.နိုင်ငံကို တကယ်ချစ်ပေမယ့် စွန့်ရစ်ကြပါတော့

padonmarAugust 29, 20151min107651

ကဗျာဆန်ဆန်ပြောရရင်တော့ ဒီစာကို နှလုံးသွေးနဲ့ ရေးရတယ်လို့ ပြောချင်ပါတယ်။ဟုတ်တယ်။ နှလုံးသွေးမှ အရှင်လတ်လတ် ခုန်နေဆဲ နှလုံးသားကို ဒါးစိုက်လို့ တစက်စက်နာကျင်စွာ ကျရတဲ့သွေး။ဘာလို့လဲဆိုတော့ ကိုယ်အလေးအနက်ထား ပြောခဲ့ရေးခဲ့တာနဲ့ ဆန့်ကျင်ဘက်ပြောရလို့ပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

တချိန်ကလည်း ရင်နာနာနဲ့ ရေးခဲ့ရတယ်။နိုင်ငံကို တကယ်မချစ်လို့ စွန့်ရစ်လေရော့သလား ဆိုပြီး ဘာ့ကြောင့် ချစ်ပါရက်နဲ့ အမိမြေကို စွန့်သွားကြရတယ်ဆိုတဲ့ အကြောင်း။စာအဆုံးမှာတော့ ဆယ်လမွန်ငါးလေးတွေလို ပြန်ချိန်သင့်ပါပြီဆိုပြီး အမိမြေရဲ့ အဝေးရောက်သားသမီးတွေကို ပြန်ခဲ့ဖို့ ခေါ်ခဲ့မိတယ်
။ခေါ်ခဲ့မိပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခုတော့…………စက်တင်ဘာလ ၁ရက်ကနေစပြီး အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်လိုက်ပြီလို့ ကြေငြာလိုက်ပြီ။အလုပ်သမားလေးတွေဖက်က စဉ်းစားရင် ဝမ်းသာပါတယ်။သူတို့လေးတွေ တူတူတန်တန် လုပ်ခရပြီး ဘဝ အဆင့်တိုးတက်မယ်လို့ မျှော်မှန်းရတာပေါ့။အမိုးအကာအောက်က လုံလုံခြုံခြုံ အလုပ်မှာ တနေ့ ၈နာရီလုပ်ရင် ကျပ် ၃၆၀ဝ ဝင်ငွေကို ပညာအရည်အချင်း မလို ၊ရေးတတ်ဖတ်တတ်ရင် ဖြစ်တဲ့၊ လုပ်ငန်းကျွမ်းကျင်မှု အဆင့်သတ်မှတ်မထားတဲ့ မိန်းကလေး လုပ်သားတွေ ရကြမှာ မုဒိတာ ပွားပါတယ်။(အဲဒီ လုပ်ခ ငွေက စက်ရုံ ပိုင်ရှင်တွေ အိတ်က ထွက်ရမှာပဲ)အဲဒီ အလုပ်မှာပဲ ဘွဲ့ရ ဝန်ထမ်းတွေ ရှိမယ်။ ပညာအရည်အချင်းနည်းပေမယ့် လုပ်သက်ရင့်တဲ့ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေက စောစောက (ပညာအရည်အချင်း မလို ၊ရေးတတ်ဖတ်တတ်ရင် ဖြစ်တဲ့၊ လုပ်ငန်းကျွမ်းကျင်မှု အဆင့်သတ်မှတ်မထားတဲ့ မိန်းကလေး လုပ်သားတွေ) သူတို့တွေ လောက်ပဲ ရရင် ကျေနပ်နိုင်ပါ့မလား။ပိုပေးပေါ့နော။(အဲဒီ လုပ်ခ ငွေကလည်း စက်ရုံ ပိုင်ရှင်တွေ အိတ်က ထွက်ရမှာပဲ၊ပေးသာပေးလိုက်ပါလေ။ အရင်းရှင် ဂုတ်သွေး စုပ် ခရိုနီတွေ တသက်လုံး မြတ်လာတာ)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

BA/BSc တွေ MA/MSc တွေ   PhDတွေကို မူလတန်းပြ နေ့စားလရှင်းခန့်မယ်တဲ့။လစာ မကြေငြာထား။သိသလောက်တော့ တနေ့ ၃၀၀ဝ ကျပ်တဲ့။ တနှစ်နေရင် အမြဲတမ်းခန့်ဖြစ်မယ်တဲ့။(နိုင်ငံတကာမှာCivil Service ပြည်သူ့ဝန်ထမ်း ဆိုတာ အလုပ်မပြုတ်နိုင်ဘူး၊လစာကောင်းတယ်။ပုဂ္ဂလိကအလုပ်ထက် ပို လစာများရတယ်။ ဒါမှ လာဘ်မစားဘူး။ ခံစားခွင့်တွေရတယ်။လူတိုင်း လုပ်ချင်တယ်။)(မပေးနိုင်ပါဘူး၊ဒါ နိုင်ငံတော် ဘတ်ဂျက်၊ဆရာမတွေ သူ့ဖာသာ ကျူရှင်ပြ ကျောင်းသားမိဘဆီက တောင်းပေ့စေပေါ့)

xxxxxxxxxxxxxxxxxxxxx
ဆယ်တန်းအောင်တုံးက ပညာအရည်အချင်းထိပ်ဆုံးကလူတွေကိုမှ ပေးပြီး တက်ထားတဲ့၊ ရနှစ် ရမိုး (မကြာမီကအထိတော့ ၆နှစ်)စာတွေ သင်ထားရတဲ့၊အလုပ်ချိန်က တနေ့ကို ၈နာရီအပြင် ၂၄နာရီ၊၃၆ နာရီ တွေပါ ဆင်းနေရတဲ့၊အရေးပေါ်လူနာရှိရင် အိပ်နေရင်းလည်း အနှိုးခံရတဲ့၊သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ လူ့အသက်တချောင်းကို ဆုံးဖြတ်ပေးနိုင်တဲ့ ဆရာဝန်လေးတွေရဲ့ လခက ကျပ် ၁၀၀၀၀၀+ထောက်ပံ့ကြေး ၃၀၀၀ဝ = ၁၃၀၀၀ဝ တဲ့၊ ရက် ၃ဝ နဲ့စား၊ တနေ့ကို ကျပ်ပေါင်း ၄၃၃၃ တိတိ ရပါတယ်။(ဘယ်ပိုပေးနိုင်မတုံး၊ ဒါ နိုင်ငံတော် ဘဏ္ဍာငွေက ပေးရမှာ၊ဆရာဝန်တွေ ကိုယ့်ဖာသာဆေးခန်းထိုင်၊ လူနာတွေအတွက် ပေးတဲ့ ဆေးကို ရောင်းစား၊ ဆေးကုမ္ပဏီတွေဆီက လာဘ်ယူ သူတို့ဆေးတွေ ညွှန်ပေးပေါ့)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

သစ်တောတွေ အဆင်အခြင်မဲ့ ခုတ်ခဲ့လို့ တောပြုန်းလို့ တောင်ပြောင်၊ရေဖောင်ခဲ့ပြီ။မျက်စိရှေ့မှာ ထင်ထင်ရှားရှား သိသာတဲ့ စီမံခန့်ခွဲမှု အမှားရဲ့ ရလဒ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxx

ယာဉ်တိုက်မှု ဖြစ်ရင် မှားမှားမှန်မှန် ၁သိန်းလျော်ရမယ် ဆိုတဲ့ အမိန့်ကနေစပြီး ယာဉ်မောင်းလိုင်စင်ကို ဖြစ်သလို ထုတ်ပေး၊ယာဉ်စည်းကမ်းကို တကယ် မကြီးကြပ်တော့ ကိုယ်မှားလည်း ကိုယ်ခံ၊ကိုယ်မှန်လည်း ကိုယ်ခံ စနစ်တွေကြောင့် စနစ်တကျယာဉ်မောင်းချင်တဲ့ လူတွေ နည်းခဲ့တယ်။အဆင်အခြင်မဲ့ ပေးသွင်းလိုက်တဲ့ ကားတွေ ဖောင်းပွတော့ ကားမောင်းမယ့် ဒရိုင်ဘာ ရှားပါးကုန်ဖြစ်လာပြီ။အဲတော့ ဘဏ်ကြီး တခုက ဒရိုင်ဘာလစာ ၄သိန်းခွဲတဲ့၊ သန့်ရှင်းရေးက ၁၈၀၀၀ဝ တဲ့။အပြင်အလုပ်တွေကလည်း ဒရိုင်ဘာလစာ ၂သိန်းတဲ့။ သိပ်ကျွမ်းကျင်ရင် ၃သိန်းခွဲတဲ့။(သူတို့ ပိုက်ဆံနဲ့ သူတို့ပေးတာ ရွှေချပေးပေး၊ပေးပလေ့စေ၊ကားတွေလည်း တိုက်၊တိုက်ပလေ့စေ။)ဒါပေမယ့် အဲဒီအလုပ်ကပဲ အိုင်တီ အင်ဂျင်နီယာ လစာ ၂သိန်းတဲ့။ဆယ်တန်း စာမေးပွဲကို ဆရာဝန်လိုင်းပြီးရင် ဒုတိယ အမှတ်အများဆုံးတွေကို ရွေးခေါ်ထားတဲ့ ၆နှစ် သင်ထားရတဲ့ အင်ဂျင်နီယာတွေ ဘာလုပ်ရမလဲ။
(အင်ဂျင်နီယာ သူ့ဖာသာ ရှာစားပေ့စေ၊ လမ်းတံတားလည်း သံချောင်းအစားဝါးလုံးထည့်၊ဘိလပ်မြေအစား နုံးထည့်လုပ်ပေ့စေပေါ့)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

လူနေမှုစရိတ်မြင့်တဲ့အတွက် အခြေခံ လူတန်းစားရဲ့ လစာကို မြှင့်ပေးလိုက်ရင် ပြေလည်မယ်လို့ ထင်တာရော၊ နိုင်ငံရေးအရ စည်းရုံးချင်တာရော၊ ခေတ်အခြေအနေအရ မလွန်ဆန်နိုင်လို့ ပေးရတာရောနဲ့ ပညာတတ်စရာမလိုတဲ့ အခြေခံ အလုပ်တွေရဲ့ လစာတွေ မြှင့်ပေးခဲ့ပြီ၊ မြင့်တက်လာပြီ။(သူများ ဗိုက်နဲ့ ဒါးအထိုးခံခိုင်းပြီ)

ဆရာဝန်တွေကိုတော့ ပိုမပေးနိုင်ဘူး၊
အင်ဂျင်နီယာတွေကိုတော့ တူတူတန်တန် မပေးနိုင်ဘူး။
ကျွမ်းကျင်သူတွေကိုတော့ တန်တန်ရာရာ မထားနိုင်ဘူး။
ပညာရှင်ကိုတော့ နေရာ မပေးနိုင်ဘူး
။နိုင်ငံတော်ကလည်း မပေးနိုင်ဘူး။
ပုဂ္ဂလိကလည်း မပေးနိုင်ဘူး။
အပေါ်မှာ အမိုးရှိတယ်။ ဝင်ငွေ ဆိုတဲ့ အမိုး၊ ဝင်ငွေက မကောင်းဘူး။ကောင်းရင်လည်း အများနဲ့ဆိုင်တဲ့ အိတ်ထဲ မရောက်ဘူး။
အဲတော့ ပညာရှင်တွေ ၊ပညာတတ်တွေ၊ ကျွမ်းကျင်တွေ

ဘာလုပ်မလဲ ၊၊ဘာလုပ်ကြမလဲ၊၊

နိပါတ်တော်မှာ လာတဲ့ အတိုင်းပြောမယ်။ရှေးက ဘုရင်မိုက်တပါးမှာ ဆင်လိမ္မာ တကောင် ရှိတယ်။ဆင်က လိမ္မာလွန်းတော့ ပြည်သူတွေက ချစ်တာကို ဘုရင်က မနာလိုဖြစ်ပြီး ဆင်ကို သေအောင်ကြံတယ်။ကမ်းပါးစွန်းမှာ ရှေ့ခြေတချောင်း မြှောက်ပြခိုင်း၊ ၂ချောင်း မြှောက်ပြခိုင်း၊ နောက်ခြေပါမြှောက်ပြခိုင်း နဲ့ မသေသေအောင် လုပ်ကြံတယ်။ဆင်ထိန်းက ရိပ်မိတော့ ဆင်ကို နားနားကပ်ပြီး ငါ့သား၊ဒီမင်းယုတ်က ငါ့သားကို မနာလိုလို့ လုပ်ကြံတာပဲ၊သင့်အစွမ်းရှိရင် ကောင်းကင်က ပျံပြီး အရပ်တပါးကို သွားကြပါစို့ လို့ တိုက်တွန်းတယ်။ဆင်ကလဲ ကောင်းကင်ကပျံတက်ပြီး သူ့ကို တန်ဖိုးထားတဲ့ တိုင်းပြည်ကို ပြောင်းနေသတဲ့။
အဲသလိုပဲ ပညာရှိကို တန်ဖိုးမထား၊ကြက်တမတ်၊ဝက်တမတ်၊ဘဲတမတ်၊ဆိတ်တမတ် လုပ်ရင် အဲဒီနေရာမှာ ပညာရှိတို့ မနေအပ်ပါဘူးတဲ့။
အဲတော့ နှလုံးသားက တစက်စက်ကျတဲ့ သွေးနဲ့ မျက်ရည်ရောပြီး ရေးပါမယ်။

