သင့်အသည်းကို ထိခိုက်စေမည့် နေထိုင်မှုပုံစံ

mgsaiSeptember 16, 20151min1508
သင့်အသည်းကို ထိခိုက်စေမည့် နေထိုင်မှုပုံစံ

အထိုင်များခြင်း။

အထိုင်များတာဟာ အသည်းကိုထိခိုက်စေတဲ့အပြင် သွေးတိုး၊ဆီးချိုနဲ့ နှလုံးသွေးကြောကျဉ်းတာတွေ ဖြစ်စေတာမို့ သတိထားသင့်ပါတယ်။ သုံးနာရီလောက်ထိုင်ပြီးသွားရင် ငါးမိနစ်လောက် လမ်းလျှောက်ပေးပါ။

အထိုင်တော့မများဘူး ဒါပေမယ့် တစ်ချို့အလုပ်တွေ၊ နေထိုင်မှုပုံစံတွေဟာ လှုပ်ရှားမှု အရမ်းနည်းပါတယ်။ တောင်ကိုရီးယားနိုင်ငံက လေ့လာမှုတစ်ခုအရ အရက်နဲ့ဆေးလိပ်တွေ၊ဆေးတွေ ကြောင့်ဖြစ်တဲ့ အသည်းရောဂါပြီးရင် လှုပ်ရှားမှုနည်းတာကလဲ အသည်းအတွက် ထိခိုက်စေတဲ့ အချက်တစ်ခုပါ။

အသည်းရောဂါဆိုင်ရာ ထုတ်ဝေတဲ့ ဂျာနယ်တစ်ခုမှာ လူတစ်ယောက်ဟာ တစ်နေ့ကို ၁ဝ  နာရီထက်ပိုပြီး ထိုင်ခဲ့တယ်ဆိုတရင် သူဟာ အသည်းရောဂါဖြစ်နိုင်ခြေ ၉ ရာခိုင်နှုန်းပိုများပါတယ်။ တခြားရောဂါတွေ မပါသေးဘူးနော်။

အသက် ၄ဝ နီးပါး တောင်ကိုရီးယား အမျိုးသား၊အမျိုးသမီး တစ်သိန်းလေးသောင်းကျော်လောက် ဒီလေ့လာမှုမှာ ပါဝင်ခဲ့ကြပါတယ်။အဲဒီထဲကမှာ လေးသောင်းကျော်လောက်ဟာ အထိုင်များခြင်းကြောင့် အသည်းစတင်ထိခိုက်နေကြပါတယ်။

ဒေါက်တာ ဆောင်ဟိုရူးရဲ့ ပြောကြားချက်အရ ဒီထဲမှာ ပါဝင်ခဲ့တဲ့လူတွေဟာ ကျန်းမာရေးကောင်းသူတွေဖြစ်တယ် ဒါပေမယ့် သူတို့ဟာ ဝန်ထမ်းတွေဖြစ်တဲ့အတွက်ကြောင့် အထိုင်များကြတယ်။ လှုပ်ရှားမှုနည်းကြတယ့်အတွက် ထိခိုက်မှုတွေ ရှိတာပါ။

” ကျွန်မတို့ရဲ့ ခန္ဒာကိုယ်က လှုပ်ရှားဖို့အတွက် သဘာဝက ဖန်တီးပေးထားတာပါ။ အထိုင်များတာနဲ့ လှုပ်ရှားမှု နည်းတာကြောင့် ကြွက်သားတွေရဲ့ စရိုက်လက္ခဏာနဲ့ ကြံ့ခိုင်မှုကို လျှော့နည်းစေပါတယ်။ ဒါဟာ အဓိက အချက်တစ်ခုပါပဲ ” လို့ အင်္ဂလန်နိုင်ငံ နယူးကာဆယ် တက္ကသိုလ် ခန္ဒာကိုယ်ဖြစ်စဉ်နဲ့ ဘဝနေထိုင်မှုပညာရပ်ကျွမ်းကျင်သူ ဒေါက်တာ မိုက်ကယ် ထရန်နယ် ကပြောပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့ ဆေးမရှိပါဘူး။ အကောင်းဆုံးကတော့ မိမိရဲ့ ဘဝနေထိုင်မှုကို ပြောင်းလဲရပါမယ်။ နေ့ပိုင်းမှာ အထိုင်များရင် ညပိုင်းမှာ လေ့ကျင့်ခန်းကို အနည်းဆုံး နာရီဝက်လုပ်ပေးရမှာဖြစ်ပြီး တစ်ပါတ်ကို မိနဝ် ၁၅ဝ လောက်တော့ အချိန်ပေးသင့်ပါတယ်။ လှေကားတွေ အသုံးပြုတာနဲ့ လမ်းလျှောက်တာတွေကတော့ ထူးထူးခြားခြားလေ့ကျင့်ခန်းလုပ်ပေးစရာမလိုတဲ့ လေ့ကျင့်ခန်းပါ။(လမ်းလျှောက်တာကို လေ့ကျင့်ခန်းတစ်ခုအဖြစ် သတ်မှတ်လို့ရတယ်။ ဒါပေမယ့် တက်တက်ကြွကြွလျှောက်ရမယ်။ ဖြေးဖြေးလေး လမ်းလျှောက်တာက လေ့ကျင့်ခန်းလို့ သတ်မှတ်လို့မရပါဘူး)

