( သားကို သေစေညွှန်းရော့လေသလား )

အင်းးးးး  အဖြစ်ကတော့ မနှစ်ကနဲ့ မတူ ဆိုသလို မနေ့ကပေါ့ဗျာ ၊
ရုံးကအပြန် လှည်းတန်းဈေးဝင် ၊ စားကောင်းမယ်ထင်တာလေးတွေဝယ် ၊
ဘိုဘိုဟန်ဆိုင်က အက်ဒမန်ဂိုးလ် ဘီယာလေး ၂ ဘူးဆွဲလို့ အိမ်ပေါ်တက် ၊
မီးဖိုထဲမှာက အမေ ၊
ပါလာတာလေးတွေချ ၊ ရေမိုးချိုး ၊ ဟင်းချက်စရာလေးတွေ ပြင်ဆင်နေတုန်း
( ဟဲ့ ဟိုကလေးမတွေ ဖုန်းကိုပဲ ပွတ်မနေနဲ့ ၊ ဒီမှာ နင်တို့အဖေကို လာကူဦးလေ )
လို့ အမေက ပုံမှန်ထက်ကျယ်တဲ့အသံနဲ့သူ့မြေးမ ၂ ယောက်ကို အော်ပါတယ် ၊
( ခဏလေး အဖွားကြီး ၊   ကက်စတန်မာနဲ့ စကားပြောနေတာ )
ဒါက သမီးကြီးအသံ ၊
( အဖွားကြီးကလည်း ထမင်း သမီးတည်မယ် ၊ ထားလိုက် ၊ ဒီမှာ ပရောဂျက်အတွက် ဒေတာတွေ မပြီးသေးလို့ )
ဒါက သမီးငယ် ဖြေသံ ၊
ကျနော်ကတော့ ဘာမှ ပြောမနေပါဘူး ၊
မန္တလေး အက်ဖ်အမ်လေးဖွင့် ၊ ဘီယာလေး မော့လိုက် ၊ ဝက်သားဆားနယ်ဖို့ ၊ ကျောက်ဖရုံသီးအခွံခွာဖို့ ပြင်ဆင်နေလိုက်ပါတယ် ၊
( ဟဲ့ ကိုမျိုး အဝတ်လျှော်စက်ထဲမှာ နင့်သားကျောင်းယူနီဖောင်းလျှော်ပြီး အခြောက်ခံစက်ထဲ ထည့်လိုက်ဦး ၊
ဒါတွေ ငါမလုပ်ရင် ဘယ်သူမှ သတိမရကြ ၊ မီးပူက တိုက်ပေးရဦးမယ် ၊
ဒါလည်း ဒီအဖွားကြီး တာဝန် ၊ အင်းးးးး  ဟဲ့  ဟိုမှာ ထမင်းပေါင်းအိုး ရေစိမ်ထားဦး ၊
ဆန်ဈေးက နှစ်ထောင်ကျော် ၊ ကုန်သလောက်ပဲ ချက် ၊
ထမင်းကြမ်းကြတော့ စားဖို့စိတ်မကူးကြဘူး ၊ ဟဲ့  ဪ  ဝက်သားဆားနယ်တာ ဆနွင်းမထည့်နဲ့ဦး ၊
ဟဲ့ ဟို ဘုရင့်သမီးတော်မတွေ လာတော့ ၊
နင့်ပရောဂျက် မတိုင်ခင် တမင်းလာချက်ဦး ၊ ဟို အကြီးမ  ကာစတန်မာနဲ့ ကျူပီးရင် လာခဲ့တော့ )
