ရိုးရိုးလေးပဲ တွေးကြည့်ပါ

ဇီဇီSeptember 3, 20154min34243

ရိုးရိုးလေးပဲ တွေးကြည့်ပါ။

  • ကိုယ့်သားသမီး၊ မိဘနဲ့ နိုင်ငံရပ်ခြါး နေနေရသလားး၊ မမြင်မစမ်း လွမ်းနေရသလားး
  • ဒီနေ့ တစ်နပ်စာပြီးလို့ နောက် တစ်နပ်စာ အတွက် ရဖို့ ထရှာနေရသလားး
  • လမ်းဘေးမှာတောင်းစားနေတဲ့ အထဲမှာ ကလေးတွေ အတွေ့ရများလာသလားး
  • အိမ်နီးချင်းနိုင်ငံမှာ အခိုင်းခံ ဘဝနဲ့ ထွက်ခွါသွားတဲ့ လူငယ်တွေ များများလာသလား
  • ကျောင်းပြီး တဲ့ အချိန် ပညာနဲ့ သင့်တော်တဲ့ အလုပ်တွေ မရှိဘူးလား
  • ပညာတတ် အလုပ်လက်မဲ့တွေ အသိထဲမှာ များများလာပြီလားး
  • ဘာ အပြစ်မှ မရှိပဲ ထောင်ထဲရောက်ကုန်ကြတဲ့ လူငယ်တွေရဲ့ သီတင်းရော နားစွန်နားဖျားများ ကြားမိသေးလား
  • ထောင်ထဲက လက်မရွံ့တွေရော အကြောင်းမဲ့ လွတ်ကုန်ကြတာ တွေ့တယ်မဟုတ်လားး
  • တရားခံမမိတဲ့ မတရားမှု ရာဇဝတ်မှုတွေများများလာသလား
  • ပြည်သူတွေ ကို ကာကွယ်ဖို့ ဖွဲ့ထားတဲ့ လက်နက်ကိုင်တွေ လက်နက်အားကိုးနဲ့ သတ်ဖြတ် အနိုင်ကျင့်တာတွေ မြင်ကြတယ်မဟုတ်လား
  • ပရဟိတ အဖွဲ့တွေ များများလာသလောက် နိုင်ငံတော် ကယ်ဆယ်ရေး ဆိုတဲ့ အသံတွေရော ကြားဖူးကြသလား
  • သာသနာ အကြောင်းပြပြီး စားပေါက်ထွင်ကြတဲ့၊ ဥပဒေပညာရှင်တွေ မပါဝင်တဲ့ ဥပဒေအမည်ခံတွေ ဖောချင်းသောချင်းထွက်လာတာကို လန့်နေရသလား
  • မီဒီယာအရောက်အပေါက်နည်းလွန်းလှတဲ့နေရာမှာ ကျနော်တို့ ညီအကို တိုင်းရင်းသားတွေ လူမဆန်အောင် ညှင်းပန်းခံနေရတာရော စဉ်းစားမိရဲ့လား
  • ကျောင်းနေရမဲ့အရွယ်တွေ လမ်းဘေးမှာ ကော်ရှု ကော်ကောက် လုပ်နေရတာရော ရင်မနာဘူးလား
  • ရပ်ကွက်ထဲမှာရော လူမိုက်သာသာတွေကို တာဝန်လက်ပတ်နဲ့ လူကြီးလုပ်ပြီး ကိုယ့်ကိုဟောက် တာရော မခံပြင်းတတ်ဘူးလားး
  • လူသတ်ဖို့ဟော၊ ပျော်ပျော်ကြီးထောင်ချဖို့ ကြိုးစားကြတဲ့ အဖွဲ့အစည်းကိုရော လိပ်ပြါသန့်သန့်နဲ့ ကန်တော့နိုင်ကြရဲ့လား

 

ရိုးရိုးလေးပဲ တွေးကြည့်ပါ။

  • နောက် ၁ဝ နှစ် အနှစ် ၂ဝ မှာ မြန်မာနိုင်ငံကို တာဝန်ယူရမဲ့ ကလေးတွေ အခု ဘယ်ဘဝရောက်နေလဲ
  • သာသနာတည်တံ့ပြန့်ပွါးဖို့ လုပ်ဆောင်ရမဲ့ အဖွဲ့အစည်းက ဘာတွေလုပ်နေလဲ
  • နိုင်ငံကို ပြည်သူကို ကာကွယ်ရမဲ့ ရဲရဲတောက် အဖွဲ့အစည်းတွေရော စိတ်ဓာတ်၊ လုပ်ရပ် ဘယ်လောက် မှန်ကန်နေလဲ
  • အခု လက်ရှိ တာဝန်ယူရမဲ့ လူကြီး လူလတ်ပိုင်းတွေရော ဘယ်လောက် ရင့်ကျက်နေကြပြီလဲ

 

ရိုးရိုးလေးပဲ တွေးကြည့်ပါ။

  • အဲဒါတွေ အတွက် အဖြေက တစ်ခုတည်းပါ။
  • အခု ကျနော် တို့ အတွက် ဘာမှလုပ်မပေးပဲ ဂုတ်သွေးစုပ် အမြတ်ထုတ်နေတဲ့ အာဏာရှင် အစိုးရကို ဖြုတ်ချဖို့ပါပဲ။

 

ရိုးရိုးလေးပဲ တွေးကြည့်ပါ။

အခု ရွေးကောက်ပွဲ ဟာ ….

  • အာဏာလု ပွဲ မဟုတ်ပါဘူးးး
  • သူ့လူ ကိုယ့်လူ ပြိုင်ကြရတဲ့ ပွဲမဟုတ်ပါဘူးး
  • ဘယ်သူသာတယ် ဘယ်သူနာတယ် ရွေးချယ်ရမဲ့ ပွဲလည်းမဟုတ်ပါဘူးးး

 

ရိုးရိုးလေးပဲ တွေးကြည့်ပါ၊

ဒီ ရွေးကောက်ပွဲဟာ …

  • မတရားမှုကို တွန်းလှန်ဖို့ တရားမျှတမှုထဲကို ပြည်သူ့ အား ထည့်ပေးရတဲ့ ပွဲပါ။
  • မြန်မာပြည် နောက်နှစ်ပေါင်းများစွာ တည်တံ့ဖို့ ကျနော်တို့ရဲ့ ကလေးငယ်တွေ လက်ထဲကို နိုင်ငံကို အကောင်းအတိုင်းထည့်နိုင်ဖို့ ကျနော်တို့ ကြိုးစားရမဲ့ ပွဲပါ။

 

ရိုးရိုးလေးပဲ တွေးကြည့်ပါ။

ညစ်တာမညစ်တာနောက်မှပါ။ ပြေါရရင် ညစ်မှာပါ။ ညစ်ဖို့ကလည်း သူတို့ တာဝန်ပါ။

ကျနော်တို့ဘက်ကတော့ နောင် တချိန်မှ “ကျနော်တို့ တတွေူ့ရုန်းနိုင်ရဲ့သားနဲ့ မရုန်းခဲ့လေခြင်း” ဆိုပြီး ကိုယ့် နောက်မျိုးဆက်ဆီမှာ အရှက်မရဖို့

လိပ်ပြါလုံဖို့အတွက် အခု ကျနော်တို့ အားစိုက်ရုန်းကြရအောင်။

 

တရားမျှတတဲ့ အရပ်သား အစိုးရပေါ်ထွန်းပြီး နောင်အထိ မပျက်တဲ့ ခိုင်မြဲတဲ့ နိုင်ငံရေး စီးပွါးရေး လူမှုရေး သာသနာအရေး အတွက် အုတ်မြစ်ချဖို့ အမေအိုကို ကျနော်တို့ ကူညီရအောင်။

 

 

စက်တင်ဘာ ၁၅ ရက်နေ့ကို မဲစာရင်း ထပ်တင်ပါမယ်။

သွားရောက်စစ်ဆေးပြီး ကိုယ့် နာမည် တစ်ခု ပါမပါ စစ်ပြီး ပါအောင် နည်းမျိုးစုံနဲ့ ကြိုးစားကြရအောင်။

 

ပြိုင်တူရုန်းရင် လွတ်နိုင်ပါတယ်ဗျာ။

 

 

43 comments

  • အောင် မိုးသူ

    September 3, 2015 at 11:53 am

    ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ်။ မဲစာရင်းစစ်ဖို့ မဲပေးဖို့ကို တွေ့သမျှလူ တိုက်တွန်းနေရတယ်။

    • ဇီဇီခင်ဇော်

      September 3, 2015 at 12:16 pm

      ရုန်းဖို့ကို တွန်းနေရတဲ့ ဘဝတွေ။
      :a:

