ခြံစည်းရိုးပေါ်က ပညာရှင်များ အပြစ်ရှာရန် ကုန်ကြမ်းများး – NLD ရွေးကောက်ပွဲကြေညာစာတမ်း

ဇီဇီSeptember 15, 20152min404622

ဒီနေ့ ထွက်လာတဲ့ အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကြေညာစာတမ်း ပါ။

Credit: NLD အောင်နိုင်ရေးလှုပ်ရှားမှု

~~~~~~~~~~~~~~~~~

.

.

.
ကဲကဲ။
ဘာမှ မပြောပဲ မဲပေးခိုင်းတယ်တို့ ဘာတို့ ပြောနေတဲ့၊
ပြောနေတာတွေ ကို ထောက်ခံတဲ့ သူတွေ ဖတ်ကြ။ ဖတ်ကြ။
မျက်စိကြီးမှိတ်ပြီးတော့ မဖတ်ကြနဲ့ ၊
မမြင်ပဲ နေမယ်။
ဟေးဟေးဟေးးး

:mrgreen:

.

.
 ဒါဖတ်ပြီးရင်လည်း ဒီထဲက ဟာလေး ကောက်သင်းကောက်ပြီး အပြစ်ရှာကြတာပေါ့နော်။
 ပျော်စရာကြီးပါ။

.

:mrgreenn:

~~~~~~~~~~~~~~~~~~~

.

.

.

ပြောင်းလဲချိန်တန်ပြီ
…………………….
၁။ တိုုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး
၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး
၃။ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုုပ်ချုပ်မှုစနစ် တစ်ရပ် ပေါ်ပေါက်လာရေး
၄။ လွတ်လပ်လုုံခြုံစွာ ဖွံ့ဖြိုးတိုုးတက်ရေး
……………………………………
၁။ စီးပွားရေး
၂။ တောင်သူလယ်သမား
၃။ မွေးမြူရေးနှင့် ရေလုုပ်ငန်း
၄။ အလုုပ်သမား
၅။ ပညာရေး
၆။ ကျန်းမာရေး
၇။ စွမ်းအင်
၈။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
၉။ အမျိုးသမီး
၁၀။ လူငယ်
၁၁။ ဆက်သွယ်ရေး
၁၂။ သယ်ယူပိုု့ဆောင်ရေး
၁၃။ မြို့ပြဖွံ့ဖြိုးရေး
………………………………….

ပြည်သူလူထုု၏ ဘဝများ ပြောင်းလဲချိန်တန်ပြီ။

ပြည်သူလူထု၏ ဘဝများ ပြောင်းလဲလာစေရန်
……………………………………………….

၁။ တိုုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး
၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး
၃။ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ် တစ်ရပ် ပေါ်ပေါက်လာရေး
၄။ လွတ်လပ်လုုံခြုံစွာ ဖွံ့ဖြိုးတိုုးတက်ရေးတို့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ဦးတည်ဆောင်ရွက်မည်ဖြစ်သည်။

.

.

.

၁။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အောက်ပါတိုု့ကိုု ဆောင်ရွက်မည်။

(၁) တိုု်င်းရင်းသားအားလုုံး လက်တွဲမဖြုတ်စတမ်း သွေးစည်း ညီညွတ်မှုဖြင့် ပြည်ထောင်စုုကြီးတစ်ခုုလုုံး ငြိမ်းချမ်းသာယာရေး၊ဖွံ့ဖြိုးတိုုးတက်ရေးနှင့် တည်တံ့ ခိုင်မြဲရေး အတွက် ဦးတည် ဆောင်ရွက်မည်။

(၂) ပြည်တွင်း လက်နက်ကိုုင်ပဋိပက္ခများ၏ အရင်းအမြစ်များကိုု ဖယ်ရှားရန် အာဃာတကင်းစင်ပြီး ပင်လုုံစိတ်ဓါတ်ကိုုအခြေခံသော နိုုင်ငံရေးတွေ့ဆုုံ ဆွေးနွေးပွဲ များမှတဆင့်ပြည် သူ့ဘဝ လုုံခြုံအေးချမ်းစေမည်။

(၃) လွတ်လပ်ခြင်း၊ တူညီသောအခွင့်အရေးရရှိခြင်းနှင့်ကိုုယ့် ကြမ္မာ ကိုုယ်ဖန်တီးခွင့် ရှိခြင်းတိုု့နှင့် ပြည့်စုုံသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုုကရေစီပြည်ထောင်စု တည်ဆောက်ရေးကိုု ဦးတည်ဆောင်ရွက်မည်။

(၄) ပြည်ထောင်စုုဝင် ပြည်နယ်နှင့်တိုုင်းဒေသကြီးအားလုုံး ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုုးတက် စေရန် ပွင့်လင်း မြင်သာသော စီမံချက်များချမှတ် ဆောင်ရွက်မည်။

(၅) သဘာဝအရင်းအမြစ်များ ထုုတ်ယူရာမှ ရရှိလာသည့် အကျိုးအမြတ်များကိုု ဖက်ဒရယ်ပြည်ထောင်စုုမူ နှင့်အညီ ဒေသအလိုုက်မျှတစွာခွဲဝေခံစား ခွင့်ရရှိစေရမည်။

(၆) တိုုင်းရင်းသားများသည် အချင်းချင်းအကြား ဖြစ်ပေါ် သော ပြဿနာများကို အပြန်အလှန် လေးစားမှုဖြင့် စားပွဲဝိုုင်း ဖြေရှင်းနည်းဖြင့် ဖြေရှင်းမည်။

.

.

.

၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေး ကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး အတွက် လက်ရှိ အခြေခံဥပဒေကိုု အောက်ပါမူများအတိုုင်း ပြင်ဆင်သွားမည်။

(၁) အခြေခံလူ့အခွင့်အရေး၊ဒီမုိုကရေစီစံနှုန်းများနှင့်ညီညွတ် ရမည်။

(၂) ရှေ့နောက် အဓိပ္ပါယ်ကွဲလွဲမှု မရှိစေရ။

(၃) ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုုင်းရင်းသားများ၏ အခွင့်အရေးများကိုု အာမခံရေးနှင့် ဖက်ဒရယ် ဒီမိုုကရေစီ ပြည်ထောင်စုု ထူထောင်မည်။

(၄) စစ်မှန်သော ပါတီစုုံဒီမိုုကရေစီစနစ် ဖော်ဆောင်မည်။

(၅) အပြန်အလှန် ထိန်းကျောင်းနိုုင်သည့် ဥပဒေပြုရေး၊ အုုပ်ချုပ်ရေးနှင့် တရား စီရင်ရေးစသည့် မဏ္ဍိုင်ကြီးသုုံးရပ် အား တစ်ဖက်စောင်းနင်း မဖြစ်စေရ။

(၆) နိုုင်ငံသားများ၏ တန်းတူညီမျှမှု အခွင့်အရေးကိုု ကာကွယ်စောင့်ရှောက်မည်။

.

.

.

၃။ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာရေး တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးလွတ်လပ်မှု၊ လုံခြုံမှုရှိ စေရန် ပြည်သူလူထုအား တရားမျှတစွာ ကာကွယ်ပေး နိုင်မည့် အုပ်ချုပ်မှုစနစ် တစ်ရပ် လိုအပ်သည်။ ထိုုကဲ့သိုု့သောအုပ်ချုပ်မှု စနစ်တစ်ရပ် ပေါ်ပေါက်ရန် အောက်ပါ တိုု့ကိုု ဆောင်ရွက်မည်။

(၁) နိုုင်ငံတော်အသုုံးစရိတ် သက်သာနုိုင်ရန်နှင့် စွမ်းဆောင် ရည်ပြည့်၍ ကျစ်လစ် သော အစိုုးရတစ်ရပ်ဖွဲ့စည်းနိုုင်ရန် ဝန်ကြီးဌာနများကိုု လျော့ချသွားမည်။

(၂) အဂတိကင်းစင်သော လူ့အသိုုင်းအဝိုုင်းဖော်ဆောင်ရန် လိုုအပ်သကဲ့သိုု့ ထိရောက်စွာ ဆောင်ရွက်မည်။

(၃) ပြည်သူလူထုအကျိုးကို ရှေ့ရှုသည့်ဥပဒေများကိုလိုအပ်သကဲ့သို့ ပြင်ဆင် ပြဌာန်းမည်။

(၄) တရားမျှတပြီး ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေး စနစ်ကို ထူထောင်မည်။

(၅) တရားဥပဒေစိုုးမိုုးရေးကိုု အထောက်အကူဖြစ်စေမည့် အုုပ်ချုပ်ရေးနှင့်၊ တရား စီရင်ရေးစနစ်ပေါ်ပေါက်ရန် ဆောင် ရွက် မည်။

(၆) ပြည်သူလူထု ရသင့်ရထိုက်သော လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိပါးစေသည့် ဥပဒေများအား ဖျက်သိမ်း မည်။

(၇) အခြေခံဥပဒေက အာမခံထားသောအခွင့်အရေးများကိုု ထိရောက်စွာ ကာကွယ်၍ ခေတ်နှင့်အညီ မြှင့်တင် သွား မည်။

.

.

.

တရားမျှတပြီး ဘက်လိုုက်မှုကင်းမည့် တရားစီရင်ရေးစနစ် ထူထောင်ရန် အောက်ပါ တိုု့ကိုု ဆောင်ရွက်မည်။

(၁) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး ဖြစ်သည်။

(၂) တရားရေးမဏ္ဍိုင်သည် ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုုပ်ချုပ်ရေးမဏ္ဍိုင်တိုု့နှင့် တူညီ သော အဆင့်အတန်းဖြင့် လွတ်လပ်စွာ တည်ရှိစေရမည်။ အုုပ်ချုပ်ရေးက တရား စီရင်ရေး အပေါ် လွှမ်းမိုုး ချုပ်ကိုုင်မှု ကင်းရှင်းရမည်။

(၃) ပြည်ထောင်စုု တရားလွှတ်တော်ချုပ်သည် မိမိလက် အောက်ရှိ တရားရုုံးများကိုု ကြီးကြပ်ကွပ်ကဲခြင်း၊ ပြုပြင် ထိန်းကျောင်းခြင်းတိုု့ကိုု လွတ်လပ်ပိုုင်နိုုင်စွာ လုပ်ပိုုင်ခွင့် ရှိရမည်။

(၄) ဥပဒေအရ ကန့်သတ်ချက်များမှအပ တရားစီရင်မှုကိုု အများပြည်သူ ရှေ့မှောက် တွင် ဆောင်ရွက်ရမည်။ စွပ်စွဲခံရသူအား တရားဥပဒေနှင့်နှင့်အညီ ခုုခံချေပခွင့် အပြည့်အဝ ပေးရမည်။

(၅) တရားသူကြီးများသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိရန် လိုုအပ် သည့်ကိစ္စများကိုုဆောင်ရွက်မည်။

(၆) ဥပဒေအရပြစ်မှုထင်ရှားစီရင်ခြင်းမရှိသေးသမျှမည်သူ့ကိုုမဆိုုအပြစ်ကင်းသည်ဟုု မှတ်ယူရမည်။

.

.

.

တိုင်းပြည်၏ ကာကွယ်ရေးနှင့် လုုံခြုံရေးအတွက် အောက်ပါ တို့ကို ဆောင်ရွက် မည်။
……………………………………………………………………………
(၁) တပ်မတော်သည် နိုုင်ငံတော်တွင် မရှိမဖြစ်လိုုအပ်သော အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်သည် ဒီမိုုကရေစီကျင့်စဉ်များကိုု ကာကွယ်ဖြည့်ဆည်းပေးသည့်၊ ဂုုဏ်သိက္ခာ ရှိသော အင်အားစုုဖြစ်ရမည်။

(၂) နိုုင်ငံတော် ကာကွယ်ရေးတာဝန်ကိုု ပထဝီသဘော သဘာဝ အခြေအနေများနှင့် ကိုုက်ညီသော မဟာဗျုဟာအရ စစ်ရေးစွမ်းရည်ထက်မြက်၍ နည်းပညာပိုုင်းဆိုုင်ရာ တိုုးတက်သော တပ်မတော်အဖြစ် ခေတ်မီ၍ အဆင့်အတန်း မြင့်မားအောင် တည်ဆောက်သွားမည်။

(၃) တပ်မတော်နှင့် နုိုင်ငံတော်ကာကွယ်ရေး ယန္တယား တစ်ရပ်လုုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ၌သာ တည်ရှိရန် ဦးတည်ဆောင်ရွက်မည်။

(၄) ပြည်သူတိုု့၏ယုုံကြည်အားကိုးလေးစားသော တပ်မတော် ဖြစ်မြောက်ရေးမူအပေါ် ရပ်တည်ဆောင်ရွက် မည်။

(၅) တရားဥပဒေစိုုးမိုုးရေး အောက်တွင် ဥပဒေများနှင့်အညီ ဆောင်ရွက်သော လွတ်လပ်သည့် ရဲတပ်ဖွဲ့ဖြစ် ရမည်။

(၆) မိမိတိုု့၏တာဝန်များကိုု ကျေပွန်စွာ ထမ်းဆောင်နိုုင်ရန် အတွက် နိုုင်ငံတကာ အရည်အသွေးမီသည့် ရဲတပ်ဖွဲ့ ဖြစ်စေရန် ဦးတည်မည်။

.

.

.

တိုင်းပြည်၏ နိုုင်ငံခြားရေးနှင့် ပတ်သက်၍ အောက်ပါတို့ကို ဆောင်ရွက်မည်။
……………………………………………………………………………
(၁) နိုုင်ငံတကာနှင့်ဆက်ဆံရေးတွင် အမှန်တကယ်တက်ကြွ လွတ်လပ်သော နိုုင်ငံခြားရေးဝါဒကိုကျင့်သုုံး၍ နိုုင်ငံရေးအရ ချစ်ကြည်ရင်းနှီးမှုရရှိအောင် ဆောင်ရွက် မည်။ ကမ္ဘာ့နိုုင်ငံများနှင့် ဆက်ဆံရာ၌ ပေါ်ပေါက်လာ သော အရေးကိစ္စရပ်များတွင် စစ်မှန်သော ဒီမုိုကရေစီ အခြေခံများဘက်က ခုိုင်မာစွာ ရပ်တည်မည်။

(၂) နိုုင်ငံအချင်းချင်းအကြား အကျိုးတူစီးပွားရေးလုုပ်ငန်းများ ဖော်ထုုတ်၍ ပူးပေါင်း ဆောင်ရွက်ကြမည်။ အထူးသဖြင့် ဒေသဆိုုင်ရာအဖွဲ့အစည်းများ၊ စီမံကိန်းများတွင် ဒေသ၏အကျိုးကိုု ဦးတည်၍ လက်တွဲဆောင်ရွက်မည်။

(၃) ကမ္ဘာ့ကုုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ နိုုင်ငံတကာငွေကြေးရံပုုံငွေအဖွဲ့ စသည်တိုု့နှင့် ရင်းနှီး ခုိုင်မာစွာ ဆက်ဆံမည်။

(၄) နိုုင်ငံတကာနှင့် ဆက်သွယ်ရာတွင် လူထုုအခြေပြုအဖွဲ့အစည်းများ၏ ကဏ္ဍကိုု အထူးအလေးပေး ဆောင်ရွက်သွားမည်။

.

.

.

၄။ လွတ်လပ်လုုံခြုံစွာ ဖွံ့ဖြိုးတိုုးတက်ရေး
…………………………………………
ပြည်သူလူထု၏ ဘဝများပြောင်းလဲရန် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်မှု လိုအပ် သည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောက်ပါကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်မည်။

.

