ကျွန်မ ရှေ့နေ – for Agile (just stay focused on the objective)

မြစပဲရိုးSeptember 15, 20151min42736

ကျွန်မ နိုင်ငံရေးကျွမ်းကျင်သူမဟုတ်ပါ။
ဒါပေမဲ့ ကျွန်မလဲ အများတကာ (အထူးသဖြင့် – ဒေါ်အောင်ဆန်းစုကြည် စပယ်ရှယ်လစ် ဝေဖန်ရေးသမားကြီးများ)  ကဲ့သို့ ဝေဖန်ရေး လုပ်တတ်ပါတယ်။
.ဝေဖန်ရေးလုပ်တာက လက်တွေ့လုပ်စရာမှမလိုတာကိုး။ နော။
ဒီတော့ ပြောပါပြီ။
. ပြောသာပြောရ။ တကယ်တော့ ဝေဖန်ရေးထက် ရှေ့နေလိုက်ပေးတာဆို ပိုမှန်ပါလိမ့်မယ်။

.ရွေးကောက်ပွဲ နီးလာလေ လူတွေ ပိုစကားများလာလေ တနည်း လေတိုက်ပွဲ တွေ ပြင်းလာလေပါဘဲ။
ဒီတစ်ပါတ် ထဲ လက်ရှိအစိုးရအသိုင်းအဝိုင်း အကြိုက်တွေ့ဆောင်းပါး ကို နိုင်ငံခြား သတင်းစာ တစ်စောင် က ဖော်ပြခဲ့တယ်။
အဲဒီမှာ မြန်မာပြည်ထဲက နိုင်ငံရေးသမားတစ်ချို့အပြင် ပြင်ပက တစ်ချို့လဲ ပါတယ်။
ထုံးစံအတိုင်းပါဘဲ။ ဒီချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အုပ်ထားတာ။
အမျိုးတစ်ယောက် က Like  လုပ်တော့ ကျွန်မ ရဲ့  Wall ထဲ ပေါ်လာမှတော့ ဘယ်လို ပါးစပ်ပိတ်ထားနိုင်ပါတော့မလဲ။
ဝင်ပြောမိပါတယ်။
ဒါတင်မက အဲဒီ အစိုးရ အသိုင်းအဝိုင်းထဲက တစ်ချို့ လူ တွေ က ဒီလို အပုတ်ချ ဆောင်းပါးတွေ စကားတွေ ကို အထူးပြုပြီး ရှယ်ပါတယ်။
.ပြီးခဲ့တဲ့ရက်က (ဦး)လားရှိုးသိန်းအောင်ရဲ့ စကားတွေ ကို ပုံကြီးချဲ့ပြီး ဝမ်းသာအားရ ဖြန့်ကြပါတယ်။ ဒေါ်ညိုညိုသင်း ကို ခါချပုံ အကြောင်းကို အားရဝမ်းသာ ချွန်တွန်း ပြောပါတယ်။

အဲဒီလို ဆင်ဆင်ဘဲ ဒီနေ့  ကထူးဆန်း မျှထား တဲ့ ဒေါ်ခင်မမမျိုး ရဲ့  Facebook ထဲက စာ ကလဲ အစိုးရအသိုင်းအဝိုင်းက လေသံဖြစ်နေတာပါဘဲ။
ဒါကိုတော့ ကျွန်မ လဲ နားမလည်တော့ဘူး။

ဒါမျိုးတွေ များလာတော့ ထုံးစံအတိုင်း ရွာထဲမှာ ဟစ်တိုင်လုပ်ပြီး ရင်ဖွင့်ပါပြီ။

အင်မတန် ဆိုးသွမ်းနေတဲ့ လက်ရှိ အစိုးရ ရဲ့ ယုတ်မာနေမှု တွေ ကို မသိဟန်ဆောင်ပြီး အတိုက်အခံ ကိုဘဲ ရွေးလို့ ဘက်ပေါင်းစုံ က သဲသဲမဲမဲ ပစ်မှတ်ထား တိုက်နေတာ ကြောက်ဖို့တောင်ကောင်းလှပါတယ်။
အတိုက်အခံ ဆိုတာဟာလဲ အခုမှ ပြန်နလံထူခါစရှိပါသေးတယ်။
အင်အားလဲ အင်အားလဲ ကောင်းတာမဟုတ်။ လူမှ ၄ဝကျော်ဘဲလား။ လွှတ်တော်ထဲ ဝင်နေရတဲ့သေး အခြေအနေ။
အဲဒီအတိုက်အခံ ရဲ့ ခေါင်းဆောင်အမျိုးသမီးကြီးဟာလဲ နှစ်ပေါင်းများစွာ အကျဉ်းချခံ ထားရတာ ထွက်လာတာ ၅နှစ်ဘဲ ရှိပါသေးတယ်။

ဒီအမျိုးသမီးကြီး ကို ဒီ အစိုးရကလွှတ်ပေးတာ အပြင်ကနေ တွန်းအားပေးလို့ လို့ မပြောကြပါနဲ့။
ခရိုနီများ ကမ္ဘာထွက် စီးပွါးတက်ဖို့ တယ်ကြက် အနေနဲ့ လွှတ်ပေးခဲ့တာပါ။
အခုလို မဟာဝေဖန်ရေးသမားကြီး များ အစွမ်းရှိကြခဲ့ရင် ဒီအမျိုးသမီးကြီး အကျဉ်းစံဘဝ မှာ ဒီအစိုးရ ယိုင်နဲ့ အောင် နှဲ့ ခဲ့ကြပါလား။
အခုတော့ ဒီလို မဟုတ်။
အရင်ကတော့ ပိတ်ထားတဲ့ ပါးစပ်တွေ သူရဲကောင်းလုပ် ပြီး အခုမှ ဟ လာကြတာ ရီဖွယ်ပါဘဲ။

ကမ္ဘာကြီး နဲ့ ကင်းကွာနေရတာ ဒီလောက်နှစ်ပေါင်းကြာရင် တော်ရုံလူပြန်ထ နိုင်ဖို့ မလွယ်ပါ။
သူက တော့ သူ့ကို တယ်ကြက်လုပ်တာ ကို သိသိကြီး နဲ့ တိုးဝင်ပြီး ရုန်းခဲ့တာ အခု တယ်ကြက်မဟုတ်တော့ ဘဲ အင်အားကြီး တဲ့ ခွပ်ဒေါင်းပြန်ဖြစ်ခဲ့ပြီ။
အာဏာရှင်များ စုပ်လဲဆူး၊ စားလဲရူး အခြေ ကို လက်တွေ့မြင်နေရပါတယ်။
အခက်အခဲ အတားအဆီး မျိုးစုံ ကြားထဲ မှာ သူ့ခွန် သူအား နဲ့ ရုန်းကန်ပြခဲ့လို့ စစ်အစိုးရ အသာကြည့်နေရတဲ့ အခြေရောက်တော့ မှ …  အောင်မြလေး …  ဝေဖန်ရေး၊ လေကန်ရေးတွေ။
ကိုယ်တိုင်တော့ မလုပ်၊ လုပ်တဲ့သူရှိ ဝေဖန်မဟေ့ ဆိုသလိုမျိုး။
.ပြီးတော့ အပြုသဘောလဲမဟုတ်။ သူများကို ချိုး နှိမ်ပြီး ငါတို့သာ တော်ကြောင်း သိကြောင်း မာန်ဝင့်ပြနေကြ သလား မှတ်ရပါတယ်။
ကိုယ်သိတယ် ၊ သူတို့ မသိဘူး ထင်လဲ ရိုင်းပင်းကူညီလိုစိတ် နဲ့ ထောက်ပြကြပါ။
“စိတ်ပျက်စရာဟယ်။ သူတို့ ဘာမှမသိ ဘူး” အချိုးမျိုးတော့ ချိုးမပြကြပါနဲ့။

.နိုင်ငံ ကို တကယ်ချစ် တယ် ဆိုရင် မြန်မာပြည်ရဲ့ လူတန်းစား အခြေအနေ ကို အရင် လေ့လာပြီးမှ စာတွေ ကို လူထဲ ချပြကြပါ။
.ရွှေပြည်ရဲ့ လူ အများစုက ဘက်စုံ က ကြည့်တာ အားနည်းပါတယ်။ ကိုယ်သန်ရာ ကိုသာ တစ်ယူသန် စွဲ ကြပါတယ်။
ဒါကြောင့် အမျိုး ဘာသာ သာသနာ အတွက် ရှေ့တန်းထား ပရိတ်သတ်များ နယ်တွေ ဘက်မှာ အားကောင်းနေတာပါ။
ဟိုလူပြောဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး နဲ့ ယောင်လိုက်နေတတ်များပါတယ်။
.မြို့ နဲ့ နယ် အစစ ကွာဟ မှုတွေမှာ ပညာရေး က စ နိမ့်ကျတာမို့ အတွေးအခေါ်ပိုင်း တွေမှာ အံ့ဩစရာကောင်း အရမ်း အားနည်း နေခဲ့ပါပြီ။
ဒါကို တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ခြုံငုံ ကြည့် ပြီး တန်းညှိဖို့မစဉ်းစားဘဲ နိုင်ငံခြား တိုင်းပြည်တွေ လို နိုင်ငံရေးပုံစံ တည်ဆောက်ခိုင်း နေလို့ မရသေးပါဘူး။
အဲဒီ ဟိုယောင်ဒီယောင် ပရိတ်သတ် ရှိနေတာ မို့ အထိန်းအသိမ်းမဲ့ အဆိုးမြင်ပြောလိုက်တာ ဟာ အင်မတန် အန္တရာယ်ကြီးပါတယ်။

ဒီမိုကရေစီအော်ပြီး ဒီမိုကရေစီ ဘာလဲ ဆိုတာ မသိသူများ တဲ့ တိုင်းပြည်မှာ စကားလုံးအကြီးကြီး တွေ နဲ့ ပြောနေလို့ လဲ အလုပ်မဖြစ်ပါဘူး။ သူတို့ အဲဒီ ဒီမိုကရေစီ နည်းနာများကို နားလည်မှာလို့လဲ အရမ်းမျှော်လင့်ထားလို့ မရနိုင်ပါဘူး။

