South ၃မက ျ တင်အေးလဒ

အခြေအနေ မကောင်းဗူး.. ရွေးကော ်အုတ်ကထ အူးတင်အေး ပြုတ်တော့မည်။ ဗိုလ်စုတ်မှူးဂ ျီး အူးသမ်းရွှေက ရွေးဂေါက်ပွဲရွှေ့ဖို့ ထိုးကျွေးမှာ…။ ၂၀၁၆ထဲမှ ရွေးဂေါက်ပွဲ ဖြစ်မဲ။ ရွေးဂေါက်ပွဲ အုပဒေ ပြန်ပြင်လိပ်မဲ.. အဲဒမှာ ပြည်ပရောက် နာမည်ကြီး ဒီမိုတွေအတွက် လမ်းဖွင့်ပေးလိပ်မဲ… ရှစ်ပူးမ ျားလည်း သူတို့ ရပ်တည်ခ ျက် ပြန်သုံးသပ်ကြလိမ့်မည်။ အူးရွှေမောင်းတို့လို့ နိုင်ငံသား ပြသနာတက်နေသူတွေဒေါ့ သိပ်မလွယ်။ တပ်တွင်း မငြိမ်မသက်မှု ဖြစ်နိုင်ခေ ျ ပိုမြှားလာသည်။ ဆန်၊ ဆီ၊ ရိက္ခာခြောက်မ ျား စုထားပါ။ ရုတ်ခြည်း အပြောင်းအလဲနှင့်အတူ မဘသ နေဝံခ ျိန် နီးလာပြီ သို့သော ် မီးစာကုန်နီး ပိုတောက်တတ်သည်ကို သတိပြု ..။ ဘယ်လိုငြိမ်းမလဲ… ရေသောက်မြစ် ပြတ်လ ျင် ဒင်းတို့ နားကားပြီ။ အာရုံ မလွဲကြနဲ့.. တိုက်ပွဲကို ကြိုဆိုကြ.. သူရဲကောင်း အသစ် ထွေးပွေ့ကြ.. ။ အသံနဲ့အလံကိုစောင့်… သေခြာတာဒေါ့ ဘွားဒေါ်အသံနဲ့ အန်အယ်လ်ဒီအလံ မဟုတ်..။ အောင်ဗွဲဆိုဒါ အနိုင်ယူရဲသူမြှား အတွက်သာ… ။  အိမ်မက်အရ ဦးကြောင်ကြီး (ငါကွ)

မီးတုတ် မီးတုတ် ရှို့ရှို့.. ခိုနီခိုနက် အလိုမယှိ.. သပ်ခေ ျာင်လေဆိတ် တေပါစေ..
မီးတုတ် မီးတုတ် ရှို့ရှို့..
ခိုနီခိုနက် အလိုမယှိ..
သပ်ခေ ျာင်လေဆိတ် တေပါစေ..

ဤစာကို ဆယ်စောင် ဖြန့်သူ ရွာသားတအူး ပွိုင့်တသိန်း ရသွားသည်။။။

 

15 comments

  • မြစပဲရိုး

    September 19, 2015 at 2:34 pm

    {{{ သူရဲကောင်း အသစ် ထွေးပွေ့ကြ.. ။ }}}
    နီ အစ်ကိုကြီး ကို ပြောသလား။
    .ရွှေပြည် ထဲ ပြန်ဝင်ချင်လို့ ညှိ နေတယ်ကြားတယ်။ :-))))

  • @QUIL@

    September 19, 2015 at 2:50 pm

    တပါတီအာနာရှင် ကြိုးကိုင်စနစ် ဘုရားသခင်နိုင်ငံရေး ကို ဝန်းရံဂျ….

