အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၅ ( LV North Premium Outlet & Fremont Street Experience) ။

Foreign ResidentSeptember 17, 201516min1865

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၅

( LV North Premium Outlet & Fremont Street Experience) ။

 

၁၁ – ဝ၅ – ၂၀၁၄ ။

 

Caesars Palace Hotel မှာ Bacchanal Buffet စားပြီးတဲ့နောက် ၊

မဟေသီ ရဲ့ စိတ်ကြိုက် Las Vegas North Premium Outlet ကို သွားရမပေါ့ဗျာ ။

 

့ပြောရမယ်ဆိုရင် Caesars Palace Hotel ဟာ ၊

Las Vegas Strip ရဲ့ အလည်တည့်တည့်လောက်မှာ ရှိသဗျ ။

အဘလဲ Caesars Palace Hotel ရှေ့နားက ကုန်းကျော်လူကူးတံတားပေါ်ကနေ ၊

အဘတို့လာခဲ့တဲ့ Las Vegas Boulevard လမ်းမကြီးရဲ့ ၊

့တောင်ဘက်ခြမ်း နှင့် မြောက်ဘက်ခြမ်း ကို ဓါတ်ပုံတက်ရိုက်လိုက်သေးတယ် ။

 

15 ဒါကတော့ အဘတို့လာခဲ့တဲ့ Las Vegas Boulevard တောင်ဘက်ခြမ်း ။

15 ဒါကတော့ အဘတို့လာခဲ့တဲ့ Las Vegas Boulevard တောင်ဘက်ခြမ်း ။
15 ဒါကတော့ အဘတို့လာခဲ့တဲ့ Las Vegas Boulevard တောင်ဘက်ခြမ်း ။

 

15 ဒါကတော့ အဘတို့မရောက်သေးတဲ့ Las Vegas Boulevard မြောက်ဘက်ခြမ်း ။

15 ဒါကတော့ အဘတို့မရောက်သေးတဲ့ Las Vegas Boulevard မြောက်ဘက်ခြမ်း ။
15 ဒါကတော့ အဘတို့မရောက်သေးတဲ့ Las Vegas Boulevard မြောက်ဘက်ခြမ်း ။

 

15 Mirage Hotel နှင့် ညပိုင်းမှာ မီးတောင် ပေါက်ပြမယ့် ရေကန် ။

15 Mirage Hotel နှင့် ညပိုင်းမှာ မီးတောင် ပေါက်ပြမယ့် ရေကန် ။
15 Mirage Hotel နှင့် ညပိုင်းမှာ မီးတောင် ပေါက်ပြမယ့် ရေကန် ။

 

15 အဝေးက မြင်ရတဲ့ ယခင်က နာမည်ကျော် Treasure Island Hotel ။

15 အဝေးက မြင်ရတဲ့ ယခင်က နာမည်ကျော် Treasure Island Hotel ။
15 အဝေးက မြင်ရတဲ့ ယခင်က နာမည်ကျော် Treasure Island Hotel ။

 

15 အီတလီ နိုင်ငံ ဗင်းနစ်မြို့ စတိုင် Venetian Hotel ။

15 အီတလီ နိုင်ငံ ဗင်းနစ်မြို့ စတိုင် Venetian Hotel ။
15 အီတလီ နိုင်ငံ ဗင်းနစ်မြို့ စတိုင် Venetian Hotel ။

 

အဲ့ဒီ ဓါတ်ပုံရိုက်ပြီးတာနှင့် နောက်ထပ် ဟိုတယ် ၄ / ၅ လုံးလောက် ဆက်ကြည့်ပြီး ၊

Bus ကား နှင့် North Premium Outlet ကို ထွက်လာခဲ့ပါတယ် ။

လမ်းမှာတော့ အဘတို့ တည်းတဲ့ Stratosphere Tower Hotel ကို ဖြတ်လာခဲ့ပါတယ် ။

အချိန်မရှိတာနှင့် Hotel ထဲ မဝင် / မနားတော့ဘဲ တန်းထွက်လာခဲ့ပါတယ် ။

 

