n z

 

 

 

 

 

 

 

 

 

 

ဟဲဟဲ…

.ဘာရယ်မဟုတ်…  Facebook  ပေါ်မှာ တစ်ရက် တစ်ပုဒ်နှစ်ပုဒ်နှုန်း တင်နေတဲ့

.ပေါက်တတ်ကရ သတင်းတိုထွာတွေကို စုစည်းလိုက်တာ… ။

.ဒီသတင်းတွေကို မနက်တိုင်း ကျနော့် မေးလ်ထဲ ရောက်လာတဲ့

VOA နဲ့  7 Day သတင်းဌာနတွေဆီက သတင်းကိုဖတ်ပြီး… ပြန်ရေးတာပါ။

.ပြန်ရေးရာမှာ… Facebook  ပေါ်မှာ အပျော်သဘော ပြန်ရေးတာမို့..

.ပေါတောတော သတင်းတိုထွာတွေ ဖြစ်သွားပါတယ်။

.အတည်အခန့်ပုံစံတော့ မပေါက်ပေမဲ့… အခြေခံသတင်းက အမှန်တွေပါ…လို့..။

.သူကြီးရဲ့ သတင်းစာထဲ.. မြန်မာပြည်သတင်းဒိုင်ယာရီ ရေးခဲ့တာကိုလည်း လွမ်းပြီး….

.ရတတ်သလောက် ပြန်ရေးထားတာ..

.သတင်းရေးသူကို…ခွင့်လွှတ်နားလည် စိတ်နဲ့သာ… ဖတ်ပေးကြပါခင်ဗျ…

ချစ်ခင်လေးစားလျက်…

.မောင်သူရ

 

 

.သြဂုတ် ၂၆ ၊ ၂၀၁၅ ။

မာမီမိုးနှင့် ဘင်္ဂါလီဗျိုးးး

.မှော်ဘီမြို့နယ်၊ အမှတ်(၄)လမ်းဆုံ စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ဖြင့် ယာဉ်စစ်ပိတ်ဆို့ ဆောင်ရွက်စဉ်
ရန်ကုန်-ပြည်လမ်း အတိုင်း တိုက်ကြီးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော
9H—- ပရိုဘောက်အဖြူရောင် အငှားယာဉ်အား ရပ်တန့်စစ်ဆေးရာ
ယာဉ်ပေါ်တွင် ဘင်္ဂါလီ ကျား(၅)ဦး၊ မ(၅)ဦးတို့ပါရှိလာကြောင်း၊
စစ်ဆေးဖော်ထုတ်ချက်အရ ယာဉ်ပေါ်တွင်ပါရှိလာသော ဘင်္ဂါလီ(၁၀)ဦးမှာ ရခိုင်ပြည်နယ်၊ သက္ကယ်ပြင်ကျေးရွာနှင့် သဲချောင်းကျေးရွာတို့မှ ဖြစ်ကြောင်း၊
ပွဲစားဖြစ်သူ အာလီမှ တစ်ဦးလျှင် ငွေကျပ်(၁၀/၁၂)သိန်းဖြင့် ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

.နောက်ဆက်တွဲသတင်းများအရ…
တစ်ဦးလျှင် ငွေကျပ်(၁၀/၁၂)သိန်း ရသည်ဆိုသော အဆိုပါ ပွဲစားအလုပ်ကို
လက်တလော အလုပ်မှထွက်ထားပြီး အေးယင်ကျူးသလို ငိုကြွေးနေသော
မလျှာ့လောကဥသျှောင် ဖင်ကြီးပြောင်အသိန်း (ခေါ်) ဂျနီဖျာလိုမိုး(ခေါ်)မိုးမဲသား ဆိုသူက အလွန်တရာ စိတ်ဝင်စားပြီး
လုပ်ချင်ကိုင်ချင်စိတ် တဖွားဖွား ဖြစ်ပေါ်နေကြောင်း သိရသည်။

——————————————————————-

 

