Increasing your vocabulary – ဆရာမျိုးကျော်မြင့်

kaiSeptember 23, 20151min2188

အင်္ဂလိပ်စကားဟာ ယခုအချိန်မှာ ကမ္ဘာတစ်ဝှမ်းလုံးက သုံးတဲ့စကားဖြစ်နေပါပြီ။ဒီတော့ အင်္ဂလိပ်စကားကို ထည်ထည်ဝါဝါ ခန့်ခန့်ငြားငြားပြောတတ်၊ရေးတတ်လိုသူတိုင်း အင်္ဂလိပ်စကားလုံးလေးများသာမက Latin (ယခင်လကဖော်ပြခဲ့ပြီးပါပြီ) အပါအဝင် French, Spanish,Italian,Arabic စသည့်ဘာသာစကားများကလာတဲ့ စကားလုံးလေးတွေကိုပါ တတ်ကျွမ်းထားဖို့လိုအပ်သလို သုံးတတ်ဖို့ လိုအပ်ပါတယ်။ဦးစွာပထမ ပြင်သစ်ဘာသာစကားမှလာတဲ့ လူအများစုအသံထွက်မှားတက်တဲ့ ဝေါဟာရလေးတွေကို လေ့လာကြရအောင်။

မိမိရဲ့ ချစ်သူနဲ့ချိန်းထားတဲ့အကြောင်း သူငယ်ချင်းတွေကို ကြွားဝါလိုတယ်ဆိုပါစို့။ “I’m going to see my girlfriend tonight.” လို့လွယ်လွယ်ကူကူပြောလို့ရသော်လည်း
“I have a rendezvous with my girlfriend tonight.” လို့ပြောနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒီနေရာမှာ rendezvous ဆိုတဲ့ပြင်သစ်ကလာတဲ့ဝေါဟာရလေးကို ရွန်ဒီVu (V သံကို မြန်မာလိုအသံဖော်ပြလို့မရလို့ အင်္ဂလိပ်လိုပဲ ဖော်ပြလိုက်ပါတယ်။)လို့အသံထွက်မှ မှန်ပါသည်။သတိပြုမိစေလိုပါသည်။
စီးပွားရေးသမားများ စားသောက်ဖွယ်ရာများနှင့် အရက်တွဲပြီးရောင်းသည့်ဆိုင်လေး တစ်ဆိုင်တည်ကြမည်ဆိုပါစို့။ဆိုင်နာမည်ကို Kyaw’s Bar and Restaurant လို့ပေးလို့ရသော်လည်း Kyaw’s Bistro လို့အမည်ပေးနိုင်ရင်တော့ ပရိသတ်ပိုများဖို့ မြင်ပါသည်။

ကျွန်တော်တို့ မြန်မာလူမျိုးအများစု မနှစ်သက်သည့် Coup d’état ဆိုသည့် ဝေါဟာရလေးသည်လည်း ပြင်သစ်ဘာသာစကားမှ လာပါသည်။
“The military has staged a successful coup d’état in Burma.”
“မြန်မာပြည်မှာ စစ်တပ်က အောင်မြင်စွာ အာဏာသိမ်းလိုက်ပြီဟု”  ပြန်ဆို၍ရပါသည်။

အချို့ကံမကောင်းသူများသည်အလုပ်လျှောက်တိုင်း Interview တော့အခေါ်ခံရသည်။ သို့သော် Interview အပြီးတစ်ရက်နှစ်ရက်အတွင်း ငြင်းပယ်ခံရတတ်ပါသည်။တစ်ခါလည်းမဟုတ်၊နှစ်ခါလည်းမဟုတ် ခဏခဏဖြစ်နေပြီဆိုလျှင် နောက်တစ်ခါ Interview ဖြေသည့်အခါ  “This is starting to feel like deja vu.I now I am going to be rejected again.” ဟုပြော၍ရပါသည်။

