ခြံစည်းရိုးပေါ်က ပညာရှင်များ အပြစ်ရှာရန် ကုန်ကြမ်းများး – NLD ရွေးကောက်ပွဲကြေညာစာတမ်း
ဒီနေ့ ထွက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲကြေညာစာတမ်း ပါ။
Credit: NLD အောင်နိုင်ရေးလှုပ်ရှားမှု
~~~~~~~~~~~~~~~~~
.
.
.
ကဲကဲ။
ဘာမှ မပြောပဲ မဲပေးခိုင်းတယ်တို့ ဘာတို့ ပြောနေတဲ့၊
ပြောနေတာတွေ ကို ထောက်ခံတဲ့ သူတွေ ဖတ်ကြ။ ဖတ်ကြ။
မျက်စိကြီးမှိတ်ပြီးတော့ မဖတ်ကြနဲ့ ၊
မမြင်ပဲ နေမယ်။
ဟေးဟေးဟေးးး
.
.
ဒါဖတ်ပြီးရင်လည်း ဒီထဲက ဟာလေး ကောက်သင်းကောက်ပြီး အပြစ်ရှာကြတာပေါ့နော်။
ပျော်စရာကြီးပါ။
.
~~~~~~~~~~~~~~~~~~~
.
.
.
ပြောင်းလဲချိန်တန်ပြီ
…………………….
၁။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး…
၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး
၃။ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ် တစ်ရပ် ပေါ်ပေါက်လာရေး
၎။ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး
……………………………………
၁။ စီးပွားရေး
၂။ တောင်သူလယ်သမား
၃။ မွေးမြူရေးနှင့် ရေလုပ်ငန်း
၎။ အလုပ်သမား
၅။ ပညာရေး
၆။ ကျန်းမာရေး
၇။ စွမ်းအင်
၈။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
၉။ အမျိုးသမီး
၁၀။ လူငယ်
၁၁။ ဆက်သွယ်ရေး
၁၂။ သယ်ယူပို့ဆောင်ရေး
၁၃။ မြို့ပြဖွံ့ဖြိုးရေး
………………………………….
ပြည်သူလူထု၏ ဘဝများ ပြောင်းလဲချိန်တန်ပြီ။
ပြည်သူလူထု၏ ဘဝများ ပြောင်းလဲလာစေရန်
……………………………………………….
၁။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး
၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး
၃။ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ် တစ်ရပ် ပေါ်ပေါက်လာရေး
၎။ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ဦးတည်ဆောင်ရွက်မည်ဖြစ်သည်။
.
.
.
၁။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အောက်ပါတို့ကို ဆောင်ရွက်မည်။
(၁) တို်င်းရင်းသားအားလုံး လက်တွဲမဖြုတ်စတမ်း သွေးစည်း ညီညွတ်မှုဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာရေး၊ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်တံ့ ခိုင်မြဲရေး အတွက် ဦးတည် ဆောင်ရွက်မည်။
(၂) ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းအမြစ်များကို ဖယ်ရှားရန် အာဃာတကင်းစင်ပြီး ပင်လုံစိတ်ဓါတ်ကိုအခြေခံသော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ များမှတဆင့်ပြည် သူ့ဘဝ လုံခြုံအေးချမ်းစေမည်။
(၃) လွတ်လပ်ခြင်း၊ တူညီသောအခွင့်အရေးရရှိခြင်းနှင့်ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးခွင့် ရှိခြင်းတို့နှင့် ပြည့်စုံသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်မည်။
(၄) ပြည်ထောင်စုဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက် စေရန် ပွင့်လင်း မြင်သာသော စီမံချက်များချမှတ် ဆောင်ရွက်မည်။
(၅) သဘာဝအရင်းအမြစ်များ ထုတ်ယူရာမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ်ပြည်ထောင်စုမူ နှင့်အညီ ဒေသအလိုက်မျှတစွာခွဲဝေခံစား ခွင့်ရရှိစေရမည်။
(၆) တိုင်းရင်းသားများသည် အချင်းချင်းအကြား ဖြစ်ပေါ် သော ပြဿနာများကို အပြန်အလှန် လေးစားမှုဖြင့် စားပွဲဝိုင်း ဖြေရှင်းနည်းဖြင့် ဖြေရှင်းမည်။
.
.
.
၂။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေး ကို အာမခံချက် ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး အတွက် လက်ရှိ အခြေခံဥပဒေကို အောက်ပါမူများအတိုင်း ပြင်ဆင်သွားမည်။
(၁) အခြေခံလူ့အခွင့်အရေး၊ဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ် ရမည်။
(၂) ရှေ့နောက် အဓိပ္ပါယ်ကွဲလွဲမှု မရှိစေရ။
(၃) ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားများ၏ အခွင့်အရေးများကို အာမခံရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်မည်။
(၄) စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်မည်။
(၅) အပြန်အလှန် ထိန်းကျောင်းနိုင်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးစသည့် မဏ္ဍိုင်ကြီးသုံးရပ် အား တစ်ဖက်စောင်းနင်း မဖြစ်စေရ။
(၆) နိုင်ငံသားများ၏ တန်းတူညီမျှမှု အခွင့်အရေးကို ကာကွယ်စောင့်ရှောက်မည်။
.
.
.
၃။ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ် ပေါ်ပေါက်လာရေး တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးလွတ်လပ်မှု၊ လုံခြုံမှုရှိ စေရန် ပြည်သူလူထုအား တရားမျှတစွာ ကာကွယ်ပေး နိုင်မည့် အုပ်ချုပ်မှုစနစ် တစ်ရပ် လိုအပ်သည်။ ထိုကဲ့သို့သောအုပ်ချုပ်မှု စနစ်တစ်ရပ် ပေါ်ပေါက်ရန် အောက်ပါ တို့ကို ဆောင်ရွက်မည်။
(၁) နိုင်ငံတော်အသုံးစရိတ် သက်သာနိုင်ရန်နှင့် စွမ်းဆောင် ရည်ပြည့်၍ ကျစ်လစ် သော အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် ဝန်ကြီးဌာနများကို လျော့ချသွားမည်။
(၂) အဂတိကင်းစင်သော လူ့အသိုင်းအဝိုင်းဖော်ဆောင်ရန် လိုအပ်သကဲ့သို့ ထိရောက်စွာ ဆောင်ရွက်မည်။
(၃) ပြည်သူလူထုအကျိုးကို ရှေ့ရှုသည့်ဥပဒေများကိုလိုအပ်သကဲ့သို့ ပြင်ဆင် ပြဌာန်းမည်။
(၄) တရားမျှတပြီး ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေး စနစ်ကို ထူထောင်မည်။
(၅) တရားဥပဒေစိုးမိုးရေးကို အထောက်အကူဖြစ်စေမည့် အုပ်ချုပ်ရေးနှင့်၊ တရား စီရင်ရေးစနစ်ပေါ်ပေါက်ရန် ဆောင် ရွက် မည်။
(၆) ပြည်သူလူထု ရသင့်ရထိုက်သော လွတ်လပ်မှုနှင့် လုံခြုံမှုကို ထိပါးစေသည့် ဥပဒေများအား ဖျက်သိမ်း မည်။
(၇) အခြေခံဥပဒေက အာမခံထားသောအခွင့်အရေးများကို ထိရောက်စွာ ကာကွယ်၍ ခေတ်နှင့်အညီ မြှင့်တင် သွား မည်။
.
.
.
တရားမျှတပြီး ဘက်လိုက်မှုကင်းမည့် တရားစီရင်ရေးစနစ် ထူထောင်ရန် အောက်ပါ တို့ကို ဆောင်ရွက်မည်။
(၁) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး ဖြစ်သည်။
(၂) တရားရေးမဏ္ဍိုင်သည် ဥပဒေပြုရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့နှင့် တူညီ သော အဆင့်အတန်းဖြင့် လွတ်လပ်စွာ တည်ရှိစေရမည်။ အုပ်ချုပ်ရေးက တရား စီရင်ရေး အပေါ် လွှမ်းမိုး ချုပ်ကိုင်မှု ကင်းရှင်းရမည်။
(၃) ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် မိမိလက် အောက်ရှိ တရားရုံးများကို ကြီးကြပ်ကွပ်ကဲခြင်း၊ ပြုပြင် ထိန်းကျောင်းခြင်းတို့ကို လွတ်လပ်ပိုင်နိုင်စွာ လုပ်ပိုင်ခွင့် ရှိရမည်။
(၄) ဥပဒေအရ ကန့်သတ်ချက်များမှအပ တရားစီရင်မှုကို အများပြည်သူ ရှေ့မှောက် တွင် ဆောင်ရွက်ရမည်။ စွပ်စွဲခံရသူအား တရားဥပဒေနှင့်နှင့်အညီ ခုခံချေပခွင့် အပြည့်အဝ ပေးရမည်။
(၅) တရားသူကြီးများသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ တရားစီရင်ခွင့်ရှိရန် လိုအပ် သည့်ကိစ္စများကိုဆောင်ရွက်မည်။
(၆) ဥပဒေအရပြစ်မှုထင်ရှားစီရင်ခြင်းမရှိသေးသမျှမည်သူ့ကိုမဆိုအပြစ်ကင်းသည်ဟု မှတ်ယူရမည်။
.
.
.
တိုင်းပြည်၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အောက်ပါ တို့ကို ဆောင်ရွက် မည်။
……………………………………………………………………………
(၁) တပ်မတော်သည် နိုင်ငံတော်တွင် မရှိမဖြစ်လိုအပ်သော အဖွဲ့အစည်းဖြစ်သည်။ တပ်မတော်သည် ဒီမိုကရေစီကျင့်စဉ်များကို ကာကွယ်ဖြည့်ဆည်းပေးသည့်၊ ဂုဏ်သိက္ခာ ရှိသော အင်အားစုဖြစ်ရမည်။
(၂) နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ပထဝီသဘော သဘာဝ အခြေအနေများနှင့် ကိုက်ညီသော မဟာဗျုဟာအရ စစ်ရေးစွမ်းရည်ထက်မြက်၍ နည်းပညာပိုင်းဆိုင်ရာ တိုးတက်သော တပ်မတော်အဖြစ် ခေတ်မီ၍ အဆင့်အတန်း မြင့်မားအောင် တည်ဆောက်သွားမည်။
(၃) တပ်မတော်နှင့် နိုင်ငံတော်ကာကွယ်ရေး ယန္တယား တစ်ရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ၌သာ တည်ရှိရန် ဦးတည်ဆောင်ရွက်မည်။
(၄) ပြည်သူတို့၏ယုံကြည်အားကိုးလေးစားသော တပ်မတော် ဖြစ်မြောက်ရေးမူအပေါ် ရပ်တည်ဆောင်ရွက် မည်။
(၅) တရားဥပဒေစိုးမိုးရေး အောက်တွင် ဥပဒေများနှင့်အညီ ဆောင်ရွက်သော လွတ်လပ်သည့် ရဲတပ်ဖွဲ့ဖြစ် ရမည်။
(၆) မိမိတို့၏တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အတွက် နိုင်ငံတကာ အရည်အသွေးမီသည့် ရဲတပ်ဖွဲ့ ဖြစ်စေရန် ဦးတည်မည်။
.
.
.
တိုင်းပြည်၏ နိုင်ငံခြားရေးနှင့် ပတ်သက်၍ အောက်ပါတို့ကို ဆောင်ရွက်မည်။
……………………………………………………………………………
(၁) နိုင်ငံတကာနှင့်ဆက်ဆံရေးတွင် အမှန်တကယ်တက်ကြွ လွတ်လပ်သော နိုင်ငံခြားရေးဝါဒကိုကျင့်သုံး၍ နိုင်ငံရေးအရ ချစ်ကြည်ရင်းနှီးမှုရရှိအောင် ဆောင်ရွက် မည်။ ကမ္ဘာ့နိုင်ငံများနှင့် ဆက်ဆံရာ၌ ပေါ်ပေါက်လာ သော အရေးကိစ္စရပ်များတွင် စစ်မှန်သော ဒီမိုကရေစီ အခြေခံများဘက်က ခိုင်မာစွာ ရပ်တည်မည်။
(၂) နိုင်ငံအချင်းချင်းအကြား အကျိုးတူစီးပွားရေးလုပ်ငန်းများ ဖော်ထုတ်၍ ပူးပေါင်း ဆောင်ရွက်ကြမည်။ အထူးသဖြင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ စီမံကိန်းများတွင် ဒေသ၏အကျိုးကို ဦးတည်၍ လက်တွဲဆောင်ရွက်မည်။
(၃) ကမ္ဘာ့ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ စသည်တို့နှင့် ရင်းနှီး ခိုင်မာစွာ ဆက်ဆံမည်။
(၄) နိုင်ငံတကာနှင့် ဆက်သွယ်ရာတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ ကဏ္ဍကို အထူးအလေးပေး ဆောင်ရွက်သွားမည်။
.
.
.
၎။ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး
…………………………………………
ပြည်သူလူထု၏ ဘ၀များပြောင်းလဲရန် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်မှု လိုအပ် သည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အောက်ပါကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရန် ဆောင်ရွက်မည်။
.
.
.
