အမေစု နဲ့ လုံမလေး (အကြွားပို့စ်)

ဘဝရဲ့ ထူးခြားတဲ့ အမှတ်တရလေးမို့ ရွာထဲမှာ လာကြွားရင်း မှတ်တမ်းတင်ပါသည်။

(မပျက်စေနဲ့နော် သဂျီး… ပျက်ရင် ပြန်လျော်ရမယ်.. ဟွန်း)

 

ချစ်သောအမေကို ပန်းနဲ့ကြို

 

အမေ့ကို အရမ်းချစ်တယ်…

 

အမေကျန်းမာပါစေ…

 

ရင်တွေခုန်လွန်းလို့ ဘယ်လိုနေရမှန်းတောင် မသိဘူး…

 

Our Family is for NLD!

 

ဒါလေးကိုလည်း ဒေါင်းထားတယ်..

22 comments

  • ဇီဇီခင်ဇော်

    September 23, 2015 at 3:13 pm

    ပို့(စ) ထဲမှာ ပေါ်တယ်။
    ဟွန့်။
    အမွန့် မက်နှာမြန်း ဖြီးလို့။
    မနာလိုထာ။
    :k:

  • @QUIL@

    September 23, 2015 at 6:38 pm

    ဝှီးချဲစီးပီးတိုင်းခန်းလှည့်တာ မြင်ချင်လား ဟင်င်

    • လုံမလေးမွန်မွန်

      September 24, 2015 at 10:47 am

      ဘိုပဲဖြစ်ဖြစ်… သမ္မတဖြစ်ရင် ပြီးရော .. အမေလို သူတော်ကောင်းက အသက်ရှည်ဦးမှာ…

  • Ma Ma

    September 23, 2015 at 8:53 pm

    ကြွားပါ ကြွားပါ။
    ကြွားရကျိုးနပ်ပါတယ်။
    ဒါမျိုးအကြွားခံချင်ပါတယ်။ 🙂

  • kai

    September 24, 2015 at 1:23 am

    ပန်းကုံးတာင် …နှလုံးပုံလေးလုပ်ပြီးမှ.. စွပ်တယ်ပေါ့…။
    အဲလိုလား.. :k:

  • မြစပဲရိုး

    September 24, 2015 at 2:02 am

    လုံမ (အကျယ်ကြီးအော်လိုက်သည်) :-)))
    ရွာထဲ မှာ ဂုဏ်ယူစရာတိုးပြန်ပါပေါ့။
    ချစ်သောလုံမ နဲ့ ချစ်သော ကိုယ်တို့ရဲ့ ဘုရင်မ ပုံကို သမိုင်း မှတ်တမ်းတင်ထားပါ သူကြီးရာ။
    အဲဒီအမျိုးသမီးကြီး ကို အပြင်မှာ တွေ့ပြီး တစ်ခါလောက် ဖက်ထားလိုက်ချင်တယ်။

    လွန်ခဲ့တဲ့ ၂၅နှစ် အချိန်တွေကို နှမြောမိ ပေမဲ့ အခု အချိန်လေး အနည်းငယ်ကျန်နေသေးရဲ့။
    နောက် ၂၅နှစ် ဆို ရွှေပြည်ကြီး ဘယ်လိုဖြစ်နေမလဲ ဆိုတာ မှန်းမရလောက်အောင် ဝေဝါးနေဆဲ။

    မတရားမှုတွေ ကို မျက်ဝါးထင်ထင် မြင်နေပါရက်နဲ့ ဒီမတရားမှု တွေ ကို ဖယ်လိုက်နိုင်ဖို့ ကြိုးစားပေးနေတဲ့ ဒီအမျိုးသမီးကြီး ကို အမြင်မကြည်သူတွေဟာ မတရားမှု ကို နှစ်သက်တတ်သူဘဲ ဖြစ်မယ်။
    အဲဒီလို လူတွေရဲ့ သမိုင်းကြောင်း ကို စစ်တမ်း ကောက်ပြီး အဲဒီ hypothesis မှန်/မမှန် study လုပ်ချင်စိတ်ပေါက်နေတယ်။

    နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ကို ဝိုင်းရံ ပံ့ပိုးပေးနေသူ ဟာ ပညာမတတ်၊ အလုပ်လက်မဲ့၊ ကလေကချေ၊ အသိဉာဏ်တုံး တွေ လို့ ဆိုနေသူရှိလို့ပါ။
    . ဒေါ်အောင်ဆန်းစုကြည် ကို ဝိုင်းရံ ပံ့ပိုးပေးနေသူ ကျွန်မ တို့ရဲ့ သမိုင်း နောက်ကြောင်း ကို ကြိုက်သလို စုံစမ်းကြည့် ကြပါ လို့စ်။
    ဘယ်လောက် တုံးကြ တယ် ဆိုတာသိရအောင်ပါ။
    အဲဒါကိုလဲ ရွာထဲ မှာတင် List လုပ်ကြည့်ရမလား။ :-))))

