ဘုန်​းကြီးအုပ်​ချုပ်​တဲ့တိုင်​းပြည်​

naywoon niSeptember 24, 20151min19016

ဘုန်​းကြီးအုပ်​ချုပ်​တဲ့တိုင်​းပြည်​

ကျုပ်​ ဒီလို​ပြောလိုက်​လို့ ခင်​ဗျားတို့စိတ်​ဆိုးမလား ? ဆိုးချင်​ရင်​လည်​း ဆိုး​ပေါ့ဗျာ ။ ဆဲချင်​သပါ့ ဆိုလည်​း ပြိုင်​ပြီး ဆဲဖို့ အဆင်​သင်​့ပဲ ။ ကျုပ်​က ကျုပ်​စိတ်​ထဲမှာ မှန်​ပြီလို့ယူဆထားတဲ့ ကိစ္စ ဆို ဘာနဲ့လာထားတား ​ပြောကို​ပြောရမှ ။ ဒီအ​ကြောင်​းကို ကျုပ်​က ​ပြောချင်​​နေတာကြာပြီ ။ ခု​တော့ အဲ့ အ​ကြောင်​း​ပြောပြီဗျာ ။ မကြားချင်​ မဖတ်​ချင်​လည်​း ​ကျော်​သွား ။
ဟုတ်​တယ်​ဗျာ ။ ကျုပ်​တို့တိုင်​းပြည်​ရဲ့ သမိုင်​း​ကြောင်​း ပြန်​ကြည်​့ ။ ရှင်​ဘုရင်​​တွေက မင်​းလုပ်​ အုပ်​ချုပ်​တယ်​သာ ​ပြောတာ ။ တိုင်​းပြည်​အတွက်​ ဘာများ အဖတ်​တင်​​အောင်​လုပ်​​ပေးသွားကြလို့လဲ ။ ပညာ​ရေး ကျန်​းမာ​ရေး ဟုတ်​ဟုတ်​ငြားငြား အားကြိုးမာန်​တက်​ လုပ်​​ပေးသွားတဲ့ ရှင်​ဘုရင်​ ရှိခဲ့ဘူးလို့လား
ကျုပ်​တို့ပြည်​သူ​တွေမှာ သမိုင်​းတစ်​​လျှောက်​လုံး ဘယ်​သူ​တွေနဲ့ လက်​ပွန်​းတစ်​တီး​နေခဲ့ ပြီး အားကိုးခဲ့ကြရလဲ။ ပြန်​စဉ်​းစားကြည်​့ ။ သာသနာ့ ဝန်​ထမ်​းလို့​ခေါ်တဲ့ ရွာဦး​ကျောင်​းက ဘုန်​းကြီး​တွေဗျ ။ သက်​ဦးဆံပိုင်​ဘုရင်​​ခေတ်​တစ်​​လျှောက်​လုံး ဘုန်​​းတော်​ကြီး​ကျောင်​း ပညာ​ရေးနဲ့ နှစ်​ပါးသွားခဲ့ကြတာ ။ အဲ့​တော့ သာသနာ့ ဝန်​ထမ်​း အပြင်​ ပညာ​ရေး ဝန်​ထမ်​းအဖြစ်​ပါ တာဝန်​​ကျေခဲ့ကြတာ ။ ဒါတင်​ပဲလား ။ ဘယ်​ဟုတ်​ဦးမလဲ ။ ကျန်​းမာ​ရေးကိစ္စ ။ ဘယ်​ရှင်​ဘုရင်​ကများ ဗိ​န္တော ​ကျောင်​းဖွင်​့ပြီး သင်​တန်​းဆင်​းလက်​မှတ်​​ပေးခဲ့လို့လဲ ။ ဘုန်​း​တော်​ကြီး​တွေပဲ ဟိုက ဒီက ကျမ်​းစာအုပ်​​တွေဖတ်​ပြီး ​ဆေးမြီးတို​တွေ ​ဆေးမြီးရှည်​​တွေနဲ့ ကုသ​ပေးခဲ့ရတာ ။ အံမာ ပ​ယောဂ လည်​းကုတဲ့ ဘုန်​ကြီး​တွေရှိသလို ပီယ​ဆေး ​ပေး အင်​းအိုင်​လက်​ဖွဲ့ ဆိုလည်​း ကျွမ်​းကျင်​အဆင်​့​ပေါ့ ။ ရှင်​ဘုရင်​ဆိုတာက ရစရာရှိ တဲ့ အခွန်​​ကောက်​ပြီး မိုးရွာတာ​တောင်​ သူ့ဘုန်​းကံ ​ကြောင်​့ ရွာပါတယ်​​ပြောမှ ကြိုက်​တဲ့လူစား ။ ​တောရွာ​တွေမှာ ကျွဲ​ပျောက်​နွား​ပျောက်​ ဘယ်​တိုင်​စရာ ရဲစခန်​းရှိခဲ့ လို့လဲ ။ ဘုန်​ကြီး​တွေပဲ သူရဇ္ဇ စန္ဒ​ရော ​သောကြ ဘာညာသရကာ တိုင်​ထူပြီး ဘယ်​အရပ်​မှာ သွားရှာကြည်​့ ဆိုပြီး တွက်​ချက်​​ပေးလိုက်​ကြရတာပဲမို့လား ။ အဲ့ဒိ​တော့ ဘုန်​ကြီး​တွေက ပြည်​သူ​တွေအ​ပေါ်မှာ ဩဇာ ​ညောင်​းခဲ့တယ်​ ။ ​တောရွာ​တွေမှာဆိုရင်​ သူကြီး​တောင်​​ခေါ်ပြီး ကြိမ်​ဒဏ်​ ​ပေးခဲ့တာ ။ ရွာဦး​ကျောင်​း ဘုန်​ကြီးဆို ​စောဒက မတက်​ရဲ ရှာဘူး ။ ဘုရားပွဲ​တွေ ဘာ​တွေဆိုလည်​း ရဲ​တွေ မီးသတ်​​တွေ မလိုပါဘူး ။ ​ကျောင်​းက ကိုယ်​​တော်​​တွေ သင်္ကန်​း​ရောင်​ပြလိုက်​ရင်​ မီးကို​သေလို့ ။ ပြီးခဲ့တဲ့ နှစ်​နှစ်​ဆယ်​​လောက်​ကအထိ ​တောရွာ​တွေမှာ ဘုန်​းကြီး​တွေ ပွဲထိန်​းတာဝန်​ယူထားရတုန်​း ။ ရဲနဲ့ မီးသတ်​ ထိန်​းမရရင်​ ဘုန်​ကြီး​တွေ ​ခေါ်ပြီးထိန်​းခိုင်​းရတုန်​း ။ ဒါက ဘာကိုပြတာလည်​း ဆို​တော့ အုပ်​ချုပ်​တဲ့ ရှင်​ဘုရင်​​တွေက အခွန်​​ကောက်​တာကလွဲပြီး ဘာတာဝန်​မှမယူခဲ့လို့ သမိုင်​း​ပေးအ​ခြေအ​နေအရ ပြည်​သူ​တွေကို​ရှေ့ကထွက်​ပြီး ဦး​ဆောင်​ဦးရွက်​ပြုခဲ့တာ ။ ရှင်​းတယ်​​နော်​ ။
ခုလက်​ရှိအ​ခြေအ​နေမှာ အစိုးရ ဆိုတဲ့ အဖွဲ့က ​ရှေး​ခေတ်​က ရှင်​ဘုရင်​​တွေလိုပဲ တာဝန်​မဲ့ ​နေပြီး တိုင်​းပြည်​ရဲ့ ပညာ​ရေး ကျန်​းမာ​ရေး လူတစ်​​ယောက်​ချင်​းစီရဲ့ လုံခြုံ​ရေး စတာ​တွေကို တာဝန်​ယူမ​ပေးနိုင်​ဘူးဆိုရင်​ ……………
တိုင်​းပြည်​ အုပ်​ချုပ်​​ရေး ယန္တယား​ပေါ် ​ရောက်​ရှိ​နေပြီး ​ရောက်​လာလတ္တံ​သော လူကြီးမင်​းများက ခိုင်​မာတဲ့ ဥပ​ဒေ ​တွေပြဌာန်​းပြီး ​ကျောသားရင်​သားမခွဲခြားပဲ မအုပ်​ချုပ်​တတ်​ဘူးဆိုရင်​ ။ တာဝန်​ယူမှု တာဝန်​သိမှု နဲ့ ကင်​းလွတ်​ပြီး ငါတ​ကော​ကော​နေကြဦးမယ်​ဆိုရင်​ဖြင်​့ ခင်​ဗျားတို့လည်​း လွှတ်​​တော်​ကြီးထဲ အိပ်​ငိုက်​ရတာ ပင်​ပမ်​းပါတယ်​ ။ ပင်​ကိုယ်​စိတ်​ထဲက မပါပဲ လူအထင်​ကြီး​အောင်​​နေရတဲ့ ကိစ္စ ​အောင်​့အီးပြီး လုပ်​ပြမ​နေကြပါနဲ့ ။ ခင်​ဗျားတို့ အစား ကျုပ်​တို့ ဘုန်​းကြီး​တွေကိုပဲ အုပ်​ချုပ်​ခိုင်​းလိုက်​​တော့မယ်​ ။ ဒါကမှ တိုင်​းပြည်​ အတွက်​ တစ်​စုံတစ်​ရာ ရ​ကောင်​း ရနိုင်​ပါလိမ်​့မယ်​ ။