စီးပွားရေး
………
(၁) ပြည်သူ့ဘဏ္ဍာရေးစံနစ်ကို ထိရောက်စွာကျင့်သုံးနိုင်ရေး နှင့် ဘဏ္ဍာငွေများ စံနစ်တကျ အပြည့်အ၀ ရရှိရေး အမျှော်အမြင်ရှိရှိ သုံးစွဲရေးတို့တွင် ဘဏ္ဍာရေး ကျင့်စဉ်များနှင့်အညီ ပွင့်လင်းမြင်သာသော ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပေါ်ပေါက်လာစေရန် ဆောင်ရွက်မည်။
(က) အခွန်ကောက်ခံရေးနှင့် စပ်လျဉ်း၍ ပြည်သူများက လိုလားစွာ ထမ်းဆောင် လိုစိတ် ရှိစေသည့် အခွန်စနစ် (အခွန်ထမ်း နယ်ပယ်ချဲ့ထွင်နိုင်ရန် လျော့နည်းသော နှုန်းထားများဖြင့် ကောက်ခံခြင်း) မျိုးပေါ်ပေါက်ရန် တွန်းအားပေးမည်။ မရွှေ့ပြောင်း နိုင်သော ပစ္စည်းများအပါအဝင် အခြေပစ္စည်းများ လွှဲပြောင်းရောင်းဝယ်မှုမှ ရရှိသည့် အကျိုးအမြတ်များကို စနစ်တကျဥပဒေနှင့်အညီ ကောက်ခံသွားမည်။ ကောက်ခံ ရရှိသည့် အခွန်ငွေများ သုံးစွဲပုံကို အများပြည်သူသိရှိစေရန် ထုတ်ပြန်မည်။ (ခ) ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုကို ဖြေလျော့စေရေးအတွက် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန် များ ကို ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ တိုင်း ဒေသကြီး အစိုးရများ အကြား အသင့်လျော်ဆုံးခွဲဝေသုံးစွဲနိုင် ရန် ဆောင်ရွက်မည်။ တချိန်တည်းမှာပင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးနှင့် ပတ်သက်၍ မမျှတမှုများ မဖြစ်ပေါ်စေရန် ညှိုနှိုင်းကြိုးပမ်း ဆောင်ရွက် သွားမည်။
(၂)
(က) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အရင်းအနှီးများ၊ နည်းပညာ နှင့် ငွေရေးကြေးရေး ဆိုင်ရာ အခွင့်အလမ်းကောင်းများရရှိနိုင်ရန် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ငွေကြေးဈေးကွက်များ ဖြစ်ထွန်းလာရေး တွန်းအားပေးမည်။
(ခ) ဗဟိုဘဏ်ကို အမှန်တကယ် သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုမည်။ငွေကြေးတည်ငြိမ်မှု ရှိစေရေး၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တောင်သူ လယ်သမားများ အပါအဝင် ပြည်သူများ၏ ရင်းနှီးငွေကြေးလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့် ငွေရေးကြေးရေး စံနစ်ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက်မည်။
(၃)အကောင်းဆုံး နိုင်ငံတကာကျင့်ဝတ်များနှင့် ကိုက်ညီသော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှုများ တိုးတက် မြင့်မားလာစေရန်အတွက် နှစ်ဦးနှစ်ဘက်ရေရှည် အကျိုးဖြစ်ထွန်းနိုင်မည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နည်းလမ်းများကို ချမှတ် ဆောင်ရွက် သွားမည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်တွင် နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက် ဝင်ရောက် နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းသစ်များ တိုးပွားရေး၊ နည်းပညာ လွှဲပြောင်းရရှိရေးနှင့် လုပ်အားအရည်အသွေး မြင့်မား လာရေးတို့ ပေါ်ပေါက်လာမည်။
(၄)လမ်းပမ်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အားရရှိရေး၊ သတင်းအချက်အလက် ရရှိရေး အပါအဝင် ထိရောက်သည့် အခြေခံအဆောက်အအုံများ တည်ဆောက်မည်။
(၅)လယ်ယာကဏ္ဍခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာမြေပြဿနာများ တရားမျှ တစွာ ဖြေရှင်းရေး၊ လယ်ယာမြေအသုံးချခွင့် အာမခံချက် ရှိစေရေးအပြင် လယ်ယာ မြေ ထိန်းသိမ်းခြင်း၊ လွှဲပြောင်းပေးခြင်းများကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ထင်သာမြင်သာရှိအောင် ဆောင်ရွက်မည်။ လယ်ယာကဏ္ဍနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော ငွေကြေးနှင့် သွင်းအားစုများ အလုံအလောက် ရရှိရေးနှင့် လယ်မဲ့ယာမဲ့ များ၊ ကျဘမ်းအလုပ်သမားများအတွက် အသက်မွေးဝမ်း ကျောင်း လုပ်ငန်းများ ရရှိရေးဆောင်ရွက်မည်။ လယ်ယာကဏ္ဍ ဦးဆောင်သော တိုးတက်မှု နှင့် ချိတ်ဆက်၍ စက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက် စေကာ ပို့ကုန်တိုးတက် မြင့်မားအောင် ဆောင်ရွက်မည်။
(၆) သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရေးနှင့် စပ်လျဉ်း၍ သဘာဝ ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိခိုက်မှု မရှိစေရေးအတွက် သင့်လျော်သည့် နည်းလမ်း များကိုချမှတ် ဆောင်ရွက်မည်။ ထိုသို့ထုတ်ယူရာတွင် ပွင့်လင်းမြင်သာသော အစီအမံများကို ပြည်သူများသို့ အသိပေးရန် စီစဉ်ဆောင်ရွက်မည်။ ရရှိသော အကျိုးအမြတ်များကို နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် သီးသန့်ရံပုံငွေ တစ်ရပ် ထူထောင်ထားရှိမည်။
.
.
.
တောင်သူလယ်သမား
……………………..
နိုင်ငံ၏လူဦးရေအများစုနေထိုင်ရာ ကျေးလက်ဒေသတွင် လူနေမှုဘဝမြင့်မား လာရေး နှင့် ဆင်းရဲမှုလျှော့ချရန် အထူးလိုအပ်နေပါသည်။ လွတ်လပ်စွာစိုက်ပျိုးမှုကို ကန့်သတ်ခြင်း၊ လယ်ယာမြေပိုင်ဆိုင်မှု လုံခြုံမှုမရှိခြင်းတို့သည် တောင်သူလယ်သမား တို့၏ အကျိုးကို များစွာ ထိခိုက်စေသည်။
(၁) တောင်သူလယ်သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ လွတ်လပ် လုံခြုံမှု ရှိရမည်။
(က) လွတ်လပ်သည့် တောင်သူလယ်သမားအဖွဲ့အစည်းများ ပေါ်ပေါက်ရန် အား ပေးမည်။
(ခ) တောင်သူလယ်သမားများ လွတ်လပ်စွာ စိုက်ပျိုး၊ ထုတ်လုပ်၊ သိုလှောင်၊ ကြိတ်ခွဲရောင်းချခွင့်ရှိရမည်။
(ဂ) တောင်သူလယ်သမားများ လယ်ယာမြေကို ဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့်၊ လွှဲပြောင်းခွင့် ရှိစေရမည်။
(ဃ) တောင်သူလယ်သမားများ၏ ဥပဒေမဲ့ ဆုံးရှုံးခဲ့သော လယ်ယာမြေများ ပြန်လည် ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးများရရှိရေး ဥပဒေနှင့်အညီ ဆောင်ရွက် မည်။
(င) ဥပဒေများနှင့် ညီညွတ်မှုမရှိသော လယ်ယာမြေ သိမ်းဆည်းမှုများ မဖြစ်ပေါ် စေရန် ကာကွယ်ပေးမည်။
(စ) ခေတ်ကာလနှင့် လျော်ညီမှုမရှိသည့် လယ်ယာမြေဥပဒေများ ပြင်ဆင် ပြဌာန်း မည်။
(၂) လယ်ယာကဏ္ဍတွင် အမြင်သစ်၊ အတွေးသစ်များဖြင့် ဆောင်ရွက်မည်။
(က) လုပ်ကွက်ငယ်တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့် ဆောင်ရွက် နိုင်ရန် အားပေးကူညီမည်။ ဖြစ်နိုင်ချေရှိသောဒေသများ၌ ခေတ်မီစက်မှု လယ်ယာစနစ်သို့ တစ်ဆင့်ချင်းဖြစ်ပေါ်နိုင်ရေး အားပေးမည်။
(ခ) လယ်ယာလုပ်ငန်းဆိုင်ရာ သုတေသနလုပ်ငန်းများဖွံ့ဖြိုးရေးနှင့် တောင်သူ လယ်သမား ပညာပေးရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်မည်။
(ဂ) မျိုးစေ့ဘဏ် အကျိုးရှိစွာ အသုံးချနိုင်ရေး၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ ရရှိရေး၊ စံချိန်စံညွှန်းမီ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် အခြား စိုက်ပျိုးရေးဆိုင်ရာ ဓါတုဆေးများ စနစ်တကျ သုံးစွဲရေးနှင့် သွင်းအားစုများရရှိရေး ဦးစားပေးဆောင်ရွက်မည်။
(ဃ) သဘာဝမြေသြဇာများ ပိုမိုသုံးစွဲနိုင်ရေး၊ သြဂဲနစ်မြေသြဇာများ ထုတ်လုပ်သုံးစွဲမှု တိုးတက်လာရေးနှင့် သြဂဲနစ် နည်းပညာများ ဖွံ့ဖြိုးလာရေး အားပေးကူညီမည်။
(င) ဆန်စပါးအပါအဝင် အလားအလာရှိသော အရည်အသွေးမြင့် ပြည်ပပို့ကုန် သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် ပြည်ပဈေးကွက်တွင် ထုတ်လုပ်မှု အရေအတွက်၊ ထုတ်ကုန်အရည်အသွေးနှင့် ထုတ်လုပ်မှုဈေးနှုန်းအရ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိရေးကို အားပေးကူညီဆောင်ရွက်မည်။
(စ) စိုက်ပျိုးရေ ရရှိရေး၊ ဆည်မြောင်းများ အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ရေလွှမ်းမိုးမှု ကာကွယ်ရေးနှင့် ရေအရင်းအမြစ်ကို စနစ်တကျ အကျိုးရှိစွာ အသုံးချ စီမံခန့်ခွဲရေးကို အလေးထားဆောင်ရွက်မည်။
(ဆ) စိုက်ပျိုးနိုင်သော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ဖေါ်ထုတ်ပြီး မြေမဲ့ယာမဲ့များအား ဦးစားပေးခွဲဝေချထား၍ တရားဝင်လုပ်ပိုင်ခွင့်ရရှိရေး ဆောင်ရွက် မည်။ (ဇ) မြေကြီး၊ မြေပုံ၊ မြေစာရင်း မှန်ကန်ရေး၊ မြေယာမှတ်တမ်းများ စနစ်တကျ ထားရှိရေးနှင့် မြေယာသတင်းအချက်အလက်များ အလွယ်တကူရယူသုံးစွဲနိုင်ရေး ဆောင်ရွက်မည်။
(၃) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ပြီး တောင်သူလယ်သမားများ လူနေမှုဘဝ မြင့်မား တိုးတက်လာစေရန်
…………………………………………………………………………………………………………..
(က) လယ်ယာကဏ္ဍ ထုတ်လုပ်မှု တိုးတက်ရန် လိုအပ်သည့် ငွေကြေး၊ အရင်းအနှီး (ချေးငွေ၊ ရင်းနှီးမြှပ်နှံမှု)၊ နည်းပညာနှင့် သွင်းအားစုများ ရရှိစေရန် ဆောင်ရွက်ပေးမည်။ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက် ဆောင်ရွက် ပေးမည်။
(ခ) ကျေးလက်နေ တောင်သူလယ်သမားမိသားစုများ လယ်ယာလုပ်ငန်းအပြင် အခြားဝင်ငွေများရရှိစေရန် ဒေသနှင့်ကိုက်ညီသည့် လုပ်ငန်းများဖေါ်ဆောင်ပေးခြင်း ဖြင့် အလုပ်အကိုင်အခွင့်အလမ်းအသစ်များ ပေါ်ပေါက်ရေး အားပေးကူညီမည်။
(ဂ) လယ်ယာထွက်ကုန်များ ဈေးနှုန်း အနှိမ်မခံရရေး၊ လွတ်လပ်သော သီးနှံဈေးကွက် ဖြစ်ပေါ်ရေး တွန်းအားပေးဆောင်ရွက်မည်။
(ဃ) စိုက်ပျိုးရေးထွက်ကုန် ကုန်ကြမ်းအဆင့်မှ တန်ဖိုးမြင့်စက်မှုကုန်ချော ထွက်ကုန်များ ပေါ်ပေါက်စေရန် နည်းပညာဖြန့်ဝေခြင်းနှင့် လိုအပ်သော ရင်းနှီးမှုများ ထုတ်ချေးပေးခြင်း တို့ကို အထူးအားပေးမည်။ နိုင်ငံတကာမှ အကူအညီများရယူမည်။
.
.
.
မွေးမြူရေးနှင့် ရေလုပ်ငန်း
………………………..
ပြည်သူလူထုများအာဟာရပြည့်ဝရန်၊ပြည်တွင်းစားသုံးမှုဖူလုံရန်နှင့်ပြည်ပ တင်ပို့ နိုင်ရန်ရည်ရွယ်၍ တိရိစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်။
(၁) ပြည်တွင်း တိရိစ္ဆာန်မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် ပုဂ္ဂလိကအခန်းကဏ္ဍ မြှင့်တင်ပြီး ပြည်တွင်းသုံးစွဲမှုဖူလုံရေးနှင့် ပြည်ပတင်ပို့မှု မြင့်မားအောင် စနစ်တကျ ဆောင်ရွက်မည်။
(၂)တိရိစ္ဆာန်မွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာပညာရှင်များမွေးထုတ်ရေး၊သုတေသန လုပ်ငန်းဖွံ့ဖြိုးရေးနှင့် နည်းပညာဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်မည်။
(၃) ပင်လယ်ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများ တိုးတက်အောင် လိုအပ်သော အရင်းအနှီး၊နည်းပညာများနှင့် စက်ကိရိယာများရရှိရေး ပြည်တွင်းပြည်ပ အဖွဲ့အစည်း များနှင့် ညှိုနှိုင်းဆောင်ရွက်မည်။
(၄)ပင်လယ်ကမ်းနီး၊ ကမ်းဝေး ငါးများမပြုန်းတီးရေးနှင့် ပိုမိုပွားများလာရေး ဆောင်ရွက်မည်။ ကမ်းရိုးတန်းနှင့် ကမ်းလွန်ငါးဖမ်းလုပ်ငန်းများတွင် ပြည်တွင်းပြည်ပ ကုမ္ဗဏီများ လက်ဝါးကြီးအုပ်ငါးဖမ်းမှုများကို တားဆီးရန်နှင့် မိမိနိုင်ငံရေပိုင်နက်တွင် ငါးခိုးဖမ်းမှုများကို ကာကွယ်တားဆီးသွားမည်။
(၅)ငါးမွေးမြူရေးလုပ်ငန်းဆိုင်ရာ ဥပဒေများ၊ အင်းအိုင်ချောင်းမြောင်း၊ ဆည်၊ တမံ ဆိုင်ရာ ဥပဒေများကို ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ပြဌာန်းနိုင်ရေး ကူညီဆောင်ရွက် မည်။
.
.
.
အလုပ်သမားအရေး
………………….
