မွေးမေလေ့ နဲ့ နိုင်ငံရေး

ဇီဇီSeptember 24, 20151min17517

ရွေးကောက်ပွဲ မဲဆွယ်ကာလ သို့ ချဉ်းနင်းဝင်ရောက်ပြီ ဖြစ်သည်။

.

.
ဒေါ်ကေဇီ တစ်ယောက် အင်မတန် တက်ကြွနေသည်။

ဖွဘုတ် ၄ ခု အနက် ၂ ခုပဲ အက်တီဘိတ်လုပ်ခါ ဟိုကူးဒီကူး ကူးရသည်။  :mrgreenn:

ပျော်ရွှင်သည်။

အာချောင်သည်။

လေပွါးသည်။

:kwi:

.

.

.

ရွာ အကောင့်တွင် ရှိသော ပိတ်သတ်ကတော့ သိသာသည်။

ဒေါ်ကေဇီ တက်ကြွသောကြက်ဖ အရွယ်ရောက်မှ တွေ့ဖူးတာ ဖြစ်သောကြောင့် ဒေါ်ကေဇီ တက်ကြွနေခြင်းတွင် အံ့ဩခြင်း အလျှင်း မဖြစ်ချေ။

စိတ်တူသူတွေ ထောက်ခံပြီး အမြင်ကပ်သူများ ရှောင်ကြကုန်၏။   :mrgreenn:

.
ဒါက ပြသနာမရှိ။

:k:

.

.

.

ရှိတာက ဟိုဘက် အကောင့်။

မိသားစု၊ ရှိသမျှ အမျိုးတွေနှင့် ကျောင်းတုန်းက ဆရာ ဆရာမတွေ တစ်လှေကြီးမို့…..

အရင် က လှုပ်စိ ဒီဇိုင်း အတိုင်း အလှ ဓာတ်သေလေး တင်လိုက်

အဝစား ပုံလေး တင်လိုက်နဲ့ နေလာခဲ့ရာ ဤ လှုပ်စိမ က တက်ကြွတဲ့ ကြက်ဖ အဖြစ် ပြောင်းလဲနေမှန်းမသိ မျက်ခြေပြတ်ကုန်ကြ၏။

ဒေါ်ကေဇီ ရဲ့ ၈ နှစ်တာ ကာလ အပြောင်းအလဲကို လိုက်မမှီတော့ချေ။

:boss:

.

.

.

မဲဆွယ်ကာလ ရောက်သောအခါ အလံ ပြောင်းတင်၏။ ပါတီကို သာ မဲပေးပါ ဟုသော လိုဂိုနှင့် ပလိုဖိုင်းပစ်ချာချိန်း၏။
ကြောက်ရွံ့ခြင်းနှင့် အသားကျကုန်ကြသော ဆွေမျိုး အစုံ မျက်ဆန်ပြူးကုန်သည်။  😯    😯

အကြောင်းသိ သူငယ်ချင်း တစ်ချို့သာ ဝင်ရောက် အာရွှီးနိုင်ကြ၍ ကျန်သူများက ပါးစပ်အဟောင်းသားနဲ့ စောင့်ကြည့်နေကြသော

အဖြစ်ရောက်သည်။   😯

ဒီလိုနဲ့ တစ်နေ့ တစ်စတေးတပ် ဒီမိုကရေစီ ဘယ်ရွေ့မလဲ ထုံး နှလုံးမူကာ တင်သမျှ စတေးတပ်တွေကို

ဘုရား တ ကာ ဖတ်ကြကုန်၏။

:mrgreen:

.

.

.

ပြီးခဲ့သော သောကြာက အိမ်ကို ဖုန်းမဆက်တာ ကြာပြီမို့ရော……

အခွေဖြန့်ဖို့ ကိစ္စ ခိုင်းချင်တာရောမို့ ဖခင်ကို ဖုန်းဆက်ရာ မွေးမေလေ့ လာကိုင်တာနှင့် တိုး၏။

ရှုလော့ မိတ်ဆွေ။

.

.

.

