ဘယ်သူပြိုင်လို ့ ပျင်းပါတော ့အနိုင်

ဒီမနက် အိပ်ယာကနိုးနိုးခြင်း မျက်လုံးဖွင် ့ကြည် ့လိုက်တော ့ ၈နာရီကွက်တိ။ စိတ်ထဲ အတော်ကျေနပ်သွားတယ်။ ခါတိုင်းနေ ့တွေထက် နာရီဝက် တစ်နာရီပိုစောနိုးနိုင်လို ့။ ကွက်တိနိုးပေမပေါ ့ ဖုန်းနာရီကို alarm ပေးထားသကိုး။ တတီတီမြည်နေတဲ ့ ဖုန်းalarmကိုပိတ်ပြီး ဟိုတစ်လောက အင်တာနက်လေလိုင်းကနေတဆင် ့ ဖုန်းမန်မိုရီထဲရောက်လာတဲ ့ ဆံပင်ဖို ့ရိုးဖားယား  အမည်မှန်မသိရတဲ ့ နတ်မိမယ်လေးတစ်ပါးကို goodmorning အာဘွား တစ်ချက်ပေးလိုက်ပြီး တဖက်ကိုစောင်းလှဲ ့မှောက်လဲအိပ်လိုက်ရင်း ဒီကနေ ့ လုပ်ရမယ် ့ အစီအစဉ်တွေကို စဉ်းစားနေကြည် ့လိုက်တယ်။

ပထမဦးဆုံး အိပ်ယာကထမယ်။ ( ဒီအလုပ်က ဒီကနေ ့လုပ်ရမယ် ့ အလုပ်တွေထဲမှာ အခက်ခဲဆုံးနဲ ့ အပင်ပန်းဆုံးအလုပ်တစ်ခုဖြစ်လိမ် ့မယ်။ ) အိပ်ယာကထပြီးတာနဲ ့ ခြေရင်းက ဆပ်ပြာခွက်ကိုယူမယ်။ စခန်းအနောက်က စမ်းချောင်းဆီကို သွားမယ်။ မျက်နှာသစ်မယ်။ သွားတိုက်မယ်။ ရေတော ့မချိုးသေးဘူး။ စမ်းချောင်းကပြန်တက်လာပြီး မီးဖိုချောင်းကို ဝင်မယ်။ gasမီးဖိုကို ဖွင် ့မယ်။ ရေတစ်ခွက်စာကွက်တိချိန်ထည် ့ပြီး ရေနွေးတည်ထားလိုက်မယ်။ ဒါက ကော်ဖီဖျော်သောက်ဖို ့။ ပြီး ဆပ်ပြာခွက်ကို အိပ်ယာခြေရင်းမှာပြန်ထားမယ်။ ကော်ဖီမစ် တစ်ထုတ်ယူပြီး မီးဖိုချောင်ကိုပြန်သွားမယ်။ အသင် ့ဆူနေတဲ ့ ရေနွေးနဲ ့ ကော်ဖီမစ်ကိုဖျော်လိုက်မယ်။  ကော်ဖီခွက်ကိုယူပြီး ထမင်းစား စားပွဲရှည်မှာဝင်ထိုင်လိုက်ပြီး ကော်ဖီသောက်နေရင်း ဒီကနေ ့လုပ်ရမယ် ့အလုပ်တွေကို တွေးကြည် ့မယ်။

