အခုဆိုရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မှတ်ပုံတင်ရေး၊ မတင်ရေးဆိုတဲ့အပေါ်မှာ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေအကြားသဘောထားအမျိုးမျိုးကွဲလွဲနေပြီး သုံးသပ်ချက်အမျိုးမျိုးထွက်နေပါတယ်။ NLD ကတော့ လာမဲ့ မတ်လ ၂၉ ရက်နေ့မှာ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးကိစ္စကို မဲစနစ်နဲ့ပဲ ဆုံးဖြတ်ပေးတော့မှာဖြစ်ပါတယ်။

တချို့ကလည်း ၁၉၉၀ကရွေးကောက်ပွဲရလာဒ်ကိုပဲ တရားသေဆုပ်ကိုင်ထားဖို့ဖိအားပေးနေပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့  ဒေါက်တာ သန်းငြိမ်းတို့  ဦး ခင်မောင်ဆွေတို့ အုပ်စုက တော့ အများဆန္ဒနဲ့ရွေးချယ်ဆုံးဖြတ်တဲ့လမ်းဟာမှန်ကန်ပြီးသဘာဝကျတယ် ဆိုပေမဲ့နိုင်ငံရေးအဖွဲ့အစည်း တစ်ခုအနေနဲ့ဆက်ပြီးရပ်တည်မယ်မရပ်တည်ဘူး၊ ဆက်လုပ်မယ် မလုပ်ချင်ဘူးဆန္ဒနဲ့ပါတ်သက်ပြီး ဒါဟာအခြေခံလူ့အခွင့်အရေးနဲ့ပါတ်သက်နေပါတယ်။ မလုပ်ချင်တဲ့လူကို အတင်းလုပ်ရမယ်လို့ပြောလို့မရသလို ကိုယ်မလုပ်ချင်တာနဲ့ပဲကျန်တဲ့လူတွေမလုပ်ရဘူးဆိုတာကတော့ကန့်သတ်လို့မရပါကြောင်းဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ ဆိုလိုတဲ့သဘောကတော့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်ရဘူး ညွှန်ကြားပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ပါတီဆက်လက် ပေါ်ပေါက်နေစေရေးအတွက် မှတ်ပုံတင်ကို တင်ရမယ်ဆိုတဲ့သဘောပါပဲ။ ဒါမှလဲ နိုင်ငံရေးလုပ်ငန်းစဉ်တွေကိုဆက်လက်လုပ်ကိုင်နိုင်မှာပဲမဟုတ်လား။

ဒါပေမဲ့ NLD ရဲ့ထိပ်တန်းရှေ့နေကြီးနှစ်ဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ကတော့ ပါတီမှတ်ပုံတင်ရေး မတင်ရေးကို မတင်မကျ ပြောဆိုသွားခဲ့ပြီး လာမဲ့ မတ်လ ၂၉ ရက်နေ့ကျမှ မဲခွဲဆုံးဖြတ်ကြမယ်လို့ဆိုပါတယ်။ ဒီအပေါ်မှာလဲ မဲခွဲဆုံးဖြတ်မဲ့နည်းလမ်းကို မြို့နယ် NLD တချို့က ကန့်ကွက်နေကြပြန်ပါတယ်။ မြို့နယ်ပါတီဝင်တွေရဲ့သဘောထားကတော့ ပါတီမှတ်ပုံမတင်လို့ ပျက်ပြယ်သွားမယ်ဆိုရင် ပျက်ပြယ်သွားပါစေ၊ နိုင်ငံရေးကို ဆက်လုပ်လို့ရနေတယ်ဆိုတဲ့ သဘောထားများရှိနေကြပါတယ်။ ဒီလိုဆိုရင် ဘယ်လိုကိစ္စရပ်မျိုးတွေ ဖြစ်ပေါ်လာနိုင်သလဲ ? အစိုးရကတော့ ဒီအတိုင်းတော့ နေမှာမဟုတ်လောက်ဘူး။ ဒါကို ထည့်စဉ်းစားဘို့လိုမယ် ထင်ပါတယ်။ တကယ်ပဲ ပါတီမှတ်ပုံမတင်တော့ပဲ အဖျက်သိမ်းခံပြီး မြေအောက် နိုင်ငံရေးကို လှုပ်ရှားကြမှာလား ?

တကယ်တော့ သေချာပြန်စဉ်းစားကြည့်ရင် ၁၉၉၀ က အတိတ်မှာ ကျန်နေခဲ့ပါပြီ။ ဘယ်လိုအချိန်ခါမျိုးပဲဖြစ်ဖြစ် ပြောင်းလဲ ပြင်လွယ်ဆိုတဲ့ သဘောကိုလက်ခံကျင့်သုံးဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းကို လေ့လာကြည့်လျှင် ခေတ်အဆက်ဆက် ဆင်နွဲလာတဲ့ နိုင်ငံရေးလှုပ်ရှားမှုများနဲ့ တော်လှန်ရေးဆိုတဲ့ ပြောင်ကျလှုပ်ရှားမှုတွေ ဟာ မအောင်မြင်နိုင်တော့ဘူးဆိုတာပါပဲ။ အင်အားနည်းသူ နဲ့ အင်အားကြီးသူ ဘယ်လိုပဲယှဉ်ယှဉ်ရှင်းနေပြီးသားပါ။  သူလိုအင်အားကြီးအောင် လုပ်နိုင်ရင်တော့ ခေါင်းမော့ ရင်ကော့နိုင်တာပေါ့။ ဒီလိုမှမဟုတ်ရင် ဖွတ်သထက် ညက်ရုံသာရှိပေမပေါ့။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားအမျိုးမျိုးကို ခြုံငုံ လေ့လာကြည့်ရင် NLD ရဲ့ အလားအလာက ဒေါက်တာ သန်းငြိမ်းတို့ အုပ်စု နဲ့ ဦးဥာဏ်ဝင်းတို့ အုပ်စုဆိုတဲ့ အဖြေထွက်နေပါတယ်။ ဒေါက်တာ သန်းငြိမ်း တို့ကလဲ ပါတီမရရအောင် မှတ်ပုံတင် ပါလိမ့်မယ်။

ရေနံသာ ကိုအောင်

About koaung

aung thu has written 9 post in this Website..

ဝါသနာအရစမ်းသပ်ရေးကြည့်တာပါ