ဥပမာ – ဒီမိုကရေစီအစစ်ဆိုတာ လူမျိုး ဘာသာ မရွေး လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိရမယ် ဆိုတာ ပါပါတယ်။ အဲဒါကို ရှေတန်းတင် ဖော်ပြထားလို့  ရမတဲ့လား။
ဖုံးကွယ်တာ မဟုတ်ပေမဲ့ ဒီအချိန်မှာ အဲဒါမျိုး က အဓိက မဟုတ်သေးဘူး။ ဒီတော့ တစ်ချို့ ဟာတွေ က သိပ်ပြီး စကားပြောမနေတာကောင်းပါတယ်။

အခု ရွေးကောက်ပွဲဝင်မဲ့ အတိုက်အခံ တွေ ဟာ တိုင်းပြည် အတွက် သူတို့ အားလုံး အခွင့်အရေး ရလိုက်ရင် ကြိုးစားမဲ့သူ တွေ လို့ ယုံကြည်စိတ်လေး ကို အရင်မွေးလိုက်သင့်ပါတယ်။
သူတို့လဲ ကြိုးစားနေကြမှာလို့ ကျွန်မ တော့ ယုံကြည်ပါတယ်။ သူတို့ ရဲ့ စေတနာ နဲ့ ဉာဏ်ရည်ဉာဏ်သွေး များကိုလဲ ယုံကြည်ပါတယ်။ လူတိုင်း မွေးထဲ က တတ်မလာပါဘူး။ ဒီလိုဘဲ သင်ယူရင်း တတ်ရတာပါ။ အတွေ့အကြုံတွေ အမှား တွေက သင်ခန်းစာ ယူရတာပါ။ နိုင်ငံထဲ က ပြည်သူအတွက် ကြိုးစားနေသူများ ကို မနှိမ်ချင်ကြပါနဲ့။
လောလောဆယ် မှာ How က အရေးမကြီး မပါဘူး။
လေယာဉ်ပျံ နဲ့ သွားမယ်လို့ မိုးကြီး လေကြီး ပြောထားပြီး ရာသီမကောင်းရင် ရထားလဲ ဖြစ်ချင် ဖြစ်မယ်၊ ကားလဲ ဖြစ်ချင်ဖြစ်မယ်။
.ပြောင်းဖို့ အခြေဖြစ်လာရင် ပြောင်းရမှာ ပါ။
အခုလဲ အတားအဆီး အပိတ်အဆို့ ခြေထိုး မှုပေါင်း များစွာ ကို ရင်ဆိုင်နေရဆဲပါ။
ဘာကို မှ ရှေ့ကို မြင်ထားလို့ မရပါဘူး။
“တစ်ခြားနိုင်ငံ မှာဆိုရင်လေ” ဆိုတဲ့ စကားတွေ ကို နားခါးလွန်းလှပါတယ်။
တစ်ခြားနိုင်ငံ တွေ လို ဒီမိုကရေစီ ဘိုးအေမဟုတ်ဘဲ ဒီမိုကရေစီ ဟာ မွေးတောင်မမွေးနိုင်သေးတဲ့ သန္ဓေသားဘဝ ပါ။

.နောက်ပြီး နိုင်ငံရေး ဆိုတာ ကျွန်မတို့ အားလုံး အတွက် အရာရာအသစ်အဆန်း ဖြစ်ပြီး အစ ပါ။
. နောက်ပိုင်းမှာ အခု ရွေးကောက်ခံရမဲ့ ကိုယ်စားလှယ်လောင်းများ အမှားတွေ ဖြစ်လာတော့မှာပါ။ အဲဒီ သူတို့ ဖြစ်လာတဲ့ အမှားတွေ၊ အားနည်းချက်တွေ ကို အပြစ်တင်သလို၊ ရှုံ့ချသလို မဟုတ်ဘဲ တကဲ့ စိတ်စေတနာ နဲ့ ထောက်ပြပေးနိုင်ပါတယ်။
အဲဒီအချိန်မှာလဲ ဟိုက မပြင်ရင် ငါပြောသလို မပြင်ရကောင်းလား အပြစ်ဖို့ ဒေါမနသ မပွါးကြပါနဲ့။
သူတို့ က ရှေ့တန်းမှာ နေရသူတွေပါ။
သူတို့ ဖြစ်နေတာ ကို ကိုယ်အားလုံး မမြင် မသိနိုင်ပါဘူး။
အထင် နဲ့ မှန်းပြီး အပုတ်မချကြပါနဲ့။
စင်အောက်ကနေ ကြည့်ရတာ လွယ်ပါတယ်။
အပေါ်တက် ပြီး လက်တွေ့ က ပြရတာ အင်မတန် ခက်တာပါ။
သူတို့ ကို အချိန် တစ်ချိန်လောက်ထိ နားလည်ပေးသင့်ပါတယ်။

.နောက်ဆုံး နဲ့ အဓိက ရှေ့နေလိုက်မှာက
အစိုးရအသိုင်းအဝိုင်းက ရော၊ တစ်ခါ ရွာထဲ က ကြောင်ကြောင် ရော၊ အခု ဒေါ်ခင်မမမျိုး ပါ မေးနေကြတဲ့
“လုပ်ငန်းစဉ် ဆွေးနွေးချက်တွေ” အကြောင်း ပါ။

ကျွန်မ က နိုင်ငံရေးသမား မဟုတ်တော့ ကိုယ့် သက်ဆိုင်ရာ နမူနာပြပြီး ပြောပါ့မယ်။
မဆိုင်ဘူး လို့ မပြောပါနဲ့။
လောကကြီး က အကြောင်းတိုင်း ဟာ အရာရာမှာ ဆက်စပ် သုံးလို့ ရပါတယ်။
မရဘူး ဆက်ပြောရင်တော့လဲ အမြင် နဲနဲ ချဲ့ ကြည့်ဖို့ သာတိုက်တွန်းပါမယ်။

အိုင်တီ မှာတော့ စနစ်တစ်ခု တီထွင်တော့ မယ်ဆိုရင် အရေးကြီးလှတာ က “Documentation” ပါ။ အဲဒီ နောက်မှာ Contract  က အင်မတန် အရေးကြီး ပါတယ်။
စနစ် တီထွင်နေတဲ့ ကာလ တစ်လျှောက် ဒီ ရေးထား တဲ့  Documentation နဲ့ Contract  ထဲ က How တွေ၊ When တွေ ဟာ အတော်လေးအချိန်ကုန်ခံ ပြီး ရေးရတာပါ။  အဲဒီအတိုင်း Plan ထား အကောင်အထည် ဖော်ဖို့ပေါ့။
ဒီ စာဖတ်သူ တွေထဲ Developer  များ ရှိခဲ့ ရင် ရီ နေလောက်ပါပြီ။ အဲဒီ လို ဘုတ်အုပ်ကြီး တွေ ကို ဟိတ်ဟန် ပြတိုင်း တကယ် အလုပ်မဖြစ်ကြပါဘူး ဆိုတာ ကို။
အဲဒီနောက်မှာတော့ “Manifesto for Agile Software Development” ဆိုပြီး ပေါ်လာခဲ့ပါတယ်။
အဲဒါကို စနစ်တီထွင်သူ တော်တော်များများ လိုက်နာနေပါပြီ။ အမှန်တရား တစ်ခုမို့ လဲဖြစ်မှာပါ။
အဲဒါတွေ က

We are uncovering better ways of developing
software by doing it and helping others do it.
Through this work we have come to value:

Individuals and interactions over processes and tools
Working software over comprehensive documentation
Customer collaboration over contract negotiation
Responding to change over following a plan

That is, while there is value in the items on
the right, we value the items on the left more.

ဒါပါဘဲ။ နားလည်ကြ မယ် ထင်ပါရဲ့။
ဘုတ်အုပ်ကြီး ထဲက စာတွေ က တကယ် အကောင်အထည်ဖော်ချိန် လက်တွေ့နဲ့ ကွဲတာများသမို့
How တွေ က အမြဲ ပြောင်းပါတယ်။ ဒါတွေကို တသမတ်ထဲ ဖက်တွယ်ချင်လို့ မရပါဘူး။ ရည်ရွယ်ချက်လမ်း ကို ရောက်ဖို့ သာ အဓိကပါ။

.
,နောက်ပြီး စနစ် တီထွင် ရာမှာ အသစ် ကို တီထွင်ရတာ လွယ်တယ်ခေါ်နိုင်ပါတယ်။
ဒါပေမဲ့ သူများ လက်ထဲ က စုတ်ပြတ်ပြီး ပွစာကြဲ နေတာကြီး ကို  ပြန်ပြင်ဖို့ တာဝန်ကျလာရင်ဖြင့် အင်မတန် ပိုခက်ပါတယ်။
ပိုပြီး ရှုပ်ထွေးပါတယ်။
အဲဒီမှာ How ဆိုတာ ပိုပြီး တိတိကျကျ  ပြောရခက်လာပါတယ်။