  • kai

    September 19, 2015 at 3:51 pm

    ကိုမိုးသီးတယောက်ပဲ.. မြန်မာပြည် ဒီလိုဖြစ်နေတာ.. ဘာသာရေးပယောဂ. ကောင်းကောင်းပါတယ်လို့.. အစောကြီးကထဲက.. သိပုံရတယ်…။
    တခြား.. ထိပ်ပိုင်းထဲက… တယောက်မှမတွေ့မိသေး..။
    … ဒေါ်စုအပါအဝင်ပေါ့…။

    ဆိုတော့…
    သူ့ကိုတော့.. တခြားလုပ်နေသူတွေထက်စာရင်.. နည်းနည်းပိုယုံသဗျ..။

    • မြစပဲရိုး

      September 19, 2015 at 4:14 pm

      ကျွန်မ က သူ့ကို လုံးဝ အထင်မကြီးပြီး မယုံ တော့ Draw ပေါ့ ရှင်။

      ပွဲလန့်ဖို့ လုပ်ပြီး ဖျာခင်း ဖို့ လုပ်သလားတောင်မှ ထင်ရတယ်။
      လက်ပံတန်း ကျောင်းသားကိစ္စမှာလဲ ကျွန်မ သံသယ ရှိနေပြီးသား။
      တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်တပ်ကြား သွေးကွဲ ခဲ့ရတာလဲ အဲဒီ Third Party ကြောင့်ပါဘဲ။
      အကြောင်းအမျိုးမျိုး စုံလို့ ဒေါ်အောင်ဆန်းစုကြည် က တစ်ဖက် ကို ပေါင်းရမှာဆိုရင် လက်ရှိ အစိုးရ က လူ တွေ နဲ့ ဘဲ ပေါင်းသင့်ပါတယ်။
      ကိုမိုးသီးဇွန် တို့ ကတော့ ရာဇဝင်ထဲ မှာ ဘဲ နေခဲ့ ကြပါတော့။
      သူတို့ ဝင်လာပြီး နေရာယူ တော့မယ် ဆိုရင်တော့ I am out ပါ။ :-)))

      ဘယ်လိုလဲ …
      အခု ကျွန်မ ကို ရွာပြင် နှင်ထုတ်ချင်ပြီလား သူကြီးမင်း။ 😉

      • kai

        September 19, 2015 at 4:39 pm

        ပြည်ခိုင်ဖြိုးပါတီက.. သူ့၂၅%နဲ့.. တမတ်သား၂၅%ပေါင်းပြီး..အစိုးရဖွဲ့နိုင်မယ်လို့.. တွက်ထားတယ်..။
        ဒါပေမယ့်… ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်တပ်ကြား သွေးကွဲနေတယ်လို့တော့.. တယ်မထင်…။

        စောင့်ကြည့်ကြတာပေါ့…။
        ဒေါ်စုနောက်မှာ.. ကန်င်ပိန်းကောင်းကောင်းလုပ်စားခဲ့တဲ့သူတွေ…ရှိနေပါတယ်..။ :k:

        စိတ်မပူပါနဲ့..။
        အမေရိကန်ဖြစ်နေတဲ့.. ကိုမိုးသီးတို့အုပ်စုတွေဟာ.. မြန်မာပြည်မှာ.. နေရာယူဖို့.. နေရာမရှိ..။

        • မြစပဲရိုး

          September 19, 2015 at 5:50 pm

          I am out ဆိုတဲ့ စကား နဲ့ ကိုမိုးသီးကို စော်ကားသလိုဖြစ်သွားတာ တွေးမိလို့ ကျွန်မ တောင်းပန်ပါတယ်။
          (မိန်းမ ဆိုတော့လဲ အမျိုးမျိုး စိတ်ပြောင်းတတ်တာပေါ့ ဆိုချင်သေးလား ကြောင်ကြောင်။ lol:-)) 😉 )
          ဒီဘက်က အသိုင်းအဝိုင်းထဲက တစ်ယောက်က ကိုမိုးသီး မြန်မာပြည်သား ပြန်ခံယူဖို့ အတွက် လဝက နဲ့ ညှိနှိုင်းနေသတဲ့။
          ဘယ်လောက်ခိုင်လုံလဲတော့မသိဘူးပေါ့။