​နေဝန်​းနီ
1:19 AM
2015 Sep 24

16 comments

  • မြစပဲရိုး

    September 24, 2015 at 2:20 am

    ရွဲ့ပြောသလား၊ တကယ်ပြောသလား။ နောက်တစ်ခေါက်ပြန်ဖတ်လိုက်ဦးမယ်။ lol:-)))

    • kai

      September 24, 2015 at 4:38 am

      တကယ်ဖြစ်နေတာ….
      အဲလို.. လွန်ခဲ့တဲ့.. အနှစ် ၅၀ဝကျော်… ဥရောပမှာဖြစ်ခဲ့ဖူးတယ်..
      မြန်မာက…အခုမှဖြစ်…။ :k:

    • naywoon ni

      September 24, 2015 at 9:36 pm

      ရွဲ့​ပြောတာ အရီး ​ရေ
      အင်​း​ပေါ့​လေ အတည်​အခန်​့​တွေ​ရေး​နေကြဆို​တော့လည်​း ​မေးယူရ​အောင်​ဖြစ်​​နြေပြီ ။ ( ကွကိုမှ အဲ့သလိုမ​ပြောရင်​​ပြောမဲ့သူမရှိလို့ 😛

  • ဇီဇီခင်ဇော်

    September 24, 2015 at 5:53 am

    အကိုမောင်ဦးလေးဘကြီးး အပေါင်းးတို့..
    နိုင်ငံရေးး လုပ်ချင်သလားး???
    .
    .
    .
    .
    .
    စစ်ထဲ ဝင်ပါ လို့ ပြောဖို့ ခေတ်ကုန်ပြီ..
    အဲဒေါ့…
    .
    .
    .
    .
    ဘုန်းကြီးးဝတ်ပြီး မဘသ ထဲ ဝင်ပါ ..
    :mrgreenn:

  • Mike

    September 24, 2015 at 10:10 am

    အစိုးရ ဆိုတဲ့ အဖွဲ့က ​ရှေး​ခေတ်​က ရှင်​ဘုရင်​​တွေလိုပဲ တာဝန်​မဲ့ ​နေပြီး တိုင်​းပြည်​ရဲ့ ပညာ​ရေး ကျန်​းမာ​ရေး လူတစ်​​ယောက်​ချင်​းစီရဲ့ လုံခြုံ​ရေး စတာ​တွေကို တာဝန်​ယူမ​ပေးနိုင်​ဘူးဆိုရင်​ ……………
    တိုင်​းပြည်​ အုပ်​ချုပ်​​ရေး ယန္တယား​ပေါ် ​ရောက်​ရှိ​နေပြီး ​ရောက်​လာလတ္တံ​သော လူကြီးမင်​းများက ခိုင်​မာတဲ့ ဥပ​ဒေ ​တွေပြဌာန်​းပြီး ​ကျောသားရင်​သားမခွဲခြားပဲ မအုပ်​ချုပ်​တတ်​ဘူးဆိုရင်​ ။ တာဝန်​ယူမှု တာဝန်​သိမှု နဲ့ ကင်​းလွတ်​ပြီး ငါတ​ကော​ကော​နေကြဦးမယ်​ဆိုရင်​ဖြင်​့ …..

