အတ္တဘေး

Foolish GirlAugust 27, 20151min12910

ခုတလောရေဘေးဒုက္ခသည်တွေအတွက် အလှူငွေကောက်တာတွေကို ကလေး လူငယ် လူကြီး ဆင်းရဲချမ်းသာ အကုန်လုံးကတက်တက်ကြွကြွနဲ့ လုပ်နေကြတာမြင်ရတော့ကြည်နူးမိတယ်။

ဪလူတွေ တစ်ယောက်ဒုက္ခရောက်တော့ကျန်တဲ့သူတွေကမရှိပေမယ့် ရှိသလောက်ကူညီရိုင်းပင်းကြတာလေးကလည်းကြည်နူးစရာပေါ့။

ဒါပေမယ့်အဲဒီအလှူခံတာတွေနဲ့ပတ်သတ်ပြီးတွေ့ရတဲ့တချို့သောကိစ္စတွေကလည်းစိတ်ကိုမချမ်းမြေ့စေပြန်ဘူး။

ဘုရားမကြောက်တရားမကြောက်လူတွေရဲ့လုပ်ရပ်တွေပေါ့

ရေဘေးအတွက် အလှူခံပါတယ်ဆိုပြီးရသမျှငွေကိုအလှူခံတဲ့သူတွေကအညီအမျှခွဲဝေကြတယ်၊ ရေဘေးအတွက် အလှူခံတဲ့အချိန်မှာ စားသောက်ကုန်ကျစရိတ်တွေကို ရတဲ့ငွေကနေရှင်းတယ် (မရှင်းနဲ့လို့ဆိုတာမဟုတ်ဘဲ ဒုက္ခရောက်တဲ့သူတွေအတွက်လှူထားတဲ့ငွေကို ဆိုင်ကောင်းကောင်းတွေမှာစားပြီးငွေရှင်းတာကိုပြောချင်တာပါ)၊ တချို့တချို့ကျပြန်တော့ နာမည်ကြီးချင်တာရယ် ပေါ်ပြူလာဖြစ်ချင်တာရယ်ပေါ့(fb မှာ status တင်ဖို့ စသဖြင့်ပေါ့) ၊ တချို့များကကျပြန်တော့ ပရိတ်သတ်တွေမုန်းမှာစိုးရိမ်တာပေါ့

ပြောရရင်တော့အများအတွက်လုပ်တဲ့နေရာမှာ ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့သူတွေရှိသလို ကိုယ့်အတွက်လုပ်နေတဲ့သူတွေရှိတယ် အဲဒီလိုလုပ်ကြတာကိုအပြစ်လို့မဆိုချင်ပေမယ့် အလှူငွေတွေကောက်ခံတဲ့နေရာက  ငွေကြေးတွေကိုအလွဲသုံးစား လုပ်နေတာတွေကတော့ ဘုရားမရှိတရားမရှိမို့မကြောက်ကြတာလား???? ကျွန်မအနေနဲ့ ကိုယ့်အချိန်တွေကို လူမူကူညီရေးတွေအတွက်မပေးနိုင်ပေမယ့် ကိုယ်တတ်နိုင်သလောက်လှူတဲ့ငွေလေးကိုတော့ တကယ်ဒုက္ခရောက်နေတဲ့သူဆီရောက်စေချင်တယ် ၊

ခုလိုမြန်မာနိုင်ငံသဘာဝဘေးအန္တရယ်ကြုံနေရတဲ့အချိန်မှာ ဒုက္ခရောက်နေကြချိန်မှာ တချို့တချို့သောစီးပွါးရေးလုပ်ငန်းရှင်တွေက သူတို့ကြီးပွါးသထက်ကြီးပွါးအောင်ကုန်ဈေးနှုန်းတွေကိုကစားကြပြန်တယ် အိုးအိမ်မရှိတော့ပါဘူးဆိုမှ စားစရာသောက်စရာတွေအတွက် ဈေးကြီးကြီးနဲ့ဝယ်နေရပြန်တယ်။ ဒုက္ခရောက်နေတဲ့သူတွေခမျာတစ်ပူပေါ်နှစ်ပူဆင့် ဖြစ်ရတယ်။

ရေဘေးဆိုတာထက် အတ္တဘေးက ပိုပြီးဒုက္ခကြီးတာမသိကြလေရော့သလားနော်?????????????????????????????????

10 comments

  • ဇီဇီခင်ဇော်

    August 27, 2015 at 1:09 pm

    သဘာဝဘေးရဲ့နောက်က ဘေး ပေါ့နော်။
    ကြောက်စရာကောင်းတယ်။

    :a:

  • Mike

    August 27, 2015 at 1:14 pm

    .ဟုတ်တယ်ဆိုရင်ဖြင့် အတော်ယုတ်မာသူတွေလို့ပြောလို့ရတယ်.
    .တကယ်တိတိက ျက ျသိခဲ့ရင်ဖေါ်ထုတ်ပေးပြီး အရေးယူသင့်တယ်

  • အောင် မိုးသူ

    August 27, 2015 at 1:29 pm

    ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ စကားပုံက အလကားပေါ်လာတာမှ မဟုတ်တာ
    :/

  • Alinsett @ Maung Thura

    August 27, 2015 at 2:38 pm

    ရပ်ကွက်ထဲက ကုန်စုံဆိုင်လေးတွေမှာ…ဟင်းခပ်ဆား – အရင်က တစ်ရာတန်အထုပ်ဟာ
    အခု ၂၀ဝ ဖြစ်သွားပါပြီ။
    မတရား လောဘကြီးချင်နေတဲ့ တချို့ စီးပွါးရေးသမားတွေဟာ….
    လူတွေ မျက်ဖြူဆိုက်တာကို ကြိုက်တဲ့ ဆေးသမားအကျင့်ပုပ်တွေလိုပဲ..

