ထားခဲ့ပြီ (လူ)

မြစပဲရိုးSeptember 19, 20151min27025

ကျွန်မ ရဲ့ အစွဲ ပြုတ် သွားပုံ ကို ကြေငြာလိုက်ပါရစေ။

.ဒေါ်အောင်ဆန်းစုကြည် ကို ချစ်လဲ သူ့စကား တိုင်း က ကိုယ်နဲ့ ကိုက်တာတော့ မဟုတ်ခဲ့ဘူး။
ဥပမာ ပြောရရင် “လူ” နဲ့ “စနစ်” မှာ သူက “စနစ်”  က ပိုပြီး အရေးကြီးတာ ကို လက်မခံ နိုင်ခဲ့ဘူး။
“လူကောင်း” က သာ “စနစ်ကောင်း” ကို ပြင်ပေးနိုင်မှာလို့ ခေါင်းမာမာ နဲ့ တစ်ချိန်လုံး ပြန်ငြင်း နေခဲ့တာ အခုချိန် လက် တွေ့ ကြုံ မှ ကိုယ် သူ့ကို ငြင်း နေတာ မှားကြောင်း သိရတယ်။
ဘာလို့လဲ ဆိုတော့ အရာရာ မှာ လူကောင်း တွေချည်း ရနေမှာလို့ မှန်းမရ တာ သိလိုက်လို့ပါဘဲ။

လူနည်းစုလေး နဲ့ဘဲ အလုပ်လုပ် ခဲ့ဖူးတာမို့ ကိုယ့် အဖွဲ့ထဲ ကိုယ်ကြိုက်ရာ လူ ကို ရွေးနိုင်ခဲ့တာကိုး။
ဒါပေမဲ့ လဲ အဖွဲ့အစည်း က တဖြေးဖြေးကြီးလာချိန်မှာ လူ တွေ ကို သိပ် ရွေး ယူလို့ မရနိုင်တာ ကို မြင်လာမိပါတယ်။
အခုလို နိုင်ငံ နဲ့ ချီလာချိန် လူပေါင်းစုံ၊ အတွေးပေါင်းစုံ၊ အကျင့်ပေါင်းစုံ တွေ ကြားမှာ လူ တွေ ကို ညီအောင် ညှိလိုက်နိုင်ဖို့ ခက်သထက်ခက်လာမှာပါ။
ဒီတော့ ဒေါင်ဒေါင်မြည် လူကောင်း ဆိုတာ ကို ဘယ်လို နည်းနဲ့မှ ရဖို့ မလွယ်နိုင်တာလဲမြင်လာတယ်။
ဒီချုပ် ဆိုတာ က အခုမှာသာ လူလူသူသူ ဖြစ်လာတာပါ။
အရင်က သူပုန် အဖွဲ့ နီးပါး စွပ်စွဲခံပြီး ရပ်တယ်လာရတဲ့ အဖွဲ့ ပေကိုး။
အတော်လေး စွန့်ပြီး နေနိုင်သူ မှ ဒီချုပ်ဘက်က ရပ်နိုင်တာလေ။
အဲဒီမှာ အမာခံ တစ်ချို့ (သို့) တော်တော်များများ ဟာ မှန်းသလောက် ကောင်းဖို့ ခက်နေပါပြီ။
သူတို့ ကလဲ ပွဲ ဝင်ချိန် မဖယ်နိုင်တော့ တာကိုလဲ ကျွန်မ နားလည်ပေးလိုက်နိုင်ပါပြီ။
သူတို့ ဟာလဲ “လူ” တွေကိုး။
တော်ရုံ သဘောထားကြီး ပြီး နေရာဖယ်ပေးဖို့ ခက်မှာပါ။
အဲဒါကို အတင်းဖယ်ပြန်ရင်လဲ “အာဏာရှင်” စကား နဲ့ ထိုးနှက်မှု တွေ က လာတော့မယ်။

ဒီလို အချိန်မှာ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင် ကို ပြန်ကြည့်ရပါတော့မယ်။
ကျွန်မတို့ လိုချင်တာ “စနစ်ကောင်း” ပါ။
အဲဒီ အတွက် ကျွန်မတို့လို ကြားနေပြည်သူ များ က “စနစ်ကောင်း” ကို ချပေးနိုင်မဲ့ အလားအလာ အရှိဆုံး အဖွဲ့ ကို သာ ကြည့်ရပါတော့မယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် တွန်းပြောနေတဲ့ “လူ” ကို မကြည့်ဘဲ “အဖွဲ့/ပါတီ” ကိုသာ ကြည့်ပါလို့ ပြောနေခဲ့တာဘဲ။