          အခုလောလောဆယ်မှာတော့ “ကမ္ဘာမကြေဘူး၊ ဒီမိုကရေစီတိုက်ပွဲတွင်းမှာ ကျဆုံးသော” ဆိုတဲ့ သီချင်း ကိုလဲ ပြန်မတွေးလိုတော့ပါဘူး။
          လက်ရှိကာလ ထဲ မှာ အဘက်ဘက်က ဘာမှ လှုပ်မရတဲ့ ပြည်သူတွေ အတွက် ဘာဟာ အကောင်းဆုံး နည်းလမ်းဖြစ်နိုင်လဲဘဲ တွေးမိနေတာပါ။

          ဒီချုပ် မနိုင်လို့ ကျွန်မ လဲ ဘာမှ မဖြစ်ဘူး။
          .ဒေါ်အောင်ဆန်းစုကြည် လဲ သူ့ သမိုင်း ကို ကောင်းအောင်ရေးခဲ့ပြီးပါပြီ။ ဆက်ပြီး ကောင်းဖို့ လမ်း ကိုဘဲ သူရွေးမှာပါ။
          လူတွေရဲ့ အမြင်ပေါင်းများစွာ ထဲ ကျွန်မ မြင်သလို မမြင်နိုင်သူ တွေ ကိုလဲ အပြစ်မတင်လိုပါဘူး။

          မနေ့ က တင်ထားတဲ့ ပုံထဲ က “ရင်မှာစွဲလမ်း ဦးတင့်ဆန်း” ဆိုင်းဘုတ် ကိုင်ထားတဲ့ သူ ကို ကြည့်ပြီး ကျွန်မ စိတ်မတို ရက်ခဲ့ပါဘူး။
          စိတ်ထဲမှာတော့ အတွေးတွေ အများကြီးပါ။
          ဒီ ဆိုင်းဘုတ် ရဲ့ အဓိပ္ပါယ်ထက် သူ့အတွက် နဲ့ မိသားစု အတွက် ဝမ်းဖြည့် နိုင်ဖို့ ကိုဘဲ စိတ်ဝင်စားမှာပါ။
          ကျွန်မလဲ သူ့နေရာမှာဆို ဘယ်လောက် အဝေးကြီးထိ ကြည့်နိုင်မှာလဲ။
          ဒါပေမဲ့ ကျွန်မ နေရာမှာဆိုရင် သူလို လူတွေ အများကြီး ကို ကြည့်ပြီး နေလို့ ရနေတယ်။
          အဲဒီလို လူတွေ အတွက် စဉ်းစားပြီး တတ်နိုင်သအောက် ကြိုးစားမပေးနိုင် ရင် ကျွန်မ အသိဉာဏ် နိမ့်ပါး လွန်း သွားမှာပါ။
          အခုလဲ အသိဉာဏ်မြင့်တယ် မဟုတ်ပေမဲ့ ငါသာသူတို့ နေရာမှာ ဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်တော့ ထားနိုင် တာမို့ ကျွန်မ ဒီစကားတွေ ကို ပြောပါတယ်။

          . ဒေါ်အောင်ဆန်းစုကြည် ကိုလဲ နတ်တပါးလို မစွမ်းနိုင်မှန်းသိပါတယ်။
          ဒါပေမဲ့ သူ့ ရဲ့ ပြည်သူ တွေ အပေါ် စိတ်စေတနာ က သူ့ အတ္တ ထက် ပိုတာ ကို မြင်နိုင်၊ ခံစားနိုင်တာကြောင့် သူ့ ကို ပုံပြီး ယုံပါတယ်။
          မယုံသူ တွေလဲ နေပါ။
          ကိုယ့်ဘဝ ကိုယ်ဖောက်ပြီး လျှောက်ကြရတာဘဲနော့။
          ကိုယ့် ကလွဲ ကလို့ တစ်ခြား သူ ကို မကြည့်တတ်လဲ ဘဝ ဆိုတာ နေပျော်တာပါဘဲ။
          မမှားကြပါဘူး။
          စိတ်သက်သာသလို တွေးကြ၊ နေကြပါ။ :-))))