အခု လဲ အသစ် မဟုတ် တဲ့ စနစ်အဆိုးအစုတ်ကြီး ကို ပြင်ဖို့ တာဝန်ယူချင်သူများ ကို ဖိအားမပေးကြပါနဲ့ ဦး။
မေးခွန်းတွေ သိပ်ပြီး မမေးကြပါနဲ့ဦး။ ((ဦး)လားရှိုးသိန်းအောင် ကိုလဲ ပြောပါတယ်၊ ဒေါ်ခင်မမမျိုး ကိုလဲ ပြောပါတယ်၊  (ဦး) ကြောင်ကြောင် ကိုလဲ ပြောပါတယ်၊ အမှောင်ကြိုက် တဲ့ ဖွတ်ဆရာများ ကိုတော့ စကားထဲ မထည့်တော့ပါ)
ပထမဆုံး အလုပ် က အမှောင်တိုက်ထဲ က နေ အပြင်ကို ရောက်အောင် အရင်ထွက်လိုက်ကြပါဦး။
အဲလိုထွက်နိုင်ဖို့ လမ်းပြပေးနေသူနောက် ကို သာ ယုံယုံကြည်ကြည် အင်အားအပြည့် နဲ့ လိုက်ကြပါ။ နောက်ပိုင်းမှာ သူအကောင်းဆုံး  How ကို ပြမယ်လို့ ယုံပါ။ (ဥပမာ-ရန်ကုန်ဆေးရုံကြီး ကို ကြည့်ပါ၊ အများပြည်သူက  သူတို့ ကျန်းမာရေးကို ကောင်းကောင်းစောင့်ရှောက်ပေးဖို့ဘဲ လိုချင်ပါတယ်။ ဘာတွေ ဘယ်လိုလုပ်လဲ စိတ်မဝင်စား။)
အမှောင်တွင်းထဲက ထွက်နေကြတုန်း ကြားမှာ ကလေး တွေလို အပြင်ရောက်ရင် ဘာစားရမှာလဲ တို့၊  ဘယ်လိုချက်စားရမှာလဲ တို့၊ အစားထဲ အချို မကြိုက်ဘူး၊ အစပ်မကြိုက်ဘူး တို့ ကို ကြိုပြီး ဂျီးများ ပြ နေတာ တွေ ကတော့ တစ်ဆိတ် လွန်လွန်းပြီထင်ပါရဲ့။
အပြင်ကို ရောက်အောင် အရင် ဝိုင်းပြီး လုပ်ပေးပါဦး။
မဟုတ်ဘဲ “ဒါကို ချက်ရင် စပ်မှာ” လို့ ရမ်းတီး လိုက်မိလို့ အစပ်ကြောက် တဲ့ သူ တွေ က မထွက်တော့ဘဲ အပေါက်ဝ မှာ ကန့်လန့်ကြီး ပိတ်နေမှဖြင့် ……….. 🙄

PS- ရန်စွာခြင်း မဟုတ်ပါ။
အခုရက်ထဲ ခေါင်းထဲ ရောက်နေတဲ့ Agile ကိုသုံးပြီး သက်သက်ရှေ့နေလိုက်ကြည့်ခြင်းပါ။
ကျွန်မ ပြောတာ အမှန်ဘဲ လို့ မပြောပါ။ အမှားလဲ မဟုတ်နိုင်ပါ။
မည်သူမဆို ကိုယ့်သန်ရာ ရှူဒေါင့်ကနေ ဝေဖန်၍ ကြည့်နိုင်ခြင်း ကို ပြလိုတာပါ။ :-)))

တစ်ခါ သူကြီးမင်း ကိုယ်တိုင် ဝေဖန်ဘူး တဲ့ “ဒေါ်အောင်ဆန်းစုကြည် က လူငယ်ခြေသစ်တွေ မမွေးလို့တဲ့” အခု မြင်နေရပါပြီ ဟုတ်။
အခုလဲ ကျွန်မ ယုံကြည်နေပါတယ်။  အခု မေး နေတဲ့ မေးခွန်းများ အတွက်လဲ ဒေါ်အောင်ဆန်းစုကြည်မှာ တစ်ခုခု တော့ ပြင်ဆင်ပြီး ဖြစ်နေမှာပါ။

36 comments

  • @QUIL@

    September 15, 2015 at 2:50 am

    အဂျိုုင်လ်းက ဗာဂျင် ဆို???

    • မြစပဲရိုး

      September 15, 2015 at 2:53 am

      agile
      ˈadʒʌɪl/
      adjective
      adjective: agile

      1.
      able to move quickly and easily.
      “Ruth was as agile as a monkey”
      synonyms: nimble, lithe, spry, supple, limber, sprightly, acrobatic, dexterous, deft, willowy, graceful, light-footed, nimble-footed, light on one’s feet, fleet-footed; More
      active, fit, in good condition;
      lively, vigorous, quick-moving;
      informalnippy, twinkle-toed;
      literaryfleet, lightsome
      “the little girl was as agile as a monkey”
      alert, sharp, acute, clever, shrewd, astute, intelligent, quick-witted, perceptive, penetrating, piercing, active, nimble, quick off the mark, finely honed, rapier-like;
      informalsmart, on the ball
      “his agile mind was forever seeking new ways of conserving energy”
      antonyms: clumsy, stiff, slow, dull
      able to think and understand quickly.
      “his vague manner concealed an agile mind”
      2.
      relating to or denoting a method of project management, used especially for software development, that is characterized by the division of tasks into short phases of work and frequent reassessment and adaptation of plans.
      “agile methods replace high-level design with frequent redesign”

      • @QUIL@

        September 15, 2015 at 3:04 am

        အဂျိုင်းလ် မှာ အဂျိုင်းလ် ကိုယ်တိုင် ပျော်ဝင်နေတဲ့
        သီးခြား သတ်မှတ် စံနှုန်း တခုရှိတယ်…
        အချိန်ယူရအုံးမယ်….
        အင်ဒက်စထွီ အတော်များများလိုက်နာဖို့..
        ပြီးတော့.. သူ့ကောင်းကွက် ဆိုးကွက်တွေ စောကျောရဖို့က သမိုင်းပေးတာဝန်ဖြစ်နေတယ်…
        သို့သော် သေချာတာက အဂျိုင်းလ်က ဘယ်တုန်းကမှ ၉၆ပါးဆေးမဟုတ်ဘူး…
        အဂျိုင်းလ်က အဂျိုင်းလ်ပဲ…
        လက်တလော သော်လည်းကော်င်းမွေးရာပါသော်လည်းကောင်း ပြသနာတွေအတွက် အဂျိုင်းလ်ကို
        ခေါင်းစဉ်တပ်ဖို့ မစဉ်းစားတာ ပိုမျှတလိမ့်မယ်…
        အဂျိုင်းလ် က အဂျိုင်းလ်းလေ..
        သူ့မှာ ပို ခမ်းနားတဲ့ အနာဂါတ်ရှိတယ်…
        အရီးမမီဘု …မောင်ဂိ့ မမှီဘု…
        မှီမယ့်လူကို ရှင်းပြလောက်အောင် အရည်အချင်းလည်း သည် era မှာ limited edition ပဲ…

        သေချာတာတော့တခုပဲ… မသေမချင်း လုပ်ချင်တာလုပ်..အဲ.. အိပ်မက်ကတော့ agile ပါပဲ…။

        မနက်ဖြန် အဂျိုင်းလ် ဝမ်းပွိုင့်ဖိုက် လာမယ်
        သဘက်ခါ အဂျိုင်းလ် တူးပွိုင့်အို လာမယ်…
        ကျုပ်တို့ဘာတွေ ရင်းနှီးပြီးပြီလဲ… အဲ့သည့်မေးခွန်းက အင်မတန်လှတယ်…

        (အဂျိုင်းလ် က အားလုံးသော ပရော်ဘလမ်ကို မဖြေရှင်းနိုင်မှန်း သိသိနဲ့ လက်ခံထားရင်းသကာလပေါ့
        )

  • @QUIL@

    September 15, 2015 at 2:55 am

    ခု စက်ကျူရေးရှင်းက အဂျိုင်းလ်မှမဟုတ်ဘဲ
    ဦးသူဆဲစနစ်….. ဟစ်ပိုခွေစီ နဲ့ ပိုတောင်နီးစပ်ရဲ့…
    အာဝူး

    • မြစပဲရိုး

      September 15, 2015 at 3:08 am

      Jimmy Lashio
      September 11 at 1:28pm ·
      မေးဦးမှာဘဲပြောဦးမှာဘဲ ……..
      နိုဝင်ဘာလ(၈)ရက်နေ ့မှာအထင်နဲ ့အမြင်လွှဲ ဒုက္ခမရောက်စေချင်ဘူး။
      (၂၀၁၅) ရွေးကောက်ပွဲဟာ (၁)-သမ္မတ/ဒုသမ္မတ၊
      (၂)-ပြည်သူ ့လွတ်တော်ကိုယ်စားလှည်များ၊
      (၃)-အပြည်ပြည်ဆိုင်ရာမြို ့နယ်တာဝန်ခံများ၊
      ခေါ်ပါတီကိုတာရွေးကောက်မဲပေးတင်မြှောက်ပေကြတယ်မဟုတ်လား ???
      ခု NLD မှာသမ္မတ/ဒုသမ္မတ မတွေ ့ရသေးလို ့ပါ၊ သမ္မတနေရာများလွတ်နေသလားလို ့၊
      ဒေါ်စုသမ္မတရွေးပိုင်ခွင့်မရှိဘူးဆိုရင်ကိုယ်စားပုဂ္ဂိုလ်တဦးမျက်နှာပြထားသင့်တယ်လေ။
      ပြည်သူလူထုအားရှိမှဖြစ်မယ်ထင်လို ့ပါ၊ ခုဖုံးကွယ်ထားရင်နောက်ပိုင်းပြသနာတက်လာ
      နိုင်တယ်ဟုတ်တယ်ဟုတ် ???