တကယ်တော့ သူ့စကား က ကျွန်မ အစွဲ ကို ချွတ်တာမဟုတ်ပါ။
ကျွန်မ မြင်နေရတဲ့ အခြေအနေ (မြန်မာ တစ်နိုင်ငံ တည်းမဟုတ်) တွေ ကို ကြည့်ရင်း ကြည့် ရင်း စနစ်ကောင်း ရဖို့ ကို စနစ် ကဘဲ ပြင်ပေးနိုင်တာ မြင်လိုက်မိလို့ပါ။
ဒီချုပ် ထဲ မှာလဲ သိုးမဲတွေ၊ ငါးခုံးမ တွေ အများကြီး ရှိနေမှာပါ။
ဒါပေမဲ့ သူတို့ အဖွဲ့ ရဲ့ စနစ် က ဒီလို လူ တွေ ကို ရေရှည် ရှင်သန်ခွင့်ပေးမှာ မဟုတ် ဘူး လို့ ယုံပါတယ်။
အဲဒီအတွက် ကို ဘဲ စနစ်ကောင်း တစ်ခု ဖြစ်သွားအောင် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းနေတာပါ။
ဒီချုပ် ထဲ ဟာ စနစ်ကောင်း ရချိန် နိုင်ငံ ထဲ မှာလဲ စနစ်ကောင်း တစ်ခု ပေါ်ထွက်လာပါလိမ့်မယ်။
အဲဒါက ဒီမိုကရေစီနည်းကျ တဲ့ အာဏာ ကို ကျွန်မတို့ ပြည်သူ တွေ ရလိုက်မဲ့ စနစ်ပါဘဲ။
အဲဒီအချိန် ကျွန်မ တို့အားလုံး အကြောက်တရား ကင်းသွားတော့မှာပါ။
မတရားမှု တွေ ကို ထောက်ပြ ဖယ်ရှားလာနိုင်မယ်။

ထပ်ပြောရရင် ကျွန်မ တို့ အားလုံး လဲ ကိုယ့်ကိုယ်ကို တောင် သိပ်ယုံရတာ မဟုတ်တာ အားလုံး သိမှာပါ။
ကျွန်မ လဲ အခုသာ စနစ်ကောင်း ရဖို့ အော်နေ တာ။
ကိုယ့်ကို နေရာကောင်းပေးပြီး မြှောက်စားလိုက်ချိန် သွေနထင်ကြွပြီး အသာ ငြိမ်၊ မတရားတာ ကို အားပေးတဲ့ လမ်း ထဲ လိုက်သွားနိုင်ပါတယ်။
အဲဒီမှာ စနစ်ကောင်း ရှိနေရင် ကျွန်မ ကို ဝိုင်းပြီး ထောက်ပြ ဝေဖန်ပေး သူ တွေ ထွက်လာမယ်။
ကျွန်မ ရဲ့ မတရားမှု ကို အပြစ်ပေးမဲ့ တရားဥပဒေက စနစ် ထဲ မှာ စောင့်နေမယ်။
ဒီတော့ လုပ်ချင်တောင် တော်ရုံ မရဲ တော့ စိတ်ပြောင်းဖို့ ခက်သွားပါတယ်။

ကျွန်မတို့ အားလုံး လူကောင်း လို့ ဘဲ ထားကြပါစို့ ရဲ့။
ဒါပေမဲ့ စနစ်မကောင်း ထဲ ရောက်ရင် မကောင်းတဲ့ ယိမ်းသွားနိုင်အောင် စိတ်မခိုင် ကြတာမို့ လူကောင်း တွေ လို့ ပြောမရတော့ဘူး။
ဒါကြောင့် လူကောင်း ဆိုတာ ကို ဖယ်လိုက်ကြစို့လား။
ပြီးတော့ လူ တွေ ကို အားမနာတမ်း ထိန်းပေးမဲ့ စနစ်ကောင်း တစ်ခု ရ အောင် ကျွန်မတို့ “မကောင်း တဲ့ လူ” တွေ ကိုယ်တိုင်ဘဲ ကြိုးစားကြရအောင်ပါ။
ဒါ ကို ရဖို့ အတွက် ဒီအချိန်လေး မှာ နဲနဲ လောက်လေး သည်းခံ ပြီး ဒေါ်အောင်ဆန်းစုကြည် ကို တတ်နိုင်သလောက် ဝိုင်းပြီး ပံ့ပိုးပေးကြပါ လို့ ဘဲ တိုက်တွန်းချင်ပါတယ်။

ဒီချုပ် သာ နေရာရခဲ့ အသုံးမကျတဲ့ လူ တွေ အားလုံး ကို တောက်ချပေးကြပါ့မယ်။
စိတ်မပူနဲ့။ :-))

ဒါထက် စကားမစပ်- ဒီရက်ထဲ ဘယ် ဆရာသမား က စလိုက်လဲ တော့ မသိဘူး။
“ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးနဲ့ ခုနစ်နှစ်သား ကိုရင်လေးဇာတ်လမ်း” ပြန့်နေလေရဲ့။
ဒီရက်ထဲ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီး ခမျာလဲ မနေရရှာဘူး။ အဲဒီ ဇာတ်လမ်း ကို မြင်မြင်နေရတာ။
ခုနစ်နှစ်သား ကိုရင်လေး က ဝေဖန်တာ ဝတ်ရုံ မညီတာ ကို ထောက်ပြတာပါ။
.ဟောပြောတဲ့ တရား တော်ကို မဟုတ်ပါဘူး။ တရားတော်ကို ဝေဖန်ဖို့လဲ သူ့ခမျာ အချိန်ယူရပါဦးမယ်။
ရှင်သာရိပုတ္တရာ လို ကြိုးစားပြီး ပညာ အရာ ကို မှီလာခဲ့ရင်ပေါ့။ ပါရမီ တောင် လိုဦးမယ်ထင်ပါရဲ့။
.ပြသနာက ပေးတဲ့ နမူနာ လွဲ နေလို့ ပြောတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကို မဝေဖန်ရဘူး မပြောပါဘူး။
မဟုတ်ရင် တစ်ဖက်ပိတ်တို့၊ မျက်ကန်းတို့၊ ထမိန်ခြုံတို့၊ သူရဲကောင်းကိုးကွယ် တို့၊ မွတ်မတို့ ဆိုပြီး စတစ်ကာ လာကပ်ပေးနေဦးမယ်။ 😉