  • Mike

    September 3, 2015 at 3:15 pm

    .အမြဲတမ်းရိုးရိုးလေးပဲ တွေးကြည့်ပါတယ်…
    .ရိုးရိုးလေးပဲအဖြေတွေ့ပါတယ်
    .ဒီစစ်တစ်ပိုင်း၊ ဘောင်းဘီချွတ်ထဘီဝတ်တွေဖြုတ်ချနိုင်မှနိုင်ငံကိုပြုပြင်လို့ရပါမယ်
    .ဂျပန်ရေချိုးသလိုရှင်းရှင်းကြီးမြင်သာပါတယ်…ဒါကိုမျက်စေ့စုံမှိတ်ပီးထောက်ခံနေတာလူနည်းစုပါ
    .အောင်ကိုအောင်ရမည်

    • ဇီဇီခင်ဇော်

      September 4, 2015 at 8:36 am

      ရိုးရိုးလေး အတွေးကို စိမ်းလိုက်ပါတယ်။။
      ဒီလောက် ရှင်းတာကို ဝေ့ တွေးနေတယ် ဆိုရင်လည်းးးးး

      “မရထိုက်လို့ ကိုယ် ယူဆပါ့မယ်”

      :mrgreenn:

  • kai

    September 3, 2015 at 4:03 pm

    အမေရိကပြည်.. အနောက်ခြမ်းမှာ.. မြန်မာပြည်အတွက်မဲပေးမယ့်သူ စာရင်းပို့ထားတာ.. လူ၁၀ဝမပြည့်ဘူးတဲ့..။
    အမေရိကန်တွေများ ဖြစ်ကုန်ကြသလား.. မသိ…။
    မြန်မာ့ဂဇက်သတင်းစာတစောင်လုံး.. (ယူအက်စ်မီဒီယာပီပီ).. ဘက်လိုက်. တွန်းတင်နေတာ.. သိပ်အလုပ်မဖြစ်..။

    ဆိုတော့…
    ပီဒီအက်ဖ်နဲ့.. တကမ္ဘာလုံး အတင်းတွန်းပို့ပါမယ်…။
    ရွေးကောက်ပွဲလဆို.. တည့်တည့်ကြီး ဒီချုပ်ကို.. ပါတီကို.. endorsements ထုတ်ဦးမယ်လို့.. စဉ်းစားထား..။ :k:
    =
    https://en.wikipedia.org/wiki/Newspaper_endorsements_in_the_United_States_presidential_election,_2008
    Newspaper endorsements in the United States presidential election, 2008
    From Wikipedia, the free encyclopedia

    During the 2008 United States presidential election, newspapers, magazines, and other publications made general election endorsements. As of November 4, 2008, Barack Obama had received more than twice as many publication endorsements as John McCain; in terms of circulation, the ratio was more than 3 to 1, according to the detailed tables below.

    According to Editor & Publisher magazine, as of November 3, 2008, there were 273 newspapers endorsing Barack Obama compared to 172 for John McCain. By comparison, the magazine reported that before election day in 2004, John Kerry received 213 endorsements compared to 205 for George W. Bush.[1]

    UWIRE, in its Presidential Scorecard, reported that Barack Obama led John McCain by 86 to 2 in college newspaper endorsements, as of November 4.[2]

    The Association of Alternative Newsweeklies reported that Barack Obama led John McCain by 57 to 0 in endorsements among its 123 member newspapers as of October 31, 2008.[3]

    • ဇီဇီခင်ဇော်

      September 4, 2015 at 8:42 am

      တခါတလေ
      ကျနော်တို့ တတွေ ရွေးချယ်ခွင့်ပေးလို့ မတန်ဖူးလား စဉ်းစားမိတယ်။

      ရွေးခွင့်မရှိတဲ့ အချိန်
      “ငါတို့ တက်ချင်တဲ့သူတက်၊ ခန့်ချင်တဲ့သူ ခန့်မယ်ကွ” ဆိုတုန်းကတော့ ဘာမှ မပြေါရဲကြဘူးးးး

      ခု ရွေးစရာ ကဘာ့အဆင့်မှီ ခေါင်းဆောင်မျိုးကို ရှေ့ချပြထားတာတောင် ဝေ့ပြီး ဘယ်ဟာလေးကောင်းမလား ဒီဟာကောင်းမလား မထူးဘူးလား စသည်ဖြင့် ဇဝေဇဝါဖြစ်နေတာ။

      ရွေးခွင့်နဲ့ မတန်ဘူး။
      ပညာတတ်လေ ပိုဆိုးလေ ဖြစ်နေကြတာ။

      :a:

  • aye.kk

    September 3, 2015 at 4:15 pm

    ဇီဇီ
    ဒီဘက်ဒေသတွေမှာနေတဲ့
    တိုင်းရင်းသား အောက်ခြေလူတန်းစားတော်တော်များများက
    စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတော့၊မဲပေးတဲ့ကိစ္စကို ကိုယ့်ရဲ ့အခွင့်ရေးတစ်ရပ်
    ဖြစ်တယ်ဆိုတာကို တောတော်များများက နားမလည်ကြဘူး။ အဲဒီအတွက်
    စိတ်မကေါင်းအတော်ဖြစ်ရတယ် ။ ဒီဘက်ဒေသ သူဌေးတွေအတော်များများက
    လက်ရှိအာဏာရှင်အစိုးရကိုဘဲ ဆုပ်ကိုင်ထားကြတာ သိရတယ်။
    တီအေးတို့မိသားစု မဲပေးမည့်ကိစ္စ ကိုယ့်ဘာသာရပ်ကွက်ရုံးသွားပြီး သန်းခေါင်စာရင်းပေးပြီး ထည့်ခိုင်းမှသာ
    ထည့်ပေးတယ်။ အမည်စာရင်းပါမပါ သွားကြည့်တာ စာရင်းလာမပေးလို့ မထည့်ပေးဘူးတဲ့ အဲလိုပြောလွှတ်တယ်။
    အတော်စိတ်တိုဘို့ကေါင်းတယ် ။။

    • ဇီဇီခင်ဇော်

      September 4, 2015 at 8:45 am

      ငွေနဲ့ပေါက်နိုင်ရင် ပေါက်။
      ချော့နိုင်ရင် ချော့၊
      ချောက်နိုင်ရင် ချောက် ဒီလိုမျိုးပဲ စာရင်းထဲပါအောင်လုပ်ရမှာပဲ။
      အသေးအဖွဲက အစ ညစ်မှာဆိုတော့။
      :a:

  • may july

    September 4, 2015 at 11:19 am

    ဒီလောက် ဖိနှိပ်ခံ ဘဝတွေ … စီးပွားရေးကျပ်တည်းမှု တွေ ..
    ခေါင်းပုံဖြတ် အမြတ်ကြီးစား မှုတွေ … ဥပဒေကို လက်တစ်လုံးခြား လုပ်နေတာတွေ …
    ကို ခံနေရတာတောင် အသိတရားမရကြဘူးဆိုရင် …..
    ရိုးရိုးလေးပဲ ပြောကြည့်မယ် …
    ထပ်ပြီး ခံလိုက်ကြပေအုံးလို့ …

    • ဇီဇီခင်ဇော်

      September 4, 2015 at 11:30 am

      သူတို့ဟာသူတို့ ခံချင်တာ မပြေါပါဘူးးး
      အဖော်ရအောင် ဆွယ်နေကြတာတော့ တောက်ညင်ကပ်တယ်။

      😥

  • ဦးကြောင်ကြီး

    September 5, 2015 at 9:14 am

    ကိုယ့်ကိုယ်ကို သိပ်ဟုပ်လှပီထင်နေဒဲ့ ဘွားဒေါ်… ဘယ်လှောက်အဆွမ်းရှိလဲ ကြိရသေးဒါပ…

    • မြစပဲရိုး

      September 5, 2015 at 12:32 pm

      နင်တို့ ငါတို့ အားလုံးထက်တော့ စွမ်းတာ အမှန်ဘဲ။
      မနာလို မရှိကြ နဲ့။
      အခု နင် ရွှေ ပြည်ထဲဝင်ပြီး ဆရာကြီး လုပ်ပြ နေနိုင်ရင်လဲ သူ့ကြောင့် လို့ မှတ်။
      .ကျေးဇူးမကန်းကြနဲ့။
      နင်တို့ လို ဟာတွေ က အခု တိုင်းပြည် ကောင်းဖို့ ရာကို ဝင်ဝင်ပြီး ပြည်ပျက်အောင် ခြေထိုးနေလား။
      တစ်ချို့ စကားတွေ ကြားရတာ အတော်စိတ်ပျက်ဖွယ်ဘဲ။
      နဲနဲ လှုပ်လို့ရ တဲ့ အချိန် မှ ဝင်ပြီး နေရာယူနေသူ လဲ အပုံ။
      ထိုအမျိုးသမီးကြီး ကို မထိတထိ ပုတ်ခတ်ပြီးမှ ရနေတဲ့ နေရာ တွေ ကိုများ။

      ဒီတစ်ခေါက် မအောင်မြင်ရင်လဲ သူ့ ကို ပုံချမယ် မတွေး နဲ့။
      ကိုယ့်ပုံရိပ် တွေ ကို မှန်ထဲ ကြည့်ထားကြ။

    • ဇီဇီခင်ဇော်

      September 5, 2015 at 12:55 pm

      အခု သူ လုပ်နေတာတွေ ရုန်းကန်နေရတာတွေ မြင်တတ်ရင်ကို
      ဥကြောင်တို့လို
      အရွယ်ကောင်း ယောက်ကျားရင့်မ နိုင်ငံရေးသမား ဘေးထိုင်ဘုပြော ကြီးတွေ ရှက်တတ်ရင် ကွကိုယ် သတ်သေလို့ရတယ်လို့။

      :kwi:

  • ဦးကြောင်ကြီး

    September 5, 2015 at 11:10 pm

    အာဏှာယှဉ် အမေစု သက်တော ်လှ ျာကြော ် ရှည်ပါဆေ….