.အောင်အောင်ကြူးနှင့် ရုပ်သံလွှင့်ခြင်းဆိုင်ရာ အုပဒေသာ၊

.မြန်မာပြည်၏ မူ​လ ဥ​ပ​ဒေသာ မူ​ကြမ်း​ထဲ​တွင် သ​တင်း​စာ ​ဂျာ​နယ် ​ထုတ်​ဝေ​သူများကို ​ရုပ်​သံ​လွှင့်လုပ်​ငန်း ​လုပ်​ကိုင်​ခွင့်မ​ပေး​ဘဲ
တား​မြစ်​ထား​ခဲ့​ရာကနေ ​မြန်​မာနိုင်​ငံ​၏ ပ​ထ​မ​ဆုံး ​ရုပ်​မြင်​သံ​ကြား ​အ​သံ​လွှင့်​ခြင်း​ဆိုင်​ရာ ​ဥ​ပ​ဒေ​သာကို ​ယခုကျင်း​ပ​နေ​သည့် ​ပြည်​ထောင်​စုလွှတ်​တော်​အတွင်း 
အ​တည်​ပြု​တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥ​ပ​ဒေ​ကြမ်း​ကို ​အ​တည်​ပြု ​ပြ​ဌာန်း​ပြီးသည့်အခါမှာ ​ပု​ဂ္ဂ​လိ​က​လုပ်​ငန်း​ရှင်​များ အ​နေ​ဖြင့် ရုပ်​သံ​လုပ်​ငန်း​များ တည်ထောင်​ခွင့် ​ရ​မှာ​ဖြစ်​သည့်အ​ပြင်
နိုင်​ငံ​ခြား​သား ​ကျွမ်း​ကျင်​သူ​များကို​လည်း ​ငှား​ရမ်း​နိုင်​မှာ ​ဖြစ်ပြီး ၊ ​ဥ​ပ​ဒေ ​အ​တည်​ဖြစ်​ပြီး​တဲ့အခါ အ​စိုး​ရ၊ ​အ​မျိုး​သား​လွှတ်​တော်​နဲ့ ​ပြည်​သူ့ ​လွှတ်​တော်​တို့​က 
ကိုယ်​စား​လှယ်​များ ​ပါ​ဝင်သော ​ကောင်​စီ​ကို ​ခြောက်​လအ​တွင်း​ဖွဲ့​စည်းရ​မှာ​ဖြစ်​ပြီး ​ရုပ်​သံလုပ်​ငန်း​လုပ်​ကိုင်​သူ​များက လိုင်​စင်လျှောက်​ထား​နိုင်​မှာ 
.ဖြစ်ကြောင်း သိရပါသည်။

ထိုသတင်းကို ကြားသိသွားသော မာမီရီးကားနိုင်ငံမှ အောင်အောင်ကြူး ဆိုသူက ဝမ်းမြောက်ဝမ်းသာ ထခုန်ပြီး
.ပြာသိုကြောင်ထီးပြုံးကြီး တနေကုန်ပြုံးနေကြောင်း သိရပါသည်။
အကြောင်းမှာ ၄င်းအောင်အောင်ကြူးဆိုသူသည်
.မြန်မာပြည်ပြန်လာပြီး အပြာရုပ်သံလိုင်းများ(မည်သူကြည့်ကြည့် မကြည့်ကြည့် – သူ့ဘာသာကြည့်ရပြီးရော)
လွှင့်ချင်နေသူ ဖြစ်ကြောင်း အညှီအဟောက်သတင်းဌာနများက ဆိုသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.သြဂုတ် ၂၅၊၂၀၁၅

မိန်းမလျှာလောက၏ သိန်းတစ်ရာသောက

လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးခေါက်ပွဲဖြစ်လာရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးတို့ကို ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဒီချုပ်နှင့် ၈၈ ငြိမ်း/ပွင့်တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ပါသည်၊၊