 

 

PvsS
မတရားမှု ကို ဖယ်နိုင်တဲ့ စနစ် က ကြိုးဆွဲနိုင်အောင် ပြောင်းကြပါစို့

 

25 comments

  • kai

    September 19, 2015 at 2:41 pm

    ပါတီပဲကြည့်ပြီးမဲပေးခိုင်းတာက.. ကန်င်ပိန်းစကားပဲ…။ ရွေးကောက်ပွဲအောင်နိုင်ရေး စကားပဲ..။
    မဲပေးတဲ့ကိစ္စမှာ..(မဲပေးတဲ့ကိစ္စမှာ) ပါတီကနေ.. အလံတခုထဲအောက်ကသွားမှ.. ဖြစ်မှာမို့ပြောတာလို့ယုံတယ်…။

    ယူအက်စ်မှာ.. အခုလပိုင်း.. သမ္မတလောင်းအတွက်ဒီဘိတ်တွေလုပ်နေတယ်..။
    ပထမဒီဘိတ်အပြီး.. ထောင်တက်လာတဲ့.. ဒေါ်နယ်ထရမ့်ကို.. ရီပါ့ဗလစ်ကန်င်ပါတီက.. ပါတီကိုကိုယ်စားပြုမလား…မသေချာလို့.. ခံဝန်ချက်လက်မှတ်ထိုးခိုင်းတာပဲ..။
    ပြီးမှ.. ဒုတိယဒီဘိတ်ကိုတက်လာတာ…။

    ရွောကောက်ပွဲ..မဲဆွယ်ကန်င်ပိန်းတွေမှာ.. လူနဲ့သွားလို့မရ.. ပါတီနဲ့သွားရတာဖြစ်ပြီး..
    အာဏာရလာရင်တော့.. လူနဲ့သွားရတာဖြစ်ပါကြောင်းရယ်..။

    • မြစပဲရိုး

      September 19, 2015 at 3:06 pm

      Thanks သူကြီး။
      ယူအက်စ်မှာက မျှတတဲ့ ကစားပွဲ အခင်းအကျင်း ဖြစ်နေပြီးပါပြီ။
      လူတွေကလဲ ဒီမိုကရေစီ နဲ့ အသားကျနေပြီပါပြီ။
      ကျွန်မတို့ ရွှေပြည် ကတော့ လူတန်းစားမညီ၊ အတွေးအခေါ်မညီ နဲ့ မိုးထဲ လေထဲ အမှောင်ထဲ။
      ဘာသာရေး မှန်ပါတယ်။ ဒါပေမဲ့ အဲဒီဘာသာရေး တွေ ကို နောက်က ကြိုးဆွဲနေတာ ခရိုနီ တွေပါ။
      အခုချိန် ဝီဝီ ကို အမိန့်ပေးနေတာ ထိပ်ပိုင်းအမာခံ တစ်ချို့ပါ။
      ကျွန်မ အဒေါ်တွေ နယ်မှာ ဘုန်းကြီးများ ကို နောက်က တွန်းနေတာ ခရိုနီအဖွဲ့အစည်းကပါ။
      အဲဒီမှာ သူတို့ စီးပွါးနဲ့ ဆက်စပ် နေတဲ့ ဒုဝန်ကြီး တစ်ယောက်ပြိုင်မှာပါ။
      တကယ်လို့ အဲဒီခရိုနီ တွေသာ ဦးခင်ရွှေ လို အသံပြောင်း။
      အဲဒီ မဘသ တွေ ချက်ခြင်း လေသံပြန်ပြောင်းလိမ့်မယ်။
      ဒီတော့ ဘာသာရေး က ခုတုံး ပါ။ တကယ်က ပိုက်ဆံ နဲ့ အာဏာပါဘဲ။

      သူကြီး တို့ ဆီက Thanksgiving Day ရာဇဝင် ကို သိမှာပါ။
      အင်္ဂလိပ်တိုင်းပြည် က ဘာသာရေး ကို ရှောင်ပြေးကြ တဲ့ အင်္ဂလိပ် pilgrim များ အမေရိကား ကို ပြောင်းရာက ဖြစ်တဲ့ ရာဇဝင်။
      အင်္ဂလိပ်တိုင်းပြည် မှာ ဘာသာရေးခေါင်းဆောင် တွေ တစ်ချိန်က တကယ် ကို လွှမ်းခဲ့တာပါ။
      အာဏာရှင်တွေ ကို သူတို့ က ကြိုးကိုင်တာ။
      ဟိုတွေ ကလဲ ဘုရားသခင် ကို ယုံကြည်ပြီး ကြောက်ကြလေတော့ ဘာသာရေးခေါင်းဆောင်များ တမာန်တော် လို ဖြစ်နေသကိုး။
      (ဘုရားသခင် သက်ဝင် သော ဘာသာတိုင်း တကယ်အကြောက်တရားရှိပါတယ်)