အမယ်လေးဗျာ ၊ အမေပြောသွားလိုက်တာ စက်သေနတ် ပစ်တဲ့အတိုင်း  ၊ ခဏနေတော့ သားတော်မောင် အိမ်ပေါ်တက်လာတယ် ၊
( ဖွားရီး  ဘာဟင်းလဲ ? )
( နင့်အမေလင် ဘာဟင်းမှ မလုပ်ရသေးဘူး ၊ အိမ်မှာ အိမ်ဖော်ရှိနေတယ် ထင်လို့လား  ဟင် ပြောစမ်း  ၊ ရ နာရီထိုးတော့မယ် ၊ ဘာမှ မချက်ရသေးဘူး )
အဲသလိုပြောရင်း အမေက ပေါင်းအိုးကို ဒုန်းကနဲဆောင့်ချလိုက်မှ သမီး ၂ ယောက် အနားရောက်လာတယ် ၊
အဖေ သမီး ဘာလုပ်ပေးရမလဲလို့ အမေးမှာ အမေက
( ဘာမှ မလုပ်နဲ့တော့ ပြင်ဆင်ပြီးနေပြီ ၊ ကျက်တဲ့အခါမှ ကြွခဲ့ပါတော့လား ၊ ဟင်  ၊
နင်တို့အဖေကို မသနားဖူးလား ၊ မောမောနဲ့ ပြန်လာ ၊ မနားရဘူး ထမင်းဟင်း ချက်ရပြန်ရော ၊
နင်တို့ကတော့ ဖုန်းကလေးပွတ်လိုက် တတွတ်တွတ်ပြောလိုက် ၊ အတော်ဟုတ်နေတယ်ပေါ့လေ ၊
ငါသေရင် ဘယ်လိုလုပ်ကြမလဲ ကဲ ပြောစမ်း နင်တို့ ဒီလိုအချိုးနဲ့ဆို နင့်အဖေလည်း အသက်တိုမှာပဲ )
အမေ့ရဲ့  နန်းစတော့ တော့ကင်တွေကြားမှာ သမီး ၂ ယောက် ငြိမ် လို့ ၊ နောက်တော့ အမေက
( အေး  ငါ သေသေချာချာ စဉ်းစားပြီးပြီ ၊ ဒီအတိုင်း ရေရှည်ဆို မဖြစ်ဘူး ၊ နင်တို့ကလည်း အလုပ်က အိမ်အထိပါလာ ၊
ငါကလည်း ခပ်နဲ့နဲ့ ၊ ဒီတော့ ကြာရှည်ဆို နင့်အဖေပဲ ဒုက္ခများမှာ ၊
အေး  အိမ်ဖော်ဆိုတာက အိမ်သား မဟုတ်လို့ ခိုင်းမှ လုပ်မယ့်သူ ၊
အဲဒီတော့ ငါ နင်တို့အဖေကို မိန်းမပေးစားမယ် ၊ နင်တို့ ခေါင်းခါဖို့ မစဉ်းစားနဲ့ ၊ ဒါ အားလုံးအတွက် အကောင်းဆုံး အစီအစဉ်ပဲ ၊ )
ဘယ်လို  ဘယ်လို   မိန်းမပေးစားမယ်ဆိုပါလား ၊ ဟီဟိ  ရရချည်သေးရဲ့  ၊
