ဇီ၊ ပဲပြုတ်နဲ့ နံပြါးရရင် စားချင်တယ်။

ဇီဇီSeptember 8, 20151min60729

ဘယ်သူမှ ကိုယ့်ကို အဲလိုမပြေါပါဘူးးး

ဟီးဟီးးး
ကိုယ် စားချင်တာ ကိုယ်ပြေါတာ။

:mrgreenn:

ဟိုးနေ့ညက မြန်မာ နံပြါး ရလာလို ့ ခဲထားပြီး မနက်ကျ လက်ဖက်ရည်လေးနဲ့
ပဲပြုတ်လေး နွှေးပြီး ဆီ နဲ့ စား နဲ့ တွဲစားလိုက်တယ်။

မစားရတာ ကြာလို့ လားမသိ။
ကောင်းချက်။

:mrgreenn:

 

 

1
1

 

2
2

 

3
3

 

4
4

 

 

 

29 comments

  • အောင် မိုးသူ

    September 8, 2015 at 11:15 am

    နံပြားကိုဘယ်ကဝယ်။ အိမ်နားမှာ လက်ဖက်ရည်ဆိုင် ခြောက်ဆိုင်လောက်ရှိတယ်။ နံပြားရတာ တစ်ဆိုင်တည်း။ အဲ့သည်ဆိုင်ကလည်း နံပြားကို ညဘက်ပဲဖုတ်တယ်။ တစ်ချပ်ကိုတစ်ရာ။ ပဲနံပြားတစ်ပွဲ ၂၀၀။ များများစားမယ်ဆိုရင်တော့ ပဲပြုတ်သည်ဆီက ၃၀ဝဖိုးလောက်ဝယ် နံပြားကို ငါးချပ်ခြောက်ချပ်နဲ့စား။ ကောင်းမှကောင်း။

    • ဇီဇီခင်ဇော်

      September 9, 2015 at 2:42 pm

      ပင်နယ်ဆူလာက လက်ဖက်ရည်ဆိုင်က ၂ ချပ်ကျန်တာ ရလာတာနဲ့။
      ညဘက်ကြီး ခဲထားလိုက်ရတယ်။
      မနက်မှစားရတာ။
      ထပ်တရာတို့ ပလာတာတို့ထက် နံပြါး ပိုကြိုက်တယ်။
      ဟိဟိ
      :mrgreen:

  • pooch

    September 8, 2015 at 11:27 am

    ဗိုလ်ကဖေးက နံပြားနဲ့ မလို်င်လည်း အရမ်းကောင်း
    နံပြားထောပတ်သုတ်လည်းကောင်းတယ်
    ဟိုဘက်သားရေကျ ဒီဘက်သားရေကျနဲ့ ဗိုက်ဆာလာပြီ ဒီနေ့ cafeteria စောဆင်းတော့မယ် 😆

    • ဇီဇီခင်ဇော်

      September 9, 2015 at 2:43 pm

      အဟုတ်ပါ့ ပုရယ်။
      ဒါမဲ့ ဒီ မှာ မလိုင်နှစ်မရ။
      ထောပတ်သုပ်တာမကြိုက်။
      နို့ဆီနဲ့ သုပ်စားတာပိုကြိုက်ပေမဲ့ ဒီ တစ်ခေါက် ပဲပြုတ်ကို ဦးစားပေးလိုက်ရလို့

      :k:

  • weiwei

    September 8, 2015 at 2:10 pm

    ရန်ကုန်မှာ နံပြားကောင်းကောင်း ရဖို့ ခက်သွားပြီ ..
    နံပြားတွေက သေးတာနဲ့ မကျက်တာနဲ့ ဆော်ဒါနံ့ပြင်းတာနဲ့ …
    ပိတ်ရက် ပြည်ကိုသွားလည်တုန်းကတော့ နံပြားကောင်းကောင်း စားခဲ့ရတယ် ..

    • ဇီဇီခင်ဇော်

      September 9, 2015 at 2:45 pm

      ဝေရဲ့။
      ငယ်တုန်းက လက်ဖက်ရည်ဆိုင်လိုက်ရရင်
      နံပြါးရိုက်ပြီး ဖိုတွင်းမှာ ကပ်လိုက်ရင် ဖောင်းလာတာကြည့်ရတာ သိပ်ကြိုက်တာ။
      ဆီမပါလို့ ပိုကြိုက်မိလားမသိဘူးးး
      ခု နံပြါးဖိုကို မမြင်ဖူးတော့ဘူး လက်ဖက်ရည်ဆိုင်တွေမှာ။

      :a:

  • ဝင့်ပြုံးမြင့်

    September 8, 2015 at 2:17 pm

    .အင်း မြန်မာပြည်နေပြီး မစားရတာကြာပြီ စားဦးမှ။

    • ဇီဇီခင်ဇော်

      September 9, 2015 at 2:46 pm

      အင်။
      နာ့ အမ စားဖို့ သတိရအောင် အနော့ ပို့(စ) ကို မကြာမကြာလာပါ

      :k:

  • Ma Ma

    September 8, 2015 at 6:45 pm

    သထုံရွှေစာရံကိုရောက်ခဲ့တုန်းက ပဲပြုတ်နံပြားကုန်သွားလို့ အီကြာကွေးစားခဲ့ရတယ်။
    ပဲပြုတ်က အီကြာကွေးနဲ့လည်း စားလို့ကောင်းတယ်။

    • ဇီဇီခင်ဇော်

      September 9, 2015 at 2:47 pm

      ဟုတ်ပါ့။
      ပဲပြုတ်ကို အီကြာနဲ့ စားရတာကို အတော်ကြီးတဲ့ထိ မကြိုက်တတ်သေးဘူးးး
      စားမိပြီးတော့ လည်း သူတို့ အတွဲကို ကြိုက်ပြန်ရော

      ဒီမှာ က အီကြာကွေးရပါရဲ့။ အရသာမရှိဘူးးး
      🙂

  • aye.kk

    September 8, 2015 at 8:33 pm

    ဒီမှာတော့
    မကြာခဏစားဖြစ်တယ်
    ပဲပြုတ်ဆီဆမ်းပြီးကြက်သွန်စိမ်းထည့်သုပ်ပြီး
    နံပြားနဲ့စားရတာကိုနှစ်သက်တယ်။

    • ဇီဇီခင်ဇော်

      September 9, 2015 at 2:48 pm

      သများက ပဲပြုတ်ကို သုပ်ရင် ထမင်းနဲ့ပဲ စားတတ်တာ တီအေးး
      ဟိုလို ဆီချက်နဲ့ ပဲပြုတ်ကို ကြေအောင် ချက်ရင်တော့ ဘာနဲ့ တွဲစားစား စားပါတယ်။
      ဟီးဟီး

      :kwi:

  • ဦးဦးပါလေရာ

    September 8, 2015 at 10:30 pm

    နံပြားဆိုလို့ လွမ်းမိတာလေးဝင်ပြောဦးမယ်..
    လွန်ခဲ့တဲ့နှစ်သုံးဆယ် ကျုပ်တို့ ကျောင်းသားဘဝက
    ညဖက် လမ်းလျှောက်ပြန်ချိန် ၁၂း၃ဝလောက်ဆို
    လှည်းတန်းလမ်းမပေါ်က မိုးလင်းဆိုင်လေးမှာ ပဲပြုတ်နဲ့နံပြားပူပူ ကြွပ်ကြွပ်လေးကို
    သွားသွားစားဖြစ်တယ်..
    ကျုပ်တသက် အဲ့လောက်သေးတဲ့ အဲ့လောက်ပါးတဲ့နံပြား မတွေ့ဖူးဘူး
    အင်း… အဲလောက်စားကောင်းတဲ့(ဗမာ)နံပြားလဲ မတွေ့ဖူးဘူး……………..

    • ဇီဇီခင်ဇော်

      September 9, 2015 at 2:50 pm

      ဟယ်။
      နံပြါးကို ထူအိအိ ကြိုက်တာ။
      ပါးကြွပ်ကြွပ်ကို အရသာမခံတတ်ဘူးးး
      နံပြါးထူထူပေါ်က လေပေါက်ဖောင်းဖောင်းလေးတွေ များလေကြိုက်လေ

      :k:

  • kai

    September 8, 2015 at 11:30 pm

    ဒီမှာကျ.. မစ်ဒယ်အိစ်ကလူတွေက.. ဂျုံကိုအမျိုးမျိုးအပြားလုပ်စားကြသမို့…
    နံက… ပြားလိုက်.. ထူလိုက်.. ပုလိုက်.. ထုလိုက်.. သဏ္ဍန်အမျိုးမျိုး… အရသာအထွေထွေ…။
    ဆိုင်တိုင်းတွင်မေးဝယ်နိုင်သည်ပေါ့…။

    အခု.. ဆရာမောင်စိန်ဝင်းတို့ကို.. ယူအက်စ်စပွန်စာလုပ်ခေါ်တဲ့.. ဆန်ဖရန်က.. ကိုမောင်သိန်းက.. ပဲပြုတ်လည်းသေသေချာချာဖေါက်ပြီး ပြုတ်ရောင်းနေသဗျ..။
    သတင်းစာထဲတောင်ကြော်ငြာပါသေး..။
    ပဲပြုတ်နံပြား.. မလွမ်းရေးချ..မလွမ်း..။ :k:

    https://www.google.com/search?q=nan&source=lnms&tbm=isch&sa=X&ved=0CAcQ_AUoAWoVChMI65a9rPTnxwIVy3-SCh0cgA_C&biw=1696&bih=815#tbm=isch&q=naan+bread

    • ဇီဇီခင်ဇော်

      September 9, 2015 at 2:51 pm

      ကြွား(စ)!!!