ဒီလိုသာ ရှေ့ဆက်သွားမယ်ဆိုရင်…

.နိုင်ငံကို တကယ်ချစ်ပေမယ့် စွန့်ရစ်ကြပါတော့

။ကောသလ အိပ်မက် ၁၆ချက်တဲ့၊ ကြားဖူးကြမှာပါ။

(၁၂) အမေး။ ။သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။အဖြေ။ ။ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။

(၁၃) အမေး။ ။အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ။အဖြေ။ ။ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။

(၁၅) အမေး။ ။အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။အဖြေ။ ။ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ဝပ်တွားနေရမှာ။

(၁၆) အမေး။ ။ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။အဖြေ။ ။သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။

Dc19

Dc20Dc21

Dc22
(ကိုယ်လည်း စွန့်သွားမယ့်ထဲမပါပါဘူး။ ကိုယ့်အသက်အရွယ်ရယ်၊ ဒီမှာ သာသနာတော် ဗုဒ္ဓအဆုံးအမနဲ့ နီးစပ်တာရယ်ကြောင့် နေသွားမှာပါ။ ဒါပေမယ့် ကိုယ်ခေါ်မိလို့ ပြန်လာတဲ့သူတွေ အတွက် ဒါတောင်းပန်စကားပါ။ ဒို့တိုင်းပြည်မှာ လူတန်းစား ၃မျိုးပဲ ကျန်မယ်။ ဘယ်မှ မသွားနိုင်၊မသွားချင်လို့ နေနေတဲ့ လူတွေရယ်၊ အများအတွက် အနစ်နာခံ ကိုယ်ကျိုးစွန့်ပြီး ကယ်တင်နေတဲ့လူတွေရယ် ၊ ဘယ်သူသေသေ မာနေတဲ့ ငတေတွေရယ်။ ဒါပါပဲ။)

51 comments

  • ဦးဦးပါလေရာ

    August 29, 2015 at 11:25 pm

    ဒို့အမလဲ ရေးရဲလာပါပကောလား….
    မှန်ပါတယ်…
    နိုင်ငံချစ်တယ်ဆိုရာမယ်..
    အချစ်ဆိုတာ (မေတ္တာဆိုတာ)အပြန်အလှန် အသွားအပြန်လေးတော့ရှိရပါလိမ့်မယ်….
    တဖက်သတ်အချစ်မျိုးပဲဖြစ်နိုင်မယ်ဆိုရင်တော့
    မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ကဗျာလေးထဲကလိုပဲ
    ရွက်ချပ်စိုအကြိုအကြားမှာ ပွင့်သွားရုံပေါ့ …. နော
    =======================
    ဒါထက် ..
    စကားမစပ်..
    ကျုပ်နားမလည်တဲ့ကျုပ်အကြောင်းလေးတော့ ဆိုင်ဆိုင်မဆိုင်ဆိုင်ထည့်ပြောလိုက်ချင်သေး….
    ဒီလိုပါ………………
    ကျုပ်က ကားမဝယ်နိုင်ခင်တုန်းက ဖိုးဝှီးကားဆို တော်တော်သဘောကျတယ်
    ကြိုက်တယ် … ဆိုပါစို့…
    တကယ်တန်း ကားလေးဘာလေး ရှိလာတော့
    ကျုပ်ကြိုက်တယ်ဆိုတဲ့ ကားအမျိုးအစားရဲ့
    အင်ဂျင်ကိုလဲ သိပ်တော့မကြိုက်လှဘူး
    အောက်ပိုင်းကိုလဲ သိပ် သဘောမကျဘူး
    ဘော်ဒီကိုလဲ သိပ် ဘဝင်မကျဘူး
    မီးပိုင်း ဝါယာရင်းပိုင်းကိုလဲ စိတ်တိုင်းမကျဘူး
    အဆိုးဆုံးကတော့ ကားဘီးတွေကိုလဲ တော်တော်စိတ်ပျက်တယ်….
    ………………………….
    ပြန်စဉ်းစားကြည့်တော့…
    အဲ့ ဖိုးဝှီးကားမှာ ကျုပ်ကြိုက်တာ ဘာများရှိသေးပါလိမ့်မလဲနော်….

  • ဦးကြောင်ကြီး

    August 29, 2015 at 11:47 pm

    ရှေးအူးစွာ ခိုနီဒုံဂ ျီးအား အူးသုံးဂ ျိမ်ခြ ရှဉ့်ခိုးဂဒေါ့ပါအိ။ ဓဂ ျိမ် နှပ်က ျိန် သုမ်းဃြိဏ်…။
    အနိမ့်စုန်းလခ ၃၆၀ဝ ဆိုတာ အလှုပ်သမားတွေ လိုခြင်တဲ့ ၄၀၀ဝ မဟုတ်သေးဘူး။ ဒါက တခ ျက်..
    အခြိမ်ပိုလှုပ်ခ၊ အခြားခံစားဂွင့် စတာတွေ လှ ျှိုထားသေးတယ်၊ ဒီပုဏ်နဲ့စို တိုက်ပွဲမပြီးသေး.. အလှုပ်ရှင်ဖက်က ညစ်လိပ်အုးံမြည်။ ဒါက နှစ်ခ ျက်..
    အလှုပ်သမား အုပဒေ ခ ျိုးဖောက်တဲ့အခါ အလှုပ်သမားကိုတော ့ အလှုပ်ဖြု တ်၊ ထောင်တန်းခြ… အလှုပ်ရှင် ကိုတော ့ငွေဒဏ် သိန်းဂဏန်းမ ျှသာ… ဒါကု သုံးခ ျက်…. ။ နောက်ထပ်လည်း မြှားစွာကြံအူးမြည်။
    အနိမ့်ဆုံး လှုပ်ခဆိုဒါ ပယောဂ ကင်းကင်းနဲ့ မြင်လ ျင် သူ့အဓိပါယ်မှာကို ပြောပီးသား… အနိမ့်ဆုံးလို့။ ဒါကို ပိုပြီးအရည်အခြင်း ရှိသူတွေလည်း ဒီဈေးပဲလား ဆေးထိုးပေးနေတယ်။ ခုမှစဝံသူတွေ အတတ်ပညာ မရှိသူတွေ ဒီဈေးနဲ့စရမည်လို့ ဆိုလိုသည်။ ပိုတတ်ပိုပေးလေ… ဒါ့အောက်တော ့ နည်းပေးဂွင့်မရှိ။ ပိုတတ် ပိုသိသူက ပိုပေးတဲ့နေရာ သွားလိပ်မြည်း၊ ပိုတတ် ပိုသိ လိုခြင်သူကလည်း ပိုပေးလိပ်မြည်း။ နှစ်ဖက် အားပြို်င်ရမည့် ရေရှည်ပွဲပါပဲ။ ရသူနှင့်ပေးသူ demand နှင့် supply ကောက်ကြောင်းနှစ်ခု စုံမှတ်နေရာတွင့် ဈေးကွက်သတ်မှတ်ခ ျက် ဖြစ်သွားလိပ်မြည်း။ လှုပ်ခ အုပဒေဆိုတာ အဲလိုဆုံခ ျက် ဖြစ်ဖို့ အောက်ခံဘောင်တခု ခ ျပေးတာ။ ညှစ်လွန်းလို့ အောက်က ျလာရင် ဘောင်ထိပြန်တက်စေမည်။ အလှုပ်သမား အတွက်တင်မဟုတ် တိုင်းပြည်စီးပွားရေး၊ လူအမ ျားစု သုံးနိုင်စွမ်းအား၊ ငွေလည်ပတ်မှု အပြန်အလှန် မှီခိုသည်။
    Demand and Supply သီအိုရီကို သတိရပါ။ အိမ်က ျယ်နီလှ ျှာထက် ဒွိုင်ဘာ လခပိုရတာ ဈေးကွက်လိုအပ်ခ ျက်မို့။ နီးပြင်ညာ တက္ကသိုလ်တွေ မြို့ဒိုင်းဖွင့်၊ အငယ်ဒန်း အိမ်က ျယ်နီလ ျှာတွေ ပေါမ ျားချိန်မှာ ဈေးက ျတယ်၊ ဒွိုင်ဘာတယောက်ဆီက ပြန်ရတဲ့လှုပ်အား၊ ဝံငွေအပေါ် သပ်ရောက်မှုနဲ့ အိမ်က ျယ်နီလ ျှာအသစ်တေ ျာက် ပေးဆပ်နိုင်စွမ်းအား မီတူလေ။ ဟိုက ခ ျက်ခြင်း ဖော ်စားလို့ရဒါ၊ ဒီက စောင့်ရအူးမှာ..။ သိသလောက်တေ ာ့ တော ်ယုန် လိုအပ်ခ ျက်နဲ့ ဒွို င်ဘာတယောက် အဲလောက်မပေး၊ နယ်အဝေးပါ ခိုင်းဖို့ရှိလို့ ခံ့တာမြှားဒယ်။
    ဆလာဝံဆိုတဲ့ သပ်တဝှာ အစိုးမြဆီမှာ လှုပ်ရင် လခနည်းတာ ရနေတဲ့ ခံစားခွင့်၊ ရေရှည်အခွမ့်အရေး၊ ဂုံဒရပ် စတာတွေ ထည့်တွက်အူးလေ။ ပိုက်ဆံလည်းရသေး ဆရာလည်းအခေါ်ခံရသေး.. နယ်ဖက်ဆို ကြေဇူးရှင်ဆိုပီး လာဘ်အုပ်ပါ အခ ျီခံရသေး…။ နှောက်ပီးလော ့သူတို့တက်တဲ့ ၆နှစ် ရနှစ် နိုင်ငံဒေါ်ဘဏ္ဍာနဲ့ စိုက်ထုတ် အကုံအက ျခံပေးထားတာ မနည်းမနော။ ဆမ လိုင်စင် ဖြေဂွင့်ရှိပါပီဒဲ့..ပုဂ္ဂလိက ဆေးကေ ျာင်းပေါ်လာတဲ့အခါ ဆာလဝံဖြစ်ဖို့ ဘယ်လောက် ပေးရမြည် ထိန်သလဲ…. စဉ်းစား စဉ်းစား။။။။။ ခိုနီအာတီဒုံဂ ျီးအား ထက်မာန်အူးခြဗါအိ… အူးဒေါ်…..

  • Foreign Resident

    August 30, 2015 at 6:56 am

    ဟဲ ဟဲ ။
    အခုတော့ / နောက်ဆုံးတော့ ၊ အန်တီဒုံလည်း အမြင်မှန်ရလာပြီပေါ့ ။

    လူရယ်လို့ ဖြစ်လာရင် ( ပညာတတ် တစ်ယောက် ဆိုပါတော့ ) ၊
    ပထမ ဦးစားပေး အနေ နှင့် မိမိ ကောင်းစားဖို့ကို အရင် လုပ်ရပါတယ် ။
    မိမိ ကောင်းစားဖို့ လုုပ်တဲ့နေရာမှာ ၂ ပိုင်း ရှိလာပါပြီ ။
    ၁ ။ အကျင့်စာရိတ္တ ကျိ ုးပေါက်ပြီး လုပ်တာ နှင့် မ ချိ ုးဖေါက်ဘဲ လုပ်တာ ။
    ၂ ။ မိမိ တတ်တဲ့ ပညာ ၊ အားထုတ်မှု နှင့် ထိုက်တန်တဲ့ အခွင့်အရေး ရနိုင် မရနိုင် ။

    အကြမ်းဖျင်းအားဖြင့် ၊ အကျင့်စာရိတ္တ မ ချိ ုးဖေါက်ဘဲ ၊
    မိမိ တတ်တဲ့ ပညာ ၊ အားထုတ်မှု နှင့် ထိုက်တန်တဲ့ အခွင့်အရေး ရနိုင်တဲ့နေရာက ၊
    ့နိုင်ငံရပ်ခြား ဖြစ်နေတော့ကာ ( အဲ့ဒီ နိုင်ငံရပ်ခြား ဟာ ပတိရူပ ဖြစ်လာပြီပေါ့ ) ၊
    ကိုယ့်ရဲ့ မွေးရပ်မြေကို ရင်နာနာနှင့်ဘဲ စွန့်ခွာရမှာဘဲလေ ။

