ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား

BayoteMarch 24, 20101min18711

သင့်မှာ ချစ်သူရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူးပါသလား။ ပြီးတော့ ချစ်သူကိုနမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတာကိုရော သိပါသလား။ ကဲ … စိတ်ဝင်စားတယ်ဆိုရင် အောက်မှာရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်းဘယ်ပုံ ဆက်စပ်နေတယ်ဆိုတာကို ဆက်ပြီး ဖတ်ကြည့်ပေါ့နော်။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် နမ်းတယ်ဆိုတာ ခံစားချက်အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေအရပါ ချစ်ခင်နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံရတဲ့သူကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့။ ကဲ … ဒါဆို် အနမ်းနဲ့ပတ်သတ်တဲ့ Definitionလေးတစ်ခုလောက် ထုတ်ကြည့်ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်းယုံကြည်မှုအရတော့ နမ်းတယ်ဆိုတာ “နှစ်လိုဖွယ် ခံစားဆက်ယှက်မှုကို ပါးစပ်ကမပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့သင်္ကေတ” လို့ ဖော်ပြထားပါတယ်။ နောက်ပြီးတော့ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလိုရရှိနိုင်တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ … ၁။ တစ်ယောက်ကိုတစ်ယောက် နမ်းနေကြတဲ့အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့ သွေးကြောတွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်းကိုလည်း မြန်လာစေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်းစေပါတယ်။ ၂။ နမ်းနေတဲ့အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှားလာအောင် ဦးနှောက်က လှုံ့ဆော်ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်စေပြီး မျက်နှာတစ်ပြင်လုံး ပိုမိုချောမွေ့လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြောတွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီးကောင်းလာစေပါတယ်။ ၃။ နောက်တစ်ခုကတော့ ဝတဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့်ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်းစေတယ်ဆိုပဲ။ ဒါကြောင့် ဝိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ။ ၄။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှုတွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ ဟိုမုန်းဓာတ်တစ်မျိုး ဦးနှောက်က ထုတ်ပေးတာကိုလည်း တားဆီးပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီးတွေလို့ ထင်မှတ်လာတတ်တယ်လို့ သုတေသီတွေက အတည်ပြုထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ ကုထုံးတစ်ခုပါပဲ။ ၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါကာကွယ်ဆေး တစ်မျိုးပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦးဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝကိုယ်ခံစွမ်းအားတွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြတဲ့အခါ သူတို့တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေတဆင့် ပေါင်းစပ်သွားပါတယ်။ အဲဒီကနေတဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့်ခန္ဓာကိုယ်ထဲ ပေါင်းစပ်ရောက်ရှိလာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင်တွေက နာမည်ပေးထားပါတယ်။ ၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွပေးပါတယ်။ ဘယ်လိုအချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံးအကြိမ် နမ်းဖူးတဲ့အခါ ပေါ်ပေါက်လာတတ်တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ်ယောက်ရဲ့ ဦးနှောက်အရည်အသွေးဟာ ထိပ်ဆုံးအဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည်ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။ ၇။ နောက်ဆုံးတစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန်ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား???

မှတ်ချက်။ ။သူငယ်ချင်း Facebook ကရလိုက်ခြင်း ဖြစ်ပါတယ်။

11 comments

  • susunosuki

    April 17, 2010 at 3:20 pm

    တယ်ဟုတ်ပါလား
    ကျွန်တော်ကျန်းမာရေးကောင်းဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု့ရှိဖို့ချစ်သူတစ်ယောက် အမြန်ရှာရတော့မယ်
    စိတ်ကူးခြင်းတိုက်ဆိုင်သူ မိန်းကလေး များ အကြောင်းကြားကြပါ

  • chit su

    April 23, 2010 at 4:35 am

    တစ်ယောက်နဲ့တစ်ယောက် ကိုယ်ခံအားမတူဘူးဆိုတော့ ကျန်းမာရေးကောင်းအောင် ရည်းစားများများ ထားရမလိုဖြစ်နေပြီ နော် …………..:P