  • kai

    September 6, 2015 at 5:37 am

    ကိုမိုးသီးကဒီနေ့ အဲလိုတင်လိုက်တယ်…။
    တွေးနိုင်ကြဖို့ပါ..။

    Moethee Zun

    ၂၀၁၅ ရွေးကောက်ပွဲ သုုံးသပ်ချက် အကျဉ်းချုပ်

    ရွေးကောက်ပွဲမှာ ဘယ်ပါတီအနိင်ရမလဲ ။ ဘာတွေဖြစ်လာမလဲ လုို ့ ကျနော်ကိုု သံတမန် တွေနဲ ့ နိင်ငံခြားက သတင်းစာဆရာတွေကမေးကြပါတယ်။ သူတိုု ့ကိုုပြောခဲ့တာကိုု အကျဉ်းချုပ် ပြောရရင်တော့ –

    ၁။ ရွေးကောက်ပွဲမှာ NLD က အပြတ်သတ်အနိင်ရမယ်။ ဒေါ်စုုရဲ ့ ဗဟိုုအား (Center of Gravity )
    က ဆင်းရဲသားလုုပ်သား ပြည်သူတွေဖြစ်လာတယ်။ ဒါကိုု ဦးသန်းရွေ စစ်အုုပ်စုုက ဘယ်လိုုမှ
    ချေဖျက်လုို ့မရဘူးဖြစ်နေတယ်။

    ၂ ။ ကြံဖွတ်က မရှုမလှ ရှုံးမယ်။ ဦးသိန်းစိန်အဖွဲ အတွက် တကယ့်အိမ်မက်ဆိုုး ( Nightmare) က ဦးရွေမန်းတိုု ့အင်အးစုုတွေကိုုယ်တိုုင်က ဦးသိန်းစိန်အင်အားစုုတွေ ကိုု မဲ ပေးမှုတွေလုုပ်မှာ မဟုုတ်ပါဘူး။ သူတိုု ့ရဲ ့ ဗဟိုုအား ( Center of Gravity ) က စစ်တပ်ရဲ့ ၂၅ % ပဲ ရှိတော့တာပါ။
    ( နဂိုုက သူတိုု ့အားဟာ စစ်တပ်၊ ပါတီန ဲ ့ခရိုုနီတွေဖြစ်ကြတယ်။ ဒီထဲမှာ ပါတီက ဦးရွေမန်းဖက်
    တဝက် လောက်ပါသွားနိင်တယ်။ ခရိုုနီတချိုု ့ဟာ ဒေါ်စုုဖက်ကိုုယိမ်းယိုုင်လာတယ်။ စစ်တပ်
    ၂၅ ရာခုိုင်နှုန်းသာ ကျန်တော့သလိုုဖြစ်လာတယ်။ )

    ၃။ မြိုု ့နယ်တွေမှာ NLD က ကိုုယ်စားလှယ်က လဲ နိင်တယ်။ ကြံဖွတ်ကလဲ သူနိင်တယ်
    ဆိုုပြီး လုုပ်လာနိင်တယ်။ ( မဲ လိမ် မဲခိုုးတွေ အများကြီးဖြစ်လာနိင်တယ်။

    ၄။ ဖြစ်သင့်တာကတော့ NLD နိင်တဲ့အခါမှာ ဦးသိန်းစိန်တိုု ့က ညင်သာတဲအပြောင်းလဲကိုု
    လုုပ်ခွင်ပြု ဖိုု ပါပဲ။

    ၅ ။ တကယ် နိင်ငံရေး တိုုက်ပွဲ ( A real Battle Ground ) က NLD ကိုု အစိုုးရဖွဲ ့ခွင့်မပြု လာတဲ့အခါမှာ ဖြစ်မယ်။

    ၆။ ပြည်တွင်းနိင်ငံရေး အင်အားစုုတွေက NLD ကိုု အားလဲ ပေး။ ဝေဖန်မှုလဲ လုုပ်ရမယ်။
    ဒေါ်အောင်ဆန်းစုုကြည်ကိုု အားလဲ ပေး။ ဝေဖန်မှုလဲ လုုပ်ရမယ်။

    (ဒီသုုံးသပ်ချက် စာတန်း ၅ မျက်နှာပါ သုုံးသပ်ချက် ကိုုစာ လုုံးပေါင်းတွေ ကျနော်ရဲဘော်တွေ က တည်းဖြတ်ပေးနေပါတယ်။ ပြီးရင်တင်ပေးပါမယ်။ )

    • ဦးကြောင်ကြီး

      September 6, 2015 at 9:18 am

      ကိုမိုးသီး သမတဂ ျီး လှုပ်သင့်တယ်။ ဒေါ်စုကတော ့ လွှတ်အုတ်ကထ လှုပ်ပစေပေါ့။ အုရွှေမန်းကို ကာဂွယ်ရေးဝံက ျီးခံ့။ ရှစ်ပူးတွေကို လွှတ်တော ်ပြင်ပ၊ အစိုးရအဖွဲ့ပြင်ပ အလှုပ်သမား၊လှယ်သမားနဲ့ မြေလှ ျှာစီမန်ခံ့ခွဲရေး ကော်မတီတွေမှာ လှုပ်ပိုင်ဂွင့်အာဏာ အပြည့်ပေးထား။ လှုအခွမ့်အရေးကော ်မတီကို အန်အယ်လ်ဒီနဲ့တိုင်းယင်းဓါး မဟာမိတ်များ ကိုင်ပစေ။ ပြည်ထဲရေးဝန်ကြီး အနော ်လှုပ်မဲ… တမီးလေးဒွေ အကုံဖမ်းပစ် စားပစ်မဲ

    • မြစပဲရိုး

      September 6, 2015 at 1:59 pm

      {{
      ၆။ ပြည်တွင်းနိင်ငံရေး အင်အားစုုတွေက NLD ကိုု အားလဲ ပေး။ ဝေဖန်မှုလဲ လုုပ်ရမယ်။
      ဒေါ်အောင်ဆန်းစုုကြည်ကိုု အားလဲ ပေး။ ဝေဖန်မှုလဲ လုုပ်ရမယ်။
      }}
      အခုတော့ လဲ ဒီလိုစကား ကို ပြောရမှာပေါ့။ နော။ lol:-))

      ရှင်တို့ ပြည်ပ က နိုင်ငံရေး ဆရာကြီး များ က သာ Negative criticism မဖြစ်စေဖို့ သတိထားကြပါ။
      ကျွန်မ ဒီ ရွာထဲ ကို ဝင်လာခဲ့တာ ပြည်ပ က ဖျက်မျဉ်း လုပ်နေသူများ ရဲ့ စကား တွေ ကို တုန့်ပြန်ဖို့ပါ။
      .ပြည်တွင်းက လူ တွေ ဟာ သူတို့လောက် အတွေးအမြင် အသုံးမကျ ဘူး၊ ဆိုတဲ့ ထိုသူများ ရဲ့ စကား တွေ ကို နားခါးလွန်းလို့ပါ။

      ရွာထဲ က မောင်ကြွပ် ရဲ့ သမိုင်းကြောင်း ကိုဘဲ ကြည့်။
      . ဒေါ်အောင်ဆန်းစုကြည် အစိုးရ နဲ့ ချော့ပေါင်းဖို့ လုပ်လိုက် ကထဲ က ဘာဖြစ်သွားလဲ ဆိုတာ။
      အဲဒီ လို ဖြစ်ကထဲ က ဒေါ်အောင်ဆန်းစုကြည် ရဲ့ လုပ်ကိုင်နိုင်စွမ်း ကျ သွားအောင် နည်းမျိုးစုံ သုံးခဲ့တာ မြင်တတ် ရင် တွေ့ပါလိမ့်မယ်။
      ဒီ အမျိုးသမီးကြီး အသုံးမကျ ဖြစ်ပြီး စစ်အစိုးရ က ပိုပြီး အားသာ သွားစေဖို့ တောင် အောက်လမ်းနည်း သုံးဖို့ ကြိုးစားကြပါတယ်။