၎င်းကြေညာချက်အရ ဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက်မှုများမှာ မိန်းမလျှာလောကကို မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲစေနိုင်မည်ကို
စိတ်ဝင်စားစွာ စောင့်ကြည့်နေမည်ဖြစ်ကြောင်း မလျှာ့လောကဥသျှောင် ဖင်ကြီးပြောင်အသိန်းဆိုသူက ထုတ်ဖော်ပြောဆိုသည်၊၊

——————————————

.ကြံ့မဂျီးထာနနှင့် ညံ့လှသည့်ဟာသ

.ပြည်တွင်းဖြစ် ဆေးလိပ်ကြီးနှင့် ဆေးရွက်ကြီးဆိုင်ရာ ဆက်စပ်ပျစ်စီးများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင်
ကျန်းမာရေးသတိပေးစာတန်းနှင့်ရုပ်ပုံများထည့်သွင်းဖော်ပြရန် ကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်၊၊

.နောက်ဆက်တွဲအနေနှင့် ကြားသိရသည်မှာ—
.ဆေးပေါ့လိပ်ကိတ်ကိတ်ကြီးတစ်လိပ်ကို ဟန်ပါပါ ဖွာကာ ခဲကာဖြင့် လမ်းတကာတွင် ဖလန်းရှာမိသူ ကွဲစည် ဆိုသူသည်
၎င်းဖွာမိသော ဆေးပေါ့လိပ်ကြီးနှင့်ပတ်သက်ပြီး ပြသနာတစ်စုံတစ်ရာပေါ်ပေါက်လာမှာကို စိုးရိမ်နေကြောင်း ထုတ်ဖော်ပြောဆိုသည်၊၊

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

.သြဂုတ် ၂၄၊၂၀၁၅

မရှောင်လျှင် လွတ်နိုင်သည်၊၊

ဖားကန့်ဒေသတွင် လုံခြုံရေးယူထားသည့် အစစ်သားတစ်ဦးနှင့် အရပ်သားတစ်ဦးသည် ဖေတော့်မောင်တော့် စကားများကြရာမှ
ဆိတ်မထိန်းနိုင်တော့ဘဲ ဓါးကလေးဖြင့် ခုတ်ရန်ကြိုးစားသည့်အရပ်သားအား
အစစ်သားကြီးက သေနတ်ကြီးဖြင့် ဒိုင်းခနဲပစ်လိုက်သောကြောင့် အရပ်သားခမျာ အားခနဲ ကားခနဲ လဲကျသေဆုံးသွားကြောင်း သိရပါသည်၊၊

————————————

လှုပ်လှုပ်ရှားရှား ဥပဒေများ၊

ဗမာပြည်တွင် မတရားပြဌာန်းထားသော ဥပဒေများကို ဆန့်ကျင်ကန့်ကွက်ရန်၊ မတရားဖမ်းဆီးခံထားရသော
နိုင်ငံရေးအကျဉ်းသားများကို အမြန်ပြန်လွှတ်ပေးရန် တောင်းဆိုသည့်လှုပ်ရှားမှုတစ်ခုကို တကသကျောင်းသားများဦးဆောင်ပြီး လှုပ်ရှားခဲ့ကြသည်၊၊

နောက်ဆက်တွဲသတင်းအနေနဲ့ သိရသည်မှာ မလျှာ့လောကဥသျှောင် ဖင်ကြီးပြောင်အသိန်း ဆိုသူသည် အမေဒီးကားတွင် ပြဌာန်းထားသည့်
ဥပဒေများထဲမှ လိင်တူခြင်းလက်ထပ်ခွင့်ကို နှစ်ထောင်းအားရ ရှိလှစွာဖြင့် ဗမာပြည်တွင်လည်း ပြဌာန်းပေးသင့်သည်ဟုဆိုကာ
မိန်းမလျှာလောကကိုယ်စား တောင်းဆိုလိုက်ကြောင်း သိရသည်၊၊