    ပညာ တကယ်တတ်တဲ့ ပညာတတ်တွေကို တိုက်တွန်းချင်တာ တစ်ခုက ၊
    ကိုယ့်ရဲ့ မွေးရပ်မြေ မြန်မာပြည်ကို ခပ်ရဲရဲသာ စွန့်ခွာခဲ့ကြပါ ။
    ့နိုင်ငံခြားမှာ ပညာနှင့်အသက်မွေးတာ အကုသိုလ် တော်တော်နဲတာကို တွေ့ရတယ် ။
    ့မြန်မာပြည်မှာ နေတာက နေ့တဓူဝ အကုသိုလ် ဖြစ်ဖို့ ပိုနီးစပ်တာကို တွေ့ရတယ် ။

    ့မြန်မာပြည် တိုင်းသူပြည်သားများအတွက်တော့ စိတ်မကောင်းပါဘူး ။
    အစိုးရ ဆိုးဆိုး နှင့် ရေမြေ သဘာဝ ကပ်ဘေးတွေ နှင့် ကျန်ခဲ့ကြမှာပါ ။
    မတတ်နိုင်ဘူးလေ ၊ သဗ္ဗေ သတ္တာ ကမ္မ သကာ ပါဘဲ ။

    ဆူနာမီ လှိုင်းလာတဲ့ အချိန်မှာ လှည့်မကြည့်နိုင်သလိုဘဲလေ ၊
    ကိုယ့် အသက်လွတ်အောင် ဒီတိုင်းပြည်က ထွက်ပြေးကြရတာပါဘဲ ၊
    ့နောက်ကျတဲ့ ခြေထောက် သစ္စာဖေါက်ဘဲ ။

    ကျနော်တို့ လူမှန်းသိစ အရွယ်မှာ ကျနော်တို့ အဖေပြောခဲ့တဲ့စကားပေါ့ ၊
    ” တိုင်းပြည်က သိပ်အခြေအနေ ကောင်းတာ မဟုတ်ဘူး တဲ့ ၊
    ထွက် ဆိုတဲ့ အချိန်ကျရင် တစ်မိသားစုလုံး နိုင်ငံရပ်ခြား ကို ထွက်ပြီး ၊
    လုပ်ကိုင်စားလို့ ရအောင် Professional ပညာတွေ ရွေးယူထားကြ တဲ့ ”

    ကျနော်တို့ အဖေ အဆုံးအဖြတ် / အဆုံးအမ / Guide Line မှန်တဲ့ အတွက် ၊
    ကျနော်တို့ ညီအကိုတွေအားလုံး နိုင်ငံကြီးတွေမှာ တင့်တောင်းတင့်တယ် ဖြစ်နေပါပြီ ။

    အခု မပဒုမ္မာတို့လဲ ကိုယ့်ရဲ နောက်မျိုးဆက်တွေ အတွက် ၊
    အဆုံးအဖြတ်မှန်ကို ချပေးရမယ့် နေရာကို ရောက်နေပြန်ပြီလေ ။
    စဉ်းစားပေါ့ ။

    ကျနော့် အမြင်တော့ မြန်မာပြည်ဟာ ၊
    ့ရှေ့လျှောက် ကပ်ဘေးတွေ နှစ်စဉ် တွေ့ရတော့မယ့် နိုင်ငံ ပါ ။
    မ နေသင့်တော့တဲ့ အရပ်လို့ ထင်မိပါတယ် ။

  • aye.kk

    August 30, 2015 at 7:43 am

    အဘဖောပြောတာမှန်လိုက်တာ
    သားကမိဘနဲ ့ခွဲခွါပြီးတူတူတန်တန်ရတဲ့ထိုင်းလောက်မှာ
    သွားပြီးလုပ်နေရတယ်၊
    ခုတော့၊ဒီမှာဝင်လုပ်လည်းစာရိတ္တချိုးဖောက်မိမှာပါဘဲ။
    တစ်ယောက်ကမိဘနဲ ့မခွဲနိုင်တော့၊ပုဂ္ဂလိကဘဏ်မှာခဏဝင်လုပ်တာ
    ထွက်ခွင့်မရဘဲယက်ကန်ယက်ကန်ဖြစ်နေတယ်။
    သူတို့ယူထားတဲ့ဘွဲ ့နဲ ့တူတူတန်တန်မရှိတာစိတ်မကောင်း
    ဖြစ်မိပါတယ်။။

    • Foreign Resident

      August 30, 2015 at 9:34 am

      aye.kk says:
      ” အဘဖောပြောတာမှန်လိုက်တာ ”

      မ aye.kk ရဲ့ ၊
      ကျနော်က ပိုက်ဆံရှာတဲ့ ကိစ္စ တစ်ခုတည်း တွေးတာ မဟုတ်ဘူး ခမျ ။
      ပိုက်ဆံ ကိစ္စ တစ်ခုတည်း ဆိုရင် ပြသာနာက သိပ်မကြီးလှဘူး ။
      ပိုက်ဆံရှာမယ့် လူငယ်တွေက နိုင်ငံခြားထွက်ရှာ ၊
      သုံးမယ့် မိသားစု လူကြီးတွေက ပြည်တွင်းမှာစား ၊
      အဲ့ဒီလောက်အထိက OK သေးတယ် ။

      ကျနော်က လူတွေရဲ့ အတွေးအခေါ် ၊ ရာသီဥတု ၊ သဘာဝ ဘေး ၊
      တိုင်းပြည် ရဲ့ ဓန ၊ အဲ့ဒါတွေကိုပါ စဉ်းစားကြည့်နေတာ ။

      အခု ရေလွှမ်းခံရတဲ့ ဒေသတွေမှာ ရွှံ့ပြင်တွေ လူတရပ် ရှိတယ်တဲ့ ။
      အဲ့ဒဟာတွေက တောင်တန်းတွေပေါ်က မြေဆီလွှာ အနှစ်တွေလေ ။
      အခုက မြန်မာပြည်မှာက သစ်ပင် သစ်တော ပြုန်းယုံ မကဘူး ။
      ့တောင်တန်းတွေပေါ်က မြေဆီလွှာတွေပါ ပါကုန်တဲ့ သဘောတွေ ။
      ့တောင်တန်းတွေပေါ်ကို သစ်ပင်ပြန်စိုက်မယ်ဆိုတောင် မလွယ်တော့ ။

      -နောင်ဆိုရင် ဘင်္ဂလားဒေ့ရှ် လိုဖြစ်လာမယ် ။
      -နွေ ဆိုရင် အမြဲ အပူလှိုင်း ရိုက်မယ် ၊ မိုးခေါင် ရေရှားမယ် ။
      မိုး ဆိုရင် အမြဲ ရေကြီးမယ် ၊ ရေလျှံမယ် ။
      ့နှစ်စဉ် သဘာဝဘေးဒုက္ခ ခံစားရပြီး ၊
      အလှူခံစား တောင်းစားနေရတဲ့ နိုင်ငံ ဖြစ်သွားတယ် ။
      ကျနော်က မြန်မာပြည် အဲ့ဒီဘက်ကို ဦးတည်နေပြီ ထင်မိတယ် ။
      ရာသီဥတုတွေကလည်း ကမာ္ဘတစ်ဝှမ်း ပိုပို ဆိုးလာတယ် ။

      အခုတစ်ခါမှာ မခံရတဲ့ ဒေသကလူတွေက ဝိုင်းလှူကြပေါ့ ။
      ( လှူတာတောင် မငတ်ယုံပါ ၊ ပြန်ထူထောင်ဖို့ မတတ်နိုင်ပါ )
      ဒါပေမယ့် နှစ်စဉ် ဖြစ်လာရင် လှူနိုင်ပါတော့မလား ။

      • aye.kk

        September 3, 2015 at 5:11 pm

        အဘဖော
        လက်ရှိအာဏာရှင်အစိုးရ
        လုပ်ရပ်ကတိုင်းပြည်ကိုချောက်ထဲတွန်းပို့နေသလိုဖြစ်နေတာ
        စိတ်မကေါင်းကြီးစွာဖြစ်ရပါတယ်။
        အခုလည်း၊ဟားခါးလေး၊ခန္တီးမှာဖြစ်နေပြန်ပါပြီ။
        ဒီဘက်ဒေသမှာလည်းတောတွေပြုန်းတီးနေလို့
        မနေ့ကမိုးနည်းနည်းထန်လိုက်တာနဲ ့တင် တောင်ပေါ်ကရေတွေလှိမ့်ဆင်းလာလို့
        အိမ်ရှေ့မှာတင်ချောင်းဖြစ်သွားတယ်။သဘာဝဘေးဒဏ်က
        အတော်ကိုကြောက်စရာကေါင်းလှပါတယ်။
        ပြည်သူတွေကတော့ သဘာဝဘေးဒဏ်တင်မကပဲ၊ဒုက္ခအမျိုးစုံနေအောင်ကိုခံစားနေရတာအမှန်ပါဘဲ။

  • ဇီဇီခင်ဇော်

    August 30, 2015 at 8:43 am

    ဘယ်ဘက်ကမှ အချိုးးတကျ ပြင်လို့ ရမယ့် တိုင်းးပြည် မဟုတ်တော့ပါဘူးးး

    ကျနော် ကတော့ စွန့်ခွာ ဖို့ မဖြစ်နိုင်သေးးသလို ပြန်လာဖို့လည်းး တွန့်ဆုတ်နေမိတယ်..

    အိမ်ကို ထောက်ပံ့ဖို့ လုံလောက်တဲ့ ပိုက်ဆံ ရှာလို့ ရတာ
    ကိုယ့်နိုင်ငံ မဟုတ်တာတော့ ဝမ်းးနည်းးစရာ..
    နြ်သွားးတဲ့ သူငယ်ချင်းးတိုင်းးရဲ့ feedback က မကောင်းးဘူးးး..

    😥

  • ဝင့်ပြုံးမြင့်

    August 30, 2015 at 6:20 pm

    .ပို့စ်ဖတ်ပြီး ခံစားရတယ်။ ပို့စ်ထဲက မျက်ရည်ကိုလည်း တွေ့လိုက်ရပါတယ်။

  • padonmar

    August 30, 2015 at 6:49 pm

    ကိုယ်လည်း စွန့်သွားမယ့်ထဲမပါပါဘူး။ ကိုယ့်အသက်အရွယ်ရယ်၊ ဒီမှာ သာသနာတော် ဗုဒ္ဓအဆုံးအမနဲ့ နီးစပ်တာရယ်ကြောင့် နေသွားမှာပါ။ ဒါပေမယ့် ကိုယ်ခေါ်မိလို့ ပြန်လာတဲ့သူတွေ အတွက် ဒါတောင်းပန်စကားပါ။ ဒို့တိုင်းပြည်မှာ လူတန်းစား ၃မျိုးပဲ ကျန်မယ်။ ဘယ်မှ မသွားနိုင်၊မသွားချင်လို့ နေနေတဲ့ လူတွေရယ်၊ အများအတွက် အနစ်နာခံ ကိုယ်ကျိုးစွန့်ပြီး ကယ်တင်နေတဲ့လူတွေရယ် ၊ ဘယ်သူသေသေ မာနေတဲ့ ငတေတွေရယ်။ ဒါပါပဲ။

  • မမာရေ
    စစ်စစ်ပေါက်ပေါက်တွက်ကြည့်ရင်
    ဒီနိုင်ငံထဲမှာ တကယ်ကြိုးကြိုးစားစား လုပ် မယ့် သူ မကျန်တော့ သလောက်ပါဘဲ

  • ဦးဦးပါလေရာ

    August 30, 2015 at 10:52 pm

    .ကိုယ့်အတွက်ကတော့ အေးဆေးပါ….
    .ဖြစ်သလိုနေပြီး ဖြစ်သလိုသေရုံပဲ….
    .ကိုယ့်မိုက်ပြစ်နဲ့ကိုယ် အင်မတန်မှနောက်ကျသွားပြီ..။
    .ဒါပေသိ ကိုယ့် နောက်မျိုးဆက် အတွက်တော့ ထွက်နိုင်ရင် ထွက်ဖို့ပဲ ပြောပါမှ လူကြီးပီသမယ်….

  • Mike

    August 31, 2015 at 9:02 am

    .စိတ်မကောင်းပါဘူးအာတီဒုံရေ…က ျနော်တောင်အကြောင်းကြောင်းကြောင့် အပြင်မထွက်နိုင်ခဲ့လို့
    .ပြည်တွင်းမှာပဲမဖြစ်ဖြစ်အောင် ကြိတ်မှိတ်ပီးရုံးကန်နေရတယ်…ဝမ်းဝရုံပဲရှိပါတယ်
    .ပင်စင်သက်ရောက်လို့အလုပ်ထွက်ရရင်တောင် ထိုင်မစားနိုင်ဘူး..ဝင်ငွေရမဲ့အလုပ်ရှာရအုံးမယ်..ဒုက္ခ
    .ဆိုတော့..သေတဲ့အထိနားရမယ်မထင်….
    .ဦးပါပြောသလို “ကိုယ့် နောက်မျိုးဆက် အတွက်တော့ ထွက်နိုင်ရင် ထွက်ဖို့ပဲ ပြောပါမှ လူကြီးပီသမယ်….”