      • kai

        September 15, 2015 at 3:21 am

        နားလည်ထားသလောက်ကတော့.. သမ္မတကို.. လူထုကရွေးကောက်တင်မြှောက်တာမဟုတ်..။
        လွှတ်တော်အမတ်တွေကို …လူထုကရွေး..
        အဲဒီ ရွေးပြီးလွှတ်တော်အမတ်တွေထဲကမှ
        ၁။ အမျိုးသားလွှတ်တော်ကနေ… အများစု ၅၀% +၁ယောက် ပါတီက.. ဒုတိယသမ္မတတယောက်..။
        ၂။ ပြည်သူ့လွှတ်တော်ကနေ.. အများစု ၅၀% +၁ယောက် ပါတီက.. ဒုတိယသမ္မတတယောက်…။
        ၃။ ပြည်ထောင်စုလွှတ်တော်ထဲက.. တမတ်သား စစ်သားသမီးတွေက… ဒုတိယသမ္မတတယောက်…
        ပေါင်း.. ဒုသမ္မတ၃ယောက် ရွေးပြီးတင်ပေးခွင့်ရသဗျ..။

        အဲဒီ ဒုသမ္မတ၃ယောက်ကမှ…
        အချင်းချင်းညှိ…။ ပြည်ထောင်စုလွှတ်တော်(လွှတ်တော်၂ရပ်ပေါင်း) ကနေ.. အများစု ၅၀% +၁ယောက် နဲ့.. သမ္မတရွေးရတယ်… လို့… သိထား..။

        ကိုဂျင်မီကို.. တွေ့ရင် စကားတခွန်း ပြောလိုက်ပါလေ…..။
        ခင်ဗျားညီမကို.. စောင့်ရှောက်ဖို့တာဝန်.. ခင်ဗျားမှာ.. အရှိဆုံးပါလို့..။ period. :k:

        • မြစပဲရိုး

          September 15, 2015 at 3:32 am

          သူက ဒီချုပ် က ဘယ်သူ့ ကို ရွေးမှာလဲ ဆိုတာ အတင်းကြီး ကိုဘဲသိချင် နေဟန်တူတယ်။
          ဟိုဘက်က မဖြေ တော့ စိတ်တိုသွားထင်ရဲ့။
          အဲဒါကို ဟိုဘက်က လော်ဘီများ မှာ ပီတိဖြစ်စွာ ဝေမျှ လို့ မဆုံးဘူး။
          ဒါကို ကျွန်မ က ကြားက စိတ်တို။ lol:-)))
          အဲဒီလို မေးခွန်းမျိုးတွေ ဖြေဖို့ ဒီချုပ် ထဲ မှာ ပညာပါပါ စကားပြောတုန့်ပြန်တတ် တဲ့ ပြန်ကြားရေး အဖွဲ့ ကောင်းကောင်း လိုနေတယ် ထင်တာပါဘဲ။

        • kai

          September 15, 2015 at 4:04 am

          လွှတ်တော် ၁ရပ်စီက.. ၅၀% +၁ယောက် သဘောတူမျှတဲ့အုပ်စုကြီးကသာ.. ဒုတိယသမ္မတ တယောက်စီတင်ပေးနိုင်မှာမို့… ဒုသမ္မတရွေးတာမှာ.. ပါတီအလံတခုတည်းအောက်က.. အမတ်တွေဖြစ်နေဖို့.. တော်တော်အရေးကြီးပါတယ်..။
          အဲလိုဖြစ်ဖို့.. ဒီချုပ်က.. အခုရွေးကောက်ပွဲမှာ.. (၂၅% မဲခိုးခံထားရပြီးဖြစ်နေတာမို့.. )လွတ်တော်တရပ်စီမှာ.. ၆၇%အထက်နိုင်ထားမှ.. ဒုသမ္မတရွေးပေးနိုင်မှာဖြစ်နေပါတယ်…။
          အဲဒါကြောင့်.. သဘောတူညီမျှမှုကို.. အာမမခံနိုင်တဲ့.. တသီးပုဂ္ဂလတွေဆီ မဲမပြန့်ဖို့ကလည်း.. အရေးကြီးပါတယ်…။

          ဒေါ်ညိုညိုသင်းရော.. ဦးသိန်းညွှန့်ရော.. ဘာရောမသိ..။ လူထုက.. ဒီချုပ်ပါတီကိုသာ ပုံကြဖို့ပါပဲ..။
          ဒေါ်ညိုညိုသင်းကို သိပ်ချစ်ကြရင်.. အစိုးရဖွဲ့နိုင်မှ.. သူ့ကို.. ဝန်ကြီး/ဒုဝန်ကြီးနေရာပေး.. တိုင်းပြည်အတွက်.. လက်တွေ့ကျကျလုပ်ခိုင်းကြဖို့ပဲ..။

        • မြစပဲရိုး

          September 15, 2015 at 4:09 am

          . ဒေါ်ညိုညိုသင်း တစ်ယောက် ကိုဘဲ ကြိုက်တာပါ။ ကျန်သူများ ကို မကြိုက်ပါ။
          ဒီချုပ် ထဲ ကတောင်မှ တစ်ချို့ ကို အားမရပါ။ ဒါပေမဲ့ အားပေးရမဲ့ တာဝန်ရှိလို့ အားပေးပါတယ်။

  • kai

    September 15, 2015 at 3:13 am

    အင်း..
    ဒေါ်ခင်မမမျိုးကိုယ်တိုင်လာရှင်းရင်.. ကောင်းမယ်…။ :k:
    =
    ဆိုတော့…
    ကျုပ်ကတော့.. အခုလိုခက်ခက်ခဲခဲဖြစ်နေသမျှတွေဟာ.. ၂၀၁ဝ ရွေးကောက်ပွဲ.. ဒီချုပ်ဝင်နိုင်ဖို့အခွင့်ပေါ်လာရက်နဲ့.. နိုင်ငံအတွင်း/အပြင်က အယူမှားချွန်တွန်းတွေကြောင့်.. ရတဲ့အခွင့်အရေးလက်လွတ်… အဲဒီအကြွေးတွေ.. ၂ဆတိုးလူထုကဆပ်နေရတာလို့ပြောချင်မိ…။
    တကယ်ဆို.. ဒီအချိန်မှာ..ဒီမိုကရေစီသက်.. ၅နှစ်လောက်မို့.. အတိုင်းအတာတခုထိ…တည်ငြိမ်ပြီး.. ဒေါ်စုလည်း.. ဒီတခေါက်တော့.. သမ္မတတက်လုပ်လို့ရနေပြီလေ…။

    သမိုင်းက…
    သင်ခန်းစာယူကြစေချင်တာပါပဲ..။
    အသက်တန်းဟူသည်.. လူကိုမစောင့်…။ :k:

    • မြစပဲရိုး

      September 15, 2015 at 3:23 am

      အခုလဲ အဲဒီလို နိုင်ငံ အတွင်း/အပြင် က ချွန်တွန်း နေတာဘဲ မဟုတ်လား သူကြီးရယ်။
      . ဒေါ်အောင်ဆန်းစုကြည် မပါချိန် ပြည်တွင်း/ပြည်ပ ဘယ်သူကမှ အစွမ်းမပြနိုင်ခဲ့တာ ကို အခု ဟိုက ရှေ့က ရပ်နိုင်တော့ မှ အလျှို အလျှို ထွက်လာတာကို။
      အဲဒီတုန်းက စင်ခွဲ ထွက်သူများ လဲ အဘ တို့ နောက်မှာဘဲ အမြီး ကုပ် နေရတာကို။
      ဘာများ အစွမ်းပြနိုင်သလဲ။
      .ဒေါ်ညိုညိုသင်း တစ်ယောက် ဘဲ ထိုးထွက်လာနိုင်တာ။
      အဲဒါကိုလဲ NLD က ဘာကြောင့် လက်မခံတယ်မသိ။ ဒါကို ကျွန်မ မကြိုက် လဲ အပြင်ထွက်ဖို့ အားလုံး ညီမှ ဖြစ်မှာမဟုတ်လား။
      စိတ်မတူတာ နဲ့ လုပ်နည်းမတူတာနဲ့ ရည်မှန်းချက်ပျက်လို့မရလေ။
      Agile ဆိုတာ ဒါကို ညွှန်းချင်တာပါ။
      ကိုယ့် လုပ်နည်း ကို Objective နဲ့ ကိုက်အောင် အမြန်ပြောင်းဖို့ အစွမ်းကပိုလိုတာ။ လုပ်နည်း တွေ ထားတာ အရေးမကြီး လို့ မပြောလိုပါဘူး။ သိပ်ပြီး ရှေ့တန်းမတင်ကြဖို့ပါ။

      • kai

        September 15, 2015 at 3:30 am

        အဲဒီတုံးက.. အဘဦးဝင်းတင်တယောက်ထဲက.. “အတွက်”မှားသွားတယ်လို့.. ပြောချင်မိတယ်…။
        အခုတခေါက်မှာ.. ဒီလိုပါဝါကြီးတဲ့သူတယောက်မှ.. ချွန်တွန်းဆွဲချထဲမပါ..။
        ဆိုတော့..
        ဘာဘာ.. ဘာမှမဖြစ်…။
        ဘာမှမဖြစ်တာသေချာနေတာကြောင့်…. အဲလိုလေးလည်း ကစားပြဦးမှ.. ကောင်းတယ်ထင်တာပါပဲ..။ ဒါကြောင့်.. အရီးလတ်တို့.. ဇီဇီတို့လို လူတွေထွက်ရပ်လာကြတာမဟုတ်လား..။
        ကွိ… :k:

        • မြစပဲရိုး

          September 15, 2015 at 3:37 am

          ဇီဇီ ရေ ဒီမှာ ချွန်တွန်း မိပြီ ဟေ့။ ဘယ်တော့ ဆွဲချ မယ်မသိ။ lol:-)))))))))))))))))))

        • ဇီဇီခင်ဇော်

          September 15, 2015 at 8:03 am

          သများက
          မဲစာရင်းစစ်ဖို့ပဲ တင် တဲ့ဟာကို ဘာလို့ စု အတင်းကို လာလာပြောနေမှန်းကို မသိတာ။
          :mrgreenn:
          ~~~~

          A Yee ရေ
          တဂျီးက ချွန်တွန်းတော့ ပိုင်ပါတယ်။
          ဘယ်ရွာသား က ဆွဲချမလဲ စောင့်ကြည့်ကြတာပေါ့။
          မျက်စိထဲတော့ ၃ ယောက်လောက် မြင်။

          အဟွတ်။

          :kwi:

  • ဇီဇီခင်ဇော်

    September 15, 2015 at 6:57 am

    ပြောချင်တာတော့ အများကြီးးပဲ
    ပြောလည်းးပြောမှာပါ ဟေးးဟေးးဟေးး
    အဲ ဝေဖန်တာကို မပြောလိုပါဘူးး
    ဒါပေမယ့် ဝေဖန်သူ ရဲ့ အသိုင်းးအဝိုင်းးနဲ့ တခြားး သူတို့ အခြေအနေ တွေ ကြည့် လိုက်ရင် ပြန် ရှင်းးပြဖို့ တွန့်တွန့် သွားးရော ဗျ.!!
    သိချင်လို့ မေးးတာ မဟုတ်
    ကောင်းးစေ ချင်လို့ ပြောနေတာ မဟုတ် ဆိုတာမျိုးး သွားးတွေ့တာကိုးးးး
    အဲဒီတော့ ကျနော် အဲဒီဘက် အချိန် မကုန်ချင်တော့ဘူးးး

    အပြင်မှာ တခြားး ဝိုင်းးရံ ရမယ့် နည်းးတွေ
    ှိသေးးလို့..!

