အယ်ဒီတာ့သင်ပုန်း – အောက်တိုဘာ ၂၀၁၅

kaiSeptember 21, 20151min40821

လူသားဟူသည် အစုအဖွဲ့အအုပ်နိုင်ငံတို့နှင့်နေကြရရာဝယ် အမျိုး၊ဘာသာ၊သာသနာနှင့် ချည်နှောင်ခြင်းဖြင့် စုစည်းနေထိုင်ကြတတ်ကြပါသည်။
လူအသီးသီးတို့၏ သက်ဝင်ယုံကြည်မှုဖြစ်သည့် ဘာသာ သာသနာသည် လူသားတို့ကို လမ်းညွှန်ပြအဆင့်တွင်ရှိရသော်လည်း လူအသီးသီးတို့၏ ပေါင်းသင်းဆက်ဆံမှုသိပ္ပံအတတ်ဖြစ်သည့် နိုင်ငံရေးတွင်ဝင်စွက်ဖက်ပါဝင် ဥပဒေပြုသောအခါတွင် ဘာသာသာသနာနှင့် နိုင်ငံရေး၏ဟန်ချက်ဂေဟပျက်ပါသည်။
ဘာသာရေးနှင့်နိုင်ငံရေး အပြန်အလှန်စည်းနီခြားထားသင့်ကာ အနီစည်းမကျော်စကောင်း။

ရေကြည်ရာမြက်နုရာ

သမိုင်းပညာရှင်ဒေါက်တာသန့်မြင့်ဦး၏ သုံးသပ်ချက်များအရ ကချင်၊ရှမ်းပြည်နယ်နေ ဂျိန်းဖော၊လားဟူ၊ လီဆူး၊ ဝ၊ ထိုင်(Tai/Dai) စသည့်တိုင်းရင်းသားတို့မှာ ၁၈၁၅ခုက အင်ဒိုနီးးရှား၏Tambora မီးတောင်ကြီးပေါက်ပြီးနောက်မှ သဘာဝဘေးရှောင်ရင်း ယူနန်နယ်မှ မြန်မာပြည်သို့အခြေချနေထိုင်လာသူများဟု ဆိုထားပါသည်။ ထိုခေတ်က ဘကြီးတော်မင်းသည် အာသံ၊မဏိပူရ (ယခုအိန္ဒိယ) ကိုသိမ်းသည်။
ထိုမှ ထိုနယ်သားများစွာကို ဧရာဝတီမြစ်ဝှမ်းတွင် စစ်ပြေးသုံ့ပန်းများအဖြစ် ထားခဲ့သည်ဆိုပါသည်။
လူသားဟူသည် သဘာဝနှင့်လူလုပ်ကပ်ဘေးများကြောင့်ရေကြည်ရာမြက်နုရာကို ရွေ့ပြောင်းနေထိုင်တတ်ကြသည်။ ထိုမှ အရင်ရောက်နှင့်သူ အရှေ့မှဝင်လာသူ၊ အနောက်သို့သွားကြသူတို့သွေးနှောကြခြင်းမဟုတ်ပါလော။ မြန်မာ့ရိုးရာဖြစ်လာနေသော ဟိန္ဒူတို့၏ ဘာသာရေးပွဲတော် သင်္ကြန်ကို စိန့်ပြည်တွင်းယူနန်နယ်၌ နှစ်ကူးပွဲတော်အဖြစ် ခြိမ့်ခြိမ့်သည်းသည်းကျင်းပနေကြသည် မဟုတ်ပါလော။

တံတိုင်းနှင့် လူလှိုင်း

ရီပါ့ဗလစ်ကန်င်သမ္မတလောင်း တဦးဖြစ်သော ဒေါ်နယ်ထရမ့်က အမေရိကပြည်ထောင်စုနှင့် မဟီကိုနိုင်ငံကြားတွင် ကြီးမားခိုင်ခန့်သည် Trump Wall (အမေရိက-မက်ဟီကိုတံတိုင်းကြီး)ကိုတည်ဆောက်မည်ဟုမဲဆွယ်စကားဆိုထားပါသည်။ အမေရိကပြည်ထောင်စုတွင်းရောက်ရှိအခြေချနေထိုင်နေကြသည့် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာခဲ့သူ ၁၂သန်းမျှကိုလည်း ပြည်နှင်ဒဏ်ပေးပစ်မည်ဆိုပါသည်။
အမေရိကားတွင်မွေးဖွားလျှင် အမေရိကန်အလိုအလျှောက်ဖြစ်သော အခြေခံဥပဒေပါမူလအခွင့်အရေးကိုလည်းပြင်ဆင်မည်ဆိုပါသည်။
အမေရိကသမ္မတအစဉ်အဆက်နှင့် အမေရိကန်အများစုတို့သည် အကာအရံ၊ တံတိုင်းစည်းခြားထားသည်တို့ကိုမနှစ်သက်ကြ။ သမ္မတနစ်ဆင်သည် စိန့်ပြည်၏ ဂရိတ်ဝေါကိုကြည့်ဝေဖန်ဖူးသလိုသမ္မတရော်နယ်ရေဂင်သည် ဂျာမဏီ၏ဘာလင်တံတိုင်းဖြိုချခဲ့သည့် အဓိကဇတ်ဆောင်တဦးမဟုတ်ပါလော။
သို့သော် မျက်မှောက်ခေတ် လက်တွေ့တွင်မူ ဥရောပသည် စစ်ဖြစ်အစ္စလမ်မစ်နိုင်ငံတို့မှ တိမ်းပြိုကျလာသော လူထုပြောင်းရွေ့မှုကြီးနှင့်ရင်ဆိုင်နေရသည်။
ဆီးရီးယား၊ လစ်ဗျား၊ အီရတ်၊ အာဖဂန်နစ္စတန် စသည့်နိုင်ငံများမှ သိန်းသန်းချီသော လူအုပ်ကြီးတို့ ပင်လယ်ကိုကူး၊ တောင်ကိုကျော်ကာ ကမ္ဘာအချမ်းသာဆုံးနိုင်ငံများသို့ဝင်ရောက်နေသည်။

မူလအစကလက်ခံနိုင်သယောင်ပြခဲ့သော်ငြား ယခုတွင်မူ နယ်စပ်တို့၌ စူးရှလှသည့် သံဆူးကြိုး စည်းရိုးများကာရံ ထိမ်းချုပ်ထားလိုက်ကြလေပြီ။
အမေရိကားတွင် အိမ်နီးချင်းမဟီကိုနိုင်ငံမှ အလယ်အမေရိကဒေသကြီးမှ တောင်အမေရိကမှ ကျူးဘားမှ လူသန်းချီပြေးဝင်ခိုလှုံလာနေကြသည်။
ထိုသူတို့မှာ အကြမ်းဖက်သမား၊ပြောင်းခိုသူ၊ ဝရမ်းပြေး၊ ပါမောက္ခ ဖြစ်ချင်ဖြစ်ကြလိမ့်မည်။ ထိုထိုသူတို့တွင် အိုင်ဒီမရှိ၊ စာရင်းမရှိ၊ အမှတ်မရှိ။

အရှေ့ကိုပြေးရင်တဲ့ အနောက်ကဝင်

မြန်မာပြည် သည်လည်း ဤသို့ဤနှယ်ခံစားဖူး ခံစားစဲပါတည်း။
၁၉၈၈ စစ်အစိုးရတက်ပြီးနောက်ဝယ် တော်လှန်သူကျောင်းသား၊ လူငယ်တို့ တောခိုကြသည်။ ထိုမှ ကျပ်တည်းလွန်းလှသော စီးပွားရေးစနစ်ကြောင့် ထိုင်း၊ စိန့်ပြည်များသို့ အလုပ်သွားလုပ်ကြရင်းရွေ့ပြောင်းကြသည်။ လေကြောင်းရေကြောင်းများဖြင့်လည်း ကမ္ဘာနိုင်ငံအသီးသီးသို့ ဇာတိကိုစွန့် ဓားတောင်ကိုကျော် မီးပင်လယ်ကိုဖြတ် ထွက်ပြေးသွားကြသည်မှာ ဆယ်စုနှစ် ၂ခုကျော်သော် လူဦးရေ၅သန်းမကရှိပါသည်။
ပြည်တွင်းစစ်များကြောင့် ပြေးကြသည့် ထိုထိုသူများကို ကုလသမဂ္ဂ UNHCR မှ စခန်းကြီးများဖွင့်လှစ်၍စိစစ်လက်ခံကာ တတိယနိုင်ငံဟုခေါ်သော ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ပြောင်းရွှေ့ခိုလှုံခွင့်ပေးခဲ့ပါသည်။

တချိန်တည်းလိုလိုပင် မြန်မာ့အနောက်ခြမ်းပြည်နယ်များသို့ပြောင်းခိုသူများ ဝင်လာနေကြသည်ကို ကြားသိနေကြရသည်။
မည့်သည့်သဘောနည်း။ ဤမြေဤရေသည် သူတို့အတွက် ရေကြည်ရာ မြက်နုရာလော။
လွန်ခဲ့သော ၁နှစ်အတွင်း ပင်လယ်ဖြတ်ကာ မလေးရှား။ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားသို့ပြေးကြသည့် လှေစီးပြေးသူများသတင်းကို ဖတ်ကြတွေ့ကြရလိမ့်မည်။
ထိုထဲမှ ဖမ်းမိရသူများကို စစ်ဆေးအတည်ပြုချက်အရ မြန်မာ့မြေမှထွက်ခွာခဲ့သူ အားလုံးသူများကားမဟုတ်။ လူနည်းစုသာတည်း။
ရိုဟင်ဂျာတို့တွင် မြန်မာ့မြေမွေးသူများပါမည်ဖြစ်သလို တဖက်နိုင်ငံမွေး မြန်မာ့မြေမနင်းဖူးသူ ဘင်္ဂလားဒေချ် နိုင်ငံသားများပါသည်ကိုတွေ့ကြရသည်။
ရိုဟင်ဂျာဟူသည် တတိယနိုင်ငံအားသွားလိုရင်းဖြင့် UNHCR အားလှည့်စားရာ ဇတ်နာနိုင်သည့် အမည်နာမတခုလော။ သို့မဟုတ် မြန်မာ့မြေမွေး ရိုဟင်ဂျာများကို အသုံးချ၍ အခြားတပါးတိုင်းသားများအခွင့်အရေးရယူနေသလော။ မီဒီယာတို့မှ အရလိုက်သင့်သည်။

Refugee? Migrant?

