​နေဝန်​းနီ ဆွဲတဲ့ ဘာသာ​ရေး​ကောက်​​ကြောင်​း -၁

naywoon niSeptember 25, 20151min1417

​နေဝန်​းနီ ဆွဲတဲ့ ဘာသာ​ရေး​ကောက်​​ကြောင်​း ၁

ဒီကိစ္စနဲ့ ပတ်​သက်​ပြီး ​ပြောချင်​​နေတာလည်​းကြာပြီ ။ ​သေချာပြန်​စဉ်​းစားကြည်​့​တော့လည်​း ​ပြောရမဲ့ အ​ကြောင်​းအရာ​တွေက ​ပြောချင်​​နေတဲ့ အ​ကြောင်​းအရာ​တွေက ကိုယ်​့ဘာသာဝင်​​တွေကြားမှာ ​​ရေးကြီးခွင်​့ကျယ်​ လုပ်​ပြီး ​ပြော​နေရ​လောက်​​အောင်​မလိုတဲ့ ဘာသာ​ရေးအ​ခြေခံ အချက်​​တွေဖြစ်​​နေတာ​ကြောင်​့ ​ပြောဖို့ရာ အဲ့ ​ရေးဖို့ရာ လက်​က တွန်​့ဆုတ်​​နေတာဗျ ။ ခု​တော့ ဘာသာ​ရေး လက်​တစ်​လုံးခြား​တွေ များလာပြီး ဘာသာ​ရေး ​ရှေ့တန်​းတင်​ပြီး မ​တော်​တ​ရော်​ လုပ်​​နေတာ​တွေက ကြည်​့မ​ကောင်​းမလို ​ထောက်​ခံ သူဆိုတာ​တွေကလည်​း ညစာဆန်​မရှ်​ိတာ အ​ရေးမကြီး နက်​ဖန်​ခါ ဘာသာမကွယ်​ဖို့လိုတယ်​ ဆိုပြီး အုတ်​အုတ်​ကျက်​ကျက်​ ကမ္ဘာပျက်​မတတ်​ဖြစ်​​နေကြတာ​ကြောင်​့ ဗုဒ္ဓ ဘာသာရဲ့ အ​ခြေခံ ဓမ္မဌိဓာန်​ ကျကျ ဆင်​ခြင်​ကြပါ ​စေချင်​လို့ ​ရေးမိတယ်​ ဆိုပါ​တော့ ။
​ကောက်​​ကြောင်​း လို့ ​ခေါင်​းစဉ်​​ပေးလိုက်​တဲ့အတိုင်​း ပုံတူပန်​းချီကား တစ်​ချပ်​မြင်​ရဖို့ မ​မျှော်​လင်​့ပါနဲ့ ။ ဘာသာ​ရေးနဲ့ ပတ်​သက်​လို့ ဖတ်​ဖူး ကြားဖူး နာယူ ဖူး သ​လောက်​​ပေါ်မှာ ဆင်​ခြင်​​တွေး​တော အ​ဖြေထုတ်​ပြတာ​လောက်​ပါ ။ အဲ့သဟာ​ကြောင်​့ ကျုပ်​​ပြောသမျှ ပြီးပြည်​့စုံချင်​မှလည်​းပြည်​့စုံမှာပါ ။ လို​နေတာ​တွေ ရှိသလို ကျုပ်​ သိပ်​ပြီး အာရုံ ကျမိတဲ့ ကိစ္စ မျိုးကျ​တော့ ပစ်​ပစ်​ခါခါ ​ပြောမိတဲ့ အပိုင်​းလည်​း ရှိမှာပါ ။ အဲ့ဒ်​​တော့ လွန်​တာရှိရင်​ လည်​း ​နေဝန်​းနီ လွန်​တယ်​လို့ပဲ မှတ်​ယူလိုက်​​ပေါ့ဗျာ ။ ​နော့ တတ်​နိုင်​​ချေဘူး​လေ ။
