ဘာရယ်တော့ မဟုတ်ပါဘူး။
သမ္မတကြီး ဦးသိန်းစိန် တို့ အစိုးရ ရဲ့ နိုင်ငံရေး၊ စီးပွါးရေး အတွက် ဒေါ်လာများစွာကြေးကြီး ပေး ငှားထား တဲ့
အမေရိကန်လော်ဘီ အဖွဲ့ကြီး ဘာတွေများ အလုပ်ရှုပ်နေကြသလဲ လို့ပါ။
.တော်ကြာ အစိုးရ လော်ဘီ ဆိုတော့ အတိုက်အခံ ကိုလဲ မသိမသာ ပညာတွေ ပြနေမစိုးလို့ မေးကြည့်တာပါ။
သူတို့ နဲ့ရောပြီး အသားထဲက လောက်မထွက် ကြပါစေနဲ့ လို့တော့ ဆုတောင်းပါတယ်။

FC01

အဝင်မတော် အမြီးတစ် နေရင် ခက်ရော

 

ဒီလောက် မဲစာရင်း က ဖြစ်ချင်သလိုဖြစ် ပွစာကြဲ အမှား တွေ ဖြစ်နေလဲ သက်ဆိုင်ရာ တာဝန်ရှိသူများ ဒီ အတိုင်း ငြိမ်နေကြတယ်။
. ရွေးကောက်ပွဲ လုပ်တာ ၁၉၉၀ မှာတစ်ခါ၊ ၂၀၁၀ မှာ တစ်ခါ ဘာမှ ပြသနာမရှိပြီးခဲ့တာဘဲ။
အခု တတိယအကြိမ် မှာ ဒီချုပ် ပြန်ပါလာတော့ မှ အမှောက်ပယောဂပူးတာ ကို သက်သေပြနေပြီ။
ဒီတစ်ခါ ရွေးကောက်ပွဲမှာ ပြည်ပ က ပညာရှင် တွေတောင် ပါလိုက်သေး။
. ခေတ်ကလဲ ကွန်ပျူတာ ကို ကလေးကစားသလို လွယ်လွယ်သုံးနိုင်တဲ့ အခြေအနေပါ။
ကိုယ့်တိုင်းပြည်ထဲ က မဲပေးခွင့်ရှိသူတွေ ကို စာရင်းစုထားဖို့ ဘာများခက်နေသလဲ။
ဒါကို တောင် အသေအချာကြီး ကို မှားအောင်လုပ်နိုင်တဲ့ အဖွဲ့ရဲ့ စွမ်းဆောင်ရည် က ယုံ နိုင်ဖွယ်မရှိတော့။
အဲဒီက နေ ရလာမဲ့ ရလာဒ် တွေ ကလဲ မှားတော့မှာအသေအချာဘဲ။
၊လေကြီး မိုးကြီး လုပ်ပြီး စောင့်ကြည့်နေတဲ့ အဖွဲ့များ ကလဲ မမြင်ကြဘူးလားမသိ။
တိုက်ရိုက်တာဝန်ရှိသူက ရူးချင်ယောင်ဆောင်နေလဲ သွယ်ဝိုက်တာဝန်ရှိသူများ က လဲ ငါနဲ့ မဆိုင်လုပ်နေတာ ရုပ်ဆိုးလွန်းလှပါတယ်။
ဒီအတိုင်းသာ ငုံ့ခံလက်စနဲ့ ခံလိုက်ကြပေဦး တော့။
မဲစာရင်းတွေ မှားလို့ ရွေးကောက်ပွဲ ကိုအကန့်အသတ်မရှိ ရွှေ့တယ်ဆို ဘာလုပ်ကြမတုန်း။ :roll:
အွန်လိုင်းပေါ်မှာ ဘဲ လေတိုက်ပွဲနွှဲကြတာပေါ့။
မဟုတ်လား။

About မြစပဲရိုး

Khin Latt has written 240 post in this Website..