.

.

စီးပွားရေး
………
(၁) ပြည်သူ့ဘဏ္ဍာရေးစံနစ်ကို ထိရောက်စွာကျင့်သုံးနိုင်ရေး နှင့် ဘဏ္ဍာငွေများ စံနစ်တကျ အပြည့်အဝ ရရှိရေး အမျှော်အမြင်ရှိရှိ သုံးစွဲရေးတို့တွင် ဘဏ္ဍာရေး ကျင့်စဉ်များနှင့်အညီ ပွင့်လင်းမြင်သာသော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်မည်။

(က) အခွန်ကောက်ခံရေးနှင့် စပ်လျဉ်း၍ ပြည်သူများက လိုုလားစွာ ထမ်းဆောင် လိုုစိတ် ရှိစေသည့် အခွန်စနစ် (အခွန်ထမ်း နယ်ပယ်ချဲ့ထွင်နိုုင်ရန် လျော့နည်းသော နှုန်းထားများဖြင့် ကောက်ခံခြင်း) မျိုးပေါ်ပေါက်ရန် တွန်းအားပေးမည်။ မရွှေ့ပြောင်း နိုုင်သော ပစ္စည်းများအပါအဝင် အခြေပစ္စည်းများ လွှဲပြောင်းရောင်းဝယ်မှုမှ ရရှိသည့် အကျိုးအမြတ်များကိုု စနစ်တကျဥပဒေနှင့်အညီ ကောက်ခံသွားမည်။ ကောက်ခံ ရရှိသည့် အခွန်ငွေများ သုုံးစွဲပုုံကိုု အများပြည်သူသိရှိစေရန် ထုုတ်ပြန်မည်။ (ခ) ဘဏ္ဍာရေးဆိုုင်ရာ ဗဟိုုချုပ်ကိုုင်မှုကိုု ဖြေလျော့စေရေးအတွက် ဘဏ္ဍာရေး ဆိုုင်ရာ လုုပ်ပိုုင်ခွင့်နှင့် တာဝန် များ ကိုု ပြည်ထောင်စုုအစိုုးရနှင့် ပြည်နယ်/ တိုုင်း ဒေသကြီး အစိုုးရများ အကြား အသင့်လျော်ဆုုံးခွဲဝေသုုံးစွဲနုိုင် ရန် ဆောင်ရွက်မည်။ တချိန်တည်းမှာပင် တိုုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘဏ္ဍာငွေ ခွဲဝေသုုံးစွဲရေးနှင့် ပတ်သက်၍ မမျှတမှုများ မဖြစ်ပေါ်စေရန် ညှိုနှိုင်းကြိုးပမ်း ဆောင်ရွက် သွားမည်။

(၂)
(က) နိုုင်ငံဖွံ့ဖြိုးတိုုးတက်ရေးအတွက် လိုုအပ်သော အရင်းအနှီးများ၊ နည်းပညာ နှင့် ငွေရေးကြေးရေး ဆိုုင်ရာ အခွင့်အလမ်းကောင်းများရရှိနိုုင်ရန် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ငွေကြေးဈေးကွက်များ ဖြစ်ထွန်းလာရေး တွန်းအားပေးမည်။
(ခ) ဗဟိုုဘဏ်ကိုု အမှန်တကယ် သီးခြားလွတ်လပ်စွာ လုုပ်ကိုုင်ဆောင်ရွက်ခွင့် ပြုမည်။ငွေကြေးတည်ငြိမ်မှု ရှိစေရေး၊ တိုုင်းရင်းသားလုုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လုုပ်ငန်းရှင်များ၊ အသေးစား အလတ်စား စီးပွားရေး လုုပ်ငန်းရှင်များနှင့် တောင်သူ လယ်သမားများ အပါအဝင် ပြည်သူများ၏ ရင်းနှီးငွေကြေးလိုုအပ်ချက်ကိုု ဖြည့်ဆည်း ပေးနိုုင်မည့် ငွေရေးကြေးရေး စံနစ်ပေါ်ပေါက်ရေးကိုု ဦးတည်ဆောင်ရွက်မည်။

(၃)အကောင်းဆုုံး နိုုင်ငံတကာကျင့်ဝတ်များနှင့် ကိုုက်ညီသော နိုုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုများ တိုုးတက် မြင့်မားလာစေရန်အတွက် နှစ်ဦးနှစ်ဘက်ရေရှည် အကျိုးဖြစ်ထွန်းနိုုင်မည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုုင်ရာ နည်းလမ်းများကိုု ချမှတ် ဆောင်ရွက် သွားမည်။ ထိုုသိုု့ဆောင်ရွက်ခြင်းဖြင့် နိုုင်ငံတော်တွင် နိုုင်ငံတကာ ဈေးကွက်သိုု့ ထိုုးဖောက် ဝင်ရောက် နိုုင်ရေး၊ အလုုပ်အကိုုင်အခွင့်အလမ်းသစ်များ တိုုးပွားရေး၊ နည်းပညာ လွှဲပြောင်းရရှိရေးနှင့် လုုပ်အားအရည်အသွေး မြင့်မား လာရေးတိုု့ ပေါ်ပေါက်လာမည်။

(၄)လမ်းပမ်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး၊ သတင်းအချက်အလက် ရရှိရေး အပါအဝင် ထိရောက်သည့် အခြေခံအဆောက်အအုုံများ တည်ဆောက်မည်။

(၅)လယ်ယာကဏ္ဍခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေပြဿနာများ တရားမျှ တစွာ ဖြေရှင်းရေး၊ လယ်ယာမြေအသုံးချခွင့် အာမခံချက် ရှိစေရေးအပြင် လယ်ယာ မြေ ထိန်းသိမ်းခြင်း၊ လွှဲပြောင်းပေးခြင်းများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ထင်သာမြင်သာရှိအောင် ဆောင်ရွက်မည်။ လယ်ယာကဏ္ဍနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော ငွေကြေးနှင့် သွင်းအားစုများ အလုံအလောက် ရရှိရေးနှင့် လယ်မဲ့ယာမဲ့ များ၊ ကျဘမ်းအလုပ်သမားများအတွက် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများ ရရှိရေးဆောင်ရွက်မည်။ လယ်ယာကဏ္ဍ ဦးဆောင်သော တိုးတက်မှု နှင့် ချိတ်ဆက်၍ စက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက် စေကာ ပို့ကုန်တိုးတက် မြင့်မားအောင် ဆောင်ရွက်မည်။

(၆) သဘာဝအရင်းအမြစ်များကိုု ထုုတ်ယူသုုံးစွဲရေးနှင့် စပ်လျဉ်း၍ သဘာဝ ဝန်းကျင်နှင့် ဂေဟစနစ်ကိုု ထိခိုုက်မှု မရှိစေရေးအတွက် သင့်လျော်သည့် နည်းလမ်း များကိုုချမှတ် ဆောင်ရွက်မည်။ ထိုုသိုု့ထုုတ်ယူရာတွင် ပွင့်လင်းမြင်သာသော အစီအမံများကိုု ပြည်သူများသိုု့ အသိပေးရန် စီစဉ်ဆောင်ရွက်မည်။ ရရှိသော အကျိုးအမြတ်များကိုု နုိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုုးတက်မှုအတွက် သီးသန့်ရံပုုံငွေ တစ်ရပ် ထူထောင်ထားရှိမည်။

.

.

.

တောင်သူလယ်သမား
……………………..

နိုုင်ငံ၏လူဦးရေအများစုုနေထုိုင်ရာ ကျေးလက်ဒေသတွင် လူနေမှုဘဝမြင့်မား လာရေး နှင့် ဆင်းရဲမှုလျှော့ချရန် အထူးလိုုအပ်နေပါသည်။ လွတ်လပ်စွာစိုုက်ပျိုးမှုကိုု ကန့်သတ်ခြင်း၊ လယ်ယာမြေပိုုင်ဆိုုင်မှု လုုံခြုံမှုမရှိခြင်းတုို့သည် တောင်သူလယ်သမား တိုု့၏ အကျိုးကိုု များစွာ ထိခိုုက်စေသည်။

(၁) တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ လွတ်လပ် လုုံခြုံမှု ရှိရမည်။
(က) လွတ်လပ်သည့် တောင်သူလယ်သမားအဖွဲ့အစည်းများ ပေါ်ပေါက်ရန် အား ပေးမည်။
(ခ) တောင်သူလယ်သမားများ လွတ်လပ်စွာ စိုုက်ပျိုး၊ ထုုတ်လုုပ်၊ သိုုလှောင်၊ ကြိတ်ခွဲရောင်းချခွင့်ရှိရမည်။
(ဂ) တောင်သူလယ်သမားများ လယ်ယာမြေကိုု ဥပဒေနှင့်အညီ ပိုုင်ဆိုုင်ခွင့်၊ လွှဲပြောင်းခွင့် ရှိစေရမည်။
(ဃ) တောင်သူလယ်သမားများ၏ ဥပဒေမဲ့ ဆုုံးရှုံးခဲ့သော လယ်ယာမြေများ ပြန်လည် ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးများရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက် မည်။
(င) ဥပဒေများနှင့် ညီညွတ်မှုမရှိသော လယ်ယာမြေ သိမ်းဆည်းမှုများ မဖြစ်ပေါ် စေရန် ကာကွယ်ပေးမည်။
(စ) ခေတ်ကာလနှင့် လျော်ညီမှုမရှိသည့် လယ်ယာမြေဥပဒေများ ပြင်ဆင် ပြဌာန်း မည်။

(၂) လယ်ယာကဏ္ဍတွင် အမြင်သစ်၊ အတွေးသစ်များဖြင့် ဆောင်ရွက်မည်။
(က) လုုပ်ကွက်ငယ်တောင်သူလယ်သမားများ စိုက်ပျိုးထုုတ်လုုပ်မှု တိုုးမြှင့် ဆောင်ရွက် နိုုင်ရန် အားပေးကူညီမည်။ ဖြစ်နုိုင်ချေရှိသောဒေသများ၌ ခေတ်မီစက်မှု လယ်ယာစနစ်သိုု့ တစ်ဆင့်ချင်းဖြစ်ပေါ်နိုုင်ရေး အားပေးမည်။
(ခ) လယ်ယာလုုပ်ငန်းဆိုုင်ရာ သုုတေသနလုုပ်ငန်းများဖွံ့ဖြိုးရေးနှင့် တောင်သူ လယ်သမား ပညာပေးရေးလုုပ်ငန်းများကိုု အလေးပေးဆောင်ရွက်မည်။
(ဂ) မျိုးစေ့ဘဏ် အကျိုးရှိစွာ အသုုံးချနိုုင်ရေး၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ရရှိရေး၊ စံချိန်စံညွှန်းမီ ဓါတ်မြေဩဇာ၊ ပိုုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အခြား စိုုက်ပျိုးရေးဆိုုင်ရာ ဓါတုုဆေးများ စနစ်တကျ သုုံးစွဲရေးနှင့် သွင်းအားစုုများရရှိရေး ဦးစားပေးဆောင်ရွက်မည်။
(ဃ) သဘာဝမြေဩဇာများ ပိုုမိုုသုုံးစွဲနိုုင်ရေး၊ ဩဂဲနစ်မြေဩဇာများ ထုုတ်လုုပ်သုုံးစွဲမှု တုိုးတက်လာရေးနှင့် ဩဂဲနစ် နည်းပညာများ ဖွံ့ဖြိုးလာရေး အားပေးကူညီမည်။
(င) ဆန်စပါးအပါအဝင် အလားအလာရှိသော အရည်အသွေးမြင့် ပြည်ပပိုု့ကုန် သီးနှံများ တိုုးချဲ့စိုုက်ပျိုးထုုတ်လုုပ်ရေးနှင့် ပြည်ပဈေးကွက်တွင် ထုုတ်လုုပ်မှု အရေအတွက်၊ ထုုတ်ကုုန်အရည်အသွေးနှင့် ထုတ်လုုပ်မှုဈေးနှုန်းအရ နိုုင်ငံတကာနှင့် ယှဉ်ပြိုင်နိုုင်စွမ်း ရှိရေးကိုု အားပေးကူညီဆောင်ရွက်မည်။
(စ) စိုုက်ပျိုးရေ ရရှိရေး၊ ဆည်မြောင်းများ အကျိုးရှိစွာ အသုုံးချနိုုင်ရေး၊ ရေလွှမ်းမိုုးမှု ကာကွယ်ရေးနှင့် ရေအရင်းအမြစ်ကိုု စနစ်တကျ အကျိုးရှိစွာ အသုုံးချ စီမံခန့်ခွဲရေးကိုု အလေးထားဆောင်ရွက်မည်။
(ဆ) စိုုက်ပျိုးနိုုင်သော မြေလွတ်၊ မြေလပ်၊ မြေရိုုင်းများကိုု ဖေါ်ထုုတ်ပြီး မြေမဲ့ယာမဲ့များအား ဦးစားပေးခွဲဝေချထား၍ တရားဝင်လုုပ်ပိုုင်ခွင့်ရရှိရေး ဆောင်ရွက် မည်။ (ဇ) မြေကြီး၊ မြေပုုံ၊ မြေစာရင်း မှန်ကန်ရေး၊ မြေယာမှတ်တမ်းများ စနစ်တကျ ထားရှိရေးနှင့် မြေယာသတင်းအချက်အလက်များ အလွယ်တကူရယူသုုံးစွဲနိုုင်ရေး ဆောင်ရွက်မည်။

(၃) ကျေးလက်ဒေသဖွံ့ဖြိုးတိုုးတက်ပြီး တောင်သူလယ်သမားများ လူနေမှုဘဝ မြင့်မား တိုုးတက်လာစေရန်
…………………………………………………………………………………………………………..
(က) လယ်ယာကဏ္ဍ ထုုတ်လုုပ်မှု တိုုးတက်ရန် လုိုအပ်သည့် ငွေကြေး၊ အရင်းအနှီး (ချေးငွေ၊ ရင်းနှီးမြှပ်နှံမှု)၊ နည်းပညာနှင့် သွင်းအားစုုများ ရရှိစေရန် ဆောင်ရွက်ပေးမည်။ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက် ဆောင်ရွက် ပေးမည်။

(ခ) ကျေးလက်နေ တောင်သူလယ်သမားမိသားစုုများ လယ်ယာလုုပ်ငန်းအပြင် အခြားဝင်ငွေများရရှိစေရန် ဒေသနှင့်ကိုက်ညီသည့် လုုပ်ငန်းများဖေါ်ဆောင်ပေးခြင်း ဖြင့် အလုုပ်အကိုုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်ရေး အားပေးကူညီမည်။

(ဂ) လယ်ယာထွက်ကုုန်များ ဈေးနှုန်း အနှိမ်မခံရရေး၊ လွတ်လပ်သော သီးနှံဈေးကွက် ဖြစ်ပေါ်ရေး တွန်းအားပေးဆောင်ရွက်မည်။

(ဃ) စိုုက်ပျိုးရေးထွက်ကုုန် ကုုန်ကြမ်းအဆင့်မှ တန်ဖိုုးမြင့်စက်မှုကုုန်ချော ထွက်ကုုန်များ ပေါ်ပေါက်စေရန် နည်းပညာဖြန့်ဝေခြင်းနှင့် လုိုအပ်သော ရင်းနှီးမှုများ ထုုတ်ချေးပေးခြင်း တိုု့ကိုု အထူးအားပေးမည်။ နိုုင်ငံတကာမှ အကူအညီများရယူမည်။

.

.

.