  • အောင် မိုးသူ

    August 31, 2015 at 9:50 am

    ချုပ်တည်းထားသမျှတွေ ပေါက်ကွဲလွင့်စင်ထွက်ကုန်ပြီ။ အားလုံးက အမှန်တရားတွေ။

  • black chaw

    August 31, 2015 at 10:55 am

    အခုလို အချိန်မျိုးဟာ နိုင်ငံခြားကို ရောက်နေတဲ့
    အတွေ့အကြုံ ကြွယ်ဝသူ၊ ထူးချွန်ထက်မြက်တဲ့ ဦးဆောင်နိုင်စွမ်းရှိသူတွေကို
    ပြည်တွင်းကို ပြန်လာစေဖို့ လမ်းဖွင့်ပေးရမယ့် အချိန်မျိုးပါ။
    စင်္ကာပူ ရဲ့ ပထမ ဆုံး ခြေလှမ်းက
    အကြောင်းအမျိုးမျိုးကြောင့် အဝေးရောက်နေသော
    မိမိနိုင်ငံသားများကို အမိမြေပြန်လာစေရန် ဆွဲဆောင် ကြိုးပမ်းခြင်းဖြစ်သည်
    လို့ ဖတ်ဖူးပါတယ်။
    တရုတ် နိုင်ငံ တိုးတက်သွားတဲ့ အဓိက လုပ်ရပ်ကလည်း
    နိုင်ငံခြား ကို အကြောင်းအမျိုးမျိုး ကြောင့် ရောက်နေတဲ့
    ထူးချွန်ထက်မြက်သူတွေကို တရုတ်နိုင်ငံထဲ ပြန်လာနေထိုင်ချင်လာအောင်
    နိုင်ငံခေါင်းဆောင်တွေ ကိုယ်တိုင် က ဦးစီးပြီး
    သူတို့နဲ့ သင့်တော်မယ့် အလုပ် သူတို့ ပျော်ရွှင်စေမယ့်
    ပတ်ဝန်းကျင် မျိုးတွေ ဖန်တီးပေးပြီး
    စွဲဆောင်ကြတယ်လို့ ပြောတယ်ခင်ဗျ။
    အိန္ဒိယ လည်း ထို့ အတူပဲ တဲ့ ခင်ဗျ။
    ကျွန်တော်တို့ နိုင်ငံကလည်း ဦးသိန်းစိန် တက်ကာစက
    စင်္ကာပူတို့ တရုတ်တို့ အိန္ဒိယ တို့ ကို နမူနာယူပြီး
    လုပ်တော့မယ်လို့ ထင်ခဲ့တာဗျ။
    နိုင်ငံခြားရောက်နေသူတွေ ကို ပြည်ဝင်ခွင့်တွေပေးပြီး
    ပြန်လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့တာ မှတ်မိနေပါတယ်။
    အဲ အခု ကျတော့
    ထူးချွန်ထက်မြက်သူတွေ အတွက် လုပ်ချင်ကိုင်ချင်စိတ်ကုန်ခမ်းအောင်
    လုပ်နေသလိုကြီး ဖြစ်နေပြီဗျာ။
    ပြည်ပက မြန်မာတွေ ပြန်လာဖို့ ဝေးရော…၊
    ပြန်တွင်းက ထူးချွန်ထက်မြက်သူတွေ ပါ မနေနိုင်အောင် လုပ်သလိုကြီး
    တွေ ဖြစ်နေပြီလေ။
    ဒီအတိုင်းဆိုရင်တော့
    ပြည်တွင်းက ထူးချွန်ထက်မြက်သူတွေ အနေနဲ့
    ရေကြည်ရာ မျက်နုရာ ပြည်ပနိုင်ငံတွေကို
    ပြောင်းရွှေ့နေထိုင်လုပ်ကိုင်ကြတော့မယ့် အရေးကို
    တားဆီးလို့ ရနိုင်မယ် မထင်တော့ပါဘုူး အစ်မရေ…။
    ဉာဏ်မှီသလောက်လေး ကွန်းမန့်ဝင်ရေးသွားပါတယ်ဗျာ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

    • ကြွေလွင့် ပန်း

      September 2, 2015 at 3:36 am

      ဒီနေရာမှာ တစ်ခု ဆွေးနွေးချင်တယ်ပေါ့ အူးဘလက်

      နိုင်ငံရပ်ခြားရောက်နေတဲ့သူတွေဆိုတာ (တစ်ဖက်ကန်း မျိုးချစ်များအမြင်နဲ့ မတူပါ) ခေတ်ရှေ့ပြေးမြင်/သိ/လုပ်ကိုင်နေတယ်ဆို ပိုမှန်မယ်။ ထူးချွန်သူများအဆင့်တော့ မရောက်ဘူးပေါ့။ ဘာလို့လဲဆိုတော့ ရွာမှာ လယ်မစိုက်နိုင်လို့ တစ်ခြားမြေမှာ ပန်းကန်သွားဆေးနေသလိုပေါ့။ သူမသာ ကိုယ်အသုဘပဲ။ ဒါပေမယ့် ဘာကွာသွားလဲဆိုတော့ ဝါးလုံးခေါင်းထဲ လသာမနေတော့ပဲ ဝါးလုံးအပြင်ဘက် ရောက်သွားသလိုပေါ့။ ကမ္ဘာသိ သိမြင်လာတယ်ပေါ့။

      ဆိုတော့ကာ ကိုယ့်အတွေ့အကြုံရယ်များနဲ့ ပြောရမယ်ဆိုရင် ဒီ KFC ဆိုတာကြီးကို ရောက်တော့ ဒါကြီးက တော်တော် အလုပ်ဖြစ်တယ်ဟ၊ ငါ့နိုင်ငံမှာ မရှိသေးဘူး၊ ဒီတော့ ဒီတော့လောက် ရှိလာနိုင်တယ်၊ အဲ့အချိန်ဆို အတတ်ပညာရှင်လိုလာမယ်၊ ဒီတော့ ငါကြိုးစားမယ်ဆို ကြိုးစားနေတာ ခုတော့ ရောက်လာပါရော။ ဆိုတော့ ပေါက်ဈေးမေးကြည့်တာ ၅ သိန်းတဲ့၊ တစ်နေရာပဲရှိတယ်တဲ့၊ ပြည်တွင်းက အတွေ့အကြုံမရှိတာပဲ ခန့်မယ်တဲ့။

      ထားတော့၊ ၃ သိန်းတန် အောက်တစ်ဆင့်နိမ့်ကနေ ဝင်ပါ့မယ်စဉ်းစားတယ် (၅ ဆလောက်နည်းတယ်နော်)၊ ဒီမှာ စဉ်းစားတာ အလုပ်နဲ့ လစာ အဆင်မပြေပေမယ့်ရတယ်၊ နေရေးထိုင်ရေး၊ သွားရေးလာရေးကို စဉ်းစားလိုက်ပြန်တော့ မပြန်လာဖြစ်တော့ဘူးဗျ။

      ဟုတ်တယ်လေ… နိုင်ငံသားစစ်စစ်ကဒ်ကြီးနဲ့ ဧည့်စာရင်းတိုင်ရမယ်၊
      မဆန့်ရင်ကာ လိုင်းကားတိုးစီးရမယ်
      ဒါမှမဟုတ်ရင်လဲ နိုင်ငံတစ်ကာထက် ဈေးကြီးတဲ့ ကားဝယ်စီးရမယ်
      မီး ပျက်ချင်ပျက်၊ လာချင်လာ နေရာမှာ နေရမယ်
      ခုတစ်မျိုး တော်ကြာတစ်မျိုး ပေါ်လစီတွေနဲ့ ပလဲပနံသင့်အောင် နေရမယ်
      ကိုယ့်ကို လုယက်၊ မတရားခံရလို့ ဘယ်တိုင်ရမယ်မသိ
      ထားတော့…

      ကိုယ့်ကိုယ်ကို ကာကွယ်မယ်ဆိုတဲ့ လက်နက်လဲ ဆောင်ထားမရ

      ဒါနဲ့ပဲ
      တော်ပါပြီလေဆိုပြီး
      အမိလား အဖလား မသိတဲ့
      (သေချာတာ မိထွေး၊ ပထွေး သာသာပဲရှိတဲ့)
      မြန်မာပြည်ကြီးကို ခပ်ဝေးဝေးကပဲ နေပါတော့တယ်

      လွမ်းသလားဟေ့လို့မေးရင်တော့
      တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာတိုင်း
      အမှတ်တမဲ့ မင်းကိုလွမ်းပါတယ်…. လို့

      လေးဖြူလိုပဲ သီချင်းလေး ညည်းလိုက်ချင်မိပါကြောင်း။

      တော်သေးဘီ

      • kai

        September 2, 2015 at 5:54 am

        အဲဒီအခု.. ကိုရင်လုပ်နေတဲ့နေရာ.. မြို့.. နိုင်ငံမှာပဲ.. ဖရန်ချိုင်းပြန်ဝယ်လုပ်ရင်.. ပိုပြီးအဆင်ပြေချမ်းသာမယ်.. ထင်တာပဲ..
        ဒါမှမဟုတ်.. ဗီယက်နမ်ပေါ့…။

  • Shwe Ei

    August 31, 2015 at 2:00 pm

    -မဟုတ်သေးပါဝူး အန်တီဒုံရယ်
    -နိုင်ငံခြားမှာ အစစအရာရာ ကိုယ့်နိုင်ငံထက်သာတာမှန်ပေမဲ့
    -နိုင်ငံကို အကျိုးပြုချင်တဲ့ စိတ်ပြန်လာတဲ့ သူတွေ အတွက် လုပ်စရာတွေ အများကြီးပါ
    -အခြေခံလူတန်းစားတောင် သူတို့ ရပိုင်ခွင့်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်နဲ့
    -ရအောင် ယူနိုင်သေးရင်..ပညာတတ်တွေ အတွက် ပိုကောင်းတဲ့ နည်းလမ်းတွေ သုံးဖို့
    -အခွင့်အရေးအများကြီးရှိသေးတာပေါ့
    -ဒီအတိုင်း ပြန်သွားရမှာနဲ့စာရင် တတ်နိုင်တဲ့ဘက်ကနေ ကိုယ့်နိုင်ငံအကောင်းဘက်ရောက်အောင်
    -အရင်ကြိုးစားကြည့်သင့်တာပေါ့ (အထင်) 🙂

  • kai

    August 31, 2015 at 2:33 pm

    နှစ်၁၀၀ဝ ကျိန်စာ…
    ===========
    ကျိန်စာကျိုးပေါက်ချင်ရင်.. လွယ်ပါတယ်..။
    “မည်သူကမှ.. မည်သူ့ကိုမှ.. ဖူးမျှော်မာန်ချ.. ရှိခိုးပူဇော်ခြင်းမပြုရ…။”

    မယုံလုပ်ကြည့်..
    ကိုယ်ကိုယ်တိုင်အခုထလုပ်.. အခုလွတ်လပ်မှုအရသာကိုရမယ်..
    အညွှန့်တလူလူနဲ့.. ကြီးပွားအောင်မြင်ခြင်းရဲ့.. ပထမဆုံးခြေလှမ်း.. စလှမ်းလိုက်ပြီဆိုတာ.. ကိုယ့်ကိုယ်၌က.. သိလိမ့်မယ်..။

      • kai

        August 31, 2015 at 3:06 pm

        အမေရိကားမှာ.. ဗမာတွေထဲ.. အအောင်မြင်ဆုံး.. စီးပွားရေးသမား.. နိုင်ငံရေးသမားတွေထဲ.. ဘယ်သာသနာဝင်တွေများသလဲ… လို့… လေ့လာစုံစမ်းကြည့်ပါဦး.. မွန်မမရယ်…။

        ဆိုတော့…
        အတွေးအခေါ်တို့၏.. အမြုတေသည်.. ဘာသာရေး..။
        လေဖမ်းရမ်းအုပ်.. မှန်းပြောခြင်းမဟုတ်..
        လက်တွေ့.. မျက်မြင်..။ :k:

        • Shwe Ei

          August 31, 2015 at 4:50 pm

          -ဖေ့စ်ဘုတ်မှာ ထောင် ရနှစ် ဥပဒေ ကိတ်စ ပလူပျံနေလို့
          -သဂျီးကို ဒီတစ်ခေါက် ဘာမှမပျောသေးဝူး.. 😛

    • CharTooLan

      September 1, 2015 at 5:08 pm

      ဖူးမျော်မန်ရှော့ ကံဒေါ့ဒါနဲ့မစိုင်ဘာဝူး
      လူတအူး တရောက်ဂျင်းစီရဲ့စိတ်ဓါတ်လေးတွေပျင်ရမှာဘာ

