Myanma Gazette ပြက္ခဒိန် (၂၀၁၅-၂၀၁၆) Update 2015/09/10

ムラカミSeptember 10, 20152min58447

တောတွင်းပျော် အိုင်ဒီယာပေးပြီး အလင်းဆက် စလိုက်တဲ့ Myanma Gazette ပြက္ခဒိန် ကိစ္စ အတော်လေး ခရီးရောက်နေပြီမို့

လက်ရှိ အနေအထား ကို အစီရင်ခံရင်း (လိုရင်း) ဓာတ်ပုံ တောင်းခံတဲ့ ကိစ္စ ကို ပိုစ့်အဖြစ်တင်လိုက်ပါတယ်။

ဓာတ်ပုံမတောင်းခံခင် ယနေ့(၂၀၁၅/၀၉/၁၀) ကြာသပတေး နေ့လည် အထိ နောက်ဆုံးအတည်ပြုချက်ကတော့…

၂၀၁၅-၂၀၁၆ မြန်မာ့ဂဇက် ပြက္ခဒိန်

  • အမျိုးအစား – စားပွဲတင် ပြက္ခဒိန်
  • ရွက်ရေ – ရရွက် ကျောကပ် (၁၂လ  ၆ရွက်+ မျက်နှာဖုံး)
  • အရေအတွက် – ၃၀ဝ ခု
  • တခု ကျသင့်ငွေ – ၂၅၀ဝ ကျပ် 

 

မေးထားတဲ့ အော့ဖ်ဆက်တွေ ဈေးမကွာသမို့ အနီးစပ်ဆုံး တခုကို Printing ကျသင့်ငွေ ၂၄၀ဝ ကျပ် နဲ့

အခြား အထွေထွေစားရိတ်(ကားခ စသည်) ၁၀ဝကျပ် နဲ့

စုစုပေါင်းထုတ်လုပ်မှုစားရိတ် ၂၅၀ဝ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

ခုရေ ၃၀ဝ အတွက် စုစုပေါင်း ကုန်ကျငွေ ၇၅၀,၀၀ဝ (ခုနစ်သိန်း ငါးသောင်း) ကျပ် ဖြစ်ပါတယ်။

 

သည်ငွေပမာဏ ကို ကာမိစေဖို့ ဝင်ငွေလမ်းကြောင်း ၃ခု ရှိပါတယ်။ အဲ့ဒါတွေကတော့

၁) စေတနာရှင်များရဲ့ အလှူငွေ

၂) ကြော်ငြာရှင်များ ဆီက ကြော်ငြခ

၃) ရွာသူားများထံ ပြက္ခဒိန် ရောင်းချခ ဖြစ်ပါတယ်

အောက်မှာ အသေးစိတ် ဖော်ပြထားပါတယ်

အလှူငွေ

  • သူကြီး – ၁၀၀,၀၀ဝ (တစ်သိန်း) ကျပ်
  • ဦးကျောက် – ၁၀၀,၀၀ဝ (တစ်သိန်း) ကျပ်
  • အန်တီဒုံ – ၁၀,၀၀ဝ (တစ်သောင်း) ကျပ်
  • ကိုထူးဆန်း – ၅၀,၀၀ဝ (ငါးသောင်း) ကျပ်
  • မKZ – ၅၀,၀၀ဝ (ငါးသောင်း) ကျပ်
  • ကိုရင်စိုင်းခမ်း – ၅၀,၀၀ဝ (ငါးသောင်း) ကျပ်
  • တာတွင်းပျော် – ၅၀,၀၀ဝ (ငါးသောင်း) ကျပ်

စုစုပေါင်း ၄၁၀,၀၀ဝ (လေးသိန်း တစ်သောင်း) ကျပ် တိတိ လှူမယ်ဆိုပြီး ကြားသိ ရပြီး ဖြစ်ပါတယ်။

Update အနေနဲ့ ကနေ့ညနေပဲ ဦးပါ ကို အန်တီဒုံ ဖုန်းဆက်လို့ လှူဖို့ ဖိတ်ခေါ်ရာမှာ လှူပါ့မယ် ဆိုတဲ့အပြင်

ဦးမိုက် ကိုပါ လှမ်း သံချောင်းခေါက်ပေးပါမယ်လို့ ပြောသေးသဗျ။ (ဘေးမှာ အန်တီမမ သက်သေရှိ။)

စေတနာသဒ္ဒါပေါက်လို့ နောက်ထပ် လှူဓါန်းလိုသူများ ရှိဦးမယ် ဆိုရင်လည်း ဖိတ်ခေါ်ပါတယ်

 

