​နေဝန်​းနီ ဆွဲတဲ့ ဘာသာ​ရေး​ကောက်​​ကြောင်​း ၁

ဒီကိစ္စနဲ့ ပတ်​သက်​ပြီး ​ပြောချင်​​နေတာလည်​းကြာပြီ ။ ​သေချာပြန်​စဉ်​းစားကြည်​့​တော့လည်​း ​ပြောရမဲ့ အ​ကြောင်​းအရာ​တွေက ​ပြောချင်​​နေတဲ့ အ​ကြောင်​းအရာ​တွေက ကိုယ်​့ဘာသာဝင်​​တွေကြားမှာ ​​ရေးကြီးခွင်​့ကျယ်​ လုပ်​ပြီး ​ပြော​နေရ​လောက်​​အောင်​မလိုတဲ့ ဘာသာ​ရေးအ​ခြေခံ အချက်​​တွေဖြစ်​​နေတာ​ကြောင်​့ ​ပြောဖို့ရာ အဲ့ ​ရေးဖို့ရာ လက်​က တွန်​့ဆုတ်​​နေတာဗျ ။ ခု​တော့ ဘာသာ​ရေး လက်​တစ်​လုံးခြား​တွေ များလာပြီး ဘာသာ​ရေး ​ရှေ့တန်​းတင်​ပြီး မ​တော်​တ​ရော်​ လုပ်​​နေတာ​တွေက ကြည်​့မ​ကောင်​းမလို ​ထောက်​ခံ သူဆိုတာ​တွေကလည်​း ညစာဆန်​မရှ်​ိတာ အ​ရေးမကြီး နက်​ဖန်​ခါ ဘာသာမကွယ်​ဖို့လိုတယ်​ ဆိုပြီး အုတ်​အုတ်​ကျက်​ကျက်​ ကမ္ဘာပျက်​မတတ်​ဖြစ်​​နေကြတာ​ကြောင်​့ ဗုဒ္ဓ ဘာသာရဲ့ အ​ခြေခံ ဓမ္မဌိဓာန်​ ကျကျ ဆင်​ခြင်​ကြပါ ​စေချင်​လို့ ​ရေးမိတယ်​ ဆိုပါ​တော့ ။
​ကောက်​​ကြောင်​း လို့ ​ခေါင်​းစဉ်​​ပေးလိုက်​တဲ့အတိုင်​း ပုံတူပန်​းချီကား တစ်​ချပ်​မြင်​ရဖို့ မ​မျှော်​လင်​့ပါနဲ့ ။ ဘာသာ​ရေးနဲ့ ပတ်​သက်​လို့ ဖတ်​ဖူး ကြားဖူး နာယူ ဖူး သ​လောက်​​ပေါ်မှာ ဆင်​ခြင်​​တွေး​တော အ​ဖြေထုတ်​ပြတာ​လောက်​ပါ ။ အဲ့သဟာ​ကြောင်​့ ကျုပ်​​ပြောသမျှ ပြီးပြည်​့စုံချင်​မှလည်​းပြည်​့စုံမှာပါ ။ လို​နေတာ​တွေ ရှိသလို ကျုပ်​ သိပ်​ပြီး အာရုံ ကျမိတဲ့ ကိစ္စ မျိုးကျ​တော့ ပစ်​ပစ်​ခါခါ ​ပြောမိတဲ့ အပိုင်​းလည်​း ရှိမှာပါ ။ အဲ့ဒ်​​တော့ လွန်​တာရှိရင်​ လည်​း ​နေဝန်​းနီ လွန်​တယ်​လို့ပဲ မှတ်​ယူလိုက်​​ပေါ့ဗျာ ။ ​နော့ တတ်​နိုင်​​ချေဘူး​လေ ။
××××××××××××××××××××
၁။ ဘာသာ ဆိုတာက အ​ကြောင်​းအရာ တူရာ စုစည်​းထားတဲ့ အမျိုးတူစုပဲဗျ ။ ဥပမာဆိုရရင်​ – ပထဝီဝင်​ ဘာသာ ၊ သမိုင်​း ဘာသာ ၊ ဆိုတာမျိုး​ပေါ့ ။ ​ကျောင်​းသားတစ်​​ယောက်​အဖို့ ဘယ်​ဘာသာ က ပိုအ​ရေးကြီးမယ်​ထင်​သလဲ ။ အားလုံးအတူတူ ပဲမို့လား ။ အ​ရေးကြီးတယ်​လို့ ​တွေးရင်​ ဘာသာအားလုံး အ​ရေးကြီးမှာပဲ ။ ဘယ်​ဘာသာမှ​နောက်​ချန်​ထားလို့မရဘူး ။ ဘာလို့လဲ ။ သမိုင်​းက အ​ရေးကြီးတယ်​ဆိုပြီး ပထဝီ စာအုပ်​ကို ကိုင်​မကြည်​့ရင်​ စာ​မေးပွဲ ​အောင်​ပါ့မလား ။ အဲ့ ကြုံလို့ ​ပြောရရင်​ ​ကျောင်​းမှာ ဘာသာရပ်​ဆိုင်​ရာ ဆရာမ​တွေက သူ့ဘာသာက အ​ရေးကြီးတယ်​ ။ ငါ့ဘာသာက အ​ရေးကြီးတယ်​ ။ အလုအငြင်​းဖြစ်​လာပြီ ။ ​ကျောင်​းသား​တွေကလည်​း န​ဝေတိမ်​​တောင်​ဖြစ်​လာပြီ ဆိုရင်​ အဲ့​ကျောင်​းသား စာ​မေးပွဲ ကျဖို့ ​သေချာသ​လောက်​ဖြစ်​သွားပြီ ။