  • ဟေသီ

    August 31, 2015 at 5:22 pm

    သူကြီးလည်း လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်…. ကျွန်မတို့လည်း လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်…. တစ်ယောက်ရဲ့ အလေးထားမှုကို တစ်ယောက်က အလေးထားရမယ်.. အဲ့လိုမှ မဟုတ်ရင် ဟို သင်္ကန်းခြုံထားတဲ့ ရဟန်း အယောင်ဆောင်နဲ့ သူကြီး စိတ်ဓာတ်နဲ့ တူတူပဲ ဖြစ်လိမ့်မယ် ထင်တယ်…. တစ်ဖက်သားက အယူအဆက လွဲနေရင်တောင် လေးစားစွာနဲ့ ကိုယ်နဲ့ မတူကြောင်း ပြောခွင့်ရှိတယ်… ပုတ်ခတ်ခွင့်တော့ မရှိဘူး….. လေးစားပါ သူကြီး…. ကျွန်မလည်း သူကြီးကို လေးစားပါတယ်…. လူတစ်ယောက်ရဲ့ တစ်ပါးသူကို မနစ်နာစေတဲ့ မည်သည့် ရွေးချယ်မှုတိုင်းကို မဆို လေးစားပေးခြင်းက လူယဉ်ကျေးတွေရဲ့ အလေ့အကျင့်လို့ ကျွန်မ ယုံကြည်တယ်… လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ် သူကြီး

    • kai

      September 1, 2015 at 7:29 am

      ..လေးစားတယ်ဆိုတာကို.. အပြန်အလှန်ဆိုတာလေးထည့်ပေးချင်တယ်..။
      လူသားတိုင်းဟာ.. အပြန်အလှန် ခွင့်တူညီမျှ.. လေးစားသမှုရှိရမယ်…။
      တဖက်သတ်.. မဖြစ်သင့်..။

      ကျုပ်ကတော့… ရွာသူားတွေအပါအဝင်.. မည်သူ့ကိုမဆို.. Respect ထားပါကြောင်း..။

      • ဟေသီ

        September 2, 2015 at 9:08 am

        လောကြီးပြီးလား ဘာလို့လားတော့ မသိ.. ကျွန်မ အပြန်အလှန် ဆိုတဲ့ စကားလေး ကျန်ခဲ့တယ် သူကြီး… ထောက်ပြတဲ့အတွက် ကျေးဇူးပါ… သူကြီးက လေးစားတယ်လို့ ပြောတယ်.. ဒါပေမယ့် ကျွန်မ အယူအဆ တစ်ခုပေါ့…. ဘာသာရေးက လူတစ်ယောက်အတွက် အထွဋ်အမြတ်လို့ ယူဆတယ်… သူဘာမှ မကိုးကွယ်လဲ မကိုးကွယ်တဲ့ အယူအဆက သူ့ရဲ့ အထွဋ်အမြတ်ပဲ… ဘယ်တော့မှ ကျွန်မဘက်ကစပြီး သူများရဲ့ ယုံကြည်မှုကို ချိုးဖဲ့စော်ကားတာမျိုး မလုပ်ဘူး။ ဥပမာ မွတ်စလင် သူငယ်ချင်းကို နင်တို့မွတ်စလင်တွေက သူများ အသက်ကို ကောင်းတယ်လို့ ထင်တယ်နော်လို့ ဘယ်တော့မှ မပြောခဲ့ဘူး။ နင်မကောင်းဘူးလို့ အရမ်းပြောချင်နေရင် ပြောပစ်လိုက်မယ်… ကိုယ်မသိသေးတဲ့ အခြား လူအများစု သိမ်းကြုံးပြီး မပြောဘူး အဲ့လိုမျိုး ပြောရခြင်းကိုလည်း ဂုဏ်မယူဘူး။ တစ်ခုရှိတာက ဘာသာမတူတဲ့ မိဘနှစ်ယောက်ကြားမှာ နေခဲ့ရသူမို့ တစ်ဦးရဲ့ ကိုးကွယ်ယုံကြည်မှုကို တစ်ဦးက ပြန်လေးစားတာမျိုးနဲ့ အသားကျတာလဲ ပါတာပေါ့။ သူကြီးအနေနဲ့ ဦးချတာ ရှိခိုးတာကိုပဲ ပြောပြောနေတော့ ဦးချတာ ရှိခိုးတာ မာန်ချတာကို အဓိကထားတဲ့ ဘာသာဝင်တိုင်းကို လေးစားမှုမရှိ ပုတ်ခတ်ပြောတယ်လို့ ထင်မိလို့ပါ။ နောက်တစ်ခု ကျွန်မ ကိုယ်တိုင်လည်း သင်္ကန်းဝတ်ထားတိုင်း ဦးချလေ့မရှိဘူး။ ဒါပေမယ့် ဦးနှိမ်ရို့ကျိုး မာန်ကိုချိုး၍ ဆိုတဲ့ စကားတော့ ကျွန်မအရမ်းကြိုက်တယ်… လူတစ်ယောက်ကို ကျွန်မလေးစားလာပြီ အတုယူချင်လာပြီဆို ဦးနှိမ်ရို့ကျိုး မာန်ကိုချိုး ပစ်လိုက်တယ်… အဲ့လို မာန်ကိုချပြီဆိုရင် တပါးသူဆီက ပညာကို သင်ယူရာမှာ အလွယ်ကူဆုံး တတ်မြောက်တယ် ယူဆလို့ပါ…. အဲ့လို ဦးနှိမ်ရို့ကျိုး မာန်ကိုချိုးတာဟာ အားနည်းချက် ကြီး အပြစ်ကြီး တစ်ခုတည်းတော့ မဟုတ်ဘူး…. အားတော့မှ ပို့စ်နဲ့ သပ်သပ် ထပ်ရှင်းမယ် သူကြီး …. တစ်ခုတော့ ရှိတယ် ကျွန်မက စိတ်ထဲပေါ်လာတာကို သိမ်းမထားတတ်ဘူး။ ကျွန်မကို ထိပါးတယ်.. ကျွန်မရဲ့ ယုံကြည်မှုကို ထိပါးတယ်ဆိုရင် ငြိမ်မနေတတ်ဘူး… ဒါပေမယ့် မျက်ကန်းမျိုးချစ်တစ်ယောက်တော့ မဟုတ်ဘူး…. ဒီလိုလေး ရေးခွင့်ပေး ပြောခွင့်ပေးတာကိုပဲ ကျေးဇူးတင်ပါတယ် သူကြီး

        • kai

          September 2, 2015 at 9:23 am

          ဒီရွာမှာ.. ဘယ်သူမဆို.. မိမိကြိုက်နှစ်ရာကို.. ဒီမိုကရေစီနည်းလမ်းကျ.. လွတ်လပ်စွာ ရေးသား ပြောဆိုနိုင်ပါတယ်..။
          ခွင့်တောင်း/ခွင့်ပေး.. ကျေးဇူးတင်ရန်မလိုပါနော…။

          အဲ.. ချွင်းချက်တခုက..
          ဆဲချင်သပ ဆိုရင်လည်း..( ကျုပ်ကိုတော့ ) လွတ်လပ်စွာဆဲနိုင်ပါကြောင်း..။ :k:

        • ဦးကြောင်ကြီး

          September 3, 2015 at 7:52 am

          …ယီးဘဲ…

  • ဟေသီ

    August 31, 2015 at 5:29 pm

    သူကြီးပြောတာ မြင်လိုက်တာနဲ့ မူရင်းပို့စ်မှာ မန့်မယ့် ကော်မန့်တောင် ပျောက်သွားတယ်…. ကျွန်မကတော့ နေလက်စနဲ့ ဆက်နေတယ်… ကံပေါ့… ကံဆိုတာ အလုပ်ဆိုတော့ …. ကျွန်မ ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း စိတ်ဓာတ်မြှင့်ပေးတယ်…. ကျွန်မကိုယ်တိုင်လည်း မြှင့်နေတယ်…. Change မယ်… မရအရ Change နေတယ်.. မျှော်လင့်ချက် ပျောက်သွားချိန်ထိ နေမှာပါ…. ဘယ်တတ်နိုင်မလဲ ဒီအစွဲအလန်းကို ဝဋ်နာကံနာလို့ ခေါ်ချင်ခေါ်ပေါ့…. လက်ဖက်ရည် ကြေငြာကို ပြင်ရရင်.. ကျွန်မ မြန်မာပြည်ကို ချစ်တယ်.. မြန်မာ လူမျိုးဖြစ်ရတာ ဂုဏ်ငယ်ပေမယ့်…. မသေမချင်းတော့ လည်စင်းပြီး ခံနေမိမယ် ထင်ပါတယ်…

  • ဝင့်ပြုံးမြင့်

    August 31, 2015 at 7:09 pm

    .ကျိန်စာကျိုးပေါက်ချင်ရင်.. လွယ်ပါတယ်..။
    “မည်သူကမှ.. မည်သူ့ကိုမှ.. ဖူးမျှော်မာန်ချ.. ရှိခိုးပူဇော်ခြင်းမပြုရ…။”
    ——
    .တစ်ရွာလုံး ဝိုင်းဆဲမယ်ဆိုတာသိတယ်။ ဒါပေမယ့် သဂျီးကို ထောက်ခံတယ်။ အဲဒါ ကိုယ်တိုင် လုပ်ခဲ့တဲ့ နည်းပါပဲလို့။ မိဘကတောင် ကန်ထုတ်ထည့်လိုက်တာ ဟီး။ ဒါနဲ့ပဲ ဘဝကို လက်ဗလာနဲ့ စခဲ့တာ။

  • မြစပဲရိုး

    August 31, 2015 at 9:40 pm

    အခု ကျွန်မ ပြောမှာ ၁၀၀% တော့ မမှန်နိုင်ပါဘူး။ ဒါပေမဲ့ ကိုယ့် အသိုင်းအဝိုင်း အတွေ့အကြုံ အရ ဆွေးနွေး မှာပါ။

    အစ်မဒုံ ရဲ့ ခေါင်းစဉ် အရ နိုင်ငံ ကိုစွန့်ပြီး သူတွေထဲ ကိုယ့် နိုင်ငံ အရေး ကိုစိတ်ဝင်စား သူ အရမ်း နဲ ပါတယ်။
    အပြင်မှာ ရောက်ပြီး အဆင့်အတန်း တစ်ခု ရနေသူ တွေ အဖို့ နိုင်ငံ ကို ပြန်ပြီး အလုပ်အကျွေး ပြုဖို့လဲ စိတ်မဝင်စားပါဘူး။
    တစ်ချို့လဲ အသက်အရွယ် ရ လာချိန် ကိုယ့် အတွက် ခေါင်းချဖို့ ဘယ်က အဆင်ပြေမယ် ဆိုတာ တွေးပြီး ပြန်/မပြန် စဉ်းစားမှာပါ။
    လူလတ်ပိုင်း နိုင်ငံထဲ ပြန်ဝင် တာက ကိုယ်ပိုင်စီးပွါးရေး လုပ်ဖို့ ပြန်ဝင်သူ များပါတယ်။
    လခစား ပြန်လုပ်ရင်တောင် ဒီက ကြေးလိုမျိုး နဲ့ ရ/မရ ညှိတာပါ။
    တစ်ချို့ က မြွေမသေ တုတ်မကျိုး အခြေအနေ ထားပြီး ရွှေပြည်ပြန်တာပါ။
    တစ်ချို့ အပြင်မှာ နေမရလို့ ပြန်တာ ပါ။

    အထင်ရှားဆုံး အဖြစ် ကို ပြောရရင် အရေးကြီးဆုံး လမ်းချိုး က အပြောင်းအလဲ တစ်ခု မဲ ပေးဖို့ ကို တောင် စိတ်မဝင်စား သူများ အဖို့ ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည် အတွက် ပြန်လာ လုပ်ဖို့ နဲ ပါတယ်။
    လုပ်ရင်တောင် အစောက ပြောသလို ဘယ်လောက် ပေးမှာလဲ နဲ့ စမှာပါ။
    ဒါပေမဲ့ အဲဒီလို လူ တွေထဲ ရှားရှားပါးပါး အသိမိန်းကလေး တစ်ယောက် တော့ ရှိပါတယ်။
    တက္က္ကသိုလ်တစ်ခု မှာ အောင်မြင် နေ တဲ့ ဆရာမ ဘဝ ကို စွန့်ပြီး ရွှေပြည်ကြီး က မိဘမဲ့ ကလေး တွေ ကို စာပြန်သင်နေတာပါ။
    ကျွန်မ အမြင် ဒီ တစ်ယောက် ဘဲ နိုင်ငံ အတွက် ကိုယ့်ဘဝ ကို စွန့်ပြီး ပြန်လာတာ ရှိပါတယ်။
    (ဒါတောင် သူပြန်တဲ့ အချက်ထဲ အသက်ကြီးနေတဲ့ သူ့ အဖေ အတွက် ပါနေခြင်းပါ။)