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.သြဂုတ် ၂၃ ။ ၂၀၁၅။

——
ရှလွတ်၊ရှလွတ် ခရီးစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင်းက
ဟိုပုန်းနဲ့ ဆီဆိုင်မြို့တွေကို လာမယ့်စက်တင်ဘာလ ၅ ရက်နေ့ကနေ ၆ ရက်နေ့ အထိ နှစ်ရက်ကြာသွားရောက်မှာ ဖြစ်ကြောင်း သတင်းရရှိသွားသည့်
အလင်းဆက်ဆိုသူသည်…
အမေစုနှင့် ဓါတ်ပုံတွဲရိုက်မည့် ပအိုဝ့်သူ လှလှကလေးများ၏ ပုံရိပ်များကို
.စောင့်ကြည့်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
(နိုင်ငံရေးစိတ်ဓါတ် ပြင်းပြသူပေ ဖြစ်လေတော့သည်။)

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.သြဂုတ် ၂၂၊၊၂၀၁၅၊

အမတ်များကို ခိုင်းဖို့ရှာ၊

.ရွေးခေါက်ပွဲတွင် ဝင်မည့် အမတ်များသည် အပင်ပန်းခံနိုင်ဖို့ လိုသည့်အပြင် တိုင်းသူပြည်သားများအနေနဲ့ကလည်း ထိုထိုအီအီအမတ်များကို
ခိုင်းတတ်ရန် လိုအပ်ကြောင်း NLD ပါတီ၏ ထိပ်သီးခေါင်းဆောင် အမေစုက ဆိုသည်၊၊

.နောက်ဆက်တွဲအနေနှင့် ကြားသိရသည်မှာ အမတ်များကို ခိုင်းဖို့နေနေသာသာ ဘယ်နားသွားဖမ်းရမှန်းမသိကြောင်း၊
ဘာတွေ လုပ်နေပြောနေမှန်းလည်း မသိနိုင်ဘဲ တကယ့်လက်တွေ့မှာ ပြည်သူနှင့် နီးစပ်မှုမရှိ တသားတည်းမကျကြောင်း—
ရပ်ကွက်ထဲမှ ဒေါ်ဖွားမေက သူ၏အကြော်တဲတွင် ပြောဆိုသည်၊၊

——-

ငါဟဲ့ သံအမတ်-ဇွက်၊

.ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ခက်ခဲနေသော ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်နေရာများကို သွားရောက်ကူညီနေတဲ့
အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် ရေဘေးသင့်ပြည်သူများနှင့်အတူ လယ်ထဲဆင်းကာ ပျိုးဝင်ကြဲခဲ့ကြောင်း သိရသည်၊၊

သူ၏ လုပ်ဆောင်မှုကို မြင်တွေ့ရသော ပြည်သူများက နှစ်ထောင်းအားရ ဖြစ်ကြသည့်အပြင် နောင်မကြာမီ ပျိုးနှုတ်ချိန်တွင်လည်း သံအမတ်ကြီး
ပျိုးဝင်နှုတ်လိမ့်ဦးမည်ဟု ခန့်မှန်းနေကြပြီး— MPT နှင့်ဖုံးဆက်ဖို့ ကြော်ငြာသည့်
.ကောက်စိုက်သမများကလည်း သူတို့နှင့်အတူ အမေရိကန်သံအမတ်ကြီး ကောက်လာစိုက်လိမ့်မည်ဟု မျှော်လင့်နေကြကြောင်း သတင်းရရှိပါသည်၊၊

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.သြဂုတ် ၂၁၊၊၂၀၁၅၊၊

အိုဘယ့် ဗမာငွေ၊

.ပြည်တွင်း ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းသွားပြီး US$ဒေါ်လှ တန်ဖိုးမြင့်တက်လာရာ ယမန်နေ့ကဆိုလျှင် US$ ၁ဒေါ်လှလျှင်
ကျပ် ၁၃၀၀ ထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ကြားသိရပြီးနောက် —-