အလုပ်သမားထု၏ဘဝသာယာစိုပြေရေးအတွက်ရည်စူးသော အောက်ပါလုပ်ငန်း စဉ် များကို ဆောင်ရွက်မည်။
(၁) အလုပ်သမားများ လုပ်ငန်းကျွမ်းကျင်မှု အခွင့်အလမ်းများရရှိရေး ဖေါ်ဆောင် သွားမည်။
(၂) အလုပ်သမားတိုင်း တရားမျှတ၍ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်နှင့် သင့်တော်သော လုပ်ခလစာရရှိရေးတို့ကို ဦးတည်သည့် မူဝါဒများ အကောင်အထည် ဖေါ်ဆောင်ရွက်သွားမည်။
(၃)အလုပ်သမားတိုင်း ခွဲခြားခံရမှုမရှိပဲ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေရရှိစေရန်ဆောင်ရွက်သွားမည်။
(၄) အလုပ်သမားတိုင်း မိမိအကျိုးခံစားခွင့်ကို ကာကွယ်နိုင်ရန်အတွက် အလုပ်သမား အစည်းအရုံးများ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် ရရှိစေရမည်။
(၅) ပုံစံအမျိုးမျိုးဖြင့် အဓမ္မခိုင်းစေခြင်း ရပ်တံ့စေရန် လုပ်ဆောင်သွားမည်။
(၆) ဥပဒေနှင့်အညီ ကလေးအလုပ်သမားများ၏ အခွင့်အရေးများကိုအာမခံမည်။
(၇) ရွှေ့ပြောင်းအလုပ်သမားများသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်ကြီး (I.L.O) မှ ချမှတ်ထားသော စည်းမျဉ်းနှင့်အညီ အခွင့်အရေးများ ပြည့်ဝစွာ ရရှိစေရန် လုပ်ဆောင်မည်။
(၈) အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ်ကြီး (I.L.O) ၏ မြန်မာနိုင်ငံနှင့် ဆီလျော်သော ပြဌာန်းချက်များကို သဘောတူလက်မှတ် ရေးထိုးသွားမည်။
(၉) ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေးပိုမိုရရှိစေရန်နှင့် လူမှုဘဝ လုံခြုံစေရေးအတွက် သက်ဆိုင်ရာအစိုးရများ၊အဖွဲ့အစည်းများနှင့်ညှိုနှိုင်း ဆောင်ရွက် မည်။
.
.
.
ပညာရေး
…………
ပညာသင်ယူမှုသည် မွေးဖွားသည့် နေ့မှစပြီး ဘဝ တလျှောက်လုံးဖြစ်သည့် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လူ့ဘဝ တလျှောက်လုံး ပညာ သင်ယူနိုင်မည့် အခွင့် အလမ်းများရရှိရန်နှင့် အကျိုးရှိသည့် ပညာရပ်များ တတ်မြောက်ကြရန်ဆောင်ရွက်သွားမည်။
၁။ ရှေးဦးကလေးသူငယ် ပြုစုစောင့်ရှောက်ရေး စီမံကိန်းများ ဆောင်ရွက်သွားမည်။
၂။ နိုင်ငံသားတိုင်း အနည်းဆုံး မူလတန်းပညာကို တတ်မြောက်ပြီး ဆက်လက်ပညာ သင်ကြားနိုင်ရေးအတွက် အဆင့်ဆင့်တိုးမြှင့်သင်ယူခွင့်များ ရရှိရန်ဆောင်ရွက်မည်။
.
သို့ဖြစ်ရာ…
(က) မူလတန်း အရွယ်ကလေးတိုင်း ကျောင်းတွင်းမူလတန်း ပညာရေးကို ပြီးဆုံးအောင်မြင်ရန် ဆောင်ရွက်မည်။
(ခ) မူလတန်းပညာ သင်ယူရန် အခက်အခဲရှိနေသည့် ကာယ၊ ဥာဏ စွမ်းရည် အားနဲ သူကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံသော ဒေသများတွင် နေသောကလေးစသည့် ကလေးများအတွက် အလေးထားသည့် ပညာရေး အစီအစဉ် များ ဖော်ဆောင်ပေးမည်။
၃။ ဖက်ဒရယ်ပြည်ထောင်စုမူနှင့်အညီ တိုင်းရင်းသား ဘာသာစကားနှင့် ယဉ်ကျေးမှု ကို အားပေးမြှင့်တင်သည့် ပညာရေးစနစ်ကို ဖော်ဆောင်သွားမည်။
သို့ဖြစ်ရာ
(က) ကွဲပြားခြားနားသည့် ဘာသာစကားပြောသော မူလတန်း တိုင်းရင်းသား ကလေးငယ်များ အတွက် ကလေးများ၏ မိခင်ဘာသာစကားပြောနိုင်သည့် ဆရာ ဆရာမများဖြင့် သင်ကြားပေးမည်။
(ခ) မိခင်စာပေ ဘာသာစကားကို မူလတန်းတွင် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း အစီစဉ်ဖြင့် ဆောင်ရွက်နိုင်ရန် ထောက်ပံ့မည်။
၎။ ဆရာနှင့် ကျောင်းသားအချိုးမျှတစေရမည်။
၅။ ဆရာ၊ ဆရာမများ၏ ဘာသာရပ်တတ်ကျွမ်းမှုနှင့် သင်ကြားပို့ချမှု စွမ်းရည်များ မြင့်မား လာစေရေး အစီအစဉ်များကို ကျောင်းတိုင်းမှ ဆရာ၊ ဆရာမ များသို့ ရောက်ရှိရန် ဆောင်ရွက်မည်။ ၆။ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ပညာရေး လူတိုင်းလက်လှန်းမှီ နိုင်ရန် ကျောင်းများကို ဖွံ့ဖြိုးမှု အားနည်းသည့် ဒေသများနှင့် ကျောင်းလိုအပ်ချက်အပေါ် ဦးစားပေးတိုးမြှင့် ဖွင့်လှစ်သွားမည်။
၇။ ပညာအရည်အချင်း နည်းပါးသူများ နေထိုင်မှု ဘဝ တိုးတက်ရေးအတွက် ဆက်လက် သင်ယူလိုသည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်း နှင့် အလားတူအဆင့်ရှိ အသက်မွေးမှု ပညာရပ်များကို ကျောင်းတွင်း၊ ကျောင်းပြင် ပညာရေး အစီအစဉ်များဖြင့် ပညာဆည်းပူးခွင့်များ ဖော်ဆောင် သွားမည်။
၈။ ကမ္ဘာ့ အဆင့်မီ အဆင့်မြင့်ပညာရေးစနစ် ဖြစ်လာစေရန် ဦးတည်ကြိုးစားမည်။
သို့ဖြစ်ရာ-
(က) တက္ကသိုလ်များတွင် ကိုယ်ပိုင်သင်ကြားခွင့်၊ အုပ်ချုပ်ခွင့်နှင့် လွတ်လပ်သည့် သုတေသနလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် ဆောင်ရွက်မည်။
(ခ) အသက်မွေးမှု ပညာရပ်များကို အခြား အသိပညာအတတ်ပညာ ဘာသာရပ် များနှင့်တန်းတူ တိုးတက်ဖွံ့ဖြိုးမှုဖြစ်စေမည်။
၉။ ကျောင်းသားမိဘနှင့် ရပ်ကျေးအပေါ်ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော ထိရောက်သည့် ပညာရေးဝန်ဆောင်မှု ဖြစ်စေရန် ဆောင်ရွက်မည်။
သို့ဖြစ်ရာ –
(က) နိုင်ငံတော်၏ ဘဏ္ဍာငွေသုံးစွဲမှုနှင့် အခြားပုဂ္ဂလိကနှင့် ပြည်တွင်းပြည်ပမှ ရရှိသည့် ပညာရေး အထောက်အပံ့များကို အကျိုးရှိထိရောက်သည့် ပွင့်လင်း မြင်သာသောဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဖြစ်စေရန် ဆောင်ရွက်မည်။
(ခ) ထိရောက်သည့်ပညာရေးပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲမှုနှင့် ကြီးကြပ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် မှန်ကန်သည့် အချက်အလက်များကို အခြေခံ၍ ဆောင်ရွက်မည်။
.
.
.
ကျန်းမာရေး
…………..
ပြည်သူအများစုလက်လှမ်းမီနိုင်သော ကျန်းမာရေး လွှမ်းခြုံစောင့်ရှောက်မှုစနစ် ပေါ်ပေါက် ရန် အောက်ပါလုပ်ငန်းများ ဆောင်ရွက်သွားမည်။
.
(၁) အခြေခံကျန်းမာရေးစောင့်ရှောက်မှုကိုပိုမိုကောင်းမွန်ကျယ်ပြန့်အောင်ဆောင်ရွက်မည်။
(၂) ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ငါးနှစ်အောက်ကလေးများ သေဆုံးမှုကို လျော့ချ နိုင်ရန်အတွက် စီမံချက်များဆောင်ရွက်ပြီး ဆေးဝါးနှင့် အာဟာရချို့တဲ့မှု မရှိစေရန် ဆောင်ရွက်သွားမည်။
(၃) ကလေးသူငယ်များအား ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ဗဟုသုတရရှိရန်၊ ကူးစက်ရောဂါများ ကာကွယ်နိုင်ရန် ကျန်းမာဖွံ့ဖြိုးသော လူငယ် များဖြစ်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် သွားမည်။
(၄) လူငယ်များအကြား မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးရေးလုပ်ငန်းများကို အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကုသရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်သွားမည်။
(၅) သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစီအစဉ်များ ဆောင်ရွက်သွား၍ ပျမ်းမျှလူ့သက်တမ်းကို ခြောက်ဆယ့်လေးနှစ် အထက်ဖြစ်ရေး ဦးတည်မည်။
(၆) ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပြီး အထူးသဖြင့် အဆုတ်ရောဂါ၊ ငှက်ဖျားရောဂါ၊ အသဲရောင် အသားဝါရောဂါ၊ အိတ်ခ်ျအိုင်ဗီရောဂါ ဖြစ်နှုန်းများ လျော့ချရန်နှင့် လိုအပ်သောဆေးဝါးများ လုံလောက်မှုရှိစေရန် ကြိုးစား ဆောင်ရွက်သွားမည်။
(၇) မကူးစက်တတ်သော ရောဂါများဖြစ်သော်လည်း ပြည်သူလူုထု၏ ကျန်းမာရေးကို ထိခိုက်စေသည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါအစရှိသည်တို့အတွက် ကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ဖြစ်ပွားမှုနှုန်းလျော့ချမည်။
(၈) နိုင်ငံပိုင်ဆေးရုံ ဆေးခန်းတို့တွင် အရည်အသွေးကောင်းမွန်သော ဆေးဝါးများ၊ ခေတ်မီဆေးကုသနည်းများ ကိုအသုံးပြုနိုင်ရန်နှင့် ကျန်းမာရေးဝန်ထမ်းများ (ဆရာဝန်၊ သူနာပြု၊သားဖွားဆရာမစသည်)တို့၏ အရည်အချင်း များ တိုးတက်စေပြီး ကျင့်ဝတ်နှင့် အညီ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ဆောင်ရွက်သွားမည်။
(၉) ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို ပြည်သူ့ ကျန်းမာရေး ပိုမိုကောင်းမွန်စွာ ဆောင်ရွက် နိုင်ရန်အတွက် ဥပဒေနှင့်အညီ ဖွင့်လှစ်ခွင့်ပြုမည်။
(၁၀) ဆေးဝါးထုတ်လုပ်ခြင်း၊ ဆေးကုသခြင်း၊ ဆေးပညာသင်ကြားခြင်းနှင့် သုတေသန လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် နိုင်ငံတကာပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်။
(၁၁) မှန်ကန်သည့် သတင်းအချက်အလက်အပေါ်အခြေခံသည့် ကျန်းမာရေး စီမံခန့်ခွဲမှု စနစ်တိုးတက်စေရန် ဆောင်ရွက်မည်။
(၁၂) သဘာဝဘေးဒဏ်ကျရောက်သည့် နေရာများတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးပေါ်အစီအစဉ်နှင့် ဆက်သွယ်ရန်ခက်ခဲသော တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု အထူးအစီအစဉ်များ အကောင်အထည်ဖေါ် ဆောင်ရွက် မည်။
(၁၃) တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။
(၁၄) အန္တရာယ်ဖြစ်နိုင်သော အနောက်တိုင်းဆေး၊ တိုင်းရင်းဆေး၊ အစားအသောက် နှင့်သောက်သုံးရေတို့ကို ပြည်သူများမသုံးစွဲမိစေရန် စနစ်တကျ ဆောင်ရွက်သွားမည်။
(၁၅) နိုင်ငံတော်မှ ကျန်းမာရေးဘတ်ဂျက်များကို တိုးမြှင့်သုံးစွဲ၍ ပြည်သူများ ကျန်းမာရေးအတွက် ဆေးကုသစရိတ်များကို လျော့ချနိုင်ရန်ဆောင်ရွက်မည်။
.
.
.
စွမ်းအင်
………
မြန်မာနိုင်ငံတွင် စွမ်းအင်ထုတ်လုပ်နိုင်သော အရင်းအမြစ်များမှာ-
(၁) တွင်းထွက် စွမ်းအင်
(က) ရေနံ
(ခ) သဘာဝဓါတ်ငွေ့
(ဂ) ကျောက်မီးသွေး
(၂) ရေအားစွမ်းအင်
(၃) နေရောင်ခြည်စွမ်းအင်
(၄) လေအားစွမ်းအင်
(၅) မြေအောက်အပူစွမ်းအင်
(၆) ဇီဝဓါတ်ငွေ့စွမ်းအင်
(၇) ဇီဝရေနံစွမ်းအင် တို့ဖြစ်ကြပါသည်။
(၁) တွင်းထွက်စွမ်းအင်မှာ အကန့်အသတ်ရှိပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု အနည်းနှင့်အများ ဖြစ်ပေါ်စေသည်။တွင်းထွက်စွမ်းအင်မှာ လူသားများအတွက် သုံးစွဲရ အလွယ်ကူဆုံး ဖြစ်သော်လည်း အကန့်အသတ်ရှိသဖြင့် နောင်မျိုးဆက်များ အတွက် ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
(၂) ရေအားစွမ်းအင် ထုတ်ယူမှုတွင် ဆည်ကြီးများတည်ဆောက်ရသည့်အတွက် သဘာဝဝန်းကျင်ထိခိုက်မှု အများဆုံး ဖြစ်သောကြောင့် ရှိရင်းစွဲရေအားစွမ်းအင်နှင့် ဆည်တည်ဆောက်ပြီးဒေသများတွင်ဆည်များကို ပြုပြင်ထိန်းသိမ်း၍ ရေအားလျှပ်စစ် ထုတ်ယူအသုံးပြုမည်။
(၃) တနိုင်တပိုင် လျှပ်စစ်ဓါတ်အားထုတ်ယူရန် လွယ်ကူသော နေရောင်ခြည်စွမ်းအင်၊ ဇီဝဓါတ်ငွေ့စွမ်းအင်၊ စပါးခွံလောင်ကျွမ်းမှုမှ ထွက်ရှိသော ဓါတ်ငွေ့သုံးလျှပ်စစ် ထုတ်လုပ်ခြင်း၊ အသေးစား ရေအားလျှပ်စစ် ထုတ်လုပ်ခြင်း အစရှိသဖြင့်ပုဂ္ဂလိက စွမ်းအင်ထုတ်လုပ်နိုင်သော လုပ်ငန်းငယ်များကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်မည်။
(၄) ကျေးလက်၊ မြို့ပြများမကျန် လျှပ်စစ်ရရှိစေရန် ဦးတည်မည်။
.