    .အမှန်ပဲဆြာနီ :))

  • လုံမလေးမွန်မွန်

    September 24, 2015 at 12:02 pm

    ကဲ.. အခု ဥပဒေတွေတော့ ထုတ်လိုက်ပါပြီ… ပြစ်မှုကျူးလွန်လို့ တိုင်ချင်ရင် တရားရေးရာကိုပဲ တိုင်ရမှာမို့လား.. တရားရေးရာကရော ထိထိရောက်ရောက် အရေးယူပေးမတဲ့လား… အရင်လိုပဲ အဂလိလိုက်စား.. လာဘ်ယူပြီး လျစ်လျူရှုထားရင် မဘသ ကို တိုင်ရမှာလား.. မဘသ က ထောင် (၇) နှစ်ဆိုတာကို တန်းချပေးမှာလား.. ဒီခေတ်ထဲမှာက သိတဲ့အတိုင်း ရုံးရောက် ဂတ်ရောက်ရင် ပိုက်ဆံက သောက်သောက်လဲ ကုန်တာ… ပိုက်ဆံမကုန်ဘဲ တရားစွဲလို့ရပြီလား.. ပိုက်ဆံမကုန်ဘဲ တရားရင်ဆိုင်လို့ ရပြီလား… ရှေ့နေငှားခက လွဲလို့ ဘာတစ်ခုမှ ထပ်မကုန်ဘဲ တရားရင်ဆိုင်လို့ ရပြီဆိုရင် အဲဒီဥပဒေတွေရော … အဲဒီ မဘသ ကိုရော .. အဲဒီ ပါတီတွေကိုရော အကုန်ထောက်ခံပစ်လိုက်မယ်..

  • may july

    September 24, 2015 at 2:55 pm

    ဟိုးးအရင်ခေတ်တွေက ဘုန်းကြီးတွေ အုပ်ချုပ်တယ်ဆိုတာ အစစ်အမှန်ဘုန်းကြီးတွေဖြစ်လို့ရတာလေ ..
    ခုခေတ်မှာ အတုအယောင်တွေက များပါဘိသနဲ့ …
    ကျားကြောက်လို့ ရှဉ့်ကြီးကိုးးးး ရှဉ့် ကြီး ကျားထက်ဆိုးနေပါ့မယ်ဗျာ …

    • naywoon ni

      September 24, 2015 at 9:42 pm

      ဟို အရင်​​ခေတ်​တုန်​းကလည်​း လူ​တွေရဲ့ လိုအပ်​ချက်​​တွေ လိုက်​လုပ်​ရင်​းနဲ့ ဘုရား​ဟော နဲ့​သွေဖယ်​​နေခဲ့တာ ထည်​့မတွက်​​တော့ဘူးလား ။ မင်​းတုန်​းမင်​း​ခေတ်​က ပြည်​သူ​တွေ ဒီမိုက​ရေစီ​တောင်​းခဲ့ရင်​​တောင်​ မင်​းတုန်​းမင်​းနဲ့ ဘုန်​ကြီး​တွေ ခုလက်​ရှိအ​ခြေအ​နေအတိုင်​း လုံး​ထွေးမ​နေဘူးလို့ ​ပြောနိုင်​ပါ့မလား ။