      လက်ရှိ ရွေးကောက်ပွဲ နီးလေ ဟိုဘက်က ဉာဏ် နဲ မှု တွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ နည်းဗျူဟာ က အမှန်ကြီးမဟုတ်တာ တောင်
      . ပြည်တွင်းက အလွှာစုံ လူတန်းစား တော်တော် များများ ရဲ့ အားပေးမှု ပို ရ လာတာ လဲ မြင်ရော
      ထိုထိုသော ဆရာကြီးများ ဤဤ သော လေသံ ပြောင်းပါတယ်။

      အခုလဲ သူတို့ ကိုတော့ မယုံပါ။
      ဒါပေမဲ့ ဒီတစ်ချိန် နိုင်ငံ ကို တကဲ့ စိတ်ရင်းမှန် နဲ့ ချစ်စိတ်များ နဲနဲ ပေါ်ကြပါစေ လို့ တို့ ဆုတောင်းပါတယ်၊ မဟုတ်လို့ ဆက်ပြီး ကန့်လန့်တိုက်လဲ ရှင်တို့ စကား တွေ ကို ရှင်တို့ ဘဲ အားပေးကြပေတော့။
      ဘယ်သူ နားထဲ မှ ရောက်မည်မမှန်းနဲ့။

      အခုလို လေသံပြောင်းပေးလိုက်တော့
      ရွေးကောက်ပွဲ ဟာ အောင်မြင်မှု ရရင် ရှင်တို့ ဝိုင်းပြီး အပြုသဘော ဆောင်ပေးလို့ လို့ ပြောနိုင်သပေါ့။
      မအောင်မြင်ရင်တော့ လဲ
      ဒီ မိန်းမကြီး အသုံးမကျဘဲ ခေါင်းမာမာ နဲ့ ထင်တာ လျှောက်လုပ်ခဲ့တာလို့ ပြောပေါ့။
      မဟုတ်လား။

      • ဦးကြောင်ကြီး

        September 6, 2015 at 2:17 pm

        လော်ဘီမြကရဲဂ ျာ… ကိုမိုးသီးစာ ကူးတင်ဒဲ့ မာမွတ်ခိုင်မ်ကြတော ့မပြောဘူး… အနော ်ဃ စေတဏှာနဲ့ ဝေဖဏ်သမှု ပြုဒါကို… ဟေ့ အာဏှာယှဉ် အမေစု အောင်မြည်။

        • မြစပဲရိုး

          September 6, 2015 at 2:29 pm

          မောင်ကြွပ်
          သူက နိ ထက် လည်တယ်။
          နိုဝင်ဘာကျ ရင် သူ့သတင်းစာမှာ NLD အတွက် endorse တောင် လုပ်ပေးမတဲ့ ဟဲ့။
          ဒါပေမဲ့ ကျုပ်က တော့ နီ တို့ နှစ်ယောက် အတူတူ ဘဲ လို့ ပြောထားပြီးသား။
          lol:-))))

        • ဦးကြောင်ကြီး

          September 6, 2015 at 11:01 pm

          ပက်ကညော တော ်လှံရေးသမား နူးဘာဂီ ကြံသေးဒယ်ရေ.. လော ်ဘီမြ။ ဒင်းလည်း ဟောင်ဖွာ ဟောင်ဖွာနဲ့။ သူ့ကြဒေါ့ မပြောဖူးလား..

  • @QUIL@

    September 6, 2015 at 10:30 am

    NLD ကိုု အားလဲ ပေး။ ဝေဖန်မှုလဲ လုုပ်ရမယ်။
    ဒေါ်အောင်ဆန်းစုုကြည်ကိုု အားလဲ ပေး။ ဝေဖန်မှုလဲ လုုပ်ရမယ်။

    အဲ့သည့်အချက်ကို အကြိုက်ဆုံးပဲ…။
    သို့သော် လက်တွေ့နဲ့လည်း အကင်းကွာဆုံးပဲ။
    ဘွားတော်ကို ဝေဖန်ရင် သိတော်မူတဲ့အတိုင်း…
    ဆစ် လှော်ဘီ ၊ ေ-ာမ အော်တိုငုတ်တုတ်ဖြစ်သွားမယ့်အပြင်
    အမေတွေ နှမတွေပါ အေးအေးမနေရမယ့်အရေးဗျ…။
    ပရိုဒီမို နာမည်ခံပြီး ကတ်ကတ်လှန် တာ ပေါသထက်ပေါလာတဲ့ခေတ်ကိုး…။
    ဘွားတော် ဒီနေ့ ဒီနေရာ ရောက်လာတာ … သူ့ ဉာဏ်ပညာ ချစ်ခြင်းတရား ပေးဆပ်မှုနဲ့ စွန့်လွှတ်မှုတွေကြောင့်လား
    သူရို့ ဝန်းရံလို့ ပဲ ရောက်လာသယ်များ မှတ်နေကြသလား ပဲ

    ဘာထူးတုန်းဗျ… လက်ယှိ အဆိုးယ ကို ဝေဖန်ရင် နိုင်ဂံဒေါ် ပုံကန်မူး နဲ့ ကျောင်းထဲပို့တယ်…။
    အတိုက်အခံ ကို ဝေဖန်ယင် စကားမဆုံးခင် -င်က အမြီးပေါက်မတတ် ဝိုင်းဆဲခံထိတယ်…

    ဟုတ်ပါဒယ် …. ဒီတိုင်းပျီမှာ လူဖျစ်လာဒါဂိုက ကျုပ်တို့ဘက်က မွေးရာပါ အမှား…။

    ငလခွမ်း တဲ့မှ ဒို့ဘာမန်…။

    • ဦးကြောင်ကြီး

      September 6, 2015 at 10:58 am

      နင့်ပက်ကညော တော ်လှံရေးသာ နင်ပီးအောင် လှုပ်ဆမ်းပါ မွဋ်ထီးလှ ျာ……

    • ဇီဇီခင်ဇော်

      September 6, 2015 at 4:14 pm

      ဟုတ်တယ်။
      ကွကိုယ် ဖွန် ကို အောင်မြင်အောင် ကြောင်ပြီးမှ လာပြောပါ။

      :kwi:

  • ကထူးဆန်း

    September 6, 2015 at 11:03 am

    ဂီ ဂီ ကို ကိုယ့်ပိုစ် ဆို အစိမ်းပေးပါတယ်..
    အဲ့လာ ကြောင့် ပါးစပ်ပိတ် ပြီး ကံ ကိုသာ ယိုးမယ် ချ ထားလိုက်ပါတယ် ..
    မလွှဲ သာ စွာ နဲ့ NLD ကို တော့ မဲ ပေး မှာပါ … ယုံကြည်ချက် ကြောင့် မဟုတ်ဘဲ ဖြစ် ချင်ရာဖြစ်
    ဆိုပြီးတော့ ပေါ့ …. :harr:

    • မြစပဲရိုး

      September 6, 2015 at 2:26 pm

      ကထူးဆန်း
      { မလွှဲ သာ စွာ နဲ့ NLD ကို တော့ မဲ ပေး မှာပါ }
      ဆိုတဲ့ စကား အတွက် အထူးကျေးဇူး တင်ပါတယ်။

      (We all wish for change, but there is no guarantee that change will take place or that it will live up to expectations.
      There is always an element of risk when we step out into the unknown.
      Aung San Su Kyi – The Essential Flame)
      ကျွန်မတို့ အားလုံး အမှောင်ထဲမှာ ရှိနေတုန်းပါ။
      အလင်းထဲ ရောက်သွားအောင် အရင်သွားကြပါစို့။
      အလင်းထဲ ရောက်ပြီး ချိန် အဲဒီနောက်မှာ တော့ ”
      ကျွန်မတို့ ကို ထင်သလို အနိုင်ကျင့် မဲ့ လူတွေ ဒီလောက်သောင်းကျန်း ရဲ မယ် မဟုတ်”
      ဆိုတာလောက်တော့ ယုံကြည်လိုက်ပါ ကထူးဆန်းရယ်။

      ၁၉၉ဝ တုန်း က ကျွန်မ ဒေါ်အောင်ဆန်းစုကြည် ကို မယုံပါ။
      မယုံဘူး ဆိုတာထက် ဒီ မိန်းမ ဘယ်လောက် လုပ်နိုင်မှာမို့ လဲ။ ကြုံတုန်း တစ်ပွဲထိုး ဝင်လာတာ လို့ ဝေဖန်ဘူးပါတယ်။
      အဲဒီအချိန်မှာ ကိုယ်က နိုင်ငံထဲ က စာမသင်ရတဲ့ ကလေး တွေ အတွက် အာရုံ ရှိပြီး သူတို့ ရဲ့ သူရဲကောင်း လုပ်ဖို့ ကြိုးစားနေချိန်ပေါ့။
      နောက်ပိုင်းမှာတော့ အဲဒီမိန်းမကြီး က နိုင်ငံထဲ ကျွန်မ အာရုံထား ခဲ့တဲ့ ကလေး တွေ နဲ့ ကျန်ခဲ့ပြီး ကျွန်မ က ကိုယ်လွတ်ရုန်း ထွက်ခဲ့ တယ်။
      အခုထိလဲ ဒေါ်အောင်ဆန်းစုကြည် က သူ့ဘဝ ကို တိုင်းပြည်ထဲ က သူတွေ အတွက် ရှိနေဆဲပါ မဟုတ်လား။

