နိုးစမုတ်ကင်း

ムラカミSeptember 15, 20151min25815

တက္ကသီလာတုန်းကပေါ့…

ကန်တင်းကသောက်ရင် သီယေတာထိပ်ကနေအနံ့ရတဲ့ ဆလိပ်

တဗူးကို ၁၆လိပ် ၈လိပ်ကိုတကန့် နဲ့ ၂ကန့်ပြည့်တဲ့ ပက်ကင်

စိကလက်ထုတ်ကျိလိုက် မှိုလိုက်ထားသလိုလို အကွက်အကွက်တေနဲ့…

အံမာ မီးညှိပီး ရှိုက်လိုက် ဖောက်ဖောက်ဖောက်ဖောက်နဲ့မြည်သေး..

မကြိုက်တဲ့သူများ သွားတိုက်ကျိ…

နင့်ဆလိပ်က ဒံပေါက်တပွဲလုံးမြုံထားရသလိုပဲ မှတ်ချက်ပြုကြ…

ကြိုက်တဲ့သူများ တခါဖွာ ကိုယ့်နှုတ်ခမ်းတခါ ကိုယ်ပြန်ယက် ..

ပလပ် ပလပ်…

 

gd

 

အရှည်ကို ကျိအုံးမလား .. ကင်းဆိုက်ထက် ထွား..

တခါညှိ တန်ရုံ မကုန်…

ဗန်ဟယ်လန် လို ဂီတာထိပ် နတ်ဆက်သလို ချိတ်ထားပီး ဒေါင်ဒေါင်ဒင်ဒင်လုပ်လိုက်ရင်ဖြင့် …

ကွကိုယ် ဂျင်မီဟင်းနရစ် မှတ်ရ…

မခင်အေး ဘားလမ်း နဲ့ ပထဝီတကျောလွတ်တဲ့ သင်္ဘောသီးအမျိုးတွေဟာ

ဆလိပ်သာ ဘာသာရေးဆို ဒင်းတို့ ပစ္စေဂဗုဒ္ဓာဖြစ်တဲ့ ကာလ…

ပြန်တွေးရင် လွမ်းဇာဂျီး ပါ….

 

ခုတော့ ထုံ့ပိုင်းထုံ့ပိုင်း တွေ့ရင် ဝယ်သောက်မိသေးတာပ….

ဘဇပ်အကျင့်က မာကတ္တာတွေ အုံးနှောက်ဆေးသွားလို့

အဝါမြင်ရင် စိကရက် ဆာတဲ့ အကျင့်နဲ့ လုံဒုံကိုပဲ အားခဲနေရ….

တခါတလေတော့လည်း သတိရသေးပါရဲ့…

အော်… ယဲဇားဦး ယဲဇားဦး……..

P.S ခညာ့တို့ သားသမီးတွေ ဆလိပ် မသောက်တတ်စေနဲ့…။

စမုတ်ကာ တယောက်ရဲ့ မှာတမ်းအနေနဲ့ … လူဆိုတာ ဆလိပ် သောက်တတ်ဖို့ လွယ်တယ်။

ဆလိပ် မသောက်တတ်ဖို့ ခက်တယ်…။ ဒါပါပဲ။

 

15 comments

  • ဇီဇီခင်ဇော်

    September 15, 2015 at 8:31 am

    ဆေးလိပ်သောက်တာကို စမ်းဖူးသော်လည်း စွဲလန်းတာမဖြစ်။
    ဆေးလိပ်မဖြတ်နိုင်သူတွေကိုကိုယ်ချင်းမစာတတ်။
    ဘာလို့ မဖြတ်နိုင်လည်း စဉ်းစားမရ။

    အို၊
    ကို နီကိုတင်းရဲ့ အစွမ်းတွေပဲလားး

    :kwi:

    • @QUIL@

      September 17, 2015 at 11:59 am

      အုံးနှောက်ဆေးခံထိထားလို့ပါ

  • kai

    September 15, 2015 at 8:48 am

    ပညာတွေပေးတယ်ပေါ့လေ…။
    ဆိုတော့….
    ဟို..အငွေ့ပဲထွက်တဲ့… အတံတွေပြောင်းသောက်ကြည့်ပါလား..။

    ပြောသာပြောတာ….
    မြန်မာပြည်မယ်.. အဲဒီဘစ်ဇနက်လုပ်ရင်..ချမ်းသာနိုင်…။

    • @QUIL@

      September 17, 2015 at 12:03 pm

      မြန်မာပြည်မယ် ဝင်နေပါကောလား…
      သူ့ smoke က ရေငွေ့ပဲ ဆိုတော့ မထိဘူးဆိုပြီး..
      အဆုတ်သာမထိ (ဘူးပြောကြ) တာ … တကယ်က အာသာမပြေပါဘူးဗျာ…