အဓိပ္ပါယ်တိတိကျကျဖွင့်ပါလျှင် ပြောင်းခိုသူ(Refugee)နှင့် ရွေ့ပြောင်းသူ( Migrant)အဓိပ္ပါယ်မတူညီ။ ထိုမှ ရွှေပြောင်းအလုပ်သမား(Migrant worker) ဟူသည် ပို၍ပင်မတူ။
Refugee နှင့် နိုင်ငံရေးခိုလှုံသူ(Asylum)ကို တအုပ်စုထားနိုင်ငြား ရွှေ့ပြောင်းသူကိုမူ စီးပွားရေးအခွင့်ထူးရယူရန် သာသောနိုင်ငံသို့ သွားခြင်းလော။ စစ်ပွဲများရှောင်ပြေးလာခြင်းလော စိစစ်သင့်သည်။
ချမ်းသာပြီးသောနိုင်ငံတို့တွင် ပြောင်းခိုသူများအတွက် သီးခြားပေါ်လစီလုပ်ထုံးများရှိသည်။ ပြောင်းခိုလာသူတို့ကို တိုင်းပြည်တွင်နေရာချလက်ခံပြီးသည်နှင့် ကျမ်းမာရေး၊ ဘဝရပ်တည်မှုအတွက်ပညာရေး၊လူမှုရေးနေရေးတို့အပါအဝင် လိုအပ်မှုများစွာကို အစိုးရမှ အချိန်အတိုင်းအတာတခုထိ တာဝန်ယူရသည်။
စစ်ပြေးများအတွက်မူ များစွာစဉ်းစားကြသည်တွေ့ရမည်။ အရေးပေါ် ဒေသ ခြံစည်းရိုးကာသတ်မှတ်ကာ တဲထိုးဤ ခေတ္တနေစေကြသည်။
ဒုတိယကမ္ဘာစစ်ကြီးသည် ဥရောပအတွက်စစ်ပြေးများစွာသွန်ချပေးခဲ့ဖူးပါသည်။ ယခုမူ ဆီးရီးယားနှင့် အရှေ့အလယ်ပိုင်း၏ ရက်စက်လွန်းသော ဘာသာရေးအခြေခံစစ်ပွဲများကြောင်းပြေးလာကြခြင်းဖြစ်ဟန်တူသည်။ စစ်ပြေးရှောင်သူများဟူသည် စစ်ပြီးလျှင် မူလဇာတိပြန်ကြရသည်မဟုတ်ပါလော။
ယခုစစ်ပြေးများမှာ ပြန်ကြမည်မထင်။ တတိယရည်ရွယ်ချက်ရှိကြပါသလော။ တကယ်ပင် စစ်ပြေးများပါလော။

မြန်မာ့မြေမွေးသူ မြန်မာ

သမိုင်းအထောက်အထားများအရ ဘုရင့်နောင်လက်ထက်ကတည်းက ယခု ဘင်္ဂလားဒေ့ရှ်ပြည် အရှေ့ခြမ်းဒေသအချို့မြန်မာပိုင်နယ်များဖြစ်ခဲ့ဖူးသည်။
ယခုခေတ်အထိ အချို့နယ်သားများ မြန်မာနန်းဝတ်နန်းစားနှင့်ပွဲတော်ကျင်းပမြဲဖြစ်ကြသည်ကိုလည်း တွေ့ကြရမည်။
အချို့ဒေသတို့သည် ပထမအင်္ဂလိပ်မြန်မာစစ် First Anglo-Burman War (1824–1826)ဖြစ်သောအခါမှ အင်္ဂလိပ်လက်အောက်ရောက်ကာ အင်္ဂလိ်ပ်တို့လွတ်လပ်ရေးပေးသောအခါ ပြန်မပေးသောနယ်အချို့ဖြစ်သည်။ ယခင်မြန်မာပိုင် အာသံ၊ မဏိပူရနယ်များကဲ့သို့တည်း။
တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် မွန်တို့နေသည်။ မွန်တို့သည် မွန်-ခမာအနွယ်ဝင်များဖြစ်ကြပေရာ အဆိုပါဒေသကြီးတခုလုံးပြန့်နှံ့နေကြသည်မှာ အဆန်းတော့မဟုတ်။
စကားလည်းတူ ရုပ်လည်းမူမကွဲ။
တိုးတက်လာသော ယခုလိုခေတ်တွင် မျိုးရိ်ုဗီဇ (Ancestry DNA: Genetic Testing ) စစ်ဆေးနိုင်ပေရာ အဆိုပါနယ်ဒေသသားများကို DNA ယူ၍ စစ်ဆေးကာ မျိုးရိုးဇာတိနွယ်စနစ်တကျပြုစုသင့်လှသည်ဟုထင်ပါသည်။
အဆိုပါ စမ်းသပ်စစ်ဆေးသော စက်နှင့်နည်းပညာမှာ ဒေါ်လာသန်းဂဏန်းတန်ဖိုးမရှိ၊ ပြည်ထောင်စုအစိုးရမှ ကော်မရှင်ဖွဲ့၍ နောင်လာနောင်သားများအတွက် သမိုင်းရှင်းထားခဲ့စေလိုပါသည်။
သိပ္ပံနှင့်နည်းပညာခေတ်မဟုတ်ပါလော။ Facts အချက်အလက်အရကောက်ယူသင့်သည်မဟုတ်ပါလော။
ခြုံ၍ဆိုရပါလျှင် ဤမျှများပြားရှုပ်ထွေးလှသော အမျိုး၊ ဘာသာ၊ သာသနာတို့၏ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်ရာတွင် မြန်မာပိုင်မြေတွင်မွေးဖွားသူကို မြန်မာနိုင်ငံသားဟုသတ်မှတ်ခြင်းမှစသင့်သည်ဟူလို။

ကပ်ဘေးနှင့်အပြေး

ယခုနှစ်မိုးတွင်းကာလတွင်မြန်မာပြည်တခွင်ရေကြီးရေလျှံမြေပြိုခဲ့သည်။
ကမ္ဘာ့ရာသီပူနွေးပြောင်းလဲလာမှု၏ဂယက်ဖြစ်လေရာ နောက်နောင်နှစ်များတွင်လည်း ကြုံကြရတော့မည်ဖြစ်ပါသည်။
၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်း ထိုမှမာလာမုန်တိုင်း ယခု သဘာဝဘေး စသည့်ကိန်းကြုံဆန်းပြားခြင်းတို့သည် စိမ်းလန်းစိုပြေ သဘာဝကပ်ဘေးကြီးများကင်းခဲ့ရာမြန်မာ့မြေကို ပုံသဏ္ဍန်ပြန်ပြင်ရေးနေပေသည်။
မြန်မာ့မြေ ရေကြည်လည်းနောက်၍ မြက်လည်းခြောက်ခဲ့ပြီ။
မဟာမြန်မာရွှေ့ပြောင်းမှုကြီးများ ထပ်ဆင့်တွေ့ကြရလိမ့်မည်။
ကျေးလက်တောနေလူတန်းစားအများစုကြီးမှာ ချက်ကြွေဇာတိဒေသတွင် လုပ်စားမရတော့၍ ရန်ကုန်၊မန္တလေးမြို့ကြီးများသို့ ရွေ့ပြောင်းတိုးဝင်အခြေချရပါလိမ့်မည်။ ရန်ကုန်ဟူသည်လွန်ခဲ့သော နှစ် ၁၆ဝကျော်ကမြို့အဖြစ် အင်္ဂလိပ်တည်ထားခဲ့သောမြို့ဟောင်းသာလျှင် ဖြစ်၍ အဆိုပါလူလှိုင်းကြီးကို ဝန်ဆောင်မှုပေး ရင်ဝယ်ပိုက်သိမ်း ခိုလှုံခွင့်ပေးခြင်းငှာ စွမ်းမည်မထင်။
ယခုလောလောဆယ် ရန်ကုန်တိုင်းဒေသကြီးတွင် လူရသန်းကျော်နေထိုင်နေကာ လူသန်းချီထပ်တိုးလာပါက ကျူးကျော်နေထိုင်မှုများတွင် ရေချိုပေး၊ ရေဆိုးထုတ်၊ လျှပ်စစ်၊ ဂက်စ် ပြဿနာမျိုးစုံဆင့်ကာသာလာကြရပါလိမ့်မည်။ သို့ဆိုသော် ပညာတတ်နှင့်ငွေကြေးကြွယ်ဝသူတို့မှာ နိုင်ငံရပ်ခြားများသို့ စွန်ခွာရွေ့ပြောင်းကြပါဦးမည်။
အပြေးသံသရာတည်း။

ကျန်စစ်သားမင်းကြီးဤသို့နန်းတက်ကတိထားခဲ့ဖူးသည်။
ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့လည်း အောက်အကြေသို့ ပါကြရသည်။ အချို့လည်း အထက်အညာသို့ ပါကြရသည်။
ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။
(ရွှေစည်းခုံဘုရား ကျောက်စာမှ)

ဦးသိန်းစိန်အစိုးရတက်လာခါစကလည်း ထွက်ပြေးခဲ့ကြသူများကို ပြန်ခေါ်ခဲ့ဖူးပါသည်။ ကတိကားတည်ခဲ့ဟန်မရှိခဲ့။
အမေရိကနိုင်ငံရောက် မြန်မာများ၊ စင်္ကာပူရောက်မြန်မာဟောင်းများ၏ ကာယဉာဏစွမ်းအားများကို နိုင်ငံအကျိုးအတွက် ခေါ်နိုင်အသုံးပြုခြင်းငှာမစွမ်းနိုင်ခဲ့။
သို့သော် ယခုဆယ်စုနှစ်တွင်ပင် ကမ္ဘာသည် လူတို့၏ မဟာရွေ့ပြောင်းအခြေချခြင်းများနှင့် ရင်ဆိုင်တွေ့နေရပေရာ ရွေ့ပြောင်းပြီးသောသူတို့မူလနိုင်ငံများသို့ ပြန်လာအခြေချကြခြင်းမှာ လက်တွေ့တွင်ဖြစ်လာမည်ဟုမထင်။
ရွေ့ပြောင်းသွားစ၌ ထိုထိုနိုင်ငံများသို့ ရောက်သည့်ဘဝများကား အဆင်ပြေလှချောမွေ့လှသည်ကားမဟုတ်။ ကြမ်းလှပါ၏။ အမျိုး၊ ဘာသာ၊ သာသနာ ဘာဘာ ဘာမှမတူသော နိုင်ငံတခု ဒေသတလျှားတွင် တရက်၊တလ၊ တနှစ် ဆယ်စုနှစ်များစွာ ဖြတ်ခဲ့ကြရသည်။ ဆယ်စုနှစ် ၂ခုမျှ ကျိုးကျချိန်ဝယ် သူတို့ အခြေကျခဲ့ကြပါပြီ။
တိုတောင်းလှသော လူ့သက်တန်း ၁၀ဝ အတွင်းဝယ် စာဝတ်နေရေးနှင့်အခြေခံလိုအပ်ချက်ပြည့်မှီခြင်းမှ မည်သူက ခွဲထွက်အံ့ပါသနည်း။
လာခြင်းကောင်းရန် ခေါ်ခြင်းလည်းကောင်းရပါလိမ့်မည်။