အလင်းဆက်ဆိုသူ ရေဘေးဒုက္ခသည်အား တစ်ယောက်တစ်ဒေါ်လာ
အနည်းဆုံးထားကာ လှူတန်းသမှုပြုနိုင်ပါကြောင်း၊ယုံကြည်ကာ လှူတန်းသူများသည် ထီပေါက် ကျန်းမာ ချမ်းသာမည်ဖြစ်ပြီး မယုံကြည်သောကြောင့်
မလှူဘူးဆိုသူများကတော့ ဆရာတော်ကြီးအိပ်မက်ဆိုသည့် စာရွက်ထဲကအတိုင်းပင် ဖြစ်လိမ့်မည်ဖြစ်ကြောင်း—သတင်းနောက်ဆက်တွဲများ ထွက်ပေါ်လာပါသည်၊၊

—————————

အိုဘယ့် မိုးမဲသွတ်၊၊

မိုးမင်းသားအမည်နှင့် စွတ် ကျားနေသော
ဂျနီဖျာလိုမိုး ဆိုသူသည် ”မလျှာ့လောကဥသျှောင် ဖင်ကြီးပြောင် အသိန်း ” ဆိုသည့်အမည်ဖြင့် တောင်ပြုံးနယ်တခွင်တွင်ပြဲပြဲစင်
လျှမ်းလျှမ်းထခဲ့သူပင်ဖြစ်ကြောင်း မိန်းမလျှာလောကမှ သတင်းထုတ်ပြန်သည်၊၊

အဆိုပါ ဂျနီဖျာလိုမိုး@မလျှာ့လောကဥသျှောင် ဖင်ကြီးပြောင်အသိန်း@မိုးမဲသွတ်သည် ယမန်နေ့ညက သူ၏ ကျိန်စာဗိုက်ပူပူဖောင်းဖောင်းကြီး
ကျသွားလိမ့်နိုးဆိုသည့် မျှော်လင့်ချက်ဖြင့် ၄င်းနေထိုင်ရာ ရပ်ကွက်ထိပ်မှ ဆိုက်ကားသမားများရှေ့တွင် မတော်တရော် မဖွယ်မရာ ဟန်ပန်များဖြင့်
ကလူကျီစယ်သွားလုပ်ရာ ဆိုက်ကားသမား ဆယ့်ခြောက်ယောက်နှင့်တွေ့ပြီး အမောတကော ထွက်ပြေးလိုက်ရသဖြင့် ဗိုက်အတော် ကျသွားသည့်အပြင်
မျက်ခုံးမွှေးတစ်ဖက်ပင် ပြုတ်ကျ ကျန်ခဲ့ကြောင်း သိရသည်၊၊

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.သြဂုတ် 20. 2015
.ဆောက်ဖြစ်မှ ကျောင်းဒကာ။
…………………………………

.ရေဘေးဒဏ် ရင်ဆိုင်ခဲ့ရသော ပြည်နယ်နှင့် တိုင်း ၁၂ခုတွင် ရေပြန်ကျသွားပြီ ဖြစ်တာကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ
စတင်ရန် အစိုးမရဘက်က ပြင်ဆင်နေပြီဖြစ်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပြီး… ရေဘေးသင့် ဒေသများအတွင်း ပျက်စီး ဆုံးရှုံးမှု အခြေအနေများကို
စာရင်းကောက်ယူကာ အဆိုပါ စာရင်းအချက်အလက်အပေါ် မူတည်ပြီး ရေရှည် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်မှာ ဖြစ်ကြောင်း သိရသည်။
အဲ့သည်နောက် ထိုသတင်းကို ကြားသိရသည့်ပြည်သူများက…
အစိုးမရဘက်မှ ကောက်ယူမည့် စာရင်းအချက်အလက်များ….
.ရွေးကောက်ပွဲ မဲစာရင်းကဲ့သို့ ခွက်ခွက်လန်အောင် မှားယွင်းနေမည်လော…ဟု
” စိုးလည်း စိုးရိမ်တယ်…စိုးလည်း မစိုးရိမ်တော့ဘူး… ရိုး ဟိုးဟိုးနေလို့…” ဟု ပြောဆို ဝေဖန်မှုများ ရှိလာသည်။

——

မိန်းမလျှာလောက ဂယက်ထ ။
…………………………………..