.
.
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
…………………………………..
လက်ရှိ သဘာဝန်းကျင်၏ ရေ၊ လေ၊ မြေနှင့် အသံ ညစ်ညမ်းထိခိုက်မှုကို လျော့ချသည့် အပြင် ပတ်ဝန်းကျင် ပိုမိုတိုးတက်ကောင်းမွန်စေရန်
(၁) သစ်တောကဏ္ဍ အလွန်အကျွံသစ်ထုတ်လုပ်မှုနှင့် သစ်တောထွက်ပစ္စည်း ထုတ်လုပ်မှုကို လျော့ချမည်။
(၂) လယ်ယာကဏ္ဍ ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်စေရန် ပညာပေးလေ့ကျင့်ပေးမည်။
(၃) သတ္တုတူးဖော်မှုကဏ္ဍ စွန့်ပစ်မြေစာများကို သတ္တုတွင်းဥပဒေနှင့်အညီ စနစ်တကျစွန့်ပစ်စေမည်။
(၄) စက်မှုကဏ္ဍ
(က) စက်မှုနှင့် လျပ်စစ်ထုတ်လုပ်မှုဆိုင်ရာ ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု စနစ်တွင် ဒေသခံပြည်သူများ ပါဝင်ခွင့်ရစေပြီး ပိုမိုကောင်းမွန်စေရန် ဆောင်ရွက်မည်။ (ခ) ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုရှိက လိုအပ်လျင် တားမြစ်ပိတ်ပင်မည်။
(ဂ) စက်ရုံ၊ မော်တော်ယဉ်နှင့် ထင်း၊ မီးသွေးတို့ကြောင့် ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုများကို ဥပဒေနှင့်အညီ တတ်စွမ်းသမျှ လျော့ချ ကန့်သတ်မည်။
(၅) မြေနှင့်ရေ
(က)မြေဆီလွှာပျက်စီးခြင်း၊အရည်အသွေးကျဆင်းခြင်း၊ မြေဆီလွှာတိုက်စားခြင်း လျော့နည်းပပျောက်စေရန် ဥပဒေပြုဆောင်ရွက်မည်။
(ခ) မြေသြဇာကြောင့် မြေဆီများပျက်စီးခြင်းကို အသိပညာပေးမည်။
(ဂ) သဘာဝရေအရင်းအမြစ်များဖြစ်သည့် ရေဝေရေလဲဒေသ၊ မြေအောက်ရေ၊ ရေတိမ်ဒေသ၊ ရေချိုရေငံ ဂေဟစနစ် ပျက်စီးမှု၊ ရေစီးရေလာကောင်းမွန်မှု တို့ကို ဥပဒေထုတ်ပြန်၍ ထိန်းသိမ်းစောင့်ရှောက်မည်။
(၆) နည်းပညာဖြန့်ဖြူးခြင်း
(က) ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေ နေထိုင်နိုင်ရေးနှင့် စိုက်ပျိုးနိုင်ရေး နည်းပညာများကို ဖေါ်ထုတ်သင်ကြားပေးမည်။
(ခ) သဘာဝဘေးအန္တရာယ်ဖြစ်သော မုန်တိုင်း၊ ရေလွှမ်းမိုးခြင်းနှင့် မိုးခေါင်ခြင်း တို့ကြောင့် ဖြစ်ပေါ်လာသော ဘေးဒဏ်တို့မှ ကာကွယ်ခြင်း၊ သက်သာခွင့်ရရှိစေရန် ပညာပေးခြင်း၊ စောင့်ရှောက်ခြင်းတို့ကို ဆောင်ရွက်မည်။
(၇) သဘာဝအရင်းအမြစ်များ ခွဲဝေခြင်း
(က) သဘာဝအရင်းအမြစ်များကို လက်ဝါးကြီးအုပ် စီမံခန့်ခွဲခြင်း၊ ညီမျှခြင်း မရှိသော ခွဲဝေသုံးစွဲခြင်းတို့ကို ပပျောက်အောင် ဆောင်ရွက်မည်။
(ခ) သဘာဝဝန်းကျင် အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်သော စနစ်တစ်ခု ဖေါ်ဆောင်မည်။
(၈) တိုက်တွန်းအားပေးဆောင်ရွက်ခြင်း
သဘာဝဝန်းကျင် အရည်အသွေး တိုးတက်ကောင်းမွန်စေရန်နှင့် ဆင်းရဲမှု လျော့ချရန်နှင့်သစ်တောသစ်ပင်တို့ကို တန်ဖိုးထားကာကွယ်စောင့်ရှောက် တတ်စေရန်
(က) အစုအဖွဲ့ပိုင်သစ်တောများထူထောင်စိုက်ပျိုးခြင်း
(ခ) သီးနှံများ ရောနှောစိုက်ပျိုးခြင်း
(ဂ) တစ်နိုင်တစ်ပိုင် သစ်သီးဝလံ စိုက်ခင်းများ ထူထောင်ခြင်း
(ဃ) ဂေဟဗေဒ လေ့လာရေးဆိုင်ရာ ခရီးသွားလုပ်ငန်းများ ထူထောင်ခြင်းတို့ကို တွန်းအားပေး ဆောင်ရွက်မည်။
(၉) ရင်းနှီးမြှပ်နှံခြင်း
(က) ပြည်တွင်းပြည်ပ ရင်းနှီးမြှပ်နှံမှုများကိုသဘာဝဝန်းကျင်ထိခိုက် ပျက်စီး စေခြင်းရှိမရှိ စစ်ဆေးသုံးသပ်ရန် ဥပဒေပြဌာန်းဆောင်ရွက်မည်။
(ခ) သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့ချရေးနှင့် ပြန်လည်စိမ်းလန်း စိုပြေစေရေးအတွက် သုတေသနနှင့် ရင်းနှီးမြှပ်နှံမှုတို့ကို အားပေးမည်။
.
.
.
အမျိုးသမီး
…………
(၁) အမျိုးသမီးများသည် အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးများ ရရှိစေရေးအတွက် ပြဌာန်းထားသော ဥပဒေများထိရောက်မှုရှိစေရန် ဆောင်ရွက်မည်။
(၂) အမျိုးသမီးများ ဖိနှိပ်ချိုးနှိမ်ခံရမှု၊ မလုံခြုံမှု၊ အကြမ်းဖက်ခံရမှု၊ နည်းမျိုးစုံဖြင့် အနိုင်ကျင့်ခံရမှုများ ရပ်ဆိုင်းသွားရန် လိုအပ်သလို အရေးယူဆောင်ရွက်မည်။ အမျိုးသမီးများ မိမိကိုယ်မိမိ ကာကွယ်ပေးထားသောဥပဒေများ နားလည်လာစေရန် နှင့်ဗဟုသုတများ ပြည့်စုံရန်အတွက် ဆောင်ရွက်ပေးမည်။
(၃) မိသားစုအတွင်း မြေယာပိုင်ဆိုင်ခွင့်များအတွက် အခွင့်အရေးများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ဥပဒေများကို နားလည်လာစေရေး ဆောင်ရွက်ပေးမည်။
(၄) တူညီသောလုပ်ငန်းလုပ်ကိုင်ရာတွင် တူညီသောခံစားပိုင်ခွင့် ရရှိစေရေးနှင့် အဆင့်တိုင်းတွင် ရာထူးတိုးပေးရာ၌ ခွဲခြားမှုမရှိစေရန် ဆောင်ရွက်မည်။
(၅) တန်းတူပညာသင်ကြားပိုင်ခွင့် နှင့် ကျောင်းဝင်ခွင့် သတ်မှတ်ချက်များတို့တွင် ခွဲခြားမှု မရှိစေရန် ဆောင်ရွက်မည်။
(၆) ကိုယ်ဝန်ဆောင်ကာလနှင့် မီးဖွားသတ်မှတ်ထားသော ကာလအတွင်း အမျိုးသမီး များသည် ကျန်းမာရေးအရ နိုင်ငံတော်အစောင့်အရှောက် ခံယူရရှိစေမည်။ အလုပ်လုပ်ကိုင်နေသော အမျိုးသမီးများအတွက် ဥပဒေနှင့်အညီ မီးဖွားအနားယူခွင့် ခံစားစေရမည်။
.
.
.
လူငယ်
……..
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် တိုင်းပြည်၏ အနာဂတ်နှင့် အဓိက အသက်သွေးကြောဖြစ်သော လူငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံဖြိုးကာ အလုပ်လုပ် နိုင်စွမ်း မြင့်မားလာစေရေးအတွက် အောက်ပါလုပ်ငန်းများအား ကြိုးပမ်း ဖော်ဆောင် ပေးမည် ဖြစ်ပါသည်။
(၁) လူငယ်များအတွက်ပညာရေး နှင့် လုပ်ငန်းခွင်ပေါင်းစပ်ပေးသော ပညာသင်ကြား နိုင်မှု အခွင့်အရေးများ ပေါ်ပေါက်လာရန် ဆောင်ရွက်မည်။
(၂) လူငယ်များအတွက်ဘဝအာမခံချက်ပေးနိုင်သောပညာရေးစနစ်တရပ် ပေါ်ပေါက် ရေးအတွက် ကြိုးပမ်းဖော်ဆောင်မည်။
(၃) လူငယ်ထုကို အဓိက ခြိမ်းခြောက်လျက်ရှိသော မူးယစ်ဆေးဝါးပြသနာများနှင့် ကူးစက်ရောဂါများ လျော့ကျစေရန် ကျန်းမာရေး အသိပညာ မြှင့်တင် ပေးခြင်းများ ဆောင်ရွက်မည်။
(၄) လူငယ်များ ကာယဥာဏ ဖွံဖြိုးတိုးတက်စေရန် အားကစားသိပံ္ပများဖွင့်လှစ်ခြင်း၊ အားကစားပြုလုပ်လေ့ကျင့်ရန် ကစားကွင်းနေရာများ ပြန်လည်ဖော်ထုတ်ပေးခြင်း နှင့် ကျောင်းတွင်း အားကစားလှုပ်ရှားမှုများအား မြှင့်တင်ပေးခြင်း အစရှိသော လူငယ်နှင့် အားကစားကဏ္ဍ မြှင့်တင်ရေးများ ဆောင်ရွက်မည်။
(၅) လူငယ်များ အသိအမြင် ကျယ်ပြန့်ကာ ဗဟုသုတတိုးပွားစေရန်နှင့် အသင်းအဖွဲ့ အလို်က် လှုပ်ရှားမှုများ ပြုလုပ်နိုင်ရန် စာကြည့်တိုက်များနှင့် လူငယ်စင်တာများ ဒေသအနှံ့ ဖွင့်လှစ်နိုင်ရန် အားပေးမည်။
(၆) လူငယ်ထု၏ ရပိုင်ခွင့် အခွင့်အလမ်း၊ အခွင့်အရေးများအား ထုတ်ဖော်တင်ပြ စေနိုင်ရန်နှင့် အခြားကဏ္ဍများ (ကျန်းမာရေး၊ ပညာရေး အစရှိသည်များ)နှင့် ချိတ်ဆက် ဖော်ဆောင်နိုင်ရန် လူငယ်အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရေး အားပေးမည်။
(၇) လူငယ်များ၏တီထွင်ဆန်းသစ် ဖန်တီးနိုင်စွမ်းများအား မြှင့်တင်အားပေးမည်။
.
.
.
ဆက်သွယ်ရေး
………………
ကမ္ဘာကြီးအား ရွာကြီးတစ်ရွာဟုပင် တင်စားလာသော ဆက်သွယ်ရေးများ ဖွံ့ဖြိုး တိုးတက်လာသည့် နည်းပညာခေတ်ကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် တိုင်းပြည်၏ ဆက်သွယ်ရေးကဏ္ဍ ပိုမိုမြန်ဆန်သွက်လက်ကာ ဖွံ့ဖြိုး တိုးတက်စေရန် အောက်ပါလုပ်ငန်းများအား ကြိုးပမ်းဖော်ဆောင်ပေးမည်ဖြစ်ပါသည်။
(၁) အစိုးရ၏ မဏ္ဍိုင်(၃) ရပ် လှုပ်ရှားမှု အမှန်အခြေအနေများအား ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာပေးမည်။
(၂) ပြည်သူများ၏ နားနှင့်မျက်စိဖြစ်သော သတင်းမီဒီယာများသည် မိမိတို့စောင့်ထိန်း အပ်သော ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာများနှင့်အညီလွတ်လပ်စွာ ရပ်တည်ပိုင်ခွင့်နှင့် သတင်းရယူ ဖော်ပြခွင့်အား ဖော်ဆောင်ပေးမည်။
(၃) ရုပ်/သံ ၊ ရေဒီယို အစရှိသော ထုတ်လွှင့်ခြင်းများ၊ မဂ္ဂဇင်း၊ ဂျုာနယ် နှင့် သတင်းစာ အစရှိသော ပုံနှိပ် မီဒီယာများ နှင့် တယ်လီဖုန်း၊ အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများ တွင် ဈေးကွက်စီးပွားရေးစနစ်အရ လွတ်လပ်ပွင့်လင်းစွာပါဝင်ယှဉ်ပြိုင် လုပ်ပိုင်ခွင့်အား အားပေးဖော်ဆောင်မည်။
(၄) နိုင်ငံအနှံ့ အခြေခံ ဆက်သွယ်ပို့ဆောင်ရေးဖြစ်သော စာတိုက် လုပ်ငန်းများအား ခေတ်နှင့် အညီ မွမ်းမံမြှင့်တင်ကာ လုပ်ငန်းများ ထိရောက် မြန်ဆန် သွက်လက် လာစေရန်ဆောင်ရွက်မည်။
.