အမျိုး၊ဘာသာ၊သာသနာ

လူသားသည် “အမျိုး”အားဖြင့် လွန်ခဲ့သောနှစ် ၈သောင်းဝန်းကျင်က အုပ်စုကြီး ၃အုပ်စု( Homo Sapiens, Neanderthals, Hobbits) ရှိသည်ဟု ကျောက်ဖြစ်ရုပ်ကျွင်းများကပြဆိုသည်။ လွန်ခဲ့သော နှစ်၃သောင်းခန့်ကပျောက်ကွယ်သွားသော Neanderthals တို့သည် ယခုခေတ်လူသားဖြစ်လာမည့်သူတို့နှင့် ထိပ်တိုက်တွေ စစ်ဖြစ်ခဲ့ဖူးသည်။ Suvival of Fitness အရကောက်လျှင် လူဖြစ်မည့် လူသား Homo Sapiens တို့အနိုင်ရခဲ့ဟန်ရှိပါသည်။
ထိုမှ လူသားတို့တွင် မျိုးနွယ်နှင့်ပါတ်သက်၍ဖြစ်သော စစ်ပွဲအစား အသားအရောင်၊နေထိုင်မှုဒေသနှင့်ကွဲကာဖြစ်သော နယ်မြေလုစစ်ပွဲများကျန်ရစ်သည်။
“ဘာသာ”စကားအားဖြင့်မူ စစ်ပွဲများ ထင်ရှားမရှိ၊ ကမ္ဘာ့အသုံးအများဆုံးဘာသာစကားများအဖြစ် English, Chinese, Spanish တို့ရှိကာ ငြမ်းချမ်းစွာအတူယှဉ်တွဲရှိနေကြပါသည်။
“သာသနာ”အားဖြင့် သာသနာရေးအခြေခံသော စစ်ပွဲများကား လျှော့သွားသည်မရှိပဲ တိုး၍သာဖြစ်လာနေပါသည်။
ငြိမ်းချမ်းခြင်းဆောင်ကာ လမ်းညွှန်ပြသည်ဆိုသော ဘာသာသာသနာဟူသည် ကမ္ဘာတွင်စစ်ပွဲအဖြစ်စေဆုံး၊ လူအသေနိုင်ဆုံးဖြစ်၍နေလာပေသည်။

စစ်ပွဲများကြောင့် စီးပွားရေးကြောင့် အနာဂါတ်ကြောင့် လူသားတို့သည်လည်း တနေရာမှ တနေရာသို့ ပြောင်းရွှေ့ခိုလှုံနေကြသည်။
လူဖျက်စီးမှုကြောင့် ပျက်စီးခြင်းဆိုက်နေသော ကမ္ဘာမြေသည်လည်း ဂေဟပျက်သဖြင့် သဘာဝဘေးကြီးများ တိုး၍ပေးလာသည်။
ကမ္ဘာကုန်ကျယ်သ၍ ရွေ့ပြောင်းနိုင်ကြသော်ငြား အဆုံးတနေ့တွင် ကမ္ဘာလည်းကုန် လူလည်းဘုံပျောက်ကြလိမ့်မည်။
စွမ်းသူတို့သာ ကျန်ရစ်သည်ဖြစ်မူ၍ စွမ်းဆောင်နိုင်သောသူတို့ဖြစ်ရန် ရည်ရွယ်အားထုတ်ကြစေလိုပါသည်။
ဘဝရပ်တည်ရှင်သန်မှုတွင် အမျိုး၊ဘာသာ၊သာသနာ အား ပထမထားကြသည်ကို ဒုတိယသို့ဆွဲချကြစေလိုပါသည်။
အထူးသဖြင့် မြန်မာတို့ ဘာသာရေးကိုလျှော့လုပ်သင့်သည်။

21 comments

  • ဇီဇီခင်ဇော်

    September 21, 2015 at 2:53 pm

    ပြန်သွားတဲ့ သူငယ်ချင်းတွေ နောင်တရပြီး စိတ်ညစ်ကြတယ်။
    နောက်မှ အသေးစိတ်ရေးအူးမယ်။ အမှန်ပြင်ချင်တာတောင် ရှေ့က အမှားလုပ်ထားတဲ့သူကို အားနာလို့ဆိုပဲ။
    :a:

    ~~~~~

    မနေ့ကမှ တစ်ခုသိလာတာ ဟုတ်မဟုတ်မသိ။
    ပါတ်စပို့ လုံးဝမကိုင်ထားနိုင် တဲ့သူက UN တိုက်ရိုက် ကို စာတင်ပြီး ရီဖြူဂျီ လျှောက်လို့ရတယ်ဆိုလား ဘာလားး
    နားတော့သိပ်မလည်။
    နားလည်တဲ့နေ့ ပတ်စပွတ်ကြီး အိမ်သာထဲထည့်ရုံပဲ။
    ဟေးဟေးဟေး

    :mrgreen:

    • kai

      September 21, 2015 at 3:40 pm

      အပိုဒ် ၁၅

      ( ၁ ) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူပိုင်ခွင့်ရှိသည်။
      ( ၂ ) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးများကိုလည်း ငြင်းပယ်ခြင်း မခံစေရ။

  • ဇီဇီခင်ဇော်

    September 21, 2015 at 2:55 pm

    Credit Melvin Moe
    ~~~~~~~~~~

    မဲဆွယ်ဟောပြောပွဲတွေမှာ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေ အခက်အခဲဖြစ်အောင် လူထုအယုံအကြည်မဲ့အောင် ဆောင်ရွက်ဖို့ တာဝန်ရှိသူတွေက လမ်းညွှန်ထားတယ်ဆိုဘဲဗျ။

    မေးခွန်းမေးဖို့ လူတွေကိုလဲ စနစ်တကျလေ့ကျင့်ပေးထားပါတယ်။ မဲဆွယ်ဟောပြောပွဲတိုင်းမှာ မှတ်တမ်းတင်ဗီဒီယို ပါရိုက်ကူးမှတ်တမ်းတင်ဖို့ ညွှန်ကြားထားပါတယ်တဲ့။

    (၁) မျိုးစောင့် ဥပဒေ ၄ ခုကို ထောက်ခံသလား၊ ကန့်ကွက်သလား” ဆိုတာမေးခွန်းထုတ်ပါတဲ့။

    (၂) “သမ္မတကို ဘယ်လို တင်မြှောက်လဲ” ဆိုတာ မေးခွန်းထုတ်ပါတဲ့။

    (၃) “ကြံ့ခိုင်ရေးပါတီ နိုင်ရင် ဘယ်သူ သမ္မတ ဖြစ်မယ် ဆိုတာ မှန်းလို့ရပါတယ်။ NLD ပါတီ နိုင်ရင် ဘယ်သူ သမ္မတ ဖြစ်မှာလဲ” ဆိုတာကို မေးခွန်းထုတ်ပါတဲ့။

    (၄) “NLD ကို မဲပေးလို့ အနိုင်ရသွားပြီ ဆိုရင် ဦးကိုနီကို သမ္မတ တင်ရင် ဘယ်လိုလုပ်မှာလဲ” ဆိုတာ မေးခွန်းထုတ်ပါတဲ့

    (၅) “ပြည်သူ့ သဘောထား ဆိုပြီးတော့ ဘာဖြစ်လို့ ဆန္ဒ ဖော်ထုတ်တဲ့ ပါတီဝင်တွေကို ထုတ်ပစ်တာလဲ” ဆိုတာ မေးခွန်းထုတ်ပါတဲ့

    (၆) “NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ နိုင်ငံတကာ ဆက်ဆံရေးမှာ စစ်မှန်တဲ့ဒီမိုကရေစီကို အခြေခံပြီး ရပ်တည်မယ် ဆိုတော့ အမျိုးသားရေးနဲ့ ဒီမိုကရေစီအရေး ဘယ်ဟာကို အလေးပေးမှာလဲ”

    (၇) “ဘင်္ဂလီတွေကို နိုင်ငံသား မပေးပါဘူး လို့ အာမခံနိုင်သလား” ဆိုတာထပ်မေး။

    (၈) “မျိုးစောင့် ဥပဒေ ၄ ခု ဖတ်ဖူးသလား” ဆက်မေး

    (၉) “မျိုးစောင့် ဥပဒေကို အတည်ပြုတုန်းက လွှတ်တော်ထဲမှာ NLD က ဘာဖြစ်လို့ ကန့်ကွက်မဲ ပေးခဲ့တာလဲ” ဆက်မေး

    (၁၀) “ပါတီဥက္ကဌ ဒေါ်စုကြည်က ဘာဖြစ်လို့ ဘင်္ဂလီတွေဘက်က ရပ်တည်တာလဲ”

    (၁၁) “ခင်ဗျားရော ဘယ်ဘက်က ရပ်တည်လဲ ဆက်မေး” ပြီးတဲ့နောက်မှာတော့

    (၁၂) “မျိုးစောင့် ဥပဒေ ၄ ခုကို ထောက်ခံသလား ဆက်မေး” ပါတဲ့

    စနစ်တကျ ဗျူဟာခင်းပြီး သေသေချာချာကြိုတင်ပြင်ဆင် ကြံစည်ထားကြတာဆိုတော့ စနစ်ကျတာပေါ့ဗျာ။

    သူတို့ အတွက် နောက်ဆုံး တိုက်ကွက်ဆိုတာကလဲ ၊ တိုင်းပြည်အပေါ်စေတနာထားတာ တစ်ခုမှမရှိဘဲ ဘာသာရေးလူမျိုးရေး ကိစ္စ တွေကို အသုံးချပြီး တိုင်းပြည်ကို ချောက်ထဲဆွဲချနေတာပါဘဲ။

    OIC က ပေးထားတဲ့ ဒေါ်လာတွေ ကို မြိုဆို့ ထားတဲ့ သူတွေက OIC နဲ့ ဘာမှမဆိုင်တဲ့ NLD ကို ပြန်စွတ်စွဲနေတော့ သူခိုးလူဟစ်တာပေါ့ဗျာ။

    မျိုးစောင့်ဥပဒေ ဆိုတာ မြန်မာအမျိုးသမီးတွေ အတွက် ရည်ရွယ်ပြီး အကောင်အထည်ဖော်ခဲ့တာမဟုတ်ပါဘူး။

    နိူင်ငံရေး မှာ ဘာသာရေး လူမျိုးရေး ကို အသုံးချဖို့ စစ်ဗိုလ်ချုပ်တွေ လုပ်ခဲ့ကြတာပါ။


    ဒီလူတွေ သာ တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင် မြန်မာပြည် ဒီလို စုတ်ပြတ်သတ်မနေပါဘူးဗျာ။

