. ဒေါ်အောင်ဆန်းစုကြည် ကို အမှန်တကယ် ချစ်ခင်လေးစား သူများ အတွက် စည်းရုံးမှု ပုံစံ ကို ဆင်ခြင် သတိထားကြဖို့ အတွက် ပါ။

မနေ့က အင်တာနက်မှာ သတင်းလွှင့်တာ ကြည့်ရင်း အဝိုင်းလည်နေတုန်း ဘေးက  Chat Box ကို ကြည့်နေမိတယ်။
တစ်ချို့ က NLD, NLD  ဆိုပြီး မပြတ်တင်နေတယ်။
.နောက် တစ်ချို့က အဲဒါကို ဆဲ တယ်။
သူတို့ နှစ်စု ထဲ ဘဲ စက္ကန့်မလပ် မပြတ်တင်နေကြတာ။
အဲဒါကို ကြည့်ပြီး စိတ်ထဲ တစ်မျိုး ဖြစ်လာတယ်။
ဒီလိုသူ တွေ ဟာ ဟောပြောနေတဲ့ ပုဂ္ဂိုလ်ရဲ့ စကား ကို နားထောင်ချင်လွန်းလို့ မှ ဟုတ်ရဲ့လားလို့။
မိန့်ခွန်းလာနေတာကို အာရုံမစိုက် နားမထောင်ဘဲ ဘေးမှာ အလုပ်များပြ နေတာ အဖျက်သဘောဆောင်ပါတယ်။
အသိဉာဏ် နဲ ရာရောက်ပါတယ်။
အဲဒီ ကနေ စိတ်ထဲ ရှိတဲ့ သံသယ ရှိမိတာလေး ကို သတိပေးပါမယ်။

တကယ်လို့ ဒီချုပ် ကို စစ်မှန်တဲ့ စေတနာ နဲ့ အားပေးသူ ထဲ က ဖြစ်ခဲ့ရင် တစ်ဖက် ကို ရိုင်းရိုင်းစိုင်းစိုင်း အပုတ်ချ ဆဲဆိုတာ ရှောင်ဖို့ပါ။
သူတို့ဘက်က မကောင်းတာလုပ်နေလဲ ရှောင်ထွက်ကြပါ။
စိတ်တိုလို့ ဆဲချင်ရင် အပြင်မှာဘဲ ကိုယ့်ဟာကို အော်လိုက်ပါ။ အများမြင်တဲ့ စာမျက်နှာတွေပေါ် တက်မလာသင့်တော့ပါ။
ကိုယ့်ဘက်က ပြန်ပြောချင်ရင်လဲ အဆင့်ရှိရှိ စကာလုံးများ နဲ့ အေးအေးဆေးဆေးတုန့်ပြန်ပါ။
အဲဒီလို မှတ်ချက်မျိုး ဆိုရင် သူတို့ ကြောက်ပါတယ်၊ ဖျက်ပစ်ပါတယ်။ သူတို့ Page  တွေပေါ် မထားရဲပါ၊ ပက်ပက်စက်စက် ရိုင်းရိုင်းစိုင်းစိုင်း စကား တွေ ကို မဖျက်ဘဲ ထားပါတယ်။ အသေအချာအကြောင်းအကျိုးပြပြီး ရှင်းပြ ရင် ဖျက်လိုက်ပါတယ်။ အဲဒီထဲ က သူတို့ ဘက်က ဆဲပြလေ ရိုင်းပြလေ ကြိုက်လေပါ။
NLD ဒီမို တွေ ရိုင်းသပေါ့။

ဒီတော့ သူတို့ စိတ်ကြိုက် မဖြစ်အောင် နေကြပါ။
ကိုယ့် သိသူ လူအချင်းချင်း သတိပေးပါ။
ဒီလို သတိပေးနေရက် နဲ့ နောက်ပိုင်းမှာလဲ ဆက်ကျူးလွန်နေရင် အဲဒီလူဟာ တစ်ခုခု မှားယွင်းနေပြီး မရိုးသားဘူး လို့ ယူဆလို့ ရပါတယ်။
သူဟာ တစ်ခုခု ကို မကောင်းတဲ့ အကြံနဲ့ ဒီချုပ်လူ လို လုပ်နေတာ ဖြစ်နိုင်ပါတယ်။
တစ်ချို့ စစ်ဆင်ရေး တွေမှာ ကိုယ့်လို လူတွေ နဲ့ ပူးနေပြပြီး ငခုံးမ လုပ်လိုက်တော့ တစ်လှေလုံးပုတ် တဲ့ သဘောပါဘဲ။
ဒီတော့ ငခုံးမလို ပါလာရင် သတိပေးပါ။ မရရင် သူ့စာတွေ ကို လုံးဝ မမျှပါနဲ့တော့။