ကေဇီ – မာမီလားဟင်။ သာမီးရယ်ပါ။

.

မွေးမေလေ့ – ဟယ်။ အမေ ချွိလားး :mrgreenn:

.

ကေဇီ – ငင့်။ ဘာဒွေဒုန်းးး?  🙄

.

မွေးမေလေ့ – အမေ စု ထိ က ဝေးလို့ အမေချွိ ကို ဝန်းရံမလို့လေ။ (စပြီ။ ဒါသက်သက်ရွဲ့တာ။) 😈

.

ကေဇီ – အာ ရပါတယ်။ မဝန်းရံပါနဲ့။ မဲစာရင်းလေးသာ ကိုယ်တိုင်လည်း စစ်၊ ရှိသမျှ အမျိုးတွေလည်း တိုက်တွန်းပါ။ (ဘာရမတုန်း၊ မလျှော့ဘူး၊ အမေချွိကွ)  :mrgreenn:

.

မွေးမေလေ – နာတို့ကတော့ အမေချွိကို ချစ်တဲ့ အမှုနဲ့ ဝန်းရံရတော့မပေါ့လေ။ အလံလေးတွေ ကိုင်ရဦးမလားး။ ခိခိ (အံမယ်။ ဟားတာလား)

.

ကေဇီ – ပါးတို့ နဖူးတို့မှာပါ စတစ်ကာလေးတွေ ကပ်ပေးပါညော် (ညင်းညင်းညင်း၊ ဒီလိုလာလို့ ဘယ်ရမလဲ)  :mrgreenn:

.

မွေးမေလေ- ခွိခွိခွိ ခစ်ခစ်ခစ်။ အရဂါးစတာ။ အတည်ပြောမို့။ မဲစာရင်းကို နိ အဒေါ်တွေ မောင်တွေ စစ်ဖို့ ပျင်းနေကြတယ်။ အဲဒါ နည်းနည်း ရစ်ပေးလိုက်အူး သပ်လား (ကြည့်ကြည့် ဒါ ကေဇီ အမေ ရန်ပွဲစား)  :loll:

.

ကေဇီ – ငင်? ဟွတ်လားး တွေ့ကြသေးတာပေါ့။ စတေးတပ် တင်ပြီးကို ဆဲပစ်မယ်။ 😈

.

မွေးမေလေ့ – အဲလို လုပ်ရဘူးလေ။ ခု အိမ်မှာ သူ့တို့ ကွန်မန်ဒါ ဒေါ်ငယ်ရှိတယ်။ သူ့ကို မိန်း ကီး ပေးလိုက်။ ဟိဟိ (ဤသို့ ပွဲသွင်းတတ်သော မွေးမေလေ့) 😕

.

ကေဇီ – ဖုန်းပေးလိုက် ဖုန်းပေးလိုက်…. :mrgreenn:

.

ဒေါ်ငယ် – သိမီးလေးးးး၊ နောက်လ ကိုယ့် အဒေါ်မွေးနေ့ အမှတ်ရသေးရဲ့လားးးး၊ ဘာတွေ ရေးတင်နေတာတုန်းးး

.

ကေဇီ – မှတ်မိတာပေါ့လို့။ မွေးနေ့လက်ဆောင် လိုချင်ရင် မဲသွားစစ်။ 8)

.

ဒေါ်ငယ် – ဟဲ့။ ပလုပ်တုတ်။ စစ်ပါ့မယ်ကွယ် စစ်ပါ့မယ်။  😳

.

ကေဇီ – စစ်ရုံနဲ့ မပြီး ဘယ်ကို မဲပေးရမယ် ဆိုတာသိတယ်နော်။ ဒေါ်ငယ်တို့ မဲမပေးရင် သာမီးပြန်မလာဘု။

(ကေဇီကို အရမ်းချစ်၍ စလုံးသို့ မလွှတ်ရန် အတိုက်အခံပြောသော အဒေါ်မို့ အညှာကိုင်ရခြင်းဖြစ်၏၊ ခွေးလွှတ်ပါ ဒေါ်ငယ်) :mrgreenn:

.