အကောင်းဆုံးနည်းလမ်းကတော့ ထိုင်တဲ့အချိန်လျှော့ချပါ။ ရုံးမှာထိုင်ခဲ့ရင် အိမ်မှာ တီဗွီကြည့်တဲ့ အချိန်ကိုလျှော့ချပါ။ အလုပ်ချည်းအာရုံမထားဘဲ ကိုယ့်ကျန်းမာရေးအတွက်ကိုယ်စဉ်းစားပါ။ ဓါတ်လှေကားလျှော့သုံးပါ။ နီးတဲ့ခရီးဆို သင့်ကားကို ထားခဲ့ပြီး လမ်းလျှောက်သွားလိုက်ပါလို့ သူမက အကြံပြုထားပါတယ်။

ကိုးကား။

MSN: The Daily Habits That’s Hurting Your Liver

8 comments

  • ကထူးဆန်း

    September 17, 2015 at 9:16 am

    ကြို ဆိုပါတယ် ကိုစိုင်း

  • ဇီဇီခင်ဇော်

    September 17, 2015 at 1:46 pm

    သေချာပါပြီ။
    သများ အသည်းတွေ မကောင်းတော့ပါဘူး

    😥

    ~~

    Welcome Mg Sai

    :mrgreen:

  • ဝင့်ပြုံးမြင့်

    September 17, 2015 at 1:58 pm

    .ရွာကြီး ခြောက်နေတုန်း ရောက်လာတော့ ကြိုဆိုပါတယ် ပျော်ပျော်နေပါ ရွာထဲမှာ။

  • Crystalline

    September 18, 2015 at 1:39 pm

    အထိုင်များတာ..အခေါက်ထူတာလောက်ပဲသိတာ.. :mrgreenn: အသည်းပါထိခိုက်စေနိုင်တယ်ဆိုတော့… နားနားပြီးထိုင်ရမယ်.. :mrgreenn:
    ဦးလေးနဲ့အစ်မ၂ယောက်…အသည်းပြသနာဖြစ်ပြီးဆုံးသွားကြတယ်… သူတို့သုံးယောက်လုံး..အရက်သောက်သူတွေမဟုတ်ပေမယ့်.. ရေကိုလုံးဝမသောက်.. သံဗူးအချိုရည်အေးအေးမှသောက်သူတွေ… ရေခဲတုံးဝါးစားသူတွေ…ကိုယ်လည်းအချိုရည်တွေကြိုက်… ရေဆိုလည်း… မနက်မိုးလင်းစတောင် ရေခဲရေပဲသောက်တာ… တိုက်ဆိုင်တာဆိုစေအူး သူတို့ကိုယ့်ရှေ့သွားနှင့်ကြတာ.. သတိပေးသူတွေလည်းရှိရက်.. နားကိုမထောင်တာ.. ကျွတ်ချိန်တန်တော့… လွန်ခဲ့တဲ့၂..၃လလောက်က..ခုတင်၅၀ဝမှာ.. အသည်းအစားထိုးတယ်..လူနာကအသိအန်တီ…အလှူရှင်က..မေမြို့က ကလေးမငယ်ငယ်လေး… လူနာရောဂါအခံတွေကြောင့်.. မအောင်မြင်ဘဲလူနာဆုံးသွားတယ်… သွားကြည့်တဲ့မောင်ပြောပြတာနားထောင်ပြီး… ရေခဲရေပြတ်သွားတယ်… မဆိုင်လိုက်တာလို့တော့မပြောနဲ့.. လက်ညောင်းလို့ ဆက်မရေးတော့ဘူး… :loll: အခု..ရေခဲရေ…ဂက်စ်ပါတဲ့အချိုရည်လုံးဝရှောင်လိုက်ပြီ.. တခါတလေ.. ဘီယာသောက်တာကလွဲ.. :mrgreenn:

  • Mike

    September 24, 2015 at 11:47 am

    .မနက်အိပ်ရာထကနေ ဘရိပ်ဖတ်စ် မစားခင်ထိ ရိုးရိုးရေ ၁လီတာကုန်အောင်သောက်ပါတယ်
    .တစ်နေကုန်လည်းများများသောက်တယ်…
    .ရုံးမှာတော့ ထိုင်လုပ်နေရတော့တစ်နာရီတစ်ခါ လမ်းထလှေ ျာက်တယ်( အမှန်တော့ဆေးလိပ်ထွက်သောက်တာပါ :)) )

  • Ma Ma

    September 26, 2015 at 11:00 pm

    အထိုင်များတာက အသည်းကို ထိခိုက်စေနိုင်တယ်ဆိုတော့ ကြောက်စရာပါလား။
    လုပ်ငန်းသဘာဝအရရော၊ ပျင်းတာရောပေါင်းပြီး အထိုင်များတာ အနေအထိုင်ဆင်ခြင်မှ။ :e:

  • Alinsett @ Maung Thura

    September 30, 2015 at 1:58 am

    ကျုပ်လေးလည်း တစ်နေ့ ၂၄ နာရီမှာ ၁ဝ နာရီမက
    ကားထဲတင် အထိုင် များနေတာာာာာ
    အသည်းကတော့ ကောင်းချင်ယောင် ဆောင်နေတုန်း
    ဘယ်နေ့ မျက်နှာဖုံး ကွာကျမလဲပဲ

  • Shwe Ei

    October 1, 2015 at 4:29 pm

    -အိမ်က အမေလဲ အထိုင်များတာကြာလာတော့
    -အသည်းအဆီဖုံးတာ စဖြစ်နေဘီ
    -ဆရာဝန်က ဆေးလဲသောက်ခိုင်း…လမ်းလဲလျှောက်ခိုင်းတယ်..

Leave a Reply