မနေ့ည က လူသတ်မှု လို့ ထင်ရတဲ့ အကြောင်းတစ်ခု ကို မှူးဇော် ဆိုတဲ့ သူက ရေးပြီး ပြန်ဝန် ရဲ့ Page မှာ မျှထားတယ်။
ပြီးတော့ အဲဒီကနေ ကောလဟာလ မလွှင့်ကြဖို့၊ ပေါက်ကရပုံ မတင်ဖို့ ပြောတယ်။
ဘယ်သူမှ မသိတဲ့ အကြောင်း က သူတို့ ပြန်ဝန် ရဲ့ လူသိရှင်ကြား Page  မှာတက်မှ ပွမှာ ဆိုတာ သိသိ နဲ့ တင်တာလို့ ထင်ပါတယ်။
ဒါပေမဲ့ ပြသနာက သူတို့ ရဲ့စေတနာက စစ်ရင်တောင် သံသယ ဖြစ်တဲ့ စိတ် နဲ့ တွေးနေတတ်ကြတဲ့ ပြည်သူ တွေ ဖြစ်နေကြတာမို့ သူတို့ ထင်သလို မပြန့်ခဲ့ဘူး ထင်ရဲ့။

အခုတော့ နောက် တစ်ခု။
. ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောနေတာကို MRTV ကဖျက်ယဖျက် လုပ်တယ် ဆိုတဲ့ သတင်း။
အဲဒီနောက်မှာ ကိုယ့်တို့ လူတွေ တစ်ချို့ ဆတ်ဆတ်ခါကြပြန်တယ်။
အဲဒီအချိန်မှာ ကြားကနေ မြန်မာ့ရုပ်မြင်က လူတွေ နဲ့ ဒီချုပ် က လူတွေ ကို သွေးခွဲပြန်တယ်။
ဟုတ်လား/ မဟုတ်လား ဆိုတာ ကို သတင်း  မမှန်ဘဲ နဲ့ ဘာကိုမှ မယုံကြဖို့၊ အဲဒီကနေ သွေးမဆူကြဖို့၊ စကားလုံးတွေ မရိုင်းဖို့ သတိပြုကြဖို့ သင့်ပြီ။
သွေးခွဲတယ်၊ သပ်ရှိုတယ် ဆိုတာ ဆင်ခြင်ဉာဏ် အသိလေး နဲ့ စဉ်းစားနိုင်ရင် လုပ်လို့ မရပါဘူး။
သတင်းတိုင်းကို မယုံကြပါနဲ့။
အထူးသဖြင့် တစ်ယောက်နဲ့တစ်ယောက် အမုန်းပွါးနိုင်တဲ့သတင်းများ ကို သတိပြုကြပါ။
Live  မဟုတ်တာ ဖြစ်လို့ ညစ်ချင်တိုင်း ညစ်လို့မရပါဘူး။
နောက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ ရင်ဆိုင်တွေ့သူ အများစုက မရိုင်းလောက်ပါဘူး။
ရိုင်းသူများ က မျက်နှာချင်းတောင်မဆိုင်နိုင်/ရဲ ကြပါ။
ဒီတော့ MRTV က တာဝန်ရှိသူတို့ ကို အပြစ်မမြင်ဘဲ သူတို့လဲ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြမှာဘဲလို့ ယုံလိုက်ကြရအောင်ပါ။

စည်းရုံးရေးမှာ သတိပြူသင့်တဲ့ အချက်တစ်ခု ရှိပါသေးတယ်။
ဟိုဘက်လိုလို ဒီဘက်လိုလို ဖြစ်နေတဲ့ “လူ ပုဂ္ဂိုလ် ရဟန်း” များ ကို ကိုယ့်ဖက်က လို ဟန်ပြုပြီး မသုံးကြစေလိုပါ။
သိက္ခာရှိပြီး ယဉ်ကျေးတဲ့ စကားလုံးများ၊ သူများကို နစ်နာအောင် မပုတ်ခတ် တဲ့  စာသား များ သုံးပြီး စည်းရုံးကြပါ။

ကိုယ်ကစပြီး ယဉ်ကျေးအောင် အဆင့်ရှိအောင် နေပြပြီး ပြောစရာလိုရင် အကြောင်းအကျိုး သင့် ရှင်းပြ ပြောဆိုကြပါ။

အခုတော့ ဒီလောက်ပါဘဲ။
ပြောလိုတဲ့ အနှစ်ချုပ်ကတော့

ဒီချုပ် ဘက်က နေ အမေ အမေ ခေါ်ပြီး အော်ဆဲပေးနေတိုင်း ကောင်းတယ်လို့ မထင်ကြပါနဲ့။
စေတနာနဲ့ ဆဲပေးရင်တောင်မှ ဒါဟာ သိက္ခာကျ စေဖို့ အန္တရာယ်ပါ။ အဲဒါလေး ကို အသိမျှပေးကြပါ။
ရည်ရွယ်ချက် နဲ့ တမင် ဝင်ပူးပြီး လုပ်နေသူများ ရှိနေတာကိုလဲ အထူး (အထူး) သိကြပါ။

About မြစပဲရိုး

Khin Latt has written 240 post in this Website..