.
.
မြို့ပြ ဖွံ့ဖြိုးရေး
……………..
(၁) အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီးများ တွင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည်။
(၂) မြို့ကြီးများ၏ ရှိရင်းစွဲ ရေ၊ မီး၊ မိလ္လာ စသည့်စနစ်များသည် ပျက်စီး ချို့ယွင်း နေသဖြင့် အဆိုပါ စနစ်များ ပြန်လည်ကောင်းမွန်လာစေရန် ဆောင်ရွက်မည်။
(၃) မြို့ပြများတွင် သစ်ပင်များ စိမ်းလမ်းမှု ပျက်စီးလာခြင်းကို ကုစားရန် မြို့ပြ စိမ်းလမ်းရေး စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည်။
(၄) သဘာဝဘေးအန္တရာယ်ကြောင့် လည်းကောင်း၊ စီးပွားရေး အကြောင်းများကြောင့် လည်းကောင်း၊ လယ်ယာမြေ သိမ်းဆည်းခံရသည့် အတွက်လည်းကောင်း မြို့ပြသို့ ပြောင်းရွှေ့လာသည့် အိုးမဲ့ ၊အိမ်မဲ့ ဖြစ်နေသူများ ပြန်လည်နေရာချထားရေးအတွက် စီမံကိန်းများ အမြန်ဆုံးအကောင်အထည်ဖေါ်မည်။
(၅) ပြည်သူများ ကျန်းမာရေးနှင့် အားကစား လုပ်ရန်၊ အပန်းဖြေရန်အတွက် ထားရှိ ထားသော နေရာဟောင်းများအား ပြန်လည်ဖော်ထုတ်မည်။
ဘွားတော်ကြီး နိုင်ပါစေ ဆုတောင်းပါတယ်။
သူက ဘာတွေ လုပ်ပေးမှာမို့လို့ မြန်မာပြည်ကြီး ဘာဖြစ်သွားမှာ မို့လို့ ဆိုတဲ့ မျှော်လင့်ချက် အကြီးကြီးတွေထက်
ခု လူတွေ မရှိတော့ ပြီးတာပဲ ဆိုတဲ့ အစတုံးနေတဲ့ မေတ္တာ တွေနဲ့
Was this answer helpful?
LikeDislikeအေးဆို။
အာ့ က အရေးကြီးတာဟုတ်ဘူးလားနော့။
အဘတို့ ကို သံယောဇဉ် အရမ်းကြီးရင်တော့ မသိဘူးးး
သံယောဇဉ်
သံယောဇဉ်
လူကို အရူးတစ်ပိုင်းဖြစ်စေတယ်။
ဒီ သံယောဇဉ်
ဒီ သံယောဇဉ်
Was this answer helpful?
LikeDislikeလက်ညောင်းခံ ပြီး မစိမ်းပေးတာကြာလှပြီ။
ဒါကို တော့ စိမ်းသွားပါသည်။ :-))
ကိုယ့်ခွန်ကိုယ့်အားနဲ့ ရှာတာ မဟုတ်ဘဲ အာဏာသုံးပြီး ရလာတဲ့ ပြည်သူဘဏ္ဍာတွေ နဲ့ ဟိတ်ဟန်ထုတ် ပြီး အောက်ခြေလွတ် နေသူ တွေ လဲ မျက်စိနောက်

(မနာလို / မစ္စရိယ/ jealous/ jaloux / celoso/ eifersüchtig/ ревнивый/ 嫉妬深いです/ aemulator)
. ဖြစ်လွန်း လို့ပါ။
Was this answer helpful?
LikeDislikeဒါနဲ့ မီးခိုးငွေ့ တွေ ထဲ က ကလေး နှစ်ယောက် ဇီဇီ နဲ့ ဂျက် & (ကျန်သော ကလေးများ) ဂရုစိုက်ကြဦး။
မကြာခင် ပြန်ပြီး လေသန့်သွားမယ် တော့ မှန်းပါတယ်။
Was this answer helpful?
LikeDislikeမနေ့က မိုး ဆော် ထားတော့ ညနေနဲ့ ခု မနက် အတော် အသက် ရှူလို့ ကောင်းသွားပါပြီ အရီး ရေ
ကျေးဇူး ပါ ခင်ဗျ။
Was this answer helpful?
LikeDislikeတကယ်တော့.. အဲဒီအဘတွေတော်တော်များများကလည်း.. နိုင်ငံရေးမလုပ်ချင်တော့ပါဘူး..။
တသက်လုံးရှာထားတဲ့…… ငွေတွေပိုက်ပြီး.. ဘာလုပ်ရမှန်းမသိဖြစ်နေတာ..
… အဟမ်း..
ယူအက်စ်က..ဥရောပက… ကာကွယ်စောင့်ရှောက်ပေးမယ်.. ခေါ်ထားပေးမယ်ဆိုရင်တော့.. အဘတို့တတွေလည်း.. အေးဆေး… ဟာဝိုင်ယီမယ်… မော်ရိုကိုမယ်… ဆွစ်ဇာလန်မယ်… အိမ်လေးဆောက်.. နေ့တိုင်းပင်လယ်ရေဆင်းကူး.. ..နားနေမှာပေါ့…။
တိုင်းပြည်အတွက်.. အဲ..အဲ…
… လုပ်ခဲ့ရတာ.. မောပြီလေ..။ အသက်တွေလည်းကြီးပြီ..။
Was this answer helpful?
LikeDislikeတကယ် တအုပ်လုံးများအပြီး သွားရင် ခရီးစရိတ် ရှာပေးအူးမှာပါ။

ဝီဝီတို့ ခါတော်မှီ တွေပါ ခေါ်သွားရင် လေယာဉ်စင်းလုံး ငှါးပေးအူးမှာ။

ဟာဝိုင်အီကျမှ စောင့်ချင်တဲ့ ဟာတွေ စောင့်ကြပါစေ။
Was this answer helpful?
LikeDislikehttps://www.facebook.com/usembassy.rangoon/posts/897081230373697
Was this answer helpful?
LikeDislikeU.S. Embassy Rangoon added 2 new photos.
8 hrs ·
သြစတေးလျ သံရုံး၊ ကနေဒါ သံရုံး၊ ဒိန်းမတ် သံရုံး၊ ပြင်သစ် သံရုံး၊ နော်ဝေး သံရုံး၊ ဂျပန် သံရုံး၊ ဆွီဒင် သံရုံး၊ ဗြိတိသျှ သံရုံးနှင့် အမေရိကန် သံရုံး တို့မှ ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် ပူးတွဲကြေညာချက်
နိုဝင်ဘာ ၈ တွင် ကျင်းပမည့် အသီးသီးသောလွှတ်တော်ဆိုင်ရာရွေးကောက်ပွဲများ၏ အရည်အသွေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ပါလိမ့်မည်။ သို့ပါ၍ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် လူ့အခွင့်အရေး လေးစားမှုကို အာမခံချက်ပေးနိုင်သည့် ကောင်းမွန်သောယှဉ်ပြိုင်မှုများဖြင့် အခြေပြုထားသည့် စိတ်ချယုံကြည်ရသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲဖြစ်ရေး အတွက် အသိပေးနှိုးဆော်သည့် ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့က ကူညီပံ့ပိုးလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ တရားဝင်စတင်ခဲ့ပြီး ဖြစ်သည့်အလျောက် ဤနိုင်ငံနှင့် ဤရွေးကောက်ပွဲများ၏ အောင်မြင်ရေးအတွက် ရင်းနှီးပံ့ပိုးပေးထားသည့် ကျွန်ုပ်တို့ကဲ့သို့ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်နိုင်ငံများအနေဖြင့် မဲဆွယ်စည်းရုံးရေးကာလအတွင်း ဘာသာရေးကို နည်းလမ်းတစ်ခုအနေဖြင့် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများကို စိုးရိမ်ပူပန်မိပါသည်။
ကျွန်ုပ်တို့ကိုယ်တိုင်လည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံများဖြစ်သည့်အလျောက် ရွေးကောက်ပွဲကာလအတွင်း နိုင်ငံရေးအခြေအနေများ၏ စိတ်လှုပ်ရှားဖွယ်ရာ ပြောင်းလဲမှုများကို ကောင်းကောင်းနားလည် သဘောပေါက်ပါသည်။ မြန်မာနိုင်ငံတွင် သွေးကွဲမှုနှင့် အရပ်ဘက်ပဋိပက္ခ ဖြစ်ခဲ့ဖူးသည့် သာဓကများရှိခဲ့ပါသဖြင့် ရွေးကောက်ပွဲများသည် ငြိမ်းချမ်းပြီး အားလုံးပါဝင်မှုရှိစေရန် သည်းခံခြင်းစိတ်၊ အပြန်အလှန်လေးစားခြင်းနှင့် ကျောသားရင်သားမခွဲခြားဘဲ မျှတမှုရှိသည့် တရားဥပဒေဖြစ်ရေးတို့ကို အသိအမြင်ကျယ်ပြန့်လာစေရေး နှိုးဆော်ပေးကြပါရန် (ဤရွေးကောက်ပွဲနှင့်) ဆက်စပ်သက်ဆိုင်သူများဖြစ်သည့် အစိုးရ၊ ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်နှင့် ဘာသာရေး ခေါင်းဆောင်များ နှင့် နိုင်ငံသားများ အားလုံးကို ထပ်တူထပ်မျှ ကျွန်ုပ်တို့ တောင်းဆိုပါသည်။ ရွေးကောက်ပွဲစည်းမျဉ်းများနှင့် ဥပဒေများအားလုံးကိုလည်း ပြဌာန်းအသုံးပြုရာတွင် လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးပါတီမရွေး မျှတမှုရှိရန်၊ တသမတ်တည်းဖြစ်စေရန် နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်။ လက်ရှိရွေးကောက်ပွဲကာလအတွင်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများကို ပံ့ပိုးကူညီရန် နိုင်ငံတကာမှ သန္နိဋ္ဌာန်ချမြဲချထားလျက်ရှိပြီး ဖြစ်စဉ်ကိုလည်း အစိုးရသစ်တစ်ခု ၂၀၁၆ခုနှစ်တွင် ထူထောင်ခြင်းတစ်လျှောက် အနီးကပ်စောင့်ကြည့်လေ့လာသွားမည် ဖြစ်ပါသည်။
Joint Statement on Elections from the Embassies of Australia, Canada, Denmark, France, Norway, Japan, Sweden, the United Kingdom, and the United States of America
The quality of the parliamentary election on 8 November will be a critical marker in Myanmar’s transition to democracy. For that reason, we are supporting efforts to promote a credible, transparent, and inclusive election, underpinned by healthy competition that ensures freedom of expression and respect for human rights.
As the campaign in Myanmar officially begins, however, we, as international partners invested in the success of this country and these elections, are concerned about the prospect of religion being used as a tool of division and conflict during the campaign season.
Being democracies ourselves, we understand well the emotional dynamics of electoral politics. Given the history of division and civil conflict in Myanmar, we call on all stakeholders — the Government, Union Election Commission, political parties, civic and religious leaders, and citizens alike — to promote a spirit of tolerance, mutual respect, and equality under the law to ensure the elections are peaceful and inclusive. We call for all election rules and regulations to be applied fairly, consistently, and transparently without regard to ethnicity, religion, or political party. The international community remains committed to support Myanmar and its people during the current election season, and will continue to watch the process closely through the formation of a new government in 2016.
Was this answer helpful?
LikeDislikeကြည့်ရတာ… နောက်တခါ စမတ်ဆန်ရှင်လာရင်.. အဲဒီမဘသက အစွန်းရောက်တဲ့ပုဂ္ဂိုလ်တချို့တွေကိုရည်ရွယ်တာဖြစ်လိမ့်မယ်…။
ရိုဟင်ဂျာဆိုပြီး.. ဘင်္ဂလားဒေ့ခ်ျနိုင်ငံသားတွေက.. တတိယနိုင်ငံကို ..ခိုလှုံဖို့ကြိုးစားနေတာတွေကို.. ထောက်ခံသူ.. ကူညီသူတွေကိုလည်း.. လူကုန်ကူးမှုနဲ့..အရေးယူသင့်တယ်..။
ပြည်ပ …ထွက်လို့မရ.. ဘဏ်မှာငွေစုထားလို့မရ.. ငွေကောက်လို့မရတော့ဘူးပေါ့…။
No Fly List ထဲထည့်လိုက်ရင်တော့ ..ပွဲပြတ်..။
Was this answer helpful?
LikeDislikeမြန်မာပြည်က IS တွေ ကို ဒီ လို ထိမ်းလို့ရမယ်ထင်လို့လားမသိ
Was this answer helpful?
LikeDislikeသေချာတော့မသိပါဘူး..။
ဝီရသူ့ဆရာ…ဆရာတော်ကြီး(တွေ)ကတော့.. ယူအက်စ်တခါကြွလာရင်.. တပါးထဲတင်.. ၁ခေါက်၁သန်းအေးဆေး…။
အစွန်းတွေကို..ဖြတ်ဖို့က.. ငွေပင်ငွေရင်းကို.. ဖြတ်ရတယ်ဆိုကြတာပဲ..။
ငွေမရှိပဲ… အဲ..အဲ.. ၀တ္တု(၀ိနည်းလွတ်ငွေ့နာမည်ဝှက်) မရှိပဲ.. ဘာလုပ်လို့ရတယ်.. လိုက်လို့..။
ပြောသာပြောတာ…
ငွေမကိုင်ရ(ဘူးဆို)တဲ့ဘုန်းဘုန်းတွေ.. ငွေကြေးတွေကိုစီမံခန့်ခွဲ.. ပေးကမ်းရယူနေကြတာများ..