    ဒီ အချိန်က ထူမယ့်လက် ကို ကမ်းးပေးးရမယ့် အချိန် ဖြစ်နေရမှာာာ
    ကမ်းးတဲ့ လက် လက်မဆေးးရသေးးဘူးးး
    ဆေးးရင်လည်းး dettol ဆပ်ပြာနဲ့မှ တို့ ဘာတို့ အတွက် အချိန်ပေးးနေရမယ်ဆို ရင် တန်မတန် ကိုယ့်ကိုယ် ကို ပြန်မေးးလိုက်ပြီ…

    ဒီခရီးး လာချင်ရင် အနီးးလေးးပါ အရီးးး
    မလာချင်လို့ ကွေ့နေတာတွေ အတွက် ပြောရတာ မောပါတယ်…

    ကိုယ်တွေ အတွက် အလုပ်လုပ်နေတယ် လို့ ယုံကြည်ရတဲ့ အမေအို အတွက် ဒီ ၂ လ ပဲ အစွမ်းကုန် အားးထုတ်ပါမယ်….

    တစ်ခုပြီးးတစ်ခု အပြစ်ပြောတာတွေ ထိ ကျနော် မနာတော့ပါဘူးးး
    မြန်မာလူမျိုးးနဲ့ မြန်မာ နိုင်ငံရေးးကို ဒီ ဝေဖန်လေကန်တေေွ ထက် စု က ပို သိပါတယ်…

    နောက်ဆုံးး မအောင်မြင်ဘူးးဆိုရင်တောင် တရားးမျှတတယ် ယုံတဲ့ ဘက် က
    ရာနှုန်းးပြည့် ရပ်မိတဲ့ အတွက် ကိုယ့်လိပ်ပြာ ကို လုံတယ်…
    နောင်တလည်းးမရဘူးးးး

    အရင် ကလည်းးပြောခဲ့ ကြတာပဲ
    ထောင်ထွက်ပဲရှိတဲ့ ပါတီဆိုတာ
    ခု ထုတ်သုံးးလိုက်တဲ့ သွေးးသစ်တွေကျ ရုပ်ပြစားးသတဲ့..
    အရင်က မျိုးးဆက် မရှိဘူးးပြောတယ်..
    ခု မြင်တော့ သမဒ နာမည် တတွတ်တွတ်တောင်းးနေတယ်
    အရင်က ကိုယ့်နယ်မြေက ဖွတ်တက်တက်တာ ကိုယ့် မဲ မပါပဲနဲ့ ပြောရဲကြဘူးး
    ဟော အခု ယှဉ်ရွေးးခိုင်းးတော့ ဒီမိုပါတီ ကိုယ်စားးလှယ် ဘာညာဖြစ်..

    ဆိုတော့ သဘောပေါက်ပြီ အရီးးရေ,
    ဒီ လို လူတွေ လို ချင်တာ အပြောင်းးအလဲ မှ မဟုတ်ပဲ
    NLD ပါတီဟာ အားးမကိုးးထိုက်ဘူးးဆိုတာ ကို ဇွတ်ဆွဲယူနေကြတာပါ..

    သူတို့ အတွက် စု မလိုပေမယ့်
    နောက်ဆုံးးအခြေအနေရောက်နေတဲ့ နိုင်ငံသားးတွေ အတွက် စု ကို အလို အပ်ဆုံးးပါ..

    ကုန်ကုန်ပြောရရင် ကျနော့် အတွက်တောင် စု နဲ့ ဒီမို မလို အပ်ပေမယ့် ကျနော့် အမျိုးးထဲက နောက်မျိုးးဆက်တွေ အတွက် စု ကို လိုအပ်ပါတယ်..

  • Mike

    September 15, 2015 at 10:10 am

    Aye Nyein

    ကျွန်ုပ်တို့ အဘယ်ကြောင့် NLD ကို မဲထည့်သင့်သည် ဆိုခြင်းအကြောင်း
    ================================================

    အမှန်က သည်အကြောင်းကို ကျွန်တော်မပြောလဲ မိတ်ဆွေတို့ သိပြီးဖြစ်ပါသည်။ သည်အကြောင်း ကျွန်တော်ပြောပေါင်း များလှ၍လည်း ချေးသပတ်လိုက်နေပြီ ဖြစ်ပါ၏။ သို့သော် မပြောမပြီး၊ မတီးမမည်မို့ ထပ်ခါပြောရပါဦးမည်။ အနို့ ရွေးကောက်ပွဲ က အတော်လေး နီးလာပြီ မဟုတ်ပါလား။

    အခြားမဟုတ်ပါ။ နိုင်ငံတစ်နိုင်ငံတွင် ထိုနိုင်ငံကိုအုပ်ချုပ်မင်းလုပ်သည့် အစိုးရ အရေးကြီးပုံအကြောင်း ဖြစ်၏။

    အတော်များများက မြန်မာနိုင်ငံကြီး သည်ကဲ့သို့ဖြစ်ပျက်နေသည်ကို နိုင်ငံသားများအား အပြစ်ဖို့ကြသည်။ အမှိုက်ပစ်တာ၊ စည်းကမ်းမရှိတာ၊ ကားပေါ်က ကွမ်းတံတွေးထွေးချတာ စသည်။ ယုတ်စွအဆုံး ကလေးတွေ ဘွဲ့ရလာပြီး ပညာမတတ်တာကို ပင် အလကား သောက်သုံးမကျတဲ့ကောင်တွေဟု နှာခေါင်းရှုံ့၊ အ,မနာပ ပြောကြသည်။ ဒါဆို အဲဒီကလေးတွေ စာတစ်လုံးမှ မကျက်ဘဲ ဘွဲ့ရလာတာလား။ စာမကျက်ဘဲ ဘွဲ့ရလာသည်ပင်ဖြစ်စေ၊ စာလည်းမကျက်၊ ဘာမှလည်းမတတ်ပါဘဲလျက် ဘွဲ့ရလာသည်ဆိုလျင် ကလေးတွေအပြစ်လား၊ ဘွဲ့ပေးသူ အပြစ်လား။ အင်မတန်ရှင်းလှပါသည်။ ဂျပန်ရေချိုးသလို အင်မတန် ရှင်းလှပါလျက် တဆိတ်ရှိ ကလေးတွေကို လက်ညှိုးထိုးနေကြသည်အား ကျွန်တော်ကတော့ ဘာမှမပြောလိုတော့ပဲ မဲ့ပြုံးကလေးသာ ပြုံးလိုက်ချင်ပါတော့၏။

    မနေ့က BCSS သင်တော့ လျှပ်စစ်ကြောင့်လောင်သောမီးအကြောင်း သင်ရသည်။ သည်အကြောင်းနှင့် ဆက်စပ်ပြီး မင်္ဂလာဈေးမီး၊ မန္တလေး ရတနာပုံဈေးမီး၊ မုံရွာချင်းတွင်းဈေးမီး၊ တောင်ကြီးဈေး၊ မော်လမြိုင်ဈေး စသည့် မြန်မာနိုင်ငံတွင် လောင်သော မီးများအကြောင်း ပြောဖြစ်ပါသည်။ သည်မီးလောင်သည့်အကြောင်းလည်း ကျွန်တော် နှစ်ခါပြန်သုံးခါပြန် ရေးပြီး ဖြစ်ပါ၏။ ၂၀၁၄ မေလ ၁ ရက်နေ့က UMFCCI တွင်လုပ်ခဲ့သော Seminar တွင်လည်း ပြောခဲ့ပါသည်။

    မင်္ဂလာဈေးမီးမှာ လျှပ်စစ်ဝါယာရှော့ဖြစ်၍ လောင်သည်။ သို့ဆိုလျှင် ဝါယာရှော့မဖြစ်အောင်၊ ဝါယာရှော့ဖြစ်လျှင် မီးမလောင်အောင် အတားအဆီး၊ အစီအမံများ လုပ်မထားဘူးလား။ ကျွန်တော်တို့ဆီမှ ဈေးများ၊ အိမ်များ၊ ကျောင်း၊ ဆေးရုံ အားလုံးပင် စနစ်တကျ တပ်ဆင်ထားသော မီးကာကွယ်ရေး စနစ်မရှိ။ မီးကြိုးများရော၊ ဟင့်အင်း။ ရေပေးစနစ် – ဝေးလို့။ အိမ်သာစနစ် – ဒီလို တကျောင်းတဂါထာ တရွာတပုဒ်ဆန်း၊ တစ်အိမ်ကို အိမ်သာကျင်းတစ်ခု လုပ်လိုက်တာပဲ။

    ကျွန်တော်တို့ အိမ်နားမှာ လှည်းတန်း ခုံးကျော်တံတားရှိသည်။ ခုံးကျော်တံတားက ရန်ကုန်-ပြည်လမ်းအတွက်သာ ဖြစ်၏။ ထိုလမ်းမှသွားသော လူများသာ အရေးကြီးသည်။ ရန်ကုန်-အင်းစိန်လမ်းမှ သွားသည့်သူများ ဘယ်လိုနေနေ။ နင်တို့ဟာနင်တို့ ဘယ်လောက် ကားပိတ်ပိတ် ငါတို့အကြောင်းမဟုတ်။ သည်တော့ ယခုတစ်ခေါက် ကျွန်တော် ရန်ကုန်မှ စင်ကာပူသို့ပြန်အလာ၊ လေယာဉ်ကွင်းကိုလာတော့ လှည်းတန်းမီးပွိုင့်တွင် ပိတ်နေသောကားတန်းကြီးမှာ ဟို့ – ဘာတာမှတ်တိုင်ထိ ရောက်သည်။ အားပါး။

