1

Credit – Original Uploader

 

Credit - Original Uploader

Credit – Original Uploader

 

 

ဦးတင်အေး က တော့ နက်ဖြန် ကပ်တဲ့ မဲ စာရင်းကလည်း ၃၀ ရာနှုန်းပဲ မှန်ဦးမယ် ဆိုပဲ။
မဲစာရင်းတောင် မှန်အောင်မကောက်နိုင်တဲ့ ဒေါ်စိန်အေးကျောင်းထွက် တွေလက် နိုင်ငံ ဆက်အပ်ချင်တယ် ဆိုရင်တော့ သဘောပေါ့နော့။

သူတို့က ညစ်သထက် ညစ်မှာမို့ ကျနော်တို့က သေချာသထက်သေချာအောင် လုပ်ရအောင်ပါ။

~~~~~~~~~~~~~

.

.

.

 

နောက်ပြီး ဒီပုံလေးကို ကြည့်။

.

.

နောက်ပြီး ဒီပုံလေးကို ကြည့်။

နောက်ပြီး ဒီပုံလေးကို ကြည့်။

.

.

၅၆ နဲ့ ၄၃၆ တုန်းက လွှတ်တော်မှာ မဲခွဲခဲ့တဲ့ မတရားသဖြင့်စံနစ်ကိုသာ ကြည့်ကြပါတော့ဗျာ…!!နိုင်တဲ့ ဟာကို ရှုံးအောင်လုပ်ထားတာ။

.
ဒီ ရွေးကောက်ပွဲ မှာလည်း ဒီလိုပါပဲ။

ရွေးကောက်ပွဲမှာ ၅၀ % နိုင်မှ လွှတ်တော်မှာ ၃၇ % ပဲ ရမယ်။
ကျက်သရေတုန်းတွေက ၂၅ % ယူထားတာ။
(သူတို့ စစ်သား အစိတ်သားကို လွှတ်တော်ထဲ ထည့်တဲ့ ရည်ရွယ်ချက်ကဒါပဲ။ ခါးပိုက်ဆောင် တပ် လို့ ပြောတော့မကြိုက်ချင်)

ဒီတော့ NLD က ၅၀ % နိုင်ပြီး ဖွတ်တွေက ၂၀ % ပဲ နိုင်ဦး လွှတ်တော်မှာ ၁၅ % ရမယ်။(ကျန်စုစုပေါင်း ၃၀% က အခြားပါတီတွေက နိုင်တယ် ထားဦး)
NLD ဟာ ၃၇ %၊
ဖွတ်အတွက်က ၁၅ % + ၂၅ % = ၄၀ % နဲ့
သမ္မတကို ခန့်ပြီး အစိုးရဖွဲ့လို့ရတယ်။ (အစိတ်သား ခိုးပြီးသားကိုး)

NLD က ရွေးကောက်ပွဲမှာ စုစုပေါင်း မဲရဲ့ ၇၀ %နိုင်ထားမှ စိတ်ချလက်ချ သမ္မတ တစ်ယောက်တင်ပြီး အစိုးရ ဖွဲ့နိုင်မယ်။

တကယ်လို့ ၆၅ % ဆိုရင် ဖွတ် ဘယ်လောက် နိုင်မလဲ ဆိုတာအပေါ်မူတည်မယ်။
ဖွတ်က ၃၅ % ရသွားရင်တော့တမတ်သားနဲ့ ပေါင်းပြီး ၅၁ % ဖြစ်သွားနိုင်ပြီး ၆၅ % အနိုင်က ၄၅ % သာ ဖြစ်လို့ အစိုးရဖွဲ့နိုင်ဖို့ မဖြစ်နိုင်။
သို့သော် …
အခြားပါတီတွေက အနိုင်ရမယ့် % ကိုထည့်တွက်ရင် ၆၅ % ကို ပါတီ တစ်ခုတည်းက နိုင်ထားရင်တော့ .. မျှော်လင့်ချက်ရှိတယ်။

ဒီတော့ ၆၅ % နဲ့ အထက် နိုင်မှ အရပ်သား အစိုးရဖွဲ့ဖို့ မျှော်လင့်ချက်ရှိတယ်။ ၇၀ % နား နီးသွားရင်တော့ ပိုသေချာသွားမယ်။

.ခြုံပြောရရင် သချာင်္နည်းအရ..

ကြိုက်သလို ပြော …
ကြိုက်တဲ့ လူ .. ကြိုက်တဲ့ ပါတီကို အားပေး …
ဒီမိုကရေစီ အင်အားစုထဲကအားလုံးပေါင်းပဲ ဖြစ်ဖြစ်၊ NLD မဟုတ်တဲ့ ပါတီ တစ်ခုခုကပဲ ဖြစ်ဖြစ် ကြိုက်တဲ့လူကို သဘောကျလို့ မဲပေးလို့ရတယ်။
ဒါပေမဲ့ NLD အပြင် ရွေးကောက်ပွဲမှာ ၇၀ % ဘယ်သူ(တွေ) ရအောင် လုပ်နိုင်မလဲ??????????
NLD က ၇၀ % ရမှ တိုင်းပြည်မှာ ထင်သာတဲ့ အပြောင်းအလဲ ဖြစ်မယ်။ အရပ်သား အစိုးရ ဖြစ်မယ်။
NLD က ၇၀ % မှ မရရင် စစ်ဖိနပ်အောက်မှာပဲ … ဆက်နေကြရလိမ့်မယ်။

ဆိုတော့ ကိုယ့်ရွေးချယ်မှုလေးကို သေချာအောင် လုပ်ရအောင် မနက်ဖြန် မဲ စာရင်း ပြန်ကြည့်ပေးကြပါ။
ဘယ်လိုပဲဖြစ်ဖြစ် မဲစာရင်းမှာ ကိုယ့်နာမည်လေး မှန်မှန်ကန်ကန် ပါနိုင်အောင် နည်းမျိုးစုံနဲ့ ကြိုးစားပေးကြပါလို့။

အချက်အလက် Credit to ကိုထိုက်

~~~~~~

ဇီဇီ

About ဇီဇီ

ဇီဇီ has written 333 post in this Website..

CJ # 129120