မြိတ်ကော်ပြန့်စိမ်း စားကြပါဦး…

ကုိ ထြဋ္October 19, 20152min1239

 

11021149_1606690429553077_2216506750538284352_n

10256184_1606690382886415_8836933305444452790_n

10998868_1606690366219750_8078163711496899480_n

10348458_1606690239553096_7420745025555351929_n

10991135_1606690506219736_6743211199311733501_n

10481950_1606690349553085_6435249259450433708_n

10432481_1606690332886420_1051782715615680432_n

11009986_1606690516219735_2489707742334383064_n

 

 

– မေ့သွားမှာစိုးလို့ ပြန်လာပြီး မိတ်ဆက်တာ… ရေမြေ့သနင်းပါ… ဖွဘွတ်မှာ ကိုထွဋ်… လမ်းတွေ့ရင် နှုတ်ဆက်ပါနော်…

– ဒါလေးက အဘွား အမွေ မြိတ်ကော်ပြန့်စိမ်းပါ… မြိတ်မှာ ဒေါ်ခင်နုဆိုပြီး ရောင်းပါတယ်…

– လုပ်တတ်လားဆို နိုးပါ… အဒေါ် အဖေ့ ညီမ လာတုန်းက လုပ်စားထားတာပါ…

– မုန့်သား လိပ်တဲ့ အရွက် ကိုယ်တိုင်လုပ်တာပါ… နူးညံ့ပါတယ်… ပါးစပ်ထဲ ထည့် သွားလေးနဲ့ ကိုက်တောင် မကိုက်ရပါဘူး.. တင်ရုံနဲ့ ပြတ်ပါတယ်…

– အစာကတော့ စိမ်းစားဥကို မုန်လာဥတွေ ဂေါ်ဖီတွေ နေရာမှာ သုံးပါတယ်… အချိုပိုလေးအောင်ပါ…

-နောက်တခုက အချဉ်ရည် ၂ မျိုးပါ.. အချို နဲ့ အစပ် (၂ ခုလုံး ထည့်ရပါတယ်… )

-အချိုက ကြက်သွန်ဖြူ နဲ့ လုပ်ပြီး၊ အစပ်က ငရုတ်သီးခြောက်ကို ရေဆေးထောင်းပြီး ပအုန်းရည်နဲ့ လုပ်ပါတယ်…

-အရင်ဆုံး ဆလပ်ခင်းပါတယ်… အချဉ်ရည် ၂ မျိုးလုံး ထည့်ပါတယ်… စိမ်းစားဥကြော် ထည့်ပါတယ်..

-အပေါ်က ဘိုစားပဲ၊ ဘဲဥအချပ်လိုက်ကြော် သေးသေးလေးတွေ ညှပ်ထားတာ ဖြူ  းပါတယ်… ပဲပင်ပေါက် ရေနွေးဖျော် ထည့်…

-နံနံပင်၊ ကြက်သွန်ဖြူ ဆီချက်၊ ကြက်သား သို့မဟုတ် ဂဏန်း (၂ မျိုးလုံးထည့်လဲ ရ…)

-ပြီးရင် လိပ်ပြီး ကတ်ကြေးလေးနဲ့ ဖြတ်ပြီး စားရုံပါ… အချဉ်ကြိုက်သေးရင် အပေါ်က အချို သို့မဟုတ် အစပ် နှစ်သက်ရာ ထပ်ဆမ်းပြီး စားလို့ရပါတယ်..

-အောက်က ဌက်ပျောရွက်ခံရင် ပိုကောင်းပါတယ်…

 

 

ရေမြေ့သနင်း

9 comments

  • တောင်ပေါ်သား

    October 19, 2015 at 11:37 am

    ကော်ပြန့်စိမ်းက ပေါက်ဆီလိုပေါင်းထားရတဲ့ ကော်ပြန့်စိမ်းမျိုး အရမ်းကြိုက်

    အနော်ရထာလမ်းပေါ်က ရွှေဖလားလဘက်ရည်ဆိုင်မှာ ခဏ ခဏစားဘူးတယ်

    အခုတော့ အဲဒီဆိုင်နေရာဖျက်လိုက်ပြီး တိုက်သစ်ကြီးဆောက်နေလေရဲ့

    • Yae Myae Tha Ninn

      October 19, 2015 at 1:07 pm

      ဦးမျိုးပြောတဲ့ ကော်ပြန့်စိမ်းက ကြေးအိုးအဖတ် နဲ့ လုပ်တာ .. အခုက ပါးပါးလေးခင်ဗျ့… မတူဘူး… မြိတ်ကော်ပြန့်ဆိုတောင် အစာတူမယ်… အဖတ်လုပ်တာကျတော့ ကိုယ်တိုင်မလုပ်ကြတာများတယ်.. အလွယ်ဝယ်တတ်ကြတယ်… 🙂

  • ဇီဇီခင်ဇော်

    October 19, 2015 at 11:40 am

    စားချင်စရာလေးအေ။
    စားကြည့်ဖူးမှ ကော်ပြန့်စိမ်းကို အကြော်ထက် ကြိုက်တယ်။
    နင်းနင်းရေ။

    နေကောင်းရဲ့လားး

    🙂

    • Yae Myae Tha Ninn

      October 19, 2015 at 1:09 pm

      အဲဒီ ကော်ပြန့်က ကြော်လဲ ရတယ်… အချဉ်မထည့်ဘဲ ကြော်.. ပြီးမှ အချဉ်ဆမ်းစား ရတယ်… ဒါပေမဲ့ အစိမ်းက ပိုကောင်းပါတယ်… နေလဲ ကောင်းပါတယ် ခင်ဗျာ.. ကျေးဇူးပါ… 🙂

  • Alinsett @ Maung Thura

    October 19, 2015 at 2:36 pm

    .မြိတ် ကတ်ကြေးကိုက်တော့ အတော့်အတော်ကို ကြိုက်မိ… စားမိ..

    • Yae Myae Tha Ninn

      October 19, 2015 at 4:58 pm

      စားချင်တရက် အိမ်ကို စုလာလေ… ကြော်ကျွေးမယ်… တကယ် ပြောတာ… 🙂

  • Shwe Ei

    October 19, 2015 at 3:17 pm

    -အရွက်က ဘယ်မှာဝယ်ရတာတုန်း ???

    • Yae Myae Tha Ninn

      October 19, 2015 at 4:54 pm

      ကိုယ့်ဘာသာ လုပ်တာပါ ခင်ဗျာ… 🙂 အဒေါ် လုပ်တာ ပြောပါတယ်…

  • Ma Ma

    October 19, 2015 at 5:25 pm

    ကော်ပြန့်စိမ်းကြိုက်တယ်။ 🙂

Leave a Reply