    • kai

      September 21, 2015 at 3:36 pm

      ၁။ တလင်တမယားစနစ်ကလွဲလို့ ကျန်တာကို ကန့်ကွက်ပါတယ်။
      ၂။ သမ္မတကို.. နာဂစ်ခြေဥကြီးအရ လူထုက ရွေးကောက်ပေးလို့မရ
      ၃။ ကြံ ့ခိုင်ရေးက ဘယ်သူလည်းဟင်..။
      ၄။ အင်း.. အခုမေးခွန်းမေးနေတဲ့သူလည်း… သမ္မတဖြစ်သွားနိုင်တာပဲ..။
      ၅။ ပါတီဝင်က ပြည်သူမှမဟုတ်တာ။
      ၆။ အမျိုးသမီးရေးကိုရော မစဉ်းစားသင့်ဖူးလား။
      ၇။ ဘင်္ဂလီတွေကို နိုင်ငံသားပေးထားတဲ့သူတွေကိုမေးနော
      ၈။ အခုမေးတဲ့သူကရောသေချာဖတ်ဖူးလားဟင်င်င်…။
      ၉။ သမိုင်းတရားခံမဖြစ်ချင်လို့
      ၁၀။ ဒေါ်စုကြည်က ဘယ်သူလည်းဟင်င်…။ အော်.. တိုင်းပြည့်ဖခင်ဦးအောင်ဆန်းသမီးလား..။
      ၁၁။ ကျုပ်က ကျုပ်နယ်ရဲ့မဲဆန္ဒရှင်တွေဖက်ကရပ်တည်ပါတယ်။ အဲ.. ခင်ဗာျးက..?
      ၁၂။ လုံးဝလုံးဝမထောက်ခံပါ။

      • ဇီဇီခင်ဇော်

        September 21, 2015 at 3:42 pm

        အဟီးဟီးးးး
        ဟုတ်သဗျ။
        သူတို့ မေးခွန်းကို အတည်မစဉ်းစားပဲ ပြန်မေးရမှာ။
        :k:

    • မြစပဲရိုး

      September 22, 2015 at 2:26 am

      အဲဒီ မျိုးစောင့်ဥပဒေ လို့ မေးသူ ကို ပြန်ပြီး မေးခွန်းထုတ်ပေးလိုက်။
      “ဥပဒေ ဆိုတာဘာလဲ” “နိုင်ငံတစ်ခု မှာ တရားဥပဒေ စိုးမိုးနိုင်ဖို့ ဘာကြောင့် အရေးကြီးထင်သလဲ၊ ဒီလို မေးတာ က ယုံကြည်မှုချင်း တူမတူ သိချင်လို့ပါ” လို့။
      ဟိုက ပါးစပ်ပိတ်သွားမှာပါ။ မပိတ်လဲ သူပြာတာ အရင် နားထောင်ပေါ့။
      ပြီးရင် “တရားဥပဒေ စိုးမိုးနိုင်ဖို့ ဘာကြောင့် အရေးကြီး” တယ်ဆိုတာ ကိုရှင်းပြပေါ့။
      (ဒါတော့ ကွကိုယ် အိမ်စာ)
      ပြီးရင် “သမ္မတကြီးဦးသိန်းစိန်” တို့ရဲ့ “မြန်မာပြည် ကို စကာင်္ပူလို ဖြစ်အောင် ရည်မှန်းထားတာလေး သိပါသလား” လို့ ထပ်မေး။
      သူက “သိတယ်” ပြောပြော “မသိဘူး” ပြောပြော ကိုယ့်ဘက်က ဒီလို ဆက်ပြော။
      “စကာင်္ပူလို ဖြစ်ဖို့ စကာင်္င်္ပူ ရဲ့ အစိုးရ ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ ဘာသာရေး တွေ ကို သမ္မတကြီး ဦးသိန်းစိန် တို့ အတုယူနိုင်ပါတယ်။ အဲဒီမှာတော့ *ဂလို ဂလို* (အိမ်စာ) ရှိပါတယ်ပေါ့။”
      Religion
      But since all these facts are rather well known, let me speak briefly to the religious scene. Lee himself was not a Christian, although he was prayed for by millions.
      In a 2009 interview he said this, when asked about evangelical Christianity in Singapore:
      “You see most Chinese here are Buddhists or Taoist ancestor worshippers, I’m one of them, so it is a tolerant society, it says whatever you want to believe in, you go ahead.
      And these youngsters, the educated ones, Western-educated especially, now they are all English-educated, their mother tongue is the second language.
      Therefore, they begin to read Western books and Western culture and so on and then the Internet.
      So they begin to question like in Korea that what is this mumbo-jumbo, the ancestors and so on?
      The dead have gone, they’re praying before this altar and asking for their blessings and then they have got groups, Christian groups who go out and evangelize.
      They catch them in their teens, in their late teens when they’re malleable and open to suggestions and then they become very fervent evangelists themselves.
      My granddaughter is one of them. She’s now 28. My wife used to tell her look, don’t go for any more of these titles, just look for MRS. It’s just around the corner,
      God will arrange it.”
      အခု မျိုးစောင့်ဥပဒေ က သမ္မတကြီး တို့ အာရုံထားနေတဲ့ စကာင်္ပူက ကျင့်သုံးတာ နဲ့ လွဲနေတာ က တစ်ကြောင်း၊
      ဒီဥပဒေ က လောကုတ္တရာကို ရှေ့တန်းထားတဲ့ ပုဂ္ဂိုလ်များ ရဲ့ ဥပဒေမို့ လောကီ တိုးတက်ဖို့ နဲ့ အံမဝင် ဖြစ်နေတာက တစ်ကြောင်း ကြောင့်
      “မျိုးစောင့် ဥပဒေကို အတည်ပြုတုန်းက လွှတ်တော်ထဲမှာ NLD က ကန့်ကွက်မဲ ပေးခဲ့တာပါ” ပေါ့။
      NLD သာ အစိုးရဖြစ်ခဲ့ရင် သမ္မတကြီး တို့ ဖြစ်ချင်သော်လည်း လက်တွေ့မလုပ်နိုင်တဲ့ စကာင်္ပူ လို လောကီ ရေးရာတိုးတက်ဖို့ နဲ့ ကိုက်ညီ ပြီး ဘာသာ၊ သာသနာ ဆိုင်ရာ ဥပဒေ များကို လဲ ပိုမို မြင့်မြတ်ကောင်းမွန်အောင် ပြဌာန်း ပေးနိုင်မှာ ဖြစ်ပါတယ်။
      လို့စ်စ်စ်စ်စ်စ်စ်စ်စ်စ်။

      အိမ်စာပိုလုပ်ချင်ရင် ဒါကိုလဲ နားထောင်ထားသင့်တယ်။
      လီကွမ်ယု ရဲ့ ကျောင်းသားတွေ နဲ့ ဆွေးနွေးတဲ့ “Sensible, Sensitive But Firm Government” အကြောင်း။
      (during a talk in NUS, a student asked LKY whether he foresaw a decline in religious tolerance in Singapore)
      https://www.facebook.com/yueheng/videos/10153331605624006/?pnref=story

      ပုံ
      အလကားမတ်တင်း ရှေ့နေ
      .တော်ဝင်အလှ လော်ဘီမြ

      PS – ဒါပေမဲ့ နယ်ဘက်တော်တော်များများ က နိုင်ငံအကြောင်း ကို ရိုးသားစွာ တကယ်မသိကြဘူး။

  • မြစပဲရိုး

    September 22, 2015 at 2:34 am

    {အထူးသဖြင့် မြန်မာတို့ ဘာသာရေးကိုလျှော့လုပ်သင့်သည်။}
    အနောက်တိုင်းတွေမှာ mindfulness ဆိုပြီး တခုတ်တရ အပါတ်တကုတ်ကြိုးစားလာချင်မှာ ကိုယ်တွေ က လျှော့ရမတဲ့လား သူကြီးမင်း ရဲ့။
    ဗုဒ္ဓဘာသာစစ်စစ် တို့ ရဲ့ ဘာသာရေး မှာ ဘာကိုမှ လျှော့လုပ်စရာမလိုပါ။
    တိုးတိုးပြီးလုပ်လေ၊ အတ္တတွေကွာလေ၊ မနာလိုကင်းလေ၊ အကောင်းမြင်စိတ်ရှိလေ မဟုတ်လား။
    ဒီလိုသာဆို ခုတ်ရာတစ်ခြား၊ ရှရာတစ်လွဲ ဖြစ်တော့မယ်။
    အဲလိုမဖြစ်အောင် အမှန်လမ်းကို ရောက်အောင် တည့်ရမှာ။
    ဘယ်လိုနည်းသုံးကြမလဲ ရှာရမှာပါ။
    မှန်ကန်တဲ့လမ်းပေါ်က ဘာသာရေးကတော့ ပိုမိုပြီး လုပ်ရမှာ မဟုတ်လား။

    • kai

      September 22, 2015 at 7:58 am

      ဟိုးအရင်က.. ရွှေအိမ်စည်တင်ဖူးတဲ့.. စာအရတော့… ဦးသန့်ရေးဖူးတဲ့ဆောင်းပါးက..” မြန်မာတွေဘာသာရေးလိုက်စားလွန်းသည်..” တဲ့…။
      ကိုယ့်ကိုယ်တိုင်ကြည့်ပါလေ…
      တရက်တရက်.. ဘယ်နှနာရီလောက်.. ဘာသာရေးအတွက်ဖြုန်းတီးနေသလဲလို့..။

      တကယ်တော့…
      ကြိုက်တာကိုးကွယ်ကြ…။
      လူ… အချိန်တန်.. သေတာပါပဲ…။ :k:

      • Ma Ma

        September 22, 2015 at 8:54 am

        ဘာသာရေးမလုပ်ဖိုဆို သေပြီးဘဝပြတ်ရင်တော့လည်း ကောင်းသား။

        အဲဒီအခါကျမှ ကိုယ့်လုပ်သမျှ ကောင်းကျိုးဆိုးကျိုးတွေ မရှိတော့ဘူးဆိုပြီး အတ္တတွေ မာနတွေ ပိုများလာမယ်။ မတရားမှုတွေပိုလုပ်ဖြစ်လာမယ်ဆိုရင်တော့ အခက်ပဲ။

        ဗုဒ္ဓဘာသာစစ်စစ် တို့ ရဲ့ ဘာသာရေး မှာ ဘာကိုမှ လျှော့လုပ်စရာမလိုပါ။ လို့ဆိုတဲ့ သွေးသောက်ညီမကို ထောက်ခံပါတယ်။

        ဓမ္မအစစ်အမှန်ကို သိနိုင် နားလည်နိုင်တဲ့အခါကျ ဘာသာရေးလုပ်ဖို့ မလုပ်ဖို့ဆိုတာ ဝေဝါးမနေတော့ဘူး။ 🙂

      • မြစပဲရိုး

        September 23, 2015 at 1:36 am

        သူကြီး ရဲ့ ” မြန်မာတွေဘာသာရေးလိုက်စားလွန်းသည်..” ဆိုတာ ပြောတာမှာ ဒီလို စာကြောင်းလေးကိုဘဲ ကွက်မချပြသင့်ဘူးလေ။
        ကျွန်မတို့ တွေ အခု ကိုယ်လိုရာစွဲ ပြောပြောနေတတ်တာ တွေ က ဒုက္ခပေးလာတာ အချင်းချင်း ကြားမှာ ရန် စည်းတွေ ဖြစ်ကုန်တာထင်ရဲ့။ (ကျွန်မ လဲ ပါပါတယ်)