  • @QUIL@

    September 24, 2015 at 3:01 pm

    မထူးပါဘုဗျာ…. အရင်ခေတ်ကလည်း…
    တခြားမကျိနဲ့ … ဟင့်အင်းဘုန်းကြီး ဆိုတဲ့ စကားရပ်မရှိ တင်ပါ့ဘုရားပဲ ရှိတာသာကျိ….
    ကျုပ်အင်မတန်ချဉ်တဲ့ တော်ကီတခုရှိသေးတယ်…. ဘာတဲ့ …ဆရာတော်ဘုရားကြီး တဲ့ …
    ဆရာတော်ဖြင့် ဆရာတော်ပေါ့ဗျာ … ဘယ်က ဘုရားကြီးက ကပ်ပါသာတုံး…
    ဘုရားထက်ကြီး လို့လား …မေးရမယ့်ပုံ…
    အင့်လေ ကြီးချင်လည်း ကြီးမပေါ့…
    ဘုရားတော် သူရို့ အနေကဇာတင်မှ လူရှိခိုး ခံရရှာတာ…
    အဲ့လိုနဲ့ တိုင်းပြည်လည်း ကျွန်ဖြစ်ခဲ့ဖူးပီ…..

    • kai

      September 24, 2015 at 5:27 pm

      စကားလုံးတွေတင်.. အပေါ်စီးယူထားယုံမက.. လက်တွေ့ဆက်ဆံမှု.. လူမူရေးဆက်ဆံမှုအပြုအမူလည်း… အပေါ်စီးယူသဗျ..။
      ဒါနဲ့..တိုင်းပြည်မွဲသွားယုံတင်မဟုတ်.. လူမျိုးပါမျိုးကန်း..။ သာသနာလည်းပျက်..။

      ဆိုတော့..
      ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင်တယောက်ဖြစ်တဲ့.. ပုပ်ရဟန်းမင်း.. ဒီနေ့.. အမေရိကားတခွင်လှည့်နေတာမှာ.. သူ့အကြောင်းပြရင်း.. တွေ့လိုက်တာလေးတခု…
      မြန်မာမဟန.. ဆတော်ကြီးတွေအတုယူသင့်…။
      ဒုံး…ဒုံး…။
      သေတောင်မလုပ်…လုပ်မည်မထင်..။
      အင်း..
      ဂေါတမဗုဒ္ဓကတော့..ရဟန်းတွေကို.. လှည့်လည်တောင်းစားခိုင်းလိုက်တာမှာ..လှူသူကိုလေးစားသမှုအနေနဲ့.. ဖိနပ်တောင်မစီးခိုင်း..။
      ဂျီးဇက်ခရိုက်စ်က.. ဗုဒ္ဓနောက် နှစ်၆၀ဝလောက်နောက်ကျပွင့်တာ..။
      ဗုဒ္ဓရဲ့..သာသနာ့ဂိုဏ်းကို ..လုပ်နည်းဟန်အတုမယူဖူးလို့မပြောနိုင်..။
      သေချာတာကတော့ ..ကမ္ဘာ့အအောင်မြင်ဆုံး ဘာသာတရပ်ဖြစ်သွားတာပါပဲ..။


      Pope Francis washes feet of prisoners, baby for Holy Week …
      http://www.nydailynews.com/…/pope-francis-washes-feet-prisoners-b…Daily News
      Apr 4, 2015 – Pope Francis washed the feet of 12 inmates and a baby at Rome’s main prison Thursday in a pre-Easter ritual meant to show his willingness to .

  • Pyae Htoon

    September 25, 2015 at 11:50 pm

    ခုနောက်ပိုင်း ဘုန်းကြီးတွေနဲ့ အတတ်နိုင်ဆုံးမဆုံမိအောင်နေမိလေ့ရှိတယ်။ စကားအသုံးအနှုန်းကိုဘဝင်မကျတာကြောင့်ရယ်၊ နောက်ပိုင်းဖတ်မိတယ့် အခုလိုမျိုးစာတွေကြောင့် စဉ်းစာကြည့်မိပြီး သိပ်စိတ်မဝင်စားတော့တာပါ။ အထူးသဖြင့် ဦးဝီရသူ ပြောတဲ့ဟာတွေ တချို့ကြည့်မိပါတယ်။ တော်တော်လေးဆိုးပြီး တော်တော်လေးမုန်းမိပါတယ်။

  • uncle gyi

    September 27, 2015 at 10:07 pm

    သူကြီးလက်သုံးစကားလေးမမြင်မိပါလား
    ဆားပေါ့နေသလိုပဲနော်

  • ဦးကြောင်ကြီး

    September 28, 2015 at 1:05 am

    အရှိကို အရှိအတိုင်း မြန်တ ျန့်သာသနာကို မြင်ရတာပါပဲ။ သဂ ျီးပေါဒဲ့ အစိမ်းဝတ် အဝါဝတ်တွေ .. ။ အနည်းဆုံးတော့ တိုင်းပြည်ကိုဆွဲခြတာ တမ ျိုးထဲ မဟုတ်ကြောင်း ထင်ရှားတာပေါ့..