ကြော်ငြာ

  • အန်တီမမ – ၄၀,၀၀ဝ (လေးသောင်း) ကျပ် (ဇန်နဝါရီ)
  • ဦးကျောက် – FOC (ဖေဖော်ဝါရီ)
  • မခိုင်ဇာ – ၁၈၀,၀၀ဝ (တသိန်း ရှစ်သောင်း) ကျပ် (မတ်၊ ဩဂုတ်၊ ဒီဇင်ဘာ) (3Months) + Cover Sponsor(Cover Ad)
  • မသဲ – ၄၀,၀၀ဝ (လေးသောင်း) ကျပ် (ဇူလိုင်)
  • မနိုဗီ – ၄၀,၀၀ဝ (လေးသောင်း) ကျပ် (နိုဝင်ဘာ)
  • သူကြီး – FOC (?)
  • အန်တီဒုံ – ၄၀,၀၀ဝ (လေးသောင်း) ကျပ် (စက်တင်ဘာ)
  • Mလုလင် – ၄၀,၀၀ဝ (လေးသောင်း) ကျပ် (ဇွန်)

စုစုပေါင်း ကြော်ငြာခ ၃၈၀,၀၀ဝ (သုံးသိန်း ရှစ်သောင်း) ကျပ် ဖြစ်ပါတယ်။

သဂျီး နဲ့ ဦးကျောက် ကိုတော့ အလှူငွေ ၁သိန်းစီ ထည့်ထားတဲ့အတွက် တယောက် တလစီ FOC ကြော်ငြာထည့်ပေးတာပါ။

ကြော်ငြာ ခက တလစာ (ပြက္ခဒိန် ၁ရွက်စာ) အတွက်က ၄၀,၀၀ဝ (လေးသောင်း) ကျပ် ပါ။

မျက်နှာဖုံး ကြော်ငြာ ကတော့ ၆၀,၀၀ဝ (ခြောက်သောင်း) ကျပ် ပါ။

ဝင်ငွေလမ်းကြောင်း ၁နဲ့ ၂ အပြီးမှာ ထုတ်လုပ်မှု စားရိတ် ကို ကာမိနေပြီ ဖြစ်ပါတယ်။ ၇၉၀,၀၀ဝ (ခုနှစ်သိန်း ကိုးသောင်း) ကျပ်။

ဒီငွေက စာရင်းရှိ ပိုက်ဆံ သာဖြစ်ပြီး လက်ရှိအချိန်ထိ လက်ထဲ ရောက်ပြီးသား ငွေ ကတော့- (၂၀၁၅/၀၉/၁ဝ – ညပိုင်းအထိသာ)

<ကောက်ခံသူ>

၂၅၀,၀၀ဝ ကျပ်          (မခိုင်ဇာ အလှူ + ကြော်ငြာခ)          –          မဝေ
၅၀,၀၀ဝ ကျပ်            (တောတွင်းပျော် အလှူ)                    –          အလင်းဆက်
၁၃၀,၀၀ဝ ကျပ်          (မမ၊ အာတီဒုံ၊ မသဲ ကြော်ငြာ)         –          မိဂီ

ကြော်ငြာ စုစုပေါင်း ၁ဝလစာ နဲ့ နောက်ထပ် ၂လစာ (ဧပြီ၊ မေ) လိုနေသေးတဲ့အတွက် ကြော်ငြာ ဆက်လက်ဖိတ်ခေါ်ပါတယ်။

ကြော်ငြာ ဆက်ပြီး ဖိတ်ခေါ်လို့ မရတော့မယ့်အဆုံးမှာ ရွာထဲကနေ ပေါက်ဖွားလာတဲ့ ပရဟိတ လုပ်ငန်းတွေ ဖြစ်တဲ့

Dozen Plus တို့ ဆရာလေးကိုထွန်းဝင်းလတ် ရဲ့ ကျောင်းအလှူတို့ အန်တီဒုံတို့ရဲ့ သင်္ဂဟမေတ္တာ (ဝါးခယ်မ) အလှူအဖွဲ့တို့

စတာတွေကို အခမဲ့ ထည့်သွင်းသွားမယ်လို့ စိတ်ကူးထားပါတယ်။ (Organizers တွေကတော့ ကလင်ဒါ များများ အားပေးကြပေါ့ဗျာ)

ခုရေ ၃၀ဝ ထုတ်ရင် တခုချင်းစီ ၂၅၀ဝ ကျပ် ကျသင့်ပေမယ့် ၇၅၀,၀၀ဝ (ခုနှစ်သိန်း ငါးသောင်း) ကျပ် ကျသင့်သမို့

ငွေစာရင်းအရ ၄၀,၀၀ဝ (လေးသောင်း) ကျပ် ပိုပါတယ်။

 

ခုရေ ၃၀ဝ မှာ ကြော်ငြာရှင်တွေကို တယောက်(တလစာအတွက်) ကလင်ဒါ ၁ဝခုစီ လက်ဆောင်ပေးမှာဖြစ်ပါတယ်။