( ဟိုအကောင် ငမျိုး )
( ဗျာ အမေ )
( အေး  နင့်မလည်း အလုပ်တစ်ဘက် နဲ့ သားသမီးတွေတစ်ဘက်ဆိုတော့ ရည်းစားလည်း ရှိမယ့်ကောင် မဟုတ် )
( အာ  အမေကလည်း  သား ရှာမှာပေါ့ ၊ မပူပါနဲ့ အမေရာ )
( ပူရတယ် ဟဲ့ ၊ နင့်လို ကလေးအဖေကို ယူဖို့ဆိုတာ တော်ရုံမိန်းကလေးက စဉ်းစားမှာ မဟုတ် ၊
အေး  ယူမယ်ပဲထား  ၊ သူ့ဟာသူ လှဖို့ပဲ လုပ် ဘာမှ မချက်ချင် မပြုတ်ချင်တဲ့ဟာမျိုးနဲ့ဆို ကိုယ်ကျိုးနည်းဦးမယ် ၊
အေး  နင့်အတွက် ငါ စဉ်းစားထားတာ ရှိတယ် ၊ နင်  ဒေါ်လှဝင်း သိတယ်မလား  ငါ့သူငယ်ချင်းလေ ၊ အေး  သူ့တူမ မြမြနဲ့ဆို   )
( ဗျာ   ဟို ဟိုတစ်ခါ အိမ်လာတဲ့  )
( အေးလေ  မလှဝင်းနဲ့ ပါလာတာ ၊ ငါ အကြောတက်လို့တောင်မှ နင်းနှိပ်ပေးသွားသေးတယ်လေ ၊
အေး  နင်လည်း ညောင်းတယ်ဆိုပြီး မာဆတ် သွားသွားနေရတဲ့ ဒုက္ခ မရှိတော့ဘူးပေါ့ ၊
အမယ်  အတော် လက်ပေါက်တာဟဲ့ ၊ အကြောတွေကို ပြေ ပြေ )
( နေ   နေ  ခဏနေပါဦးအမေ  ၊ အဲဒီ ငါးကျည်းခြောက်လိုဟာကြီး က အသက်ကလည်း ၄ဝ ဆို )
( ဟဲ့ ၄ဝ ကျော်ဆိုတော့ ကလေးမမွေးတော့ ပိုမကောင်းဘူးလား ၊ တော်ကြာ ဒီအရွယ်ကြီးကြမှ နင် အနှီးလျှော်နေရမှာစိုးလို့ ၊ အေး  ခဏနေ ငါ မလှဝင်းဆီ ဖုန်းဆက် )
( အမေ  အမေ    သားကို သနားရင် မဆက်လိုက်ပါနဲ့အမေရယ် ၊ ထမင်းဟင်းကော အလျှော်အဖွတ်ကော သား  သားလုပ်ပါ့မယ် ၊
အဲ အဲဒါတွေလုပ်လို့ အသက်ထွက်ချင်လည်း ထွက်ပါစေ ၊
အမေ့ ဟို ငါးကျည်းခြောက်နဲ့တော့ သားဘဝသေအောင် မလုပ်လိုက်ပါနဲ့လား အမေရယ်  ) ၊
ညက ကျနော် အိပ်မပျော်ပါ ၊ ဪ  ဘွ  ဘွ   ဆိုးလှတဲ့ ဘွ  အမျှ အမျှ အမျှ