    ဟိုးအနောက်ဘက်က ခိုးဝင်လာတဲ့ကောင်တွေ။ ဘယ့်နှာကြောင့် သိန်းပေါင်းများစွာ မြန်မာပြည်ထဲ စိမ့်ဝင်နေရပါသနည်း။ ရခိုင်- တရုတ် ဓာတ်ငွေ့ပိုက်လိုင်းဆောက်တော့ ဘယ်သူတွေက ဘယ်လိုတွေ လုပ်သွားသနည်း။ ကိုယ့်နိုင်ငံထဲဝင်ပြီး ထင်သလိုကြဲသွားတာ ကျွန်ုပ်တို့က ဘယ့်နှာကြောင့် မျက်နှာငယ်ကလေးနှင့် ကြည့်နေလိုက်ရတာပါနည်း။

    အဘယ်ကြောင့် မြန်မာစကားမတတ်သော မျက်ပေါက်ကျဉ်းများက မန္တလေးမြို့ကြီးကို သိမ်းပိုက်ထားဘိသနည်း။ မြန်မာတစ်နိုင်ငံလုံးက တောင်တွေ အဘယ်ကြောင့် တောင်ကတုံးတွေ ဖြစ်ကုန်သနည်း။ စင်ကာပူကအိမ်တွေမှာ မြန်မာအမျိုးကောင်းသမီးကလေးတွေ အဘယ့်ကြောင့် အနှိပ်စက် ခံနေရသနည်း။

    မြန်မာပြည်တွင် ဖြစ်ပျက်နေသမျှကိုသာ အကုန်ချရေးရမည်ဆိုလျှင် ပိဋကဋ်သုံးပုံထက် သုံးဆလောက်ပိုများဖွယ်ရာ ရှိသည်။ ဤသည်မှာ system failure ကြောင့် ဖြစ်၏။ သို့ဆိုလျှင် ဤမျှ ပျက်စီးယိုယွင်းနေသည့် စနစ်ကြီးကို ပြန်လည်တည့်မတ်ဖို့ အဖတ်ဆယ်ဘို့ရာ ဘယ်လိုလုပ်ကြမည်နည်း။

    သည်အရာမှာ ခင်ဗျားတို့ ကျွန်တော်တို့ အောက်ကလူတွေ မဖြစ်ညစ်ကျယ်လုပ်လို့ရသော အရာမဟုတ်။ သည်စနစ်ကြီးကို ပြန်ပြင်ဘို့ရာ နိုင်ငံ့အပေါ် တကယ်စေတနာရှိသော၊ တော်တည့်ထက်မြက်သော၊ ရိုးသားဖြောင့်မတ်သောသူများနှင့် ဖွဲ့စည်းထားသည့် အစိုးရတစ်ရပ် လိုသည်။ အစိုးရက ဦးဆောင်မလုပ်သရွေ့ ဘယ်လိုနည်းနှင့်မှ မဖြစ်နိုင်။

    စည်းကမ်းစနစ်ကျသော၊ ပညာတတ်သော၊ လူနေမှုအဆင့်မြင့်သော လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာစေရန် တင်းကျပ်သော စည်းမျဉ်းဥပဒေများဖြင့် အတင်းအကျပ် ထူထောင်ယူရမည် ဖြစ်၏။ ကျွန်ုပ်တို့လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို ကိုယ်ကျင့်တရား၊ အတွေးအခေါ်၊ အယူအဆ၊ စည်းကမ်း စသည်တို့ပြန်လည်တည်ဆောက်ရန် ဆယ်စုနှစ်အတော်များများ အချိန်ယူရမည်။ သို့သော် စိတ်ဓာတ်ကျနေပြီး မလုပ်လို့မဖြစ်။ လုပ်ကိုလုပ်ရမည်။ ခုလုပ်မှ နောင်ကောင်းမည်။ နောင်ကောင်းဘို့အတွက် အစိုးရ ကောင်း လိုသည်။

    လက်ရှိ အစိုးရအဖွဲ့ထဲမှ လူကြီးများအကြောင်းကိုတော့ မိတ်ဆွေတို့ သဘောပေါက်ပြီး ဖြစ်ပါသည်။ သူတို့ ဘာတွေ လုပ်နေသည်၊ ဘယ်လိုပြောကြသည်၊ ဘယ်လိုခိုးကြဝှက်ကြသည်၊ ဘယ်လိုအရည်အချင်းမဲ့ကြသည် စသည်ဖြင့်။

    ထို့ကြောင့် –
    ကျွန်ုပ်တို့မြန်မာပြည်ကြီးကို ပြန်လည်အဖတ်ဆည်ဘို့ရာ ကောင်းမွန်သော၊ မှန်ကန်သော၊ တော်တည့်ထက်မြက်သော၊ ရိုးသားသော အစိုးရတစ်ရပ် လိုသည်။ ထိုကဲ့သို့သော အစိုးရမျိုးရဘို့ရာ . . . . . . .

    ကျွန်တော်တို့ NLD ကို မဲပေးရမည်။ ဘာမှ ယုံမှားသံသယရှိစရာမလို။ NLD မှတစ်ပါး အခြားမရှိပြီ။

    NLD မှ ကိုယ်စားလှယ်လောင်းများခင်ဗျား –
    ကျွန်ုပ်တို့က သင်တို့ကို ယုံကိုးပြီး ရွေးကောက်တင်မြှောက်ကြပါမည်။
    အသင်တို့သည် ကျွန်ုပ်တို့မျှော်လင့်သည့်အတိုင်း ဖြစ်လာလိမ့်မည်ဟုလည်း ယုံကြည်ပါသည်။

    ချုပ်ရလျှင် –

    မိတ်ဆွေအပေါင်းတို့အား –
    NLD ကိုသာမဲပေးကြရန်နှင့် မိမိနှင့်နီးစပ်သူအားလုံးကိုလည်း NLD ကိုသာ မဲပေးကြရန် မဲဆွယ်ကြပါမည့်အကြောင်း တိုက်တွန်း နှိုးဆော်လိုက်ရပါကြောင်း။

    https://www.facebook.com/aye.nyein.758/posts/935827793151375

  • ကထူးဆန်း

    September 15, 2015 at 10:18 am

    အရီးရေ .. ၂၀၁၅ မှာ ဒါတွေ ရင်ဆိုင် ရမယ်ဆိုတာ သိသိချည်းပါ .. ဖရိုဖရဲ ယိုယွဲ နေတဲ့ နေရာပြင်ဖို့ဆိုတာ အာဏာ ရမှ ဘယ်လို လုပ်မှာပါ ဆိုပြီးတော့ ဆိုတာ အား မရဖြစ်လို့ မရဘူးလား ..
    ဘာသာရေး လူမျို းရေး နိုင်ငံရေး အဲ့သုံးမျိူ းဝင်မပြောလေ နဲ့ ဆိုတဲ့ အဖေ့မှာစကား နားမထောင်မိတော့ ..
    အရိုးဘဲကိုက်ရလို့ လိုလို .. အသုံးမက ျဦးနှောက်ဘဲမရှိသလိုလို..တံဆိပ်မျို းစုံ တပ် ကြ ..
    တကယ်တော့ ဘယ်အစိုးရ ပြောင်းပြောင်း ကိုယ့် အက ျင့်တွေ မပြောင်းသရွေ့ ..
    ဒီတိုင်းပြည်က ဒီလိုဘဲဖြစ်နေဦးမှာ .. ဆိုတော့
    ပါးစပ်ပိတ် နိုင်အောင် ကြို းစား ၍ နေတော့မည် … 🙂 🙂 ကိုယ့် အက ျင့် အရင်ပြောင်းမှ … မေးခွန်းမထုတ်မိအောင် နေမှ …. မမြင်ချင်ယောင်ဆောင်နေမှ .. ဒီမိုကရေစီ သမားများကိုလည်း မေးခွန်းထုတ်မရ … အဲ ပြောမိပြန်ပြီ ……. 🙂 🙂

    • kai

      September 15, 2015 at 1:26 pm

      အဟမ်း…
      ကထူးဆန်းရဲ့…။
      နှစ်၁၀၀ဝ ကျိန်စာ….တဲ့..။ ဒီလိုဒီလိုတွေဖြစ်မယ်ဆိုတာ.. ကျိန်စာအရ.. ပုံမှန်ပါပဲ..။
      အနော်ရထာလက်ထက်.. ရှင်အရဟံကစလို့.. အနှစ်၁၀၀ဝ နီးပါးဖြစ်ခဲ့ပြီး.. ဖြစ်လတံ့ဆိုတာလည်း.. အကြိမ်ကြိမ်နမိတ်တွေပြထားတာကိုး..။
      ဆိုတော့….
      လက်ငါးချောင်းနဲ့.. ၁ခါ… ၂ခါ..၃ခါ..၄ခါ…၅ခါ… :k:

      • ဇီဇီခင်ဇော်

        September 15, 2015 at 1:34 pm

        အရေးထဲ သူ့ ခွင် ထဲ ခေါ်နေပြန်ပါပြီ။

        :mrgreenn:

  • ဦးကြောင်ကြီး

    September 15, 2015 at 10:27 am

    လော ်ဘီမြက စစ်ထောက်လှမ်းရေး မြှုပ်ထားတဲ့ သူ့လူကိုယ့်ဖက်သားဂ ျီးလား သိဝူးနော ်…။ သုဗံစာရင်း စစ်ကြည့်ရင် သိမှာပဲစ်…