Las Vegas Down Town ရဲ့ အထိမ်းအမှတ် ၊

Welcome ဆိုင်းဘုတ်လေးကိုလဲ ဖြတ်လာခဲ့ပါတယ် ။

ဒီလောက် အဆောက်အဦးတွေ များနေတာတောင် ၊

အဆောက်အဦး အသစ်တွေ အများကြီး ထပ်ဆောက်နေတာ တွေ့နေရတယ် ။

ထပ်ဆောက်နေတဲ့ အဆောက်အဦးတွေ ရဲ့ ဒီဇိုင်းကလည်း အဆန်းကြီးရယ် ။

 

15 အဘတို့ တည်းတဲ့ Stratosphere Tower Hotel ကို အဝေးက မြင်ရပုံ ။

15 အဘတို့ တည်းတဲ့ Stratosphere Tower Hotel ကို အဝေးက မြင်ရပုံ ။
15 အဘတို့ တည်းတဲ့ Stratosphere Tower Hotel ကို အဝေးက မြင်ရပုံ ။

 

15 Las Vegas Down Town ရဲ့ အထိမ်းအမှတ် Welcome ဆိုင်းဘုတ်လေး ။

15 Las Vegas Down Town ရဲ့ အထိမ်းအမှတ် Welcome ဆိုင်းဘုတ်လေး ။
15 Las Vegas Down Town ရဲ့ အထိမ်းအမှတ် Welcome ဆိုင်းဘုတ်လေး ။

 

15 ထပ်ဆောက်နေတဲ့ အဆောက်အဦးတွေ ရဲ့ ဒီဇိုင်းကလည်း အဆန်းကြီးရယ် ။

15 ထပ်ဆောက်နေတဲ့ အဆောက်အဦးတွေ ရဲ့ ဒီဇိုင်းကလည်း အဆန်းကြီးရယ် ။
15 ထပ်ဆောက်နေတဲ့ အဆောက်အဦးတွေ ရဲ့ ဒီဇိုင်းကလည်း အဆန်းကြီးရယ် ။

 

အဘတို့ စီးလာတဲ့ STX Bus ဂိတ်ဆုံးမှာ Las Vegas North Premium Outlet ရှိပါတယ် ။

ထုံးစံအတိုင်းပါဘဲ ၊ Premium Outlet / Factory Outlet ထဲမှာ ၊

နာမည်ကြီး Brand တွေက စက်ရုံက တိုက်ရိုက်ထုတ်ဈေး နှင့် လာရောင်းနေတာပါ ။

 

မဟေသီ ကတော့ ခရီးစဉ် အစ Woodbury Common Premium Outlets မှာတုန်းက ၊

အချိန်မလောက်လို့ သိပ်မဝယ်လိုက်ရတာကို အတိုးချ ဝယ်နေပါတော့တယ် ။

ဒါတောင် Woodbury Outlets မှာတုန်းက ၊သူ နှင့် အဘ နှစ်ယောက်ပေါင်း ၊

ခရီးဆောင် သေတ္တာကြီး တစ်လုံးစာ ဝယ်ပြီးပြီ ။

 

ဒီတစ်ခါ ခရီးစဉ်မှာ Branded Hand Bag တွေ တော်တော်လေး ဝယ်ဖြစ်သွားတယ် ။

သူဝယ်နေတဲ့ ပမာဏကို ကြည့်ပြီး ၊ အဘလည်း အခြေအနေ မကောင်းဘူး ဆိုပြီး ၊

80cm Samsonite Hard Cover လက်တွန်းအိတ်ကြီး တစ်လုံး ထပ်ဝယ်လိုက်ရတယ် ။

 

ဟုတ်တယ်လေ သူ မဆန့်မပြဲ ဝယ်နေတဲ့ ပမာဏ က ၊

ဆစ်ဒနီကို လေယာဉ် နှင့်ပြန်ရင် သယ်ဖို့က အသာထားဦး ၊

အခုလောလောဆယ် ဟော်တယ် အပြန်အတွက်ကို သယ်မနိုင် ဖြစ်နေပြီ ။

 