ငွေကြေးနဲ့မာစတာယူထားတဲ့.. ခေတ်ပညာတတ်ဆိုသူတွေ.. သေသင့်တယ်..။ လို့..။
IS တွေကတော့… သူရို့မြေကြီးကရေနံထုတ်… ယူအက်စ်လက်နက်တွေ မှောင်ခိုဝယ်..။ တချို့.. ရုရှားလက်နက်တွေဝယ်..။
အဲ..နောက်မှ..အမေရိကားက…ယူအက်စ်လက်နက်တွေနဲ့..ပဲ… လူအသေခံပြီး အချင်းချင်း..ပြန်ချနေကြတာလေ..။
အဲဒီစစ်ပွဲမျိုးက.. ကြာလေကောင်းလေ…လို့.. အနောက်နိုင်ငံတွေက.. ယူဆမှာပေါ့…။
ကွိ…
Was this answer helpful?
LikeDislikeအဲဒီ သင်္ကန်းခြုံတွေ နောက်က စပွန်စာဟာ သဌေးမ တွေ ဆိုရင်
တဂျီးဘာပြောမလဲ??
BTW
လွှတ်တော်ထဲ ရောက်ရင်
ကြံ့ဖွတ်နဲ့ အစိတ်သားကတော့ မဲပေါင်းမယ်ထားပါ။
အပေါက်စောင့် ပါတီ နဲ့ အဲဒီ ၂ ခု ရော ပေါင်းသွားမယ် ထင်သလားဟမ်??
Was this answer helpful?
LikeDislikeသိပ်သိ..။
ထေရာဝါဒရဲ့အကြီးဆုံးဒုက္ခက.. အဲဒီမိန်းမတွေပဲ…။
လောကမှာ.. အထီးအမ၂မျိုးထဲရှိတာမှာ.. လောကီလုပ်သူတွေအတွက်မရှိမဖြစ်လိုတဲ့.. ကျားနဲ့မဆက်ဆံရေးကို.. အတင်းခွဲထား..။
ပြီး…
ဝိနည်းအရ.. တရားဝင်ယူမရတော့.. မဟာယာန..ဇမ်ဗုဒ္ဓဘာသာတွေလို.. တရားဝင်ဇနီးက.. မိမိသာကာမပိုင်ဆိုပြီး.. ဆိုင်ရာဘုန်းကြီးကိုဝင်ရောက် ကြီးကြပ်.. ထိန်းပေးလို့ကလည်းမရ…။
ဆိုတော့… အထိန်းအကွပ်မဲ့ပေါ့…။ စည်းဘောင်မရှိတဲ့လူသားဖြစ်သွားမှကိုး..။
အဲဒီ အပြန်အလှန်ဂယက်သက်ရောက်မှုတွေကို.. သမိုင်းစဉ်ဆက်.. မြန်မာတွေခံနေရတာသာဖြစ်ပါတယ်…။
( လောကီရေး ၀င်ပါနေသူ.. အ၀ါဂိုဏ်းသားများအတွက်ပါ….)
=
ယောနိစောင့်ဥပဒေတင်တဲ့..ပါတီက.. NDF ဆိုရင်.. အဲဒါက ဒီချုပ်ရဲ့.. အခွဲပါတီတခုပဲ..။
ပြန်ခေါ်ပြီး.. လမ်းတည့်ပေးလိုက်ရမှာပေါ့…။
ယူအက်စ်မှာ.. ရီပါ့ဗလစ်ကန်ပါတီထဲမှာ.. တီးပါတီမျိုးချစ်အုပ်စုဆိုတာရှိတယ်…
အမျိုးချစ်တွေ..အစွန်းရောက်လက်ယာယိမ်းလွန်းသူတွေများတယ်ပေါ့…။
မိခင်ပါတီက..ကန်မထုတ်ရပါဘူး..။ လိုတဲ့အချိန်.. ခွဲကစား…. တွဲကစားရင်း.. ရီပါ့ဗလစ်ကန်င်ပါတီဟာ.. အိုဘားမားဒုတိယသက်တမ်းမှာ.. လွှတ်တော်၂ရပ်လုံးကို… အုပ်မိပြီး.. မဂျော်ရတီပါတီဖြစ်ခဲ့တာဖြစ်ပါတယ်…။
အတုယူစေလို…။
Tea Party Patriots – Wikipedia, the free encyclopedia
https://en.wikipedia.org/wiki/Tea_Party_Patriots
Wikipedia
Tea Party Patriots is a conservative American political organization that promotes “fiscally responsible” activism as part of the Tea Party movement. Its mission is …
Was this answer helpful?
LikeDislikeဇီကလေးရေ
. ကျေးဇူးပါ။
. မျှော်နေတာ လာတော့ စိတ်ဝင်စားစွာ အသေအချာဖတ်ကြပါ။
. မှန်ကန်သောအမြင်နဲ့ ဝေဖန်ကြပေါ့။
စွမ်းအင် ပိုင်း မှာ. ကျောက်မီးသွေး တော့ထုတ်မယ်ပြောမထားဘူး။
စီးပွါးရေးပိုင်းအတွက် အင်္ဂင်္လိပ်လို ရေးထားတာ လွန်ခဲ့တဲ့ လပိုင်းလောက်ကထဲ ထွက်နေပြီးပါ။
ဒါကို ဒီချုပ် အပုတ်ချပွဲ ဆို အားပါးတရ မျှဝေသူများ ဒါကို မသိဟန်ဆောင်နေကြသလားဘဲ။
Wall ပေါ် တက်မလာသေးပါ။ lol:-)))
ကလေးတွေလိုမျိုးက ပြောနေရင် တော်သေးတယ်။
အုပ်ချုပ်သူ ရာထူးရှိ .ယောကျာင်္းရင့်မကြီး တွေက အတင်းပြောသလို ပြောနေတာ စိတ်ပျက်လှတယ်။
ဒီလူမျိုးတွေ ဆက်အုပ်ချုပ် နေဦးမယ် ဆိုရင်တော့ ဝေးဝေးကသာလွမ်းတော့မည်။
ဇီကလေးရဲ့ ခေါင်းစဉ် က “ခြံစည်းရိုးပေါ်က” ဆိုတော့ အလယ်ခွထိုင်တွေ ကို ပြောတာလား။
တကယ်တော့ ဟိုဘက် ဒီဘက် အစွန်းတွေမှာထိုင်နေသူ တွေ က ပိုပြီး ကြောက်ရတာပါ။
အရာရာကို မကောင်းမြင်စိတ် အမုန်းစိတ် နဲ့ ကြည့်ပြီး ကိုယ့်အတ္တကလွဲ လို့ ဘာကိုမှ မကြည့်သူတွေ ပေါ့။
တိုင်းပြည်ထဲ လူစု တွေ ကွဲ သွားတာ အဲဒီ အစွန်းထိုင်တွေ ကြောင့်ပါ။
ဒါထက် ကြုံတုန်း သတင်းပေးလိုက်မယ်။
အစွန်းထိုင် ဆရာကြီး တစ်ယောက် လူဝင်မှုကြီးကြပ်ရေး နဲ့ ပေါင်းပြီး မြန်မာနိုင်ငံသားအဖြစ်ပြန်လျှောက်နေသတဲ့။
.နိုင်ငံရေးပြန်ဝင် လုပ်မလို့ဆိုလား။
အဲဒါမျိုးတွေ က စစ်တပ်က အစွန်းရောက် တွေ ထက်တောင် ပိုကြောက်ရတယ်။
သူတို့ တွေ က နိုင်ငံထဲ နောက်ကနေ သွေးထိုးနေတာ ကနေ စစ်အစိုးရ နဲ့ ပလဲသနံတင့်သွားတယ်ထင်ရဲ့။
ဒီချုပ် အာဏာရသွားမှာကို မလိုလားသူများ ထဲ သူတို့ကလဲ ထိပ်တန်းကပါ။
မယုံရင် ကြောင်ကြောင့် ကိုမေးကြည့်။
Was this answer helpful?
LikeDislikeဒီချုပ်က…အာဏာအဓိကနေရာယူနိုင်ရင်.. သေသေချာချာညှိလုပ်မယ်လို့ထင်ပါတယ်…။
တကယ်တော့.. အဲဒီအစွန်းနင်းသူတွေမှာ.. တူတဲ့ဘက်ဂရောင်း.. ညီတဲ့သမိုင်းရှိသဗျ..။
ဗကပ… နဲ့.. အနီအတွေးအခေါ်တွေပေါ့…။
တချိန်က.. အရှိန်အဟုန်နဲ့.. မြန်မာပြည်ထဲ.. ရိုက်ခတ်ခဲ့ဖူးပါ့…။ ဗိုလ်ချုပ်အောင်ဆန်းတို့လည်း.. ပါခဲ့သပေါ့.။
ဆိုတော့… မဝေးတဲ့တချိန်ချိန်မယ်…
မြန်မာပြည်ရဲ့အစောဆုံး..အကြီးဆုံးပါတီကြီး.. ဗကပကို.. … သေသေချာချာခေါ်ညှိသင့်ပါတယ်…။
စိန့်ပြည်က.. ရုရှားက.. ကွန်မြူနစ်သဘော လှစ်ပြခဲ့ပြီမို့… သူတို့တွေမှာ..သဘောတရားရေးရာအရတော့..ရဲရဲတောက်မနေကြတော့ပဲ.. လက်တွေ့နဲ့ညှိ.. ပြင်ကြမှာသေချာပါတယ်…။
သူတို့တွေမပါပဲနဲ့တော့.. တိုင်းရင်းသားတပ်တွေနဲ့.. အစိုးရ..ငြိမ်းချမ်းရေးစာချုပ်တွေချုပ်နေတာ.. ရီစရာလို့သာ… ထင်..။
Was this answer helpful?
LikeDislikeအစွန်းတွေက ပညာတတ်နည်းတယ် အရီးရဲ့။
ဟိ။
နောက်ပြီး အစွန်းရောက်ဆိုတာ ကြာကြာမခံပါဘူးး
.
.
ပညာတတ်လေ ခြံစည်းရိုး ပေါ် တက်လေ။
သူ့လူ ကိုယ့်ဘက်သားလုပ်လေ။
ခေါင်းစဉ် က ရွဲ့ပေးလိုက်တာပါ။
ဒီချုပ်ကို အပြစ်ပြောဖို့ ကုန်ကြမ်း ပေါ့လေ။
ဒီချုပ်ထက် ပညာတတ်တဲ့ လုပ်နိုင်စွမ်းရှိတဲ့ ပညာရှင်တွေမို့ပါ။
Was this answer helpful?
LikeDislikeဘယ်သူတွေ ရေးထားလဲတော့ မသိဘူး။
ဖတ်ကြည့်ပြီးတော့ မကောင်းမြင် နဲ့ အပြစ် ပြောချင်ရင်လဲ အများကြီးပြောလာကြ ဦးမှာပါ။
ဒါတွေကို ကောင်းအောင်လုပ်ဖို့ သက်ဆိုင်ရာ ပညာရှင်များ ကရော အခုချိန်မှာ ဒီချုပ် ဘတ်က ပေါ်ပေါ်ထင်ထင် ဝိုင်းပြီး ပံ့ပိုး ပေးရဲ မတဲ့လား။
အများစု က ဝန်ထမ်း တွေ ဖြစ်နေတာပါ။
အဲဒီအချက်ကို ဖြည့်တွေးပေးကြပါ။
တကယ်တမ်း ပညာရှင် ပိုင်းတွေ က ပိုကြောက်တတ်ကြတာပါ။
ထမင်းအိုး ကွဲ မဲ့ ကိစ္စကိုး။
.နောက်ပိုင်း အစိုးရ ဖွဲ့ခွင့်ရရင် တော့ လက်တွေ့လုပ်ပေးဖို့ တကဲ့ပညာရှင် တွေ လိုမှာ မို့ အဲဒီအချိန်မှ ပံ့ပိုးပေးဖို့ စောင့်နေကြမလားပါဘဲ။
ဒီတော့ ပြောလိုတာက ဒီချုပ် ကို ထိလို့ နာတာ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည် ကို ထိလို့ နာတာမဟုတ်။
ထွက်ပေါက်တစ်ခု အတွက် အစုတ်အပြတ်စာတမ်း ဖြစ်ပါစေဦး။
အဲဒါကို အပြစ်တင် ဝေဖန် မကြည့်ကြပါနဲ့တော့။
. ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အားလုံးသော သူများ ဟာ အနှောက်အယှက်များ တဲ့ လမ်းဝါးဝါး ကို စမ်းလျှောက် နေကြရတယ် ဆိုတာ ကို သတိပြုပါ။
အမှားတွေ ဖြစ်လာမှာ ကို မျှော်လင့်ထားကြပါ။
အဲဒီ အမှားတွေ ကနေ သူတို့ ပိုကောင်းအောင်လုပ်လာပါလိမ့်မယ်။
အဲဒါကို ယုံကြည်ပါ။
လက်ရှိ ပြည်သူ ကို ဘာမှမစဉ်းစားပေးနိုင်တဲ့ လက်ရှိ အစိုးရထက်တော့ အပုံကြီးသာမှာပါ။
အနည်းဆုံးတော့ ကိုယ်မကြိုက်ရင် ဝေဖန်လို့ရတဲ့။ ဖြုတ်ချပစ်လို့ရတဲ့ အစိုးရ တော့ ရမှာပါ။
ဒီချုပ် နိုင်လိုက်ရင် စနစ်ကောင်းတစ်ခုရဖို့ အတွက် လက်တွေ့လုပ်ခွင့်ရချိန်မှာ အစိုးရအဖွဲ့ထဲ ကို တတ်ကျွမ်းသူပညာရှင်တွေ အကြောက်တရားမရှိဘဲ ရောက်လာမှာပါ။
. ဒေါ်အောင်ဆန်းစုကြည်ကလဲ ဖိတ်ခေါ်မှာပါ။
အဲဒါကို ဝမ်းမြောက်ဝန်းသာ ကြိုဆိုပေးကြဖို့ပါဘဲ။
အဲဒီအချိန်ကျတော့ မှ ပညာရှင် တွေ ပြောတာ ကို နားထောင်ပြီး သူတို့ လုပ်နည်း တွေ ကို ဝေဖန်ကြပါ။
အစိုးရ က မှ တိုင်းပြည် ကို လက်တွေ့ တည်ဆောက်ပေးနိုင်မှာပါ။
ဒီတော့ အခုချိန် ဘယ်ပညာရှင်မှ ဝင်မကူရဲ တဲ့ သူတွေ ရဲ့ အားနည်းချက် ကို မဝေဖန်ပါနဲ့ဦး။
အစိုးရ ဖွဲ့နိုင်ချိန် တကယ်လုပ်နိုင်သူတွေ ပူးပေါင်း ပေးပါလိမ့်မယ်။
ဒါကြောင့် သူတို့အစိုးရဖွဲ့ပြီးမှ လို့ တွင်တွင် ပြောနေတာ နေမှာပါ။
အဲလို ပညာရှင်တွေ ဒီချုပ်မှာ ပေါင်းလာနိုင်အောင် သူတို့ ကို အစိုးရဖွဲ့နိုင်ခွင့်ရအောင်သာ ပြည်သူအများ က တွန်းကြပါတော့။
ခွပ်ဒေါင်း တွေ လမ်းရှင်းပေးတဲ့ နောက် ကို လိုက်ပြီး အရင်ဆုံး အပြင်ကို ရောက်အောင် လုပ်လိုက်ကြပါဦး။
အပြင်ဘက်က အလင်းရောင်ထဲ ကို ရောက်ရင် ပညာရှင် ကဒေါင်း တွေ ပေါင်းလာပါလိမ့်မယ်လို့ ထပ်ခါထပ်ခါ ပြောပါရစေ။
. ဒီကြားကာလမှာ ဘာကိုမှ ဇဝဇဝါ ဝိုးတိုးဝါးတား မရှိပါနဲ့။
အခုတောင် မဲ တွေ မှားပြန်ပြီတဲ့။ ၃၀% ဘဲ မှန်မယ် အာမခံ နိုင်သတဲ့။
ဒီလို အရေးကြီး ကိစ္စအရေးကိုတောင် မှန်အောင် မလုပ်နိုင်တဲ့ အစိုးရ ကိုတော့ အပြစ်မမြင်။ ဘာမှ မဝေဖန် ကြဘဲ ဘာမှ မစ နိုင်သေးတဲ့ အတိုက်အခံ ကိုတော့ cat cat လန် ဘဲ။ (cd – cat cat )
Was this answer helpful?