  • မြစပဲရိုး

    September 15, 2015 at 1:14 pm

    မြန်မာပြည်ထဲ တကယ်ဘဲ ဒီမိုကရေစီကျင့်သုံးနိုင်ပြီလား။ တကယ် မှမဖြစ်သေးတာအားလုံး အသိပါ။
    ဒီမိုကရေစီ ဆိုတာဘာလဲ အချင်းချင်း လှည့်မေး ပြီး သိသလို မသိသလို လက်ညိုး ဟိုဟိုဒီဒီ ထိုး ရင်း ထွက်ပေါက်ပျောက်ဦး မဲ့ အခြေပါ။
    ကျွန်မ ထောက်ပြတာ အချင်းချင်း အပြစ်ဖို့ပြီး အပြိုင်အဆိုင် ဆရာစွမ်းပြနေကြတာ မြင်လို့ စည်းလုံးမှုတွေ ပြိုကွဲ လာတာ စိတ်မကောင်း ပါဘူး။
    ကျွန်မ ဒီ အခြေအနေမှာ ကျွန်မ အတွက် self interest ကင်းပါတယ်။
    ပထမ ခြေလှမ်း အားလုံး ညီညီ ထွက်ပေါက် ကို တောင် ရောက်အောင် မသွားနိုင်တော့ဘူးလား။

    • မြစပဲရိုး

      September 15, 2015 at 1:22 pm

      လူတန်းစား လဲ မညီတော့ ဘဲ အကွာကြီး ကွာနေတာ မမေ့ကြပါနဲ့။
      အသိ နဲ့ ဝေဖန်စဉ်းစားနိုင်မှု မညီဘဲ ကျန်နေတဲ့ ပြည်သူ တွေ အများကြီး ရှိနေတာ လဲ သတိလေးပြုပါ။
      နိုင်ငံရေး ငါ နဲ့ မဆိုင် ဆိုသူတွေလဲ မနည်းပါ။
      ဒါတွေ ကို ခြုံ မကြည့်ဘဲ အားလုံး ကို ပါအောင် ခေါ်မရ ဖြစ်လိမ့်မယ်။
      လောလောဆယ် လူတစ်ယောက် နောက် ကို ဘဲ အာရုံပြု မလိုက်နိုင် အောင် ဖြစ်နေပြီး အဲဒါကို ဘဲ အာရုံထားနေကြ လုပ်ကြပါလို့ ပြောနေတာကို
      ဒီမိန်းမကြီး လဲ အာဏာရှင်ဆန်တယ် ပြောနေတာတွေ ကို လဲ နားမလည်ဘူး။ 🙄
      . ပြောခဲ့ပြီးပါ။
      ကျွန်မ ပြောနေတာတွေ က ဒေါ်အောင်ဆန်းစုကြည် အတွက်လဲ မဟုတ်၊ ဒီချုပ် အတွက်လဲ မဟုတ်၊ စစ်အစိုးရအောက်က အရင် လွတ်လွတ်သွားဖို့။
      အဲဒီ အတွက် မှတစ်ပါးအခြားမရှိပါလေ။

      • ဦးကြောင်ကြီး

        September 15, 2015 at 1:26 pm

        သူတို့ လုပ်တုံးကတော့ လှုပ်ခြင်လှ ျာလှုပ်ပီး လိုမှ ညှီညွှတ်ရေးတဲ့.. ယမယ် အားက ျီး… ။

        • မြစပဲရိုး

          September 15, 2015 at 1:28 pm

          ဒီ စစ်အစိုးရ ကို ကြောက်အောင် လုပ်နိုင်တာ ဘယ်နှစ်ယောက်ရှိလို့လဲ ကြောင်ကြောင် ရယ်။
          ဒီ တစ်ယောက် နောက် ကို မှ ဝိုင်းမပုံကြရင်လဲ နေလိုက်ကြတော့။
          သူတို့ အကြိုက်ပေါ့။

        • ဦးကြောင်ကြီး

          September 15, 2015 at 1:33 pm

          လုကံ ဝကံ ပေါ့ဂ ျာ….။ လောကမှာ တခုလိုခြင် တခုပ ျံပေးရတာ ချည်းပဲ။ နေရာတိုင်းမှာ အထှာရှိတယ်။ ကိုယ့်ဖက်က အထှာမထားလ ျင် သူ့ဖက်ကလည်း အထှာပ ျံမှေ ျာ်မနေနဲ့…။ လွမ်းစရာကို နာစရာနဲ့သာ ဖြေဖို့ပြင်…။

      • ဇီဇီခင်ဇော်

        September 15, 2015 at 1:31 pm

        ဟွာနဲ့ တူတယ်နော်။

        “မီး ဗျို့၊ မီးးးး ပြေးပြေး” ဆိုတာကို …
        .
        .
        အသံက အရမ်းကျယ်တာပဲတို့။
        သိပ်ဆရာလုပ်တာပဲတို့။
        ငါပြေးချင်မှပြေးမှာပေါ့တို့။
        နင် က ပြေးခိုင်းရအောင် နာ့ ထက် ဘာများ တတ်လို့တုန်းတို့
        မေးခွန်းပြန်ထုတ်ပြီး ကပ်နေတာနဲ့ တူတယ်။
        ဟိ

        :mrgreenn:

    • ဇီဇီခင်ဇော်

      September 15, 2015 at 1:32 pm

      အေးလေ၊
      ကိုယ့် အတွက် ကို မဲ စာရင်းတောင် မှန်အောင် မလုပ်နိုင်သေးပဲ ကိုယ်စားလှယ်လောင်းတွေ လက်ညှိုးထိုးတဲ့သူက ရှိသေးး

      :mrgreenn:

  • Mike

    September 15, 2015 at 4:11 pm

    သက္က မိုးညို

    September 13 at 2:27pm ·

    NLD ကို မဲပေးသင့်သော အကြောင်းများ-၂

    ၁- စစ်တပ်က ဒီမိုကရေစီစနစ်ကို အာဏာဇွတ်ဝင်ယူပြီး လွှတ်တော်ထဲမှာ ၂၅% ဇွတ်ဝင်ထိုင်နေလိုက်တဲ့အခါ NLD ဟာ ပုံမှန် ဒီမိုကရေစီစနစ်လို မဲဆန္ဒနယ် အားလုံးရဲ့ တဝက်နိုင်တောင် အစိုးရ ဖွဲ့လို့ မရဘူး။ မဲဆန္ဒနယ် အားလုံးပေါင်းမှ ၇၅% ပဲ ရှိတာကိုး။ တရာကို တဝက်ဝက်တာ မဟုတ်ပဲ ၇၅ ကို တဝက် ဝက်တာဆိုတော့ အန်အယ်ဒီ အစိုးရ ဖွဲ့စေချင်ရင် မဲဆန္ဒနယ် အားလုံးရဲ့ ၆၈ % ကျော်မှ လွှတ်တော်ရဲ့ တစ်ဝက်စာဖြစ်မယ်။ ဒါက ပထမ ညစ်ကွက်။

    ၂- ပြိုင်ပွဲတစ်ခုခုမှာ ဒိုင်လုပ်တဲ့သူဟာ နှစ်ဘက်အသင်းနဲ့ ပတ်သက်သူ မဖြစ်ရဘူး။ မဖြစ်သင့်ဘူးဆိုတာ လူတိုင်းသိတယ်။ ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲမှာ ဘရာဇီးအသင်း ကစားတာ ဘရာဇီးဒိုင် ထည့်လို့ မဖြစ်ဘူးလေ။ ရွေးကော်ကို ကြည့်လိုက်။ စစ်တပ်က ဗိုလ်တွေ အကုန်ထည့်ထားတယ်။ ဥက္ကဌက ပြည်ခိုင်ဖြိုး ပါတီဝင်ဟောင်း။ ဘယ်လိုမှ မဖြစ်သင့်တာကို မျက်နှာပြောင်ပြောင် လုပ်ထားတယ်။ ဒါ ဒုတိယ ညစ်ကွက်။

    ၃- မဲပေးမယ့်သူ၊ မဲပေးတာ တရားမျှတအောင် ကွပ်ကဲရမယ့်သူ၊ မဲပေးခံ ပါတီတွေမှာ ကိုယ်တတ်နိုင်တာ ကိုယ့် တစ်မဲပဲ ရှိတယ်။ တကယ်လို့ ကိုယ်မပေးရင် ကိုယ့်မဲဟာ ကြိုတင်မဲအဖြစ် တဖက်ပါတီကို ဝင်မသွားဘူးလို့ မပြောနိုင်ဘူး။ ညစ်ကွက်အမျိုးမျိုးနဲ့ လုပ်ထားတဲ့အတွက် NLD ဟာ တောင်ပြိုကမ်းပြိုနိုင်မှ အစိုးရ ဖွဲ့ခွင့်ရမယ်။

    ၄- ရွေးကောက်ပွဲ မကျင်းပမီ၊ ကျင်းပတဲ့နေ့၊ ကျင်းပပြီး မဲအရေအတွက် ကြေငြာတဲ့အထိ အဆင့်ဆင့်သော ကာလမှာ ညစ်နိုင်စရာတွေ ရှိပါတယ်။ မညစ်ဘူးဆိုရင်တောင် အရည်အချင်း မပြည့်တဲ့ မဲရုံမှူးတွေကြောင့် ပယ်မဲတွေ ဖြစ်ကုန်စရာ ရှိသေးတယ်။ ဒီတော့ ကိုယ့်ဘက်က သေချာသထက် သေချာအောင် လုပ်ရလိမ့်မယ်။

    ၅- NLD ကို ချစ်လွန်းလို့ မဟုတ်ပါဘူး။ ယေဘုယျ မှတ်ကျောက်နဲ့ ဇလုပ်တိုက်ကြည့်ရင်တောင် ညစ်ထားတာတွေ ပြူးပြူးကြီး မြင်နေရတဲ့ အချိန်မှာ NLD ကို မဲမပေးဘူးဆိုသူဟာ အရိုးကိုက်ရသူပဲ နေမယ်။