ဒါကတော့ နာမည်ကျော် ” Coach ” Brand Hand Bag ဆိုင်ပါ ။

့ပြောရမယ်ဆိုရင် တစ်ဆိုင်လုံး လုယက်ဝယ်နေတာ တရုတ်ပုံစံတွေချည်းဘဲ ။

ထူးခြားတာက ဆိုင်က Cashier အဖြူတွေအားလုံးလဲ တရုတ်လိုပြောတတ်ကြတယ် ။

ပုံထဲက အဖြူ Cashier တွေက ဝယ်သူတွေ နှင့် တရုတ်လို မွတ်နေအောင် ပြောနေတာဗျား ။

အဘ ငွေရှင်းတဲ့ အလှည့်ကျတော့လည်း ၊ ဒင်းတို့က အဘကို တရုတ်ဘဲ မှတ်ပြီး ၊

တရုတ်လို လာပြောနေသေးဗျား ( ဒီကမှ တရုတ်လို မတတ်တဲ့ဟာကို ) ။

 

အဘမလဲ ၊ မဟေသီက ရွေးထားတဲ့ Hand Bag တွေ တို့လို့ တွဲလောင်း နှင့် ၊

့ငွေချေရမယ့်နေရာမှာ ဝင်တန်းစီပေးနေရတယ် ။

မဟေသီကတော့ သူကြိုက်တဲ့ အိတ်တွေ သွားရွေးလိုက် ၊

တန်းစီနေတဲ့ အဘ လက်ထဲကို သူရွေးပြီးတဲ့ တစ်အိတ်လာထည့်လိုက် ၊

သူကတော့ နောက်တစ်အိတ် ထပ်သွားရွေးလိုက်နှင့် ဟုတ်နေတာဘဲ ။

 

ဟုတ်တော့လည်း ဟုတ်ပါတယ် ။

အမေရိက Premium Outlet / Factory Outlet တွေက ဈေးပေါချက်က ၊

အဘတို့ ဩဇီက ဈေးတွေရဲ့ တဝက် / သုံးပုံ တစ်ပုံ လောက်ဘဲရှိတယ် ။

 

အဘတို့လဲ Premium Outlet ပိတ်ချိန် ညနေ ၅ နာရီလောက်မှဘဲ ပြန်ခဲ့ပါတော့တယ် ။

ပစ္စည်းတွေ တပုံတပင် နှင့်ဆိုတော့ Hotel ကိုဘဲ တန်းပြန်ရတာပေါ့ ။

ဒါတောင် မဟေသီက ကြုံးဝါးနေလေရဲ့ ၊ Las Vegas နှင့် Premium Outlet ကို ၊

့ဈေးဝယ်ဘို့အတွက်ချည်းဘဲ သပ်သပ် နောက်တစ်ခေါက်လာဦးမယ်တဲ့ ။

 

15 အဘတို့ စီးလာတဲ့ STX Bus ဂိတ်ဆုံးမှာ Las Vegas North Premium Outlet ရှိပါတယ် ။

15 အဘတို့ စီးလာတဲ့ STX Bus ဂိတ်ဆုံးမှာ Las Vegas North Premium Outlet ရှိပါတယ် ။
15 အဘတို့ စီးလာတဲ့ STX Bus ဂိတ်ဆုံးမှာ Las Vegas North Premium Outlet ရှိပါတယ် ။

 

15 နာမည်ကြီး Brand တွေက စက်ရုံက တိုက်ရိုက်ထုတ်ဈေး နှင့် လာရောင်းနေတာပါ ။

15 နာမည်ကြီး Brand တွေက စက်ရုံက တိုက်ရိုက်ထုတ်ဈေး နှင့် လာရောင်းနေတာပါ ။
15 နာမည်ကြီး Brand တွေက စက်ရုံက တိုက်ရိုက်ထုတ်ဈေး နှင့် လာရောင်းနေတာပါ ။

 

15 ပုံထဲက အဖြူ Cashier တွေက ဝယ်သူတွေ နှင့် တရုတ်လို မွတ်နေအောင် ပြောနေတာဗျား ။

15 ပုံထဲက အဖြူ  Cashier တွေက ဝယ်သူတွေ နှင့် တရုတ်လို မွတ်နေအောင် ပြောနေတာဗျား ။
15 ပုံထဲက အဖြူ Cashier တွေက ဝယ်သူတွေ နှင့် တရုတ်လို မွတ်နေအောင် ပြောနေတာဗျား ။