      တကယ်တော့ ဒီ တစ်ပွဲ မှာ နိုင်မယ် လို့ ထင်ရနိုင်ပေ မဲ့ ကျွန်မက တော့ အဲ ဒီလောက် လွယ် မယ် မထင်ပါဘူး ကထူးဆန်းရေ။
      ၁၉၉ဝ တုန်း ကလဲ ညစ်ခဲ့တာ ဒီလူ တွေပါဘဲ။
      အခု ၂၀၁၅ မှာ ညစ်တော့ မဲ့ လူ တွေ ကလဲ ဒီ လူ တွေပါဘဲ။
      ဒါပေမဲ့ ပိုပြီး ကြောက်ဖို့ကောင်းတာ က အခုချိန်မှာ သူတို့ ရဲ့ စည်းစိမ် နဲ့ လုပ်ပိုင်ခွင့် ပါဝါ တွေ က ၁၉၉ဝ ထက် ပိုပြီး ကြီးနေတယ်။
      အဲဒါတွေ ကို သူတို့ မီးကုန် ရေခန်း စောင့်ရှောက် လိမ့်မယ်။
      အဲဒါ ကို မမေ့ကြပါနဲ့။

    • ဇီဇီခင်ဇော်

      September 6, 2015 at 4:13 pm

      OPPSSSSSS!!!!!
      \
      နီမိလိုက်ပြီ။
      ဆောဒီးးး

      :kwi:

  • ဇီဇီခင်ဇော်

    September 6, 2015 at 4:11 pm

    ကိုယ့်ကိုယ်ကို သတ်သေရတဲ့ အရွယ်ကောင်းယောက်ကျားတွေထဲ မပါချင်လို့ထင်တယ်။
    ဟိ။
    ရိုးရိုးမတွေးကြဘူးးး

    စစ်အစိုးရ မုဒိန်းကျင့်တုန်းက အသံမထွက်ရဲပဲ
    အန်(လ)ဒီ က ထူမယ်ဆိုမှ
    ထူမဲ့ လက် က မဆေးရသေးလို့ ရွံ့တယ်လုပ်နေသေးးး
    ဟေးဟေးဟေး
    တရားကျသကွယ်။

    :kwi:

    • ဦးကြောင်ကြီး

      September 6, 2015 at 11:07 pm

      လူမိုက်ခင်ဇော ်… အဲဒိ ခါတော ်မှီ အမေစုတွေက ငါတို့ ကေ ျာင်းဓါးသပိတ်ကို မှိုခ ျိုး မှ ျစ်ခ ျိုး ပြောထားဖူးတယ်လေ.. နီမေ့ပီလား။ အယေးအကြောင်းယှိ ငါတို့ ဗင်္ဂလါးမှောင်နှာမ နှေ ျာက်ပဲ တေ ျာက်ခါးတေ ျာက်ဖက် ရင်ဆိုင်ရမှာ။။။။။

      • ဇီဇီခင်ဇော်

        September 8, 2015 at 9:49 am

        အမယ်မယ်။
        နာ့ ကို ခါးဖက်ပြီး လာ စည်းရုံးနေပြီ။
        :kwi:

  • အတွေးလေး

    September 12, 2015 at 9:24 pm

    ရိုးရိုးလေးပဲတွေးသွားပါတယ်ဗျ 🙂

    • ဇီဇီခင်ဇော်

      September 13, 2015 at 5:19 pm

      – စစ်တပ်က ဒီမိုကရေစီစနစ်ကို အာဏာဇွတ်ဝင်ယူပြီး လွှတ်တော်ထဲမှာ ၂၅% ဇွတ်ဝင်ထိုင်နေလိုက်တဲ့အခါ NLD ဟာ ပုံမှန် ဒီမိုကရေစီစနစ်လို မဲဆန္ဒနယ် အားလုံးရဲ့ တဝက်နိုင်တောင် အစိုးရ ဖွဲ့လို့ မရဘူး။ မဲဆန္ဒနယ် အားလုံးပေါင်းမှ ၇၅% ပဲ ရှိတာကိုး။ တရာကို တဝက်ဝက်တာ မဟုတ်ပဲ ၇၅ ကို တဝက် ဝက်တာဆိုတော့ အန်အယ်ဒီ အစိုးရ ဖွဲ့စေချင်ရင် မဲဆန္ဒနယ် အားလုံးရဲ့ ၆၈ % ကျော်မှ လွှတ်တော်ရဲ့ တစ်ဝက်စာဖြစ်မယ်။
      ဒါက ပထမ ညစ်ကွက်။

      – ပြိုင်ပွဲတစ်ခုခုမှာ ဒိုင်လုပ်တဲ့သူဟာ နှစ်ဘက်အသင်းနဲ့ ပတ်သက်သူ မဖြစ်ရဘူး။ မဖြစ်သင့်ဘူးဆိုတာ လူတိုင်းသိတယ်။ ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲမှာ ဘရာဇီးအသင်း ကစားတာ ဘရာဇီးဒိုင် ထည့်လို့ မဖြစ်ဘူးလေ။ ရွေးကော်ကို ကြည့်လိုက်။ စစ်တပ်က ဗိုလ်တွေ အကုန်ထည့်ထားတယ်။ ဥက္ကဌက ပြည်ခိုင်ဖြိုး ပါတီဝင်ဟောင်း။ ဘယ်လိုမှ မဖြစ်သင့်တာကို မျက်နှာပြောင်ပြောင် လုပ်ထားတယ်။
      ဒါ ဒုတိယ ညစ်ကွက်။

      – မဲပေးမယ့်သူ၊ မဲပေးတာ တရားမျှတအောင် ကွပ်ကဲရမယ့်သူ၊ မဲပေးခံ ပါတီတွေမှာ ကိုယ်တတ်နိုင်တာ ကိုယ့် တစ်မဲပဲ ရှိတယ်။ တကယ်လို့ ကိုယ်မပေးရင် ကိုယ့်မဲဟာ ကြိုတင်မဲအဖြစ် တဖက်ပါတီကို ဝင်မသွားဘူးလို့ မပြောနိုင်ဘူး။ ညစ်ကွက်အမျိုးမျိုးနဲ့ လုပ်ထားတဲ့အတွက် NLD ဟာ တောင်ပြိုကမ်းပြိုနိုင်မှ အစိုးရ ဖွဲ့ခွင့်ရမယ်။

      – ရွေးကောက်ပွဲ မကျင်းပမီ၊ ကျင်းပတဲ့နေ့၊ ကျင်းပပြီး မဲအရေအတွက် ကြေငြာတဲ့အထိ အဆင့်ဆင့်သော ကာလမှာ ညစ်နိုင်စရာတွေ ရှိပါတယ်။ မညစ်ဘူးဆိုရင်တောင် အရည်အချင်း မပြည့်တဲ့ မဲရုံမှူးတွေကြောင့် ပယ်မဲတွေ ဖြစ်ကုန်စရာ ရှိသေးတယ်။ ဒီတော့ ကိုယ့်ဘက်က သေချာသထက် သေချာအောင် လုပ်ရလိမ့်မယ်။

      – NLD ကို ချစ်လွန်းလို့ မဟုတ်ပါဘူး။ ယေဘုယျ မှတ်ကျောက်နဲ့ ဇလုပ်တိုက်ကြည့်ရင်တောင် ညစ်ထားတာတွေ ပြူးပြူးကြီး မြင်နေရတဲ့ အချိန်မှာ NLD ကို မဲမပေးဘူးဆိုသူဟာ အရိုးကိုက်ရသူပဲ နေမယ်။

      – NLD နဲ့ ဘာမှ မဆိုင်တဲ့ ကုလားနဲ့ ချိတ်ပြီး အမျိုးဘာသာ သာသနာဆိုပြီး လာပြောကြဦးမှာတွေ ရှိတယ်။ သူတို့ကိုတော့ သနားပါတယ်။ အာဏာရှင်ဟာ ပြည်သူရဲ့ အသိဉာဏ်ကို နုန်နဲ့အောင်လုပ်ပြီး အုပ်စိုးခဲ့တဲ့ နေရာမှာ အခုလို လူတွေ ထွက်လာတာပါပဲ။ သူတို့မဲလည်း မမျှော်ပါနဲ့။ အဲလောက် အသိဉာဏ်တုံး ဆင်ချင်တုံတရား ကင်းမဲ့သူတွေဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် ဘယ်နေရာမှာမှ အသုံးမဝင်ပါဘူး။