33 comments

  • ဇီဇီခင်ဇော်

    August 27, 2015 at 1:06 pm

    လူဂျီးတွေ စီစဉ်တာကို မလွန်ဆန်သင့်ပါဘူးးး
    ဟိ

    :mrgreen:

  • ဦးကျောက်ခဲ

    August 27, 2015 at 1:15 pm

    အလိမ္မာ အိမ်ပါ … အကြောတက်ရင် ချိုးဖဲ့ပေးမယ့်သူကိုများ ငြင်းရသေး…
    အင်း… မလှဝင်းကို မကြိုက်ရင် ဗွေးတုတ်နဲ့ စီစဉ်ခိုင်းဖို့ ဆရာမကြီးကို တိုက်တွန်းမှ…
    အဲဒါကိုမှ ထပ်ချေးများရင်တော့ အခန်းထဲတွန်းထည့်ရလိမ့်မယ်…
    ဟီ ဟိ … မီးဖိုခန်းကို ပြောတာပါဗျာ… အား ဟိ :k:

    • တောင်ပေါ်သား

      August 27, 2015 at 1:20 pm

      လူဆိုးတွေ

      ကိုယ့်လူရင်း ကောင်းစားဖို့ ကူညီမယ် မရှိဘူး

      ချောက်ထဲတွန်းချျချင်နေတယ်

    • တောင်ပေါ်သား

      August 27, 2015 at 3:13 pm

      အမေရယ်

      ယောင်္ကျား ပဉ္ဇင်း မိန်းမ ပုခက်တွင်းလို့တောင် အဆိုရှိသေးတာ ၊

      ဒီတော့ အသက် အစိတ် သုံးဆယ်လောက်ဆို တော်သေးလို့ ပြောမိတာ

      အမေက နင်က ပဉ္ဇင်းအရွယ်မဟုတ်တော့ဘူး ၊ ကျောင်းထိုင်ဘုန်းကြီးအို အရွယ်ဖြစ်နေပြီ တဲ့

      ပြောရက်တဲ့ အမေ့ကို စိတ်နာတယ် ၊ အီးးးး ဟီးးးး ဟီးးးးး

  • Alinsett @ Maung Thura

    August 27, 2015 at 3:17 pm

    ငါးကျည်းခြောက်က စားကောင်းတယ်မဟုတ်လား…အိုးမြူးရဲ့….
    စားကောင်းဖို့သာ ကြည့်ပါ….
    အမြင်မလှပေမဲ့…. အရသာရှိတာတွေဆို… ကြိုက်လွန်းလို့… ဘယ်သူ့မှ ပေးမစားနိုင်ဘူးဆိုတာတောင်…
    ရှိသေး မဟုတ်လား…

    :k:

    • တောင်ပေါ်သား

      August 27, 2015 at 3:24 pm

      အဲဒါဆို ငါးကျည်းခြောက် နင်ယူ ငါ့ကို ဖွေးဖွေးပေး

      • Alinsett @ Maung Thura

        August 27, 2015 at 3:30 pm

        အနော့် ဖွေးဖွေးလေးကိုတော့ ခြမ်းသာပေးပါ…
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        .
        ..
        .
        တစ်ယောက်တစ်ခြမ်းယူမယ်လေ…

        :k:

  • မွသဲ ( 17082011 )

    August 27, 2015 at 3:43 pm

    သဒင်းကျွတ်ရင်လက်ဖွဲ့ဝယ်ထားရတော့မှာလားဟင်။ ခုထဲက အကျီ င်္ကြိုချုပ်ထားလိုက်တော့မယ်နော် အဟိ

    • တောင်ပေါ်သား

      August 27, 2015 at 4:08 pm

      ငိုမှာနော်

      အတင်းအကျပ်စီစဉ်လာလို့ကတော့ ရ ထပ်ကနေ ခုန်ချပစ်မယ်

      • kai

        August 27, 2015 at 4:13 pm

        ချပစ်.. ချပစ်… စားပွဲပါချပစ်…။ :k:

  • black chaw

    August 27, 2015 at 8:48 pm

    ဒီလိုရှိပါတယ် လူကြီးမင်း !!!
    မိန်းမယူမယ်ဆိုရင်တော့ ဗီးရှင်း အရေးကြီးပါတယ် ကျောင်းဒကာ !!!
    ယူလိုက်ရင် ဖြစ်လာနိုင်မှာ တွေကို ကြို မြင် နိုင်ရင် အကောင်းဆုံးပေါ့ !!!
    ဆိုကြပါစို့… !!!
    မိန်းမယူလိုက်ပါပြီတဲ့… !!!
    အရင်ဆုံး စဉ်းစားရမှာက ဘယ်မှာ နေကြမလဲဆိုတဲ့ ကိစ္စ !!!
    သိတ်အရေးကြီးတယ်နော် !!!
    ကိုယ့်မှာလည်း သမီးပျိုလေးတွေနဲ့ ဆိုတော့ တစ်အိမ်တည်းနေရင်တော့ဖြင့်
    စိတ်သွားတိုင်း ကိုယ်မပါ ဆိုတာမျိုး ဖြစ်ရပြီပေါ့ !!!
    တစ်အိမ်တည်း နေလို့ ရော ကျောင်းဒကာကြီး မိန်းမ နဲ့ ကျောင်းဒကာကြီး သမီးတွေသားတွေနဲ့
    အဆင်ပြေပါ့မလား !!!
    မပြေဖို့ က များတယ်ဗျာ !!!
    ဆိုတော့…
    အိမ်ခွဲနေကြပါပြီတဲ့ !!!
    သူတို့ အဖေ က သူတို့ထက် မိန်းမကို ပိုချစ်တယ်လို့ ထင်သွားမယ့်
    ကျောင်းဒကာကြီး သား နဲ့ သမီးတွေ ကို စိတ်ဒဏ်ရာတွေ ပေးရက်လို့လား !!!
    အဖွားတစ်ယောက်တည်း နဲ့ ကျားကျားလျားလျား ယောက်ျားသား မရှိတဲ့
    မိသားစု ကို ကျောင်းဒကာကြီး က ပစ်သွားရက်လို့လား !!!
    ဆိုတော့…
    အိမ်ထောင် မပြုတာကသာ ကျောင်းဒကာကြီးအတွက် အကောင်းဆုံးအဖြေပါ…!!!
    တစ်ခုတော့ရှိပါတယ် !!!
    အသက်ကြီးလာရင် ဆေးပေးမီးယူ လေး ကတော့ ရှိမှ…ရှိမှ… !!!
    အဲဒီအတွက် အကောင်းဆုံးသော အဖြေက ဒေါ်လှဝင်း ရဲ့ တူမ မြမြကိုသာ
    ယူလိုက်ရင်
    မိဘစကားလည်း နားထောင်ပြီးသား ဖြစ်သွားမယ် !!!
    ကိုယ့်အတွက် ဆေးပေးမီးယူလည်း ရသွားမယ် !!!
    ရုံးက ပြန်ရောက်လာရင်တောင် မြမြ ရေ ကိုကို့ကို တစ်ဆက်ရှင်လောက်ကွာ ဆိုပြီး
    အိပ်ရာထဲ လှဲပေးလိုက်ရုံနဲ့ မာဆတ်ကိစ္စလည်း အဆင်ပြေပြီးသား ဖြစ်သွားမယ် !!!
    နောက် နေ့ နံ ကိစ္စ !!!
    ကျောင်းဒကာကြီးက မျိုးသန့် ဆိုတော့ ကြာသာပတေးသား !!!
    ဟိုကလည်း မြမြ ဆိုတော့ ကြာသာပတေးသမီး !!!
    နေ့ နံ မတည့်မှာတွေ ဘာတွေလည်း ပူစရာ မရှိ !!!
    နေ့ချင်းထပ် တော့ မြတ်တယ်ဗျာ !!!
    ကဲ ကွန်းမန့်လည်း အတော်ရှည်သွားပြီ !!!
    မိန်းမ မယူတာ အကောင်းဆုံး !!!
    ယူမယ် ဆိုရင်လည်း ဒေါ်လှဝင်း တူမ မြမြ သာလျှင် အသင့်တော်ဆုံး !!!
    စိတ်ကို စိတ်ဖြင့် ဟောမယ့်
    ဗေဒင်ဆရာ ဘလက်…။

    • တောင်ပေါ်သား

      August 28, 2015 at 10:16 am

      ဟား ဟား ဟား

      ဒီတစ်ခါ ဆရာမှားပြီဗျ ၊ မျိုးသန့် ဆိုတာနဲ့ပဲ ကြာသာပတေးသားဖြစ်ရောလား ၊

      ငွင်း ငွင်း ကျုပ်က တနင်္ဂနွေသား ဗျ ၊ ဗန်းမော် – မန္တလေး အစုန်သင်္ဘော

      ရွှေကူဆိုက်ချိန် နေ့လည် ၁၂ း ၃ဝ မှာ မွေးခဲ့ပါသဗျ ၊

      အင်းးး အိမ်ခွဲဆင်းလို့တော့ မဖြစ် ၊

      အမေ့ကို မထားခဲ့နိူင်လို့ ယောက်ဖဟောင်းက နိူင်ငံခြားခေါ်တာတောင် ငြင်းခဲ့တဲ့ကောင် ၊

      ဟုတ်သလေ ၊ တစ်ခုခုဆို ချက်ချင်းပြန်လို့မှ မလွယ် ၊

      အဲ အဲဒီ မြမြကိုတော့ မစဉ်းစားပါရစေနဲ့ ဆရာရယ် ၊

      ဈေးပေါလှတဲ့ အခွန်လွတ်ဈေးမှာတောင် ဝယ်သူမရှိလို့ ညိုးနွမ်းသွားတဲ့ ဟင်းသီးဟင်းရွက်လိုမျိုးကြီးဗျ ၊