      သို့ပေမဲ့ ကျွန်မတို့ ရွှေပြည်ကြီး ထဲ ထိုထိုသော ဗိုလ်ချုပ်ကြီး များ က အင်္ဂလိပ်တိုင်းပြည် က တစ်ချိန်က အာဏာပိုင်များလို တကယ်ဘဲ ဘာသာရေး ကို မသက်ဝင်ပါဘူး။
      ဗုဒ္ဓအဆုံးအမ ကို သူတို့ စိတ်ထဲ မှာ မတွေးခေါ်တတ်ပါဘူး။
      ဒီတော့ ဘာသာရေး အတွက် နဲ့ ဘာမှ ကြောက်စရာမလိုပါ။
      ဒီတော့ သူတို့ ပျော်မွေ့တဲ့ လောကီ အရေး တွေ လိုမျိုး ကို ဖန်တီးပေးပြီး သူတို့ ကို ကပ်ရပ်ဖား နေ တဲ့ လုပ်စားဘုန်းကြီးများပေါ်လာခြင်းပါ။
      ထို ဘုန်းကြီး များ က ထိုထိုသော ဗိုလ်ချုပ်ကြီး များကို ကြိုးမကိုင်နိုင်ပါဘူး။ အဲဒီလောက်လဲ မစွမ်းရှာကြပါဘူး။
      အဲဒီ ဘုန်းကြီး များ ကို သာ ထို ဗိုလ်ချုပ်ကြီး ခရိုနီ များ က လက်ကိုင်ဒုတ် လုပ်နေတာ ကို အသေအချာ ကြည့်ကြည့်ပါလေ။

      • kai

        September 19, 2015 at 3:43 pm

        အရီးလတ်က ဝီဝီလောက်မြင်တာကိုး..။
        မဟန ထိပ်တန်းဘုန်းကြီးတွေ..ဘာလုပ်နေလဲ.. အသေအချာ.. လေ့လာကြည့်ပါလေ..။ ဝီဝီက.. မဟနမပါပဲ.. ဒီလောက်လုပ်ရဲမယ်ထင်နေသလားတော့မသိ…။

        ကမ္ဘာမှာ.. ဒီမိုကရေစီနိုင်ငံတွေမှာ..အရင်းရှင်နိုင်ငံတွေမှာ.. ငွေရှင်ကြေးရှင်က.. ခရိုနီက..နိုင်ငံရေးသမားကို ကြိုးဆွဲကြတာ.. အဆန်းတော့မဟုတ်..
        ပုံမှန်..။
        အဲလိုလုပ်ကြလို့.. တိုင်းပြည်မပျက်စီး..။
        အဲ..
        နိုင်ငံရေးထဲဘာသာရေးသမားဝင်ရှုပ်ရင်တော့..
        လူထုနဲ့တိုင်းပြည်… မသက်သာဘူးသာ မှတ်ပေတော့…လို့..။ :k:

        • မြစပဲရိုး

          September 19, 2015 at 3:54 pm

          မဟန ထိပ်တန်းဘုန်းကြီးတွေ ဆိုတာကလဲ မတရားမှန်းသိသိနဲ့ ဝင်မပြောရဲလို့ ပါးစပ်ပိတ် နေရ တဲ့ ပညာရှင် လူတန်းစား တွေ လိုပါ။
          ဝင်မပါရဲ တာပါ။
          ဥပဒေ အထက်က အစိုးရမင်းများ ကို သူတို့လဲ ကြောက်သပေါ့။
          ဒါပေမဲ့ ဒီအချိန်မှာ သူတို့ ဒီ အတိုင်းငြိမ်နေမယ် ဆိုရင်တော့ စစ်မှန် တဲ့ ဗုဒ္ဓဘာသာတရား မြန်မာပြည် က ပျောက်ကွယ်သွားတော့မယ်။
          အဲဒါကို ဥပက္ခာထားနိုင်ကြလဲ ထားပေါ့။
          ကျွန်မ လဲ သူတို့နေရာမှာဆို ပြောရခက်မဲ့ အနေအထားပါ။
          ဒီတော့ အခုအချိန်ဟာ တိုင်းပြည် ရဲ့ အနာဂါတ် အတွက် လမ်းခွဲပါဘဲ။
          ကျွန်မတို့ လူ တွေကဘဲ တတ်စွမ်းသ၍ နိုင်သ၍ ကြိုးစားကြည့်ကြတာပါ။
          မရတော့ လဲ ကံတရားဘဲဖြစ်ဖြစ်၊ ကျိန်စာဘဲ ဖြစ်ဖြစ် လွှဲချစရာ စကားလုံး တွေ ရှိနေသားဘဲ။ နော။ :-))))

        • kai

          September 19, 2015 at 4:24 pm

          သင်္ကန်းရောင်တော်လှန်ရေး.. Saffron Revolution တုန်းကလည်း မဟနထိပ်တန်းဘုန်းကြီး ကြခတ်ဝိုင်းဆတော်က.. ဓါးနဲ့ခုတ်..လက်သီးနဲ့ထိုးပြောပြီး.. စစ်အစိုးရကို.. မီးစိမ်းပြပေးသဗျ…။
          အခုအခါတော့..
          မဟနဆတော်ကြီးတွေက.. ရွေးကောက်ပွဲလုပ်ဖို့ ၁နှစ်မတိုင်ခင်ကတည်းက..ကမ္ဘာပါတ်.. တိုင်းပြည်ပါတ်.. တီးခေါက်စည်းရုံးကြည့်ပြီးသား…။
          သေချာပြီဆိုတော့.. မီးစိမ်းပြလိုက်တာမို့.. ရွေးကောက်ပွဲ.. ဒီနှစ်.. ပြောတဲ့အတိုင်းသေချာပေါက်ဖြစ်မယ်လို့.. ။ :k:

          အမေရိကားလိုနိုင်ငံမှာ.. ပီနန်ဆရာတော်လို.. လစ်ဘရယ်ဆရာတော်တွေ.. ပါဝါတော်တော်ကြီးကြတာတောင်.. ဖြည်းဖြည်းချင်းထိုးဖေါက်စည်းရုံးနိုင်ခဲ့တာပဲ…။
          အမေရိကန်-မြန်မာတွေပါ.. သူ့ဆရာတော်ကိုယ့်ဆရာတော် နောင်ဂျိန်တွေဖြစ်ကုန်..။