    တစ်ချို့ ပြန်တယ် ဆိုတာလဲ စေတနာ နဲပြီး ကိုယ့်အတွက် နာမည်ရချင်တာ တွေလဲ ပါတယ်။
    ဒီတော့ အတွင်း လူ တွေ ကို နားလည်မပေးနိုင်တော့ သဟဇာတ မဖြစ်နိုင်တာ တွေ ဖြစ်လာတယ်။
    နိုင်ငံထဲ က လူ တွေ ဘာ ဖြစ်တယ် ညာဖြစ်တယ် ညည်းလာတယ်။
    တကယ်တော့ ပြည်တော်ပြန်ပြီး နိုင်ငံ အတွက် အလုပ်လုပ်မယ် ဆိုရင် အဲဒီ နိုင်ငံထဲ က လူ တွေ နဲ့ ပေါင်းသင်းနိုင်ဖို့ အတွက် အချက်က အရေးကြီးဆုံးပါ။
    ဆရာကြီး ပုံစံဖမ်းပြီး လူ တွေ ကို သိမ်းသွင်းလို့ မရနိုင်ဘူး ဆိုတာ ကို နားမလည်နိုင်ကြဘူး။

    ဒီတော့ ပြောရရင် လူအများစု က ကိုယ့်ကိုယ်ကျိုး ကို ရှေ့တင်ထားပြီး မို့ နိုင်ငံ အကျိုး ကြည့်တယ် ဆိုရာမှာ ကိုယ့် ကိုယ်ကျိုး ရဲ့ နောက်က ပါ အစ်မရေ။
    တိုင်းပြည် အခြေအနေ ကောင်းရင်လဲ ပြန်ဝင်လာကြပါလိမ့်မယ်။
    ဒါပေမဲ့ သူတို့ အရေး က နံပါတ်တစ် ပါ။
    ဒါလဲ အပြစ်ပြောလို့ မရပါ မဟုတ်လား။
    လူဆိုတာ ကိုယ့် အတ္တအကျိုး ကို ရှေ့တန်းထား စမြဲ မို့ သိပ်တော့ မဆန်းပါ။

    ဒီလို အများစု ထဲ ကိုယ့်ဘဝ ကို နောက်ထားပြီး တိုင်းပြည် ကို ရှေ့တန်းတင်ထား တဲ့ မိန်းမကြီး တစ်ယောက်ကို လူတန်းစား ပေါင်းစုံ ပညာမဲ့ တွေ က အစ စော်ကားပြီး ရင်း စော်ကား နေကြတာ မြင်ရတာ ကိုတော့ ရင်နာတယ်။
    သူ့ ကို အလကား သုံးနေရတာ မို့ သူ့တန်ဖိုး ကို အလေးမထား တဲ့ လူများ ရဲ့ စိတ်ဓာတ် ဆင်းရဲ မှု ကို တော့ မအံ့ဩချင်တော့ပါဘူး။
    တိုင်းပြည် ထဲ ဒီ စစ် အစိုးရ နဲ့ ပြည်သူ တွေ ကြား မှာ သူ ဝင်ပြီး ရပ်တည်နေမှု ကြောင့် အာဏာရှင်စနစ် အားပျော့လာ တာ ကို ဂရုမပြူနိုင်အောင် ဉာဏ်တိမ်ကြလွန်း တာ တော့ စိတ်ပျက်တယ်။
    အဲဒီ ကျေးဇူးတရား ကို မမြင်နိုင်ကြ လောက်အောင် အတွေးအခေါ် ညံ့နေကြတာ တိုင်းပြည် အနာဂါတ် အတွက် စိတ်မကောင်းစရာပါ။။
    စိတ်ထဲ မှာ သူ့ ကို အခု နိုင်ငံရေး အခင်းအကျင်းထဲ က ဖယ်ကြည့်ပါလား။
    အခုလို မျိုး ဘယ်သူ စိတ်ထဲ ပြောချင်တာ တွေ ကို ဒီလိုမျိုး လေကျယ် ရဲ မတဲ့လား။
    ကျွန်မလဲ ပြောရဲ မှာ မဟုတ်ဘူး။
    ကမ္ဘာ ကရော ဂရုစိုက်မတဲ့လား။
    ဒီလို ပြောခွင့် မရ ခဲ့ ရင် ထမင်းတစ်နပ် အတွက် လူ ကို လူ က အောက်ကျို့ပြီး နေရတာ အခုထက် အဆပေါင်းများစွာဆိုးနေမယ်။
    ထားပါတော့။

    ဒီတော့ အစ်မရေ ကိုယ်ကျိုး အတွက် နိုင်ငံ ကို စွန့်ပြီး သူ တွေ ကို စကားထဲ အာညောင်းခံ ပြောမနေပါနဲ့တော့။
    အဲဒီလို လူ တွေ စိတ်ထဲ တိုင်းပြည် ထဲ က နိမ့်ပါးတဲ့ ပြည်သူ တွေ ကို ချစ်စိတ် ရှိရင် သူတို့ ကို မလာပါ နဲ့ ပြောလဲ မနေပါဘူး။
    မဟုတ်လို့ ကတော့ ပြန်လာပါနော် ပြောလဲ သူတို့ အကျိုး မရှိ ရင် ပြန်မလာပါဘူး။
    တိုင်းပြည် ထဲ က နိုင်ငံ အတွက် စွန့် ပြီး နေနေ တဲ့ အဲဒီ အမျိုးသမီးကြီး ကို သာ ဒီအချိန်လေး ဝိုင်းပြီး ပံ့ပိုး ပေးကြပါ။
    ဒီလောက် လော် ရ တော်ပါပြီ။
    အခုပွဲ မှာတော့ NLD ကို သာ မဲ ပေးကြပါ။
    ဒီတစ်ပွဲ ဘဲ ရှိပါတယ်။
    .နောက်ဒါမျိုး ဘယ်တော့ မှ ထပ်မရတော့ပါဘူး။

    (ဘာပြောပြော ဒါနဲ့ ဘဲ အဆုံးသတ်မယ်မှတ်) :-)))))

  • မြစပဲရိုး

    August 31, 2015 at 10:32 pm

    . နောက် ကိုပါ ရဲ့ မှတ်ချက် ကိုလဲ ဆွေးနွေးချင်ပါတယ်။
    { ဦးဦးပါလေရာ says: ဒါပေသိ ကိုယ့် နောက်မျိုးဆက် အတွက်တော့ ထွက်နိုင်ရင် ထွက်ဖို့ပဲ ပြောပါမှ လူကြီးပီသမယ်}

    အခု ၂၀၁၅ ကမ္ဘာကြီးကို လွန်ခဲ့သော ၁ဝနှစ် ၂၀၀၅ကမ္ဘာကြီး နဲ့ ယှဉ်ကြည့်ရင် အများကြီး ပြောင်းလဲနေခဲ့တယ်။
    နည်းပညာ အသစ်တွေ အရှိန်အဟုန်တက်လာတာ အင်မတန် ကောင်းပါတယ်။
    ဝမ်းနည်းဖို့ ကောင်းတာက အဲဒီ နောက်မှာ ကမ္ဘာ့ လူသား တွေ ရဲ့ ပြသနာ က ပိုပိုဆိုး တဲ့ issue ဖြစ်လာတာဘဲ။
    ၂၀၀ဝခုနှစ် မတိုင်ခင် ဖွံ့ဖြိုးဆဲနိုင်ငံ အများဟာ ချစားတဲ့ အစိုးရ တွေရဲ့ လက်ထဲမှာ ပိုဆိုးလာတယ်။
    ကျွန်မတို့ နိုင်ငံ အပါအဝင်ပေါ့။ (ချွင်းချက် – ဗီယက်နန်)
    ဒီတော့ လူ တွေ က ဖွံ့ဖြိုးပြီးနိုင်ငံကြီး တွေ ဆီ ကူးကြတယ်။
    အဲဒီ နိုင်ငံကြီးတွေ က လဲ အပြင်က လူတွေ လို နေတာမို့ ဝမ်းသာအားရ လက်ခံ ကြပါတယ်။
    ဒါပေမဲ့ ၂၀၀၆ နောက်ပိုင်း ၂၀၀ရ ကနေ ၂၀၀၉ အတွင်း ဖြစ်လိုက် တဲ့ The Great Recession ဆိုတဲ့ စီးပွါးရေးကျဆင်းမှု တွေ အပြီး သူတို့ နိုင်ငံ ထဲ လူ တွေ အဝင် ကို ကန့်သတ်မှုတွေ လုပ်လာခဲ့တယ်။
    ယူကေ မှာက အီးယူသဘောတူညီမှု အရ ဥရောပနိုင်ငံ က လူ တွေ ကို ဗီဇာထိန်းမရတော့ အာရှ က လူတွေ ကို ပိုပြီး ကြပ်လိုက်တယ်။
    ၂၀၀၉ မတိုင်ခင် ယူကေ မှာ ကျောင်းပြီး တဲ့ ကျောင်းသား တစ်ယောက် အတွက် အလုပ်ရှာခွင့် ၂နှစ်ကျော် ၃နှစ်နီးပါး ဗီဇာ ပေးထားရာကနေ ၂၀၀၉ နောက်ပိုင်း ကျောင်းပြီးတာ နဲ့ ပြန်ရတော့တယ်။
    ဒါအပြင် အာဖရိကနိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းနိုင်ငံ တွေက တရားမဝင် ခိုးဝင်မှု တွေ ပိုပိုများလာ တော့ ပိုပြီး တင်းကြပ် တဲ့ ပြည်ဝင်ခွင့် တွေ ဖြစ်လာတယ်။
    အခုတောင် တစ်နေ့ကဘဲ ဥရောပနိုင်ငံက လူတွေ ကို တောင်မှ အလုပ်အရင်ရပြီး မှ နိုင်ငံ ထဲ ဝင်ရ မယ် ဆိုတာ လုပ် တော့ မတဲ့။
    သဘောက မြန်မာပြည် က အခု ကျောင်းလာတက်တဲ့ ကလေး တွေ အတွက် ဒီမှာ အလုပ်ရှာရခက်နေပြီ ဆိုတဲ့ သဘောပါဘဲ။
    ဒီတော့ သူတို့ အမေရိကားသွား ရမယ်၊ အော်ဇီ သွားရမယ်၊ စကာင်္ပူသွားရမယ်။
    အဲဒီ နိုင်ငံ တွေ ကလဲ မြန်မာပြည်တစ်ပြည် ထဲကဘဲ ဝင်သူတွေ ရှိတာမဟုတ်။ တစ်ခြား နိုင်ငံ တွေ ကလဲ လှိမ့်ဝင်နေတာမို့ တစ်ချိန် သူတို့ ရဲ့ အလုပ်လုပ်ဖို့ ပြည်ဝင်ခွင့် တွေလဲ ကြပ်လာတော့ မှာ အသေအချာပါ။
    အခုနောက်ပိုင်း right wings တွေ နေရာ ရလာတာ ပြည်ဝင်ခွင့် တွေ ကို ကြပ်ပြလို့ပါ။
    အမေရိကားမှာလဲ ရီပါ့ပလီကန် တွေသာ တက်။ ပိုကြပ် သွားမယ် ထင်တယ်။
    ဒီတော့ အဲဒီ နိုင်ငံကြီး တွေ က ကျောင်းတော့လာတက်ဟေ့။ အလုပ်တော့ မရဘူး။ ပြောလာချိန် အဲဒီ ကလေး တွေ က နိုင်ငံထဲ ပြန်လုပ်မှာပါ။
    ဒီတော့ သူတို့ က နေရာ ရတော့ မှာမို့ ပြည်တွင်းက သာမာန် ကလေး တွေ အတွက် ပိုပြီး အလုပ်ရှားပါး မှု ဖြစ်လာမယ်။

    ဒီတော့ ကိုယ့်နိုင်ငံ ထဲ က လူငယ် တွေ အနာဂါတ် အတွက် ကိုယ့်တိုင်းပြည် ကဘဲ လှ အောင် ဖန်တီးပေးဖို့ ကြိုးစားရတော့ မဲ့ အခြေအနေပါ။

    တိုင်းပြည် အုပ်ချုပ် မင်း လုပ် သူများ ဟာ ကိုယ့် နွားခြေရာခွက်လေး ထဲ ကနေ ကမ္ဘာ မှာ ဖြစ်ချင်ရာဖြစ် ။ ငါတို့ နဲ့ မဆိုင်လုပ် နေတာ အတော်လေး အူယား လှ တယ်။
    ကိုယ့်အတွက် ဘဲ အာဏာရူးပြီး ပြည်သူ တွေ ဖြစ်ချင်သလို ဖြစ် ပစ် ထားတာ အတော်လေး ဆိုးလာ တာ ကို မမြင်ကြဘူး။
    ဒါကို ဘဲ ပြည်သူတွေ ထဲက ကိုယ့်လုပ်မှ ကိုယ်စား လုပ်နေ ကြသေးတယ်။
    ကြည့်ပါ။ ရွေးကောက်ပွဲ အပြီး ကို။
    ဖွတ် တွေ သာ ဆက်ကြီးစိုး နေရင် ဥပဒေ ပိုပြီး မဲ့ လာမဲ့ တိုင်းပြည် ထဲ တော်ရုံ investment ပြန်ဆုတ် သွားမယ်။
    အလုပ် တွေ ပိုရှားလာမယ်။
    ဒုစရိုက်မှု၊ လာဘ်စားမှု တွေ ပိုများလာမယ်။
    တိုင်းပြည် ကို ပျက်စေချင်တဲ့ ပြည်တွင်း/ပ က လူ တွေ အတွက် အကွက်ရလာမယ်။
    အဆိုးဆုံး က လူတန်းစား ကွာသည်ထက်ကွာလာပြီး လမ်းထွက်ရင် မပြော နဲ့ အိမ်ထဲ နေရင်းတောင် မလုံခြုံ တာ တွေ ဖြစ်လာမယ်။
    ပညာမဲ့ အသိ မဲ့ အတွေးအခေါ် မရှိတဲ့ လူ တွေ ငတ်လာချိန်၊ သူတို့ ကလဲ သူများ သုံး ဖြုံး တာ ကို အားကျလာချိန် ဥပဒေ ရော့ရဲ ပြီး စည်းမရှိတဲ့ နေရာမှာ ဘာဖြစ်မလဲ တွေးကြည့်လို့ ရပါတယ်။