မွေးမြူရေးနှင့် ရေလုုပ်ငန်း
………………………..
ပြည်သူလူထုုများအာဟာရပြည့်ဝရန်၊ပြည်တွင်းစားသုုံးမှုဖူလုုံရန်နှင့်ပြည်ပ တင်ပိုု့ နိုုင်ရန်ရည်ရွယ်၍ တိရိစာ္ဆန်မွေးမြူရေးနှင့် ရေလုုပ်ငန်းဖွံ့ဖြိုးတိုုးတက်အောင် ဆောင်ရွက်သွားမည်။

(၁) ပြည်တွင်း တိရိစာ္ဆန်မွေးမြူရေးနှင့် ရေလုုပ်ငန်းများတွင် ပုုဂ္ဂလိကအခန်းကဏ္ဍ မြှင့်တင်ပြီး ပြည်တွင်းသုံးစွဲမှုဖူလုုံရေးနှင့် ပြည်ပတင်ပိုု့မှု မြင့်မားအောင် စနစ်တကျ ဆောင်ရွက်မည်။

(၂)တိရိစာ္ဆန်မွေးမြူရေးနှင့်ရေလုုပ်ငန်းဆိုုင်ရာပညာရှင်များမွေးထုုတ်ရေး၊သုုတေသန လုုပ်ငန်းဖွံ့ဖြိုးရေးနှင့် နည်းပညာဖွံ့ဖြိုးရေးတိုု့ကိုု ဆောင်ရွက်မည်။

(၃) ပင်လယ်ကမ်းနီးကမ်းဝေး ငါးဖမ်းလုုပ်ငန်းများ တိုုးတက်အောင် လိုုအပ်သော အရင်းအနှီး၊နည်းပညာများနှင့် စက်ကိရိယာများရရှိရေး ပြည်တွင်းပြည်ပ အဖွဲ့အစည်း များနှင့် ညှိုနှိုင်းဆောင်ရွက်မည်။

(၄)ပင်လယ်ကမ်းနီး၊ ကမ်းဝေး ငါးများမပြုန်းတီးရေးနှင့် ပိုုမိုုပွားများလာရေး ဆောင်ရွက်မည်။ ကမ်းရိုုးတန်းနှင့် ကမ်းလွန်ငါးဖမ်းလုုပ်ငန်းများတွင် ပြည်တွင်းပြည်ပ ကုုမ္ဗဏီများ လက်ဝါးကြီးအုုပ်ငါးဖမ်းမှုများကိုု တားဆီးရန်နှင့် မိမိနိုုင်ငံရေပိုုင်နက်တွင် ငါးခုိုးဖမ်းမှုများကိုု ကာကွယ်တားဆီးသွားမည်။

(၅)ငါးမွေးမြူရေးလုုပ်ငန်းဆိုင်ရာ ဥပဒေများ၊ အင်းအိုုင်ချောင်းမြောင်း၊ ဆည်၊ တမံ ဆိုုင်ရာ ဥပဒေများကိုု ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ပြဌာန်းနိုုင်ရေး ကူညီဆောင်ရွက် မည်။

.

.

.

အလုုပ်သမားအရေး
………………….
အလုုပ်သမားထုု၏ဘဝသာယာစိုုပြေရေးအတွက်ရည်စူးသော အောက်ပါလုုပ်ငန်း စဉ် များကိုု ဆောင်ရွက်မည်။

(၁) အလုုပ်သမားများ လုုပ်ငန်းကျွမ်းကျင်မှု အခွင့်အလမ်းများရရှိရေး ဖေါ်ဆောင် သွားမည်။

(၂) အလုုပ်သမားတိုုင်း တရားမျှတ၍ ဘေးကင်းလုုံခြုံသော လုုပ်ငန်းခွင်နှင့် သင့်တော်သော လုုပ်ခလစာရရှိရေးတိုု့ကိုု ဦးတည်သည့် မူဝါဒများ အကောင်အထည် ဖေါ်ဆောင်ရွက်သွားမည်။

(၃)အလုုပ်သမားတိုုင်း ခွဲခြားခံရမှုမရှိပဲ တူညီသော အလုုပ်အတွက် တူညီသော အခကြေးငွေရရှိစေရန်ဆောင်ရွက်သွားမည်။

(၄) အလုုပ်သမားတိုုင်း မိမိအကျိုးခံစားခွင့်ကိုု ကာကွယ်နိုုင်ရန်အတွက် အလုုပ်သမား အစည်းအရုုံးများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရမည်။

(၅) ပုုံစံအမျိုးမျိုးဖြင့် အဓမ္မခိုုင်းစေခြင်း ရပ်တံ့စေရန် လုုပ်ဆောင်သွားမည်။

(၆) ဥပဒေနှင့်အညီ ကလေးအလုုပ်သမားများ၏ အခွင့်အရေးများကိုုအာမခံမည်။

(၇) ရွှေ့ပြောင်းအလုုပ်သမားများသည် အပြည်ပြည်ဆိုုင်ရာ အလုုပ်သမားရေးရာ အဖွဲ့ချုပ်ကြီး (I.L.O) မှ ချမှတ်ထားသော စည်းမျဉ်းနှင့်အညီ အခွင့်အရေးများ ပြည့်ဝစွာ ရရှိစေရန် လုုပ်ဆောင်မည်။

(၈) အပြည်ပြည်ဆိုုင်ရာ အလုုပ်သမားရေးရာအဖွဲ့ချုပ်ကြီး (I.L.O) ၏ မြန်မာနိုုင်ငံနှင့် ဆီလျော်သော ပြဌာန်းချက်များကိုု သဘောတူလက်မှတ် ရေးထုိုးသွားမည်။

(၉) ပြည်ပရောက်ရွှေ့ပြောင်းအလုုပ်သမားများ အခွင့်အရေးပိုုမိုုရရှိစေရန်နှင့် လူမှုဘဝ လုုံခြုံစေရေးအတွက် သက်ဆိုုင်ရာအစိုုးရများ၊အဖွဲ့အစည်းများနှင့်ညှိုနှိုင်း ဆောင်ရွက် မည်။

.

.

.

ပညာရေး
…………

ပညာသင်ယူမှုသည် မွေးဖွားသည့် နေ့မှစပြီး ဘဝ တလျှောက်လုုံးဖြစ်သည့် အတွက် အမျိုးသားဒီမိုုကရေစီ အဖွဲ့ချုပ်သည် လူ့ဘဝ တလျှောက်လုုံး ပညာ သင်ယူနိုုင်မည့် အခွင့် အလမ်းများရရှိရန်နှင့် အကျိုးရှိသည့် ပညာရပ်များ တတ်မြောက်ကြရန်ဆောင်ရွက်သွားမည်။
၁။ ရှေးဦးကလေးသူငယ် ပြုစုုစောင့်ရှောက်ရေး စီမံကိန်းများ ဆောင်ရွက်သွားမည်။
၂။ နုိုင်ငံသားတုိုင်း အနည်းဆုုံး မူလတန်းပညာကိုု တတ်မြောက်ပြီး ဆက်လက်ပညာ သင်ကြားနိုင်ရေးအတွက် အဆင့်ဆင့်တိုုးမြှင့်သင်ယူခွင့်များ ရရှိရန်ဆောင်ရွက်မည်။

.
သိုု့ဖြစ်ရာ…
(က) မူလတန်း အရွယ်ကလေးတုိုင်း ကျောင်းတွင်းမူလတန်း ပညာရေးကိုု ပြီးဆုုံးအောင်မြင်ရန် ဆောင်ရွက်မည်။
(ခ) မူလတန်းပညာ သင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဉာဏ စွမ်းရည် အားနဲ သူကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံသော ဒေသများတွင် နေသောကလေးစသည့် ကလေးများအတွက် အလေးထားသည့် ပညာရေး အစီအစဉ် များ ဖော်ဆောင်ပေးမည်။

၃။ ဖက်ဒရယ်ပြည်ထောင်စုုမူနှင့်အညီ တိုုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှု ကိုု အားပေးမြှင့်တင်သည့် ပညာရေးစနစ်ကိုု ဖော်ဆောင်သွားမည်။
သိုု့ဖြစ်ရာ
(က) ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်း တိုုင်းရင်းသား ကလေးငယ်များ အတွက် ကလေးများ၏ မိခင်ဘာသာစကားပြောနုိုင်သည့် ဆရာ ဆရာမများဖြင့် သင်ကြားပေးမည်။
(ခ) မိခင်စာပေ ဘာသာစကားကိုု မူလတန်းတွင် သက်ဆိုုင်ရာ ပြည်နယ်၊ တုိုင်း အစီစဉ်ဖြင့် ဆောင်ရွက်နိုုင်ရန် ထောက်ပံ့မည်။

၄။ ဆရာနှင့် ကျောင်းသားအချိုးမျှတစေရမည်။

၅။ ဆရာ၊ ဆရာမများ၏ ဘာသာရပ်တတ်ကျွမ်းမှုနှင့် သင်ကြားပိုု့ချမှု စွမ်းရည်များ မြင့်မား လာစေရေး အစီအစဉ်များကိုု ကျောင်းတိုင်းမှ ဆရာ၊ ဆရာမ များသိုု့ ရောက်ရှိရန် ဆောင်ရွက်မည်။ ၆။ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ပညာရေး လူတုိုင်းလက်လှန်းမှီ နိုုင်ရန် ကျောင်းများကိုု ဖွံ့ဖြိုးမှု အားနည်းသည့် ဒေသများနှင့် ကျောင်းလိုုအပ်ချက်အပေါ် ဦးစားပေးတိုုးမြှင့် ဖွင့်လှစ်သွားမည်။

၇။ ပညာအရည်အချင်း နည်းပါးသူများ နေထိုုင်မှု ဘဝ တိုုးတက်ရေးအတွက် ဆက်လက် သင်ယူလိုုသည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်း နှင့် အလားတူအဆင့်ရှိ အသက်မွေးမှု ပညာရပ်များကိုု ကျောင်းတွင်း၊ ကျောင်းပြင် ပညာရေး အစီအစဉ်များဖြင့် ပညာဆည်းပူးခွင့်များ ဖော်ဆောင် သွားမည်။

၈။ ကမ ာ္ဘ့ အဆင့်မီ အဆင့်မြင့်ပညာရေးစနစ် ဖြစ်လာစေရန် ဦးတည်ကြိုးစားမည်။
သိုု့ဖြစ်ရာ-
(က) တက္ကသိုုလ်များတွင် ကိုုယ်ပိုုင်သင်ကြားခွင့်၊ အုုပ်ချုပ်ခွင့်နှင့် လွတ်လပ်သည့် သုုတေသနလုုပ်ငန်းများကိုု လုုပ်ဆောင်နိုုင်ရန် ဆောင်ရွက်မည်။
(ခ) အသက်မွေးမှု ပညာရပ်များကိုု အခြား အသိပညာအတတ်ပညာ ဘာသာရပ် များနှင့်တန်းတူ တိုုးတက်ဖွံ့ဖြိုးမှုဖြစ်စေမည်။

၉။ ကျောင်းသားမိဘနှင့် ရပ်ကျေးအပေါ်ဝန်ထုုပ်ဝန်ပိုုးမဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှု ဖြစ်စေရန် ဆောင်ရွက်မည်။
သိုု့ဖြစ်ရာ –
(က) နိုုင်ငံတော်၏ ဘဏ္ဍာငွေသုုံးစွဲမှုနှင့် အခြားပုုဂ္ဂလိကနှင့် ပြည်တွင်းပြည်ပမှ ရရှိသည့် ပညာရေး အထောက်အပံ့များကိုု အကျိုးရှိထိရောက်သည့် ပွင့်လင်း မြင်သာသောဘဏ္ဍာငွေခွဲဝေသုုံးစွဲမှုဖြစ်စေရန် ဆောင်ရွက်မည်။
(ခ) ထိရောက်သည့်ပညာရေးပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ရေး လုုပ်ငန်းများ လုုပ်ဆောင်နိုုင်ရန် မှန်ကန်သည့် အချက်အလက်များကိုု အခြေခံ၍ ဆောင်ရွက်မည်။

.

.

.

ကျန်းမာရေး
…………..
ပြည်သူအများစုုလက်လှမ်းမီနိုုင်သော ကျန်းမာရေး လွှမ်းခြုံစောင့်ရှောက်မှုစနစ် ပေါ်ပေါက် ရန် အောက်ပါလုုပ်ငန်းများ ဆောင်ရွက်သွားမည်။

.
(၁) အခြေခံကျန်းမာရေးစောင့်ရှောက်မှုကိုုပိုုမိုုကောင်းမွန်ကျယ်ပြန့်အောင်ဆောင်ရွက်မည်။

(၂) ကိုုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ငါးနှစ်အောက်ကလေးများ သေဆုုံးမှုကိုု လျော့ချ နိုုင်ရန်အတွက် စီမံချက်များဆောင်ရွက်ပြီး ဆေးဝါးနှင့် အာဟာရချို့တဲ့မှု မရှိစေရန် ဆောင်ရွက်သွားမည်။

(၃) ကလေးသူငယ်များအား ကျန်းမာရေးဆိုုင်ရာ အလေ့အကျင့်ကောင်းများနှင့် ဗဟုုသုုတရရှိရန်၊ ကူးစက်ရောဂါများ ကာကွယ်နိုုင်ရန် ကျန်းမာဖွံ့ဖြိုးသော လူငယ် များဖြစ်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုုပ်ငန်းများကိုု တိုုးမြှင့်ဆောင်ရွက် သွားမည်။

(၄) လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးရေးလုုပ်ငန်းများကိုု အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကုုသရေးနှင့် ပြန်လည် ထူထောင်ရေးလုုပ်ငန်းများကိုု ပိုမိုုထိရောက်စွာ ဆောင်ရွက်သွားမည်။

(၅) သက်ကြီးရွယ်အိုုများနှင့် မသန်စွမ်းသူများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစီအစဉ်များ ဆောင်ရွက်သွား၍ ပျမ်းမျှလူ့သက်တမ်းကိုု ခြောက်ဆယ့်လေးနှစ် အထက်ဖြစ်ရေး ဦးတည်မည်။

(၆) ကူးစက်ရောဂါကာကွယ်ရေးလုုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးသဖြင့် အဆုုတ်ရောဂါ၊ ငှက်ဖျားရောဂါ၊ အသဲရောင် အသားဝါရောဂါ၊ အိတ်ချ်အိုုင်ဗီရောဂါ ဖြစ်နှုန်းများ လျော့ချရန်နှင့် လိုုအပ်သောဆေးဝါးများ လုုံလောက်မှုရှိစေရန် ကြိုးစား ဆောင်ရွက်သွားမည်။

(၇) မကူးစက်တတ်သော ရောဂါများဖြစ်သော်လည်း ပြည်သူလူုထုု၏ ကျန်းမာရေးကိုု ထိခိုုက်စေသည့် ဆီးချိုရောဂါ၊ သွေးတိုုးရောဂါ၊ နှလုုံးရောဂါအစရှိသည်တိုု့အတွက် ကာကွယ်ကုုသရေးလုုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဖြစ်ပွားမှုနှုန်းလျော့ချမည်။

(၈) နိုုင်ငံပိုုင်ဆေးရုုံ ဆေးခန်းတိုု့တွင် အရည်အသွေးကောင်းမွန်သော ဆေးဝါးများ၊ ခေတ်မီဆေးကုုသနည်းများ ကိုုအသုုံးပြုနိုုင်ရန်နှင့် ကျန်းမာရေးဝန်ထမ်းများ (ဆရာဝန်၊ သူနာပြု၊သားဖွားဆရာမစသည်)တိုု့၏ အရည်အချင်း များ တိုုးတက်စေပြီး ကျင့်ဝတ်နှင့် အညီ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုုင်ရန် ဆောင်ရွက်သွားမည်။