အချို့မိသားစုများ၌ မိဘများကမြန်မာဆန်သော်လည်း America ၌ကြီးလာသောကလေး
များကမူ မြန်မာတို့၏အမြင်တွင်ခပ်ရိုင်းရိုင်းခပ်ကြမ်းကြမ်း ဖြစ်နေတတ်ပါသည်။
လူကြီးမှန်းမသိ ၊ မိဘကိုရိုသေရမှန်းနားမလည်ဖြစ်နေသောကလေးများကို enfant terrible ဟုသုံး၍ရပါသည်။
“I really don’t want you acting like an enfant terrible.” ဟုသုံးကြည့်
လိုက်ပါ။ခန့်ငြားလှပသောဝေါဟာရလေးဖြစ်နေပါ၍ ရိုင်းနေသည့်ကလေး၊ မိဘကို အထင်သေးနေသည့်ကလေးပင် စိတ်ပြောင်းသွားကာအလိမ္မာလေးဖြစ်သွားပါလိမ့်မည်။

စာရေးသူတို့နေရာ San Jose မြို့လေးမှာ Spanish ဘာသာစကားတက်ကျွမ်းသူအလွန်ပေါများပါသည်။ဒီတော့ခန့်ငြားထည်ဝါတဲ့ Spanish ကလာတဲ့ ဝေါဟာရလေးတွေကို အစဉ်သင့်သလို သုံးတက်ရန် လိုအပ်ပါသည်။
မြန်မာလူမျိုးအများစုသည် ဘောလုံးဝါသနာအိုးများဖြစ်ကြပါသည်။မိမိကိုယ်မိမိ “I’m a soccer fan.” ဟုသာမာန်ပြော၍ရသော်လည်း”I’m a soccer aficionado.” ဟုသုံးတက်ရင် ပိုမိုခန့်ငြားမည်ဖြစ်ပါသည်။

ကျွန်တော်တို့မြန်မာပြည်က ငြိမ်ဝပ်ပိပြားရေးအဖွဲ့ကြီးကို မှတ်မိကြပါလိမ့်မည်။သူတို့ကိုယ်သူတို့ “တိုင်းပြည်ရဲ့ကယ်တင်ရှင်ကြီး”တွေလို့ ခေါ်လိုခေါ်၊ မျိုးစုံခေါ်နေကြပေမယ့် ကမ္ဘာမှာတော့ military junta လို့ပဲလူသိများပါတယ်။ဒီနေရာမှာ junta တို့ j နဲ့ပေါင်းထားပေမယ့် j သံမထွက်ရပါ။”H”သံထွက်ရပါသည်။”ဟွန်တာ” လို့အသံထွက်ရပါသည်။”ဂျွန်တာ” လို့မထွက်ရမှန်း သတိပြုစေလိုပါသည်။

အချို့လူများသည်နေ့လည်နေ့ခင်း၌ တစ်ရေးလောက်တော့အိပ်လိုက်ရမှနေလို့ထိုင်လို့
ကောင်းပါသည်။ ဒီတော့အလွယ်တကူ “I’m taking a nap for about 30 minutes.” လို့ပြောလို့ရသော်လည်း
“I’m taking a siesta for about 30 minutes.” လို့ပြောတတ်ရင်တော့ပိုကောင်းပါသည်။
siesta ဆိုသည့် Spanish မှလာသည့်ဝေါဟာရလေးမှာ အင်္ဂလိပ်လို nap နှင့်အတူတူဖြစ်ပါသည်။ခေတ္တခဏအိပ်ခြင်းဆိုသည့်အဓိပ္ပါယ်ရှိပါသည်။

နောက်ထပ်မှတ်သားစရာဝေါဟာရလေးတစ်ခုကတော့ fiesta ပင်ဖြစ်ပါသည်။Party နှင့်ခပ်ဆင်ဆင်ပင်ဖြစ်သော်လည်း ပိုမိုကြီးကျယ်ခန်းနားပါသည်။ဒီတော့ American သူငယ်ချင်းတွေကို သင်္ကြန်ပွဲကိုဖိတ်ခေါ်ချင်ရင်”Come and spend this Sunday with us.We are throwing a big party to welcome the New Year.”လို့ပြောလို့ရသော်လည်း”Come and spend this Sunday with us.We are welcoming the New Year with a big fiesta .” ဟုပြောနိုင်ရင်တော့ ပိုမိုလှပခန့်ငြားတာပေါ့နော် ။