××××××××××××××××××××
၁။ ဘာသာ ဆိုတာက အ​ကြောင်​းအရာ တူရာ စုစည်​းထားတဲ့ အမျိုးတူစုပဲဗျ ။ ဥပမာဆိုရရင်​ – ပထဝီဝင်​ ဘာသာ ၊ သမိုင်​း ဘာသာ ၊ ဆိုတာမျိုး​ပေါ့ ။ ​ကျောင်​းသားတစ်​​ယောက်​အဖို့ ဘယ်​ဘာသာ က ပိုအ​ရေးကြီးမယ်​ထင်​သလဲ ။ အားလုံးအတူတူ ပဲမို့လား ။ အ​ရေးကြီးတယ်​လို့ ​တွေးရင်​ ဘာသာအားလုံး အ​ရေးကြီးမှာပဲ ။ ဘယ်​ဘာသာမှ​နောက်​ချန်​ထားလို့မရဘူး ။ ဘာလို့လဲ ။ သမိုင်​းက အ​ရေးကြီးတယ်​ဆိုပြီး ပထဝီ စာအုပ်​ကို ကိုင်​မကြည်​့ရင်​ စာ​မေးပွဲ ​အောင်​ပါ့မလား ။ အဲ့ ကြုံလို့ ​ပြောရရင်​ ​ကျောင်​းမှာ ဘာသာရပ်​ဆိုင်​ရာ ဆရာမ​တွေက သူ့ဘာသာက အ​ရေးကြီးတယ်​ ။ ငါ့ဘာသာက အ​ရေးကြီးတယ်​ ။ အလုအငြင်​းဖြစ်​လာပြီ ။ ​ကျောင်​းသား​တွေကလည်​း န​ဝေတိမ်​​တောင်​ဖြစ်​လာပြီ ဆိုရင်​ အဲ့​ကျောင်​းသား စာ​မေးပွဲ ကျဖို့ ​သေချာသ​လောက်​ဖြစ်​သွားပြီ ။
၂။ ကိုးကွယ်​ရာ ဆိုတာ အ​ကြောက်​တရားက လာတာတဲ့ ။ အဲ့သာ​ကြောင်​့ ကျုပ်​ တစ်​ခါတစ်​ခါ စဉ်​းစားတယ်​ ။ ဘာသာမဲ့ ဆိုတဲ့ သူ​တွေက အ​ကြောက်​တရား မရှိတဲ့သူ​တွေလား ။ ​သေချာ ​လေ့လာကြည်​့​တော့မှ သူတို့လည်​း ​ကြောက်​ကြတာပဲ ။ ဒါ​ပေမဲ့ သူတို့ဖာသာ သူတို့ ဘာကို ​ကြောက်​ရမှန်​းမသိတဲ့ သူ​တွေဗျ ။
အဲ့ဒိ​တော့ ​နေဝန်​းနီ ကလည်​း ပုတုဇဉ်​ လူသား ဖြစ်​တဲ့ အတွက်​ ​ကြောက်​တတ်​ပါတယ်​ ။ အဲ့ဒိ​တော့ ကိုးကွယ်​ရာ ရှိပါတယ်​ ။ မိဘက ဗုဒ္ဓ ဘာသာဝင်​ဖြစ်​လို့ အသက်​ နှစ်​ဆယ်​​လောက်​ထိ မိရိုးဖလာ ဗုဒ္ဓ ဘာသာဝင်​တစ်​​ယောက်​ပါ ။ ​လေ့လာ သင်​ယူရမဲ့ အရွယ်​ကိုး ။ ဟိုလူက ဒီလူက ဒီစာအုပ်​​လေးဖတ်​ ဒီမှာ တရားလာနာ ဟုတ်​ကဲ့ ။ စိတ်​ပါလည်​းဖတ်​ ။ နာမလည်​လည်​း မှန်​ပါ့ လုပ်​ ။ အဟုတ်​ အလုပ်​ဖြစ်​​နေချက်​ ။ ​နောက်​ အသက်​ ၂ဝ က​ကျော်​လာ​တော့ စာဖတ်​ကနာလာပြီ ။ တရားနာ ဝါ​လေးက ရင်​့လာ​တော့ ​တော်​၏ ​လျော်​၏ ​လောက်​နဲ့ မရ​တော့ဘူး ။ ပြန်​​ပြောတတ်​လာပြီ ။ ယစ်​​ရွှေရည်​​လေး ဝင်​တဲ့ ညဆို ​နေဝန်​းနီကို စာမချနဲ့ အ​ပြောခံလာရပြီ ။ မူးမူးနဲ့ ကပ်​တီးကပ်​ဖဲ့ အငြင်​းက လွှတ်​သန်​ကိုး ။ ​နောက်​ပိုင်​းကျ​တော့ မူးမူးနဲ့ ဆင်​ခြင်​သုံးသပ်​မ​လောက်​ စွတ်​စွတ်​ ကန်​းကန်​း​လျှောက်​လုပ်​ခဲ့တာ ဆယ်​နှစ်​​ကျော်​တယ်​ ။ ခု​နောက်​ပိုင်​း အဲ့ သုံးဆယ်​့ငါး ​နောက်​ပိုင်​းကျမှ လိမ္မာချင်​​ယောင်​​လေး​ဆောင်​ တတ်​တာကိုးဗျ ။
သိပ်​ပြီး ရင်​းနှီးတဲ့ သူမဟုတ်​ရင်​ ဘယ်​သူဘာ​လာ ပြော​ပြော ကိုယ်​နဲ့ ထပ်​တူမကျရင်​ ပြန်​လှန်​ ငြင်​းခုံမ​နေဖြစ်​​တော့ဘူး ။ အလိုက်​သင်​့ အလျားသင်​့​လေး ပြန်​​ပြောပြီး စိတ်​ထဲက ​ပြောချင်​ပြန်​​ပြော​နေတာ ဘယ်​သူသိတာမှတ်​လို့ ။ ​ပြောတဲ့သူက သူ​ပြောတာ လက်​ခံတယ်​ထင်​ပြီး စွတ်​​ပြော ​နေဝန်​းနီက ​တွေးချင်​ရာ​တွေးပြီး သူ့မျက်​လုံးကိုကြည်​့ ပြုံးပြုံး​လေး​ခေါင်​းငြိမ်​့ပြ ။ တစ်​ကယ်​က သူ​ပြော​နေတာ​တွေ ကနားထဲ​ရောက်​လို့မဟုတ်​ဘူး ။ သူ​ပြောတာ စိတ်​ဝင်​စားတယ်​ထင်​​အောင်​ သူ့မျက်​လုံးကို ​စေ့​စေ့ ကြည်​့​နေပြီး ကိုယ်​့အ​တွေးနဲ့ကို ပြုံး​နေတာ ။ ​ခေါင်​းငြိမ်​့ ​နေတာကလည်​း ကိုယ်​့ဖာသာ ကိုယ်​ သ​ဘောကျပြီး ​ခေါင်​းငြိမ်​့​နေတာ ။ ​ဘေးက​နေကြည်​့​နေရင်​​တော့ ​နေဝန်​းနီ တို့ လက်​ချာ ​ကောင်​း​ကောင်​း အရိုက်​ခံ​နေရတာပဲ ။ ဟာဟ ။ လိမ္မာချင်​​ယောင်​ ဘယ်​သူ​ဆောင်​ချင်​လဲ ။ နည်​းယူ ။