 

အဘတို့ တည်းတဲ့ Stratosphere Tower Hotel ကိုပြန်ရောက်တော့ ၊

ဝယ်လာတဲ့ ပစ္စည်းတွေ သိမ်းဆည်း ၊ ရေမိုးချိုးပြီး ခဏနား ၊

ညနေမှောင်စပျိုးတဲ့ အချိန်မှာ ပြန်ထွက်လာခဲ့ကြပါတယ် ။

 

Las Vegas ရဲ့ Down Town က Fremont Street Experience ဆိုတဲ့ ၊

လမ်းတောက်လျှောက် TV အမိုးမိုးထားတဲ့ နာမည်ကျော်လမ်း ရဲ့ ၊

ညရှုခင်း ကို သွားကြည့်ကြမလို့ပါ ။

 

Las Vegas ရဲ့ Fremont Street Experience လမ်းတစ်လျှောက်မှာတော့ ၊

့မြန်မာပြည်က ဘုရားပွဲအတိုင်း လူတွေ စည်ကားနေတာပါဘဲ ။

လမ်းတောက်လျှောက်က TV အမိုးမှာလဲ ဒီဇိုင်း မျိုးစုံ ပြောင်းလဲ ပြီး ၊

တစ်ခါတစ်လေ MTV ဆန်ဆန်တွေလဲ ပြနေပါတယ် ။

 

15 ဒါကတော့ Las Vegas ရဲ့ Fremont Street Experience အဝင်ဝ ပါ ။

15 ဒါကတော့ Las Vegas ရဲ့ Fremont Street Experience အဝင်ဝ ပါ ။
15 ဒါကတော့ Las Vegas ရဲ့ Fremont Street Experience အဝင်ဝ ပါ ။

 

15 လမ်းတောက်လျှောက်က TV အမိုးမှာလဲ ဒီဇိုင်း မျိုးစုံ ပြောင်းလဲ ပြီး 1

15 လမ်းတောက်လျှောက်က TV အမိုးမှာလဲ ဒီဇိုင်း မျိုးစုံ ပြောင်းလဲ ပြီး 1
15 လမ်းတောက်လျှောက်က TV အမိုးမှာလဲ ဒီဇိုင်း မျိုးစုံ ပြောင်းလဲ ပြီး 1

 

15 လမ်းတောက်လျှောက်က TV အမိုးမှာလဲ ဒီဇိုင်း မျိုးစုံ ပြောင်းလဲ ပြီး 2

15 လမ်းတောက်လျှောက်က TV အမိုးမှာလဲ ဒီဇိုင်း မျိုးစုံ ပြောင်းလဲ ပြီး 2
15 လမ်းတောက်လျှောက်က TV အမိုးမှာလဲ ဒီဇိုင်း မျိုးစုံ ပြောင်းလဲ ပြီး 2

 

15 တစ်ခါတစ်လေ MTV ဆန်ဆန်တွေလဲ ပြနေပါတယ် ။

15 တစ်ခါတစ်လေ MTV ဆန်ဆန်တွေလဲ ပြနေပါတယ် ။
15 တစ်ခါတစ်လေ MTV ဆန်ဆန်တွေလဲ ပြနေပါတယ် ။

 

လမ်းတောက်လျှောက်မှာ ပိုက်ဆံရဖို့ Performance ပြနေသူတွေ ၊

ပိုက်ဆံယူပြီး ဓါတ်ပုံတွဲရိုက်ဖို့ ထူးထူးခြားခြား ပြင်ဆင်ထားသူတွေ ပြည့်နေတာဘဲ ။

အမျိုးသမီးတွေ ဓါတ်ပုံတွဲရိုက်နိုင်အောင်အတွက်ကတော အမျိုးသား Model တွေနှင့်ပေါ့ ။

တစ်ချို့ Casino တွေက အမျိုးသမီး ဧည့်ကြို တွေကလည်း ဧည့်ဆွယ်နေကြ ။

Free Performance အနေနှင့် အပီအပြင်ကို သီချင်းဆိုနေကြတာတွေလဲတွေ့ရတယ် ။

စင်ကြီးနှင့် တီးဝိုင်းနှင့် အပီအပြင်ကို သီချင်းဆိုနေကြတာ ၂ စင်လောက်တွေ့တယ် ။

သူတို့အတွက် စားရိတ်စက ပိုက်ဆံကို ဘယ်သူ ခံလဲ / ဘယ်က ပေးလဲ မသိ ။

 