LikeDislikefree and fair election ဖြစ်ရန် ရွေးကော်၊ အစိုးရ၊ မီဒီယာ လိုအပ်ချက်တွေ အများကြီးရှိသည်။
ဒါတွေကို မပြောပဲ အန်အယ်ဒီကို မဲပေးမည် ပြောနေသူတွေကို လာငေါက်သည်ကတော့ နားလည်ရ ခက်လှသည်။
ဘာနိုင်ငံရေး ပညာမှတော့ မသိပါ။ မတတ်ပါ။
ကိုယ်ယုံကြည်ရာကို သူတပါးအား မထိခိုက်ပဲ ဖေါ်ပြခွင့် ရှိသည်ဟု ကြားဖူးနားဝ ရှိသဖြင့် ပြောနေပါသည်။
မှားလျှင် ငေါက်တော် မမူပဲ ပြင်ပေးတော်မူကြပါ။
~~~

သက္ကမိုးညို
Was this answer helpful?
LikeDislikeဟို ပေါက်တတ်ကရ Myanmar Express က NLD ကို မဲပေးမယ် လို့ တရားဝင်ကြေငြာနေတဲ့ အနုပညာရှင် တွေ ကို အပြစ်တင်နေတယ်။
အရေးမပါတာ ကို Like လုပ် သူ ရှိတော့ လဲ ဝင်ဖတ်မိ။
ဒီတော့ အကုသိုလ်ပွါး။
စစ်တပ်က ၂၅% နေရာဦးထားပြီး တိုင်းပြည်
ဘာသာရေး နဲ့ မှိုင်းတိုက်ထားတဲ့ တိုင်းပြည်
လူမျိုးရေးခွဲခြား ထားပြီး တိုင်းပြည်
သူ့ဘက်သားတွေ မဲစာရင်းကော်မရှင် ဖြစ်နေတဲ့ တိုင်းပြည်
အတွေးအခေါ် နဲ့ ပညာရေးနိမ့်ပါးနေတဲ့ တိုင်းပြည်
ထမင်းတနပ်အတွက် ကောက်ကျစ်နေကြရတဲ့ တိုင်းပြည်
မှာ
အာဏာလွှတ်ရဖို့ သွေးပျက်နေတဲ့ အစိုးရ ကို ဖယ်လိုက်ဖို့
ကိုယ့်ဘက်က လဲ နည်းမျိုးစုံ သုံးရမှ Fair ဖြစ် မှာမို့
ဘယ်သူဘာပြောပြော ဘာလုပ်လုပ် အဓိက က NLD မဲနိုင်ဖို့ပါဘဲ။
(စစ်တပ် တမတ်သား လွှတ်တော်ထဲ ဝင်ထိုင်နေတဲ့ တစ်ခြား တိုင်းပြည် ရှိတာ သိရင်ပြောပြကြပါ)
Was this answer helpful?
LikeDislikeအမှန်တော့ အဲဒီ ပေ့(ချ) တို့ ဟို ထောက်ပြုတ်ဖဘတို့က အရေးမပါတော့ပါဘူးး
လိုင်းပေါ်က လူတွေ အတန်းရှင်းကို မရရအောင် ပြန်ယူနေရတာဖြစ်နေပြီ။
သူတို့ ပြောတာ က ဂရုစိုက်စရာ မရှိတော့ဘူး အရီးး
အခုက ပညာရှင် ဆန်ဆန် အရင် ရေးခဲ့ပြီး မှ လူစုပြီးမှ ခုမှ အဆိပ်ခတ်နေတဲ့ အကောင့်တွေက ကြောက်နေရတယ်။
—————–
အခု အောင်နိုင်ရေးလှုပ်ရှားမှု ၂ ဖွဲ့လောက်မှာ ပါထားတယ်။
ကြားရသမျှ ကျနော်တို့ ဘက်က မျှတ စည်းကမ်းလိုက်နာသလောက် ဆင်ခြင်သလောက် သူတို့ဘက်က လွှတ်ထားတယ်။
ဒါပေမဲ့ ကျနော်တို့မမှားရဲဘူးးး။
ဥပဒေက ကိုယ်တွေကို ကြပ်ဖို့ပဲဖြစ်ပြီး သူတို့လူတွေ လုပ်ချင်သလောက် လုပ် လွှတ်ထားသလိုမျိုးပဲ။
Was this answer helpful?
LikeDislikeခေးရယ်။

ဝန်းရံပြီလေ။
~~~~~~~~~~~~
https://www.facebook.com/TELEPATHIC69
မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ၀၈.၁၁.၂၀၁၅ တနင်္ဂနွေနေ့မှာ ကျင်းပမှာပါ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူတွေက ဘယ်ပါတီကို မဲပေးမှာလဲ မေးလာကြတော့ ဖြေရတော့မှာပေါ့။ ကျုပ်က လူပုဂ္ဂိုလ်နဲ့ ပါတီစွဲပြီး မဲမပေးပါဘူး။ ကျုပ် သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ အရည်အချင်းတွေနဲ့ပဲ ချိန်ပြီး အချက်အလက်တွေ အရည်အချင်းတွေနဲ့ ကိုက်တဲ့ ဘယ်သူ့ကိုမဆို ဘယ်ပါတီကိုမဆို ရွေးချယ် မဲပေးမှာပါ။
ကျုပ် သတ်မှတ်ထားတဲ့ အချက်အလက်တွေ၊ အရည်အချင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
၀၁။ ကျုပ်က မြန်မာနိုင်ငံသား စစ်စစ်ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားမဟုတ်တဲ့ လူတွေကို လွှတ်တော်ထဲ အရောက်ပို့ဖူးတဲ့ ပါတီ၊ နိုင်ငံသားမဟုတ်တဲ့ လူတွေကို နိုင်ငံသားတွေ ပြုပေးပြီး နိုင်ငံကို ပျက်ရာပျက်ကြောင်း လုပ်ဖူး ကြံဖူးတဲ့လူတွေ ရှိတဲ့၊ အဲဒီလို အစဉ်အလာရှိတဲ့ ပါတီကို မဲမပေးပါဘူး။ အဲဒီလို မလုပ်ဖူးတဲ့ ပါတီကိုပဲ မဲပေးပါမယ်။
၀၂။ ကျုပ်က မြန်မာပြည်ကို သိပ်ချစ်တဲ့လူပါ။ တိုင်းပြည်အတွက် လိုအပ်ရင် စစ်တိုက်ပေးမယ့်လူပါ။ အမိမြေကို တစ်လက်မမှ အထိမခံဆိုပြီး တွင်တွင်အော်နေပြီးတော့ မြန်မာနိုင်ငံသားဖြစ်တဲ့ မြန်မာအချင်းချင်းကျတော့ ကောင်းမွန်တဲ့ ဘာအခွင့်အရေးမှမပေးဘဲ နည်းမျိုးစုံနဲ့ နှိပ်စက် ညှင်းပမ်းပြီး အရှေ့ကလာလာ အနောက်ကလာလာ ဘယ်ကလာလာ တရားဝင်ကော တရားမ၀င်ကော ပေါ်ပေါ်ထင်ထင် ၀င်လာတဲ့ နိုင်ငံခြားသားတွေကိုကျတော့ ကြောက်ဖားနေတဲ့ လူတွေ ရှိတဲ့ ပါတီကို မဲမပေးပါဘူး။ မြန်မာပြည်ကို တစ်ကယ်ကာကွယ်နိုင်တဲ့ စစ်ရေးအမြင်ရှိပြီး ဘယ်နိုင်ငံခြားသားကိုမှ မကြောက်ဘဲ မြန်မာအချင်းချင်း လေးစားတန်ဖိုးထားလိမ့်မယ်လို့ ယူဆရတဲ့ ပါတီကိုပဲ မဲပေးပါမယ်။
၀၃။ ကျုပ်က ပြည်သူကြားက ပြည်သူပဲဖြစ်တဲ့အတွက် ပြည်သူကို စော်ကားထားတဲ့လူ အများကြီး ရှိတဲ့ ပါတီကို မဲမပေးပါဘူး။ ပြည်သူကို သိပ်မစော်ကားဖူးတဲ့ ပါတီကိုပဲ မဲပေးပါမယ်။
၀၄။ ကျုပ်က ရှမ်းမွန် စပ်ကြား တိုင်းရင်းသား ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေကို ရက်ရက်စက်စက် ခြေမှုန်းတဲ့လူတွေ ရှိတဲ့ ပါတီကို မဲမပေးပါဘူး။ ကိုယ်တိုင်ကလည်း တိုင်းရင်းသားဖြစ်၊ တိုင်းရင်းသားအရေး မျှမျှတတ စဉ်းစားပေးပြီး တိုင်းရင်းသားတွေနဲ့ ရင်းနှီးချစ်ကြည်တဲ့ လူဦးဆောင်တဲ့ ပါတီကိုပဲ မဲပေးပါမယ်။
၀၅။ ကျုပ်က မြန်မာစာပေ မြန်မာယဉ်ကျေးမှု မြန်မာဝတ်စုံကို နှစ်သက် သဘောကျတဲ့လူဖြစ်တဲ့အတွက် မြန်မာစာပေ မြန်မာယဉ်ကျေးမှု မြန်မာဝတ်စုံကို နှစ်သက် သဘောကျပြီး မြန်မာအချင်းချင်း မလိုအပ်ဘဲ နိုင်ငံခြား ဘာသာစကား မသုံးတဲ့ လူဦးဆောင်တဲ့ ပါတီကိုပဲ မဲပေးပါမယ်။
၀၆။ ကျုပ်က မြန်မာပြည်က မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ် စတဲ့ ကျောင်းများစွာကို နှစ်ရှည်လများ ကျောင်းတက်ထားတဲ့ ကျောင်းသားစစ်စစ်ကြီး ဖြစ်တာကြောင့် ကျောင်းသားကျောင်းသူတွေကို နှိပ်စက်တဲ့ ကျောင်းသားကျောင်းသူ အခွင့်အရေးကို ပိတ်ပင်တားဆီး ယုတ်မာ မရပ်တည်မယ့် ပါတီကို မဲမပေးပါဘူး။ ကျောင်းသားကျောင်းသူအရေး အလေးထားတဲ့ ပါတီကိုပဲ မဲပေးပါမယ်။
၀၇။ ကျုပ်က မဟာဘွဲ့ အပါအ၀င် ဘွဲ့ ၃ ခု ရထားပြီး နောက်ထပ် မဟာဘွဲ့ ၂ ခုကို ထပ်ယူနေတဲ့ လူဖြစ်တဲ့အတွက် နယ်ပယ်စုံက တစ်ကယ့် ပညာတတ်တွေ ပါဝင်ပြီး ပညာရေးက နိုင်ငံအတွက် အရေးကြီးမှန်းသိပြီး ပညာရေးနဲ့ ပညာတတ်ပုဂ္ဂိုလ်များကို လေးစားချီးမြှောက်တဲ့ ပညာတတ်ပုဂ္ဂိုလ်ဦးဆောင်တဲ့ ပါတီကိုပဲ မဲပေးပါမယ်။ ပညာရေးက ပြန်မရနိုင်တဲ့ ရင်းနှီးမြှပ်နှံမှုလို့ ထုတ်ဖော်ပြောကြားထားတဲ့ လူတွေဦးဆောင်တဲ့ ပါတီကို မဲ မပေးပါဘူး။
၀၈။ ကျုပ်က လူငယ်ဘ၀ကုန်လို့ လူလတ်ဘ၀ ရောက်စပြုနေပြီဖြစ်တယ်။ ကျုပ် လူငယ်ဘ၀တုန်းက နိုင်ငံတကာကလို လူငယ်အခွင့်အရေးတွေ အလေးထားခံရမှုတွေ အပြည့်အ၀မရခဲ့ဘူး။ နောင်လာမယ့် လူငယ်လေးတွေကိုလည်း ကျုပ်တို့ ခေတ်က လူငယ်တွေလို အဖြစ်မခံနိုင်ဘူး။ အဲဒါကြောင့် လူငယ်တွေအရေး အလေးထားတဲ့ ပါတီကိုပဲ မဲပေးပါမယ်။ အရည်အချင်းရှိတဲ့ လူငယ်တွေ လူလတ်တွေ မမြင်မိဘူးလို့ ထုတ်ဖော်ပြောကြားထားတဲ့လူ ပါတဲ့ ပါတီကို မဲမပေးပါဘူး။
၀၉။ ကျုပ်က နိုင်ငံခြား ဘာသာစကား တစ်ချို့ကို တတ်မြောက်ထားတဲ့လူဖြစ်တဲ့အတွက် ကျုပ်လိုပဲ နိုင်ငံခြားဘာသာစကား အနည်းဆုံး နှစ်ခု တတ်တဲ့ လူဦးဆောင်တဲ့ ပါတီကိုပဲ မဲပေးပါမယ်။