အရင်ရက်တွေက ရာသီဥတုကောင်းနေပြီး့ တောက်လျှောက် သစ်တွေတိုက်ထုတ်နေရတော ့ workshopဖက်ကို ပြန်မကြည် ့နိုင်တာမို ့  workshopထဲမှာက အလုပ်တွေက တပုံတပင်ကြီးစောင် ့နေလေရဲ  ့။
ပထမဦးဆုံး workshopထဲထိုးထားတဲ ့ hilux ၂စီးကို အရင်ရှင်းထုတ်မယ်။ ပထမတစ်စီး  Timing Beltပြတ်သွားလို ့ ဗားကောက်သွားတဲ ့တစ်စီး။ ဟက် ပြန်တင်မယ်။ Timing ချိန်မယ်။ ပြီးရင် နောက်တစ်စီး gearbox (crown)ကွဲတာ ပြန်fixပြီး crown ပြန်တင်မယ်။  ဒီ ၂ စီး ပြီးရင် ကားတွေကိုအပြင်ထုတ်လိုက်မယ်။ ဘူဒိုဇာချိန်းပြားတွေကို welding ဆော်မယ်။ ပြီးရင် Loader တစ်စီး workshop ထဲသွင်းမယ်။ water pump ဖြုတ်အသစ်လဲမယ်။ နောက် အရင်ရက်တွေက ပေါက်ထားတဲ ့ ကားတာယာ ၃လုံးပြန်လုံးမယ်။
မယ်…်
မယ်…
မယ်…။
၁ရက် ၂ရက်ထဲနဲ ့ ဘယ်လိုမှမပြီးမြောက်နိုင်မယ် ့ လုပ်စရာ အလုပ် တပုံတပင်ကြီးတွေကို တသီတတန်း တွေးရင်း..
တွေးရင်း…
တွေးရင်း…နဲ ့။
တောတွင်းပျော်တစ်ယောက် စိတ်ချမ်းသာစွာနဲ ့ပြန်လည်အိပ်မောကျသွားပါတော ့တယ်။  
———————————
နေတတ်လျှင် ကျေနပ်ဖွယ်ကောင်းလေစွ
အိုး..အသင်လောက။
———————————
တောတွင်းပျော်တစ်ယောက် အိပ်ပျော်သွားတော ့် အလွန်တရာမှ တိတ်ဆိတ်ငြိမ်အေးဆေးလှတဲ ့ လူသား ၁ယောက်စ ၂ယောက်စသာမြင်တွေ ့ရတဲ ့ ဂဇက်ရွာထဲကိုရောက်သွားပါရောလေ။
ရွာ ့အပြင်ဖက်ကိုလှမ်းကြည့် လိုက်တော ့ မိတ်ဆွေရွာသားတစ်ချို ့လှမ်းမြင်မိလိုက်ပါရဲ  ့။

အပြင်ဖက်မှာက
တောတွင်းပျော်ရဲ  ့ မိတ်ဆွေရွာသားတွေ 
သားရေး သမီးရေး
ဇနီးမယား အရေး
စီးပွားရေး
လူမှုရေး
ပညာရေး
ကျန်းမားရေး
ဟိုအရေး ဒီအရေး
သမီးရည်းစားအရေး စတာတွေနဲ ့
လုံးချုာလည်လိုက်  ပြေးလွှားလှုပ်ရှားရင်း ရွာထဲကိုတောင် မဝင်နိုင်လောက်အောင် ဖြစ်နေကြတာတွေ ့ရတော ့

အိုး…!
ကျွတ်… ကျွတ်… ကျွတ်… ကျွတ်…

သူတို ့နဲ ့မတူ တမူခြားစွာ တောင်ထိပ်ပေါ် လိုင်းမကောင်းလို ့ rရွာထဲမဝင်နိုင်တာပါလို ့ အကြောင်းပြပြီး တော်တွင်းပျော်တစ်ယောက်ကတော ့ ခြေကားရား လက်ကားရား အပူအပန်ကင်းမဲ ့စွာ အိပ်ပျော်နေလေရဲ  ့။
လိုင်းကောင်းမကောင်း ဘယ်သူသိတာမှတ်လို ့နော်။
++++++++++++++++++++++++++
မေမေ..
အချိန်မတိကျတတ်တဲ ့သူဆို အရမ်းစိတ်ပျက်တယ်ဆိုတဲ ့သူတွေကို
တားတားဖြင် ့ အရမ်းမုန်းတာပဲ မေမေရယ် အဟင် ့!

ရေးချင်တာ လျှောက်ရေးနေတဲ ့
ဆန်ကုန်မြေလေး လူပျင်းလေး
တောတွင်းပျော်


14 comments

  • kai

    September 26, 2015 at 2:32 pm

    ပြောသာပြောတာ.. ယူအက်စ်က ဘီလီယံနာတွေများ.. အဲလိုတောထဲ.. သွားနေ.. အမဲလိုက်ရဖို့..ဒေါ်လာသန်းချီသုံးရတာ..။
    အာဖရိကက.. တချို့နိုင်ငံတွေ.. အဲလို သဘာဝအတိုင်းအမဲလိုက်ထွက်နိုင်..တောထဲနေနိုင်တဲ့အစီအစဉ်စီစဉ်ပေးပြီး.. တိုးရစ်ဇင်လုပ်စားကြတယ်..။