မျက်နှာဖုံး ကြော်ငြာ နဲ့ အခြား ပေးဖို့တွေ ပေါင်းလိုက်ရင် ထုတ်လုပ်တဲ့ထဲက ခုရေ ၁၅ဝ လောက် ကုန်မှာပါ။

ကျန်ခုရေ ၁၅ဝ ကိုတော့ ရွာသူားတွေ ကို ရောင်းမယ် စိတ်ကူးပါတယ်။

တခုစီကို အကြမ်းဖျဉ်း ၂၀၀ဝ (နှစ်ထောင်ကျပ်) နှုန်း နဲ့ ရောင်းချမယ် စိတ်ကူးပါတယ်။

အခု ၁၅ဝ ဆိုတော့ အကုန်ရောင်းရတဲ့အခါ ၃၀၀,၀၀ဝ (၃သိန်း) ကျပ် ရရှိမှာပါ။ (အပေါ်ကဘတ်ဂျက် ပိုငွေ ပါ ထည့်ပေါင်းပါဦးမယ်)

သည်အမြတ်ငွေ ကိုတော့ နောင် လာလတ္တံ့သော ရွာ့စုပေါင်း အလှူ တွေ့ဆုံပွဲ စတာမျိုးတွေမှာ သုံးမယ် လို့ စိတ်ကူးပါတယ်။ နောင်မှာ အသေးစိတ် တိုင်ပင်ပါမယ်။

တလက်စတည်း ဆက်ပြီးတိုင်ပင်ချင်တာကတော့ ခုရေ ၃၀ဝ ရိုက်မယ်ဆိုပေမယ့် ဝယ်လိုအား (လက်ဆောင်ပေးစရာ ကမ်းစရာ) များမယ် ဆိုရင်တော့

ခုရေ ၅၀ဝ ရိုက်ဖို့ ဈေးနှုန်းပြင်ဆင်ဖို့ ပြန်လည်ပြင်ဆင်ဆုံးဖြတ်မှာဖြစ်ပါတယ်။

ခုရေ ၅၀ဝ ရိုက်နှိပ်ခ က စုထားတဲ့ ငွေထက် ပိုမိုတာမို့ ရောင်းမကုန်ခင် စိုက်ပေးမယ့်လူ လိုအပ်ပါမယ်။

သည်အကြောင်းလေးတွေ ကောမန့် အနေနဲ့ ဆွေးနွေးကြစေလိုပါတယ်။

(အော့ဖ်ဆက် တွေကိုလည်း လက်ရှိ စုံစမ်းထားတာအပြင် အသစ်ထပ်ပြီးလည်း စုံစမ်းလက်စ ရှိနေပါသေးကြောင်း)

 

 

11951077_10206616526124272_159765147_n

 


 

ဓာတ်ပုံ ကိစ္စ

ထုတ်လုပ်မှုစားရိတ် ကြော်ငြာ အချက်အလက် နဲ့ ဒီဇိုင်း ပိုင်း အတိုင်းအတာ တခုထိ ပြီးစီးလုပြီ မို့

ရွာသူား ဓာတ်ဆြာတွေဆီက ရွာ့ပြက္ခဒိန် မှာ အသုံးပြုဖို့ ဓာတ်ပုံ အလှူခံလိုပါတယ်။

အသေးစိတ် အချက်အလက် ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

အမျိုးအစား

  • ဆေးရောင်စုံ ဖြစ်ရပါမယ်။ Orientation က Landscape ပါ။
  • ရှုခင်းပုံ အမျိုးအစားလို့ အကြမ်းဖျဉ်းပြောနိုင်ပါတယ်။
  • သဘာဝ တောတောင်ရေမြေ ဆိုတာအပြင် လူလုပ်ပစ္စည်းတွေဖြစ်တဲ့ ရှေးဟောင်း အဆောက်အဦများ ကျေးလက် လူနေမှုဘဝများ လည်း အကျုံးဝင်ပါတယ်
    မြန်မာဆိုတာ ပြနိုင်တဲ့ still-life တွေဖြစ်တဲ့ (ရုပ်သေး၊ ဆွမ်းအုပ်၊ ဆိုင်းဝိုင်း၊ ဇာတ်ပွဲ၊ တိုးနယား၊ ပုသိမ်ထီး၊ ကွမ်းအစ်၊ သနပ်ခါး၊ လှည်းယာဉ်၊ လက်ဖက်၊ ယွန်းဗန်း၊ ပန်းဆယ်မျိုး လက်မှုလုပ်ငန်းများ) စသည်တို့ အကျုံးဝင်ပါတယ်။
  • ဘာသာရေး ဆိုတဲ့ဘောင် မပါဝင်စေချင်လို့ သာသနိက အဆောက်အဦမျိုးတွေ ရှောင်စေချင်ပါတယ်။