      – ပါတီ ၉ဝ ကျော်ရှိသည်ကြား၏။ မည်သည့်ပါတီမှ NLD မှာလို ဒေါ်အောင်ဆန်းစုကြည် ခေါင်းမဆောင်။ ဒေါ်အောင်ဆန်းစုကြည်က ဘာမို့လဲဟု မေးသူသည် ငပေါဖြစ်မည်။ နိုင်ငံတကာဝယ် အကောင်းနှင့်ယှဉ်၍ တိုင်းပြည်ခေါင်းဆောင်တိုင်းသိသော ပုဂ္ဂိုလ်သည် ဒေါ်စုသာရှိသည်။ ဆိုးယုတ်မှုနှင့် ယှဉ်သိသောသူကိုတော့ မပြောလို။ ကျန် ပါတီ ခေါင်းဆောင် များနာမည် အိုဘားမားကို သွားရွတ်ပြပါ။ သိမည်မဟုတ်။

      – လက်ရှိ အာဏာရပါတီနှင့် ယှဉ်ပြိုင်ကာ တိုင်းပြည်၏ ကောင်းသော အပြောင်းအလဲကို ဖေါ်ဆောင်နိုင်သော ပါတီသည် NLD သာ ရှိသည်။ လက်ရှိပါတီက ကောင်းနေလျှင် မပြောင်းလဲလည်း ကိစ္စမရှိ။ လက်ရှိပါတီက ကောင်းနေမနေကတော့ နိုင်ငံတကာမှ အင်ဒီကေတာများကြည့်ပါ။ အီသီယိုးပီးယားအောက် နိမ့်အောင် ပို့ခဲ့သူများ ဘယ်သူဖြစ်သနည်း။ မလုပ်တတ်၍ သူတို့ပါ မွဲသွားလျှင် နားလည်ပေးမည်။ သူတို့ကျ ချမ်းသာသွားပြီး ပြည်သူက မွဲကျန်လျှင် မလုပ်တတ်ရုံသာမက။ ယုတ်မာမှုပါ ပါနေသည်ဟု ပြောရမည်။

      – ဒေါ်စုကို ခနဖယ်ကြည့်ပါ။ NLD အမတ်တိုင်းသည် ကိုယ့်ပိုင်ဆိုင်မှုကို ကြေငြာပြီး အမတ်လျောက်ထားကြခြင်းဖြစ်သည်။ ခိုးဝှက် ထားသည်များ မရှိ။ အမတ်ဖြစ်ပြီး တာဝန်ပီးဆုံးချိန်ဝယ် ပိုင်ဆိုင်မှုကို ပြန်စစ်ပါ။ ပိုနေလျှင် တရားစွဲ၍ ရသည်။ ဤမျှလောက် ရိုးသားသော အမတ်များအား မယုံပဲ ရွှေတောင်ကြားမှာ အိမ်သွားကြည့်ရသော လူများအား ရိုးသားသည်ဟု ယုံလျှင် ရူး၍ မဟုတ်လျှင် အရိုးအရင်း ကိုက်ရသောကြောင့် ဖြစ်မည်။

      – လူကြီး လူငယ်မျှသည်။ ဂျန်ဒါ မျှပေးထားသည်။ တိုင်းရင်းသားများ မျှပေးထားသည်။ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံဖြစ်သော ပြည်ထောင်စု စစ်စစ်ဖြစ်ရေးအတွက် သေသေချာချာ တွက်ချက် နေရာချထားခြင်း ဖြစ်သည်။ နိုင်ငံရေး မျိုးဆက် မပြတ်နိုင်သော ပါတီ ဖြစ်လာရေးလည်းပါသည်။ အရည်အချင်းဘက်က ကြည့်လျှင်လည်း စနစ်တကျလေ့လာထားသော ပညာရှင်များ ပါသည်။ တစ်ခုတော့ ရှိသည်။ ပါးရိုက်မည် နားရိုက်မည် ပြောသူများတော့ဖြင့် မပါ။

      ပေါ်တင်လော်သည်။ မှားလျှင် တခြားပါတီ မဲပေးပါ။
      Credit: သက္က မိုးညို

  • ကထူးဆန်း

    September 14, 2015 at 11:19 am

    credit to Khin Ma Ma Myo

    အခုတလော မဲဆွယ်သတင်းစကားတွေကြားရတာ ဆားမပါတဲ့ဟင်းလိုပဲ ခံစားရတယ်။

    ဖြစ်နေတဲ့ အခြေအနေမှန်က what is
    ဖြစ်သင့်တဲ့ အခြေအနေက what should be
    အဲဒီနှစ်ခုကြားမှာက how ရှိပါတယ်။

    ဥပမာအားဖြင့် ရန်ကုန်ကနေ မြစ်ကြီးနား သွားဖို့ လိုတယ်ဆိုရင် ရန်ကုန်က ဘယ်လို၊ မြစ်ကြီးနားဘယ်လို ဒါကြောငိ့သွားဖို့လိုတယ်လို့ ပြောပြနေတာထက် ဘယိလိုသွားမှာလဲ။ ကားနဲ့လား၊ ရထားနဲ့လား၊ လေယာဉ်နဲ့လား။ ဒါက ပိုအရေးကြီးပါတယ်။

    ခုက အတိတ်တွေပြောပြီး၊ အနာဂတ်ဘယ်လိုဖြစ်သင့်လဲတွေပဲ ပြောနေကြတယ်။ ဖြစ်အောင်လုပ်မယ့် လုပ်ငန်းစဉ် ဆွေးနွေးချက်တွေက ပါမလာဘူး။

    ဘယ်ပါတီပဲကြည့်ကြည့် ငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေး (သို့မဟုတ်) တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးတိုးတက်ရေး (သို့မဟုတ်) ဆင်းရဲမှုပပျောက်ရေးဆိုတာတေ်ချည်းပဲ ပြောနေကြတယ်။ ဒါတွေက အပ်ကျောင်းထပ်နေပြီ။ လွတ်လပ်ရေးရကတည်းက ဒါတွေပဲ ပြောခဲ့ကြတာပဲ။ အရေးကြီးဆုံးက အဲဒီပန်းတိုင်တွေရောက်အောင် ဦးဆောင်သူတွေ ဘာလုပ်ကြမလဲ။ how will you achieve?

    ငြိမ်းချမ်းရေးရရှိရေး။ လူတိုင်းသိတယ်။ ဘဝအသိနဲ့ကိုသိတာ။ ခုက မငြိမ်းချမ်းလို့ ငြိမ်းချမ်းရေးရဖို့လိုတယ်။ အဲဒါများ ကလေးတောင်ပြောတတ်တယိ။ နိုင်ငံရေးသမားတွေက အဲဒါပြောရမှာ မဟုတ်ဘူးလေ။ ကိုယ်အာဏာရရင် peace making ဘယ်လိုလုပ်မယ်၊ peace keeping ဘယိလိုလုပ်မယ်၊ peacebuilding ဘယ်လိုလုပ်မယ်။ ဒါကို ရှင်းပြရမှာလေ။ သေနတ်သံကြားက လူထုကို ငြိမ်းချမ်းရေရဖို့လိုတယ် သွားပြောနေတာများ၊ critical question မထုတ်လေ့ရှိသူတွေမို့သာပေါ့။

    ကျမသားကပြောတယ်။ မြန်မာပြည်မှာ ရဲတွေက ကလေးတွေကို ပြုံးပြသင့်တယ်တဲ့။ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ မသိဘူးတဲ့။ လိုအပ်တာ သူသိတယ်။ သူမသိတာက police reform process ထဲက child friendy principle ကို မသိတာ။ ကလေးက မသိတာတော့ ကျမ လက်ခံတာပေါ့။

    ဒါပေမယ့် တရားဥပဒေစိုးမိုးရမယ်ပြောပြီး၊ ဖြစ်အောင် လုပ်ရမယ့် ကဏ္ဍရှစ်ခုရဲ့ လမ်းစဉ်တွေကို မသိတာမျိုးတွေ၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးပြောပြီး poverty line က ဘယ်မှာလဲ။ တနေ့ဝင်ငွေ ဘယ်လောက်အောက်ကို ဆင်းရဲတယ်လို့ သတ်မှတ်မလဲ။ ရာခိုင်နှုန်း 50 ရှိရင် တနှစ်ဘယ်နှစ်ရာနှုန်း လျှော့မှာလဲ။ လျှော့မယ့်မူက ဘာလဲဆိုတာ မပြောနိုင်တဲ့ အပေါ်ယံ စကားလုံးလှလှ ပြောတတ်တဲ့ ဘက်ပေါင်းစုံက နိုင်ငံရေးသမားတွေကိုတော့ ကျမ စိတ်ပျက်လာမိတယ်။

    ပြည်သူကို အဲလောက်ချပြဖို့ မလိုဘူးဆိုပြီး၊ ပြည်သူ့အားကို မမြင်တတ်ပဲ ငါကမှ ကယ်တင်ရှင်ထင်နေသူများ အပေါင်းတို့။

    တကယ်ပဲ ပြည်သူတွေ လိုအပ်တဲ့ ဘဝကို ဆောင်ကျဉ်းဖို့ ခရီးစဉ်ရှိပြီလားဆိုတာ မှန်ထဲမှာ ကိုယ့်ဘာသာကိုယ် ပြန်ကြည့်ပြီး ရဲရဲတင်းတင်း မေးကြည့်စမ်းပါဗျို့။