ဒေါ်ငယ် – ပြန်မလာစကားတော့ မပြောပါနဲ့ သာမီးရယ်၊ စိတ်ချပါ စိတ်ချပါ။ တစ်အိမ်လုံးကို မဲစာရင်းစစ်ဖို့၊ မဲပေးဖို့…. ပြော……… ပြော လိုက် ……..    …………………….   ………………………  !!!!!!

(ဟယ်။ ဘယ်လိုဖြစ်??  🙄 )။

.

မွေးမေလေ့ – ဘာတွေပြောလိုက်တုန်းး သာမီးရယ်။ နင့် အဒေါ် ငိုသွားပြီ  😯

.

ကေဇီ – ပြန်မလာဘူးးး ပြောလိုက်တာလေ။ ဒါနဲ့ ကိုင်မှ ရမှာမို့။ :mrgreenn:

.

မွေးမေလေ့ – အောင်မယ်၊ ပြန်မလာပဲ နေရဲနေကြည့်။ နာ က နိ ဆီ လိုက်နေမှာ။ ပိုတောင် ကောင်းသေးး၊ နိုင်ချံဂါးမှာ လိုက်နေမှာ (ဟိုက်၊ ရှာလပွတ်၊ သူ့ ကျ ဒီနည်းနဲ့မရပါလား)

.

ကေဇီ – အဟိအဟိ။ အရဂါးစတာပါ မာမီ။ ဒီလို ခြိမ်းခြောက်မှ ရမှာမို့ ခြောက်ကြည့်တာပါ။ မရတော့လည်း ပြန်လာ နောက် ၁ဝ နှစ် အမတ်ဝင်ရွေးခံအူးမှာ။ အဟိ။

.

မွေးမေလေ့ – ဟယ်။ မာမီတို့ အသက်ကြီးမှ အေးအေးနေဗျဇီကွယ် (ကျန်းးး ချက်ချင်းကိုအသက်ကြီးချင်ယောင်ဆောင်ပစ်တာ)

ကဲကွယ် ဒီလောက်ပဲ။ ဖေ့ဘုတ်မှာ ဓာတ်ပုံလေးဘာလေး မတင်တာကြာလို့ တင်အူးးးး၊

အဲ……..

ယောင်လို့ မတင်နဲ့ မတင်နဲ့။

ဒီကာလ က နိုင်ငံရေးစိတ်ဝင်ပြီး ဒေါသမောဟတွေနဲ့ အရုပ်ကြီးဆိုးပြီး ရင့်နေမှာ၊ မတင်နဲ့။ ဒါပဲ။

(ဂစ်ဂစ်ဂစ်၊ ပြောချင်ရာပြောပြီး ဖုန်းချသွားပြီ)

 