(၉) ပုုဂ္ဂလိကဆေးရုုံ၊ ဆေးခန်းများကိုု ပြည်သူ့ ကျန်းမာရေး ပိုုမိုုကောင်းမွန်စွာ ဆောင်ရွက် နိုုင်ရန်အတွက် ဥပဒေနှင့်အညီ ဖွင့်လှစ်ခွင့်ပြုမည်။

(၁၀) ဆေးဝါးထုုတ်လုုပ်ခြင်း၊ ဆေးကုုသခြင်း၊ ဆေးပညာသင်ကြားခြင်းနှင့် သုုတေသန လုုပ်ငန်းများ ဖွံ့ဖြိုးတိုုးတက်လာရန် နိုုင်ငံတကာပညာရှင်များ၊ နိုုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။

(၁၁) မှန်ကန်သည့် သတင်းအချက်အလက်အပေါ်အခြေခံသည့် ကျန်းမာရေး စီမံခန့်ခွဲမှု စနစ်တိုုးတက်စေရန် ဆောင်ရွက်မည်။

(၁၂) သဘာဝဘေးဒဏ်ကျရောက်သည့် နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်အစီအစဉ်နှင့် ဆက်သွယ်ရန်ခက်ခဲသော တိုုင်းရင်းသားဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု အထူးအစီအစဉ်များ အကောင်အထည်ဖေါ် ဆောင်ရွက် မည်။

(၁၃) တိုုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုုးတက်စေရန် ကူညီဆောင်ရွက်မည်။

(၁၄) အန္တရာယ်ဖြစ်နိုုင်သော အနောက်တိုုင်းဆေး၊ တိုုင်းရင်းဆေး၊ အစားအသောက် နှင့်သောက်သုုံးရေတိုု့ကိုု ပြည်သူများမသုုံးစွဲမိစေရန် စနစ်တကျ ဆောင်ရွက်သွားမည်။
(၁၅) နိုုင်ငံတော်မှ ကျန်းမာရေးဘတ်ဂျက်များကိုု တိုုးမြှင့်သုုံးစွဲ၍ ပြည်သူများ ကျန်းမာရေးအတွက် ဆေးကုုသစရိတ်များကိုု လျော့ချနိုုင်ရန်ဆောင်ရွက်မည်။

.

.

.

စွမ်းအင်
………
မြန်မာနိုုင်ငံတွင် စွမ်းအင်ထုုတ်လုုပ်နိုုင်သော အရင်းအမြစ်များမှာ-
(၁) တွင်းထွက် စွမ်းအင်
(က) ရေနံ
(ခ) သဘာဝဓါတ်ငွေ့
(ဂ) ကျောက်မီးသွေး
(၂) ရေအားစွမ်းအင်
(၃) နေရောင်ခြည်စွမ်းအင်
(၄) လေအားစွမ်းအင်
(၅) မြေအောက်အပူစွမ်းအင်
(၆) ဇီဝဓါတ်ငွေ့စွမ်းအင်
(၇) ဇီဝရေနံစွမ်းအင် တိုု့ဖြစ်ကြပါသည်။

(၁) တွင်းထွက်စွမ်းအင်မှာ အကန့်အသတ်ရှိပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးဆုုံးရှုံးမှု အနည်းနှင့်အများ ဖြစ်ပေါ်စေသည်။တွင်းထွက်စွမ်းအင်မှာ လူသားများအတွက် သုုံးစွဲရ အလွယ်ကူဆုုံး ဖြစ်သော်လည်း အကန့်အသတ်ရှိသဖြင့် နောင်မျိုးဆက်များ အတွက် ထည့်သွင်းစဉ်းစားရန် လိုုအပ်ပါသည်။

(၂) ရေအားစွမ်းအင် ထုုတ်ယူမှုတွင် ဆည်ကြီးများတည်ဆောက်ရသည့်အတွက် သဘာဝဝန်းကျင်ထိခိုုက်မှု အများဆုုံး ဖြစ်သောကြောင့် ရှိရင်းစွဲရေအားစွမ်းအင်နှင့် ဆည်တည်ဆောက်ပြီးဒေသများတွင်ဆည်များကိုု ပြုပြင်ထိန်းသိမ်း၍ ရေအားလျှပ်စစ် ထုုတ်ယူအသုုံးပြုမည်။

(၃) တနိုုင်တပိုုင် လျှပ်စစ်ဓါတ်အားထုုတ်ယူရန် လွယ်ကူသော နေရောင်ခြည်စွမ်းအင်၊ ဇီဝဓါတ်ငွေ့စွမ်းအင်၊ စပါးခွံလောင်ကျွမ်းမှုမှ ထွက်ရှိသော ဓါတ်ငွေ့သုုံးလျှပ်စစ် ထုတ်လုပ်ခြင်း၊ အသေးစား ရေအားလျှပ်စစ် ထုုတ်လုုပ်ခြင်း အစရှိသဖြင့်ပုုဂ္ဂလိက စွမ်းအင်ထုုတ်လုုပ်နိုုင်သော လုုပ်ငန်းငယ်များကိုု စနစ်တကျ ဖွံ့ဖြိုးတုိုးတက်အောင် အားပေးဆောင်ရွက်မည်။

(၄) ကျေးလက်၊ မြို့ပြများမကျန် လျှပ်စစ်ရရှိစေရန် ဦးတည်မည်။

.

.

.

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
…………………………………..
လက်ရှိ သဘာဝန်းကျင်၏ ရေ၊ လေ၊ မြေနှင့် အသံ ညစ်ညမ်းထိခိုုက်မှုကိုု လျော့ချသည့် အပြင် ပတ်ဝန်းကျင် ပိုုမိုုတိုုးတက်ကောင်းမွန်စေရန်
(၁) သစ်တောကဏ္ဍ အလွန်အကျွံသစ်ထုုတ်လုုပ်မှုနှင့် သစ်တောထွက်ပစ္စည်း ထုုတ်လုုပ်မှုကိုု လျော့ချမည်။

(၂) လယ်ယာကဏ္ဍ ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်စေရန် ပညာပေးလေ့ကျင့်ပေးမည်။

(၃) သတ္တုတူးဖော်မှုကဏ္ဍ စွန့်ပစ်မြေစာများကိုု သတ္တုတွင်းဥပဒေနှင့်အညီ စနစ်တကျစွန့်ပစ်စေမည်။

(၄) စက်မှုကဏ္ဍ
(က) စက်မှုနှင့် လျပ်စစ်ထုုတ်လုုပ်မှုဆုိုင်ရာ ရေဆိုုးနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု စနစ်တွင် ဒေသခံပြည်သူများ ပါဝင်ခွင့်ရစေပြီး ပိုုမိုုကောင်းမွန်စေရန် ဆောင်ရွက်မည်။ (ခ) ဒေသခံပြည်သူများ ထိခိုုက်နစ်နာမှုရှိက လိုုအပ်လျင် တားမြစ်ပိတ်ပင်မည်။
(ဂ) စက်ရုုံ၊ မော်တော်ယဉ်နှင့် ထင်း၊ မီးသွေးတိုု့ကြောင့် ဖြစ်ပေါ်လာသော လေထုုညစ်ညမ်းမှုများကိုု ဥပဒေနှင့်အညီ တတ်စွမ်းသမျှ လျော့ချ ကန့်သတ်မည်။

(၅) မြေနှင့်ရေ
(က)မြေဆီလွှာပျက်စီးခြင်း၊အရည်အသွေးကျဆင်းခြင်း၊ မြေဆီလွှာတိုုက်စားခြင်း လျော့နည်းပပျောက်စေရန် ဥပဒေပြုဆောင်ရွက်မည်။
(ခ) မြေဩဇာကြောင့် မြေဆီများပျက်စီးခြင်းကိုု အသိပညာပေးမည်။
(ဂ) သဘာဝရေအရင်းအမြစ်များဖြစ်သည့် ရေဝေရေလဲဒေသ၊ မြေအောက်ရေ၊ ရေတိမ်ဒေသ၊ ရေချိုရေငံ ဂေဟစနစ် ပျက်စီးမှု၊ ရေစီးရေလာကောင်းမွန်မှု တိုု့ကိုု ဥပဒေထုုတ်ပြန်၍ ထိန်းသိမ်းစောင့်ရှောက်မည်။

(၆) နည်းပညာဖြန့်ဖြူးခြင်း
(က) ပြောင်းလဲလာသော ရာသီဥတုုနှင့် လိုုက်လျောညီထွေ နေထိုုင်နိုုင်ရေးနှင့် စိုုက်ပျိုးနိုုင်ရေး နည်းပညာများကိုု ဖေါ်ထုုတ်သင်ကြားပေးမည်။
(ခ) သဘာဝဘေးအန္တရာယ်ဖြစ်သော မုုန်တိုုင်း၊ ရေလွှမ်းမိုုးခြင်းနှင့် မိုုးခေါင်ခြင်း တိုု့ကြောင့် ဖြစ်ပေါ်လာသော ဘေးဒဏ်တိုု့မှ ကာကွယ်ခြင်း၊ သက်သာခွင့်ရရှိစေရန် ပညာပေးခြင်း၊ စောင့်ရှောက်ခြင်းတိုု့ကိုု ဆောင်ရွက်မည်။

(၇) သဘာဝအရင်းအမြစ်များ ခွဲဝေခြင်း
(က) သဘာဝအရင်းအမြစ်များကိုု လက်ဝါးကြီးအုုပ် စီမံခန့်ခွဲခြင်း၊ ညီမျှခြင်း မရှိသော ခွဲဝေသုုံးစွဲခြင်းတိုု့ကိုု ပပျောက်အောင် ဆောင်ရွက်မည်။
(ခ) သဘာဝဝန်းကျင် အငြင်းပွားမှုများကိုု ဖြေရှင်းပေးနိုုင်သော စနစ်တစ်ခုု ဖေါ်ဆောင်မည်။

(၈) တိုုက်တွန်းအားပေးဆောင်ရွက်ခြင်း
သဘာဝဝန်းကျင် အရည်အသွေး တိုုးတက်ကောင်းမွန်စေရန်နှင့် ဆင်းရဲမှု လျော့ချရန်နှင့်သစ်တောသစ်ပင်တိုု့ကိုု တန်ဖိုုးထားကာကွယ်စောင့်ရှောက် တတ်စေရန်
(က) အစုုအဖွဲ့ပိုုင်သစ်တောများထူထောင်စိုုက်ပျိုးခြင်း
(ခ) သီးနှံများ ရောနှောစိုုက်ပျိုးခြင်း
(ဂ) တစ်နိုင်တစ်ပိုုင် သစ်သီးဝလံ စိုုက်ခင်းများ ထူထောင်ခြင်း
(ဃ) ဂေဟဗေဒ လေ့လာရေးဆိုုင်ရာ ခရီးသွားလုုပ်ငန်းများ ထူထောင်ခြင်းတိုု့ကိုု တွန်းအားပေး ဆောင်ရွက်မည်။

(၉) ရင်းနှီးမြှပ်နှံခြင်း
(က) ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုများကိုုသဘာဝဝန်းကျင်ထိခိုုက် ပျက်စီး စေခြင်းရှိမရှိ စစ်ဆေးသုုံးသပ်ရန် ဥပဒေပြဌာန်းဆောင်ရွက်မည်။
(ခ) သဘာဝပတ်ဝန်းကျင် ထိခိုုက်ပျက်စီးမှုလျော့ချရေးနှင့် ပြန်လည်စိမ်းလန်း စိုုပြေစေရေးအတွက် သုုတေသနနှင့် ရင်းနှီးမြှပ်နှံမှုတိုု့ကိုု အားပေးမည်။

.

.

.

အမျိုးသမီး
…………
(၁) အမျိုးသမီးများသည် အုုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးများ ရရှိစေရေးအတွက် ပြဌာန်းထားသော ဥပဒေများထိရောက်မှုရှိစေရန် ဆောင်ရွက်မည်။

(၂) အမျိုးသမီးများ ဖိနှိပ်ချိုးနှိမ်ခံရမှု၊ မလုုံခြုံမှု၊ အကြမ်းဖက်ခံရမှု၊ နည်းမျိုးစုုံဖြင့် အနိုုင်ကျင့်ခံရမှုများ ရပ်ဆိုုင်းသွားရန် လိုုအပ်သလိုု အရေးယူဆောင်ရွက်မည်။ အမျိုးသမီးများ မိမိကိုုယ်မိမိ ကာကွယ်ပေးထားသောဥပဒေများ နားလည်လာစေရန် နှင့်ဗဟုုသုုတများ ပြည့်စုုံရန်အတွက် ဆောင်ရွက်ပေးမည်။

(၃) မိသားစုအတွင်း မြေယာပိုုင်ဆိုုင်ခွင့်များအတွက် အခွင့်အရေးများ ဆုုံးရှုံးမှု မဖြစ်ပေါ်စေရန် ဥပဒေများကိုု နားလည်လာစေရေး ဆောင်ရွက်ပေးမည်။

(၄) တူညီသောလုုပ်ငန်းလုုပ်ကိုုင်ရာတွင် တူညီသောခံစားပိုုင်ခွင့် ရရှိစေရေးနှင့် အဆင့်တိုုင်းတွင် ရာထူးတိုုးပေးရာ၌ ခွဲခြားမှုမရှိစေရန် ဆောင်ရွက်မည်။

(၅) တန်းတူပညာသင်ကြားပိုုင်ခွင့် နှင့် ကျောင်းဝင်ခွင့် သတ်မှတ်ချက်များတို့တွင် ခွဲခြားမှု မရှိစေရန် ဆောင်ရွက်မည်။

(၆) ကိုုယ်ဝန်ဆောင်ကာလနှင့် မီးဖွားသတ်မှတ်ထားသော ကာလအတွင်း အမျိုးသမီး များသည် ကျန်းမာရေးအရ နိုုင်ငံတော်အစောင့်အရှောက် ခံယူရရှိစေမည်။ အလုုပ်လုုပ်ကိုုင်နေသော အမျိုးသမီးများအတွက် ဥပဒေနှင့်အညီ မီးဖွားအနားယူခွင့် ခံစားစေရမည်။

.

.

.

လူငယ်
……..

အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုုင်းပြည်၏ အနာဂတ်နှင့် အဓိက အသက်သွေးကြောဖြစ်သော လူငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံဖြိုးကာ အလုပ်လုပ် နိုင်စွမ်း မြင့်မားလာစေရေးအတွက် အောက်ပါလုုပ်ငန်းများအား ကြိုးပမ်း ဖော်ဆောင် ပေးမည် ဖြစ်ပါသည်။

(၁) လူငယ်များအတွက်ပညာရေး နှင့် လုုပ်ငန်းခွင်ပေါင်းစပ်ပေးသော ပညာသင်ကြား နိုုင်မှု အခွင့်အရေးများ ပေါ်ပေါက်လာရန် ဆောင်ရွက်မည်။

(၂) လူငယ်များအတွက်ဘဝအာမခံချက်ပေးနုိုင်သောပညာရေးစနစ်တရပ် ပေါ်ပေါက် ရေးအတွက် ကြိုးပမ်းဖော်ဆောင်မည်။

(၃) လူငယ်ထုုကိုု အဓိက ခြိမ်းခြောက်လျက်ရှိသော မူးယစ်ဆေးဝါးပြသနာများနှင့် ကူးစက်ရောဂါများ လျော့ကျစေရန် ကျန်းမာရေး အသိပညာ မြှင့်တင် ပေးခြင်းများ ဆောင်ရွက်မည်။

(၄) လူငယ်များ ကာယဉာဏ ဖွံဖြိုးတိုုးတက်စေရန် အားကစားသိပံ္ပများဖွင့်လှစ်ခြင်း၊ အားကစားပြုလုုပ်လေ့ကျင့်ရန် ကစားကွင်းနေရာများ ပြန်လည်ဖော်ထုုတ်ပေးခြင်း နှင့် ကျောင်းတွင်း အားကစားလှုပ်ရှားမှုများအား မြှင့်တင်ပေးခြင်း အစရှိသော လူငယ်နှင့် အားကစားကဏ္ဍ မြှင့်တင်ရေးများ ဆောင်ရွက်မည်။

(၅) လူငယ်များ အသိအမြင် ကျယ်ပြန့်ကာ ဗဟုုသုုတတိုုးပွားစေရန်နှင့် အသင်းအဖွဲ့ အလိုု်က် လှုပ်ရှားမှုများ ပြုလုုပ်နိုုင်ရန် စာကြည့်တိုုက်များနှင့် လူငယ်စင်တာများ ဒေသအနှံ့ ဖွင့်လှစ်နိုုင်ရန် အားပေးမည်။

(၆) လူငယ်ထုု၏ ရပိုုင်ခွင့် အခွင့်အလမ်း၊ အခွင့်အရေးများအား ထုုတ်ဖော်တင်ပြ စေနိုင်ရန်နှင့် အခြားကဏ္ဍများ (ကျန်းမာရေး၊ ပညာရေး အစရှိသည်များ)နှင့် ချိတ်ဆက် ဖော်ဆောင်နိုုင်ရန် လူငယ်အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရေး အားပေးမည်။

(၇) လူငယ်များ၏တီထွင်ဆန်းသစ် ဖန်တီးနိုုင်စွမ်းများအား မြှင့်တင်အားပေးမည်။

.

.

.

ဆက်သွယ်ရေး
………………
ကမ္ဘာကြီးအား ရွာကြီးတစ်ရွာဟုုပင် တင်စားလာသော ဆက်သွယ်ရေးများ ဖွံ့ဖြိုး တုိုးတက်လာသည့် နည်းပညာခေတ်ကြီးတွင် အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ် အနေဖြင့် တိုုင်းပြည်၏ ဆက်သွယ်ရေးကဏ္ဍ ပိုုမိုုမြန်ဆန်သွက်လက်ကာ ဖွံ့ဖြိုး တိုုးတက်စေရန် အောက်ပါလုုပ်ငန်းများအား ကြိုးပမ်းဖော်ဆောင်ပေးမည်ဖြစ်ပါသည်။

(၁) အစိုုးရ၏ မဏ္ဍိုင်(၃) ရပ် လှုပ်ရှားမှု အမှန်အခြေအနေများအား ပြည်သူလူထုုထံ ပွင့်လင်းမြင်သာစွာ ထုုတ်ပြန်ကြေညာပေးမည်။

(၂) ပြည်သူများ၏ နားနှင့်မျက်စိဖြစ်သော သတင်းမီဒီယာများသည် မိမိတိုု့စောင့်ထိန်း အပ်သော ကျင့်ဝတ်နှင့် ဂုုဏ်သိက္ခာများနှင့်အညီလွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်နှင့် သတင်းရယူ ဖော်ပြခွင့်အား ဖော်ဆောင်ပေးမည်။

(၃) ရုုပ်/သံ ၊ ရေဒီယိုု အစရှိသော ထုုတ်လွှင့်ခြင်းများ၊ မဂ္ဂဇင်း၊ ဂျုာနယ် နှင့် သတင်းစာ အစရှိသော ပုုံနှိပ် မီဒီယာများ နှင့် တယ်လီဖုုန်း၊ အင်တာနက် ဝန်ဆောင်မှုလုုပ်ငန်းများ တွင် ဈေးကွက်စီးပွားရေးစနစ်အရ လွတ်လပ်ပွင့်လင်းစွာပါဝင်ယှဉ်ပြိုင် လုုပ်ပိုုင်ခွင့်အား အားပေးဖော်ဆောင်မည်။

(၄) နိုုင်ငံအနှံ့ အခြေခံ ဆက်သွယ်ပိုု့ဆောင်ရေးဖြစ်သော စာတုိုက် လုုပ်ငန်းများအား ခေတ်နှင့် အညီ မွမ်းမံမြှင့်တင်ကာ လုုပ်ငန်းများ ထိရောက် မြန်ဆန် သွက်လက် လာစေရန်ဆောင်ရွက်မည်။

.

.

.

မြို့ပြ ဖွံ့ဖြိုးရေး
……………..
(၁) အများပြည်သူ သယ်ယူပိုု့ဆောင်ရေးစနစ်ကိုု ရန်ကုုန်၊ မန္တလေးကဲ့သိုု့ မြို့ကြီးများ တွင် အမြန်ဆုုံး အကောင်အထည်ဖော် ဆောင်ရွက်မည်။

(၂) မြို့ကြီးများ၏ ရှိရင်းစွဲ ရေ၊ မီး၊ မိလ္လာ စသည့်စနစ်များသည် ပျက်စီး ချို့ယွင်း နေသဖြင့် အဆိုုပါ စနစ်များ ပြန်လည်ကောင်းမွန်လာစေရန် ဆောင်ရွက်မည်။

(၃) မြို့ပြများတွင် သစ်ပင်များ စိမ်းလမ်းမှု ပျက်စီးလာခြင်းကိုု ကုုစားရန် မြို့ပြ စိမ်းလမ်းရေး စီမံကိန်းများ အမြန်ဆုုံး အကောင်အထည်ဖော် ဆောင်ရွက်မည်။

(၄) သဘာဝဘေးအန္တရာယ်ကြောင့် လည်းကောင်း၊ စီးပွားရေး အကြောင်းများကြောင့် လည်းကောင်း၊ လယ်ယာမြေ သိမ်းဆည်းခံရသည့် အတွက်လည်းကောင်း မြို့ပြသိုု့ ပြောင်းရွှေ့လာသည့် အိုးမဲ့ ၊အိမ်မဲ့ ဖြစ်နေသူများ ပြန်လည်နေရာချထားရေးအတွက် စီမံကိန်းများ အမြန်ဆုုံးအကောင်အထည်ဖေါ်မည်။

(၅) ပြည်သူများ ကျန်းမာရေးနှင့် အားကစား လုုပ်ရန်၊ အပန်းဖြေရန်အတွက် ထားရှိ ထားသော နေရာဟောင်းများအား ပြန်လည်ဖော်ထုုတ်မည်။

 

22 comments

  • ဂျက်စပဲရိုး

    September 15, 2015 at 3:23 pm

    ဘွားတော်ကြီး နိုင်ပါစေ ဆုတောင်းပါတယ်။
    သူက ဘာတွေ လုပ်ပေးမှာမို့လို့ မြန်မာပြည်ကြီး ဘာဖြစ်သွားမှာ မို့လို့ ဆိုတဲ့ မျှော်လင့်ချက် အကြီးကြီးတွေထက်
    ခု လူတွေ မရှိတော့ ပြီးတာပဲ ဆိုတဲ့ အစတုံးနေတဲ့ မေတ္တာ တွေနဲ့ 😛

    • ဇီဇီခင်ဇော်

      September 15, 2015 at 3:33 pm

      အေးဆို။
      အာ့ က အရေးကြီးတာဟုတ်ဘူးလားနော့။

      :k:

      အဘတို့ ကို သံယောဇဉ် အရမ်းကြီးရင်တော့ မသိဘူးးး

      သံယောဇဉ်
      သံယောဇဉ်
      လူကို အရူးတစ်ပိုင်းဖြစ်စေတယ်။
      ဒီ သံယောဇဉ်
      ဒီ သံယောဇဉ်

      :mrgreenn:

    • မြစပဲရိုး

      September 16, 2015 at 2:51 am

      လက်ညောင်းခံ ပြီး မစိမ်းပေးတာကြာလှပြီ။
      ဒါကို တော့ စိမ်းသွားပါသည်။ :-))

      ကိုယ့်ခွန်ကိုယ့်အားနဲ့ ရှာတာ မဟုတ်ဘဲ အာဏာသုံးပြီး ရလာတဲ့ ပြည်သူဘဏ္ဍာတွေ နဲ့ ဟိတ်ဟန်ထုတ် ပြီး အောက်ခြေလွတ် နေသူ တွေ လဲ မျက်စိနောက်
      (မနာလို / မစ္စရိယ/ jealous/ jaloux / celoso/ eifersüchtig/ ревнивый/ 嫉妬深いです/ aemulator)
      . ဖြစ်လွန်း လို့ပါ။ 😉 😉 😉

    • မြစပဲရိုး

      September 16, 2015 at 5:37 am

      ဒါနဲ့ မီးခိုးငွေ့ တွေ ထဲ က ကလေး နှစ်ယောက် ဇီဇီ နဲ့ ဂျက် & (ကျန်သော ကလေးများ) ဂရုစိုက်ကြဦး။
      မကြာခင် ပြန်ပြီး လေသန့်သွားမယ် တော့ မှန်းပါတယ်။

      • ဂျက်စပဲရိုး

        September 16, 2015 at 10:09 am

        မနေ့က မိုး ဆော် ထားတော့ ညနေနဲ့ ခု မနက် အတော် အသက် ရှူလို့ ကောင်းသွားပါပြီ အရီး ရေ
        ကျေးဇူး ပါ ခင်ဗျ။

  • kai

    September 15, 2015 at 3:59 pm

    တကယ်တော့.. အဲဒီအဘတွေတော်တော်များများကလည်း.. နိုင်ငံရေးမလုပ်ချင်တော့ပါဘူး..။
    တသက်လုံးရှာထားတဲ့…… ငွေတွေပိုက်ပြီး.. ဘာလုပ်ရမှန်းမသိဖြစ်နေတာ..
    … အဟမ်း..
    ယူအက်စ်က..ဥရောပက… ကာကွယ်စောင့်ရှောက်ပေးမယ်.. ခေါ်ထားပေးမယ်ဆိုရင်တော့.. အဘတို့တတွေလည်း.. အေးဆေး… ဟာဝိုင်ယီမယ်… မော်ရိုကိုမယ်… ဆွစ်ဇာလန်မယ်… အိမ်လေးဆောက်.. နေ့တိုင်းပင်လယ်ရေဆင်းကူး.. ..နားနေမှာပေါ့…။
    တိုင်းပြည်အတွက်.. အဲ..အဲ…
    … လုပ်ခဲ့ရတာ.. မောပြီလေ..။ အသက်တွေလည်းကြီးပြီ..။ :k:

    • ဇီဇီခင်ဇော်

      September 15, 2015 at 4:03 pm

      တကယ် တအုပ်လုံးများအပြီး သွားရင် ခရီးစရိတ် ရှာပေးအူးမှာပါ။
      :mrgreenn:

      ဝီဝီတို့ ခါတော်မှီ တွေပါ ခေါ်သွားရင် လေယာဉ်စင်းလုံး ငှါးပေးအူးမှာ။
      ဟာဝိုင်အီကျမှ စောင့်ချင်တဲ့ ဟာတွေ စောင့်ကြပါစေ။
      :k:

  • kai

    September 16, 2015 at 2:28 am

    U.S. Embassy Rangoon added 2 new photos.
    8 hrs ·

    ဩစတေးလျ သံရုံး၊ ကနေဒါ သံရုံး၊ ဒိန်းမတ် သံရုံး၊ ပြင်သစ် သံရုံး၊ နော်ဝေး သံရုံး၊ ဂျပန် သံရုံး၊ ဆွီဒင် သံရုံး၊ ဗြိတိသျှ သံရုံးနှင့် အမေရိကန် သံရုံး တို့မှ ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် ပူးတွဲကြေညာချက်

    နိုဝင်ဘာ ၈ တွင် ကျင်းပမည့် အသီးသီးသောလွှတ်တော်ဆိုင်ရာရွေးကောက်ပွဲများ၏ အရည်အသွေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ပါလိမ့်မည်။ သို့ပါ၍ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် လူ့အခွင့်အရေး လေးစားမှုကို အာမခံချက်ပေးနိုင်သည့် ကောင်းမွန်သောယှဉ်ပြိုင်မှုများဖြင့် အခြေပြုထားသည့် စိတ်ချယုံကြည်ရသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်ရေး အတွက် အသိပေးနှိုးဆော်သည့် ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့က ကူညီပံ့ပိုးလျက်ရှိပါသည်။
    မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ တရားဝင်စတင်ခဲ့ပြီး ဖြစ်သည့်အလျောက် ဤနိုင်ငံနှင့် ဤရွေးကောက်ပွဲများ၏ အောင်မြင်ရေးအတွက် ရင်းနှီးပံ့ပိုးပေးထားသည့် ကျွန်ုပ်တို့ကဲ့သို့ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်နိုင်ငံများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးကို နည်းလမ်းတစ်ခုအနေဖြင့် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို စိုးရိမ်ပူပန်မိပါသည်။
    ကျွန်ုပ်တို့ကိုယ်တိုင်လည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံများဖြစ်သည့်အလျောက် ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးအခြေအနေများ၏ စိတ်လှုပ်ရှားဖွယ်ရာ ပြောင်းလဲမှုများကို ကောင်းကောင်းနားလည် သဘောပေါက်ပါသည်။ မြန်မာနိုင်ငံတွင် သွေးကွဲမှုနှင့် အရပ်ဘက်ပဋိပက္ခ ဖြစ်ခဲ့ဖူးသည့် သာဓကများရှိခဲ့ပါသဖြင့် ရွေးကောက်ပွဲများသည် ငြိမ်းချမ်းပြီး အားလုံးပါဝင်မှုရှိစေရန် သည်းခံခြင်းစိတ်၊ အပြန်အလှန်လေးစားခြင်းနှင့် ကျောသားရင်သားမခွဲခြားဘဲ မျှတမှုရှိသည့် တရားဥပဒေဖြစ်ရေးတို့ကို အသိအမြင်ကျယ်ပြန့်လာစေရေး နှိုးဆော်ပေးကြပါရန် (ဤရွေးကောက်ပွဲနှင့်) ဆက်စပ်သက်ဆိုင်သူများဖြစ်သည့် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်နှင့် ဘာသာရေး ခေါင်းဆောင်များ နှင့် နိုင်ငံသားများ အားလုံးကို ထပ်တူထပ်မျှ ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ရွေးကောက်ပွဲစည်းမျဉ်းများနှင့် ဥပဒေများအားလုံးကိုလည်း ပြဌာန်းအသုံးပြုရာတွင် လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးပါတီမရွေး မျှတမှုရှိရန်၊ တသမတ်တည်းဖြစ်စေရန် နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။ လက်ရှိရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများကို ပံ့ပိုးကူညီရန် နိုင်ငံတကာမှ သန္နိဋ္ဌာန်ချမြဲချထားလျက်ရှိပြီး ဖြစ်စဉ်ကိုလည်း အစိုးရသစ်တစ်ခု ၂၀၁၆ခုနှစ်တွင် ထူထောင်ခြင်းတစ်လျှောက် အနီးကပ်စောင့်ကြည့်လေ့လာသွားမည် ဖြစ်ပါသည်။

    Joint Statement on Elections from the Embassies of Australia, Canada, Denmark, France, Norway, Japan, Sweden, the United Kingdom, and the United States of America

    The quality of the parliamentary election on 8 November will be a critical marker in Myanmar’s transition to democracy. For that reason, we are supporting efforts to promote a credible, transparent, and inclusive election, underpinned by healthy competition that ensures freedom of expression and respect for human rights.
    As the campaign in Myanmar officially begins, however, we, as international partners invested in the success of this country and these elections, are concerned about the prospect of religion being used as a tool of division and conflict during the campaign season.
    Being democracies ourselves, we understand well the emotional dynamics of electoral politics. Given the history of division and civil conflict in Myanmar, we call on all stakeholders — the Government, Union Election Commission, political parties, civic and religious leaders, and citizens alike — to promote a spirit of tolerance, mutual respect, and equality under the law to ensure the elections are peaceful and inclusive. We call for all election rules and regulations to be applied fairly, consistently, and transparently without regard to ethnicity, religion, or political party. The international community remains committed to support Myanmar and its people during the current election season, and will continue to watch the process closely through the formation of a new government in 2016.

