အိပ်ငိုက်နေတဲ့ သစ်ပင်များ

alinsettSeptember 14, 20151min1534

 

ဘယ်လောက် ခက်မာနေစေဦးတော့

အတင်းရုန်းကန် တိုးထွက်လာတတ်သော- – –

ချိနဲ့မှု+သန်စွမ်းမှုတို့ တပြိုင်နက်တည်း ပိုင်ဆိုင်ထားရရှာပါသော – –

မြက်ပင်များ ရှင်သန်တွယ်ဖက်ရာ- – –

အုတ်ကြား မြက်ပေါက် တိုင်းပြည်- – –

ကသီလင်တအခြေအနေကြားမှာပဲ

ကြွကြွရွရွ လျှောက်ပြပြီး

အလျဉ်မပြတ်တဲ့ အလင်းအအိုဖျော့တော့တော့ကို

ကိုယ်စွမ်းနိုင်သလောက် ကြဲချပေးနေတဲ့

“တောက်ပခွင့် ပိတ်ပင်ခံထားရသော ကြယ်တစ်ပွင့်” ရှိရာ ဤဌာနီ- – –

အတော်တော့လည်း ခက်တယ်- – –

ကိုယ်တိုင် ချစ်မြတ်တွယ်တာလိုသူကိုပဲ

ချစ်တယ်ပြောရမလား- – –

ကိုယ်—ချစ်တယ်ပြောချင်သူကို

ပြောမှာစိုးလို့ – – –

ကိုယ့်ပါးစပ်ကို လာပိတ်ထားတဲ့ လက်တွေကိုပဲ

ချစ်တယ် ပြောရမလား- – –

ဝေခွဲရ ခက်လိုက်တာ – – –

အဲ့သလိုပါပဲ

မကြာခဏဆိုသလိုပေါ့

အအိပ်မက်တဲ့သူတစ်ယောက်အနေနဲ့

အိပ်မက်ထဲမှာ အိပ်မက်မက်ရင်း

အိပ်မက်ထဲ အအိပ်မက်မိမှာကို

ကြောက်မိပြန်ရော – – –

အလင်းဆက် @ Maung Thura

စက်တင်ဘာ ၁၄ ၊ ၂၀၁၅၊

4 comments

  • ဇီဇီခင်ဇော်

    September 15, 2015 at 8:10 am

    အတော်တော့လည်း ခက်တယ်- – –

    ကိုယ်တိုင် ချစ်မြတ်တွယ်တာလိုသူကိုပဲ

    ချစ်တယ်ပြောရမလား- – –

    ကိုယ်—ချစ်တယ်ပြောချင်သူကို

    ပြောမှာစိုးလို့ – – –

    ကိုယ့်ပါးစပ်ကို လာပိတ်ထားတဲ့ လက်တွေကိုပဲ

    ချစ်တယ် ပြောရမလား- – –

    ဝေခွဲရ ခက်လိုက်တာ – – –

    ~~~~~
    ကိုယ့်ပါးစပ် လာပိတ် တဲ့ လက်တွေ ကို ကိုက်ပစ်။

    ကိုယ့် ပြောဖို့ အခွင့်အရေးကို လာပိတ်တဲ့ လက်တွေ။

    :kwi:

  • အောင် မိုးသူ

    September 15, 2015 at 9:36 am

    အဲ့သလိုပါပဲ

    မကြာခဏဆိုသလိုပေါ့

    အအိပ်မက်တဲ့သူတစ်ယောက်အနေနဲ့

    အိပ်မက်ထဲမှာ အိပ်မက်မက်ရင်း

    အိပ်မက်ထဲ အအိပ်မက်မိမှာကို

    ကြောက်မိပြန်ရော – – –

  • Mike

    September 15, 2015 at 10:23 am

    .မြောက်စိကိုလယ်ရော

  • kai

    September 15, 2015 at 4:05 pm

    ဘာပဲဖြစ်ကြစေ…
    ကြယ်ဆိုတာ.. မလေတတ်ပါ…။
    ပိတ်သည်ဖွင့်သည်အလေးမထား..
    မဟားဒရားကြီး.. လောင်တောက်တတ်သပေါ့…။ ။

Leave a Reply