    ခင်မမမျိုး (14/9/2015)

    • ဇီဇီခင်ဇော်

      September 14, 2015 at 11:25 am

      အဲဒီ HOW ဆို တာ အခုပြေါလည်း
      အပျက်ပဲ ပြေါမဲ့ လူမျိုးးတွေကြား အခု ပြေါပြနေရမလား

      ခု လုပ်နေတဲ့ နိုင်ငံရေးသမားတွေထက်ကို မြင်တတ်တယ်လို့ ထင်နေတဲ့ သူတွေ ကြားမှာလေ။
      ပြေါလို့ရသလားးး

      လက်တွေ့မလုပ်ပဲ လုပ်နေတဲ့သူကို အပြစ်ပြေါနေတဲ့ သူတွေ ကြားမှာလေ။
      ပြေါလို့ရသလား

      🙂

    • @QUIL@

      September 14, 2015 at 12:14 pm

      child friendy principle

      လှလိုက်တဲ့ စကားရပ်

      ကျနော်ကြုံဖူးတာလေး တခု သွားသတိရတယ်..
      ရဲတွေ သာမက .. စာပို့သမားတွေ စည်ပင်တွေပါ အပါအဝင်ပေါ့…
      အဲ့ဒါက တိုက်ရိုက် ဆက်စပ်နေလေရဲ့…

      ကျနော် နေခဲ့ဖူးတဲ့ တိုင်းပြည်မယ် အဲ့သလို ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံရတဲ့ ရုံးပြင်ကန္နားတွေ
      သွားရတဲ့အခါမျိုး မယ် လမ်းညွှန်ဆိုင်းဘုတ်တွေ … လုပ်ငန်းဆောင်တာ အဆင့်ဆင့်တွေ စတာတွေအတွက်
      ကာတွန်းပုံလေးတွေနဲ့ ညွှန်းဆိုပြသလေ့ ရှိတယ်။ ကာတွန်းပုံသုံးတာ အကြောင်းရှိသဗျ။
      အတည်အခန့်ကြီး ဗလကောင်းကောင်းနဲ့ စူပါမန်း ဂိုက်မျိုး သုံးသင့်သပေါ့ …
      i know everything စတိုင်နဲ့ geek ပုံမျိုး ချိုးသင့်သပေါ့လို့ အကြမ်းဖျဉ်း မြင်စရာရှိတယ်…
      ဒါပေမယ့် သူတို့ ဒါမျိုး မသုံးဘူး ။ ချစ်စရာ ကောင်းတဲ့ ကာတွန်းရုပ်လေးတွေပဲသုံးတယ်။
      ကလေးဆန်လိုက်တာ … ကရော်ကမယ် နဲ့လို့ အပေါ်ယံ ထင်ချင်စရာပဲ။
      တကယ်က သူတို့က friendly ဖြစ်မှု နှစ်လိုဖွယ်ကောင်းမှု ကို ယူချင်တာ … အထင်ကြီးမှု လေးစားကြောက်ရွံ့မှုမျိုးထက်စာရင်။
      ပျော်ရွှင် သာယာစွာ လုပ်ငန်းဆောင်တာကို အပြုံးမျက်နှာနဲ့ ဆောင်ရွက်ပေးမယ် ဆိုတဲ့ Image ကို Portrait လုပ်ယူကြတာ။

      သူ့မှာလည်း စည်းတွေ စနစ်တွေ ဘောင်တွေရှိသဗျ။
      ဖြစ်ကတတ်ဆန်း ပေါချာချာ ကာတွန်းရုပ်ဆွဲထားတာမဟုတ်ဘူး။ လေ့လာမိသလောက် …
      ဆိုင်ရာ ခရိုင်၊ မြို့၊ မြို့နယ် စသည်ရဲ့ ကိုယ်စားပြု အရောင်တွေ၊ အမှတ်တံဆိပ်တွေ နဲ့ ထင်ရှားတဲ့ အချက်အလက်တွေ
      ပါဝင်တဲ့ ကာတွန်းတွေ ဖြစ်လေ့ရှိတယ်။ ကလေးတွေကို သက်သ်က ပစ်မှတ်ထားတာမျိုးမဟုတ်ဘဲ
      သက်ကြီးရွယ်အိုတွေ အားနည်းသူတွေ အားလုံးအတွက် နွေးထွေးတဲ့ ပုံရိပ်ဖြစ်ဖို့ လုပ်လေ့ရှိတာမျိုးပဲ။။

      ဆိုပါစို့. ..ဂဏန်းထွက်တာ အင်မတန်ကျော်ကြားတဲ့ဒေသက လမ်းညွှန်ရုပ်လေးတွေက ဂဏန်းပုံလေးတွေ။
      ရွှေငါး ထွက်တဲ့ဒေသ၊ သမင်၊ ဇီးကွက် .. စသည် ဖြင့် ဒေသအလိုက်ပေါ့။..
      ဗဟိုအစိုးရကတော့ same policy ပဲ ချပေးထားမှာပဲ… ဒါကိုသာ localized customization လုပ်ပြီး
      ကိုယ့်ဒေသ ကိုယ့်အရပ်အတွက် familiar ဖြစ်အောင် ဂုဏ်ယူနိုင်အောင် လုပ်လေ့ရှိတာတွေ့ရတယ်။
      သူတို့လည်း ပြည်သူထဲက ပြည်သူဖြစ်ပြီး ဒေသအလို်က တသားတည်း ကျဖို့ ကြိုးစားတဲ့ ကိစ္စတွေအများကြီးထဲက တခု ဆိုပါတော့ဗျာ..။

    • မြစပဲရိုး

      September 14, 2015 at 2:38 pm

      အဟတ် အဟတ် – ဟို ရဲမိုး ဆိုတာ နဲ့ တစ်လေသံထဲ ပါလား။ lol:-)))

      မအံ့ဩတော့ပါဘူး။
      အဓိက နဲ့ သာမည မခွဲ တတ်ကြဘဲ သိပ်ပြီး ဆရာကြီး တွေ လုပ်မနေစေလိုဘူး။
      လောလောဆယ် မှာ အဓိက အာရုံစိုက်ပြီး ဖယ်ရမဲ့ အာဏာရှင် တွေ အကြိုက် လှော်ပေးနေကြသလားဘဲ။
      စိတ်မရှိနဲ့။
      ကျွန်မလဲ ကိုယ့်အမြင် ကို ဝေဖန်ခွင့်ရှိတာဘဲ မဟုတ်လား။

      တကယ်တော့ ရိုးရိုးလေးဘဲအရင်တွေးကြည့်ကြပါဦး။ :-))

      • မြစပဲရိုး

        September 14, 2015 at 2:40 pm

        သူ့ မေးခွန်းလိုဘဲ ပြန်မေးကြည့်ဦးမယ်။
        {{တကယ်ပဲ ပြည်သူတွေ ကို အာဏရှင် စစ်ဖိနပ် အောက်က လွတ်ဖို့ စိတ် စေတနာ ရှိရဲ့လား ဆိုတာ မှန်ထဲမှာ ကိုယ့်ဘာသာကိုယ် ပြန်ကြည့်ပြီး ရဲရဲတင်းတင်း မေးကြည့်စမ်းပါဗျို့။}} ???
        🙄

      • ဇီဇီခင်ဇော်

        September 14, 2015 at 3:47 pm

        ကျနော် စိတ်လျှော့ပြီ အရီးးး
        စု အပေါ်ကို လျှော့တာမဟုတ်။
        မပြေါင်းချင်လို့ အတင်းပေကပ်ပြီး နေတဲ့သူတွေ အပေါ် စိတ်လျှော့တာ.။

        ဟုတ်။ ကျနော် စည်းရုံးရေးမကောင်းတဲ့ အပြင် ချစ်ဖွယ်သောစကားကို စိတ်မပါပဲ မပြေါတတ်လို့ ဘာမှ မပြေါတော့ပါဘူးးး

        တစ်ခုပဲ တောင်းပန်ချင်တာပါ။
        ကိုယ်တိုင် မယုံရင်တောင် ယုံကြည်နေတဲ့ သူတွေ စိတ်ကို အဆိပ်မခတ်စေချင်ပါဘူးးးး

        ဘယ် အစိုးရတက်တက် ကိုယ်က ခြံစည်းရိုးပေါ်ထိုင်နေနိုင်ပေမဲ့ ခြံထဲရောက်မှ လုံခြုံမဲ့ ဘဝတွေကို သနားတတ်ရင် (နည်းနည်းလောက် ဖြစ်ဖြစ်) မကန့်လန့်ပါနဲ့လို့ တောင်းပန်ချင်တာပါ။