      ဒါကြီးကို ကျုပ်က မိသားစုအဆင်ပြေရေးဆိုပြီး အနစ်နာခံ ပေါင်းရမတဲ့လား ၊

      ဆရာတို့က အပြောလွယ်သလောက် ဒုက္ခရောက်မှာက ကျုပ်ပါဗျာ ၊

      အခု အမေ့ကို ဗျူဟာအသစ်နဲ့ စည်းရုံးထားတယ် ၊

      အဲဒါလေး အဆင်ပြေရင် ဟဲ ဟဲ ၃ဝ မကျော်သေးတဲ့ ဖြူဖြူဖွေးဖွေးလေးဟာ

      အမေ့ချွေးမ အလိမ္မာ ဖြစ်လာပါလိမ့်မယ် ဗျာ ၊

      စောင့်ကြည့်ကြပါ ပိတ်သတ်ကြီးရေ 🙂

  • Mike

    August 28, 2015 at 10:11 am

    .“နင်က ပဉ္ဇင်းအရွယ်မဟုတ်တော့ဘူး ၊ ကျောင်းထိုင်ဘုန်းကြီးအို အရွယ်ဖြစ်နေပြီ တဲ့”
    .ဟီဟိ…ဆရာမကြီးကအမှန်တွေတော်တော်ပြောတတ်တာပဲ :))

  • Foreign Resident

    August 28, 2015 at 11:17 am

    ဒီအရွယ်တောင် ရောက်နေပြီဘဲဗျာ ။
    လူဂျီးမိဘဒွေ စိတ်ဆင်းရဲအောင် မလုပ်သင့်ပါဘူး ။
    လူဂျီးဒွေ စီစဉ်ဒါကို လက်ခံလိုက်ဘာတော့ ။ ဟီ ဟိ ။

    • တောင်ပေါ်သား

      August 28, 2015 at 11:52 am

      ကိုမိုက် နဲ့ အဘဖော

      ခီညားတို့က ဆိုင်သူကိုယ်စီဆိုတော့ ဘယ် ကိုယ်ချင်းစာတတ်မတုန်း

      တစ်ရွာလုံးကလည်း ကျုပ်ကို ချောက်ထဲပဲ တွန်းပို့ကြတယ် ၊

      အကြံဉာဏ်လေးများရမလားလို့ ရွာထဲ ရင်ဖွင့်ကာမှ ဝိုင်းဂျောက်ချကြတယ် ၊

      တော်ပြီဗျာ ၊ ရွာ့လူပျိုကြီးတွေဆီမှာပဲ မေးစမ်းဦးမှပါ ၊

      • @QUIL@

        August 28, 2015 at 12:28 pm

        ဒေါက်တာ ဝတ်ပ်ဆန် မိန်းမယူတော့ ရှားလော့ဟုမ်း က သည်လိုပြောသဗျ

        ခင်ဗျားက မသေမချင်း ကြုံလာလတ္တံ့သော ဒုက္ခသုတ္ခ တွေနဲ့ ဆူညံ့ပွက်လောရိုက်ပြီး ဘဝကုန်ဆုံးရမယ့်လူပါဗျာ..။
        ကျုပ်ကတော့ အထီးကျန် အဖော်မဲ့စွာနဲ့ တကိုယ်တည်း ပျင်းရိငြီးငွေ့စွာ သေဆုံးရမယ့်လူပါ.. တဲ့..။