      အတုကြောင့် အစစ်ကို ဖြတ်နိုင်တဲ့လူထက်
      စတိုင်ကျသကွာ စမတ်ဖြစ်သဟ ဆိုပြီး အစကမသောက်တတ်သူများ အတုစသောက်ပြီး
      အစစ်ဘက် ပြောင်းတဲ့ နှုန်းက ပိုများသေးသဗျ..
      မာကတ္တာတွေ ယုတ်မာကြပုံ…

      ရှီရှာ လည်း ဘာထူးတုန်း… သူကျ တမျိုး..
      လူခြောက်ယောက်လောက် အရက်သောက် စကားစမည်ပြောရင်း
      ၂နာရီလောက် ထင့် တလှည့်စီ သောက်ကြတာ…
      စားရိတ်ပြန်တွက်ကြည့်တော့ မာလ်ဘိုရို တတောင့်နှုန်းလောက် ကုန်သမို့…
      (ပြင်းက ပိုပြင်းသေး)
      မူလဘူတစိကလက်ကို မမီပါဘူးကွာ နဲ့… စမုတ်ကာတွေ ပို စမုတ်ကျပြန်..။

  • ကထူးဆန်း

    September 15, 2015 at 9:39 am

    ကိုယ်တိုင်မသောက်ပေမဲ့ အဲံ ့ ဂ ူဒါန်ဂါရမ် က သောက်မိတဲ့သူတိုင်းလိုလို စွဲ ကြပါ့
    အင်ဒိုနီးရှား စကာင်္ပူ ရောက်တဲ့ သဘောင်္တီးတွေ အသည်းစွဲ အဝေး က အနံ့ ရတာ နဲ့ မနေနိင်ကြ
    ဂီဂီ တင်မှ အဲ့ ဆေးလိပ်မသောက်ပေမဲ့ သဘောင်္တီး ဘဝ ဘော်ဒါတွေ ကို လွမ်းသွားပြီ ….

    • @QUIL@

      September 17, 2015 at 12:07 pm

      အဲ့သင်္ဘောသီးတွေ ကောင်းမှုနဲ့ အနှီဆေးလိပ် ဒီရောက်လာတာ..
      ဘယ် ကမှ သွင်းတာ မကြားဘူးသေး..
      တကယ်က သွင်းလည်း သိပ်မသွင်းသင့်ဘူးထင့်…
      (ပြည်တွင်းခေါ်ထုတ်)

      😛

      ဂျပန်ရောက်တော့ အဲ့ဆေးလိပ်ကို သူရို့ ပေါ်လစီအရ ပေးမသွင်းဘူး
      အလွန်ပြင်းတာကိုး..
      သည်တော့ ကန်ပနီက ဂူဒမ်ဂဒမ် မိုင်းလ် ဆိုပြီး ၁ဝမီလီ ပြင်းအား (၁ဝထက်ကျော်လျင်ပေးမသွင်း)
      ဒါမှမဟုတ် သူ့ထက်နည်းတဲ့ ပမာဏနဲ့ ထုတ်ပြီး သွင်းတယ်..
      ဒီဘရန်း ပဲ အရောင်တို့ ဘူးဆိုက်တို့တော့ ပြောင်းသပေါ့..
      သောက်ကြည့်တော့ မဆိုးပါဘူး ပေါ့… အော်ကိုတော့ လုံးဝမမီ..
      ကြာတော့ စိတ်ပျက်လာတယ်…
      ရမ်ဘို ကို ဟိုက်စကူးစကတ် ဝတ်ပေးထားတဲ့ပုံ မြင်ရသလို ခံစားရလို့…

      :mrgreen:

  • အောင် မိုးသူ

    September 15, 2015 at 9:45 am

    ခုတော့ ပြတ်သလောက်ဖြစ်သွားပြီ။
    မှတ်ချက်။ ။ ဘီယာ အရက်သောက်ရင်တော့ မသောက်ဘဲမနေနိုင်လို့ သောက်မိတယ်။

    • @QUIL@

      September 17, 2015 at 12:12 pm

      အဲ့ဒါ အတော်ဆိုးသဗျ..
      ကျုပ်မှာလည်း (ကိုရဲစည်စကားငှားပြောရရင်)
      မီးစ တဖက် ရေမှုတ်တဖက် အကျင့် က ရှိတယ်…
      သောက်ပဟေ့ဆိုရင် သောက်နေကျ စိကလက် ကုန်ရင်တောင်
      တွေ့ ကရာ ကောက်ဖွာတတ်တဲ့ အကျင့် က အတော်ဆိုး…
      နောက်နေ့မနက် မိုးလင်းရင် အရက်နာမကျရင်သာနေမယ် စိကလက် နာကျသဗျ…
      ဘာမှမလုပ်ရဘဲ မောနေသလိုလို…

      တွဲဖက်မသုံးဆောင်သင့်တဲ့ အဆိပ်တွေ ဆိုပါတော့ဗျာ..