    • kai

      September 16, 2015 at 2:36 am

      ကြည့်ရတာ… နောက်တခါ စမတ်ဆန်ရှင်လာရင်.. အဲဒီမဘသက အစွန်းရောက်တဲ့ပုဂ္ဂိုလ်တချို့တွေကိုရည်ရွယ်တာဖြစ်လိမ့်မယ်…။
      ရိုဟင်ဂျာဆိုပြီး.. ဘင်္ဂလားဒေ့ချ်နိုင်ငံသားတွေက.. တတိယနိုင်ငံကို ..ခိုလှုံဖို့ကြိုးစားနေတာတွေကို.. ထောက်ခံသူ.. ကူညီသူတွေကိုလည်း.. လူကုန်ကူးမှုနဲ့..အရေးယူသင့်တယ်..။
      ပြည်ပ …ထွက်လို့မရ.. ဘဏ်မှာငွေစုထားလို့မရ.. ငွေကောက်လို့မရတော့ဘူးပေါ့…။
      No Fly List ထဲထည့်လိုက်ရင်တော့ ..ပွဲပြတ်..။ :k:

      • ဇီဇီခင်ဇော်

        September 16, 2015 at 7:46 am

        မြန်မာပြည်က IS တွေ ကို ဒီ လို ထိမ်းလို့ရမယ်ထင်လို့လားမသိ

        :mrgreenn:

      • kai

        September 16, 2015 at 8:56 am

        သေချာတော့မသိပါဘူး..။
        ဝီရသူ့ဆရာ…ဆရာတော်ကြီး(တွေ)ကတော့.. ယူအက်စ်တခါကြွလာရင်.. တပါးထဲတင်.. ၁ခေါက်၁သန်းအေးဆေး…။
        အစွန်းတွေကို..ဖြတ်ဖို့က.. ငွေပင်ငွေရင်းကို.. ဖြတ်ရတယ်ဆိုကြတာပဲ..။

        ငွေမရှိပဲ… အဲ..အဲ.. ဝတ္တု(ဝိနည်းလွတ်ငွေ့နာမည်ဝှက်) မရှိပဲ.. ဘာလုပ်လို့ရတယ်.. လိုက်လို့..။
        ပြောသာပြောတာ…
        ငွေမကိုင်ရ(ဘူးဆို)တဲ့ဘုန်းဘုန်းတွေ.. ငွေကြေးတွေကိုစီမံခန့်ခွဲ.. ပေးကမ်းရယူနေကြတာများ..
        ငွေကြေးနဲ့မာစတာယူထားတဲ့.. ခေတ်ပညာတတ်ဆိုသူတွေ.. သေသင့်တယ်..။ လို့..။ :k:

        IS တွေကတော့… သူရို့မြေကြီးကရေနံထုတ်… ယူအက်စ်လက်နက်တွေ မှောင်ခိုဝယ်..။ တချို့.. ရုရှားလက်နက်တွေဝယ်..။
        အဲ..နောက်မှ..အမေရိကားက…ယူအက်စ်လက်နက်တွေနဲ့..ပဲ… လူအသေခံပြီး အချင်းချင်း..ပြန်ချနေကြတာလေ..။
        အဲဒီစစ်ပွဲမျိုးက.. ကြာလေကောင်းလေ…လို့.. အနောက်နိုင်ငံတွေက.. ယူဆမှာပေါ့…။

        ကွိ…

        • ဇီဇီခင်ဇော်

          September 16, 2015 at 9:03 am

          အဲဒီ သင်္ကန်းခြုံတွေ နောက်က စပွန်စာဟာ သဌေးမ တွေ ဆိုရင်
          တဂျီးဘာပြောမလဲ??

          :a:

          BTW
          လွှတ်တော်ထဲ ရောက်ရင်
          ကြံ့ဖွတ်နဲ့ အစိတ်သားကတော့ မဲပေါင်းမယ်ထားပါ။
          အပေါက်စောင့် ပါတီ နဲ့ အဲဒီ ၂ ခု ရော ပေါင်းသွားမယ် ထင်သလားဟမ်??

          :a:

        • kai

          September 16, 2015 at 9:13 am

          သိပ်သိ..။ :k:
          ထေရာဝါဒရဲ့အကြီးဆုံးဒုက္ခက.. အဲဒီမိန်းမတွေပဲ…။
          လောကမှာ.. အထီးအမ၂မျိုးထဲရှိတာမှာ.. လောကီလုပ်သူတွေအတွက်မရှိမဖြစ်လိုတဲ့.. ကျားနဲ့မဆက်ဆံရေးကို.. အတင်းခွဲထား..။
          ပြီး…
          ဝိနည်းအရ.. တရားဝင်ယူမရတော့.. မဟာယာန..ဇမ်ဗုဒ္ဓဘာသာတွေလို.. တရားဝင်ဇနီးက.. မိမိသာကာမပိုင်ဆိုပြီး.. ဆိုင်ရာဘုန်းကြီးကိုဝင်ရောက် ကြီးကြပ်.. ထိန်းပေးလို့ကလည်းမရ…။
          ဆိုတော့… အထိန်းအကွပ်မဲ့ပေါ့…။ စည်းဘောင်မရှိတဲ့လူသားဖြစ်သွားမှကိုး..။

          အဲဒီ အပြန်အလှန်ဂယက်သက်ရောက်မှုတွေကို.. သမိုင်းစဉ်ဆက်.. မြန်မာတွေခံနေရတာသာဖြစ်ပါတယ်…။
          ( လောကီရေး ဝင်ပါနေသူ.. အဝါဂိုဏ်းသားများအတွက်ပါ….)

          =
          ယောနိစောင့်ဥပဒေတင်တဲ့..ပါတီက.. NDF ဆိုရင်.. အဲဒါက ဒီချုပ်ရဲ့.. အခွဲပါတီတခုပဲ..။
          ပြန်ခေါ်ပြီး.. လမ်းတည့်ပေးလိုက်ရမှာပေါ့…။
          ယူအက်စ်မှာ.. ရီပါ့ဗလစ်ကန်ပါတီထဲမှာ.. တီးပါတီမျိုးချစ်အုပ်စုဆိုတာရှိတယ်…
          အမျိုးချစ်တွေ..အစွန်းရောက်လက်ယာယိမ်းလွန်းသူတွေများတယ်ပေါ့…။
          မိခင်ပါတီက..ကန်မထုတ်ရပါဘူး..။ လိုတဲ့အချိန်.. ခွဲကစား…. တွဲကစားရင်း.. ရီပါ့ဗလစ်ကန်င်ပါတီဟာ.. အိုဘားမားဒုတိယသက်တမ်းမှာ.. လွှတ်တော်၂ရပ်လုံးကို… အုပ်မိပြီး.. မဂျော်ရတီပါတီဖြစ်ခဲ့တာဖြစ်ပါတယ်…။
          အတုယူစေလို…။
          Tea Party Patriots – Wikipedia, the free encyclopedia
          https://en.wikipedia.org/wiki/Tea_Party_Patriots
          Wikipedia
          Tea Party Patriots is a conservative American political organization that promotes “fiscally responsible” activism as part of the Tea Party movement. Its mission is …

  • မြစပဲရိုး

    September 16, 2015 at 2:41 am

    ဇီကလေးရေ
    . ကျေးဇူးပါ။
    . မျှော်နေတာ လာတော့ စိတ်ဝင်စားစွာ အသေအချာဖတ်ကြပါ။
    . မှန်ကန်သောအမြင်နဲ့ ဝေဖန်ကြပေါ့။
    စွမ်းအင် ပိုင်း မှာ. ကျောက်မီးသွေး တော့ထုတ်မယ်ပြောမထားဘူး။
    စီးပွါးရေးပိုင်းအတွက် အင်္ဂင်္လိပ်လို ရေးထားတာ လွန်ခဲ့တဲ့ လပိုင်းလောက်ကထဲ ထွက်နေပြီးပါ။

    ဒါကို ဒီချုပ် အပုတ်ချပွဲ ဆို အားပါးတရ မျှဝေသူများ ဒါကို မသိဟန်ဆောင်နေကြသလားဘဲ။
    Wall ပေါ် တက်မလာသေးပါ။ lol:-)))
    ကလေးတွေလိုမျိုးက ပြောနေရင် တော်သေးတယ်။
    အုပ်ချုပ်သူ ရာထူးရှိ .ယောကျာင်္းရင့်မကြီး တွေက အတင်းပြောသလို ပြောနေတာ စိတ်ပျက်လှတယ်။
    ဒီလူမျိုးတွေ ဆက်အုပ်ချုပ် နေဦးမယ် ဆိုရင်တော့ ဝေးဝေးကသာလွမ်းတော့မည်။

    ဇီကလေးရဲ့ ခေါင်းစဉ် က “ခြံစည်းရိုးပေါ်က” ဆိုတော့ အလယ်ခွထိုင်တွေ ကို ပြောတာလား။
    တကယ်တော့ ဟိုဘက် ဒီဘက် အစွန်းတွေမှာထိုင်နေသူ တွေ က ပိုပြီး ကြောက်ရတာပါ။
    အရာရာကို မကောင်းမြင်စိတ် အမုန်းစိတ် နဲ့ ကြည့်ပြီး ကိုယ့်အတ္တကလွဲ လို့ ဘာကိုမှ မကြည့်သူတွေ ပေါ့။
    တိုင်းပြည်ထဲ လူစု တွေ ကွဲ သွားတာ အဲဒီ အစွန်းထိုင်တွေ ကြောင့်ပါ။

    ဒါထက် ကြုံတုန်း သတင်းပေးလိုက်မယ်။
    အစွန်းထိုင် ဆရာကြီး တစ်ယောက် လူဝင်မှုကြီးကြပ်ရေး နဲ့ ပေါင်းပြီး မြန်မာနိုင်ငံသားအဖြစ်ပြန်လျှောက်နေသတဲ့။
    .နိုင်ငံရေးပြန်ဝင် လုပ်မလို့ဆိုလား။
    အဲဒါမျိုးတွေ က စစ်တပ်က အစွန်းရောက် တွေ ထက်တောင် ပိုကြောက်ရတယ်။
    သူတို့ တွေ က နိုင်ငံထဲ နောက်ကနေ သွေးထိုးနေတာ ကနေ စစ်အစိုးရ နဲ့ ပလဲသနံတင့်သွားတယ်ထင်ရဲ့။
    ဒီချုပ် အာဏာရသွားမှာကို မလိုလားသူများ ထဲ သူတို့ကလဲ ထိပ်တန်းကပါ။
    မယုံရင် ကြောင်ကြောင့် ကိုမေးကြည့်။

    • kai

      September 16, 2015 at 2:49 am

      ဒီချုပ်က…အာဏာအဓိကနေရာယူနိုင်ရင်.. သေသေချာချာညှိလုပ်မယ်လို့ထင်ပါတယ်…။
      တကယ်တော့.. အဲဒီအစွန်းနင်းသူတွေမှာ.. တူတဲ့ဘက်ဂရောင်း.. ညီတဲ့သမိုင်းရှိသဗျ..။
      ဗကပ… နဲ့.. အနီအတွေးအခေါ်တွေပေါ့…။
      တချိန်က.. အရှိန်အဟုန်နဲ့.. မြန်မာပြည်ထဲ.. ရိုက်ခတ်ခဲ့ဖူးပါ့…။ ဗိုလ်ချုပ်အောင်ဆန်းတို့လည်း.. ပါခဲ့သပေါ့.။

      ဆိုတော့… မဝေးတဲ့တချိန်ချိန်မယ်…
      မြန်မာပြည်ရဲ့အစောဆုံး..အကြီးဆုံးပါတီကြီး.. ဗကပကို.. … သေသေချာချာခေါ်ညှိသင့်ပါတယ်…။
      စိန့်ပြည်က.. ရုရှားက.. ကွန်မြူနစ်သဘော လှစ်ပြခဲ့ပြီမို့… သူတို့တွေမှာ..သဘောတရားရေးရာအရတော့..ရဲရဲတောက်မနေကြတော့ပဲ.. လက်တွေ့နဲ့ညှိ.. ပြင်ကြမှာသေချာပါတယ်…။
      သူတို့တွေမပါပဲနဲ့တော့.. တိုင်းရင်းသားတပ်တွေနဲ့.. အစိုးရ..ငြိမ်းချမ်းရေးစာချုပ်တွေချုပ်နေတာ.. ရီစရာလို့သာ… ထင်..။ :k:

    • ဇီဇီခင်ဇော်

      September 16, 2015 at 7:54 am

      အစွန်းတွေက ပညာတတ်နည်းတယ် အရီးရဲ့။
      ဟိ။
      နောက်ပြီး အစွန်းရောက်ဆိုတာ ကြာကြာမခံပါဘူးး
      .
      .
      ပညာတတ်လေ ခြံစည်းရိုး ပေါ် တက်လေ။
      သူ့လူ ကိုယ့်ဘက်သားလုပ်လေ။

      ခေါင်းစဉ် က ရွဲ့ပေးလိုက်တာပါ။

      ဒီချုပ်ကို အပြစ်ပြောဖို့ ကုန်ကြမ်း ပေါ့လေ။
      ဒီချုပ်ထက် ပညာတတ်တဲ့ လုပ်နိုင်စွမ်းရှိတဲ့ ပညာရှင်တွေမို့ပါ။

      :kwi:

  • မြစပဲရိုး

    September 16, 2015 at 5:10 am

    ဘယ်သူတွေ ရေးထားလဲတော့ မသိဘူး။
    ဖတ်ကြည့်ပြီးတော့ မကောင်းမြင် နဲ့ အပြစ် ပြောချင်ရင်လဲ အများကြီးပြောလာကြ ဦးမှာပါ။
    ဒါတွေကို ကောင်းအောင်လုပ်ဖို့ သက်ဆိုင်ရာ ပညာရှင်များ ကရော အခုချိန်မှာ ဒီချုပ် ဘတ်က ပေါ်ပေါ်ထင်ထင် ဝိုင်းပြီး ပံ့ပိုး ပေးရဲ မတဲ့လား။
    အများစု က ဝန်ထမ်း တွေ ဖြစ်နေတာပါ။
    အဲဒီအချက်ကို ဖြည့်တွေးပေးကြပါ။
    တကယ်တမ်း ပညာရှင် ပိုင်းတွေ က ပိုကြောက်တတ်ကြတာပါ။
    ထမင်းအိုး ကွဲ မဲ့ ကိစ္စကိုး။
    .နောက်ပိုင်း အစိုးရ ဖွဲ့ခွင့်ရရင် တော့ လက်တွေ့လုပ်ပေးဖို့ တကဲ့ပညာရှင် တွေ လိုမှာ မို့ အဲဒီအချိန်မှ ပံ့ပိုးပေးဖို့ စောင့်နေကြမလားပါဘဲ။