          လန်ဒန်ကဆရာတော်လည်း.. ထောင်ထဲကတောင်ထွက်ရဖို့တော်တော်လုပ်လိုက်ရ…။
          ဆရာတော်တွေ အာဏာပြိုင်မှုထဲ.. ဦးသိန်းစိန်အစိုးရက.. သာသနာရေးဝန်ကြီးကိုပါ.. ထိုးကျွေးခဲ့…။

          စစ်တပ်ထက်အင်အားကောင်းပြီး.. ဖွဲ့စည်းပုံ ပိုကျစ်လစ်တဲ့.. အဝါဂိုဏ်းကို.. မြန်မာတွေခမြာ.. စိတ်ထည့်ပြီးဝေဖန်တွေးရဲလောက်အောင်ကို.စိတ်ဓတ်အင်အားမရှိ..သတ္တိတွေ .တော်တော်မွေးယူနေရ..
          ငရဲနဲ့ခြောက်..ဘုံနဲ့မြှောက်ရဲ့.. အောင်ချက်ကတော… နာ..။

          တည့်တည့်ပြောရရင်.. မြန်မာပြည်ဟာ.. အလယ်ခေတ်ဥရောပ.. အုပ်ချုပ်ရေးစနစ်ပုံစံအောက်က..မထွက်သေး…။
          ခံကြပါဦး.. ဟေး..ဟေး…။ :k:
          =
          Church and state in medieval Europe – Wikipedia, the free …
          https://en.wikipedia.org/…/Church_and_state_in_medieval_Eu…
          Wikipedia
          Church and state in medieval Europe includes the relationship between the Christian church and the various monarchies and other states in Europe, between the end of Roman authority in the West in the fifth century and the beginnings of the Reformation in the early sixteenth century. The relationship between the Church and the feudal states during the medieval period went through a number of developments. The struggles for power between kings and popes shaped the Eastern world.

  • @QUIL@

    September 19, 2015 at 2:53 pm

    ရထားမမီမစိုးလို့ …
    လေယာဉ်လက်မှတ်ဖြတ်ပီး မသွားခင်က ရောက်နှင့်အောင် ဒိုးဂျလေဘီ…။
    အားးးဟိ…။

    ဘုရားသခင်နိုင်ငံရေး … အောင်မြင်ပါဇီ။

    • မြစပဲရိုး

      September 19, 2015 at 3:14 pm

      အပေါ်မှာဖတ်။

  • mgsai

    September 19, 2015 at 2:56 pm

    စနစ်မကောင်းရဲ့အောက်မှ လူကောင်းတစ်ရာ မရှိနိုင်ပေမယ့် လူကောင်းတစ်ယောက်က စနစ်ကောင်းတစ်ခုကို တည်ထောင်လိုက်ရင် စနစ်ကောင်းအောက်မှာ လူကောင်းတစ်ရာလောက်တော့ ဖြစ်လာနိုင်တယ်လေ

    • မြစပဲရိုး

      September 19, 2015 at 3:15 pm

      .ကျေးဇူးပါမောင်စိုင်း။
      ကျွန်မလဲ အဲဒဲလို တစ်ချိန်က တွေးခဲ့တာပါဘဲ။
      ဒါပေမဲ့ တကဲ့ လက်တွေ့မှာ လူကောင်းတစ်ယောက် ကဘဲ စနစ်ကောင်း ရအောင် ဘယ်လို လုပ်လုပ် အဖျက်အမှောင့် များ ရှိနေတာ မြင်ရပြီဘဲ။
      စနစ်ကောင်း ကို ရဖို့ သူတစ်ယောက် ထဲ မရ။အဖွဲ့ နဲ့မှရမယ်။
      အခု အဲဒီ အဖွဲ့မှာ သူ့လို လူကောင်း တွေရှိသလို မကောင်း တွေပါ နွယ်နေတာ မြင်ရမှာပါ။
      ဒီတော့ စနစ်ကောင်း ရဖို့ ကျွန်မတို့ အားလုံးမှာ တာဝန်ရှိနေတယ်။
      စနစ်ကောင်း ကို ရအောင် ဘဲ အရင် ဦးစားပေးပြီး အထဲ က လူ တွေ ကို ခဏမေ့ထားဖို့။

      ဒါထက် ရွာသားအသစ် ထင်ရဲ့။
      ကြိုဆိုပါတယ်နော်။
      ကျွန်မ က “မြ” ပါ။ :-))

  • @QUIL@

    September 19, 2015 at 5:04 pm

    ဘာပူနေသလဲ သဂျီးရာ…
    အကုန်သိ အကုန်တတ် အကုန်မှန်
    လသားကလေးတောင် စကားစပြောရင် သူ့နာမည်ရွတ်…
    ၃လောက ညီညွတ်ပါတဲ့ အတုမရှိသော လူဒုဂေါင်းဆောင်ကြီး ရှိသားပဲဟာ…

  • မြစပဲရိုး

    September 19, 2015 at 5:43 pm

    ပို့စ်မှား မန့်မိ လို့ နေရာရွှေ့လိုက်တယ်။ :-))