        ဘာသာဆိုတာ ဒီမှာ အယူဝါဒ ဖြစ်လို့ ဘာသာရေး က အယူဝါဒဆိုင်ရာ လို့ ခေါ်နိုင်မလားဘဲ။
        ဗုဒ္ဓရဲ့ အယူဝါဒ က mindfulness/awareness ကို ဦးစားပေးပြီး ကိုယ်တိုင်ကျင့်ကြံရတာလို့ လက်ခံရင် အဲဒါကို ပိုပိုပြီး တိုး ကာ ကြိုးစားလုပ်ဖို့သာရှိပါတယ်။
        ပြန်လျှော့ဖို့ အကြောင်းရှိစရာမလိုပါဘူး။
        ဥပမာ – အခြေခံ အသေးနော်။
        အခု ကျွန်မ က သူကြီး ကို ဒေါ်သ ဖြစ်မိရင် ဖြစ်လာတဲ့ ဒေါသ ကို ထိန်းဖို့ ကြိုးစားရင်း မထိန်းနိုင်ဘူး။ အော်လိုက်မိမယ်။
        ဒါပေမဲ့ အဲဒါဟာ မကောင်းတာ ကို သိလိုက်တဲ့ awareness လေးဖြစ်ခဲ့ရင် နောက်တစ်ခါ ဒီတစ်ခါလို စိတ်လွတ် မသွားနိုင်တော့ဘူး။
        ဒီလို ကြိုးစားပြီး awareness ကို တိုးတိုးပြီး လေ့ကျင့်ရမှာ အဲဒီလိုမျိုး မဟုတ်ဘူးလား သူကြီး ရဲ့။

        ကျွန်မ အမှန်လို့ မပြောနော်။ ကိုယ့် အယူ ကိုပြောတာ။

        • kai

          September 23, 2015 at 2:58 am

          အထူးသဖြင့် မြန်မာတို့ ဘာသာရေးကိုလျှော့လုပ်သင့်သည်။

          ဆိုတာမှာ.. မြန်မာတွေထဲ.. ကချင်ကယားကရင်ချင်းမွန်ဗမာရခိုင်ရှမ်းတရုတ်ကုလားအကုန်ပါတယ်…။
          ဘာသာရေးဆိုတာမှာ… ဗုဒ္ဓ၊ ထေရာဝါဒ၊ ခရစ်ယန်၊ အစ္စလမ်၊ နတ်၊ ဂျိန်း၊ ဂျူး၊ အကုန်ပါတယ်…။

          ဆိုတော့…
          လူက.. ဒေါသထွက်သင့်ချိန်ထွက်ရမှာပဲ…။ ပျော်ချိန်ပျော်ရမှာပဲ..။ ငိုချိန်ငိုရမှာပဲ..။
          “case-by-case”
          မထိမ်းသင့်..။ :k:

        • မြစပဲရိုး

          September 24, 2015 at 11:14 pm

          ဘာသာရေး ထဲ မှာ မေတ္တာတရား၊ ကိုယ်ချင်းစာတရား၊ ညှာတာထောက်ထားဖို့တရား တွေ ပွါးဖို့ ပါပါရက်နဲ့
          အဲဒါတွေကို လစ်လျုရှုကြလို့ ဒီလို တွေ ဖြစ်နေတာ ပါ သူကြီးရေ။

          .လောလောဆယ် လုပ်နိုင်တာ လေးတွေ ကြိုးစား လုပ်ပေးရင်း တစ်ချို့ဟာတွေ ကို ဥပက္ခာ တရား ကြိုးစားပွါးလိုက်တာ ပိုပြီး စိတ်အေးချမ်းမယ် ထင်ရဲ့။
          ဥပက္ခာ ဆိုတာ ချစ်ခြင်းက ဖြစ်လာတဲ့ သနားတာတွေ၊ မုန်းခြင်း ကဖြစ်တဲ့ ဒေါသတွေ ကို ဖယ်ဖို့ကြိုးစားတာလို့ ကျွန်မ အတိုကောက် အဓိပ္ပါယ်ဖွင့်ပါတယ်။
          ဘယ်လောက်ခံမယ်တော့ မသိဝူး။ lol:-))))

  • @QUIL@

    September 22, 2015 at 11:33 am

    ဘာသာရေး ဆိုတာထက်
    ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု လျှော့ဖို့ ပိုလိုအပ်သမျှ

    ရိုက်လိုက်ဘာအူး …သဂျိုင်ခီးရယ်…

    😛

  • ဇီဇီခင်ဇော်

    September 22, 2015 at 2:52 pm

    သို့ကြောင့်လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်၏ တပြည်လုံးဆ်ိုင်ရာ (ကလိမ်ကျရန်) ဖွဲ့စည်းထားသော စစ်ဘက်ဆိုင်ရာ အကြီးကဲများ စာရင်းနှင့် နာမည်များကို တတ်နိုင်သလောက် စုဆောင်းတင်ပြပေးလိုက်ပါသည်။
    ဖတ်ရှု့တော်မူ၍ သက်ပြင်းချကြပါကုန်သော်….