  • kai

    September 19, 2015 at 4:45 pm

    သမိုင်းကျန်ရစ်အောင်… ဖဘက.ကူးလာတာ…

    Nyein Chan Aye

    ဗိုလ်နေဝင်းကျ မယားပြီး မယား
    ဗိုလ်စန်းယုကျ စပါးပြီး စပါး
    ဗိုလ်စိန်ဝင်းကျ တံတားပြီး တံတား
    ဗိုလ်စိန်လွင်ကျ သားသတ်သမား
    နဖူးပြောင်ပြောင် ရူးကြောင်ကြောင်
    ဒေါက်တာမောင်မောင် အလိုမရှိလည်း ရှိသေးဗျာ

    ဗိုလ်စောမောင်ကြီးက ကျန်စစ်သား
    ဗိုလ်ခင်ညွှန့်က ဖိုးခင်ညွှန့် ပရိုမီနန် ခင်ညွှန့်
    ဘုန်ကြီးစာချ ဗိုလ်မျိုးညွန့်
    ရုပ်ဆိုးနဲ့ ပုပ်သိုး အတွဲ
    ဗိုလ်ထွန်းကြည်ကျ ပတ္တမြား ထွန်းကြည်
    နတ်ပြည်မှာ မာဃ လူ့ပြည်မှာ ကျော်ဘ
    တန်ခိုးထွား ကြုံးဝါးခဲ့တဲ့ ကျောက်စိမ်း ကျော်ဘ
    ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မိန့်ပေးတဲ့ ဗိုလ်မြင့်အောင်
    မင်းတရားကြီး ဗိုလ်သန်းရွှေ
    ဘုရင့်နောင် ပုံ တူအောင် ထုရတဲ့
    ဘလူးလေဘယ်လ် ဗိုလ်မောင်အေး

    နောက်ပိုင်းတော့..

    လမ်းတခြမ်းခင်း အောင်သိန်းလင်းတို့
    ဖယောင်းတိုင် ကိုကိုလှိုင်တို့
    တနပ်စား မြင့်လှိုင်တို့
    နှစ်ထောင်စား ဉာဏ်ဝင်းတို့
    နယ်လှည့်ပါးရိုက် အုန်းမြင့်တို့
    ဘူးလက်လှဆွေ
    ဒန်ပေါက် အောင်သောင်းတို့
    ဆိုက်ကားနင်း သိန်းအောင်တို့
    အစရှိတဲ့
    ဒီလို နာမည် အတွဲအစပ်တွေ
    အဖြစ်အပျက်တွေပဲ
    လူထုဟာ ယဉ်ပါးခဲ့တယ်..။

    ပုဂ္ဂိုလ်ရေးရယ် ဘာရယ်မဟုတ်
    လူထုကတော့ သူတို့ မျက်မြင်
    မြင်တွေ့နေရတာနဲ့ပဲ
    လူတွေကို နာမည်တွေကိုတွဲ မှတ်မိမှာပဲ..။

    ပြည်သူချစ်ကြည်တို့
    ရင်မှာစွဲလမ်းတို့ ဖြစ်ချင်ရင်တော့
    အလုပ်ကောင်း လုပ်ပြပေါ့..။

    အခုတော့ ဆေးမမီတော့ပါ..။

    ငြိမ်းချမ်းအေး
    စက်တင်ဘာ ၁၉၊ ၂၀၁၅
    ==

  • ဇီဇီခင်ဇော်

    September 19, 2015 at 6:06 pm

    မဘသ ဘယ်အချိန်ပြုတ်မတုန်းဆို ဖွတ်တက်မှ ပြုတ်မှာ။
    သူလွှတ်ထားတဲ့ လူတွေ ပြန်သိမ်းမှာမို့။
    ဟိဟိ
    ဒေါင်းတက်ရင် ပို လွှတ်ပေးမှာ ပို မီးမွှေးမှာ။

    :mrgreenn:

  • aye.kk

    September 19, 2015 at 6:29 pm

    အိမ်မက်အရ
    ဆန္ဒအရ
    ငါကွကြောင်ကြောင်။

  • CharTooLan

    September 21, 2015 at 4:47 pm

    ဘာဘဲပျောပျော အများမျှော်လင့်သလိုဖစ်မလာယင်…..
    အူးကြောင်ပရောဂမကင်းဘူးစိုဒဲ့
    သက်သေ ကျော့်မှာချိဒယ် ဟဟားးးး 😀