  • ဇီဇီခင်ဇော်

    September 19, 2015 at 5:53 pm

    သီလ ကောင်းသူ ထမိန်ခြုံရတာလည်း
    လူယုတ်မာ အဘ ဘောမတွေထက် တော့ ပိုမြတ်သေးတာပဲ။

    ပြောပြတာ။ နောက်ဆုံး ဒီ ခေါင်းစဉ်ကို ကျေကျေနပ်နပ်တပ်ရင်တောင် ခံလိုက်အူးမယ်။

    ခုက ဒီလို အချိုး အရီး ရဲ့။

    အဘတွေဘက်ပါတယ်လို့ ရဲရဲမပြောရဲဘူးဗျာ။
    အဲ သူတို့ကိုသူတို့လည်း ပညာတတ်တယ်တော်တယ်ထင်တယ်ဗျာ။
    ဒီချုပ်ရွေးထားတဲ့သူတွေကိုလည်းမနာလိုဘူးဗျာ။

    အဲ။
    အဲဒီမှာ စတာပဲ။

    ပထမ လူကို တိုက်တယ်။
    “ရွေးထားတဲ့ထဲက မကြိုက်ဘူး” “မရွေးထားတဲ့ အထဲက ကြိုက်တယ် (လာတာလာတာ)
    “ဒီမိုကရေစီအရင်မပြောနဲ့။ ဘာဖြစ်အောင် အရင်လုပ်ပေး (သူချေးများတဲ့ စံနစ်က သူ့တစ်သက် အဘတွေကြောင့်ပျက်တာ မအော်ရဲဘူးး ခုဒီချုပ်နိုင်ရေးမြင်မှ ထအော်တာ)၊
    “ဒီချုပ်က ဒီလောက် ပျက်နေတဲ့ စံနစ်ဆိုးတွေ ဘယ်လောက်ပြင်နိုင်မှာတုန်း (ဒီ စံနစ်ကို ဖျက်ခဲ့သူတွေ ကို မမှတ်မိရှာတော့ဘူးး)

    ကျနော်ပြောတာ NLD ကို မကြိုက်တာ လက်ခံတယ်။
    အဘတွေ ကို ချစ်တာလည်း လက်ခံပါတယ်။

    မမျှတ မညီမျှတာကို သိသိကြီးနဲ့ ဦးချိုးဖို့ ကြိုးစားတဲ့ စေတနာဆိုးကို မကြိုက်တာ။
    စေတနာရှိတဲ့သူတွေ ခု ဘာလုပ်နေလဲဆို ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်နေတာနဲ့ တပြိုက်နက် အမတ်တွေ လွှတ်တော်ထဲရောက်သွားရင် check and balance အတွက် ဒေတာတွေ စစုနေပြီ။
    ကိုယ့်လူတွေကိုယ် ထိန်းကျောင်းရမှာ သိလို့။
    Anyhow complaint ကတော့ လမ်းဘေး ဆိုက်ကားသမားတောင် ပြောတတ်သေးး\

    ဘုရားသခင် နိုင်ငံရေးတဲ့။
    သေနတ်ချိန်နိုင်ငံရေးထက်တော့ အကုန်ကောင်းတာ မေ့နေရှာတယ်။ ကျွတ်ကျွတ်။

    • မြစပဲရိုး

      September 19, 2015 at 5:55 pm

      စိမ်းဗျစီ။ :-)))))
      ဘုရားသခင်နိုင်ငံ ရေး ဆိုတာကို နဲနဲ စဉ်းစားကြည့်ဦးမယ်။ 🙄

      • ဇီဇီခင်ဇော်

        September 19, 2015 at 6:01 pm

        အရီးရေ။

        ဒါ ရွေးကောက်ပွဲမဟုတ်ပါဘူးး
        အဓမ္မတရားနဲ့အသားကျနေတဲ့ သူတွေကို ဓမ္မ တရားနဲ့ စ မိတ်ဆက်ရမဲ့ ပွဲပါ။

        ကျနော်တို့ ရပ်တည်တဲ့၊
        ရပ်တည်မဲ့ ဘက် အတွက် ကျနော်တို့ လိပ်ပြာလုံဖို့လိုပါတယ်။

        ရှုံးချင်လည်း ရှုံးစမ်းပါစေ။
        ကိုယ်ရပ်ခဲ့ဖူးဘက်လိုက်ခဲ့ဖူး၊ကြိုးစားခဲ့ဖူး၊ ထောက်ခံခဲ့ဖူးတာ
        တရားမျှတမှု တစ်ခု အတွက်ဆိုရင်
        နောင်တချိန် လိပ်ပြာလှ ပြိုင်ကြတာပေါ့ အရီးးးး

        ကိုယ်ပြောခဲ့တဲ့ စကားတစ်ခွန်း
        ကိုယ်ထားခဲ့တဲ့ စေတနာ တစ်ခု အတွက် စိတ်သန့်ရင် ပြိုင်လို့ရပါတယ်။

    • မြစပဲရိုး

      September 20, 2015 at 3:57 am

      ဘုရားသခင်နိုင်ငံရေး ဆိုတာ ငုတ်တုတ်ထိုင် ဘာမှမလုပ် မဲတောင်မပေးဘဲ နိုင်ငံကောင်းလာမလား မျှော်နေသူ တွေ အတွက် မှန်ကန်သော စကားပါဘဲ။
      သူယုံကြည်ရာ သူအမည်တပ်တာဆိုတော့ သူမမှား ပါဘူး ဇီကလေး ရယ်။