    စာဖတ်သူများအား ကျေးဇူးတင်ပါသည်
    ဂိုလ်ရှယ်လေး

    ~~~~~~~~~~~~~~~~~~~~~~~

    ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ
    ကြည်း ၁၁၂၃၆၊ ဒုဗိုလ်ချုပ်ကြီးတင်အေး၊ စတသ(၉)
    ညွှန်ချုပ်
    ကြည်း ၁၈၈၈၀၊ ဒုဗိုလ်မှူးကြီးတင်ထွန်း
    ဒုညွှန်ချုပ်
    ကြည်း ၂၅၁၈၂၊ ဒုဗိုလ်မှူးကြီးဇေယျဇော်၊ ဗသက(၈၈)
    ကြည်း ၁၈၈၆၆၊ ဒုဗိုလ်မှူးကြီးစိုးကျော်ဦး၊ စတသ(၂၆)
    ကြည်း ၂၂၅၅၉၊ ဒုဗိုလ်မှူးကြီးနေမျိုး၊ စတသ(၃၂)
    ညွှန်မှူး
    (၁) ကြည်း ၁၇၀၆၃၊ ဒုဗိုလ်မှူးကြီးကျော်မင်း၊ ဗသက(၆၃)
    (၂) ကြည်း ၁၉၆၇၁၊ ဗိုလ်မှူးဝင်းဦးခိုင်
    (၃) ဗိုလ်မှူးရဲရင့်လွင်
    (၄) ဗိုလ်မှူးညွန့်တင်
    (၅) ဗိုလ်မှူးသိန်းဦး
    .
    .
    (တိုင်းနှင့်ပြည်နယ်အဆင့်ရွေးကောက်ပွဲကော်မရှင် = ဒုညွှန်မှူး)
    (၁) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြည်း ၂၂၅၇၈၊ ဗိုလ်မှူးခင်ဇော်ထွန်း၊ စတသ(၃၂)
    (၂) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မန္တလေးတိုင်းဒေသကြီး၊ ကြည်း ၂၅ဝ၉၈၊ ဗိုလ်မှူးကျော်ကျော်စိုး၊ စတသ(၃၅)
    လထညွှန်မှူး၊ ကြည်း ၂၉၄၃၇၊ ဗိုလ်မှူးအောင်မျိုးဆန်း
    (၃) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကြည်း ၂၇၁၄၁၊ ဗိုလ်မှူးအောင်မျိုးလွင်၊ စတသ(၃၇)
    (၄) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ တနင်္သာရီတိုင်းဒေသကြီး၊ကြည်း ၃ဝ၂၉၄၊ ဗိုလ်မှူးထိန်လင်းဦး၊ တေဇ(၂၅)
    (၅) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပဲခူးတိုင်းဒေသကြီး၊ ကြည်း ၂၄၁၈၂၊ ဗိုလ်မှူးအောင်ကျော်မိုး၊ ဗသက(၈၅)
    (၆) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မကွေးတိုင်းဒေသကြီး၊ ကြည်း ၂၉၄၆၈၊ ဗိုလ်မှူးစိုးထွဋ်ဦး၊ စတသ(၃၉)
    (၇) တိုင်းရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ဧရာဝတီတိုင်းဒေသကြီး၊ ကြည်း ၂၄၉၄၉၊ ဗိုလ်မှူးမျိုးသန့်ကျော်၊ တေဇ(၂ဝ)
    လက်ထောက်ညွှန်မှူး ကြည်း ၂၂၅၉၅၊ ဗိုလ်မှူးရဲမြင့်ထွန်း၊ စတသ(၃၂)
    (၈) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကချင်ပြည်နယ်၊ ကြည်း၂၆၇၆၁ ၊ ဗိုလ်မှူးထွန်းအောင်ခိုင်၊ တေဇ(၂၂)
    (၉) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကယားပြည်နယ်၊ ကြည်း၂၅၀၁၂၊ ဗိုလ်မှူးကျော်ဆန်းဝင်း၊ တေဇ(၂၀)
    (၁၀) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကရင်ပြည်နယ်၊ ကြည်း ၂၂၄၃၉၊ ဗိုလ်မှူးမိုးကျော်သူ၊ တေဇ(၁၇)
    (၁၁) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ချင်းပြည်နယ်၊ ကြည်း ၂၅၇၈၃၊ ဗိုလ်မှူးလင်းကျော်၊ တေဇ(၂၁)
    (၁၂) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မွန်ပြည်နယ်၊ ကြည်း ၂၉ဝ၈၁၊ ဗိုလ်မှူးဟိဏ်းလင်းထက်၊ တေဇ(၂၄)
    လထညွှန်မှူး၊ ကြည်း ၂၄၂၇၀၊ ဗိုလ်မှူးခင်မောင်လွင်၊ ဗသက(၈၅)
    (၁၃) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရခိုင်ပြည်နယ်၊ ကြည်း ၂၅၈၄၀၊ ဗိုလ်မှူးသူရိန်ထွဋ်၊ တေဇ(၂၁)
    (၁၄) ပြည်နယ်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရှမ်းပြည်နယ်၊ ကြည်း ၃၁၇၈ဝ၊ ဗိုလ်မှူးသန်းလွင်မြင့်၊ စတသ(၄၁)
    လထညွှန်မှူး၊ ကြည်း ၂၆၇၇၅၊ ဗိုလ်မှူးနှစ်ဆန်းဦး၊ တေဇ(၂၂)
    (၁၅) နေပြည်တော်နယ်မြေရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ နေပြည်တော်၊(မသိသေးပါ)
    (၁၆) ဗိုလ်မှူးစန်းမြင့်
    (၁၇) ဗိုလ်မှူးလှမောင်ချို
    (၁၈) ဗိုလ်မှူးအောင်မျိုးသန့်
    (၁၉) ဗိုလ်ကြီးကောင်းမြတ်ဟိန်းသူ
    (၂၀) ဗိုလ်ကြီးထွန်းထွန်းဦး
    .
    .
    (ခရိုင်အဆင့်ရွေးကောက်ပွဲကော်မရှင်= လက်ထောက်ညွှန်မှူး)
    (၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ နေပြည်တော်မြောက်၊ ကြည်း ၂၇၄၂၃၊ ဗိုလ်မှူးအောင်စိုးဝင်း၊ ဗသက(၉၄)
    (၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ နေပြည်တော်တောင်၊ ကြည်း ၂၆၁၄၅၊ ဗိုလ်မှူးကျော်မင်းဇော်၊ ဗသက(၉၁)
    (၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ကြည်း ၃၁၇၈၄၊ ဗိုလ်မှူးမင်းကိုအောင် ၊ စတသ(၄၁)
    (၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည်း ၃၁၃၈၃၊ဗိုလ်မှူးအာကာသောင်း၊ စတသ(၄၁)
    (၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကြည်း ၂၃၉၂၂၊ ဗိုလ်မှူးသန်းဇော်ထွေး၊ စတသ(၃၄)
    (၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကြည်း ၂၃၀၉၈၊ ဗိုလ်မှူးမိုးသက်ထူး၊ တေဇ(၁၈)
    (၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မန္တလေးခရိုင်၊ကြည်း ၂၅၁၁၅၊ ဗိုလ်မှူးတင်မင်းအေး၊ စတသ(၃၅)
    (၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပြင်ဦးလွင်ခရိုင်၊ ကြည်း ၂၉၈၇ဝ၊ ဗိုလ်မှူးသန့်စင်စိုး
    (၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မြင်းခြံခရိုင်၊ ကြည်း ၃၃၃ဝ၅၊ ဗိုလ်မှူးအောင်ဇော်၊ စတသ(၄၃)
    (၁၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မိတ္ထီလာခရိုင်၊ ကြည်း ၂၃ဝ၁ဝ၊ ဗိုလ်မှူးကျော်စိုးနိုင်၊ တေဇ(၁၈)
    (၁၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ညောင်ဦးခရိုင်၊ ကြည်း ၂၇၅၅၉၊ ဗိုလ်မှူးနေမျိုးဝင်း၊ ဗသက(၉၄)
    (၁၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကျောက်ဆည်ခရိုင်၊ ကြည်း ၂၁၆၅၃၊ ဗိုလ်မှူးအောင်ဟိန်း၊ တေဇ(၁၆)
    (၁၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရမည်းသင်းခရိုင်၊ ကြည်း ၂၇၂၉၁၊ ဗိုလ်မှူးထွန်းထွန်းဝင်း
    (၁၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ စစ်ကိုင်းခရိုင်၊ ကြည်း ၃၁၄၅၇၊ ဗိုလ်မှူးဇော်နောင်လတ်၊ စတသ(၄၁)
    (၁၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မုံရွာခရိုင်၊ ကြည်း ၂၆ဝဝ၅၊ ဗိုလ်မှူးသောင်းဒန်၊ စတသ(၃၆)
    (၁၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ရွှေဘိုခရိုင်၊ ကြည်း ၂၉၁၅၅၊ ဗိုလ်မှူးအောင်မင်းဦး၊ တေဇ(၂၄)
    (၁၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကလေးခရိုင်၊ ကြည်း၂၈၁ဝ၇၊ ဗိုလ်မှူးသန့်ဇင်အောင်၊ စတသ(၃၈)
    (၁၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မော်လိုက်ခရိုင်၊ ကြည်း ၂၄၃၁၅၊ ဗိုလ်မှူးကျော်အောင်၊ ဗသက(၈၅)
    (၁၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကသာခရိုင်၊ ကြည်း၂၃ဝ၉၃၊ ဗိုလ်မှူးအောင်မင်းဦး၊ တေဇ(၁၈)
    (၂၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ယင်းမာပင်ခရိုင်၊ ကြည်း ၊ ဗိုလ်မှူးအောင်ဇော်သန့်၊
    (၂၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ တမူးခရိုင်၊ ကြည်း၃ဝ၄၇၁၊ ဗိုလ်မှူးဇော်မိုးမြင့်၊ စတသ(၄ဝ)
    (၂၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ထားဝယ်ခရိုင်၊ ကြည်း ၂၅၂၇၄၊ ဗိုလ်မှူးသက်ထူးတင်၊ ဗသက(၈၈)
    (၂၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကော့သောင်းခရိုင်၊ (မသိရသေးပါ)
    (၂၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မြိတ်ခရိုင်၊ ကြည်း ၂၇၄၅၅၊ ဗိုလ်မှူးလှိုင်ဘွား၊ ဗသက(၉၄)
    (၂၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပဲခူးခရိုင်၊ ကြည်း ၃၁ဝ၇ဝ၊ ဗိုလ်မှူးမင်းသက်နောင်၊ တေဇ(၂၆)
    (၂၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ တောင်ငူခရိုင်၊ ကြည်း ၂၇၁၆၆၊ ဗိုလ်မှူးကိုကိုဦး၊ စတသ(၃၇)
    (၂၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပြည်ခရိုင်၊ ကြည်း၂၄၂၅၇၊ ဗိုလ်မှူးဝေနော်၊ ဗသက(၈၅)
    (၂၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ သာယာဝတီခရိုင်၊ ကြည်း ၂၃၁၆၆၊ ဗိုလ်မှူးထွန်းလွင်၊ စတသ(၃၃)
    (၂၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မကွေးခရိုင်၊ ကြည်း ၃ဝ၅ဝ၈၊ ဗိုလ်မှူးမျိုးသန့်၊ စတသ(၄ဝ)
    (၃၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မင်းဘူးခရိုင်၊ ကြည်း ၂၈၇၂၁၊ ဗိုလ်မှူးတင်ခိုင်ဇော်၊ ဗသက(၉၇)
    (၃၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပခုက္ကူခရိုင်၊ ကြည်း ၂၁၁၁၆၊ ဗိုလ်မှူးဇော်သူ၊ တေဇ(၁၅)
    (၃၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ သရက်ခရိုင်၊ ကြည်း၂၄၁၁၆၊ ဗိုလ်မှူးဝင်းနိုင်၊ ဗသက(၈၅)
    (၃၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဂန့်ဂေါခရိုင်၊ ကြည်း ၃ဝ၃၈၅၊ ဗိုလ်မှူးဇေတိုးအောင်၊ စတသ(၄ဝ)
    (၃၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပုသိမ်ခရိုင်၊ကြည်း ၂၅၁၁၂၊ ဗိုလ်မှူးဇော်နိုင်ဦး၊ စတသ(၃၅)
    (၃၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မြောင်းမြခရိုင်၊ ကြည်း ၃၁ဝ၉၁၊ ဗိုလ်မှူးကျော်ဆန်းဝင်း၊ တေဇ(၂၆)