၂။ ကိုးကွယ်​ရာ ဆိုတာ အ​ကြောက်​တရားက လာတာတဲ့ ။ အဲ့သာ​ကြောင်​့ ကျုပ်​ တစ်​ခါတစ်​ခါ စဉ်​းစားတယ်​ ။ ဘာသာမဲ့ ဆိုတဲ့ သူ​တွေက အ​ကြောက်​တရား မရှိတဲ့သူ​တွေလား ။ ​သေချာ ​လေ့လာကြည်​့​တော့မှ သူတို့လည်​း ​ကြောက်​ကြတာပဲ ။ ဒါ​ပေမဲ့ သူတို့ဖာသာ သူတို့ ဘာကို ​ကြောက်​ရမှန်​းမသိတဲ့ သူ​တွေဗျ ။
အဲ့ဒိ​တော့ ​နေဝန်​းနီ ကလည်​း ပုတုဇဉ်​ လူသား ဖြစ်​တဲ့ အတွက်​ ​ကြောက်​တတ်​ပါတယ်​ ။ အဲ့ဒိ​တော့ ကိုးကွယ်​ရာ ရှိပါတယ်​ ။ မိဘက ဗုဒ္ဓ ဘာသာဝင်​ဖြစ်​လို့ အသက်​ နှစ်​ဆယ်​​လောက်​ထိ မိရိုးဖလာ ဗုဒ္ဓ ဘာသာဝင်​တစ်​​ယောက်​ပါ ။ ​လေ့လာ သင်​ယူရမဲ့ အရွယ်​ကိုး ။ ဟိုလူက ဒီလူက ဒီစာအုပ်​​လေးဖတ်​ ဒီမှာ တရားလာနာ ဟုတ်​ကဲ့ ။ စိတ်​ပါလည်​းဖတ်​ ။ နာမလည်​လည်​း မှန်​ပါ့ လုပ်​ ။ အဟုတ်​ အလုပ်​ဖြစ်​​နေချက်​ ။ ​နောက်​ အသက်​ ၂ဝ က​ကျော်​လာ​တော့ စာဖတ်​ကနာလာပြီ ။ တရားနာ ဝါ​လေးက ရင်​့လာ​တော့ ​တော်​၏ ​လျော်​၏ ​လောက်​နဲ့ မရ​တော့ဘူး ။ ပြန်​​ပြောတတ်​လာပြီ ။ ယစ်​​ရွှေရည်​​လေး ဝင်​တဲ့ ညဆို ​နေဝန်​းနီကို စာမချနဲ့ အ​ပြောခံလာရပြီ ။ မူးမူးနဲ့ ကပ်​တီးကပ်​ဖဲ့ အငြင်​းက လွှတ်​သန်​ကိုး ။ ​နောက်​ပိုင်​းကျ​တော့ မူးမူးနဲ့ ဆင်​ခြင်​သုံးသပ်​မ​လောက်​ စွတ်​စွတ်​ ကန်​းကန်​း​လျှောက်​လုပ်​ခဲ့တာ ဆယ်​နှစ်​​ကျော်​တယ်​ ။ ခု​နောက်​ပိုင်​း အဲ့ သုံးဆယ်​့ငါး ​နောက်​ပိုင်​းကျမှ လိမ္မာချင်​​ယောင်​​လေး​ဆောင်​ တတ်​တာကိုးဗျ ။
သိပ်​ပြီး ရင်​းနှီးတဲ့ သူမဟုတ်​ရင်​ ဘယ်​သူဘာ​လာ ပြော​ပြော ကိုယ်​နဲ့ ထပ်​တူမကျရင်​ ပြန်​လှန်​ ငြင်​းခုံမ​နေဖြစ်​​တော့ဘူး ။ အလိုက်​သင်​့ အလျားသင်​့​လေး ပြန်​​ပြောပြီး စိတ်​ထဲက ​ပြောချင်​ပြန်​​ပြော​နေတာ ဘယ်​သူသိတာမှတ်​လို့ ။ ​ပြောတဲ့သူက သူ​ပြောတာ လက်​ခံတယ်​ထင်​ပြီး စွတ်​​ပြော ​နေဝန်​းနီက ​တွေးချင်​ရာ​တွေးပြီး သူ့မျက်​လုံးကိုကြည်​့ ပြုံးပြုံး​လေး​ခေါင်​းငြိမ်​့ပြ ။ တစ်​ကယ်​က သူ​ပြော​နေတာ​တွေ ကနားထဲ​ရောက်​လို့မဟုတ်​ဘူး ။ သူ​ပြောတာ စိတ်​ဝင်​စားတယ်​ထင်​​အောင်​ သူ့မျက်​လုံးကို ​စေ့​စေ့ ကြည်​့​နေပြီး ကိုယ်​့အ​တွေးနဲ့ကို ပြုံး​နေတာ ။ ​ခေါင်​းငြိမ်​့ ​နေတာကလည်​း ကိုယ်​့ဖာသာ ကိုယ်​ သ​ဘောကျပြီး ​ခေါင်​းငြိမ်​့​နေတာ ။ ​ဘေးက​နေကြည်​့​နေရင်​​တော့ ​နေဝန်​းနီ တို့ လက်​ချာ ​ကောင်​း​ကောင်​း အရိုက်​ခံ​နေရတာပဲ ။ ဟာဟ ။ လိမ္မာချင်​​ယောင်​ ဘယ်​သူ​ဆောင်​ချင်​လဲ ။ နည်​းယူ ။

​နေဝန်​းနီ
11 :02
2015 Sep 25

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010