15 တစ်ချို့ Casino တွေက အမျိုးသမီး ဧည့်ကြို တွေကလည်း ဧည့်ဆွယ်နေကြ ။

15 တစ်ချို့ Casino တွေက အမျိုးသမီး ဧည့်ကြို တွေကလည်း ဧည့်ဆွယ်နေကြ ။
15 တစ်ချို့ Casino တွေက အမျိုးသမီး ဧည့်ကြို တွေကလည်း ဧည့်ဆွယ်နေကြ ။

 

15 အမျိုးသမီးတွေ ဓါတ်ပုံတွဲရိုက်နိုင်အောင်အတွက်ကတော အမျိုးသား Model တွေနှင့်ပေါ့ ။

15 အမျိုးသမီးတွေ ဓါတ်ပုံတွဲရိုက်နိုင်အောင်အတွက်ကတော အမျိုးသား Model တွေနှင့်ပေါ့ ။
15 အမျိုးသမီးတွေ ဓါတ်ပုံတွဲရိုက်နိုင်အောင်အတွက်ကတော အမျိုးသား Model တွေနှင့်ပေါ့ ။

 

15 Free Performance အနေနှင့် အပီအပြင်ကို သီချင်းဆိုနေကြတာတွေလဲတွေ့ရတယ် 1

15 Free Performance အနေနှင့် အပီအပြင်ကို သီချင်းဆိုနေကြတာတွေလဲတွေ့ရတယ် 1
15 Free Performance အနေနှင့် အပီအပြင်ကို သီချင်းဆိုနေကြတာတွေလဲတွေ့ရတယ် 1

 

15 Free Performance အနေနှင့် အပီအပြင်ကို သီချင်းဆိုနေကြတာတွေလဲတွေ့ရတယ် 2

15 Free Performance အနေနှင့် အပီအပြင်ကို သီချင်းဆိုနေကြတာတွေလဲတွေ့ရတယ် 2
15 Free Performance အနေနှင့် အပီအပြင်ကို သီချင်းဆိုနေကြတာတွေလဲတွေ့ရတယ် 2

 

 

အပြင်ဖက်က အရက်ဘားစားပွဲတွေပေါ်မှာတော့ ၊

ဘီကီနီ နှင့် သမီးလေးတွေ လမ်းလျှောက်နေလေရဲ့ ။

အဲ့ဒီ အရက်ဘားစားပွဲတွေမှာ သောက်နေကြသူတွေလဲ အပြည့် ။

ဗမာလို အယူဆိုရင် ၊ ဘုန်းကံတွေ နိမ့်ကုန်တော့မှာဘဲ ။

 

ည ၉ နာရီ ကျော်လောက်မှာတော့ အဘတို့လည်း မိုးလင်းကနေ မိုးချုပ် ၊

တစ်နေကုန် လမ်းလျှောက်နေရတာဆိုတော့ အရမ်းပင်ပန်းလာပြီး ၊

အဘတို့ တည်းတဲ့ Hotel ကိုဘဲပြန်ပြီး အနားယူလိုက်ပါတော့တယ် ။

 

.တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

15 အရက်ဘားစားပွဲတွေပေါ်မှာတော့ ဘီကီနီ နှင့် သမီးလေးတွေ လမ်းလျှောက်နေလေရဲ့ 1

15 အရက်ဘားစားပွဲတွေပေါ်မှာတော့ ဘီကီနီ နှင့် သမီးလေးတွေ လမ်းလျှောက်နေလေရဲ့ 1
15 အရက်ဘားစားပွဲတွေပေါ်မှာတော့ ဘီကီနီ နှင့် သမီးလေးတွေ လမ်းလျှောက်နေလေရဲ့ 1

 