      အရီး တို့ မှာသာ ကောင်းမွန်တဲ့ စနစ် တစ်ခု နဲ့ မတရားမှု ပပျောက်ရေး အတွက် စည်းရုံးရေး စစ်မျက်နှာတွေ ဖွင့်နေလိုက်ရတာ။
      အလုပ်များ များချက်။
      တစ်ခါတစ်ခါ လဲ ငုတ်တုတ်ထိုင်ပြီး ကောင်းဖို့မျှော်နေသူ တွေ ကို အားတောင်ကျဖို့ကောင်းသေးတော့။
      :-)))

  • aye.kk

    September 19, 2015 at 6:13 pm

    မလတ်
    လူကိုထား..
    မူ(စံနစ်)ကိုဘုရား..
    NLDကိုအားထားယုံကလွဲလို့….
    မှတစ်ပါးအခြားမရှိဆိုသလို……။။။

    • မြစပဲရိုး

      September 20, 2015 at 4:00 am

      အစ်မအေး – တစ်ချို့ က ရိ သေး။
      “မှတစ်ပါး အခြားမရှိ ပါတီ” တဲ့။ lol:-))))

  • မြစပဲရိုး

    September 19, 2015 at 7:50 pm

    Published on Sep 18, 2015

    ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖိုု့အတွက် မဲစာရင်းသွားကြည့်ကြဖို့၊ ကိုယ့်အတွက်သာမက ကိုယ့်မိသားစု၊ မိတ်ဆွေတွေအတွက်ပါ မဲစာရင်းသွားကြည့်ပေးဖို့၊ ဒီလိုသမိုင်းဝင်တဲ့အခိုက်အတန့်မှာ ပါဝင်ကြဖို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး၏ အထူးသံတမန် ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး Ms Angelina Jolie Pitt ကလည်း တိုက်တွန်းလိုက်ပါတယ်။

    In democracy … every vote matters.

    https://www.youtube.com/watch?v=1YzmaLxV264

      • မြစပဲရိုး

        September 20, 2015 at 4:02 am

        Thanks. She is so sweet. :-))
        ဒီလို ဟောလိဝုဒ်မင်းသမီး ဝင်ပါတာ ဘယ်သူ့ကြောင့် မင်း ထင်သလဲ။
        ပြောပြန်ရင်လဲ ပြောတယ် ဖြစ်ဦးတော့မယ်။ 😉

  • ဝင့်ပြုံးမြင့်

    September 20, 2015 at 7:06 pm

    .အပီပဲ သဂျီး။ ပုံကို ပြောတာ။ ပုံတစ်ပုံက စကားတွေအများကြီးပြောသွား။
    . အရီးပြောသလို စနစ်နဲ့ လူနဲ့ ပြောရင် ချာလပတ်လည်တော့မယ်။ အစပထမ nld နိုင်ဖို့ လိုပါတယ်။ ဒါပေမယ့် ဘယ်သူတက်တက် ဘာမှ ထူးမယ် မထင်ဘူး။ nld က သူပြောထားသလို ကတိတွေ အများကြီးမပေးဘဲ ပညာရေး တစ်ခုပဲလုပ်ပြ။ ဒါဆို နောက် နှစ် ၂ဝလောက်ဆို နောင်လာနောက်သားတွေ အိုကေမယ် လို့ ယုံပါတယ်။ အစစ်အမှန် ပညာရေးထဲမှာ ဓမ္မစကူးလ်တွေ မပါပါစေနဲ့။ အဲဒါတွေက ခလေးတွေကို ဦးနှောက်သတ်တာ။ ဂျော့အိုဝဲ ပြောသလို လူတွေဟာ အလိမ်အညာမိမှသာ အဲဒီတိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လို့ ရတာပါ။ သူပြောတဲ့အတိုင်းဆိုရင် မြန်မာပြည် အာဏာရှင်စနစ် တည်မြဲခဲ့တာ တိုင်းပြည်တွင်းက လူတွေ အလိမ်အညာ မိနေလို့ပါ။ ဘာတွေက လိမ်ထားသလဲတော့ မျှစ်လည်း တဖြည်းဖြည်းစဉ်းစားတော့ သဂျီးပြောသလို ဘာသာရေး ထင်တာပဲ။

    .ဥပမာ တစ်ခု မြန်မာတွေ မေတ္တာပို့ ဆုတောင်းရင် — လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ် မြဲပါစေ — လို့ ဆုတောင်းကြတယ်။ အဲဒါ ဖြစ်နိုင်ပါ့မလား။ ဘယ်လိုမှ မဖြစ်နိုင်တာကြီးကို ပြောနေတာ။ ဒီလိုကြီး မဖြစ်နိုင်တာကြီးကို ပြောတော့ သိက္ခာမရှိဘူးပေါ့။ ဥပမာ လူတစ်ယောက်ဆီက နင့်ရှိရှိသမျှ ငါ့ပေးလို့ တောင်းသလို ဖြစ်မနေဘူးလား။

  • မြစပဲရိုး

    September 21, 2015 at 1:40 am

    .ပြုံးရေ မှတ်ချက်လေးအတွက် ကျေးဇူးပါ။
    မှန်ပါတယ်။ ဒီချုပ် နဲ့ အပြောင်းအလဲ လုပ်တာတောင် နောင် နှစ် ၂ဝလောက်မှ သူများ တွေ ကို မှီမယ်။
    ဒီ ဖွတ် တွေ နဲ့ ဆက်သွားရင် နောင် နှစ် ၂ဝ မှာ ဆိုမာလီ ထက် ဆိုးသွားမယ်။
    ကမ်းရိုးတန်း မှာ ဓားမြထွက်တိုက်ကြလို့ ကမ္ဘာမှာ ရာဇဝတ်နိုင်ငံ လို သတ်မှတ်ခံရမယ်။
    မှတ်တမ်းထားပြီး စမ်းကြည့်ချင်စမ်းကြပေါ့။
    ကိုယ့်မျိုးဆက်တွေ ရဲ့ အနာဂါတ်နဲ့ တော့ ရင်းရလိမ့်မယ်။