        ဆိုတော့ ..ကီလားဂျီး နဲ့ အရာကြီး ခွေးချေး နဲ့ ကြောင်ချေး .. ဘာရွေးရွေး ဘားးမှ မကွာပါဘူးဗျာ..။
        လှအောင် တင်စားရရင်တော့ … မစေးဒေးစ့် စီးရတာ ကြာလာတဲ့အခါ ဘီအမ်ဒဘလျူ ပြောင်းစီးချင် တဲ့ သဘောပါပဲ…။

        တကယ်တော့ ဘာစီးစီး…. သိတယ်မလား …

        အင်း….။

        • တောင်ပေါ်သား

          August 28, 2015 at 12:55 pm

          ဆလွန်းချင်း ပစ်ကပ်ချင်းတူရင်တောင်

          ငြိမ့်ညောင်းမှု ၊ ဇိမ်ရှိမှု ၊ အကြမ်းခံမှု ၊ မောင်းရသက်သာမှုတွေမှာ ကွာသဗျ ၊

          တရုတ်ကားတွေ သေအောင်နင်း ကီလို ၇ဝ ၊ ၈ဝ အာဏာကုန်ပဲ ၊

          ဒီတော့ အမှတ်တံဆိပ် အမျိုးအစားကလည်း စကားပြာသေးတယ် ဆရာရဲ့ 🙂

  • Kaung Kin Pyar

    August 28, 2015 at 2:35 pm

    မင်ဂါဆောင်ဖြစ်ရင် ပြောပါ အူးမျိုး…
    မလှဝင်းနဲ့ ပါလာတဲ့မြမြ..ဘယ်လောက်လှလဲ လာကြည့်ချင်လို့….
    :k:

    • တောင်ပေါ်သား

      August 28, 2015 at 3:07 pm

      အမယ် ပေါ်တော်မူ ဘယ်ကကြွလာသတုန်း ?

      နီတို့ကို ဦးစားပေးပါတယ်ကွယ် ၊

      နီတို့ မီနီဘတ်စ်တွေ ရှေ့ကသွားကြပါ ၊ ငါတို့ ချက်ပလက်တွေက အေးဆေးပေါ့ ၊

      ငါတို့ မင်္ဂလာဆောင်က လိုပါသေးတယ် ၊ ၂၀၁၆ ဖေဖော်ဝါရီ ၃ဝ ရက်နေ့မှ ၊

  • ဒဂယ်လား အိပ်မက်လား

    ဖြစ်ချင်ဒါလား နှပ်ကြောင်းပေးဒါလား

    ဒေါ်လေးကို ဖုန်းဆက်ပြီး မေးမယ်ဗျာ

  • မြစပဲရိုး

    August 28, 2015 at 10:39 pm

    . မြမြ က သူ့ ဟာသူ ငါးကျည်းခြောက် လို ရုပ်ဆိုးတာ ဘယ်သူ့ ကို များ ထိခိုက်စေလို့ လဲ ကိုမျိုး ရဲ့။
    . နောက်ပြီး သူ က ကိုမျိုး ကို ဘာများ နှောက်ယှက်နေခဲ့ လို့လဲ။ ဘာများ ထိခိုက်စေမှု ဖြစ်ခဲ့ လို့လဲ။
    အခုဟာ က ကိုမျိုး တို့ ဘက် က စီစဉ်ရုံလေ။
    သူတောင် မသိသေးတာကို။

    . မြမြ ဆီက လက်ခံတယ် ဆိုတာလေး ကြားပြီး မှ ဒီလို ခါးခါးသီး မငြင်းသင့်ပေဘူးလား ကိုမျိုး ရယ်။
    အခုဟာက ဟိုဘက် က အဖြေ က ဘာမှန်းမသိသေးဘဲ ကိုယ့်တစ်ဖက်သတ်စိတ်နဲ့ တစ်ဖက်အမျိုးသမီး ကို အတင်းကြီး နှိမ့်နေတော့ Fair မဖြစ်ပါ။