15 အရက်ဘားစားပွဲတွေပေါ်မှာတော့ ဘီကီနီ နှင့် သမီးလေးတွေ လမ်းလျှောက်နေလေရဲ့ 2

15 အရက်ဘားစားပွဲတွေပေါ်မှာတော့ ဘီကီနီ နှင့် သမီးလေးတွေ လမ်းလျှောက်နေလေရဲ့ 2
15 အရက်ဘားစားပွဲတွေပေါ်မှာတော့ ဘီကီနီ နှင့် သမီးလေးတွေ လမ်းလျှောက်နေလေရဲ့ 2

 

15 အဘတို့ တည်းတဲ့ Stratosphere Tower Hotel ရဲ့ ည အလှ ။

15 အဘတို့ တည်းတဲ့ Stratosphere Tower Hotel ရဲ့ ည အလှ ။
15 အဘတို့ တည်းတဲ့ Stratosphere Tower Hotel ရဲ့ ည အလှ ။

5 comments

  • ဇီဇီခင်ဇော်

    September 17, 2015 at 2:18 pm

    မဲ ကို အဲလို ဆွယ်ရင် ကောင်းမလားမသိ။
    ခိခိ.။

    :mrgreenn:

  • kai

    September 17, 2015 at 2:45 pm

    အမေရိကားမှာ.. သိပ်များများမရှိတဲ့.. ပြည့်တန်ဆာတရားဝင်နေရာတခုပေါ့…။
    ဒါတောင်… နဗားဒါးပြည်နယ်.. မြို့နယ်အကုန်မဟုတ်.. တချို့နေရာတွေသာ..။
    ဆိုတော့…
    မျက်လှည့်… အော်ပရာ.. ဆက်ကပ်.. သီးချင်းဆိုစတေချ့်ရှိုး.. တော့ပလက်. ခုနှစ်လွှာ.. စတာတွေမကြည့်ခဲ့ဖူးလား…။ :k:

  • ဝင့်ပြုံးမြင့်

    September 18, 2015 at 1:04 am

    .နတ်ပြည်လိုပဲ။

    • kai

      September 18, 2015 at 5:06 am

      ပိုက်ပိုက်ရှိရင်.. အဲဒီ sin City ကနတ်ပြည်ပေါ့..။ လိုချင်တာအကုန်ရ..။

      မြန်မာမိသားစု ၁၀ဝ မကအဲဒီမြို့မယ်နေတယ်…။
      ဒေါ်လာသန်းချီတန်တဲ့.. မြန်မာဘုန်းတော်ကြီးကျောင်းရှိတယ်..။ ဆရာတော်က မြန်မာဘုန်းကြီး.. အဓိကအလှူရှင်တွေက.. ထိုင်းလူမျိုးတွေ…။

      ဆိုတော့….
      သဲကန္တာရအလယ်က..ဘာဆိုဘာမှမရှိတဲ့.. မြို့လေးကို အဲလိုဖြစ်အောင်လုပ်လိုက်နိုင်တဲ့.. လူသားအစွမ်း… နိုင်ငံရေးပေါ်လစီ.. အတုခိုးဖို့သင့်တာပေါ့…။
      မြန်မာပြည်မယ်.. ထိုင်းမြန်မာနယ်စပ်… မြို့လေးတမြို့…။
      အိန္ဒိယမြန်မာနယ်စပ်..ချင်း မြို့လေးတမြို့ကို.. အဲလိုဖြစ်အောင်.. ပေါ်လစီချပြီး.. လုပ်သင့်…။
      ဘာမှထူးမခက်…
      လူ့သည်းချေကြိုက်.. ပြည့်တန်ဆာ.. လောင်းကစားကို လိုင်စင်ချ… ခွင့်ပြုလိုက်ယုံ…။
      အဆစ်အနေနဲ့.. ဆေးခြောက်ပါတရားဝင်သုံးစွဲခွင့်နဲ့.. လိင်တူလက်ထပ်ခွင့်ပါပေးလိုက်…။
      တကမ္ဘာလုံးက.. ငွေတွေလာပေးကြလိမ့်..။ :k:

  • Shar Thet Man

    June 28, 2018 at 2:36 pm

    ရောက်ဖူးချင်လိုက်တာ… အမေရိကားသွားတိုင်းလည်း brand တွေက outlet တွေများတယ်နော်….

Leave a Reply