အရွယ်အစား

  • jpg အမျိုးအစား ဖိုင် ဖြစ်ပြီး (ဖြစ်နိုင်ရင်) 120 dpi လောက်တော့ လိုချင်ပါတယ်
  • နံရံကပ် မဟုတ် စားပွဲတင် ပြက္ခဒိန်မို့ အကြမ်းဖျဉ်းတော့ 4″x6″ အရွယ်အစား ပုံမှန် ဓာတ်ပုံထုတ်လို့ရလောက်တဲ့ ကြည်လင်ပြတ်သားမှုမျိုး နဲ့ ဆို လုံလောက်ပါပြီ။

 

သတ်မှတ်ချက်

  • အခြား ပုံနှိပ်မီဒီယာ တနေရာရာမှာ ပုံနှိပ်ထား ရောင်းချထား ပေးအပ်ထားတာမျိုး မဟုတ်တဲ့ ပုံ အသစ်မျိုး ဖြစ်စေချင်ပါတယ်။ (ကာယကံရှင်ရဲ့ FB မှာတင်ထားတာမျိုး သုံးထားယုံ လောက်တော့ ပြသနာမရှိပါဘူး)
  • ဓာတ်ပုံဆြာ ရဲ့ signature ထိုးမထားတဲ့ပုံမျိုး ဖြစ်နိုင်ရင် လိုချင်ပါတယ်။ (ဓာတ်ဆြာ ပေါင်းစုံရဲ့ တယောက်ချင်းစီရဲ့ sign ထိုးပုံ နေရာ စာလုံး နဲ့ ရုပ်ပုံတွေ ကွာခြားတာမို့)
    ကလင်ဒါအနေနဲ့မှာ တလနဲ့ တလ Uniform မဖြစ်တော့ဘဲ harmony ပျက်စေမယ် ယူဆလို့ပါ။
  • ဘယ်ပုံကို ဘယ်သူ ရိုက်တယ် ဆိုတာကတော့ ပုံအောက်မှာ သီးခြား စာသားထိုးဖော်ပြပြီး Credit ပေးပါမယ်။

 

ပုံအရေအတွက်

  • ဓာတ်ဆရာတယောက်ကို အများဆုံး ၅ပုံ အထိ ပေးပို့ စေချင်ပါတယ်။
  • တယောက်ဆီ စီကနေ ဘယ်နှပုံကျစီ သုံးမယ်ဆိုတာ ရယ် ဘယ်ပုံကို ဘယ်လမှာ သုံးမယ် ဆိုတာကတော့ ပုံတွေစုံတဲ့အခါကျမှ သီးခြား ထုတ်ပြန် ပါမယ်။

 

ပုံပေးပို့ရန်

myanmagazettecalendar@gmail.com ကိုပေးပို့ပေးပါဗျ။

  • သတ်မှတ်ကာလ ကတော့ 21st Sept 2015 ညနေ ၆နာရီ အထိ
  • ပုံပို့ပြီးတဲ့အခါ ပုံပို့ပြီးတဲ့အကြောင်း ပိုစ့်အောက်မှာ Comment ရေးခြင်းဖြင့်လည်း ကူညီနိုင်ပါကြောင်းရယ်။

 

 

တော်သေးပြီ။

47 comments

  • ဇီဇီခင်ဇော်

    September 10, 2015 at 10:08 pm

    နာ့ ရဲ့ ငမျောက် ငချောက် ပုံတေရော ပို့ လို့ ရလားးး
    :k:

    Btw .. နာ က အခု ၅ဝ ရရမှာနော်

    • Ma Ma

      September 11, 2015 at 8:34 am

      အစားအသောက်ပုံနဲ့ ထုတ်မယ်ဆိုရင်တော့ နာ့ပုံတွေချည်းဖြစ်မှာ သေချာတယ်။
      :k:

    • @QUIL@

      September 11, 2015 at 11:13 am

      ၁လ ၁ဝခု ဆိုတော့ ၃ လ အတွက် ၃၀
      မျက်နှာဖုံးက အခု၂၀

      ပေါင်း ၅၀။
      ရမှာ သေချာပါလယ်အေ..

      မလောက်သေးရင် တခု ၂၀၀ဝ နဲ့ ထပ် ဝယ်အုံးညော်…

  • Ma Ma

    September 11, 2015 at 8:31 am

    မိမိဂီ တာဝန်ကျေပါပေတယ်။ 🙂

    ဒီအချိန်မှာ သဂျီး ဘယ်နားသွားအိပ်ပျော်နေသလဲမသိဘူး။

    (တို့မီးရှို့မီး လုပ်လိုက်အုံးမယ်။)
    အယ်လ်အေမှာ မြန်မာပြည်ကအလည်သွားသူတွေကို ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းမျိုးတွေက ကြော်ငြာရအောင် ဝိုင်းမကူဘူးလား။ :k:

  • တောတွင်းပျော်

    September 11, 2015 at 9:06 am

    အိုင်ဒီယာပေးသူ နဲ ့ အစဖော်တဲ ့သူ ၂ယောက်က ဒီအစဉ်အစီကို ဘာအကူအညီမှ ထိထိရောက်ရောက် အကူအညီ မပေးနိုင်ခဲ့ပါဘူးလို ့။
    ကိုဂီ ကိုအောင်မိုးသူ အ Wei အမ ခင်ဇော်တို ့ ၄ ယောက်က ဒီအစီအစဉ်
    အတွက် ဒေါင်းချာလောက်အောင် အလုပ်ရှုပ်နေခဲ ့ကြတာ။

  • ဦးဦးပါလေရာ

    September 11, 2015 at 10:26 am

    .ဒီပိုစ့်ဖတ်အပြီးမှာတော့
    .အရင်စိတ်ထဲရှိသလို အလှူငွေလေးနဲနဲဝင်ထည့်ဖို့ထက်
    .ပြက္ခဒိန်ဝယ်ယူအားပေးဖို့ကို ပိုစိတ်ပါသွားတယ်။
    .ဆိုတော့…
    .(၁၀) ခု အားပေးမယ်ဖြစ်ပါကြောင်း..
    .ဒီအစီအစဉ် ကမကထပြု စီစဉ်ကြသူများအားလုံးကိုလဲ ကျေးဇူးတင်ပါကြောင်း…
    .ဒီအစီအစဉ်ဟာ သူကြီးက (ထူးထူးခြားခြား)ချက်ချင်းတုန့်ပြန်လို့ မြန်မြန်နဲ့အဆင်ပြေပြေဖြစ်လာတာမို့
    .သူကြီးကိုလဲ ချီးကျူးးပါကြောင်း..

  • Ma Ei

    September 11, 2015 at 10:26 am

    လှူမယ်ပြောထားပြီး လက်မရောက်ရသေးလို့
    အလှူငွေလေးများ (ဖြစ်နိုင်ရင်) လာယူပေးကြပါနော်
    30,000 ကျပ်လှူပါမယ်…….

    • Ma Ei

      September 16, 2015 at 9:49 am

      14/09/15 မှာ AYA Account ကို လွှဲလိုက်ပီနော်

  • kai

    September 11, 2015 at 10:42 am

    ကြော်ငြာမေးပေးပါ့မယ်..။
    မတည်ငွေလည်းပို့ပါ့မယ်..။
    မတည်ငွေဆိုထားတာမို့.. နကိုကတည်းက.. မတည်ဖို့ရည်ရွယ်တာပါ..။
    အဲဒါကြောင့်.. စာမျက်နှာထဲ ကြော်ငြာနေရာလည်း ပြန်လှူပါတယ်…။
    အလှူပြန်မခံရင်..ကကြောင့်ပေးပြီး ကြောင်ကြော်ငြာထည့်ပစ်မယ်..။ :k:

    ဆိုတော့…
    ယူအက်စ်မှာ သုံးကြစေချင်ရင်..
    မြန်မာပိတ်ရက်.. လဆန်း လဆုတ်..။ ယူအက်စ်ပိတ်ရက်တွေပါရမယ်..။
    အဲဒါလေးဖြစ်နိုင်မဖြစ်နိုင်…။

    • @QUIL@

      September 11, 2015 at 11:02 am

      သဂျီး..
      ခုနေ ခေါင်းအခဲ ရဆုံးက ကြော်ငြာ ကိစ္စခည..
      ၁၂လ မပြည့်ရင် ထည့်ထားပြီးသား သူတွေကို ပြန်မျက်နှာပူရတယ်ခည..
      ဆိုတော့ သဂျီး မကြော်ငြာချင်ရင် ကြော်ငြာရှာပေးပါ….

      ယူအက်စ် သုံးဖို့အတွက် ယူအက်စ် ပိတ်ရက်တွေ ထည့်ဖို့ ကြိုးစားပါမယ်
      မြန်မာ လဆန်းလဆုတ် က အစကတည်းက ထည့်ဖို့ စီစဉ်ထားပါတယ်..

      (အသေးစိတ်ကို ကနေ့ …ဒီဇိုင်နာ AMT နဲ့ စကားပြောပါမယ်) ၂၀၁၆ ပိတ်ရက် လစ်စ် လေးသာမစပါ..
      😛

      အဲ့ထက် နည်းနည်းပိုရရင် ဇိုးဒီးယက် တွေနဲ့
      လအလိုက် ရရက်သားသမီး လက္ကီးနမ်ဘာ လက္ကီးကာလာ စတဲ့ အညွှန်းလေးတွေပါ
      Notes ဆိုတဲ့ နေရာမှာ ထည့်သွင်းချင်သေးသဗျ..