    ကိုမျိုး က သူ့ကို တန်ဖိုးမထားပေမဲ့ တစ်ခြားတန်ဖိုးထားတဲ့သူတစ်ယောက် သူ့မှာ ရှိမနေဘူးလို့ ပြောမရပါလေ။
    . လောကကြီး မှာ ရုပ်ရည်လှပခြင်းထက် ထက် စိတ်ဓာတ်မြင့်မြတ်ခြင်းကို ပိုပြီး တန်ဖိုးထား ရှေ့တန်းတင်သူတွေ အများကြီးပါ။

    ချိတ်မချိုး နဲ့ရော်။
    သများ က အမျိုးသမီးရေးရာ တာဝန်ခံ မို့ပါ။ lol:-))))

    # မှတ်ချက် –
    ဒီရက်ထဲ ရွာမှာ ဇော်ကန့်လန့် တွေ ဝင် ဝင် မန့် နေလို့ သများ ကို ရွာပြင်တော့ ထုတ်နဲ့နော်။
    ရွာရဲ့ တံခါး ကို ဖောက် တဲ့နည်း ရှိလယ်။
    ဟို ကြောင်လိုတော့ ငို နေမှာ ဝုတ်ဘူး။ 😉

    • မြစပဲရိုး

      August 28, 2015 at 10:54 pm

      သများ က ရေးလို့ တောင် မဆုံးသေးဝူး။
      အခုလေးဘဲ နီသွားတယ်။ :-))))))))))))))) 😉

      • တောင်ပေါ်သား

        August 29, 2015 at 8:51 am

        ကျနော့်မှာလည်း ငြင်းပိုင်ခွင့်ရှိတယ်လေ အရီးရဲ့

        အမျိုးသမီးတွေလှည့်စားလို့ ဒုက္ခများရတဲ့ ယောင်္ကျားလေးတွေ တစ်ပုံကြီး

        ဒါကြောင့် ကျနော်က အမျိုးသားအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော်မတီဥက္ကဌလုပ်မလို့ 🙂

        • မြစပဲရိုး

          August 29, 2015 at 1:00 pm

          တစ်ခြားနည်း နဲ့ ငြင်းပါ ကိုမျိုး ရာ။
          Appearance မပါ ကြေးလေ ဗျာ။
          အဲဒါ နဲ့တိုင်းရင် အရမ်း တိမ် လို့ပါ။ :-)))

          PS – သများ ပြောတာ စိတ်မဆိုး လို့ကျေးဇူးပါ။

        • တောင်ပေါ်သား

          August 29, 2015 at 2:55 pm

          အရီး နဲ့ ကျနော့်ကြားမှာ စိတ်ဆိုးစရာ မရှိပေါင်

        • မြစပဲရိုး

          August 29, 2015 at 3:06 pm

          Thanks. :-)))

  • ဦးကြောင်ကြီး

    August 29, 2015 at 9:15 am

    ပါပါမ ျိုးကို ကေ ျးဇူးနှစ်ခါ စက်ခြင်တယ်။။ အဲဒါ ဗိုလ်လှုပ်ရဗ..

    • တောင်ပေါ်သား

      August 29, 2015 at 12:41 pm

      ကျေးဇူးဆပ်ချင်ရင်

      ခီညား မြမြကို လက်ထပ်ပြီး အမေရိကားခေါ်တွားပါ 🙂

      • ဦးကြောင်ကြီး

        August 29, 2015 at 1:01 pm

        အူးမ ျိုးတမီးနှံမြည်က မြမြရား… ပွနှာပဲ။

        • တောင်ပေါ်သား

          August 29, 2015 at 3:52 pm

          No No…your lover’s name is ( Mya Mya Cat ) 🙂

    • တောင်ပေါ်သား

      September 1, 2015 at 8:50 am

      အဲဒီရေကန်က တာကျိုးခါနီးနေပြီဗျာ 😛

Leave a Reply