      ဒီမှာလည်း ရပါတယ်။
      ကုလ နံပြါးး အဝိုင်းမဟုတ်။ လက်တဝါးစာလေးတွေ။
      ထောပတ်နဲ့ ကြက်သွန်ဖြူဆီ သုပ်ပြီးသားတွေမို့ ဘာနဲ့မှ တွဲစားလို့ မရ။
      မကြိုက်။
      :mrgreenn:

  • ဦးကြောင်ကြီး

    September 9, 2015 at 7:48 am

    ဆားခြင်ထှာ စမူှဆာနဲ့ ပေါက်ဆီ…

    • kai

      September 9, 2015 at 8:49 am

      http://www.yelp.com/biz/longs-family-pastry-los-angeles-4
      715 N Spring St
      Los Angeles, CA 90012
      Chinatown
      အဲဒီအပေါ်ကဆိုင်မှာ.. မြန်မာပြည်ကပေါက်စီနဲ့တူတာရတယ်..။
      အဲ..
      စပရင်းရိုးအခောျင်းတွေလည်းရှိပါ့..။ :k:

    • ဇီဇီခင်ဇော်

      September 9, 2015 at 2:52 pm

      ဒီ တစ်သက်တော့ ငတ်ပါပြီ ဥကြောင်။
      စိတ်လျှော့လိုက်ပါတော့။
      တဂျီးပြေါတဲ့ စပရင်းရိုး ကို သာစဉ်းစားပါ။

      :k:

  • Mike

    September 9, 2015 at 8:19 am

    .ပဲပြုတ်နဲ့နံပြားမစားဖြစ်တာကြာပြီ
    .မနက်မနက်တော့ အလုပ်သွားတဲ့လမ်းမှာအလွယ်တကူတွေ့တဲ့ ဘိန်းမုန့်ပဲစားဖြစ်နေတယ် :))

    • ဇီဇီခင်ဇော်

      September 9, 2015 at 2:59 pm

      ဘိန်းမုန့် တော့ ဒီမှာ မြင်ကို မမြင်ရသလိုပဲ။
      :a:

      • kai

        September 9, 2015 at 4:46 pm

        ပန်ကိတ်လုပ်တဲ့.. အမှုန့်တွေနဲ့.. .. ထညက်နဲ့ဘာညာလုုပ်.. ဘိန်းစေ့လေးတွေဖြူးပြီးရင်.. ဘိန်းမုန့်လိုလိုထွက်လာသဗျ…။
        နီနီဝင်းရွှေတို့.. အိမ်မှာလုပ်တာမြင်ဖူး…။

        နံပြားက.. မစ်ဒယ်အိစ်ကလုပ်တာတမျိုးက.. စက္ကူလိုဂျုံအပြားကြီးကို.. အထပ်ထပ်ခေါက်ထားတာ…။
        ကြည့်ရတာ.. စက်နဲ့.. စက္ကူလုပ်သလို.. အလိပ်လိုက်ကြီးလုပ်.. မီးဖုတ်တယ်ထင်တာပဲ…။
        မြန်မာတွေ.. အဲဒါမျိုး ထီထွင်သင့်တယ်…။
        ဘယ်နှာ..
        နံပြားအစား.. အီကြာကွေးသုံးပြီး.. ကုလား-တရုတ်ချစ်ကြည်ရေးလုပ်နေရတယ်လို့..
        တယ်မဟန်..။ :k:

  • Ma Ei

    September 9, 2015 at 9:21 am

    ဇီ
    ပဲပြုတ် နံပြားထဲ ပဲဆီမွှေးမွှေး ရွှဲရွှဲလေးဆမ်းပေးပါ
    ခုပုံထဲမှာ ဆီနဲလို့
    မွအိ

    • ဇီဇီခင်ဇော်

      September 9, 2015 at 2:59 pm

      ဟုတ်ပါ့၊.

      ဟိဟိ။

      ဆီလျှော့ကာလ နဲ့ တိုးတာ။

      :k:

  • may july

    September 9, 2015 at 4:00 pm

    ပဲပြုတ်ကို ကြက်သွန်နဲ့ ဆီသတ် ပြီးးး
    နံပြားကြွပ်ကြွပ်လေးနဲ့ စားရတာ အရမ်းကြိုက် ..

    • ဇီဇီခင်ဇော်

      September 9, 2015 at 4:05 pm

      အာ့မိုး မလုပ်တတ်လို့။
      ဟီးဟီးဟီး

    • HMM

      September 9, 2015 at 5:15 pm

      အဲဒါကို ပဲပြုတ်ဆီဆမ်​းဆားဖြူ းထက် ​ပိုကြိုက်​တယ်​

  • Thint Aye Yeik

    January 24, 2017 at 10:00 am

    ဇီ!
    နံပြားတစ်ချပ် ခြေထောက်တွေ လက်တွေ ထွက်နေသလို ပုံစံကြီး ဖြစ်မသွားပါစေနဲ့ ဇီ
    :k:

  • Shar Thet Man

    June 28, 2018 at 3:21 pm

    ခုမွန်လေးဖြစ်ချင်နေတာကတော့ အမေရိကားသွားခွင့်ကြုံရင်သွားချင်တယ်

Leave a Reply