၁၀။ ကျုပ်က လူသားထဲက လူသားတစ်ယောက်ပဲ ဖြစ်တဲ့အတွက် တစ်ချိန်မှာတော့ နေမကောင်း ဖြစ်ဦးမှာပါ။ ကျန်းမာရေးအတွက် ဒီနိုင်ငံမှာ ဆေးရုံ ဆေးခန်းတွေ များစွာ ရှိနေလျက်နဲ့ နိုင်ငံခြားကို ပိုက်ဆံပေါင်းများစွာ အကုန်ကျခံပြီး ဆေးသွားကုနေရမှာကို မလိုလားပါဘူး။ ပြည်တွင်းနေ ဆရာဝန်တွေရဲ့ ပညာနဲ့ ဆေးရုံတွေကိုပဲ အားကိုးချင်ပါတယ်။ အဲဒီတော့ ပြည်သူ့ ဘဏ္ဍာကို ကိုယ့်ကျန်းမာရေးအတွက်ပဲ သုံးပြီး ပြည်သူတွေရဲ့ ဆေးရုံတွေနဲ့ ပြည်သူတွေရဲ့ ဆရာဝန်တွေကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းထောက်ပံ့မှု မလုပ်တဲ့လူတွေရှိတဲ့ ပါတီကို မဲမပေးပါဘူး။ အဲဒီလို မလုပ်ဘူးလို့ ယူဆရတဲ့ ပါတီကိုပဲ မဲပေးပါမယ်။
၁၁။ ကျုပ်က လေယာဉ်မောင်းတဲ့ အလုပ်ကို သူများဝန်ထမ်းအနေနဲ့ လုပ်ရတဲ့ အလုပ်သမားတစ်ယောက်ပါ အဲဒီတော့ လုပ်ခလစာအပါအ၀င် အလုပ်သမားအခွင့်အရေးပေါင်းများစွာကို ပိတ်ပင်တားဆီး ယုတ်မာ မရပ်တည်မယ့် ပါတီကို မဲမပေးပါဘူး။ အလုပ်သမားအရေးကို အလေးထားတဲ့ ပါတီကိုပဲ မဲပေးပါမယ်။
၁၂။ ကျုပ်က လေယာဉ်မောင်းတဲ့ လူတစ်ယောက်ပါ။ ခရီးသွားတဲ့လူတွေ ပစ္စည်းပို့တဲ့လူတွေ မရှိဘဲ လေယာဉ်မှူးတွေ အလုပ်လုပ်လို့မရပါဘူး။ အဲဒီလို ခရီးသွားကြဖို့ ပစ္စည်းပို့ကြဖို့ဆိုတာကလည်း တိုင်းပြည် စည်ပင်သာယာဝပြောပြီး ပြည်သူလူထု ကျန်းမာချမ်းသာကြမှဖြစ်မှာပါ။ အဲဒါကြောင့် တိုင်းပြည်သာယာဝပြောပြီး ပြည်တွင်းပြည်ပ ခရီးသွားလာသူများလာအောင် ဆွဲဆောင် မြှင့်တင်နိုင်မယ့် စီးပွါးရေး နိုင်ငံရေး အမြင်နဲ့ အရည်အချင်းရှိတဲ့လူတွေ ပါဝင် ဦးဆောင်မယ့် ပါတီကိုပဲ မဲပေးပါမယ်။ တိုင်းပြည်ကို ထုံထိုင်း မွဲပြာကျပြီး ဖွံ့ဖြိုးမှုအောက် ကျရောက်နေအောင် လုပ်ထားတဲ့လူတွေ ပါတဲ့ ပါတီကို မဲမပေးပါဘူး။
၁၃။ ကျုပ်က နိုင်ငံခြားတော်တော်များများကို ခဏခဏ သွားနေကျပါ။ ဘယ်နိုင်ငံရောက်ရောက် ကိုယ့်နိုင်ငံမှာ စီးပွါးရေး ကောင်းကောင်းလုပ်လို့မရလို့၊ လုပ်ခ လစာနည်းလို့၊ ပညာရှင်တွေ တန်ဖိုးအထားမခံရလို့ စတဲ့ အခြေအနေအရပ်ရပ်မကောင်းလို့ နိုင်ငံခြားမှာ နှိပ်စက် ညှင်းပမ်း မျက်နှာငယ်ခံ ဘ၀ပျက်ခံပြီး အလုပ်လုပ်နေကြရတဲ့ အလွှာစုံအတန်းအစားစုံ မြန်မာတွေကို တွေ့ဖူး ဆုံဖူးပါတယ်။ အဲဒီလို မြန်မာနိုင်ငံသားတွေ ဘ၀ပျက်နေကြတာကို မသိကျိုးကျွံပြုနေပြီး အကာအကွယ်လည်းမပေး၊ မြန်မာနိုင်ငံမှာလည်း ၀င်ငွေကောင်းပြီး လုံခြုံစိတ်ချရတဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ မဖန်တီးပေးနိုင်တဲ့ လူတွေ ပါဝင်နေတဲ့ ပါတီကို မဲမပေးပါဘူး။ နိုင်ငံခြားရောက် မြန်မာတွေကို အကာအကွယ်ကောင်းကောင်းပေးပြီး မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံမှာလည်း ၀င်ငွေကောင်းပြီး လုံခြုံစိတ်ချရတဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ ဖန်တီးပေးနိုင်မယ့် ပါတီကိုပဲ မဲပေးပါမယ်။
၁၄။ ကျုပ်က အစားအသောက် အရမ်းမက်မောပါတယ်။ အဲဒီတော့ ဒီနိုင်ငံက မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ လယ်ယာဥယျဉ်ခြံမြေ စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ အစားအသောက်တွေ၊ အသားထုတ်လုပ်သူတွေနဲ့ လယ်ယာသမား တောင်သူဦးကြီးတွေကို ချစ်မြတ်နိုးတယ်။ အဲဒီလူတွေ လုပ်ငန်း လုပ်ဆောင်ခွင့်မရအောင် စီးပွါးတွေ ဘ၀တွေ ပျက်အောင် မိမိကိုယ်ကျိုးအတွက် လယ်သိမ်း ယာသိမ်း ဥယျာဉ်ခြံမြေသိမ်းတဲ့ လူတွေ ရှိတဲ့ သို့မဟုတ် အဲဒီလို လုပ်နေတာကို ထိထိရောက်ရောက် ကာကွယ် ကူညီမပေးနိုင်တဲ့ ပါတီကို မဲမပေးပါဘူး။ မွေးမြူရေးနဲ့ ရေလုပ်ငန်း၊ လယ်ယာဥယျဉ်ခြံမြေ စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ လယ်ယာသမား တောင်သူဦးကြီးတွေနဲ့ အသားထုတ်လုပ်သူတွေရဲ့ ဘ၀နဲ့ ကောင်းကျိုးကို ကူညီ စောင့်ရှောက်မယ့် ပါတီကိုပဲ မဲပေးပါမယ်။
၁၅။ ကျုပ်က တစ်ချိန်မှာ စီးပွါးရေးလုပ်မယ့်လူဖြစ်တဲ့အတွက် စီးပွါးရေး ပိတ်ဆို့ခံရမယ့် သို့မဟုတ် ပိတ်ဆို့ခံနေရတဲ့ လူတွေ ဦးဆောင်တဲ့ သို့မဟုတ် အဲဒီလိုလူတွေကိုပဲ အခွင့်အရေးပေးပြီး ကိုယ်ကျိုးရှာနေတဲ့ သို့မဟုတ် ကိုယ်ကျိုးရှာတဲ့ ပါတီကို မဲမပေးပါဘူး။ စီးပွါးရေး ပိတ်ဆို့မခံရမယ့် ပါတီကိုပဲ မဲပေးပါမယ်။
၁၆။ ကျုပ်က အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေကို လက်သိပ်ထိုး ကွက်ကျားမိုးရွာနေတာကို မရဖူးတဲ့အတွက် လုံးဝ မကြိုက်ပါဘူး။ အဲဒီလို အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေကို လက်သိပ်ထိုး ကွက်ကျားမိုးရွာနေတဲ့ လူတွေ ပါတဲ့ သို့မဟုတ် အဲဒီလိုလူတွေနဲ့ ပတ်သက်နေမယ့် ပါတီကို မဲမပေးပါဘူး။ အဲဒီလို အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေကို လက်သိပ်ထိုး ကွက်ကျားမိုးရွာမပေးဖူးသေးတဲ့ ပါတီကိုပဲ မဲပေးပါမယ်။
၁၇။ ကျုပ်က မီးပြတ် ရေပြတ် လမ်းပျက် ပိုက်ဆံပြတ်တာကို မကြိုက်ပါဘူး။ အဲဒီတော့ ကတိတွေပေးပြီး အုပ်ချုပ်စဉ်ကာလအတွင်း မီးမပေးနိုင် ရေမပေးနိုင် လမ်းကောင်းအောင် မလုပ်ပေးနိုင်တဲ့ နိုင်ငံကို စီးပွါးရေးကောင်းအောင် လုပ်မပေးနိုင်တဲ့ ပါတီကို မဲမပေးပါဘူး။ အဲဒီလို မဖြစ်ဘူးလို့ ယူဆရတဲ့ ပါတီကိုပဲ မဲပေးပါမယ်။အနည်းဆုံးတော့ ဒေါ်လာဈေးကျစေချင်ပါတယ်။
၁၈။ ကျုပ်က တာဝန်မဲ့စကား အပြောခံရတာများပြီး တာဝန်မဲ့စကားပြောတဲ့လူတွေကို ကြုံရပါများတော့ အဲဒီလိုလူတွေကို များစွာ မွေးထုတ်ပေးဖူးတဲ့ ကျောင်းတွေက ဆင်းတဲ့လူတွေ အများစု ပါဝင်တဲ့ ပါတီကို မဲမပေးပါဘူး။ တာဝန်ယူ တာဝန်ခံမှု ရှိလိမ့်မယ်လို့ ယူဆရတဲ့ ပါတီကိုပဲ မဲပေးပါမယ်။
၁၉။ ကျုပ်က ဒီနိုင်ငံက လက်ကိုင်ဖုန်းတွေကို ၂၀၀၂ ခုနှစ်ကတည်းက မိဘတွေ ဈေးကြီးပေး ၀ယ်ပေးလို့ အခုထိ ဖုန်းသုံးခကို ဈေးကြီးကြီးပေး သုံးလာခဲ့ရတဲ့ မြန်မာ့ဆက်သွယ်ရေးရဲ့ သားကောင်တွေထဲက တစ်ယောက်ပါ။ အဲဒီတော့ ဒီလိုဈေးကြီးပေးသုံးနေရတဲ့ မြန်မာ့ဆက်သွယ်ရေးအခန်းကဏ္ဍ အစုတ်ပလုပ်ကို ပြုပြင်ပြောင်းလဲဖို့ အရည်အချင်းမရှိတဲ့ လူတွေ ဦးဆောင်နေတဲ့ ပါတီကို မဲမပေးပါဘူး။ အရည်အချင်းရှိတဲ့လူတွေ ဦးဆောင်မယ့် ပါတီကိုပဲ မဲပေးပါမယ်။
၂၀။ ကျုပ်က ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့အတွက် ရေမြေတောတောင် သဘာဝ အလှအပတရားတွေကို အလွန်နှစ်သက်တယ်။ အဲဒါကြောင့် မြန်မာ့ရေမြေ တောတောင် သဘာဝ အလှအပတရားတွေကို ကိုယ်ကျိုးစီးပွါးအတွက် နိုင်ငံခြားသားတွေထံ ရောင်းချပြီး ဖျက်ဆီး အမြတ်ထုတ်နေတဲ့ လူတွေ ရှိတဲ့ ပါတီကို မဲမပေးပါဘူး။ အဲဒီလို မလုပ်လောက်ဘူးလို့ ယူဆရတဲ့ ပါတီကိုပဲ မဲပေးပါမယ်။
၂၁။ ကျုပ်က ဒီစာကို ရေးလို့ သို့မဟုတ် ကျုပ်က အမှန်တရားကို ပြောလို့ မခံချိ မခံသာဖြစ်ပြီး လာဆဲဆိုမယ့်လူတွေ၊ နှိပ်စက်မယ့်လူတွေ၊ မဲမနိုင်လို့ ရှုံးမဲမဲမယ့်လူတွေ၊ အယုတ်တမာတွေရှိတဲ့ ပါတီ သို့မဟုတ် အဲဒီလိုလူတွေ အားပေးမယ့် ပါတီကို မဲမပေးပါဘူး။ အဲဒီလို မလုပ်ဘူးလို့ ယူဆရတဲ့ ပါတီကိုပဲ မဲပေးပါမယ်။
ကျုပ်က မဲဆန္ဒရှင်ပြည်သူဖြစ်တဲ့အတွက် ကိုယ်မဲပေးချင်တဲ့ ပါတီကိုပဲ မဲပေးပါမယ်လို့ ပြောဆိုပါရစေ။ ကျုပ်က မွေးကတည်းက အဖွဲ့အစည်းတစ်ရပ်တည်းရဲ့ ဆက်တိုက်နှိပ်စက် ဖိနှိပ်မှုတွေကိုပဲ ခံလာခဲ့ရပြီးသားဆိုတော့ ဒီတစ်ခါ အရွေးမှားလို့ ကိုယ်ရွေးချယ်မိလိုက်တဲ့ တစ်ခြား တစ်ဖွဲ့အစည်းအသစ်တစ်ရပ်ရဲ့ နှိပ်စက်မှုကို ပြောင်းခံရမယ်ဆိုလည်း မထူးတော့ပါဘူး။ ကိုယ့်ရဲ့ စစ်မှန်တဲ့ ရွေးချယ်မှုက အလွန်ကိုပဲ ဆိုးရွားနေမယ်ဆိုရင်လည်း အဲဒီ အဆိုးရလာဒ်ကိုပဲ ကျေကျေနပ်နပ် လက်ခံလိုက်ပါတော့မယ်။ အဲဒါပါပဲ။
True story by Sithu Oo
~~~~~~~~~~
Was this answer helpful?
LikeDislike