မန္တလေးမြို့ပေါ်ရှိ စည်ကားသည့်နေရာများဖြစ်သောကျုံးတစ်ဝိုက်နှင့် ဧရာဝတီမြစ် ဆိပ်ကမ်းပတ်ဝန်းကျင်တွင် မိန်းမလျာများ
အများပြည်သူစိတ် အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများပြုလုပ်ပါက … ရဲစခန်းတွင် ခေါ်ယူသတိပေးမှုများပြုလုပ်မည် ဆိုသော
သတင်း ထွက်ပေါ်လာပြီးနောက်တွင် ဂျနီဖျာလိုမိုး ဦးဆောင်သည့် မိန်းမလျှာလောကသားတချို့မှာ… .ကြိတ်မနိုင်ခဲမရ… ဒေါသတခြောင်းခြောင်းထွက်ကာ…
” တောက်ခေါက်ရတာများပြီး လျှာ အသမာပင် တက်”သွားကြောင်း၊
”တချို့သော သိပ် သိပ် ခါ လွန်း၍ သိက္ခာမဲ့နေသည့် အခြောက်မများကြောင့်
မိန်းမလျှာလောကကြီးတစ်ခုလုံး ဂယက်ထကာ… နာမည် ပျော်တဂက်ရကြောင်း… ”အဲလေ…နာမည်ပျက်ရကြောင်း…
မိုးမင်းသား အဖြစ် အမည်ခံထားသူ ဂနီဖျာလိုမိုးက ထုတ်ဖော်ပြောဆိုရာ…
ကျန်သည့် မိန်းမလျှာများကလည်း
ဂျနီဖျာလိုမိုး၏ စကားအား…”အခြောက်ကြီးစကား အခြောက်ငယ်ကြား”အဖြစ် နားထောင်ပြီး ဆန္ဒဖော်ချွတ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.သြဂုတ် ၁၉၊၊၂၀၁၅

 

မုန့်ကြာစိ ဝယ်စားတာကတောင် စိတ်ချရသေး၊၊

လက်တလော ဂယက်ရိုက်နေသော ပြည်တွင်း ဘဏ်လုပ်ငန်းဆိုင်ရာကောလဟာလကြောင့် ပုပ်ကလိပွဘဏ်တချို့တွင် အပ်နှံထားသည့်ပြည်သူအတော်များများက
၎င်းတို့၏ငွေများကို ပုံမှန်ထက် ပိုမို ထုတ်ယူမှုများ ရှိနေရာ—-
အလင်းဆက်သည်လည်း ၄င်း၏ဘဏ် စုငွေစာရင်း(စုစုပေါင်း လက်ကျန်ငွေ ၂ထောင်ကျပ်တိတိထဲမှ) ၁ထောင်ကျပ်ကို
အလျှင်အမြန်ပြေး ထုတ်လိုက်ကြောင်း သိရသည်၊၊

————

ဝါးတားပါတီ ချာပါတီ၊၊

.ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာဖြစ်ပွါးခဲ့သော ကြံ့ဖွတ် ချာပါတီခေါင်းဆောင်ပိုင်း အကွဲအပြဲသည် ဒီချုပ်ပါတီအား ယခုလာမည့်ရွေးကောက်ပွဲ ရလဒ်
ပိုမိုကောင်းမွန်စေရန် သက်ရောက်မှု ရှိကြောင်း အမေစုက ဆိုသည်၊၊
သာ—–ဓု—- သာ—–ဓု—- သာဓု