  • Foolish Girl

    August 27, 2015 at 2:51 pm

    http://funny.com.mm/fun/26055?ref=next
    ဒီLink မှာပါတဲ့ ဟန်ဆိုတဲ့ ကားတိုလေးက တော်တော်ကောင်းတယ် 🙂
    ခုတင်ထားတဲ့ပို့လိုမျိုးပဲပေါ့

  • ဟေသီ

    August 27, 2015 at 3:02 pm

    တဖြေးဖြေး လူတွေက လူစိတ်ပျောက်သွားကြတယ်။

  • aye.kk

    August 28, 2015 at 9:05 am

    ရေဘေးဒုက္ခလည်းခံရ
    အတ္တဘေးဒုက္ခလည်းခံရ
    ခံရတဲ့ဝဋ်ကကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို……။။

  • Ma Ma

    August 28, 2015 at 2:15 pm

    ဟန်ချက်တစ်ခုပျက်သွားရင် အဲဒါကို ပြန်ထိန်းရင် ကျန်တဲ့ဟန်ချက်တွေလဲ အနည်းနဲ့အများဆိုသလို လွဲကုန်ကြရတယ်။

    အကြောင်းအမျိုးမျိုးကြောင့် ပရဟိတကို လုပ်ကြပြီဆိုပေမယ့် အတ္တဟိတကို မလွှတ်နိုင်ကြသေးသူတွေလည်း ပါလာမှာပါပဲ။

    ကိုယ့်အလှူ အကျိုးရှိအောင်ယုံကြည်စိတ်ချရတာကို ရွေးလှူပေ့ါ။

    စီးပွားရေးလုပ်နေသူတွေအနေနဲ့ သယ်ယူပို့ဆောင်ခ၊ ကုန်ပစ္စည်းရှားပါးမှု အဲဒါတွေပေါ်လိုက်ပြီး ရေမြင့်ကြာမြင့်ဆို ကုန်ဈေးနှုံးတက်ရောင်းရတာတွေ ရှိနိုင်ပါတယ်။

    အလှူပေးတဲ့အခါ အလကားပေးနိုင်ပေမယ့် စီးပွားရေးလုပ်တဲ့အခါမှာတော့ စီးပွားရေးအရပဲ တွက်ရပါတယ်။

    • Foolish Girl

      September 2, 2015 at 12:27 pm

      Business is Business
      Donation is Donation ပါ မရောပါဘူး
      စီးပွါးရေးလုပ်သူတိုင်းကိုလည်းမဆိုလိုပါဘူး အမြတ်ကြီးစားတဲ့ စီးပွါးရေးသမားတွေကိုပြောချင်တာပါ
      ထစ်ခနဲအသံကြားတာနဲ့ (အစိုးရလစာ၊ ဝန်ထမ်းလစာ၊ အခြေခံလစာ စတာတွေတိုးတာ၊ ရေကြီးတာ အစရှိသဖြင့်ပေါ့) လှောင်ထားတဲ့ကုန်တွေကိုမထုတ်ဘဲ
      ပစ္စည်း ပြတ်တော့မှ ဈေးမြင့်ပြီးထုတ်ရောင်းတာ
      ဥပမာ 200 နဲ့ဝယ်ထားတဲ့ stock က ကိုယ့် warehouse ထဲမှာလည်းကုန်သွားလို့
      ထပ်ဝယ်တဲ့အခါ 400 ဖြစ်သွားလို့ရောင်းတဲ့အခါ 500 နဲ့ရောင်းတာဖြစ်သင့်ပါတယ်
      200 နဲ့ဝယ်ခဲ့တာကို လက်ရှိပေါက်ဈေး 500 နဲ့ရောင်းတာမျိုးကျတော့တမျိုးပဲပေါ့ အားလုံးဒုက္ခရောက်နေတာသိရက်နဲ့ ကိုယ့်တဝမ်းထဲပဲကြည့်တယ်

  • ကိုယ်ချင်းစာစိတ်တွေ ပျောက်ကုန်ကြတယ်.. သင့် မသင့် . အကောင်းအဆိုး ခွဲခြားနိုင်တဲ့ အသိဉာဏ်တွေ သေဆုံးကုန်ကြတယ်… ကိုယ့်တစ်ဝမ်းအတွက် သားကိုချနင်းသူတွေ များလာတယ်.. စနစ်ကြောင့် အရာအားလုံး ပျောက်ကွယ်ခဲ့တယ်…

Leave a Reply