      သဂျီးဘက်က ဘယ်နှခု ယူမယ်ဆိုတဲ့ ဖြုန်းအား လေး အကြမ်းဖျဉ်းသိရရင် အဆင်ပြေမယ်ခည…
      ၃၀ဝ ထုတ်သင့် ၅၀ဝ ထုတ်သင့် ပြန်ချိန်ရမှာမို့..

    • ဦးကြောင်ကြီး

      September 12, 2015 at 8:54 am

      https://www.google.com/search?site=&tbm=isch&source=hp&biw=1366&bih=659&q=cat+ball&oq=cat+ball&gs_l=img.3..0l10.11811.14751.0.16037.8.8.0.0.0.0.218.1043.0j5j1.6.0….0…1ac.1.64.img..2.6.1033.rUMbi7r8uAk#tbm=isch&q=balls+cat&imgrc=x9t8jUytHDfqzM%3A
      ပြထားတဲ့ပုံမ ျိုး ကိုယ်ဒိုင်ယိုက် ထည့်ပေးလ ျင် တလှ ျာလှူ မယ် ပြောထားတယ် အူးမာမွတ်…။

  • pooch

    September 11, 2015 at 10:52 am

    ပုံလှူမယ် ကြိုက်ရင်သုံး မကြိုက်ရင်မသုံးနဲ့ ပြီးရင် calendar ဝယ်မယ် မိမိဂီဆီပဲ ပုံပို့လိုက်မယ်
    ဘာပုံပို့ရမလဲ ချင်းတောင်လား ရေခဲတောင်လား
    အဲ့ထဲက ပုံတွေ ကြိုက်လား

    http://myanmargazette.net/204398
    http://myanmargazette.net/204536

    • @QUIL@

      September 11, 2015 at 11:07 am

      နောက်နေသလားကွယ်..

      အဲ့သည့် ပိုစ့်အဟောင်းထဲက ပုံတွေအကုန် ပျက်နေတယ်..

      404 File Not Found တဲ့…

      • pooch

        September 11, 2015 at 12:59 pm

        ဟုတ်လား ဒါဆို လည်း အသစ်ပို့လိုက်မယ်
        သူကြီးဆိုဒ်ကလည်း အားအားရှိပျက်နေတာပဲ :mrgreenn:

  • Mike

    September 11, 2015 at 11:49 am

    .ကိုရင်ဂီကို အားပေးတဲ့အနေနဲ့ ကြော်ငြာနှစ်လထည့်ပါမယ်…ဂျမ်ဘိုကြော်ငြာပါ
    .ကြော်ငြာဒီဇိုင်းပို့ပေးပါမယ်
    .စပရေးဘူးတစ်လ
    .ကွိုင် တစ်လပါ
    .အကြံပြုချင်တာတော့ မျက်နှာဖုံးမှာကြော်ငြာမထည့်စေခြင်ပါဘူး…မြန်မာ့ဂဇက်ပဲကောင်းပါတယ်

    • @QUIL@

      September 11, 2015 at 12:03 pm

      ကျေးဇူး အထူးပါခည.

      ဧပြီ နဲ့ အောက်တိုဘာ ၂လ ထည့်လိုက်ပါမယ်ခည..

      ဆိုတော့ … မေ လ တလ သာ ကျန်ရှိပါတော့ဂျောင်း..

  • Wow

    September 11, 2015 at 4:07 pm

    နာ ကွကိုယ်ကြော်ငြာလို့ရလားးး :mrgreen:

    • ဦးကြောင်ကြီး

      September 12, 2015 at 8:57 am

      နှာ ဗိဖွံ့ယင် ဝေါင်းကို အအူးစုန်း ကြော ်ငြာခွမ့် ပေးမဲ…

  • ကထူးဆန်း

    September 11, 2015 at 4:57 pm

    7-9-2015 မှာ aya account ထဲ သို့ transfer လုပ်ထား ကြောင်းပါ ခင်ည

    • @QUIL@

      September 11, 2015 at 10:46 pm

      ကျေးဇူးပါဗျ…

  • @QUIL@

    September 11, 2015 at 11:29 pm

    အခုပဲ (2015/09/11 23:20 pm) မှာ ဖုန်းဝင်လာပါတယ်
    နောက်ဆုံးကျန်တဲ့ လ (မေလ) အတွက် ကြော်ငြာ ကို ရွာထဲမရောက်တာကြာပြီဖြစ်တဲ့
    ဓာတ်ဆရာ ကိုစိန်သော့ မှ သူ့ သင်တန်းကြော်ငြာ ထည့်သွင်းမည် ဟု တဆင့် ဆက်သွယ်လာပါတယ်
    (ကလင်ဒါအတွက် လိုအပ်တဲ့ ဓာတ်ပုံလည်း ပေးမည်ဟု သိရှိရပါသည်)
    ဆြာဒိုင်းမွန်းကီး ကျေးဇူးပါခည။

    ဆိုတော့ ..လအလိုက် ကြော်ငြာ ပိတ်ပြီ ဖြစ်ပါသည်….