  • ဦးဦးပါလေရာ

    October 1, 2015 at 1:41 pm

    .အားလုံးရဲ့ အဓိကက ဘာသာရေး(ဘယ်ဘာသာကိုမဆို၊ဗုဒ္ဓဘာသာအပါအဝင်)ကို
    .လူ့ကိစ္စတွေရဲ့ ရှေ့တန်းကတစ်စတစ်စဖယ်ပြီး ဒုတိယတန်းကိုပို့ရမယ်…
    .အဲဒီတော့မှ လူဟာ ဘာသာရေးအရိပ်မှ လွတ်မြောက်ခွင့်ကိုရပြီး
    .ကိုယ်ကိုးကွယ်တဲ့ဘာသာကိုလဲ စေ့ေ့စ့ပြန်ကြည့်ရဲလာမယ်
    .သူ့ကိုးကွယ်မှု့ဟာလဲ သန့်စင်လာမယ်…။
    .လူ့အသိုင်းအဝိုင်းကလဲ ဘာသာရေးမျက်နှာဖုံးတပ်ပြီး မလျှော်မကန်လုပ်ဆောင်မှု့တွေကကင်းသွားမယ်..။
    .အဲသည်နည်းနဲ့ ဘာသာရေးကို နောက်တန်းပို့နိုင်ရင်-
    .လူလဲ သိက္ခာရှိလာမယ်၊ ဘာသာရေးလဲ သိက္ခာရှိလာမယ်။ လူ့ဝန်းကျင်လဲ မှန်ကန်မျှတလာမယ်…။

    • kai

      October 3, 2015 at 3:25 pm

      အစိမ်း၁ + ဗျို့…
      ဟုတ်ပါ့…။
      ဒီလောက်ဘာသာရေးက..ကမောက်ကမလုပ်ပြနေတာတောင်.. စစ်တပ်က.. ကိုင်လုပ်နေတာပါလို့.. ထင်သူတွေကရှိသေး…။ :k:

      စနစ်ကြောင့်.. မဟုတ်…။
      အနော်ရထာ.. စခဲ့တဲ့.. နှစ်၁၀၀ဝ ကျိန်စာ…။

  • aye.kk

    October 3, 2015 at 9:14 am

    အရင်က
    ကကကြည်းကတစ်ယောက်နဲ ့မိတ်ဆွေ
    အဖြစ်သိကျွမ်းခဲ့ဘူးတယ်
    သူကထလရ-အမှတ်၅ကပါ။
    ပြောရရင်နိုင်ငံတော်တာဝန်ထမ်းဆောင်တာဆိုတော့
    နိုင်ငံအုပ်ချုပ်ရေးပိုင်းအရပါဝင်ပတ်သက်ပါတယ်။
    သူကနိုင်ငံတာဝန်မထမ်းဆောင်ချင်တော့လို့ထွက်စာတင်တာ
    နိုင်ငံတော်ကခွင့်မပြုတာသိရပါတယ်။အဲဒါနဲ့သူကခရစ်ယာန်အစစ်ကြီးပါ။
    ဘာသာရေးအရဗုဒ္ဓဘာသက်ဝင်ယုံကြည်ခဲ့တော့၊ရဟန်းဝတ်နဲ ့နိုင်ငံသံဃာ့နာယက
    မှာပြန်ပြီးတာဝန်ထမ်းဆောင်မယ်ဆိုပြီးတင်ပြတော့မှပြန်ပြီးခွင့်ပြုခဲ့တယ်တဲ့။
    နိုင်ငံတာဝန်ကိုဘာသာရေးနဲ ့အကြောင်းပြပြီး၊ပြန်လည်ထမ်းဆောင်ခွင့်ရခဲ့တယ်။
    သိတာလေးလာပြောပြမိတာပါ..အဲ့လို။။

Leave a Reply