မှား – မှန်

zaw winSeptember 14, 20151min1752

တိုင်းပြည်ဘဏ္ဍာ ပြည့်ဥစ္စာကို
မင်းပိုင်ပစ္စည်း မမှတ်လေနှင့်၊
ရှေးဘုန်းရှေးကံ ငါဥစ္စာဟု
ထင်ယောင်ထင်မှား မတွေးလေနှင့်၊
လုပ်ခွင့်အာဏာ လက်ကိုင်ထား၍
မတော်မတရား မလုပ်လေနှင့်၊
အမှားများစွာ သင်ကျူးလွန်သော်
သင့်ဒဏ်သင်ခံ ကယ်သူမရှိ ဖြစ်တတ်၏
မိမိကိုယ်ကျိုး ပယ်ကာစွန့်ချ
အများအကျိုးဆောင်ရွက် လမ်းမှန်ပြ၍
သင်ကြိုးစားသော် အများသူငါချစ်ပါမည်တည်း။

မင်းသုတ
15း45 P.M
14.9.2015

2 comments

Leave a Reply