ပေါ်နွေလလျှင်

တောင်ကခြိမ် ့မြူးး

မင်းလွင်ဦးနဲ့  ့

~~~~~ ~

~~~~~~

ငှက်သွင်ပျံကြွ

မတတ်သော်။

ကျောင်းသားဘဝတုန်းက သင်ခဲ ့ဖူးတဲ ့ နတ်ရှင်နောင်ရတုပါ။ အကုန်အားလုံး မမှတ်မိတော ့ပေမယ် ့  နတ်သွင်ပျံကြွ မတတ်သော် ဆိုတဲ ့နောက်ဆုံးအချပိုဒ်လေးကတော ့ ဒီအချိန်ထိတိုင်အောင် အင်အားပြင်းပြင်းနဲ ့ စွဲငြိနေဆဲ။ ကိုယ် ့မြေ ကိုယ် ့ရေရဲ  ့အဝေးမှာ အနေကြာလာတော ့ အကြောင်းတိုက်ဆိုင်လို ့ အမှတ်တရလေးတွေများပေါ်လာခဲ ့ ကိုယ်လည်း ငှက်ကလေးတစ်ကောင်လိုသာ တောင်ပံဖြန် ့ဝဲ

အိမ်အပြန်လမ်းကို အပြေးလေး ပြန်လိုက်မိချင်ရဲ  ့။

 

စစ်မြေပြင်က စစ်ဘုရင်မင်းသား နတ်ရှင်နောင်မင်းသား ရှေ  ့တန်းစစ်မြေ စခန်းတစ်နေရာမှာ ရာသီပန်းကလေးတွေမြင်တွေ ့လေတော ့ နောက်တန်းကကျန်ရစ်ခဲ ့သူ  ပန်းကြိုက်မလေး ချစ်တဲ ့ဓာတုကလျာလေးအတွက် လှနိုးလှရာ ပန်းကလေးတွေ ခူးဆွတ်လို ့ စိတ်ကူးနဲ ့ ဆံဦးထက်မှာ ပန်ပေး ကြေနပ်ရှာရတယ်။

~ ကိုယ်တိုင်

လှရာရာရွေး ပန်မပေးရ

ဆံမြညှာကေ~~

(နတ်ရှင်နောင်သီချင်း)

————————————-

တောတွင်းပျော်တို ့လို ရေခြားမြေခြား ရပ်တစ်ပါးမှာ ဝမ်းစာရေးအတွက် ဘဝတိုက်ပွဲ တိုက်နေရသူတွေမှာလည်း ဒေသက ကျန်ရစ်ခဲ ့သူတွေကို လွမ်းဆွတ်သတိရမိတဲ ့ အခါ ကိုယ် ့လက်လှမ်းမှီရာ အရာလေးတွေနဲ  ့တိုင်တည် လွမ်းဆွတ်မိတတ်ကြပါတယ်။

တောတွင်းပျော်တို ့ ကျက်စားနေထိုင်ရတဲ ့ တောတောင်ကြီးထဲ ရာသီအလိုက် ပန်းကလေးတွေ ပွင် ့တတ်ပါတယ်။ သူတို ့လေးတွေဟာ တော်ဝင် နန်းထိုက် ထီးကြိုက်တဲ ့ပန်းကလေးတွေ မဟုတ်ကြပေမယ် ့ တောတောင်တစ်ခွင်ကို သူတို ့နိုင်အား တတ်စွမ်းသမျှနဲ ့ ဆင်ယဉ် အလှတင်ပေးနေကြတာ ရိုးသားပကတိ ချစ်စရာကောင်းလှပါတယ်ဗျာ။

သူတို ့လေးတွေရဲ  ့ သဘာဝအတိုင်း ခပ်ရိုင်းရိုင်း အားမာန်အပြည် ့နဲ ့ အလှတွေကို မြင်တွေ ့မိခဲ ့လေတော ့ လူ ့လောကမှာမရှိတော ့ပြီဖြစ်တဲ ့ ပန်းချစ်သူမလေးတစ်ယောက်အတွက် ရည်စူးပြီးပုံလေးတွေ ရိုက်ခဲ ့မိပါတယ်။

tmp_DSC_01021263700422

 

 

OLYMPUS DIGITAL CAMERA

OLYMPUS DIGITAL CAMERA

tmp_IMG_11581242304924

tmp_IMG_0922-2087132261

tmp_IMG_0661-895666216

OLYMPUS DIGITAL CAMERA

OLYMPUS DIGITAL CAMERA

tmp_IMG_1012-1870707155

tmp_IMG_1241362575193

tmp_IMG_6899-1544774045

ခင်..!

ပန်းဆိုတာ

သူ့ ့ အပင်မှာ

သူ ့ အဆင်နဲ ့ သူယဉ်

အလှမာန်တင်

ဂုဏ်တင် ့တာမို ့

ရည်စူးလို ့

ခြွေမခူးခဲ ့တာ

ကြေနပ်ပါလေ…ခင်။

 

တောတွင်းပျော်။

Set / 10 / 15

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About တောတွင်းပျော်

has written 51 post in this Website..

ဒေါင်ကျကျ ပြားကျကျ ဒေါင့် မကျိုးတဲ့ လူ