    ကလင်ဒါ က ရရွက် စားပွဲတင် ကလင်ဒါ ကျောကပ် မို့ နောက်ဆုံး မျက်နှာဖုံး ကျော ကပ် လွတ်နေသေးပြီး ၎င်း နှင့်
    တြိဂံ ကတ်ထူဘောင် ပေါ်တွင် ဘာထပ် ကြော်ငြာ ရမလဲ ဆက်စဉ်းစားနေပါသည်။
    (အတည်)

    😀

  • အောင် မိုးသူ

    September 12, 2015 at 9:15 am

    ဒီဇိုင်းကိုလည်း အားလုံးထက် မသာရင်တောင် တန်းတူဖြစ်အောင် ကြိုးစားနေပါကြောင်း

    • Ma Ma

      September 12, 2015 at 10:50 pm

      ယုံကြည်တယ် ဒီဇိုင်နာကြီးရေ။ 🙂

  • pooch

    September 12, 2015 at 10:20 am

    ပုံတွေပို့ပြီးပြီ မေးလ်တချက်စစ်လိုက်အုန်း

  • ဦးကြောင်ကြီး

    September 12, 2015 at 11:11 am

    တထောင်ထုပ်ဖို့ အကြံပုပါသယ်…

    • Ma Ma

      September 12, 2015 at 10:52 pm

      ကြောင်ကြီးထံမှ ကလန်ဒါ ၅၀ဝ အမှာစာရပြီဖြစ်ပါ၍ တထောင်ထုတ်ရင် စီစဉ်နေပါသည်။ :kwi:

  • Novy

    September 14, 2015 at 10:54 am

    ဒီဇိုင်းနဲ့ ကြော်ငြာအတွက်ပေးပြီးဖြစ်ကြောင်း

  • ဇီဇီခင်ဇော်

    September 14, 2015 at 11:28 am

    ဂဇက် ပြက္ခဒိန် အတွက် ဘဖော လှူ – ၅၀၀၀၀

  • kai

    September 15, 2015 at 2:15 pm

    ပိုက်ပိုက်က.. ပေးရတော့မှာလား..။
    ဘယ်အချိန်ထိနောက်ဆုံးလည်း..။

    • @QUIL@

      September 15, 2015 at 2:41 pm

      အာတီဒုံ မဆက်သွယ်ဝူးလားဗျ…
      သဂျီးဆီ စာပို့မယ် ပြောသာပဲ..
      အခု ပုံစုနေတာ
      သည်လမကုန်ခင် အော့ဖ်ဆက် အပ်မဲ
      အဲ့မတိုင်ခင် ပုံ ဒီဇိုင်း ငွေ စုံ ရင် ရပါဘီဗျာ..

      • kai

        September 15, 2015 at 2:47 pm

        အမ်..
        အာတီဒုံမေးထားတာတောင် ကြာနေပြီ..။ ချက်ချင်းလိုမလိုမသိလို့…။
        လိုရင်.. အဲဒီမှာသာ သွားယူပေတော့..။
        အဟမ်း..
        ဘဏ်တိုက်ကြီးရေ.. ကူပါဦး..။ :k:

      • Ma Ma

        September 16, 2015 at 6:07 am

        မောင်ဂီရေ- ဖဘ မှာမက်ဆေ့ချ်ပို့ထားတယ်နော်။

        • @QUIL@

          September 16, 2015 at 1:09 pm

          ဟုတ် ကျေးဇူးပါဗျ..
          ၂ပါတ်လောက် လှုပ်လို့မရသေး…

  • ဇီဇီခင်ဇော်

    September 19, 2015 at 6:50 pm

    မိုးသူကို အီးမေး ၄ ခု ပို့ထားတယ်။

    For Data

  • ဂန္ဓာရီ ဆြာအုပ်

    September 26, 2015 at 4:42 pm

    ဒါ့ပုံတွေ nayokkar.com မှာတင်ထားပါတယ်ဗျို့ အဲ့ထဲက ကြိုက်တဲ့ပုံပြောပါဗျ

  • uncle gyi

    September 27, 2015 at 10:00 pm

    ပထမအကြိမ်ထုတ်သာဆိုတယ်
    တယ်မြိုင်သကိုး
    ငွေလိုတာ
    ယူမဲ့အရေအတွက်အလိုက်
    နှုံးတခုသတ်မှတ်ပြီးငွေကြိုသွင်းခိုင်လိုက်လဲအထိုက်အလေ ျာက်ဝင်လာမှာပါ
    ဘယ်အချိန်အပြီးရိုက်ပြီး
    ဘယ်အခ ျိန်အရောက်ပို့မယ်တော့ပြောထားရမှာပေါ့လေ
    အန်ကယ်က၁ဝခုယူပါမယ်