  • laypyay

    May 2, 2010 at 3:07 pm

    ဒါကြောင့် ဝိတ်ကျချင်ရင် ရည်းစားကို များများနမ်းကြပါ ဆိုတာလေးတော့ စိတ်ဝင်းစားသွားပြျီဗျို့ ၅ မိနစ်တစ်ခါ နမ်းတော့ မယ် ..ဟီဟိ.။

  • စစ်ဝေး

    May 28, 2010 at 6:35 am

    ဒီဆောင်းပါးလေးကို “အနမ်း Certificate” လို နာမည်ပေးချင်တယ်ဗျာ။ အနမ်းခံဖို့ ညင်းဆန်နေတဲ့ ချစ်သူ ကောင်မလေးများရှိရင် ဒီဆောင်းပါးလေးကို ပရင့်ထုတ်ပြီး သူ့ကိုပေးဖတ်လိုက်။ ဒါဆို Permit ကျလာမယ် ထင်တယ်။ သူလည်းကောင်း၊ ကိုယ်လည်းကောင်း…။ ကျန်းမာရေးကို ပြောတာပါ။ အဟိ။

  • aung

    August 1, 2010 at 7:54 am

    ကောင်းလိုက်တဲ့အကျင့်လေးဗျာ။ဒီဆောင်းပါးလေးပြပြီး ကောင်မလေးနဲ့ညှိလိုက်ရင်တော့ အိုကေပဲ။တော်တော်အထောက်အကူပေးတယ်နော်။

  • SoeLin

    August 27, 2010 at 10:54 am

    ကောင်းလိုက်တာဗျာ ..
    ကျန်းမာရေးပြောပါတယ်….

  • blackprince72

    September 22, 2010 at 8:54 pm

    ကောင်မ လေး တောင် လွမ်း လာ ပြီ ။ကောင်မ လေး ဆီ သွား ပြီး ကျန်းမာရေး လေးကျင်.ခန်း လုပ် ရ မယ် ။

  • koyinmaung

    November 2, 2011 at 11:07 pm

    ကဲ ကျန်းမာရေးနဲ့ညီအောင်ဆိုပါလား
    ရည်းစားတော့မရှိ မိန်းမဘဲရှိတော့
    အင်…မမယ်မရေ ခဏလာအုံးဟ……ဟေဟေ့

    • etone

      November 3, 2011 at 10:37 am

      ထိုစဉ် မမယ်မမှာ … မီးဖိုခန်းမှ ငါးခုတ်နေရင်း … ဓါးမကိုင်ကာ ထွက်လာပြီး
      ” ဘာတုန်း ” ဟုဆိုသော အခါ …
      ကိုရင်မောင်ခမျာ ” ဘာမှ မဟုတ်ပါဘူးကွာ ” ဟု ခေါင်းကုတ်ရင်း စပ်ဖြီးဖြီးသာ လုပ်လိုက်ရပါတော့သည် :mrgreen:

  • nandarli darli

    May 9, 2012 at 5:49 pm

    တကယ် ကျန်းမာရေးကောင်းတာလား … ဒါဆိုရင်တော့ စမ်းကြည့်ချင်တယ် … ဒါပေမဲ့လည်း ချစ်သူက မရှိတော့ခက်တယ် … ချစ်သူ အမြန်ရှာလိုက်တော့မယ် … ကျန်းမာရေးကောင်းတယ် ဆိုလို့ပါ … ကျန်းမာရေး … ကျန်းမာရေး … ဟိ ဟိ 😛

    • windtalker

      May 9, 2012 at 7:16 pm

      ညီမလေး ဒါလီ သာ တစ်ကယ်လိုချင်တယ် လို ့ရဲရဲကြီး ထုတ်ဖော်ပြောလိုက်ပါကွယ် ။ ဟီဟိ

Leave a Reply