်ငံခြားက လုပ်တာလား မြန်မာ ကလုပ်တာဆိုရင်တော့ ဖေ့ဘွတ်တော့ မကြာခင် ပိတ်ပစ်မလားဘဲ နော်။

  • မန်း ရိပ်

    August 26, 2010 at 3:07 pm

    စောင့်ကြည့်နေတယ်

Leave a Reply