  • ကထူးဆန်း

    September 14, 2015 at 11:47 am

    ခြံစည်းရိုး ခွ နေသူတွေ ပစ်ကြ လာဖို့ က အဲ့ဒါလိုနေတယ် ဆိုတာ သတိမရကြတာ ..
    အပ ျက်ပြော သူတွေက နှစ်ဘက်စွန်းက လူတွေ .. ခြံစည်းရိုးခွ နေသူဆိုတာက ဘယ်သူတွေဘာတွေ
    ပြောနေလဲ ..ဘာလက်တွေ့လုပ်ပြလဲ ဆိုတာမှာ အမှတ်ပေးနေသူဆိုတာ မေ့နေကြတာ..
    တကယ်တော့ တစ်ဘက်ကို ယိမ်းပြီးသား … စိတ်ချလက်ချ ယိမ်းဖို့အတွက်သာ.. 🙂

    • ဇီဇီခင်ဇော်

      September 14, 2015 at 12:50 pm

      ပြန်လာမယ်။ ရေးလက်စကို အပြင်သွားစရာပေါ်လာလို့
      ခီးးးးးး
      မကြီးစန်းနဲ့ ငြင်းပြီးမှ နာလည်း ခြံစည်းရိုးပေါ် ရောက်တော့မယ်။

    • ဇီဇီခင်ဇော်

      September 14, 2015 at 3:52 pm

      ဟုတ်ကဲ့။

      ခြံစည်းရိုးပေါ်ထိုင်ပြီး လူထုခေါင်းဆောင်ဆိုတာကို မယုံကြောင်း ထိုင်ပြေါနေနိုင်မှတော့ အခြေအနေတွေ အတော်ကောင်းနေတယ် လို့ ယူဆပါတယ် ခင်ည။

      ဟုတ်ပါတယ်။
      ဒီ အစိုးရနဲ့ ကောင်းကျိုးရထားတဲ့ သူတွေ အတွက်တော့ မစားရဝခမန်း အကျိုးစီးပွါးပေးမယ်လို့ ဒေါ် စု က မပြေါနိုင်ပါဘူးးး
      ဒီ အခြေအနေထက် ကျမ ကောင်းအောင် လုပ်ပေးပါ့မယ် လို့ လည်း အာမ မခံနိုင်ပါဘူးးး
      ပြေါနိုင်ရင်လည်း ကျနော်တို့ သူ့ကို မဝိုင်းရံတော့ပါဘူးးး

      သိသိကြီးနဲ့ ပြေါနေတယ် လို့ ယူဆလို့ ဘာမှလည်း မပြေါလိုတော့ပါဘူးးး

      အပေါ်မှာ တောင်းပန်ထားတဲ့ အတိုင်းပါပဲ။
      :mrgreenn:

    • kai

      September 14, 2015 at 4:04 pm

      ဒီလိုကထူးဆန်းရဲ့..
      ဒီချုပ်မှာ.. တိုင်းပြည်အုပ်ချုပ်တတ်တဲ့.. လူတွေသိပ်များများစားစားမရှိ..။
      ဒါပေမယ့်… အဲဒီလိုအုပ်ချုပ်တတ်တဲ့သူတွေကို.. ခေါ်ယူသုံးနိုင်တဲ့ပါဝါ.. .. ဒေါ်စုတယောက်ထဲမယ်.. ရှိနေသဗျ..။

      အပေါ်က.. စာရေးတဲ့.. ဆရာမခင်မမမျိုးက.. ဂဇက်ရွာသူတယောက်ပါ..။
      သူအခု.. အင်္ဂလန်ကပြန်ပြီး.. .. မြန်မာပြည်မှာလို့ထင်တယ်..။

      အဲလောက်ဆို.. လုံလောက်ပြီမလား.. :k:

      http://myanmargazette.net/173762

      • မြစပဲရိုး

        September 14, 2015 at 6:11 pm

        မနေ့က ဘဲ Facebook ထဲ လူတစ်ယောက် နဲ့ စကားပြောရင်း (အငြင်း) သူ ချရေးပြ သွားတာ။
        {{
        ငါက
        BA .DBL. MBA .အခု MBF တက်နေတယ်
        နောက်ပြီးရင်
        ဘာမှမသိတဲ့ မင်းတို့လိုကောင်တွေအုပ်ချုပ်ဘို့
        MPA ပြည်သူရေးရာစီမံခန့်ခွဲရေးမဟာဘွဲ့ထပ်ယူအုန်းမယ်
        ပြည်သူဖွံ့ဖြိုးရေးတွေဆောင်ရွက်ဘို့
        MDs လို့ခေါ်တဲ့ ဖွံ့့ဖြိုးရေးမဟာဘွဲ့ယူအုန်းမှာ
        ရှင်းပြီလား
        }}

        အဲဒီ MBA တွေ MPA တွေ လဲ ရွှေပြည်ကြီး ထဲ မှို ပေါက်နေတယ် ထင်ရဲ့။
        lol:-))))

        • ဇီဇီခင်ဇော်

          September 14, 2015 at 7:36 pm

          NLD specialist တွေ ရှိသမျှ ဒီနိုင်ငံ အတွက် ပူစရာ မလိုတော့ဘူးး စိတ်အေးးရပြီ အဟွတ်..
          :kwi:
          ——
          NLD စပါယ်ရှယ်လစ်တွေ
          —————————
          နိုင်ငံရေးဂုရုကြီးတွေက ဒီလိုဝေဖန်တယ်
          ဒေါ်စုအနေနဲ့
          “ ဪ တသီးပုဂ္ဂလ သူလား ဟုတ်တာပေါ့၊ သူ့ကိုမဲပေးသင့်တယ်ပေါ့၊ ဟုတ်တယ် ကျမတို့ ပါတီက ကိုယ်စားလှယ်ကို မပေးနဲ့သိလား၊ အဲဒီတစ်ယောက်ကိုပေးလိုက် သူက သိပ်တော်တာ၊ ကျမတို့ ပါတီရဲ့ ကိုယ်စားလှယ်လောင်းကို အားလျားနေလို့ သက်သက်မဲ့ ဝင်ရွေးခိုင်းထားတာ အလကား။ ဟိုတစ်ယောက်ကိုပဲမဲပေး၊ ကျမတို့ အားလျားလို့ မဲဆွယ်နေတာ သက်သက်ရယ်၊ ကျမတို့ကိုယ်စားလှယ်လောင်းကို မဲမပေးနဲ့သိလား” လို့ မဲဆွယ်ပွဲမှာပြောသင့်တယ်တဲ့။

          NLD ကိုမဲပေးမဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့
          “ဟင့်အင်း ..မပြောဘူး၊ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ မပြောရဘူး၊ ရွတ် .. တိုးတိုး၊ ပါးစပ်ပိတ်ထား မပြောနဲ့ မင်း ဘယ်သူ့ကို ပေးမယ် မပြောနဲ့၊ ငါ ဘယ်သူ့ကိုပေးမယ်မပြောရဘူး၊ ပြောရင် နိုင်ငံသားမဲပေးခွင့် ကိုယ်ကျင့်စံကို ဖေါက်ဖျက်တာပဲ” ဆိုပြီး မဲပေးမဲ့အကြောင်း ဘယ်သူ့ကိုမှမပြောပဲ တိတ်တိတ်ကလေး ပါးစပ်ပိတ်နေသင့်တယ်တဲ့။

          အဲဒီ ဂုရုကြီးတွေကို “ဟိုမှာ NLD မဟုတ်တဲ့ ပါတီတွေက ဘာသာရေးရော၊ ငွေကြေးရော၊ အာဏာနဲ့ရော ကြိုက်သလိုပြောကြိုက်သလိုဆွယ်နေကြပါလား။ တပ်ရင်းမှူးကိုယ်တိုင်က တပ်သားတွေရဲ့ မှတ်ပုံတင်သိမ်းပြီး တသွေးတသံတမိန့် တင်္ညတညွှတ်မဲထည့်ရေး လုပ်နေပါလား။ ကော်မရှင်ကိုယ်တိုင်က NLD နဲ့ ကျန်တဲ့ ပါတီကိုယ်စားလှယ်လောင်းတွေကို အသေအချာစိစစ်ပြီး မသင်္ကာတာနဲ့ ချက်ခြင်း ဖြုတ်ချချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နိုင်ငံသားဖြစ်မှုနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဥပဒေနဲ့ ငြိစွန်းနေသူကိုတော့ ဗြောင်ပဲ လွှတ်ပေးနေပါလား၊ ဒါတွေကျ ခင်ဗျားတို့ ဘာလို့ မဝေဖန်သလဲ မထောက်ပြသလဲ” ဆိုတော့ ဟင် ဟုတ်လား၊ သိဘူးလေ။ ကျုပ်တို့က အဲဒါတွေမသိဘူး ဘာလို့လဲဆိုတော့ ကျုပ်တို့က NLD နဲ့ ဒေါ်စု ကိုပဲ ဝေဖန်ဖို့ စောင့်ကြည့်နေတဲ့ စပါယ်ရှယ်လစ်တွေမို့ပါတဲ့။

          Credit to Aung Zin Min

Leave a Reply