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.သြဂုတ် ၁၈၊၊ ၂၀၁၅

.ကြံ့ဖွတ် ချာပါတီ အဖွဲ့ကြီး၏ ခေါင်းဆောင်ပိုင်းအပြောင်းအလဲ ဖြစ်ပွါးသွားခြင်းသည် ချာပါတီ၏ သဘောထားအရသာ ဖြစ်ကြောင်း
အစိုးမရဘက်မှ တုန့်ပြန်သည်၊၊

——–

.ကြံ့ဖွတ်ချာပါတီ အကြီးအကဲဖြစ်ခဲ့ဖူးသူ
သူမရ ဦးရွှေမှန်းနှင့် လူထုခေါင်းဆောင် အမေစုတို့ တွေ့ဆုံကြသည်၊၊
သာဓု။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.သြဂုတ် ၁၆။ ၂၀၁၅ ။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်အား စက်တင်ဘာလဆန်းတွင် ရေးထိုးစေလိုကြောင်း
သမ-မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံကို အကြောင်းကြားစာပေးပို့လိုက်ကြောင်း သတင်းတွေ ထွက်ပေါ်အပြီးမှာ
.ငြိမ်းချမ်းရေးလမ်းစဉ်ဆိုတာ ဘယ်သူ့လက်ထဲမှာရှိတဲ့အရာဖြစ်သနည်း???
.ငြိမ်းချမ်းရေးဖြစ်စဉ်အား မလိုလားသူသည် မည်သူဖြစ်သနည်း ဟု မေးခွန်းထုတ်မှုတွေ ဖြစ်ပေါ်လာပါသည်။

 

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.သြဂုတ် ၁၅ ၊ ၂၀၁၅ ခုနှစ် ။

ခါးကို မပိုက်ပဲနှိုက်။

တစ်သိန်းခွဲလောက်တန်သည့် Honor 8817 D ဖုန်းတစ်လုံး ခါးပိုက်အနှိုက်ခံလိုက်ရ၍ ဆုံးရှုံးသွားသော
အလင်းဆက်ဆိုသူကို အင်မတန်မှ ဂရုဏာသက်မိကြသူများထဲမှ မိုး မင်း သား ဆိုသည့် ရွာသားတစ်ဦးမှ ကမကထပြုလုပ်ပြီး
အဆိုပါ ဖုန်းပုံစံမျိုး ပြန်လည် ဝယ်ပေးနိုင်ရန် အလှူခံထွက်နေကြောင်း သတင်းရရှိသည်။

ဖုန်း ခါးပိုက်အနှိုက်ခံလိုက်ရသော အလင်းဆက်အား
”ညံ့တဲ့အတွက် ခံရတာ နည်းတောင်နည်းသေးတယ်”ဟု ဂရုဏာဒေါသဖြင့် အပြစ်ဆိုနေကြသူများအား
”ခါးပိုက်နှိုက်ဆိုပေမဲ့…ကျနော့် ခါးကို ပိုက်ပြီး လာနှိုက်တာ မဟုတ်တော့ ယားကျိကျိလည်း မဖြစ်လိုက်ဘူးလေ… ။
သိတောင်မသိလိုက်ဘူး။ ခါးပိုက်နှိုက်ဆိုတဲ့အတိုင်း ခါးကိုသာ ပိုက်ပြီး လာ နှိုက်ရင်တော့ သိတာပေါ့” ဟု အလင်းဆက်မှ ပြန်လည် ဖြေရှင်းရန် .ကြိုးစားသည်။

.နောက်ဆက်တွဲ ကြားသိရသော သတင်းများအရ… ဖုန်းနောက်တစ်လုံး ထပ်မဝယ်နိုင်သေးသော အလင်းဆက်သည်
နဂိုအချိန်တုန်းက အောင်ရဲလင်းကိုယ်တိုင်ထက်ပင် အောင်ရဲလင်းနှင့် ပိုတူခဲ့သော်လည်း ယခုအချိန် စိတ်ညစ်နေသောကြောင့် ရုပ်အနည်းငယ်ကျသွားကြောင်းးးးး ၊
.အောင်ရဲလင်းလောက်တောင် အောင်ရဲလင်းနှင့် မတူတော့ကြောင်း… ကြားသိရပါသည်။