    • လုံမလေးမွန်မွန်

      September 24, 2015 at 11:53 am

      သမီးလေ.. အဲဒီအခိုက်အတန့်လေးမှာ သတိမေ့သွားသလို ခံစားလိုက်ရတာ… ပန်းကုံးကို ဘယ်လိုစွပ်ပေးလိုက်မှန်း လုံးဝ မမှတ်မိဘူး… ရင်တစ်ခုလုံးလည်း ဗြောင်းဆန်နေတာပဲ… ပြေးဖက်ချင်စိတ်ကို မနည်းထိန်းထားရတယ်.. ကိုလင်းလင်းကြီးကိုလည်း ကြောက်တာကိုး.. :k:

  • မြစပဲရိုး

    September 24, 2015 at 2:06 am

    မိန့်ခွန်း Link လေး အတွက်လဲ ကျေးဇူးပါ လုံမရေ။

    +++++++++++++++++++++++++++++++++++++
    ပြည်သူတွေက ကျွန်မတို့ ကို မကြိုက်လို့ လက်မခံဘူး ဆိုရင်လဲ လက်မခံတဲ့ အတိုင်း ပြည်သူ တွေရဲ့ ဆန္ဒ ကို လေးစားရမှာဘဲ။
    (ဒေါ်အောင်ဆန်းစုကြည် – ၂၃-၀၉-၁၅ ကွမ်းခြံကုန်းမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံး ဟောပြောပွဲ)

    +++++++++++++++++++++++++++++++++++++
    ဒီလိုတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုက အများကြီးသတိထားရပါမယ်။
    ပဋိပက္ခ ဖြစ်အောင် လုပ်နေတာလား။ ပြည်သူတွေရဲ့ကြားမှာ မတည်ငြိမ်အောင် လုပ်နေတာလား၊
    ဒါကြောင့်မို့လို့ ဒေါသကို ချုပ်တည်းပါ။
    (ဒေါ်အောင်ဆန်းစုကြည် – ၂၃-၀၉-၁၅ ဒေးဒရဲမြို့နယ် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံး ဟောပြောပွဲ)

  • Mike

    September 24, 2015 at 9:53 am

    .အားကျပါတယ်မွန်မွန်ရယ်
    .ဒေါ်စုကို လှိုင်မြိုှုနယ်ရုံးလာဖွင့်တုန်းက ခပ်လှမ်းလှမ်းကမြင်ဖူးခဲ့တယ်…လမင်းကြီးလိုလင်းလို့ :))
    .ပုံတွေကသေးတာဟယ်…

    • လုံမလေးမွန်မွန်

      September 24, 2015 at 11:55 am

      ဒီပုံတွေတောင် သူများက ပို့ပေးလို့ ရတာ အူးမိုက်ရေ… ဓာတ်ပုံရိုုက်ခို်င်းဖို့လည်း သတိမရဘူး.. အရှိန်အဝါက သိပ်ကြီးတာ.. ရောက်လာတာနဲ့ လင်းကနဲ ဖြစ်သွားတာပဲ… မျက်နှာကို စေ့စေ့မကြည့်ရဲဘူး.. အဲဒီလောက်အထိ… 🙂

  • Alinsett @ Maung Thura

    September 25, 2015 at 1:45 am

    အမေ့ကို နီးနီးကပ်ကပ်တွေ့ပြီး စကားပြောချင်လိုက်တာာာာ

  • aye.kk

    September 26, 2015 at 6:00 am

    လုံမလေး၊ချစ်စရာ
    အမေစုနဲ ့အတူတွေ့ရတာ
    ကျက်သရေအပေါင်းခညောင်းအလှဝေဖြာ။

  • တောတွင်းပျော်

    September 26, 2015 at 3:14 pm

    လုံမလေးရဲ ့ အပျော်က ဒီဖက်အထိကိုတောင်
    စီးလာတယ်။ ထပ်တူခံစားလိုက်ရတယ်။

  • ဦးကြောင်ကြီး

    September 26, 2015 at 11:57 pm

    အမွမ်ကို ဒေးဒ ျဲတောမြို ့တခုလုံးက သိသွားမှာဘဲနော ်…

  • Ma Ei

    September 29, 2015 at 2:34 pm

    အမေစုကို ပန်းကုံးစွပ်ပေးနေတာ ဒို့ရွာသူလေးပေါ့လို့
    တီအိလဲ ဆက်ကြွားလိုက်ပါဦးမယ်…
    🙂

Leave a Reply