    ဒီတော့ ပြောလိုတာက ဒီချုပ် ကို ထိလို့ နာတာ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည် ကို ထိလို့ နာတာမဟုတ်။
    ထွက်ပေါက်တစ်ခု အတွက် အစုတ်အပြတ်စာတမ်း ဖြစ်ပါစေဦး။
    အဲဒါကို အပြစ်တင် ဝေဖန် မကြည့်ကြပါနဲ့တော့။
    . ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးသော သူများ ဟာ အနှောက်အယှက်များ တဲ့ လမ်းဝါးဝါး ကို စမ်းလျှောက် နေကြရတယ် ဆိုတာ ကို သတိပြုပါ။
    အမှားတွေ ဖြစ်လာမှာ ကို မျှော်လင့်ထားကြပါ။
    အဲဒီ အမှားတွေ ကနေ သူတို့ ပိုကောင်းအောင်လုပ်လာပါလိမ့်မယ်။
    အဲဒါကို ယုံကြည်ပါ။
    လက်ရှိ ပြည်သူ ကို ဘာမှမစဉ်းစားပေးနိုင်တဲ့ လက်ရှိ အစိုးရထက်တော့ အပုံကြီးသာမှာပါ။
    အနည်းဆုံးတော့ ကိုယ်မကြိုက်ရင် ဝေဖန်လို့ရတဲ့။ ဖြုတ်ချပစ်လို့ရတဲ့ အစိုးရ တော့ ရမှာပါ။

    ဒီချုပ် နိုင်လိုက်ရင် စနစ်ကောင်းတစ်ခုရဖို့ အတွက် လက်တွေ့လုပ်ခွင့်ရချိန်မှာ အစိုးရအဖွဲ့ထဲ ကို တတ်ကျွမ်းသူပညာရှင်တွေ အကြောက်တရားမရှိဘဲ ရောက်လာမှာပါ။
    . ဒေါ်အောင်ဆန်းစုကြည်ကလဲ ဖိတ်ခေါ်မှာပါ။
    အဲဒါကို ဝမ်းမြောက်ဝန်းသာ ကြိုဆိုပေးကြဖို့ပါဘဲ။
    အဲဒီအချိန်ကျတော့ မှ ပညာရှင် တွေ ပြောတာ ကို နားထောင်ပြီး သူတို့ လုပ်နည်း တွေ ကို ဝေဖန်ကြပါ။
    အစိုးရ က မှ တိုင်းပြည် ကို လက်တွေ့ တည်ဆောက်ပေးနိုင်မှာပါ။

    ဒီတော့ အခုချိန် ဘယ်ပညာရှင်မှ ဝင်မကူရဲ တဲ့ သူတွေ ရဲ့ အားနည်းချက် ကို မဝေဖန်ပါနဲ့ဦး။
    အစိုးရ ဖွဲ့နိုင်ချိန် တကယ်လုပ်နိုင်သူတွေ ပူးပေါင်း ပေးပါလိမ့်မယ်။
    ဒါကြောင့် သူတို့အစိုးရဖွဲ့ပြီးမှ လို့ တွင်တွင် ပြောနေတာ နေမှာပါ။
    အဲလို ပညာရှင်တွေ ဒီချုပ်မှာ ပေါင်းလာနိုင်အောင် သူတို့ ကို အစိုးရဖွဲ့နိုင်ခွင့်ရအောင်သာ ပြည်သူအများ က တွန်းကြပါတော့။

    ခွပ်ဒေါင်း တွေ လမ်းရှင်းပေးတဲ့ နောက် ကို လိုက်ပြီး အရင်ဆုံး အပြင်ကို ရောက်အောင် လုပ်လိုက်ကြပါဦး။
    အပြင်ဘက်က အလင်းရောင်ထဲ ကို ရောက်ရင် ပညာရှင် ကဒေါင်း တွေ ပေါင်းလာပါလိမ့်မယ်လို့ ထပ်ခါထပ်ခါ ပြောပါရစေ။
    . ဒီကြားကာလမှာ ဘာကိုမှ ဇဝဇဝါ ဝိုးတိုးဝါးတား မရှိပါနဲ့။
    အခုတောင် မဲ တွေ မှားပြန်ပြီတဲ့။ ၃၀% ဘဲ မှန်မယ် အာမခံ နိုင်သတဲ့။

    ဒီလို အရေးကြီး ကိစ္စအရေးကိုတောင် မှန်အောင် မလုပ်နိုင်တဲ့ အစိုးရ ကိုတော့ အပြစ်မမြင်။ ဘာမှ မဝေဖန် ကြဘဲ ဘာမှ မစ နိုင်သေးတဲ့ အတိုက်အခံ ကိုတော့ cat cat လန် ဘဲ။ (cd – cat cat ) 😉

    • ဇီဇီခင်ဇော်

      September 16, 2015 at 7:55 am

      free and fair election ဖြစ်ရန် ရွေးကော်၊ အစိုးရ၊ မီဒီယာ လိုအပ်ချက်တွေ အများကြီးရှိသည်။
      ဒါတွေကို မပြောပဲ အန်အယ်ဒီကို မဲပေးမည် ပြောနေသူတွေကို လာငေါက်သည်ကတော့ နားလည်ရ ခက်လှသည်။
      ဘာနိုင်ငံရေး ပညာမှတော့ မသိပါ။ မတတ်ပါ။
      ကိုယ်ယုံကြည်ရာကို သူတပါးအား မထိခိုက်ပဲ ဖေါ်ပြခွင့် ရှိသည်ဟု ကြားဖူးနားဝ ရှိသဖြင့် ပြောနေပါသည်။
      မှားလျှင် ငေါက်တော် မမူပဲ ပြင်ပေးတော်မူကြပါ။

      ~~~
      သက္ကမိုးညို
      :mrgreenn:

      • မြစပဲရိုး

        September 16, 2015 at 4:01 pm

        ဟို ပေါက်တတ်ကရ Myanmar Express က NLD ကို မဲပေးမယ် လို့ တရားဝင်ကြေငြာနေတဲ့ အနုပညာရှင် တွေ ကို အပြစ်တင်နေတယ်။
        အရေးမပါတာ ကို Like လုပ် သူ ရှိတော့ လဲ ဝင်ဖတ်မိ။
        ဒီတော့ အကုသိုလ်ပွါး။

        စစ်တပ်က ၂၅% နေရာဦးထားပြီး တိုင်းပြည်
        ဘာသာရေး နဲ့ မှိုင်းတိုက်ထားတဲ့ တိုင်းပြည်
        လူမျိုးရေးခွဲခြား ထားပြီး တိုင်းပြည်
        သူ့ဘက်သားတွေ မဲစာရင်းကော်မရှင် ဖြစ်နေတဲ့ တိုင်းပြည်
        အတွေးအခေါ် နဲ့ ပညာရေးနိမ့်ပါးနေတဲ့ တိုင်းပြည်
        ထမင်းတနပ်အတွက် ကောက်ကျစ်နေကြရတဲ့ တိုင်းပြည်
        မှာ
        အာဏာလွှတ်ရဖို့ သွေးပျက်နေတဲ့ အစိုးရ ကို ဖယ်လိုက်ဖို့
        ကိုယ့်ဘက်က လဲ နည်းမျိုးစုံ သုံးရမှ Fair ဖြစ် မှာမို့
        ဘယ်သူဘာပြောပြော ဘာလုပ်လုပ် အဓိက က NLD မဲနိုင်ဖို့ပါဘဲ။

        (စစ်တပ် တမတ်သား လွှတ်တော်ထဲ ဝင်ထိုင်နေတဲ့ တစ်ခြား တိုင်းပြည် ရှိတာ သိရင်ပြောပြကြပါ)

        • ဇီဇီခင်ဇော်

          September 16, 2015 at 4:09 pm

          အမှန်တော့ အဲဒီ ပေ့(ချ) တို့ ဟို ထောက်ပြုတ်ဖဘတို့က အရေးမပါတော့ပါဘူးး
          လိုင်းပေါ်က လူတွေ အတန်းရှင်းကို မရရအောင် ပြန်ယူနေရတာဖြစ်နေပြီ။

          သူတို့ ပြောတာ က ဂရုစိုက်စရာ မရှိတော့ဘူး အရီးး
          အခုက ပညာရှင် ဆန်ဆန် အရင် ရေးခဲ့ပြီး မှ လူစုပြီးမှ ခုမှ အဆိပ်ခတ်နေတဲ့ အကောင့်တွေက ကြောက်နေရတယ်။

          —————–
          အခု အောင်နိုင်ရေးလှုပ်ရှားမှု ၂ ဖွဲ့လောက်မှာ ပါထားတယ်။

          ကြားရသမျှ ကျနော်တို့ ဘက်က မျှတ စည်းကမ်းလိုက်နာသလောက် ဆင်ခြင်သလောက် သူတို့ဘက်က လွှတ်ထားတယ်။
          ဒါပေမဲ့ ကျနော်တို့မမှားရဲဘူးးး။
          ဥပဒေက ကိုယ်တွေကို ကြပ်ဖို့ပဲဖြစ်ပြီး သူတို့လူတွေ လုပ်ချင်သလောက် လုပ် လွှတ်ထားသလိုမျိုးပဲ။

  • ဇီဇီခင်ဇော်

    September 16, 2015 at 4:58 pm

    ခေးရယ်။
    ဝန်းရံပြီလေ။
    :chit:

    ~~~~~~~~~~~~

    https://www.facebook.com/TELEPATHIC69

    မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ဝ၈.၁၁.၂၀၁၅ တနင်္ဂနွေနေ့မှာ ကျင်းပမှာပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူတွေက ဘယ်ပါတီကို မဲပေးမှာလဲ မေးလာကြတော့ ဖြေရတော့မှာပေါ့။ ကျုပ်က လူပုဂ္ဂိုလ်နဲ့ ပါတီစွဲပြီး မဲမပေးပါဘူး။ ကျုပ် သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ အရည်အချင်းတွေနဲ့ပဲ ချိန်ပြီး အချက်အလက်တွေ အရည်အချင်းတွေနဲ့ ကိုက်တဲ့ ဘယ်သူ့ကိုမဆို ဘယ်ပါတီကိုမဆို ရွေးချယ် မဲပေးမှာပါ။
    ကျုပ် သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ အရည်အချင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ၀၁။ ကျုပ်က မြန်မာနိုင်ငံသား စစ်စစ်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားမဟုတ်တဲ့ လူတွေကို လွှတ်တော်ထဲ အရောက်ပို့ဖူးတဲ့ ပါတီ၊ နိုင်ငံသားမဟုတ်တဲ့ လူတွေကို နိုင်ငံသားတွေ ပြုပေးပြီး နိုင်ငံကို ပျက်ရာပျက်ကြောင်း လုပ်ဖူး ကြံဖူးတဲ့လူတွေ ရှိတဲ့၊ အဲဒီလို အစဉ်အလာရှိတဲ့ ပါတီကို မဲမပေးပါဘူး။ အဲဒီလို မလုပ်ဖူးတဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ၀၂။ ကျုပ်က မြန်မာပြည်ကို သိပ်ချစ်တဲ့လူပါ။ တိုင်းပြည်အတွက် လိုအပ်ရင် စစ်တိုက်ပေးမယ့်လူပါ။ အမိမြေကို တစ်လက်မမှ အထိမခံဆိုပြီး တွင်တွင်အော်နေပြီးတော့ မြန်မာနိုင်ငံသားဖြစ်တဲ့ မြန်မာအချင်းချင်းကျတော့ ကောင်းမွန်တဲ့ ဘာအခွင့်အရေးမှမပေးဘဲ နည်းမျိုးစုံနဲ့ နှိပ်စက် ညှင်းပမ်းပြီး အရှေ့ကလာလာ အနောက်ကလာလာ ဘယ်ကလာလာ တရားဝင်ကော တရားမဝင်ကော ပေါ်ပေါ်ထင်ထင် ဝင်လာတဲ့ နိုင်ငံခြားသားတွေကိုကျတော့ ကြောက်ဖားနေတဲ့ လူတွေ ရှိတဲ့ ပါတီကို မဲမပေးပါဘူး။ မြန်မာပြည်ကို တစ်ကယ်ကာကွယ်နိုင်တဲ့ စစ်ရေးအမြင်ရှိပြီး ဘယ်နိုင်ငံခြားသားကိုမှ မကြောက်ဘဲ မြန်မာအချင်းချင်း လေးစားတန်ဖိုးထားလိမ့်မယ်လို့ ယူဆရတဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ၀၃။ ကျုပ်က ပြည်သူကြားက ပြည်သူပဲဖြစ်တဲ့အတွက် ပြည်သူကို စော်ကားထားတဲ့လူ အများကြီး ရှိတဲ့ ပါတီကို မဲမပေးပါဘူး။ ပြည်သူကို သိပ်မစော်ကားဖူးတဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ၀၄။ ကျုပ်က ရှမ်းမွန် စပ်ကြား တိုင်းရင်းသား ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေကို ရက်ရက်စက်စက် ခြေမှုန်းတဲ့လူတွေ ရှိတဲ့ ပါတီကို မဲမပေးပါဘူး။ ကိုယ်တိုင်ကလည်း တိုင်းရင်းသားဖြစ်၊ တိုင်းရင်းသားအရေး မျှမျှတတ စဉ်းစားပေးပြီး တိုင်းရင်းသားတွေနဲ့ ရင်းနှီးချစ်ကြည်တဲ့ လူဦးဆောင်တဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ၀၅။ ကျုပ်က မြန်မာစာပေ မြန်မာယဉ်ကျေးမှု မြန်မာဝတ်စုံကို နှစ်သက် သဘောကျတဲ့လူဖြစ်တဲ့အတွက် မြန်မာစာပေ မြန်မာယဉ်ကျေးမှု မြန်မာဝတ်စုံကို နှစ်သက် သဘောကျပြီး မြန်မာအချင်းချင်း မလိုအပ်ဘဲ နိုင်ငံခြား ဘာသာစကား မသုံးတဲ့ လူဦးဆောင်တဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ၀၆။ ကျုပ်က မြန်မာပြည်က မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် စတဲ့ ကျောင်းများစွာကို နှစ်ရှည်လများ ကျောင်းတက်ထားတဲ့ ကျောင်းသားစစ်စစ်ကြီး ဖြစ်တာကြောင့် ကျောင်းသားကျောင်းသူတွေကို နှိပ်စက်တဲ့ ကျောင်းသားကျောင်းသူ အခွင့်အရေးကို ပိတ်ပင်တားဆီး ယုတ်မာ မရပ်တည်မယ့် ပါတီကို မဲမပေးပါဘူး။ ကျောင်းသားကျောင်းသူအရေး အလေးထားတဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ၀၇။ ကျုပ်က မဟာဘွဲ့ အပါအဝင် ဘွဲ့ ၃ ခု ရထားပြီး နောက်ထပ် မဟာဘွဲ့ ၂ ခုကို ထပ်ယူနေတဲ့ လူဖြစ်တဲ့အတွက် နယ်ပယ်စုံက တစ်ကယ့် ပညာတတ်တွေ ပါဝင်ပြီး ပညာရေးက နိုင်ငံအတွက် အရေးကြီးမှန်းသိပြီး ပညာရေးနဲ့ ပညာတတ်ပုဂ္ဂိုလ်များကို လေးစားချီးမြှောက်တဲ့ ပညာတတ်ပုဂ္ဂိုလ်ဦးဆောင်တဲ့ ပါတီကိုပဲ မဲပေးပါမယ်။ ပညာရေးက ပြန်မရနိုင်တဲ့ ရင်းနှီးမြှပ်နှံမှုလို့ ထုတ်ဖော်ပြောကြားထားတဲ့ လူတွေဦးဆောင်တဲ့ ပါတီကို မဲ မပေးပါဘူး။