:chee:

~~~~~~~~~~~~~~~~~~~

17 comments

  • ဂျက်စပဲရိုး

    September 24, 2015 at 8:14 am

    တို့ မာမီ က တော့ ပြတ်တယ်။
    အမေ မဲစာရင်း လေး ကြည့်ပြီးပြီလား ဆို
    တစ်ခွန်းပဲ ပြန်လာတယ်
    စိတ်မဝင်စားဘူး တဲ့ း)

    • ဇီဇီခင်ဇော်

      September 24, 2015 at 9:34 am

      မာမီ့ မြေးးလေးးတွေ ကို
      သူများးနိုင်ငံ မှာ ထားးမို့ လားးလို့

      :k:

      နာတော့ သူ့မြေးးနဲ့ပဲ ကိုင်တယ်..
      နာ တို့ မောင်နှမ က ဟိုနဲ့ ဒီ ကူးးနိုင်တော့ သူ က မကြွေတော့ ဘူးးး

      သူ့မြေးးလေးးး ဟိုဘက် ခမည်းးခမက် အိမ်သွားးတာတောင် လိုက်ခေါ်တတ်တဲ့ အဖွားးမို့ အာ့ နဲ့ ကိုင်ထားးတာ..

      ကိုယ့် အမျိုးး အထာ ကိုယ် သိမှ

      :k:

  • kai

    September 24, 2015 at 9:03 am

    60%
    Overall, OECD countries experience turnout rates of about 70%, while in the U.S., about 60% of the voting eligible population votes during presidential election years, and about 40% votes during midterm elections.

    အမေရိကားကတော့.. မဲပေးနိုင်တဲ့အမေရိကန်အားလုံးရဲ့.. ၆၀%ပဲမဲပေးတယ်..။
    မြန်မာပြည်မတော့.. တက်ကြွတဲ့.. ကြက်ဖွ.. အဲ..အဲ.. ကြက်ဖ… တွေကျေးဇူးနဲ့.. ဒီထက်ပိုမယ်ထင်တယ်..။ :k:

    • ဇီဇီခင်ဇော်

      September 24, 2015 at 9:30 am

      ဂလောက် ကြက်ဖွ လုပ်မှ အတော်ပဲ
      ကိုယ်တိုင်ကျ မထပဲ အပြောင်းးအလဲ ဆိုတာ ကို ငုတ်တုတ်ထိုင် လိုက်လို့ ဘယ်ရမလဲ..

      အမေလိကားး က အမေလိကန်ဒေ (မှန်လားးဟင်) နဲ့ တော့ မနှိုင်းးနဲ့ လေ..

      ဒါ က ရွေးး ကောက်ပွဲ ဟုတ်ဘူးးး
      တော်လှန်ရေးးး တော်လှန် ရေးးး

      တော်မလှန် ရင် …
      အဲအဲ
      မတော်လှန်ရင် ဒီ အာဏာရှင် ဖိနပ်အောက် က မလွတ်ဘူးးမှတ်…!!

      အဟွတ် အဟု အဟမ်းးး

      ငါကွ ခင်ဇော်
      (စီဒီ ကြောင်)

      :mrgreen:

  • Mike

    September 24, 2015 at 10:18 am

    :)) :)) :))
    .ကျုပ်အိမ်ကတော့မဲစါရင်းစစ်ပီးပါပီ
    .ခုမှသတိရတယ်…ကျုပ်မွေးမေလေ့အိမ်မနက်ဖန်သွားပြီးတွန်းလိုက်အုံးမယ်..ဟိဟိ :mrgreenn:

    • ဇီဇီခင်ဇော်

      September 25, 2015 at 5:38 am

      ရှိသမျှ အမျိုးး အဆေေွ အကုန် တိုက်တွန်းး
      :mrgreenn:

  • တောင်ပေါ်သား

    September 24, 2015 at 2:01 pm

    ( နောက် ၁ဝ နှစ် အမတ်ဝင်ရွေးခံအူးမှာ။ အဟိ။ )

    ကမာရွတ်မှာ လာအရွေးခံနော် ၊ သားသား မဲထည့်မယ်ဗျာ ၊ 🙂

    • ဇီဇီခင်ဇော်

      September 24, 2015 at 9:01 pm

      ကမာရွတ် မှာ အိမ်ရှိဘူးးး
      တညားးက ကေသာကျော့ရှင်းးတို့ ပြိုင်တဲ့ နေရာက .. ဟိ

      :mrgreenn:

  • @QUIL@

    September 24, 2015 at 2:52 pm

    ဘာပူနေသလဲကွယ်…
    အချိန်တန်ရင် ဝန်ဂျီးတနေရာလောက် ယူပီး
    ကမာ္ဘပတ် အလှူခံထွက်လို့….
    ကျေးဇူးရှင် ..ကယ်တင်ရှင် ဘဝ ပျော်ပျော်ဂျီး ခံယူအုံးမှာဗျာ ……

    သဒေါင်းဇားမျိုးဟေ့ ဒို့ဘာမန်…..အာဝူး

    • ဇီဇီခင်ဇော်

      September 24, 2015 at 9:03 pm

      အေးးပေါ့ ..
      ရှိသမျှ သယံဇာတတွေ ချေးးဘရိန်းး ဘ တွေ ထိုင်စားး အတင်းးစားး လို့ ကုန်ပြီလေ..
      ဘူ တက်တက်တောင်းး ရမှာ…
      တောင်းးရမယ့်တူတူ နိုင်ငံတကာ ကြည်ဖြူသူဆိုတော့ ပိုရတာပေါ့ ..

      :k:

  • မြစပဲရိုး

    September 24, 2015 at 10:34 pm

    လိုက်လဲလိုက်တဲ့ သားအမိဘဲ။ ရီလိုက်ရတာ။
    .မွေးမေလေ့ ကို ရွာထဲ ခေါ်လာပါလား ဇီကလေးရယ်။
    အတော်ချစ်ဖို့ကောင်းမဲ့ ပုံဘဲ။

    အရီး FB မှာ တော့ “အလိုလေး” တို့ “OMG” တို့ ဆိုပြီး ဘာမှ မဟုတ်တာ တွေ ကို Status တင်ရင်တောင် Like လုပ်တဲ့ အမျိုးများ၊ သူငယ်ချင်းများ က
    နက်နဲသော နိုင်ငံရေးစကားများ တင်ရင် လောင်ရှက်တော်မူကြပါတယ်။ lol:-)))

    • ဇီဇီခင်ဇော်

      September 25, 2015 at 5:43 am

      နိုင်ငံရေးး ဆိုတာတော့
      ကိုယ်တွေလည်းး ကြောက်တုန်းးပဲ..
      ဒါမယ့် အမေစု ပြောသလို တကြိမ်ရဲရင့်လိုက်ရုံနဲ့ တစ်သက်လုံးး အကြောက်တရားးက လွတ်မတဲ့…!!
      အားးရှိစရာ စကားးလေးးးး

      တကြိမ်တော့ ရဲရင့် သင့်ပါတယ်..
      အရင် က လူတွေ ကြိုးးစားးခဲ့ ဘဝတွေ နစ်မြှုပ်ခဲ့တာ အတွက် လျော်ကြေးး ပေးးနိုင်တာ ဒါလေးးပဲ ရှိတာလေ ….

      🙂

  • aye.kk

    September 26, 2015 at 5:50 am

    ဇီဇီ
    အာဏာရှင်စံနစ်ကို
    တွန်းလှန်ဘို့အတွက်
    NLDလက်နက်တစ်ခုသာရွေးချယ်စရာရှိတာမို့
    အခုလိုမိသားစုဆွေမျိုးတွေကိုNLDကိုမဲပေးဘို့မဲဆွယ်စည်းရုံးတာ
    မှန်ကန်ပါတယ်။။

    • ဇီဇီခင်ဇော်

      September 27, 2015 at 12:04 pm

      မဲတစ်မဲ ဟာ ပြည်သူ့ လက်ထဲမှာ ရှိတဲ့ ကျည်တစ်တောင့်

  • ဦးကြောင်ကြီး

    September 26, 2015 at 11:59 pm

    လူမိုက်ခင်ဇော ်ကို ဒီခ ျုပ်အာဏှရလ ျင် ဒီစွမ်းအားယှဉ်အဖွဲ့ အူးစောင်ခိုင်းမဲ။

    • ဇီဇီခင်ဇော်

      September 27, 2015 at 12:03 pm

      ကောင်းးတယ် လို့
      လောက်လေးးဂွ တပ်ဖွဲ့ ဖွဲ့ ထားးလိုက်မယ်
      :k:

  • Swal Taw Ywet

    January 23, 2016 at 2:19 am

    တောက်စ်၊
    တရက်သားး
    ငိုထားတာတွေ့လို့ တရားခံရှာနေတာ ခုမှ မိတယ်။
    ဒေါ်လေးကို မျက်ရည်ကျအောင်လုပ်တဲ့ ဇီဇိ
    တစ်သက်မကျေဘူးမှတ်။
    ခုတောင် ဆန်တအိတ် ၂သောင်းကျော်နေမင့်ဟာာာာ။
    ဦးရီးတော်
    With respect,
    Swal Taw Ywet.

Leave a Reply