သင့်ဆံပင်တွက်ဗဟုသုတလေးပါ

etoneAugust 26, 20101min973

တစ်နေ့ကို ကြိမ်ဖန်များစွာ ခေါင်းဖြီးရင် ဆံပင်ကျန်းမာသန်စွမ်းတယ် ထင်နေသလား။
ဆံပင်အဖျားတိတိပေးရင် ဆံပင်အရှည်မြန်တယ်ဆိုတာကော တကယ်ပဲလား။သင့်ဆံပင်
နဲ့ ပတ်သက်တဲ့ ကြားဖူးတဲ့အချက်တွေ မှန်ရဲ့လား။တကယ့်အမှန်တရားတွေကေ

ကာဘာ
လဲဆိုတာသိချင်ရင် ဒီဆောင်းပါးကို ဖတ်ကြည့်သင့်ပါတယ်။

၁။ ဆံပင်အဖျားတွေ တိတိပေးရင် ဆံပင်ရှည်နှုန်းမြန်စေသလား။
မဟုတ်ပါဘူး။ ဆံပင်အဖျားတိတိ၊ မတိတိဆံပင်အရှည်တစ်လကိုလက်မဝက်လောက်
ပိုတိုးလာလေ့ရှိပါတယ်။ နွေရာသီမှာ ဆံပင်ရှည်နှုန်း ပိုမြန်တတ်ပါတယ်။
ဆံပင်တိပေးလို့
ပိုုရှည်လာတာမဟုတ်ပါဘူး။ ဟော်မုန်း တွေကြောင့် ပါ။ ဆံပင်တိပေးခြင်းအားဖြင့်
ဆံပင်
နှစ်ခွဖြစ်တာတွေကိုသာ ဖယ်ရှားပေးပြီး ဆံပင်ကျန်းမာ လှပစေနိုင်ပါတယ်။

၂။ စိတ်ဖိစီးမှုက ဆံပင်ပို ကျွတ်စေနိုင်သလား။

ဆံပင်တွေဟာအချိန်တိုင်းလိုလိုကျွတ်နေတတ်ပြီးပုံမှန်အနေနဲ့တစ်နေ့ကိုဆံပင်ပေါင်း
၅ဝ မှ ၁၂ဝ ချောင်းကြား ကျွတ်လေ့ရှိပါတယ်။သင့်ဘဝအတွက် ကြီးကျယ်တဲ့ပြောင်းလဲ
မှုတွေ ( ဥပမာ – အိမ်ထောင် ပျိုကွဲခြင်း၊ အလုပ်ပြုတ်ခြင်း၊ ခွဲစိတ်ကုသမှု
ခံယူခြင်း) တို့
ကြောင့် အလွန်အမင်း စိတ်ဖိစီးမှုခံနေရပါက ဆံပင်ပိုကျွတ်လာနိုင်ပါတယ်။ဆံပင်ကျွတ်
ရခြင်းရဲ့ တခြားအကြောင်းတွေကတော့ ကိုယ်ဝန်ဆောင်ခြင်းနဲ့ ပဋိဇီဝပိုးသတ်ဆေးတို့
ကြောင့်ပဲ ဖြစ်ပါတယ်။

၃။ ခေါင်းလျှော်ရည်တွေ ပြောင်းသုံးပေးရင် ဆံပင်ပို ကျန်းမာသန်စွမ်းလာနိုင်သလား။
ဆံပင်ရှည်တွေကတော့ ခေါင်းလျှော်ရည်တွေကိုဒီနေ့တစ်မျိုး၊နောက်နေ့တစ်မျိုးနဲ့ခဏ
ခဏပြောင်းသုံးတာကို အားမပေးပါဘူး။ သင်သုံးနေတဲ့ခေါင်းလျှော်ရည်နဲ့ အဆင်မပြေ
တာတွေ ( ဥပမာ – ဆံပင်ကျွတ်ခြင်း၊ ဗောက်ထခြင်း) ဖြစ်မှ တခြား တံဆိပ်ပြောင်းသုံး
သင့်ပါတယ်။ ဗောက်ထတတ်တဲ့ သူဆိုရင်လည်းဗောက်ပျောက်တဲ့ခေါင်းလျှော်ရည်ကို
တစ်ပတ်တစ်ခါ၊ နှစ်ပတ်တစ်ခါလောက်တော့ ပြောင်းသုံးသင့်ပါတယ်။ ပုံမှန်အနေနဲ့က
တော့ ကိုယ်နဲ့အဆင်ပြေတဲ့ ခေါင်းလျှော်ရည် တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲ
သုံးသင့်ပါ
တယ်။

၄။ ဆံပင်ဖြူတစ်ချောင်းနှုတ်ရင် နောက်ထပ်ဆံပင်ဖြူ
နှစ်ချောင်း၊သုံးချောင်းအစားထိုး
ပေါက်လာတတ်သလား။
မဟုတ်ဘူးဆိုပင်မယ့် ဆံပင်အဖြူကို ဆွဲနုတ်တာ မကောင်းတဲ့အကျင့်ပါ။ ဆံပင်အ
မြစ်တွေကို ဖျက်ဆီးလိုက်သလို ဖြစ်ပြီး ရောဂါပိုးတွေဝင်လာနိုင်ကာအမာရွတ်ကျန်စေ
နိုင်ပါတယ်။