    ဒီနေ့ သတင်းထဲ ဝီဝီတောင် လေသံလျှော့လာတာတွေ့တယ်။
    “အမျိုးဘာသာ သာသနာအတွက် လုံခြုံစိတ်ချနိုင်ပြီ” တဲ့။
    လူတွေအတွက် ဥပဒေလေးပြဌာန်းလိုက်တာ ဟာ သီလပေးတာ နဲ့ သဘောသဘာဝ အရ ပိုပြီးရှုပ်ထွေးတယ် ဆိုတာ ဝီ့ ကို ဘယ်လိုရှင်းပြရပါ့။

    သူကြီး ပြထားတဲ့ ပုံက ဘယ်တုန်းက ဘယ်လို ရိုက်ပြီး တင်ထားတယ် ဆိုတာလဲ မပါဘူး။
    ဒီချုပ် ဘက်တော်သားများ လဲ ဟိုလိုလို ဒီလိုလို သွေးထိုးစကားမျိုး တွေ ကို သတိပြုပြီး ရှောင်ကြဖို့ သင့်ပြီ။
    ကိုယ်နဲ့ တိုက်ရိုက်မဆိုင်တာမျိုး တွေ ကို လက်ရှောင်ကြသင့်ပြီ။
    သီတဂူဆရာတော်ကြီး က ကိုယ့်ဘက်မှာရှိရှိ၊ သူ့ဘက်မှာရှိရှိ ထားလိုက်ကြပါတော့။
    ဝေဋ္ဌုကျော် လဲ ဟိုဘက်မှာပါလဲ ရှိစေတော့။
    မပါချင်လို့ နေတဲ့ ဟိုလိုဒီလို တွေကို ဖယ်လိုက်ပြီး
    ကိုယ့် ကို အစစ်အမှန် စေတနာရှိသူ တွေနဲ့ စည်းရုံးရေးကို သန့်သန့်ရှင်းရှင်း တည်တည်ကြည်ကြည် သိက္ခာရှိရှိ လုပ်သင့်ကြပါတယ်။

    PS – လွန်ခဲ့တဲ့ နှစ် ၂ဝ ကများစလိုက်ရင် နှစ် ၂ဝ တောင်ကြာမှာမဟုတ်ဘူး။
    ထားပါတော့ အတိတ်ကို။ Let’s move forward (ကဖ တို့ နဲ့ မဟုတ်)

  • အောင် မိုးသူ

    September 21, 2015 at 9:43 am

    ကျတော်တို့ရပ်ကွက်ထဲမှာ ဗလီ ခပ်ကြီးကြီးတစ်ခုရှိတယ် အဲ့နားဝန်းကျင်ကလည်း မွတ်စ်တွေများပါတယ်။ ပြောချင်တာက အရင်တစ်ခေါက် နာဂစ်တုန်းက မဲပေးတုန်းက ဗလီကို ထပ်မြင့်ဖို့ ထပ်ချဲ့ဖို့ အခွင့်ကျအောင်လုပ်ပေးမယ် မဲငါးရာပေးရမယ်ဆိုပီး ကြံ့ဖွတ်က မွတ်စ်တွေရဲ့ မဲကိုယူသွားတယ်။
    ဒါမယ့်လည်း တကယ် ဗလီတိုးချဲ့တဲ့အချိန်မှာ ရပ်ကွက်က ကန့်ကွက်တာနဲ့ မချဲ့ဖြစ်ခဲ့ဘူး။ တိုးတိုးတိတ်တိတ် တရိပ်ရိပ်ချဲ့ရင်တော့မပြောတတ်ဘူး။ အဲ့အချိန်မှာ သူတို့ပေးခဲ့တဲ့ မဲငါးရာအတွက် သူတို့ကို ဘာမှတာဝန် မယူပေးနိုင်ခဲ့ဘူး။ အခုထပ်လာပြီ အဲ့သည်လူတွေ အမှတ်ရပါစေ အမှတ်ရှိပါစေလို့ပဲ ပြောချင်တယ်။

  • ဦးကြောင်ကြီး

    September 21, 2015 at 12:32 pm

    ဘာသာရေးဆိုတာ တအူးခြင် လွတ်မြောက်မှု သက်သက်ပဲ။ ကိုယ့်ကိုယ်ကို မပိုင်ဘဲ အမ ျားအတွက်ဆိုပီး တွန်းလှုပ်တော့ ခက်ကုန်တာ။ ဘယ်ဘာသာ ကြည့်ကြည့် ဒီသဘောဘဲ။။ ဝတ်ရုံကြီးတွေခြုံပီး ထင်ရာစွတ်ကြိတ်တာမ ျားတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ အဲလို ထင်ရာပြောပေမှည့် သူ့အလှုပ်သူလှုပ် ကိုယ့်အလှုပ်ကိုယ်လှုပ် လူမှန်နေလှ ျာမှန် ရှိတော့ မထောင်းတာဘူး။ မြန်တ ျန့်ပြည်မှာဒေါ့ ဘာသာရေးက တိုင်းပြည်ကို ဆွဲခြနေပြီ။ ခြကွ ခြခြ….

Leave a Reply