  • မြစပဲရိုး

    September 27, 2015 at 9:55 pm

    မောင်ကြွပ်
    နိ လက်ချက်ဘဲ ဖြစ်မယ်။
    7 Days က NLD logo ကို ABSDF logo နဲ့ မှား ပြ ထားခဲ့တယ်။
    ရိုးသားစွာ ပေါ့ဆလို့ မှားတာပါတဲ့။
    . ရှေ့နေ ဝင်မှခက်ရော။ 🙄
    အဲဒီ ABSDF ဒေါင်းက ဆပ်ကပ် ပြနေသလို အဝိုင်းဂွင်း လေးထဲ မှာ မဟုတ်လား။ 😉

    မဲ ထည့်ရမဲ့ .မြန်မာပြည်သူ တွေ ရဲ့ ဘဝ။
    လိုဂို တွေ ကလဲ ဆင်တူရိုးမှား ရှုပ်ရှက်ခတ်။
    အရှုပ်ထဲ မှာ အတော်ရှင်းအောင် နေရမဲ့ အဖြစ်တွေ။

    ထုရမဲ့ တုံး ကလဲ ဘောင်ကျဉ်းကျဉ်းလေး။
    တံဆိပ်တုံး မှာ မှင် ခြောက်ရင်လဲ ဒုက္ခ၊ စိုလွန်း ရင်လဲ ဒုက္ခ ၊ မဇ္ဇိမပဋိပဒါ အလယ်အလတ်လမ်း ဖြစ်ပါမှ။
    တရားမြင်အောင် တရားပေးနေသူများ။

    • kai

      September 28, 2015 at 1:44 pm

      အရီးလတ်ကလုပ်တော့မယ်..
      အေဘီဒေါင်းက.. ကျောင်းသားတပ်မတော်ဒေါင်းဗျ…။
      ဗကသကို…ကိုယ်စားပြုတာ..။

      ခွပ်ဒေါင်းကို.. စတာ..ဗကသပါ..။
      သမိုင်းမှတ်တမ်းအရ.. ကျေ့ကွင်းမိနေတဲ့…ဒေါင်းက.. ကျော့ကွင်းကြိုးကို.. ဖြတ်တောက်ထိုးထွက်နေဟန်ဖြစ်ပါတယ်..။
      အဲဒီခွပ်ဒေါင်းတံဆိပ်နဲ့ပဲ.. သခင်အောင်ဆန်းတို့.. လွတ်လပ်ရေးအရတိုက်ခဲ့တာ..။

      ၈၈မှာ.. NLD ထောင်တော့.. ဗကသကျောင်းသားခေါင်းဆောင်အုပ်စုက…. အခုသုံးနေတဲ့.. ကြယ်ဖြူခွပ်ဒေါင်းတံဆိပ်ကို … NLD ကို..တရားဝင်သုံးခွင့်ပြုတာဖြစ်ပါတယ်..။
      စကားအတင်းစပ်ပြောရရင်.. အခုတပ်မတော်မှာ.. စစ်ခမောက်တွေထိပ်က.. ကြယ်ဖြူတွေ့လား..
      အဲ..
      အခု.. NLD ရဲ့.. ရွေးကောက်ပွဲအောင်နိုင်ရေး.. ဆောင်ပုဒ်သိလား..။
      အလကားတိုက်ဆိုင်နေတာမဟုတ်…။ :k:

  • uncle gyi

    September 27, 2015 at 10:16 pm

    တင်အေးစကားတွေလုပ်ရပ်တွေကသူ့ကိုထိုးကွေ ျးဖို့ဆိုတာရှင်းနေတာ
    တကယ်ကြွေးမကြွေး
    ဘယ်လိုအခ ျိန်ကြွေးမယ်ဆိုတာသာကြည့်ရမှာ

Leave a Reply