​နေဝန်​းနီ
11 :02
2015 Sep 25

7 comments

  • မြစပဲရိုး

    September 26, 2015 at 1:56 am

    အခုလာမဲ့ တနင်္ဂနွေည ဘဲဆိုပါစို့။
    တကယ်က တနလာင်္နေ့ (၂၈) မနက် ၁နာရီကျော် မှာ ဒီမှာ လကြပ်တာ ကို မြင်ရလိမ့်မယ် အဘနီရေ။
    မနက် ၃နာရီလောက်မှာ အပြည့်ကြပ်သွားလိမ့်မယ်။

    .မြန်မာပြည် ကနေ စလို့ အရှေ့ခြမ်း နိုင်ငံတွေကတော့ မမြင်ရဘူး။
    http://www.timeanddate.com/eclipse/lunar/2015-september-28
    အဲဒီလို အချိန် ဒီရေ အတက်အကျ ကြမ်းလို့ ကမ်းစပ်နေသူ တွေ ကို ကြိုတင်ကာကွယ်နိုင်ဖို့ သတိပေးစာ တွေ တော့ ထုတ်ထားပြီးပြီ။

    လကြပ်တယ်ဆိုတဲ့တဲ့ အကြောင်း ကို ကလေး ကျောင်းတွေမှာ ပုံတွေ နဲ့ ရှင်းပြပြီး သင်ပေးကြတယ်။
    အဲဒါကို ညသန်းခေါင်ထပြီး ကလေးများ ပျော်ရွှင်စွာ နဲ့ လက်တွေ့ကြည့်ကြလိမ့်မယ်။
    အဲဒီအချိန်မှာ သူကြီးတို့ အမေရိကား က ခရစ်ယာန်ဘာသာရေး အစွန်းရောက် တရားဟောဆရာကြီး တစ်ချို့ရဲ့ Jesus ပြန်လာပြီး ကမ္ဘာပျက်မဲ့နေ့ လို့ ဆိုနေတာကို ကြားရတဲ့ ကလေးတစ်ချို့ကတော့ အဲဒီအချိန်ကို အကြောက်တရား နဲ့ ဖြတ်နေရမလားဘဲ။
    အမှန်ကတော့ သူတို့ ကြောက်ချင်မှကြောက်မှာပါ။ ဘာလို့လဲ ဆိုတော့ Jesus ပြန်လာပြီး သူတို့ ကို ခေါ်သွားမှာမို့ပါ။
    ကျန်တဲ့ ဘာသာဝင်တွေကတော့ ငရဲ သွားပေါ့။ ဘာသာရေးကို လက်ကိုင်ဒုတ် မလုပ်တဲ့ အစိုးရမို့ သူတို့ ထင်တိုင်းကြဲမရ။
    ( မြန်မာပြည် က ဗုဒ္ဓဘာသာ ဘုန်းကြီး တွေချည်း အပြစ်ပုံချ နေမစိုးလို့ – ဘာသာရေး အစွန်းမရောက်အောင် ဥပဒေကောင်း လိုတာပါ။) 😉

    .မြန်မာပြည် မှာလဲ ကျွန်မ အမေပြောတာ နေကြပ်မဲ့နေ့ မှာ ဖယောင်းတိုင် အနီ ထွန်းပြီး လကြပ်မဲ့ နေ့မှာ အဖြူထွန်း ရမှာမို့ ဝယ်ထားတယ်တဲ့။
    နီးစပ်ရာကိုလဲ ဆော်အောထားသတဲ့။
    သူလဲ ကမ္ဘာပျက်မှာ ကြောက်နေသလားဘဲ။
    ကျွန်မ ကတော့ မကြောက်ဘူးဘဲ ပြောချင်ရဲ့။
    . ရောဂါရလို့ ဒါမှမဟုတ် အိုလို့ နာပြီး တစ်ယောက်ထဲ ကြွ ရမှာထက် စာရင် တကမ္ဘာလုံး ခြိမ့်ခြိမ့်သဲသဲ အားလုံးကြွဖို့ ဖြစ်လာတာ ပျော်ဖို့တောင်ကောင်းသေး။
    အင်တာနက်မပျက်မချင်း FB ထဲမှာ ဘယ်လို message တွေ တက်လာမယ် ဆိုတာ ဖတ်ရမှာ စိတ်ဝင်စားဖို့ အတော်ကောင်းမယ်။

    အဲဒီလို ဖြစ်လာခဲ့ ရင် အဲဒီအချိန် ကျွန်မပြောတာ ပြန်ကြားပြီး ” ပြုံးပြုံး​လေး​ခေါင်​းငြိမ်​့” နေပါရှင့်။
    .ပြီးတော့ ငရဲ မှာ တွေ့ကြတာပေါ့။
    အဲ့အချိန်ကျလဲ ဆက်ပြီး ” ပြုံးပြုံး​လေး​ခေါင်​းငြိမ်​့” ပါလေ။ lol:-))))) 😉