    (၃၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဟင်္သာတခရိုင်၊ ကြည်း ၂၈၄၂၈၊ ဗိုလ်မှူးအောင်ကျော်မိုး၊ ဗသက(၉၇)
    (၃၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မအူပင်ခရိုင်၊ ကြည်း ၂၅ဝ၇၂၊ ဗိုလ်မှူးမြင့်နိုင်၊ စတသ(၃၅)
    (၃၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဖျာပုံခရိုင်၊ ကြည်း ၂၅၂ဝ၀၊ ဗိုလ်မှူးဇော်မင်းထွန်း၊ ဗသက(၈၈)
    (၃၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ လပွတ္တာခရိုင်၊ ကြည်း ၃၃၂၇၇၊ ဗိုလ်မှူးမင်းစိုးဦး၊ စတသ(၄၃)
    (၄၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊မြစ်ကြီးနားခရိုင်၊ ကြည်း ၂၆၈၁၃၊ ဗိုလ်မှူးကျော်စိုးအောင်၊ တေဇ(၂၂)
    (၄၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဗန်းမော်ခရိုင်၊ကြည်း ၂၈၅၅၈၊ ဗိုလ်မှူးကျော်သိန်းဦး၊ တေဇ(၁၈)
    (၄၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ပူတာအိုခရိုင်၊ ကြည်း ၂၈၅၈၅၊ ဗိုလ်မှူးအောင်ကျော်ဆင့်၊ ဗသက(၉၇)
    (၄၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မိုးညှင်းခရိုင်၊ ကြည်း ၃ဝ၄၅၈၊ ဗိုလ်မှူးမျိုးမင်းဦး၊ စတသ(၄ဝ)
    (၄၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ လွိုင်ကော်ခရိုင်၊ ကြည်း ၃ဝ၃၈၈၊ ဗိုလ်မှူးညီညီမင်း၊ စတသ(၄ဝ)
    (၄၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဘောလခဲခရိုင်၊ ကြည်း ၃ဝ၃၅၃၊ ဗိုလ်မှူးကျော်လင်း၊ စတသ(၄၀)
    (၄၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဘားအံခရိုင်၊ ကြည်း ၂၅၂၅၄၊ ဗိုလ်မှူးမောင်မောင်နိုင်၊ ဗသက(၈၈)
    (၄၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကော့ကရိတ်ခရိုင်၊ ကြည်း ၃ဝ၂၁၅၊ ဗိုလ်မှူးဝေဠုအောင်၊ တေဇ(၂၅)
    (၄၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဖာပွန်ခရိုင်၊ ကြည်း ၂၇၄၅၃၊ ဗိုလ်မှူးကျော်ကျော်ထွန်း၊ ဗသက(၉၄)
    (၄၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မြဝတီခရိုင်၊ ကြည်း ၃ဝ၄၆၂၊ ဗိုလ်မှူးလင်းနိုင်စိုး၊ စတသ(၄ဝ)
    (၅၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဟားခါးခရိုင်၊ ကြည်း ၃ဝ၄၁၆၊ ဗိုလ်မှူးမျိုးမင်း၊ စတသ(၄ဝ)
    (၅၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ဖလမ်းခရိုင်၊ ကြည်း ၃ဝ၂၄၈၊ ဗိုလ်မှူးမျိုးမင်းစိုး၊ တေဇ(၂၅)
    (၅၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မင်းတပ်ခရိုင်၊ ကြည်း ၂၇၈၆၄၊ ဗိုလ်မှူးသောင်းတင်ငြိမ်း၊ တေဇ(၂၃)
    (၅၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊မော်လမြိုင်ခရိုင်၊ ကြည်း ၂၈၆၈၃၊ ဗိုလ်မှူးထင်ကျော်၊ ဗသက(၉၇)
    (၅၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ သထုံခရိုင်၊ ကြည်း၂၈၆၆ဝ၊ ဗိုလ်မှူးသက်နိုင်ဦး၊ ဗသက(၉၇)
    (၅၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ စစ်တွေခရိုင်၊ ကြည်း ၃ဝ၁၉၉၊ ဗိုလ်မှူးဇော်လင်းဦး၊ တေဇ(၂၅)
    (၅၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကျောက်ဖြူခရိုင်၊ ကြည်း ၃ဝ၁၃၁၊ ဗိုလ်မှူးဌေးအောင်ခိုင်၊ တေဇ(၂၅)
    (၅၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ သံတွဲခရိုင်၊ ကြည်း ၂၉၁၂၃၊ ဗိုလ်မှူးသိန်းဦး၊ တေဇ(၂၄)
    (၅၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ဘူးသီးတောင်ခရိုင်၊ (မသိရသေးပါ)
    (၅၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မြောက်ဦးခရိုင်၊ (မသိရသေးပါ)
    (၆၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မောင်တောခရိုင်၊ ကြည်း ၃၁ဝ၁၁၊ ဗိုလ်မှူးဆန်းဝင်းထွန်း၊ တေဇ(၂၆)
    (၆၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ တောင်ကြီးခရိုင်၊ ကြည်း ၁၉၄၁၄၊ ဗိုလ်မှူးဇော်မြင့်ဝင်း၊ တေဇ(၁၂)
    (၆၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ လွိုင်လင်ခရိုင်၊ ကြည်း ၂၆၈၂၁၊ ဗိုလ်မှူးသိန်းနိုင်၊ တေဇ(၂၂)
    (၆၃) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ လင်းခေးခရိုင်၊ ကြည်း ၂၅၂၂၉၊ ဗိုလ်မှူးကျော်မိုး၊ ဗသက(၈၈)
    (၆၄) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ လားရှိုးခရိုင်၊ ကြည်း ၂၇၈၇၈၊ ဗိုလ်မှူးအောင်စိုးမင်း၊ တေဇ(၂၃)
    (၆၅) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကျောက်မဲခရိုင်၊ ကြည်း ၂၆၁၄၇၊ ဗိုလ်မှူးကျော်ကျော်၊ ဗသက(၉၁)
    (၆၆) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မူဆယ်ခရိုင်၊ ကြည်း ၃ဝ၅၁၂၊ ဗိုလ်မှူးအောင်ကျော်စိုး၊ စတသ(၄၀)
    (၆၇) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ တာချီလိတ်ခရိုင်၊ ကြည်း ၃ဝ၁၈၅၊ ဗိုလ်မှူးရန်နောင်စိုး၊ တေဇ(၂၅)
    (၆၈) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မိုးမိတ်ခရိုင်၊ ကြည်း ၂၇၄၉၉၊ ဗိုလ်မှူးမောင်မောင်တင်၊ ဗသက(၉၄)
    (၆၉) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ ကျိုင်းတုံခရိုင်၊ ကြည်း ၂၆၂၆၇၊ ဗိုလ်မှူးကျော်ထူး၊ ဗသက(၉၁)
    (၇၀) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မိုင်းဆတ်ခရိုင်၊ (မသိသေးပါ)
    (၇၁) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ မိုင်းဖြတ်ခရိုင်၊ (မသိသေးပါ)
    (၇၂) ခရိုင်ရွေးကောက်ပွဲကြီးကြပ်သူအရာရှိ၊ (မသိသေးပါ)
    (၇၃) လက်ထောက်ညွှန်မှူး၊ ကြည်း ၂၄၀၇၁၊ ဗိုလ်မှူးဝင်းဇော်၊ ဗသက(၈၅)
    (၇၄) လက်ထောက်ညွှန်မှူး၊ ကြည်း ၂၄၂၀၁၊ ဗိုလ်မှူးနေမျိုး၊ ဗသက(၈၅)
    (၇၅) လက်ထောက်ညွှန်မှူး၊ ကြည်း ၂၄၂၁၅၊ ဗိုလ်မှူးသိန်းစိုး၊ ဗသက(၈၅)
    (၇၆) လက်ထောက်ညွှန်မှူး၊ ကြည်း ၂၅၂၄၂၊ ဗိုလ်မှူးဇော်မင်း၊ ဗသက(၈၈)
    (၇၇) လက်ထောက်ညွှန်မှူး၊ ကြည်း ၂၅၃၀၄၊ ဗိုလ်မှူးဇော်ဝင်းထိုက်
    (၇၈) လက်ထောက်ညွှန်မှူး၊ ကြည်း ၃၁၁၂၇၊ ဗိုလ်မှူးအောင်သူရ၊ တေဇ(၂၆)
    (၇၉) လက်ထောက်ညွှန်မှူး၊ ကြည်း ၂၀၂၆၇၊ ဗိုလ်မှူးစိုးမင်း
    ရုံးချုပ်၊ လက်ထောက်ညွှန်မှူး၊ ကြည်း ၂၅၅၅၄၊ ဗိုလ်မှူးတင်မောင်လတ်
    ရုံးချုပ်၊ လက်ထောက်ညွှန်မှူး၊ ကြည်း ၂၆၂၁၃၊ ဗိုလ်မှူးတင့်နိုင်မောင်
    ရုံးချုပ်၊ လက်ထောက်ညွှန်မှူး၊ ကြည်း ၂၉၇၅၆၊ ဗိုလ်မှူးရဲခေါင်
    ရုံးချုပ်၊ လက်ထောက်ညွှန်မှူး၊ (စီမံ/ထောက်ပံ့/ဘဏ္ဍာ) ဗိုလ်ကြီးဝင်းလွင်ဦး၊ စတသ(၄၇)
    ရုံးချုပ်၊ လက်ထောက်ညွှန်မှူး၊ ဗိုလ်ကြီးထွန်းမင်းလတ်၊ ဗသက(၁၀၅)
    .
    .
    (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၆)ခုရဲ့ ရွေးကောက်ပွဲကြီးကြပ်သူအရာရှိများ)
    (၁) လထညွှန်ကြားရေးမှူး၊ ပအိုဝ်း၊ ကြည်း ၂၄၂၇၈၊ ဗိုလ်မှူးကိုကိုအောင်၊ ဗသက(၈၅)
    (၂) လထညွှန်ကြားရေးမှူး၊ ကိုးကန့် (လောက်ကိုင်ခရိုင်)၊ ကြည်း၃ဝ၂၇၆၊ ဗိုလ်မှူးကျော်စွာဦး၊ တေဇ(၂၅)
    ဟိုပန်ခရိုင်၊ ကြည်း၂၉၄၅၃၊ ဗိုလ်မှူးနိုင်ဝင်းစိုး၊ စတသ(၃၉)
    (၃) လထညွှန်ကြားရေးမှူး၊ ဝ ၊ ကြည်း ၃ဝ၉၃ဝ၊ ဗိုလ်မှူးမျိုးမင်းထိုက်၊ တေဇ(၂၆)
    (၄) လထညွှန်ကြားရေးမှူး၊ ပလောင်၊ ကြည်း ၂၈ဝ၁ဝ၊ ဗိုလ်မှူးခွန်အောင်မျိုးဆွေ၊ တေဇ(၂၃)
    (၅) လထညွှန်ကြားရေးမှူး၊ ဓနု၊ ကြည်း ၂၈ဝ၄၂၊ ဗိုလ်မှူးသန်းဇော်ဦး၊ တေဇ(၂၃)
    (၆) လထညွှန်ကြားရေးမှူး၊ နာဂ၊ (မသိသေးပါ)
    .
    .
    (မြို့နယ်ရွေးကောက်ပွဲကော်မရှင်အချို့)
    (၁) မြို့နယ်ဦးစီးအရာရှိ၊ မြောက်ဥက္ကလာပမြို့နယ်၊ ကြည်း၃၈၆၈၉၊ ဗိုလ်ကြီးဝင်းမျိုးထက်၊ စတသ(၄၆)
    (၂) မြို့နယ်ဦးစီးအရာရှိ၊ မင်္ဂလာဒုံမြို့နယ်၊ ကြည်း ၂၉၄၄၅၊ ဗိုလ်ကြီးတင်မောင်အေး၊ စတသ(၃၉)
    (၃) မြို့နယ်ဦးစီးအရာရှိ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကြည်း ၅၁၀၆၆၊ ဗိုလ်ကြီးနန္ဒအောင်၊ စတသ(၅၀)
    (၄) မြို့နယ်ဦးစီးအရာရှိ၊ လမ်းမတော်မြို့နယ်၊ ကြည်း ၃၅၅၈၃၊ ဗိုလ်ကြီးအောင်အောင်၊ စတသ(၄၅)
    (၅) မြို့နယ်ဦးစီးအရာရှိ၊ မကွေးမြို့နယ်၊ ကြည်း ၂၈၅၉၅၊ ဗိုလ်ကြီးစောလွင်၊ ဗသက(၉၇)
    (၆) မြို့နယ်ဦးစီးအရာရှိ၊ ချမ်းအေးသာဇံမြို့နယ်၊ ကြည်း၄၅၁၀၃၊ ဗိုလ်ကြီးကျော်ကျော်မြင့်၊ စတသ(၄၈)
    (၇) မြို့နယ်ဦးစီးအရာရှိ၊ မိုးကုတ်မြို့နယ်၊ ကြည်း ၅၂၇၈၆၊ ဗိုလ်ကြီးလွင်မျိုးအောင်၊ စတသ(၅၁)
    (၈) မြို့နယ်ဦးစီးအရာရှိ၊ တပ်ကုန်းမြို့နယ်၊ ကြည်း ၂၉၇၂၃၊ ဗိုလ်ကြီးခင်မောင်ဦး၊ ဗသက(၉၉)
    (၉) မြို့နယ်ဦးစီးအရာရှိ၊ ဖျာပုံမြို့နယ်၊ ကြည်း ၄၂၆၄၃၊ ဗိုလ်ကြီးအောင်သူ
    (၁၀) ရန်ကုန်မြောက်ပိုင်းခရိုင်၊ ဦးစီးအရာရှိ၊ ကြည်း ၃၂၄၅၉၊ ဗိုလ်ကြီးဦးထွန်းရွေ
    (၁၂) ရုံးချုပ်၊ ဦးစီးအရာရှိ၊ ကြည်း ၂၈၅၉၅၊ ဗိုလ်ကြီးခွန်မြတ်ဆန်းထွန်း၊ စတသ(၄၈)
    (၁၃) …
    မှတ်ချက်။ စတသ-(DSA) စစ်တက္ကသိုလ်ဆင်း၊ ဗသက- (OTS) တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်းဆင်း၊ တေဇ-အလုပ်သင်ဗိုလ်လောင်းသင်တန်းဆင်း။