God Father ဟုဆိုလျှင် Mafia အဖွဲ့ကြီးကို အားလုံးကြားဖူးကြမှာပေါ့။အနည်းဆုံး တော့ God Father ရုပ်ရှင်သုံးခုအနက်တစ်ခုလောက်တော့ ကြည့်ဖူးကြမှာပါ။ God Father
ဆိုရင်တချို့ကလူဆိုးတွေ ဂိုဏ်းသမားတွေနဲ့ပတ်သက်တဲ့ ဝေါဟာရလို့တောင်ထင်နေကြသေးတယ်။တကယ်တော့ God Father ဆိုတာ ခရစ်ယာန်ဘာသာနှစ်ခြင်းအစဉ်အလာမှလာတဲ့ ဝေါဟာရလေးပါ။ဖခင်လိုပင် ကလေးငယ်ကိုစောင့်ရှောက်မယ့် ပုဂ္ဂိုလ်ကို ဆိုလိုပါတယ်။
“John is my father’s best friend.He is also my god fahter.” လို့သုံးလို့ရပါသည်။

Italian ကလာတဲ့ဝေါဟာရလေးနှစ်ခုကို အထူးမှတ်သားသင့်ပါတယ်။
လူတစ်ယောက်နှင့်တစ်ယောက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မကျေနိုင်မချမ်းနိုင်အောင် မုန်းတီးကြပြီး သားစဉ်မြေးဆက်တစ်ဖက်နှင့်တစ်ဖက်ရန်ငြိုးထားပြီး ဂလဲ့စားချေကြတာ မျိုးကို vendetta ဟုခေါ်ပါသည်။ကျွန်တော်တို့မြန်မာလူမျိုးများမှာတော့ ဒီလိုကိစ္စမျိုးရှားပါသည်။ vendetta အစားမြန်မာများနှင့်သင့်တော်သည့်ဝေါဟာရလေးမှာ virtuoso ပင်ဖြစ်ပါသည်။အနုပညာ၌၎င်း၊စီးပွားရေး၌၎င်း၊ပညာရေး၌၎င်းပြိုင်စံရှားအောင်ထူးချွန်သူများနှင့်သုံးတတ်ပါသည်။
ဥပမာ – “Sein Bayder was a virtuoso in the art of drums.” ဟုဆိုလျှင်စိန် ဗေဒါဗုံတီးတဲ့နေရာမှာ ပြိုင်ဖက်မရှိလောက်အောင်ထူးးချွန်သည်ဟုဆိုလိုပါသည်။စာဖတ်သူအားလုံး ဆိုင်ရာဆိုင်ရာနေရာများ၌ virtuoso များဖြစ်လာကြပါစေဟု ဆုတောင်းရင်း နားပါဦးမည်။

မှတ်ချက်။  ။ မြန်မာ့ဂဇက် အောက်တိုဘာလထုတ်တွင်ဖေါ်ပြပြီးဖြစ်သည်။

8 comments

  • ဇီဇီခင်ဇော်

    September 24, 2015 at 6:07 am

    ဟိုနေ့ က Desiel Washington ရဲ့
    Deja Vu (2006) ဆိုတဲ့ ကားးလေးး ကြည့်မိသဗျ..!!
    ကျော် လည်းး ကြည့်သာကြည့်တာ ဒီ စာလုံးးကို မသိဘူးး
    ဇော်သန့်ပြောမှ သိတယ်..
    မြန်မာ လို ကျစ်ကျစ်လစ်လစ် ဘယ်လို သုံးး လဲတော့ မသိ…
    🙄

    • ဇီဇီခင်ဇော်

      September 24, 2015 at 6:09 am

      God Father လည်းး ပေးးခဲ့တယ်
      စိတ်မအေးးလို့ မကြည့်နိုင်သေးးဘူးး

      ခုခေတ်က sugar daddy နဲ့ ဘာကွာတုန်းးမသိ :mrgreenn:

    • kai

      September 24, 2015 at 5:23 pm

      သကြားဗူး လို့သုံးရင်ရော…။
      မြင်တာနဲ့ချိုမှန်းသိ…။
      နောက်တာပါ…။
      ကြိုယောင်မြင်… :k:

  • kai

    September 24, 2015 at 8:34 am

    ကျွန်တော်တို့မြန်မာပြည်က ငြိမ်ဝပ်ပိပြားရေးအဖွဲ့ကြီးကို မှတ်မိကြပါလိမ့်မည်။သူတို့ကိုယ်သူတို့ “တိုင်းပြည်ရဲ့ကယ်တင်ရှင်ကြီး”တွေလို့ ခေါ်လိုခေါ်၊ မျိုးစုံခေါ်နေကြပေမယ့် ကမ္ဘာမှာတော့ military junta လို့ပဲလူသိများပါတယ်။ဒီနေရာမှာ junta တို့ j နဲ့ပေါင်းထားပေမယ့် j သံမထွက်ရပါ။”H”သံထွက်ရပါသည်။”ဟွန်တာ” လို့အသံထွက်ရပါသည်။”ဂျွန်တာ” လို့မထွက်ရမှန်း သတိပြုစေလိုပါသည်။

    အဲဒါတော့အခုမှသိတယ်..။ ဂျွန်တာချည်းခေါ်နေတာ..။
    San Jose ကို ဆန်ဟိုဆေး ခေါ်သလိုကိုး..။

    အဲ…
    God Father က.. တကယ့်အဖေလိုကိစ္စတွေမှာသုံးသဗျ..။ သား/သမီးတွေရဲ့.. God Gather က… မင်္ဂလာဆောင်မှာ အဖေနေရာကထွက်လို့ရတယ်..။

    ချိုချိုဖေကတော့.. ပျိုပျိုမေနဲ့.. ဟိုလိုဒီလိုငွေပေးဆက်ဆံသူပါ..။

  • လုံမလေးမွန်မွန်

    September 24, 2015 at 1:59 pm

    Law of Janta ကိုရော ဘယ်လို အသံထွက်တုန်း… နော်ဝေစကားလို့ ပြောတာပဲ..

    Rendez-vous = ဟွန်ဒေဗူး (ဟ ကို အာလုတ်ကျင်းသံနဲ့ ဆိုရတယ်)
    Déjà vu = ဒေးရှားဗျူး (ရှား က ရား နဲ့ ရှား ကြားက အသံ)
    Enfant terrible = အွန်းဖွန့် တဲဟိဘ်လ်
    Coup d’état = ကုပ် ဒေးတ

    အိုက်စာလုံးဒေ သများသိတယ်လို့ လာကြွားတာ.. 🙂 အင်းဂလိပ်လို မထွက်တတ်ဝူး..

  • တောင်ပေါ်သား

    September 24, 2015 at 2:06 pm

    အတော်ပညာရသဗျ
    ကျေးဇူးဗျို့

  • @QUIL@

    September 24, 2015 at 5:14 pm

    ဗာတူဆို ဆိုတာ ကျုပ်တော်တော် နှစ်သက်တဲ့ စကားလုံးခည…
    မူလ ဆိုလိုရင်းကလည်း ဥပမာပေးထားတဲ့စကားလိုပဲ
    မူးဇိ အင်ဒတ်စထွီ ကနေလာတယ် ထင်တာပဲ….
    ဗာတူဆို ရဲ့အဖွင့် ကို သီချင်းသည် ဆိုတဲ့ မြန်မာပြန်ကိုလည်း အတော် နှစ်သက်သဗျ…။
    အလယ်ခေတ်က အုရောပတခွင် ပြဲပြဲစင် ဒိုးချင်ရာဒိုးပီး ဂေါ်နိုင်တဲ့ ဗာတူဆို ဆိုတာ နယ်နယ်ရရမှမဟုတ်သာ…။

  • Ma Ma

    September 26, 2015 at 11:06 pm

    ဒီမှာ တချို့ဆိုင်တွေမှာ Bistro လို့ သုံးထားတာ တွေ့ဖူးတယ်။
    ဘာကိုပြောမှန်း မသိခဲ့ဘူး။

Leave a Reply