ကွန်ပျူတာကြည့်မှုလက္ခဏာစု

etoneAugust 26, 20101min582

ယနေ့အချိန်သည် ဆက်သွယ်ရေးနည်းပညာတိုးတက်လာသောေ

ခတ်ဖြစ်သည်။ ကွန်ပျူတာအသုံးပြုမှုမှာလည်း တွင်ကျယ်လာခဲ့သည်။ တချို့အလုပ်သမားများသည် နေ့စဉ်ကွန်ပျူတာစားပွဲ၌ ၈နာရီလောက်အချိန်ကုန်နေကြရသည်။ ဤတွင် ကွန်ပျူတာနှင့်ပတ်သက်သော ပြသာနတစ်ရပ် ပေါ်လာခဲ့သည်။ ယင်းမှာ ကွန်ပျူတာကြည့်မှုလက္ခဏာစုဖြစ်ပါ၏။ ကွန်ပျူတာကိုအချိန်ကြာမြင့်စွာ နားချိန်မပေးဘဲ အသုံးပြုမည်ဆိုလျှင် မျက်စိအား မလိုလားအပ်သော ဒဏ်ပိမှုဖြစ်စေသည်။ မျက်စိအား နွမ်းနယ်မှု၊ တင်းကျပ်မှု၊ ဖိစီးမှုတို့ ဖြစ်စေပါသည်။ ထို့နောက် မျက်စိခြောက်သွေ့ခြင်း၊ မျက်စိကိုက်ခြင်း၊ အမြင်ဝေဝါးခြင်း၊ အနီးကပ်ကြည့်ရာတွင် မကြည်လင်ခြင်း၊ နှစ်ထပ်၊ နှစ်ခုမြင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အလင်းရောင်တောက်တောက်ကို ကောင်းစွာမကြည့်နိုင်ခြင်း၊ မျက်ကပ်မှန်တပ်သူများအတွက် အနေရ၊ အထိုင်ရခက်ခဲခြင်းစသည့် လက္ခဏာများ စတင်ခံစားလာရပါလိမ့်မရ်။ ကွန်ပျူတာအသုံးပြုသူများသည် မျက်တောင်ခတ်ကြိမ် နည်းသွားကြောင်းတွေ့ရှိ၏။ ကြာရှည်သုံးစွဲပါက အနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်း၊ မျက်စိအကြည်လွှာ အခုံးမညီခြင်း၊ စူးစိုက်မှု အားနည်းခြင်း၊ မျက်စိ၏ ညှိနှိုင်းလုပ်ဆောင်နိုင်မှုအားနည်းခြင်းစသည်တို့ဖြစ်ပေါ်လာတတ်ပါသည်။ ကွန်ပျူတာ အသုံးပြုသူများကို ဖော်ပြသည့် လက္ခဏာများ မဖြစ်ပွားစေရန် ရည်သန်၍ အောက်ပါအချက်များကို လိုက်နာသင့်ကြောင်း…
(၁)ကွန်ပျူတာမြင်ကွင်း မျက်နှာပြင်အား မျက်စိရှေ့ ၃ဝ မှ ၆ဝ စင်တီမီတာအကွာ၌ ထားရပါမည်။
(၂)မြင်ကွင်းအလယ်နှင့် ထိပ်ပိုင်းအတွက် မြင်ကွင်းထောင့်မှ ၁ဝ မှ ၂ဝ ဒီဂရီအတွင်း ရှိသင့်ပါသည်။
(၃)ကွန်ပျူတာကို ပြတင်းတံခါးအား ကျောပေးခြင်း သို့မဟုတ် မျက်နှာမူထားခြင်းထက် ဘေးတို်ကအနေအထားသည် ပို၍ ကောင်းမွန်သင့်တော်ပါသည်။
(၄)အခန်း၏အလင်းရောင်ကိုလည်း သင့်တင့်မျှတစေရပါမည်။
(၅)Resolutionမြင့်သော မော်နီတာကောင်းကိုသာသုံးသင့်၏။
(၆)မြင်ကွင်း၏တောက်ပမှုကို ထိန်းချုပ်ထားရန် လိုသည်။ အရောင်အသွေးတောက်ပမှုကိုလည်း အမြင်အာရုံနှင့်သင့်တော်အောင် ဆောင်ရွက်ထားရပါမည်။
(၇)တောက်ပလွန်းခြင်း၊ ရောင်ပြန်ဟပ်ခြင်းတို့ကို ကာကွယ်နိုင်သည့် နည်းပညာအသုံးပြုထားသည့် ကွန်ပျူတာမျိုး သုံးသင့်ပါသည်။
(၈)မိမိကိုယ်မိမိ သတိထား၍ မျက်တောင်ခတ်ပေးရန် လိုအပ်ပါသည်။ မျက်တောင်ကို အနည်းဆုံး မိနစ်သုံးဆယ်လျှင် ဆယ်ကြိမ်ခတ်ပေးသင့်သည်။ မျက်စိခြောက်သွေ့မှုမှကာကွယ်နိုင်မည် ဖြစ်ပါ၏။
(၉)မျက်စိဆရာဝန်အား မျက်ရည်တု သို့မဟုတ် မျက်စဉ်းအရည် စွဲသုံးရန် အကြံဉာဏ်တောင်းခံသင့်သည်။ မိမိသဘောဖြင့် ဝယ်ယူသုံးစွဲခြင်းထက် ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် သုံးသပ်၏။
(၁၀)အသက် ၄ဝ ကျော်သူများဖြစ်လျှင် မျက်စိဆရာဝန်နှင့် ပုံမှန်စစ်ဆေးမှု ခံယူရန်လည်း အရေးကြီးပါသည်။

2 comments

  • လင်းဝေကျော်

    August 26, 2010 at 9:16 am

    တစ်နေ့တစ်နေ့ ကွန်ပျူတာကိုကြည့်ပြီး စာဖတ်နေလိုက်တာ
    အခုတော့ မျက်မှန်တပ်ရတော့မယ်။

  • Gong Zhu

    September 15, 2010 at 1:32 am

    ဟုတ်တယ် ။ မျက်လုံးတွေကိုက်လာတာသိလား . . .

Leave a Reply