    • kai

      September 23, 2015 at 2:53 am

      စစ်တပ်အခက်အခဲလည်း.. ထည့်တွက်ပါဦးလေ…။
      တိုက်စရာစစ်ပွဲတွေက.. မရှိ..။
      ဒီလောက်များတဲ့… စစ်တပ်အရာရှိတွေ.. နောက်တပ်အရာရှိအတွက်…နေရာဖယ်ရမယ်ဆိုရင်.. ဘယ်လိုရှင်းထုတ်ရပါ့မလဲလို့…။
      တကယ်တော့.. ရွေးကော်က.. ကြားပေါက်ဝင်ငွေရှိတာမဟုတ်..။
      စစ်တိုက်ချင်လို့.. စစ်ထဲဝင်တာ.. အရပ်ဖက်… ချောင်ထိုးခံရတယ်ဆိုပြီး.. ဖြစ်နေကြတာ…။

      ဒီချုပ်ထဲကို …စည်းရုံးခေါ်ကြ..။
      တပ်မတော်ကို.. တပ်မတော်ဖခင်သမီးနဲ့.. တသားတည်ဖြစ်အောင်လုပ်ကြ..။ :k:

    • @QUIL@

      September 23, 2015 at 1:24 pm

      ကကလှမ်း မှာ အလုပ်လျောက်တော့ ..သက်လား…
      :mrgreen:

      • ဇီဇီခင်ဇော်

        September 23, 2015 at 3:11 pm

        ဦးနှောက်တွေ လျှော်ကြမယ်

        ဦးနှောက်တွေ ဆေးကြမယ်

        :mrgreen:

        • @QUIL@

          September 24, 2015 at 3:06 pm

          ပြောင်းလဲဖို့အချိန်တန်ဘီရှို…?
          မိုင်းဆက် တွေ အရင်ပြောင်းဖို့ လိုသာဂျ….
          မနေ့ကထိတော့ ငုတ်တုတ်ထင်ရှား သယဲဂေါင်းကြီး
          ကနေ့ ညနေလောက် ဆုံးပါးသွားတယ်ဆိုရင်
          နက်ဖြန်မှာ သင်ဘာဆက်လုပ်မတုံး …မဖြေနိုင်တဲ့ အစွန်းရောက် ကိုးကွယ်မှုမျိုး မဖြစ်ဖို့
          ပြောင်းလဲဖို့ အချိန် တန်ဘီ…
          သယံဇာတ ကျိန်စာ နဲ့ သယဲဂေါင်း ကျိန်စာ ..သိပ်မကွာဘုရယ်…..။
          ဂနာဟိ။

          အားဟိ…

          :mrgreen:

  • uncle gyi

    September 27, 2015 at 10:43 pm

    သူကြီးလေအပြည့်အမှန်ဖတ်လိုက်ရတာ
    သူကြီးဘာသာရေးဖက်မလှည့်သေးဖူးဆိုတာသိလိုက်ရတယ်
    အရင်သူကြီးမင်းပါပဲ

  • kai

    September 29, 2015 at 8:15 am

    လူ့အခွင့်အရေးဆိုင်ရာ ဝေဖန်မှု ဦးဝဏ္ဏမောင်လွင် ချေပ (VOA)

    (ဦးကျော်ဇံသာ, 25.09.2015 05:14)

    Boat People ကိစ္စ

    ပြည်ပနိုင်ငံတွေက လူတွေ တရားမဝင်ပြောင်းရွှေ့ ဝင်ရောက် လာတဲ့ပြဿနာ၊ ဒုက္ခသည် ပြဿနာ တွေ ဟာ မြန်မာနိုင်ငံမှာ သာဖြစ်နေတဲ့ပြဿနာမဟုတ်ပဲ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် ကမာ္ဘ့နိုင်ငံ အများအပြားမှာ လောလောဆယ် ကြုံနေရတဲ့ ပြဿနာဖြစ်နေတယ် လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ပြောကြား လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့မှာ နိုင်ငံခြား ဆက်ဆံရေးကောင်စီ ကပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဦးဝဏ္ဏမောင်လွင် က အဲဒီလိုပြောကြား သွားတာဖြစ်ပါတယ်။

    ဒီဆွေးနွေးပွဲကို အင်တာနက်အွန်လိုင်းကနေ တိုက်ရိုက်စောင့်ကြည့်နေခဲ့တဲ့ ဦးကျော်ဇံသာက အခုလို သတင်းတင်ပြထားပါတယ်။

    မြန်မာနိုင်ငံ “Reform and Democratization” ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး ဆွေးနွေးပွဲလို့ ခေါင်းစဉ် တပ်ထားတဲ့ ဒီအမေး အဖြေ ပြုလုပ်ခန်းမှာ ရွေးကောက်ပွဲ ကိစ္စ၊ အာဏာ လွှဲပြောင်းရေး ကိစ္စ ၊ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ၊ မြန်မာ-တရုတ် ဆက်ဆံရေး စတဲ့ အရေးကိစ္စ အတော်များများကို မေးမြန်းခဲ့ကြတာ တွေ့ရပါတယ်။

    ရွေးကောက်ပွဲ

    ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရှိအောင် ဖွဲ့စည်းပုံပြင်ဆင်နိုင်မယ့် အလားအလာ ဘယ်လိုရှိသလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဦးဝဏ္ဏမောင်လွင်က အခုလိုဖြေကြားသွားပါတယ်။

    “အခိုက်အတန့်အားဖြင့် ကျနော်တို့ဟာ တည်ဆဲဥပဒေအတိုင်း လိုက်နာကြရမှာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံဟာ ဒေါ်အောင်ဆန်းစုကြည်ကို သာမက သမ္မတဖြစ်နိုင်ခွင့်အတွက် သတ်မှတ်ခြင်းနဲ့ ကိုက်ညီခြင်း မရှိတဲ့ ဘယ်သူ့ကိုမဆို တားမြစ်ထားတာဖြစ်ပါတယ်။ ရွေးကောက်ပွဲပြီးရင် ရလဒ် ဘယ်လိုဖြစ်လာမယ်ဆိုတာ ကျနော် မသိပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးရင် အစိုးရသစ် တရပ်ကို ဒီဖွဲ့စည်းပုံနဲ့ အညီ ဖွဲ့စည်းမှာပဲ ဖြစ်ပါတယ်။”

    ဒီလိုဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပေမဲ့ အဲ့ဒီ့အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဟာ သမ္မတ ဖြစ်လာနိုင်မယ့် အလားအလာ မရှိဘူးဆိုတဲ့ သဘောလားလို့ မေးတဲ့အခါမှာတော့-ဦးဝဏ္ဏမောင်လွင်က နောက်လူတွေက စဉ်းစားပါလိမ့်မယ်လို့ပြောပါတယ်။

    “ရွေးကောက်ပွဲ ရလဒ်ကိုတော့ ကျနော် မသိပါဘူး။ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲဖြစ်စဉ် ကိစ္စတွေကို ဘယ်လို ဆက်လုပ်မလဲ ဆိုတာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူတွေ ဆုံးဖြတ်ကြပါလိမ့်မယ်။ ”

    ဘင်္ဂါလီ ကိစ္စ

    နောက်တခါ လူ့အခွင့်အရေးအဖွဲ့တွေက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို မျိုးသုန်း သတ်ဖြတ်နေတယ်။ အိမ်နီးချင်း နိုင်ငံတွေကို သောင်းနဲ့ချီ ထွက်ပြေးနေကြရတယ်လို့ စွပ်စွဲကြတယ်။ ဒါဟာ နိုင်ငံတကာ ဆက်ဆံရေး ပြသနာတရပ်ဖြစ်နေပါတယ်။ ဒီပြသနာအတွက် မြန်မာအစိုးရက ဘယ်လိုမူဝါဒမျိုး ချမှတ်ထားသလဲ ဆိုတဲ့ မေးခွန်း ကိုတော့-

    ဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ရိုဟင်ဂျာဆိုတဲ့ အမည်ကို အသိအမှတ် မပြုကြောင်း ပထမဦးစွာ ပယ်ချပြီးတော့ ဒီလူတွေ ဝင်ရောက်လာပုံကို သမိုင်းကြောင်းနဲ့တကွ ဆက်လက်ရှင်းပြပါတယ်။ အဲ့ဒီ့နောက် အခုလက်ရှိဆောင်ရွက်နေတဲ့အခြေအနေကို အခုလို ဖြေကြားသွားပါတယ်။

    “အခုလက်ရှိမှာလဲ ကျနော်တို့က နိုင်ငံသားစိစစ်ရေးလုပ်တော့ တရားမဝင် လာရောက်သူအချို့ ထွက်သွားကြပါတယ်။ တချို့လည်း ရေကြည်ရာ မြက်နုရာ ရှာရင်း လူမှောင်ခိုတွေလက်ထဲ ဆက်သွယ်ထွက်ခွာကြတာရှိပါတယ်။ ဒေသတွင်း အလုပ်အကိုင်ရှာရင်း သွားကြတာပါ။ မကြာခင်က ကပ္ပလီ ပင်လယ်ထဲက လှေစီးပြေးတွေ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားတို့ကို ရောက်သွားတဲ့ သူတွေဟာ ဒီလို အလုပ်ရှာဖို့ ဘင်္ဂလားဒေ့ရှ်က လူမှောင်ခိုတွေနဲ့ ခိုးထွက်လာကြသူတွေပါ။ ဒီပြသနာကို ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆွေးနွေးပြီး ဒီနှစ် မေလနဲ့ ဇွန်လ အတွင်းကပဲ ကျနော်တို့ ရေပိုင်နက်ထဲက လှေတချို့ ကို မြန်မာရေတပ်က ကယ်တင်ခဲ့ပါတယ်။ ကိုးရာလောက်ရှိပါတယ်။ သူတို့ကို ယာယီနေစရာပေးထားပါတယ်။ သေသေချာချာ စုံစမ်းစစ်ဆေးပြီး ၈၀%လောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ညှိနှိုင်းပြီး ပြန်ပို့ခဲ့ပါတယ်။ ဒီပြသနာဟာ မြန်မာနိုင်ငံမှာ သာမက နိုင်ငံတကာ မှာ ဖြစ်နေ တဲ့ ပြသနာပါ။ အခုလောလောဆယ် ဥရောပကို ကြည့်ပါ။ ရွွှေ့ပြောင်း ဝင်ရောက်လာသူတွေ အများကြီးပါ။ အမေရိကား မှာ လည်း မက္ကဆီကို နယ်စပ်မှာ ဒီလိုပြသနာမျိုး ရှိနေတာပါပဲ။”

    မျိုးစောင့်ဥပဒေ ကိစ္စ

    ဆက်လက်ပြီး မျိုးစောင့်ဥပဒေလို့ခေါ်တဲ့ ဥပဒေတွေနဲ့ပတ်သက်လို့လည်း ဒါတွေဟာ မူဆလင်တွေကို ခွဲခြားနှိမ့်ချထားခြင်း မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီဥပဒေကြမ်းလေးခု ကို လူထုရဲ့တောင်းဆိုချက်အရ အစိုးရက ရေးဆွဲပြီး လွှတ်တော်က အတည်ပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    ဝှိုက်ကဒ်ကိစ္စ

    နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ယာယီအသိအမှတ်ပြု ကိုင်ဆောင်ထားတဲ့သူတွေ မဲပေးခွင့်မရဘူးဆိုတဲ့ မေးခွန်းကို ဖြေကြားရင်း အမေရိကန်ပြည်ထောင်စုမှာရော Green Card ကိုင်ဆောင်ထားတဲ့သူတွေ မဲပေးခွင့်ရပါသလားလို့ ဦးဝဏ္ဏမောင်လွင် က ပြန်လည်မေးခွန်းထုတ်သွားပါတယ်။

    [Source: http://burmese.voanews.com/content/reforms-and-democratiozation-in-myanmar/2977616.html%5D

  • kai

    June 4, 2019 at 11:05 am


    ===============================

    https://www.bbc.com/burmese/media-48496673

Leave a Reply