    ကျွန်မ ခြိမ်းခြောက် စကား ပြောနေတာ လို့ မထင်စေချင်ပါ။
    အဲဒါတွေ က မဖြစ်သေးပါဘူး။ စိတ်ကူး ကြည့် တဲ့ အကြောင်း တွေပါ။
    ဒါတွေ ကို ခေါင်းထဲ မှာ မရှိလောက်အောင် ကို အသုံးမကျလွန်းတဲ့၊ အတ္တများလွန်းတဲ့ အစိုးရ ဖြစ်နေတာပါ။
    ဒီ လို အတွေးအခေါ် သိမ်ဖျင်းလွန်းတဲ့ အစိုးရ ကို ဆက်လက်ခံ ခဲ့ရင် အဲဒါ တွေ ဖြစ်လာနိုင်တယ် ဆိုတာပါ။

    အခု အချိန်ရှိပါသေးတယ်။
    မှတစ်ပါး အခြားမရှိပါ။
    NLD မှာ ဘာမူ တွေ ရှိလဲ ဆိုပြီး အသုံးမကျ တဲ့ မေးခွန်းမမေးပါနဲ့။
    အရေးကြီးတဲ့ Facts တွေ ကို သူတို့ ထုတ်ပြထားပြီး ပါ။
    ဒါကို မသိရင်တော့ ကိုယ့် ဟာ ကို ငါဘာလဲ ပြန်မေးကြပါ။
    အခြေကျပြီး တိုင်းပြည် တွေမှာတောင် ပြောတာ နဲ့ နောက်ပိုင်း လုပ်တာ ကွာနေတာမို့ လောလောဆယ် အရေးကြီး တာ ကိုဘဲ အာရုံပြုကြပါ။
    အဲဒါ က လက်ရှိ အစိုးရ ပြောင်းရေးပါဘဲ။
    တိုင်းပြည် ပျက် ရင် ကောင်း တယ် လို့ တွေး နေသူ တွေ ဆီ က စကားတွေ၊ မေးခွန်းတွေ၊ အထေ့အငေါ့ တွေ ကို လစ်လျူရှုထားကြပါ။
    မင်းသားကြီး မ က ရလို့ ပတ်မ ဖောက်ချင်နေသူတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အများကြီး ဆိုတာ နားလည်ကြပါ။

    ဒီတော့ ကျန်သူတွေ ကို မယုံရင် နေပါ။
    . ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်သောအားဖြင့် သူ့ ကို ငါးနှစ် ခိုင်းကြည့်ကြပါ။
    သူပြောသလို ခွပ်ဒေါင်း တွေ နေရာ မှာ ဝင်လာမဲ့ ကဒေါင်း တွေ ကို က ခွင့်ပေးလိုက်ကြပါ။
    လောလောဆယ် မှာ မထွက်ရဲ တဲ့ ကဒေါင်း တွေ အများကြီး ရှိနေတာ ကို ယုံကြပါ။

    ဒီလောက် လော် ရ တော်ပါပြီ။
    အခုပွဲ မှာတော့ NLD ကို သာ မဲ ပေးကြပါ။
    ဒီတစ်ပွဲ ဘဲ ရှိပါတယ်။
    .နောက်ဒါမျိုး ဘယ်တော့ မှ ထပ်မရတော့ပါဘူး။

    (ဘာပြောပြော ဒါနဲ့ ဘဲ အဆုံးသတ်မယ်မှတ်) :-)))))

    • Ma Ma

      August 31, 2015 at 10:55 pm

      သွေးသောက်ညီမလို့ မပြောရဘူး။
      ကိုယ်ပြောချင်တာနဲ့ တစ်ထပ်ထဲမို့ + ပေးလိုက်တယ်။

      (ဘာပြောပြော ဒါနဲ့ ဘဲ အဆုံးသတ်မယ်မှတ်)
      မှတ်လည်း မှတ်၊ ထောက်လည်း ထောက်ခံသွားပါတယ်။
      🙂

  • padonmar

    September 1, 2015 at 1:46 am

    ဒီလိုသာ ရှေ့ဆက်သွားမယ်ဆိုရင်..
    (ဒါလေးကို အကြီးကြီး ရေးပြချင်တာ ..မလုပ်တတ်လို့)

    • kai

      September 1, 2015 at 9:20 am

      စာလုံးကြီးလုပ်လိုက်ပြီအမတော်ရေ…
      ==
      ဆောင်းပါးဖတ်ပြီး.. စိတ်တောင်မကောင်း…
      ဆိုတော့…
      အယ်လ်အေမှာ.. လူမှုရေး.. ဘာသာရေး.. အင်မတန်အလှူရက်ရောတဲ့.. ဗမာအမျိုးသမီးတွေရှိတယ်…။
      အဖြူ အမေရိကန်တွေကိုယူထားကြတာ…
      သူတို့လိုမျိုးတွေကိုရည်ရွယ်.. ထုတ်လိုက်တဲ့.. မြန်မာပြည်ရဲ့.. ယောနိစောင့်ဥပဒေတွေကြည့်မိပြီး.. တိုင်းပြည်အနာဂတ်ရင်လေး…မိ…။
      သူတို့တွေ.. ဒီတသက်ပြန်ကြတော့မည်… မထင်…။
      ကောင်းပါရဲ့..။ စိတ်ပြတ်သွားတာပေါ့…နော.။ :k:

  • ဦးကြောင်ကြီး

    September 1, 2015 at 8:54 am

    ဒေါ်စုကို ဖမ်းခ ျုပ် ပေါက်ပန်းဈေးပြောတော့ ပ ျံလာဂ ျပါရှင် ရွှေယောင်လွှမ်းဒဲ့ တိုင်းပြီဂ ျီးပါဒဲ့..
    သံဃာထုကို ပမာမခန့်လုပ် သင်္ကန်းချွတ် နှိပ်စက်တဲ့အခါ ကောင်းစပြု နေပါပီရှင်ဒဲ့..
    လူမ ျိုးရေး ဘာသာရေး အဓိကရုဏ်း ဖန်တီး မီးလောင်တိုက်သွင်းတုံးကလဲ အမေစုတက်လ ျင် ပြီးပါပြီတဲ့..
    ကေ ျာင်းသားကို ရိုက်နှက် နှိပ်စက် ထောင်ထဲသွင်းဒေါ့လဲ ဂ ျားစဂါး နှားမယောင်ပါနဲ့ရှင် ကောင်းဒေါ့မှာပါဒဲ့…
    သူ့ပိုက်ဆံ အိတ်ထဲကလည်း ပါရော.. အယ်မလေး အရက်ဂဒို့ရဲ့ ဘီအီးအရက် မစစ်ပါဘူး.. တောအရက်က ဖားပြုတ်နဲ့ရာဘာဖိနပ်ပြတ် ထည့်ခ ျက်တာပါ။ မီးတောက်အရက် မရှိတာကြာပါပီ ဖြစ်ရော…. ေဩာ ် လူူဒွေ လူတွေ.. .လူတွေထက်ပိုဆိုးတဲ့ ခိုနီတွေ ခိုပြာတွေ။။။။။။။

    • ဦးကြောင်ကြီး

      September 1, 2015 at 8:55 am

      အာတီဒုံဂ ျီးအား အီဆာစုဖြင့် အူးခြပါသီ……. အူးဒေါ်…………………….

  • kai

    September 1, 2015 at 9:08 am

    ဒီဆောင်းပါးကိုဖတ်ရင်.. အောက်ကလင်ခ့်က. ဆောင်းပါးတွေနဲ့တွဲဖတ်ရင်.. အရသာပိုရှိပါမယ်…။
    ====
    http://myanmargazette.net/?s=%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%80%E1%80%AD%E1%80%AF%E1%80%90%E1%80%80%E1%80%9A%E1%80%B9%E1%80%99%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%9C%E1%80%AD%E1%80%AF%E1%80%B7%E1%80%85%E1%80%BC%E1%80%94%E1%80%B9%E1%80%B7%E1%80%9B%E1%80%85%E1%80%B9&x=0&y=0
    =
    နိုင်ငံကိုတကယ်မချစ်လို့စွန့်ရစ်လေရော့သလားအပိုင်း(၄) – padonmar
    http://myanmargazette.net/61913
    =
    နိုင်ငံကိုတကယ်မချစ်လို့စွန့်ရစ်လေရော့သလားအပိုင်း(၃) – padonmar
    http://myanmargazette.net/61907
    =
    နိုင်ငံကိုတကယ်မချစ်လို့စွန့်ရစ်လေရော့သလား အပိုင်း(၂) – padonmar
    http://myanmargazette.net/61901
    =
    နိုင်ငံကိုတကယ်မချစ်လို့စွန့်ရစ်လေရော့သလား အပိုင်း(၁) – padonmar
    http://myanmargazette.net/61892

  • လုံမလေးမွန်မွန်

    September 1, 2015 at 4:12 pm

    တစ်ခါတစ်လေတော့လည်း ကိုယ့်ကိုကိုယ် စိတ်ပျက်မိနေတယ်.. ရထားတဲ့လစာနဲ့ တစ်မိသားစုလုံးကို ထောက်ပံ့နေရချိန် မလောက်မငှဖြစ်နေတာကို စိတ်ပျက်တယ်… တွန်းတက်တွန်းချ ဘတ်စ်ကားတွေ စီးရတာကို စိတ်ပျက်တယ်… အင်တာနက်လေးကို ရုံးချိန်မှာ ခိုးသုံးနေရတာကို စိတ်ပျက်တယ်… ပလတ်ဖောင်းတွေပျောက်နေလို့ လမ်းမပေါ်တက်လျှောက် အနောက်ကလာတဲ့ကားတွေကို ကျောမလုံတာ စိတ်ပျက်တယ်… ပွိုင့်တွေကို အလုအယက်ထွက်၊ စိတ်မရှည်ဒေါသထွက် အကြာကြီးတီးနေတဲ့ ဟွန်းသံရှည်တွေကို စိတ်ပျက်တယ်…

    စဉ်းစားကြည့်မိတယ်… မိသားစုနဲ့လည်း ခွဲနေရတာပဲ… အနားမှာလည်း ခင်တွယ်စရာ အများကြီးမရှိဘူး… အင်တာနက်ခေတ်မှာ အကုန်နီးစပ်လို့ရတယ်… ဒါကြောင့် ငွေဆိုတာကို လိုအပ်နေတဲ့အချိန်မှာ ဒီလို စိတ်ပျက်စရာကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ ဘာမှ ကျေနပ်စရာမရှိတဲ့ နိုင်ငံကို ငါဘာလို့ မစွန့်နိုင်သေးတာလဲလို့…

  • nature

    September 3, 2015 at 9:46 am

    ဖြစ်သမ ျှ အကြောင်း အကောင်းခ ျည်းပါပဲ။ ပြုသူအသစ်ဖြစ်သူအဟောင်းပေါ့။

  • kai

    September 3, 2015 at 4:16 pm

    စကားအတင်းစပ်ပါ…
    ခုတလော.. ဥရောပနိုင်ငံတွေ.. အင်မီးဂရန့်တွေပြုံကျနေသမို့.. အမြဲတမ်းနေခွင့်တွေပေးနေကြတယ်…။
    ဂျာမဏီဆို.. လူသန်းဂဏန်းလောက်လက်ခံမယ့်ပုံ…။

    မြန်မာတွေလည်း.. ချီတက်သွားကြဖို့ကောင်းပါတယ်..
    ဒါမျိုးအခွင့်အရေး.. တသက်မှာ.. ၂ခါမလာ…။
    ဒေါ်လှ ၅၀၀ဝ အောက်လောက်နဲ့.. အလုပ်ဖြစ်မှာလေ…။

    • မြစပဲရိုး

      September 3, 2015 at 9:48 pm

      IS တွေကြောင့် တကယ်ဒုက္ခတွေ့နေတဲ့ သူ တွေ များလာနေတာ မှာ သူကြီးမင်း ပြောတဲ့ ရောင်ပြန်တော် တွေ ပါလာမှာ ကို ဒီ နိုင်ငံကြီး တွေ က အစိုးရတွေ သိနေပြီးပါ။
      ဝင်ချင်တိုင်း ဝင်လို့ ရမယ် မထင်နဲ့။
      http://www.bbc.co.uk/news/world-europe-34136823
      Migrant crisis ‘a German problem’ – Hungary’s Orban
      Hungary’s prime minister says the migrant crisis is “a not a European problem, it is a German problem”
      EU rules place responsibility for assessing asylum claims on the country where a migrant first arrives.
      Many of the migrants currently in Hungary have been refusing to register there, in order to continue their journeys to Germany before seeking asylum.