    • ဦးကြောင်ကြီး

      September 28, 2015 at 1:01 am

      အလဂါပေးတောင် အယူဗူးဂ ျ။။ အိမ်ရှုပ်လို့…. အဝှာပုံဆို တုပ်ဟုတ်ဟုတ်

  • ဇီဇီခင်ဇော်

    October 8, 2015 at 1:47 pm

    ကြော်ငြာရှင်များ
    ဒီတစ်ပတ်သောကြာ နောက်ဆုံးထား၍ အချက်အလက်များ ပေးသွင်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။
    ဟိဟိဟိ
    ကြော်ငြာထည့်သွင်းခများလည်း မပေးရသေးလျှင် ပေးသွင်းပါရန် တောင်းပန်အပ်ပါသည်။
    .
    .
    အန်တီမမ – (ဇန်နဝါရီ) (မောင်ဂီကို ပေးပြီး)
    ဦးကျောက် – (ရပြီး)
    မခိုင်ဇာ – (မတ်၊ ဩဂုတ်၊ ဒီဇင်ဘာ) (3Months) + Cover Sponsor(Cover Ad) (ရပြီး)
    မသဲ – (ဇူလိုင်) (မောင်ဂီကိုပေးပြီး)
    မနိုဗီ – (နိုဝင်ဘာ) (မောင်ဂီကိုပေးပြီး)
    အန်တီဒုံ – (စက်တင်ဘာ) (မောင်ဂီကိုပေးပြီး)
    Mလုလင် – (ဇွန်)
    ဦးမိုက် – (ဧပြီ၊ မေ) (ရပြီး)
    – (အောက်တိုဘာ) က ကိုစိန်သော့ ကြော်ငြာမထည့်ဖြစ်ဘူးတဲ့။ အဲဒါ ဘယ်လိုလုပ်မှာတုန်း ပြောကြဦးးး

  • ကျောက်စိမ်း တိန်ညင်

    October 9, 2015 at 8:54 pm

    အူးဝီရသူပုံနဲ့ ငဒို့နိူင်ရမည် တိုင်းပြည် ကျွက်ကြွက်ထရမည် ဆိုတဲ့ ကြော်ငြာ ထည့်ချင်ပါတယ် …..
    နောက်တလကိုတော့ ဩဇာသီးကိုက်ထားတဲ့ ခြင်္သေ့ပုံနဲ့ ထည့်ချင်ပါတယ် ကြော်ငြာခ ၂ဆပေးပါ့မယ်

  • Swal Taw Ywet

    October 25, 2015 at 4:35 pm

    နို ဝင်ဘာ လ နောက်ဆုံးပတ် အမိမြေ ပြန်ရောက်
    ဒီဇင်ဘာလ တတိယပတ် ပြန်ထွက်ခဲ့ရမှာမို့ ရနိုင်လောက်ပါရဲ့နော။
    ရွှင်လန်းချမ်းမြေ့ ကျန်းမာကြပါစေ။
    With respect,
    Swal Taw Ywet.

  • ဂျက်စပဲရိုး

    October 26, 2015 at 11:08 am

    ပြက္ခဒိန် ၄ ခု လောက် မှာချင်ပါတယ် ခင်ဗျ။
    ဒီဇင်ဘာ ၈ရက်နေ့ကနေ ဇန်နဝါရီ ၈ရက် နေ့ အထိတော့ မြန်မာပြည် တွင် ရှိမည် ဖြစ်ပါကြောင်း။

  • naywoon ni

    October 29, 2015 at 4:11 pm

    ပြက္ခဒိန်​ ရလျှင်​​ပြောပါဗျို့ အမှတ်​တရ ဝယ်​ပါြမြီ 🙂

  • Thein Kyaw Soe

    November 5, 2015 at 12:59 pm

    Clander ​လေးအမှတ်​တရဝယ်​ချင်​ပါတယ်​

    • Thein Kyaw Soe

      November 5, 2015 at 7:35 pm

      Calendar ​လေးအမှတ်​တရလိုချင်​ပါတယ်​

      • kai

        November 6, 2015 at 4:20 am

        ထွက်ရက်ကျ.. ကြေငြာပါလိမ့်မယ်..။
        ရန်ကုန်မှာနေတာဆို.. သွားယူလို့ရပါ့..။
        မန္တလေးဆိုလည်း..လူကြုံရှိမှာပ..။ :k:

  • (– (အောက်တိုဘာ) က ကိုစိန်သော့ ကြော်ငြာမထည့်ဖြစ်ဘူးတဲ့။ အဲဒါ ဘယ်လိုလုပ်မှာတုန်း ပြောကြဦးးး)

    ကိုစိန်သော့ကိုဆက်သွယ်ပြီးပြီ
    ထည့်မယ်လို့ပြောတယ်
    သေချာအောင်ဆက်သွယ်လိုက်ပါအုံး

Leave a Reply