    ၀၈။ ကျုပ်က လူငယ်ဘဝကုန်လို့ လူလတ်ဘဝ ရောက်စပြုနေပြီဖြစ်တယ်။ ကျုပ် လူငယ်ဘဝတုန်းက နိုင်ငံတကာကလို လူငယ်အခွင့်အရေးတွေ အလေးထားခံရမှုတွေ အပြည့်အဝမရခဲ့ဘူး။ နောင်လာမယ့် လူငယ်လေးတွေကိုလည်း ကျုပ်တို့ ခေတ်က လူငယ်တွေလို အဖြစ်မခံနိုင်ဘူး။ အဲဒါကြောင့် လူငယ်တွေအရေး အလေးထားတဲ့ ပါတီကိုပဲ မဲပေးပါမယ်။ အရည်အချင်းရှိတဲ့ လူငယ်တွေ လူလတ်တွေ မမြင်မိဘူးလို့ ထုတ်ဖော်ပြောကြားထားတဲ့လူ ပါတဲ့ ပါတီကို မဲမပေးပါဘူး။

    ၀၉။ ကျုပ်က နိုင်ငံခြား ဘာသာစကား တစ်ချို့ကို တတ်မြောက်ထားတဲ့လူဖြစ်တဲ့အတွက် ကျုပ်လိုပဲ နိုင်ငံခြားဘာသာစကား အနည်းဆုံး နှစ်ခု တတ်တဲ့ လူဦးဆောင်တဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ၁၀။ ကျုပ်က လူသားထဲက လူသားတစ်ယောက်ပဲ ဖြစ်တဲ့အတွက် တစ်ချိန်မှာတော့ နေမကောင်း ဖြစ်ဦးမှာပါ။ ကျန်းမာရေးအတွက် ဒီနိုင်ငံမှာ ဆေးရုံ ဆေးခန်းတွေ များစွာ ရှိနေလျက်နဲ့ နိုင်ငံခြားကို ပိုက်ဆံပေါင်းများစွာ အကုန်ကျခံပြီး ဆေးသွားကုနေရမှာကို မလိုလားပါဘူး။ ပြည်တွင်းနေ ဆရာဝန်တွေရဲ့ ပညာနဲ့ ဆေးရုံတွေကိုပဲ အားကိုးချင်ပါတယ်။ အဲဒီတော့ ပြည်သူ့ ဘဏ္ဍာကို ကိုယ့်ကျန်းမာရေးအတွက်ပဲ သုံးပြီး ပြည်သူတွေရဲ့ ဆေးရုံတွေနဲ့ ပြည်သူတွေရဲ့ ဆရာဝန်တွေကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းထောက်ပံ့မှု မလုပ်တဲ့လူတွေရှိတဲ့ ပါတီကို မဲမပေးပါဘူး။ အဲဒီလို မလုပ်ဘူးလို့ ယူဆရတဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ၁၁။ ကျုပ်က လေယာဉ်မောင်းတဲ့ အလုပ်ကို သူများဝန်ထမ်းအနေနဲ့ လုပ်ရတဲ့ အလုပ်သမားတစ်ယောက်ပါ အဲဒီတော့ လုပ်ခလစာအပါအဝင် အလုပ်သမားအခွင့်အရေးပေါင်းများစွာကို ပိတ်ပင်တားဆီး ယုတ်မာ မရပ်တည်မယ့် ပါတီကို မဲမပေးပါဘူး။ အလုပ်သမားအရေးကို အလေးထားတဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ၁၂။ ကျုပ်က လေယာဉ်မောင်းတဲ့ လူတစ်ယောက်ပါ။ ခရီးသွားတဲ့လူတွေ ပစ္စည်းပို့တဲ့လူတွေ မရှိဘဲ လေယာဉ်မှူးတွေ အလုပ်လုပ်လို့မရပါဘူး။ အဲဒီလို ခရီးသွားကြဖို့ ပစ္စည်းပို့ကြဖို့ဆိုတာကလည်း တိုင်းပြည် စည်ပင်သာယာဝပြောပြီး ပြည်သူလူထု ကျန်းမာချမ်းသာကြမှဖြစ်မှာပါ။ အဲဒါကြောင့် တိုင်းပြည်သာယာဝပြောပြီး ပြည်တွင်းပြည်ပ ခရီးသွားလာသူများလာအောင် ဆွဲဆောင် မြှင့်တင်နိုင်မယ့် စီးပွါးရေး နိုင်ငံရေး အမြင်နဲ့ အရည်အချင်းရှိတဲ့လူတွေ ပါဝင် ဦးဆောင်မယ့် ပါတီကိုပဲ မဲပေးပါမယ်။ တိုင်းပြည်ကို ထုံထိုင်း မွဲပြာကျပြီး ဖွံ့ဖြိုးမှုအောက် ကျရောက်နေအောင် လုပ်ထားတဲ့လူတွေ ပါတဲ့ ပါတီကို မဲမပေးပါဘူး။

    ၁၃။ ကျုပ်က နိုင်ငံခြားတော်တော်များများကို ခဏခဏ သွားနေကျပါ။ ဘယ်နိုင်ငံရောက်ရောက် ကိုယ့်နိုင်ငံမှာ စီးပွါးရေး ကောင်းကောင်းလုပ်လို့မရလို့၊ လုပ်ခ လစာနည်းလို့၊ ပညာရှင်တွေ တန်ဖိုးအထားမခံရလို့ စတဲ့ အခြေအနေအရပ်ရပ်မကောင်းလို့ နိုင်ငံခြားမှာ နှိပ်စက် ညှင်းပမ်း မျက်နှာငယ်ခံ ဘဝပျက်ခံပြီး အလုပ်လုပ်နေကြရတဲ့ အလွှာစုံအတန်းအစားစုံ မြန်မာတွေကို တွေ့ဖူး ဆုံဖူးပါတယ်။ အဲဒီလို မြန်မာနိုင်ငံသားတွေ ဘဝပျက်နေကြတာကို မသိကျိုးကျွံပြုနေပြီး အကာအကွယ်လည်းမပေး၊ မြန်မာနိုင်ငံမှာလည်း ဝင်ငွေကောင်းပြီး လုံခြုံစိတ်ချရတဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ မဖန်တီးပေးနိုင်တဲ့ လူတွေ ပါဝင်နေတဲ့ ပါတီကို မဲမပေးပါဘူး။ နိုင်ငံခြားရောက် မြန်မာတွေကို အကာအကွယ်ကောင်းကောင်းပေးပြီး မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံမှာလည်း ဝင်ငွေကောင်းပြီး လုံခြုံစိတ်ချရတဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ ဖန်တီးပေးနိုင်မယ့် ပါတီကိုပဲ မဲပေးပါမယ်။

    ၁၄။ ကျုပ်က အစားအသောက် အရမ်းမက်မောပါတယ်။ အဲဒီတော့ ဒီနိုင်ငံက မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ လယ်ယာဥယျဉ်ခြံမြေ စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ အစားအသောက်တွေ၊ အသားထုတ်လုပ်သူတွေနဲ့ လယ်ယာသမား တောင်သူဦးကြီးတွေကို ချစ်မြတ်နိုးတယ်။ အဲဒီလူတွေ လုပ်ငန်း လုပ်ဆောင်ခွင့်မရအောင် စီးပွါးတွေ ဘဝတွေ ပျက်အောင် မိမိကိုယ်ကျိုးအတွက် လယ်သိမ်း ယာသိမ်း ဥယျာဉ်ခြံမြေသိမ်းတဲ့ လူတွေ ရှိတဲ့ သို့မဟုတ် အဲဒီလို လုပ်နေတာကို ထိထိရောက်ရောက် ကာကွယ် ကူညီမပေးနိုင်တဲ့ ပါတီကို မဲမပေးပါဘူး။ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ လယ်ယာဥယျဉ်ခြံမြေ စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ လယ်ယာသမား တောင်သူဦးကြီးတွေနဲ့ အသားထုတ်လုပ်သူတွေရဲ့ ဘဝနဲ့ ကောင်းကျိုးကို ကူညီ စောင့်ရှောက်မယ့် ပါတီကိုပဲ မဲပေးပါမယ်။

    ၁၅။ ကျုပ်က တစ်ချိန်မှာ စီးပွါးရေးလုပ်မယ့်လူဖြစ်တဲ့အတွက် စီးပွါးရေး ပိတ်ဆို့ခံရမယ့် သို့မဟုတ် ပိတ်ဆို့ခံနေရတဲ့ လူတွေ ဦးဆောင်တဲ့ သို့မဟုတ် အဲဒီလိုလူတွေကိုပဲ အခွင့်အရေးပေးပြီး ကိုယ်ကျိုးရှာနေတဲ့ သို့မဟုတ် ကိုယ်ကျိုးရှာတဲ့ ပါတီကို မဲမပေးပါဘူး။ စီးပွါးရေး ပိတ်ဆို့မခံရမယ့် ပါတီကိုပဲ မဲပေးပါမယ်။

    ၁၆။ ကျုပ်က အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေကို လက်သိပ်ထိုး ကွက်ကျားမိုးရွာနေတာကို မရဖူးတဲ့အတွက် လုံးဝ မကြိုက်ပါဘူး။ အဲဒီလို အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေကို လက်သိပ်ထိုး ကွက်ကျားမိုးရွာနေတဲ့ လူတွေ ပါတဲ့ သို့မဟုတ် အဲဒီလိုလူတွေနဲ့ ပတ်သက်နေမယ့် ပါတီကို မဲမပေးပါဘူး။ အဲဒီလို အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေကို လက်သိပ်ထိုး ကွက်ကျားမိုးရွာမပေးဖူးသေးတဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ၁၇။ ကျုပ်က မီးပြတ် ရေပြတ် လမ်းပျက် ပိုက်ဆံပြတ်တာကို မကြိုက်ပါဘူး။ အဲဒီတော့ ကတိတွေပေးပြီး အုပ်ချုပ်စဉ်ကာလအတွင်း မီးမပေးနိုင် ရေမပေးနိုင် လမ်းကောင်းအောင် မလုပ်ပေးနိုင်တဲ့ နိုင်ငံကို စီးပွါးရေးကောင်းအောင် လုပ်မပေးနိုင်တဲ့ ပါတီကို မဲမပေးပါဘူး။ အဲဒီလို မဖြစ်ဘူးလို့ ယူဆရတဲ့ ပါတီကိုပဲ မဲပေးပါမယ်။အနည်းဆုံးတော့ ဒေါ်လာဈေးကျစေချင်ပါတယ်။

    ၁၈။ ကျုပ်က တာဝန်မဲ့စကား အပြောခံရတာများပြီး တာဝန်မဲ့စကားပြောတဲ့လူတွေကို ကြုံရပါများတော့ အဲဒီလိုလူတွေကို များစွာ မွေးထုတ်ပေးဖူးတဲ့ ကျောင်းတွေက ဆင်းတဲ့လူတွေ အများစု ပါဝင်တဲ့ ပါတီကို မဲမပေးပါဘူး။ တာဝန်ယူ တာဝန်ခံမှု ရှိလိမ့်မယ်လို့ ယူဆရတဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ၁၉။ ကျုပ်က ဒီနိုင်ငံက လက်ကိုင်ဖုန်းတွေကို ၂၀၀၂ ခုနှစ်ကတည်းက မိဘတွေ ဈေးကြီးပေး ဝယ်ပေးလို့ အခုထိ ဖုန်းသုံးခကို ဈေးကြီးကြီးပေး သုံးလာခဲ့ရတဲ့ မြန်မာ့ဆက်သွယ်ရေးရဲ့ သားကောင်တွေထဲက တစ်ယောက်ပါ။ အဲဒီတော့ ဒီလိုဈေးကြီးပေးသုံးနေရတဲ့ မြန်မာ့ဆက်သွယ်ရေးအခန်းကဏ္ဍ အစုတ်ပလုပ်ကို ပြုပြင်ပြောင်းလဲဖို့ အရည်အချင်းမရှိတဲ့ လူတွေ ဦးဆောင်နေတဲ့ ပါတီကို မဲမပေးပါဘူး။ အရည်အချင်းရှိတဲ့လူတွေ ဦးဆောင်မယ့် ပါတီကိုပဲ မဲပေးပါမယ်။

    ၂၀။ ကျုပ်က ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့အတွက် ရေမြေတောတောင် သဘာဝ အလှအပတရားတွေကို အလွန်နှစ်သက်တယ်။ အဲဒါကြောင့် မြန်မာ့ရေမြေ တောတောင် သဘာဝ အလှအပတရားတွေကို ကိုယ်ကျိုးစီးပွါးအတွက် နိုင်ငံခြားသားတွေထံ ရောင်းချပြီး ဖျက်ဆီး အမြတ်ထုတ်နေတဲ့ လူတွေ ရှိတဲ့ ပါတီကို မဲမပေးပါဘူး။ အဲဒီလို မလုပ်လောက်ဘူးလို့ ယူဆရတဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ၂၁။ ကျုပ်က ဒီစာကို ရေးလို့ သို့မဟုတ် ကျုပ်က အမှန်တရားကို ပြောလို့ မခံချိ မခံသာဖြစ်ပြီး လာဆဲဆိုမယ့်လူတွေ၊ နှိပ်စက်မယ့်လူတွေ၊ မဲမနိုင်လို့ ရှုံးမဲမဲမယ့်လူတွေ၊ အယုတ်တမာတွေရှိတဲ့ ပါတီ သို့မဟုတ် အဲဒီလိုလူတွေ အားပေးမယ့် ပါတီကို မဲမပေးပါဘူး။ အဲဒီလို မလုပ်ဘူးလို့ ယူဆရတဲ့ ပါတီကိုပဲ မဲပေးပါမယ်။

    ကျုပ်က မဲဆန္ဒရှင်ပြည်သူဖြစ်တဲ့အတွက် ကိုယ်မဲပေးချင်တဲ့ ပါတီကိုပဲ မဲပေးပါမယ်လို့ ပြောဆိုပါရစေ။ ကျုပ်က မွေးကတည်းက အဖွဲ့အစည်းတစ်ရပ်တည်းရဲ့ ဆက်တိုက်နှိပ်စက် ဖိနှိပ်မှုတွေကိုပဲ ခံလာခဲ့ရပြီးသားဆိုတော့ ဒီတစ်ခါ အရွေးမှားလို့ ကိုယ်ရွေးချယ်မိလိုက်တဲ့ တစ်ခြား တစ်ဖွဲ့အစည်းအသစ်တစ်ရပ်ရဲ့ နှိပ်စက်မှုကို ပြောင်းခံရမယ်ဆိုလည်း မထူးတော့ပါဘူး။ ကိုယ့်ရဲ့ စစ်မှန်တဲ့ ရွေးချယ်မှုက အလွန်ကိုပဲ ဆိုးရွားနေမယ်ဆိုရင်လည်း အဲဒီ အဆိုးရလာဒ်ကိုပဲ ကျေကျေနပ်နပ် လက်ခံလိုက်ပါတော့မယ်။ အဲဒါပါပဲ။
    True story by Sithu Oo

    ~~~~~~~~~~

    :mrgreenn:

Leave a Reply