    • naywoon ni

      September 26, 2015 at 9:18 am

      မြန်​မာပြည်​က ၂၀၀ဝပြည်​့နှစ်​​နောက်​ပိုင်​း ​ကျောင်​းသား​တွေက​တော့ ​နေကြပ်​တာ လကြပ်​တာ စိတ်​မဝင်​စားဘူး ။ ဘာ​ကြောင်​့ ကြပ်​တယ်​ ဆိုတာလည်​း မသိကြ​တော့ဘူးဗျ ။ ဘာလို့ဆို ကိုးတန်​းဆယ်​တန်​းက​လေး​တွေက ပထဝီတို့ သမိုင်​းတို့မှ မသင်​ကြရ​တော့တာ ။ ဘူမသိ ကိုးမသိ ပထဝီမရှိ သမိုင်​းမရှိတဲ့ က​လေး​တွေကိုဖြစ်​လို့ ။ လကြပ်​တာနဲ့​တော့ ကမ္ဘာ မပျက်​ပါ​စေနဲ့ဦးဗျာ ။ ပျက်​ချင်​လည်​း နိုဝင်​ဘာ ၉ ရက်​ ည​နေ​လောက်​မှ ပျက်​စမ်​းပါ ။ ​ရွေး​ကောက်​ပွဲရလာဒ်​​လေးသိချင်​​သေးလို့ ခ်​ခ်​ 🙂

      • မြစပဲရိုး

        September 26, 2015 at 1:38 pm

        ခရစ်ယာန် Bible ထဲ မှာ Blood Moon ဆိုတာ ထွက်လာရင် Jesus ပြန်လာမဲ့ သဘောလို့ ပြောတာဘဲ။
        အခုလာမဲ့ လပြည့်မှာ လ က နီ ပြီး ထွက်လာမှာမို့ ထင်ရဲ့ အဘနီ ရေ့။ :-))

  • Mike

    September 26, 2015 at 2:14 pm

    စံတော်ချိန် နေ့စဉ်သတင်းစာ with May Lwin

    “မန္တလေးမြို ့တွင်(မ.ဘ.သ)ဆန် ့ကျင်ရေးအရှိန်မြင့်တက်ဖွယ်ရှိ”

    မန္တလေးမြို ့ပေါ်မှဆွမ်းလောင်းအသင်း(၂၉)သင်းသည် (မ.ဘ.သ)အဖွဲ ့ကြီးကြောင့် ဆွမ်းလောင်းခြင်းကိုရပ်တံ့ကာ ဆန္ဒထုတ်ဖော်သွားမည်ဟု လူငယ်ပရဟိတအကျိုးတောင်ဆောင်ကိုစိုးသီဟ၏လူမှုကွန်ယက်စာမျက်နှာတွင် ယခုကဲ့သို ့သတင်းဖော်ပြထားသည်။

    မန်းလေးမြို့ဆိုတာ
    သာသနာ နေလို လလိုထွန်းတောက်တဲ့
    အထက်မြန်မာပြည်
    မင်းနေပြည်တော်နောက်ဆုံးနန်းစိုက်ရာမြို့
    စာသင်တိုက်သံဃာအများစု
    စာချကိုယ်တော်များစွာ ရဟန်းသံဃာများစွာနဲ့
    ရှေးအဆက်ဆက် အမျိုးဘာသာအတွက်
    တက်တက်ကြွကြွပါဝင်လှူဒါန်းဘို ့
    သဒ္ဒါပေါက်တက်ကြွပီး အလှူရေစက်လက်နဲ့မကွာ
    မြို့သူမြို့သားတွေနေထိုင်ရာမြို့တော်တခု
    မြန်မာ့ယဉ်ကျေးမှုပြယုဒ်များစွာ
    ထင်မြင်နိုင်သေးသောနေရာ

    ဒီလိုမြို့တမြို့မှာ
    ရပ်ကွက်အသီးသီးမှာရှိတဲ့ ပရဟိတလူငယ်လေးတွေ
    တူရာတူရာစုလို ့ ဝါတွင်းလေးလပတ်မှာ
    ရဟန်းသံဃာတို ့အတွက်
    ဆွမ်း ခဲဘွယ်တို ့ကပ်လှူဘို ့အဖွဲ့ငယ်အသီးသီး
    ဆွမ်းလောင်းအသင်းတွေစုဖွဲ့ကာ အဖိတ် ဥပုဒ်
    ဒါနကုသိုလ်ပြုကြတယ်
    အချို့တတ်နိုင်တဲ့ပုဂ္ဂိုလ်များကတော့ တနှစ်ပတ်စာလုံး
    အပတ်စဉ်ဆွမ်းလောင်းကျတယ်
    လာမယ့်အပတ်ကစလို ့
    မန်းလေးမြို့ပေါ်မှာရှိတဲ့ ဆွမ်းလောင်းအသင်း
    ၂၉ သင်းဟာ ဆွမ်းလောင်းခြင်းကို
    ရပ်နားပါမည်ဟု နယ်ခံမိတ်ဆွေများထံမှ
    သတင်းအခိုင်အမာရရှိထားတယ်