    ၆- NLD နဲ့ ဘာမှ မဆိုင်တဲ့ ကုလားနဲ့ ချိတ်ပြီး အမျိုးဘာသာ သာသနာဆိုပြီး လာပြောကြဦးမှာတွေ ရှိတယ်။ သူတို့ကိုတော့ သနားပါတယ်။ အာဏာရှင်ဟာ ပြည်သူရဲ့ အသိဉာဏ်ကို နုန်နဲ့အောင်လုပ်ပြီး အုပ်စိုးခဲ့တဲ့ နေရာမှာ အခုလို လူတွေ ထွက်လာတာပါပဲ။ သူတို့မဲလည်း မမျှော်ပါနဲ့။ အဲလောက် အသိဉာဏ်တုံး ဆင်ချင်တုံတရား ကင်းမဲ့သူတွေဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် ဘယ်နေရာမှာမှ အသုံးမဝင်ပါဘူး။

  • pooch

    September 16, 2015 at 3:17 pm

    အရီးပြောတဲ့ဆောင်းပါး ကိုဖတ်ကြည့်ချင်လို့ မဖတ်ရသေးဘူး လင့်လေးရှိရင်ပေးပါအုန်း

    • မြစပဲရိုး

      September 16, 2015 at 3:46 pm

      http://www.nytimes.com/2015/08/29/world/asia/myanmar-democracy-icon-finds-herself-assailed-as-authoritarian.html?smid=fb-nytimes&smtyp=cur&_r=0

      Here is my comment on that share page on facebook. :-)))
      +++++++++++++++++++++++++++++++
      I know that Criticism is necessary even though it may not be agreeable.
      But sadly, this article has been full of negative criticism and this might make the existing problem worse.
      For my own point of view, Sithu Aung Myint who is one of the commenters from that article always criticises Daw Aung San Suu Kyi who is being attacked by different types of Shadow People.
      Even one of his recent criticism articles (posted about 2 days ago) was removed from one of the internet media websites due to the facts based on not reliable sources or rumours.
      That was not too fair.
      So … whatever critiscim articles we read should be analysed seriously at this time because of some of them are often interpreted as an attack against a person
      OR
      the most important things we have to be careful about is
      like I said before …
      They are making the existing problems worse.

      So…
      What do you want from them if you really care about our people, children and future country?

        • pooch

          September 16, 2015 at 4:15 pm

          your comment is so sharp A yee…. nice shoot ;p

  • ဇီဇီခင်ဇော်

    September 16, 2015 at 4:33 pm

    Credit to Arr Man
    ~~~~~~~~~~~~~~

    F-scale ဆိုတာရှိတယ်။ F-scale က လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ‘ဖက်ဆစ်ဝါဒဆီ တိမ်းညွတ်နိုင်ချေ’ (Fascist Potential) ကို တိုင်းတာတဲ့ စကေးသတ်မှတ်ချက်လို့ ဆိုပါစို့။ ၁၉၅ဝ လောက်တုန်းက နီယိုမာ့က်စ်ဝါဒီ သီအိုဒေါအဒေါ်နိုနဲ့ အခြားစိတ်ခွဲပညာရှင်တွေက လူတွေဟာ အာဏာရှင်ဝါဒဆီ တိမ်းညွတ်ဖို့ ဖြစ်တန်ချေဘယ်လောက်များသလဲဆိုတာကို သူတို့ရဲ့ငယ်ဘဝဖြတ်သန်းမှု၊ မိသားစုဆက်ဆံရေး၊ နိုင်ငံရေးနဲ့ကမာ္ဘ့အမြင် စတဲ့ နောက်ခံတွေကို အင်တာဗျူးပြီး လေ့လာချက်ထုတ်တာ။ နောက်ဆုံး F-scale လို့ သတ်မှတ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာလက္ခဏာ ၉ ချက် ထုတ်ပေးတယ်။

    နံပါတ် ၁ နေရာမှာ အစွဲအယူပြင်းထန်တဲ့ ရှေးရိုးစွဲဝါဒ(Conventionalism) လာတယ်။

    နံပါတ် ၂ မှာ ပိုင်းခြားဝေဖန်မှုကင်းမဲ့တဲ့ အာဏာနာခံလိုက်လျောမှု (Authoritarian Submission) ကို ပြောတယ်။
    တစ်နေ့ငါးထောင်ပေးလို့ အပ်တိုတောင်မပါတဲ့ ကျောင်းသားလေးတွေကို ရိုက်တာမျိုးပေါ့။

    နံပါတ် ၃ က အခွင့်အာဏာဆန်ဆန်ရန်စောင်မှု (Authoritarian Aggression)။
    အဲဒါက သွေဖီခွဲထွက်လိုသူတွေကို တက်ကြွစွာရှာဖွေဖော်ထုတ်ပြီး အပြစ်ပေးလိုတဲ့ဆန္ဒမျိုး။
    ဥပမာ မျိုးစောင့်ဥပဒေကို လက်မခံဘူးပြောတဲ့ မိန်းကလေးတွေကို မျိုးချစ်တွေက အောက်ပိုင်းတွေသုံးပြီး ညစ်ညစ်ညမ်းညမ်း ဆဲရေးတိုင်းထွာသလိုမျိုး။

    နံပါတ် ၅ အချက်က အစွဲအမြင်နှင့် အယူသီးမှု (Stereotype and Superstition)။ ဒါကတော့ အထွေအထူးပြောဖို့ မလိုဘူး။
    ဒဏ္ဍာရီဆန်ဆန် ကံအကြောင်းတရားဆိုင်ရာ တင်ကြိုသတ်မှတ်မှုအယူအဆနဲ့ ကံစေရာဝါဒတို့ကို ယုံကြည်တာ။
    ဓါတ်ကြိုးပြတ်ကျလို့ လူတစ်ယောက် သေတာမှာ တာဝန်ရှိသူ/ဝာာဝန်ရှိအဖွဲ့အစည်းကို မေးခွန်းထုတ်ရမယ့်အစား အတိတ်ဘဝက ကံပါလို့တို့၊ ဖြစ်ဖို့ကံပါလို့တို့ စတာတွေနဲ့ လူသေဆုံးတဲ့ဖြစ်ရပ်ကို အယူသီးတဲ့ကောက်ချက်ဆွဲမှုမျိုးလုပ်တာ။

    နံပါတ် ရ ကတော့ အဖျက်သဘောနှင့် အပြစ်မြင်မှု (Destructiveness and Cynicism)။ နိုင်ငံရေးအာရုံလွှဲချင်တိုင်း ဒေါသထွက်နေတဲ့ လူအုပ်ကြီး ပေါ်ပေါ်လာတာ အကောင်းဆုံးသာဓက။

    နံပါတ် ၉ မှာ လိင်မှုရေးရာ (Sex) လာတယ်။
    လိင်မှုရေးရာဆိုတာက အခြားသူတွေရဲ့ လိင်မှုရေးရာကိစ္စတွေနဲ့ စပ်လျဉ်းပြီး မလိုအပ်ဘဲ အကျယ်ချဲ့စွက်ဖက်လိုတဲ့ သဘောထားအရင်းခံ ရှိတာကို ပြောချင်တာ။
    ဒီကနေ့ မျိုးချစ်တို့ မဘသတို့ လုပ်နေတဲ့ဟာတွေ။

    ဒါတွေက ကျွနေ်တာ့်စာအုပ်မှာလည်း ဒီထက်မက အကျယ်ရေးခဲ့ပြီးသား ဟာတွေပါ။
    ပြောချင်တာက အာဏာရှင်ဝါဒတိမ်းညွတ်မှုကိုတိုင်းတာတဲ့ F-scale ရဲ့ အချက်ကိုးချက်တို့မှာ အနည်းဆုံးခြောက်ချက်ခုနှစ်ချက်က မြန်မာလူမျိုးနဲ့ လက်ရှိမြန်မာ့အခြေအနေကို ကြည့်ပြီးပြောနေသလားထင်ရအောင် ကြုံကြိုက်တိုက်ဆိုင်မှုရှိနေတယ်။ တစ်နေ့တစ်ခြားလည်း ပိုပိုပြီး ဆိုးလာနေတယ်။
    ဒါတွေက ဝမ်းမြောက်ဖွယ်ကိစ္စမဟုတ်ဘူး။ ထင်ရှားတာတစ်ခုက မြန်မာလူမျိုးရဲ့ ယေဘုယျစိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အာဏာရှင်စနစ်အကြိုက်ဖြစ်တဲ့ လက္ခဏာတွေ အသင့်ရှိထားပြီးသလို ဖြစ်နေတယ်။ ဘာသာရေးဆို ဘာသာရေးမှိုင်းအလျောက်၊ လိင်ကိစ္စဆို လိင်ကိစ္စဖိနှိပ်မှုအလျောက် အလွယ်တကူလက်သင့်ခံလိုတဲ့ စိတ်အခြေအနေမျိုး လူဦးရေရဲ့ ရာခိုင်နှုန်းကြီးကြီးမားမားတို့မှာ မြင်တွေ့ရတယ်။ ဒါကို ဘယ်လိုအနေအထားတွေ သုံးပြီး တန်ပြန်မလဲ၊ သို့မဟုတ် ဘယ်လို ပြောင်းလဲယူမလဲဆိုတာက အနာဂတ်မှာ ဘယ်လိုလူ့အဖွဲ့အစည်း တည်ထောင်လိုသလဲဆိုတဲ့ မေးခွန်းပေါ်ပဲ မူတည်တယ်။ မြင်ရသလောက်ကတော့ အရှေ့မှာ မီးခိုးတွေချည်းပဲ

    • ဇီဇီခင်ဇော်

      September 16, 2015 at 4:45 pm

      ၉ချက်လုံးက ဒီမှာ။

      1) Conventionalism: conformity to the traditional societal norms and values of the middle class;
      2) Authoritarian submission: a passive notion towards adhering to conventional norms and values;
      3) Authoritarian aggression: punishing and condemning individuals who don’t adhere to conventional values;
      4) Superstition;
      5) Power and “toughness”;
      6) Stereotyping;
      7) Destructiveness and cynicism;
      8) Anti-intraception; and
      9) Sexuality

Leave a Reply