  • Mike

    September 15, 2015 at 10:20 am

    .အင်ဒို သွားတုန်းက တစ်တောင့်ဝယ်လာသေးတယ်…မိတ်ဆွေတွေကိုပေးတော့ တချို့မကြိုက်ကြ

    • @QUIL@

      September 17, 2015 at 12:13 pm

      ခု ဘယ်သူတွေ ကြိုက်တယ် သိဘီမလား…
      မသွားတေးဝူးလား အင်ဒိုနီးရှား???

      :mrgreen:

  • ဦးကြောင်ကြီး

    September 15, 2015 at 10:39 am

    နဂါးနီဆေးပြင်းလိပ် သောက်ဖူးလား မွဋ်ထီး..

    • @QUIL@

      September 17, 2015 at 12:17 pm

      ဆေးပြင်းလိပ်က အိုလ်း ဘရန်ဒီ နဲ့မှ လိုက်တာဗျ…
      ကော့ညက် လေးနဲ့ဆိုလည်း မဆိုး..

      ရာသီဥတုက ကိုယ့်ဘက် မရှိပါဘူးလေ….
      ဂလောက်ပြင်းတဲ့ဟာတွေ ဇိမ်ခံဖို့ မော်ကျူရီထဲ သွား သောက်ရမလိုဖြစ်နေဘီ ဒီမြို့မတော့..
      (အဲ့လိုနဲ့ မော်ကျူရီထဲ မြန်မြန်ရောက်လိမ့်မယ်..)
      သောက်ဖူး..

  • Shwe Ei

    September 16, 2015 at 4:44 pm

    -ဆေးလိပ်ကျိုက်တဲ့လူဒေကို မသောက်ဖို့ ပျောတာထက်
    -လူလိုသိဖို့ ကန်ပိန်းလေး ဘာလေး လုပ်သင့်တာ
    -ဘတ်စ်ကားမှတ်တိုင်မှာသောက်တယ်
    -လမ်းသွားရင်းသောက်တယ်
    -လမ်းမပေါ်ကြုံရာ ပစ်ချတယ်
    -သလိပ်တဗျစ်ဗျစ် တံထွေး တဗျစ်ဗျစ် ကြုံသလို ထွေးတယ်
    -အဲကွန်းခန်းမှာတောင်(အထူးသဖြင့် စားသောက်ဆိုင်တွေမှာ) အုံးနှောက်မပါတဲ့ ရုပ်နဲ့ ဆေးလိပ်သောက်နေတဲ့ လူဒေရှိနေသေးတယ်
    -အာ့ကျောင့်…သောက်ချင်ရင်သောက်.. ဒါမဲ့ စည်းကမ်းရှိရှိသောက် ပေါ့လေ ..

    • @QUIL@

      September 17, 2015 at 12:21 pm

      စမုတ်ကင်း အေရိယာ တွေ လုပ်ပေးပေါ့ဗျာ..
      (ဖြုန်းတီးတယ်ဆိုပြီး မဆဲကြရလေအောင်)
      အဲ့ကုန်ကျစားရိတ် ပြန်ရအောင် စည်းကမ်းမဲ့ စမုတ် တဲ့လူတွေကို ဒဏ်ရိုက်ပေါ့
      ဆိုင်တွေမှာလည်း ဆေးလိပ်သောက်လို့ရတဲ့ စားပွဲ မရတဲ့စားပွဲ သပ်သပ်စီ ခွဲထား
      သောက်လို့ရတဲ့စားပွဲ ကို တေဘယ်ချာ့ဂျက်စ့် ပိုယူ (အငွေ့စုပ်စက် တပ်)

      အင်း… ဆေးလိပ်မသောက်ဖို့ ရေးရင်းကနေ
      ဆေးလိပ် မားကတ္တင်း ပိုစ့်ဖြစ်တော့မယ်… တော်သေးဘီ..

  • CharTooLan

    September 18, 2015 at 4:58 pm

    ဂုနောက်ဆုံး မန့်လေး မဆိုးဝူး
    ကျုပ် သမဒဖစ်ရင်အာ့မျိုးစီဇင်မယ်

Leave a Reply