      ဒါကြောင့် ဒီရက်အတွင်း သတင်းတွေမှာ “What is the difference between a migrant, a refugee and an asylum seeker?” ဆိုတာ ကို တော်တော်လေး ဆွေးနွေးနေကြတယ်။
      အခု ဆီးရီးယား က လာသူ တွေ သာမကဘူး။ အီရတ်၊ ပါကစ္စတန် နဲ့ အာဖကန်နစ်စတန် က လူတွေလဲ ပါတယ်။
      ဒါပေမဲ့ သူတို့က refugee စခန်း တွေ ကို သွားဖို့ ကို ငြင်းကြတယ်။
      သူတို့ ဘဝ က အတော်လေးသနားဖို့ ကောင်းတယ်။
      ဒီနေ့သတင်း တွေထဲ လှေမှောက်ပြီး သေသွားတဲ့ ကလေးအလောင်းလေး ကို တူရကီ ကမ်းစပ်မှာ တွေ့လိုက်ရတာ ငါတို့ သာဆိုရင် ဆိုတာမျိုး နဲ့ ရင်ထဲမကောင်းဘူး။
      သူတို့ က ကနေဒါ ကို သွားချင်နေကြတာပြောတယ်။

      ဒါမျိုး တွေ ကို မြင်ရလေ ကိုယ့်နိုင်ငံတွင်းမှာ စစ်ပွဲတွေရပ်စေချင်လေ၊ လက်ရှိ မင်းဆိုးရာဇာ များ စိတ်ကောင်းဝင်စေဖို့ ဆုတောင်းမိလေဘဲ။
      ကျွန်မ တို့နိုင်ငံ က အခု ဆီးရီးယား ထက်စာရင် နိုင်ငံတွင်း ကို တိုးတက်အောင်လုပ်ဖို့ အများကြီး အခွင့်အလမ်း ကောင်းတွေ ရှိပါတယ်။
      အခု ရွေးကောက်ပွဲ မှာ လက်ရှိ အစိုးရ က သိက္ခာရှိရှိ ဆင်းသွားရင်ပေါ့။
      အဲဒီအတွက် ကိုယ့်ကို စေတနာထားပြီး အလုပ်လုပ်ပေးမဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဝိုင်းပြီး ပံ့ပိုးပေးဖို့လိုတယ်။
      အဲဒါကိုမှ အာရုံမစိုက်ကြဘဲ ကိုယ်နဲ့ မဆိုင်သလိုမျိုး နေကြမယ်။ ကိုယ့်ဟာကို ကောင်းအောင်လုပ်ဖို့ သာ လို တယ် လို့ ပြောနေကြ မယ် ဆိုရင်တော့ လူမညီတာမို့ အပြောင်းအလဲကောင်း တစ်ခုကို ရနိုင်မှာမဟုတ်။
      အဲဒီနောက်ပိုင်းမှာတော့ ကျွန်မတို့ ရွှေပြည်ကြီး က ဟိုမရောက် ဒီ မပေါက်နဲ့ စစ်ပွဲ တစ်ခြိမ်းခြိမ်း ဖြစ်နေတဲ့ တိုင်းပြည် ဖြစ်သွားလိမ့်မယ်။

      ကိုယ့်လူ တွေ ကို တစ်ခြားနိုင်ငံ တွေ ရဲ့ သနားလို့ ထောက်ပံ့ခံထားရတဲ့ refugee တွေ မဖြစ်စေလိုပါဘူး။
      ဘာလို့လဲ ဆိုတော့ အဲဒီ ဘာသာရေးစစ်ပွဲ အစွန်းရောက်တွေကြောင့် ဒုက္ခရောက်သူတွေ အရမ်းများလာချိန် နိုင်ငံကြီး တွေ ကလဲ ကူညီဖို့တွေ ကို လစ်မစ် နဲ့လက်ခံတာ တွေ ဖြစ်လာတော့မှာ။
      အဲဒီ အတွက်ကို ပိုပိုစီစစ်လာမှာမို့ပါ။
      ဒီတော့ ကိုယ့် လူ တွေ အတွက် ကိုယ့် မြေ ကိုယ့်ရေ မှာ ဘဲ တင့်တောင့်တင့်တယ် နေနိုင်တဲ့ လူ တွေ အဖြစ်ကိုဘဲ ရစေဖို့ ကြိုးစားပေးသင့်ပါတယ်။
      ကျွန်မ ကတော့ ကောင်းကောင်းမနေရလဲ နေ။ သူများမျက်နှာကို ကြည့် ပြီး သူတို့ ပေးစာ ကျွေးစာ နဲ့ တော့ ဝမ်းမဝ ခါးမလှ ချင်ဘူး။
      မဖြစ်ရင်လဲ ကိုယ့်ခွန်ကိုယ့်အား ရတာနဲ့ အစုတ်ဝတ် ပြီး ဆားနဲ့ စားမယ်။

      တကယ်ဘဲ ဝိုင်းလုပ်ကြရင် ကျွန်မတို့ မြန်မာ တွေ မညံ့ပါဘူး။ ဗီယက်နန် တောင် အတော်ဖြစ်နေပြီဘဲ။
      တိုင်းပြည် အတွက် စိတ်စေတ နာ ပါ တဲ့ ကိုယ်ကျိုးမဖက်တဲ့ အစိုးရ တစ်ရပ် ရဖို့ အရေးကြီးတာ။
      အချိန်တော့ မှီပါသေးတယ်။
      ဒါပေမဲ့ အချိန် က သိပ်တော့ မကျန် တော့ဘူး။
      ဒါ နောက်ဆုံး ရထားဘဲ။

      • kai

        September 4, 2015 at 2:50 am

        အသိမမှားရင်.. မြန်မာလူထုက.. ဆီးရီးယားထက်ပိုဆိုးတဲ့လမ်းကို.. လျှောက်နေတာပဲ..။
        တိုင်းပြည်ထဲရှိတဲ့.. မိုင်နာရတီ လူနည်းစု အမျိုး၊ ဘာသာ၊ သာသနာကို ထည့်မတွက်ပဲ.. လူအများစုအင်အားနဲ့.. အနိုင်ကျင့်နေကြတာပဲ..။
        ဗုဒ္ဓဘာသာခြင်းတူရင်တောင်.. မဟာယာန၊ မယ်သီလရှင်၊ လူသေလူဖြစ်၊ မိုးပြာ၊ ဆိုပြီး.. ခွဲခြား နှိမ့်ချ အနိုင်ကျင့်နေတာပဲ..။

        နောက်.. အပိုဆု..
        ဆီးရီးယားကမှ..လူထုဆုံးဖြတ်ချက်အမှားကြောင့်ဖြစ်ရတဲ့.. သဘာဝကပ်ဘေးမရှိသေး… :k:

    • CharTooLan

      September 4, 2015 at 3:08 pm

      ဘယ်လမ်းက ဘလိုချီတက်ရမှာလဲ
      လမ်းကြောင်းလေးပါ ပြခဲ့အုံးလေ

      • kai

        September 4, 2015 at 3:44 pm

        လက်ပစ်ကူးသွားလေ..။
        နောက်တာပါ…
        ဂျာမဏီကို ဗီဇာနဲ့ရောက်အောင်သွား..။ ဟိုရောက်ရင်..ရှေ့နေငှား..။
        ပြောတာတောင်နောက်ကျနေပြီလားမသိ..။
        ဒါမျိုးမှာ.. ချင်းတိုင်းရင်းသားတွေများ.. သိပ်တော်.။ :k:

        • CharTooLan

          September 4, 2015 at 5:04 pm

          နေမှာ…. ပြည်ပရောက်ချင်းတွေကိုပြောလဲပြောချင်တယ် ပြောလဲမပြောရဲဘူး
          ကျန်ခဲ့တဲ့ ကိုယ့်မိသားစု ကိုယ့်နေအိမ် ကိုယ့်နေအိမ်အောက်ကမြေကြီး
          ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်ရပ်ရွာကိုပြန်ကြည့်စေချင်တယ်
          ချင်းတွေကိုသတိထားမိတာ တရွာလုံးကအရွယ်ရောက်ပြီးသူတွေနိုင်ငံခြားရောက်ကြတာတောင်
          ကျန်ခဲ့ရွာက ဘာမှပြောင်းလဲမှုမရှိဘူး 🙁
          အာ့လေးးးး တစ်ချက်လောက်ပြောလဲပြောချင်တယ် ပြောလဲမပြောရဲဘူး

        • kai

          September 6, 2015 at 5:43 am

          ဟုတ်ပါ့…။
          ယူအက်စ်မှာ.. ဘွဲ့အကြီးကြီးတွေယူထားတာလည်း.. သူတို့ပဲ..
          အစည်းလုံးဆုံးကလည်း.. သူတို့ပဲ…။
          အရေးအကြောင်း… အရေးကြီးပြီဆို.. ဘွားကနဲ့ထိပ်ပိုင်းကပေါ်လာတတ်တာလည်း.. သူတို့ပဲ..။
          ကဲ…
          ဆလိုင်း..တို့တွေသိစေသတည်း…။

        • ဦးကြောင်ကြီး

          September 6, 2015 at 9:12 am

          ထပ်ဖြည့်ပေးမဲ..
          လူတွေ့ရင် ခွစ်ခွစ်ဆိုပီး ဘာသာရေးဆွယ်တာလည်း သူတို့ပဲ..
          ဘာဖြစ်ဖြစ် ဖ ျားသခင် အလိုဒေါ်တိုင်းဆိုတာလဲ သူတို့ပဲ……
          ဗီမှာ မကောင်းဂေ ျာင်းပေါပီး မယှိသောက်ဆားက ျီးတာလဲ သူတို့ပဲ…

  • aye.kk

    September 3, 2015 at 5:18 pm

    နှလုံးသွေးနဲ ့ရေးတဲ့စာကို
    နှလုံးသားနဲ ့ခံစားပြီးဖတ်သွားပါတယ်။
    ဘယ်သူသေသေ၊ငတေမာနေတဲ့
    အဘတွေကိုဖယ်ရှားဘို့အတွက်၊ကိုယ့်ရဲ ့အခွင့်အရေးရှိတဲ့မဲတစ်ပြား
    တန်ဘိုးကို၊တန်ဘိုးသိတဲ့သူတွေရဲ ့လက်ထဲအပ်နှင်းဘို့ပဲဆုံးဖြတ်ပါတယ်။

  • sorrow

    September 4, 2015 at 4:03 pm

    ..တိုင်းတပါးမှာနေပြီးဘာဖြစ်တယ်ညာဖြစ်တယ်…
    … ပြည်ပအားကိုးတွေဘာညာသာရကာ..တိုင်းပြည်အတွက်ဘာလုပ်ပေးပြီးပလဲ ဘာညာသာကရကာ …
    ..လာကြည့်စမ်းပါ ပြည်သူတွေဒုက္ခဘာညာသာရကာ…
    ..ပညာနည်းနည်းတတ်ပြီဆို ပြည်ပသွား ဗမာပြည်ဘာဖြစ်တယ်ညာဖြစ်တယ်ပြော …အကူအညီကတစိမှမပေး.
    ..အမျိုးဘာသာသာသနာစောင့်ရှောက်နေတာ ..မွတ်တိုင်းပြည်ဖြစ်သွားမယ်..
    ..မပေါ်တပေါ်ဝတ်တယ် မြန်မာမဟုတ်ဘူးလား ဖျာသည်မ..ဘာညာသာရကာ ..

    .. ဖေ့ဘွတ်က ပရိုဖိုင်မမှန်တဲ့လူတွေပြောသလိုပြောကြည့်တာ ..အဟီးးးး

  • pooch

    September 8, 2015 at 12:53 pm

    ပြေးစရာမြေမရှိဘူးဒေါ်ဒေါ်ရယ် ပြေးဖို့အစွမ်းအစလည်း မရှိပါဘူး
    ဒီလိုပဲ ဒီတသက်တော့ ဘဝဆုံးရအုန်းမှာပေါ့ 🙁
    နေနေသေးတဲ့ တလျှောက်တော့ ကိုယ်ရှိရာ ကိုယ့်ပတ်ဝန်းကျင်ကနေ ကိုယ်နိုင်တာကစ ပြောင်းလဲဖို့ ကြိုးစားနေဆဲ ကြိုးစား နေအုန်းမယ်

Leave a Reply