၅။ ဆံလုံးသေးပြီးပါးတဲ့ ဆံပင်ကို ဆံပင်အုံထူအောင် လုပ်လို့ရသလား။
အမြင်အားဖြင့်တော့ အုံထူတ ဲ့ပုံစံဖြစ်အောင်တော့ အုံထူတဲ့ပုံစံဖြစ်အာင်
လုပ်နိုင်ပါ
တယ်။ဆံပင်လိပ်တံနဲ့ အပူပေးကာ ဖွလိုက်ရင်ငါးမိနစ်အတွင်းဆံပင်အုံထူထူလေးဖြစ်
လာနိုင်ပါတယ်။

၆။ သန့်ရှင်းစင်ကြယ်တဲ့ ဆံပင်ရဖို့ ခေါင်းလျှော်ရာမှာ
နှစ်ခါပြန်လျှော်သင့်သလား။
မလိုပါဘူး၊ ဆံပင်အနှံ့ ခေါင်းလျှော်ရည်ထည့်ကာ အသေအချာခေါင်းလျှော်လိုက်ရင်
တစ်ခါတည်းနဲ့ သန့်ရှင်းသွားပါလိမ့်မယ်။

၇။ ခေါင်းလျှော်ပြီး အရမ်းအေးတဲ့ ရေနဲ့ ဆေးချလိုက်ရင် ဆံပင်သား တောက်ပြောင်
သွားနိုင်သလား။
သင့်အနေနဲ့ အိပ်ချင်တော့ ပြေသွားပင်မယ့် ရေခဲရေနဲ့ဆံပင်သားတောက်ပြောင်
တာ အဆက်အစပ်မရှိဘူးလို့သာ ဆိုပါရစေ။

၈။ ဆံပင်နှစ်ခွကွဲတာ ပျောက်ဆေးရှိသလား။
ဆံပင် နှစ်ခွကွဲတာ မမြင်ချင်ရင် ညှပ်ပစ်ဖို့ပဲ ရှိပါတယ်။ ဆံပင်နှစ်ခွ
ကွဲပြီးသားကို
ပျောက်အောင်လုပ်ဖို့ မဖြစ်နိုင်ပေမယ့်နှစ်ခွမကွဲအောင် ကာကွယ်လို့တော့ရပါတယ်။
ခြောက်သွေ့ပျက်စီးနေတဲ့ ဆံကေသာအတွက် ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်
ကိုသာရွေးသုံးသင့်ပါတယ်။

၉။ ဆံပင် အရောင် ဆိုးခြင်းဟာ ဆံပင်ကို ပျက်စီးစေတဲ့ အဓိက အကြောင်း အရင်း
လား။
အခုနောက်ပိုင်း ထွက်ရှိလာတဲ့ ဆံပင်ဆိုးဆေးတွေဟာ သိပ်မပြင်းတော့ တဲ့အ
တွက် ဆံပင်အသားကို ထင်သလောက် မပျက်စီးစေနိုင်ပါဘူး။ ဆိုးဆေးအကောင်း
စားကို ရွေးသုံး ဖို့တော့လိုပါတယ်။ ဆံပင်ဆေးဆိုးတာ ထက်စာရင် ဖြောင့်တာတို့၊
ကောက်တာတို့ လုပ်တာက ဆံပင်ကို ပိုပျက်စီးစေပါတယ်။

၁၀။ နေ့စဉ် အကြိမ်တစ်ရာလောက် ခေါင်းဖြီးရင် ဆံပင်သန်စေနိုင်သလား။
မဟုတ်ပါဘူး။ ဆံပင်သပ်ရပ်နေအောင်ခေါင်းဖြီးသင့်ပါတယ်။ ဆံပင်သန်တာနဲ့
ဘာမီမဆိုင်ပါဘူး။ ခေါင်းအရမ်းဖြီးလွန်းမှ ဆံပင်တွေက ိုအမြစ်ကနေ ဆွဲလိုက်သ
လိုဖြစ်ပြီး ဆံပင်အားတောင် နည်းသွားစေ နိုင်ပါတယ်ဟု Good Health ဂျာနယ်
တွင်ဖော်ပြထားပါသည်။

3 comments

  • chitsayar

    August 26, 2010 at 3:12 pm

    တော်သေးတယ် ဒီက ဖိုးသူတော်ဖြစ်နေလို ့

  • ရွှေထား

    September 5, 2010 at 7:17 am

    ဆံပင်မြတ်နိုးသူပါ …
    ခုလို ဗဟုသုတဝေမျှလို့ ကျေးဇူးပါ

  • Gong Zhu

    September 15, 2010 at 1:31 am

    ဆံပင်နှစ်ခွဖြစ်ရင် ဘာကိုမကောင်းဘုူးလဲ ၊? ? ?

Leave a Reply