    အတိအကျဆိုရသော် မဘသ အဖွဲ့အစည်းကြောင့်
    သာသနာအတွင်းညစ်နွမ်းမုှတွေကို
    မဖြေရှင်းကြတဲ့အတွက် ဒကာတော်တွေဟာ
    စိတ်နှလုံးညစ်နွမ်းပီး ဆွမ်းလောင်းခြင်းကိုရပ်တံ့ကာ
    ဆန္ဒကိုထုတ်ပြမယ်ကြားသိရတယ်
    မဘသ အတွင်းက
    ဝိနည်းတော်နဲ့မညီတဲ့သံဃာတွေကို
    မပြောမဆိုမဆုံးမဘဲ ထားထားတဲ့
    ရဟန်းသံဃာတွေကိုပါစိတ်ကွက်လာကြတယ်
    ဒါဟာသာသနာအတွက်ကောင်းတဲ့လက္ခဏာမဟုတ်

    အထူးသဖြင့် ဒီမန်းလေးမြို့မှာစတင်လိုက်တာဟာ
    ကျန်သောမြို့ကအဖွဲ့အစည်းအသီးသီးထံ
    ကူးစက်သွားခဲ့ပီး ဆရာ ဒကာကွဲကြရင်ဖြင့်
    ဝိနည်းတော်နှင့်အညီနေထိုင်သော
    ရဟန်းသံဃာများအတွက်ပါ ဆွမ်းကွမ်းခက်ခဲလိမ့်မယ်

    ဘုရားဟောထားသလို
    ငါဘုရားသာသနာဟာ
    ငါဘုရားရဲ့တရားတော်တွေနဲ့အညီမနေထိုင်တဲ့
    ငါဘုရားသားတော်တွေကြောင့်သာပျက်မယ်
    ကျန်သူဖျက်၍မပျက်နိုင် ဗျာဒိတ်စကားအတိုင်း
    ရဟန်းသံဃာများအတွင်းမှ
    ဝိနည်းတော်နှင့်မညီနေထိုင်သော
    အရေခြုံပုဂ္ဂိုလ်များကို အချိန်မှီဖော်ထုတ်ရှင်းလင်းပီး
    သာသနာအတွင်းသန် ့ရှင်းရေးလုပ်သင့်ချိန်ရောက်ပီ
    ဒါမှမဟုတ်ရင်တော့ သာသနာတော်အတွက်
    အနာဂတ်ဟာရင်လေးဘို ့ကောင်းလေပြီ။

  • kai

    September 26, 2015 at 2:42 pm

    အမျိုး၊ဘာသာ၊သာသနာဆိုတာမှာ.. ဘာသာက..ဘာသာစကားတဲ့ဗျ..။
    ဗုဒ္ဓသာသနာအစစ်က.. ကိုးကွယ်ရာတော့မဟုတ်..။
    Religion လို့တောင်ပြောရခက်ခက်…။

    ဆိုတော့…
    ဒီအတိုင်းဆက်သာသွား.. သိပ္ပံတန်ခိုးနဲ့.. ကိုးကွယ်ရာဘာသာတရားအားလုံး.. နှစ်၅ဝ မခံ…။
    အကုန်.. ပျက်သုဉ်းမှာဖြစ်ပါကြောင်း…။ :k:

  • ဦးကြောင်ကြီး

    September 26, 2015 at 11:51 pm

    ဥနီကို မဘသ စားဖိုခေ ျာင်ထဲပို့ တောက်တောက်စင်းဗါ။

    • naywoon ni

      September 28, 2015 at 10:20 pm

      ​နေဝန်​းနီ အသားခါး၏ ။ ​ကြောင်​သားချိုသည်​ ။ 😛

Leave a Reply