————————————–

.စောင့်ကြည့်သူများ။

.နေပြည်တော်ရှိ လွှတ်တော်ဥက္ကဌနေအိမ်မှာပဲ ရှိနေတဲ့
.ကြံ့ဖွတ် ပါတီဥက္ကဋ္ဌ နေရာမှ ဖယ်ရှားခံလိုက်ရသူ ….
သူမရ-ဦးရွှေမှန်းရဲ့
.နေအိမ်ရှေ့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စပြီး လုံခြုံရေး တပ်ဖွဲ့များ လာချထားကာ စောင့်ကြည့်ခံနေရကြောင်း သိရသည်။

သူမရ-ဦးရွှေမှန်းကို စောင့်ကြည့်နေသူများကို ပြည်သူများကလည်း

.စောင့်ကြည့်နေပြီး… ဗမာတစ်ပြည်လုံးဟာလည်း စောင့်ကြည့်သူများနှင့်သာ ပြည့်နှက်နေသည်ကို
အခြားတိုင်းပြည်များဆီမှ မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများက သတိပြုမိနေပြီ ဖြစ်သည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.သြဂုတ် ၁၄။၂၀၁၅

ယနေ့အချိန်ထိ ခေတ်စားနေသော
စကားလုံးတစ်လုံးမှာ ”အာဏာသိမ်းမှု”ဖြစ်ပြီး စကားလုံး လှလှသုံးသည့်အနေနှင့်
”ရာထူးအာဏာ အလွှဲအပြောင်းလုပ်ခြင်း” ဟု ဆိုကာ ရုတ်ရုတ်သဲသဲ အခြေအနေတစ်မျိုး ယမန်နေ့က ဖြစ်ပွါးသွားခဲ့သည်။

——
.အောင်ရဲလင်းကိုယ်တိုင်ထက်ပင်
.အောင်ရဲလင်းနှင့်ပိုတူသည့် အလင်းဆက်ဆိုသူကို ကောင်မလေးတချို့က ”ရိတိတိ” လုပ်သည့်သဘောဖြင့် ပြောဆို ရေးသားမှုများ ဖြစ်လာပြီး
အဆိုပါပြောဆိုမှုများမှာ ပီပြင်မှုမရှိသောကြောင့် ရကောက်တွင် အဆံခတ်ကလေး မပါခဲ့သကဲ့သို့ဖြစ်သွားကာ
”ရိတိတိ” မှသည် ”၇ိတိတိ” ဖြစ်သွားကြောင်း ကြားသိရသည်။

အခင်းဖြစ်ပွါးမှုနှင့်ပတ်သက်ပြီး အလင်းဆက်နှင့်နီးစပ်သည့်အသိုင်းမှ ”အလင်းဆက်ကို ခုနှစ်ကျပ်တိတိ လုပ်တာတော့ မကောင်းကြောင်း၊
တစ်ဆယ် …. ဆယ့်ငါးကျပ်လောက်တော့ ဖြစ်သင့်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

.သြဂုတ် ၁၃ ၊ ၂၀၁၅

အင်မတန်မှ စုတ်ပြတ်လှစွာသော အင်တာနက်လိုင်းနှင့် ညံ့ဖျင်းလှစွာသော ဖုန်းခေါ်ဆိုမှု လိုင်းတို့အား မတန်တဆ အဖိုးအခယူကာ ပြည်သူတွေကို
အနိုင်ကျင့်စော်ကားနေသော တယ်လီနောနှင့် MPT ဆက်သွယ်ရေးဝန်ဆောင်မှုတို့ကို အားကိုးမရ၍ ဒေါသချောင်းချောင်းထွက်နေသူများ များပြားနေကြောင်း
သိရသည်။

=============================================

 

 

 

 

 

 

alinsett

About alinsett

alinsett has written 615 post in this Website..

. . .