    • တောတွင်းပျော်

      September 30, 2015 at 1:47 pm

      သဂျီးတို ့US က ဘီလျံနာတွေ ဒီလိုမျိုးမှာ သန်းချီ သုံးရသတဲ ့လား
      အိုး…ကျွတ်..ကျွတ်

  • naywoon ni

    September 26, 2015 at 8:59 pm

    သူဂျီးက​တော့ ပိုက်​ဆန်​ရဖို့ ထိုင်​​တွေး​နေတာပဲ လက်​​တွေ့မှာ အလုပ်​မဖြစ်​တာခက်​လှတယ်​ ။ 🙂

    • တောတွင်းပျော်

      September 30, 2015 at 1:50 pm

      အဲဒါ
      သူပြော ပြောနေတဲ ့ အနှစ်တစ်ထောင်ကျိန်စာ
      သူကိုယ်တိုင်မိနေတာ

  • ဦးကြောင်ကြီး

    September 26, 2015 at 11:53 pm

    တောတွင်းပေ ျာ ်ဘောကွင်းမှေ ျာ် ဒေါတင်းအော ် ကေ ျာခင်းစော ်

    • တောတွင်းပျော်

      September 30, 2015 at 1:58 pm

      စာစီစာကုံးရေးတာမှားသွားတယ်။
      အမှန်က
      ရွာထဲတွင် လူတစ်ယောက်စ နှစ်ယောက်စနဲ ့ အမြီးတယမ်းယမ်း
      ကြောင်ကြီးတစ်ကောင်လည်း ရှိပါသည်။

  • ဇီဇီခင်ဇော်

    September 27, 2015 at 10:09 am

    နာ့ မတော့ ဘာ အရေးး ရှိရှိ ဒီ ထဲ
    မလာရမနေနိုင်
    :k:

    • တောတွင်းပျော်

      September 30, 2015 at 2:04 pm

      အိမ်ရှင်ထက် ဧည် ့ဝတ်ပိုကြေတဲ ့ မမချွိပါအော ့

  • Mike

    September 29, 2015 at 11:34 am

    .လူသား ၁ယောက်စ ၂ယောက်စသာမြင်တွေ ့ရတဲ ့ အထဲကျုပ်တော့ပါတယ်မဟုတ်လားဗျ :))
    .ဟုတ်တော့ဟုတ်တယ်…သဂျီးပြောသလို ခင်ဗျားကံကောင်းသဗျ
    .မြန်တ ျန့်မှာတော့ တောမရှိတော့ဘူး

    • တောတွင်းပျော်

      September 30, 2015 at 2:07 pm

      လူပျင်းတွေက ကံကောင်းတတ်သနော်။ ကိုမိုက်

      ခင်မင်စွာနဲ ့
      တောတွင်းပျော်

  • Ma Ei

    September 29, 2015 at 1:26 pm

    ပျင်းရင် တောထဲကအကြောင်းလေးတွေ တစ်ကယ်ဖြစ်ရပ် အဆန်းတစ်ကြယ်လေးတွေ ပျော်စရာလေးတွေ ရေးတင်ပါဟယ်……..
    ရွာထဲ လျှောက်လို့ ပျင်းရင် လာဖတ်မလို့ပါ…

    • တောတွင်းပျော်

      September 30, 2015 at 2:13 pm

      အာ ့မလေး!
      ပျင်းတဲ ့သူ အပျင်းပြေဖတ်ဖို ့
      ပျင်းတဲ ့သူကိုမှ အပျင်းပြေရေးခိုင်းတယ်လို ့။
      နောက်တာပါနော် အမ။
      ရေးဖို ့တွေတော ့ရှိပါတယ်။
      အဟီး..
      ပျင်းလို ့

  • Alinsett @ Maung Thura

    September 30, 2015 at 2:34 am

    အနော်တောင် ရွာထဲ ရောက်နိုင်ခဲသွားလိုက်တာမှ

    • တောတွင်းပျော်

      September 30, 2015 at 2:15 pm

      အနော်တောင်ရဲ ့ အမြည်းစုံတဲ ့ ပုလင်းခုံလည်း လုပ်အုံးလကွာ။

Leave a Reply