ဖင်ကုန်းအူးခြ မဘသ ခေ ျာက်ထဲက ျမှ အမိတ Brainwash

မဘသကို ကြည့်နေဒယ်ဗ ျ.. ထင်ဒဲ့အတိုင်း ရွေးဂေါက်ပွဲမှာ ခြေရှုပ်ပါပြီ။ ပုထုဇဉ် ဘုန်းကြီးတွေမို့ နိုင်ငံရေး အရောင်မကင်းနိုင်တာ လာဘ်ခံပေမည့် အာဏှာပိုင်တွေရဲ့၊ အဖွဲ့အစည်းတရပ် လာဘ်ကိုင်တုတ်အဖြစ် အသုံးခ ျ ခံတာတော့ လွန်လွမ်းသွားပီ။ အမ ျိ ုး၊ ဘာသာ၊ သာသနာဆိုပြီး တိုင်းပြည်ခေ ျာက်ထဲ ဆွဲခ ျနေပြီ ဆိုလ ျင်တော့ တားဆီးဖို့ လူတိုင်းမှာ တာဝံရှိဒယ်။ သူတိုု့လိုခြင်တဲ့ မ ျ ိုးစောင့်အုပဒေဆိုတာကြီးလည်း မဲခိုးလွှတ်တော ်ကနေ ပြဌာန်းပီးသွားပြီ။ ဒါလည်း ဆက်ပြီး လာမည့်ရွေးဂေါက်ပွဲ အနိုင်ရမည့် ဒီခ ျုပ်ကို ဆက်လက် ဆန့်က ျင်၊ ဘပြောင်အစိုးမရကို မဲပေးဖို့ လှုံ့ဆော ်နေဆိုတော့ ဒင်းရို့မှာ မရိုးမသား အကြံအစည် ရှိတာ သေခ ျာ၏။

လောကဂ ျီးကို ထိန်းသိမ်းစောင့်ရှောက်ထားတာ သီလတရား…။ တဦးခြင်းစီက လွန်မြောက်သွားရင်တော့ ပရော်ဖက်ရှင်နယ် က ျင့်ဝတ်၊ ဝတ္တရားပေါ့။ အနိမ့်စုန်းအားဖြင့်တော့ အခြေခံ သီလကို စောင့်ထိန်းရတယ်။ ဗုဒ္ဓဘာသာဝံ အနေနဲ့ဆို ငါးပါးသီလ၊ အခြားဘာသာတွေမှာလဲ ဟိန္ဒူ ကလွဲရင် ပါဏာတိပါတကံ ကလွဲလို့ ကြံလေးပါး သိပ်မကွဲ။ ရယ်စရာပြောတာ ရှိတယ်လေ… မုသာဝါဒါကလွဲရင် ငါးပါးသီလ လုံတယ်ဆိုတာ။ သတ္ထု ခြလိုက်ရင် မုသာဝါဒ လိမ်ညာပြောဆိုခြင်းအပြစ်သည် ခေါင်ခ ျ ုပ်.. လိင်ဓါတ်မှတော့ ကြံဒါအားလုံး ယုန်မြလေ…။

မဘသဘုန်းကြီး မလိင်မညာဘဲ ဒီခ ျုပ်နဲ့ ဒီမိုကို တိုက်ခိုက် စည်းရုံးသလား။ ကလားမုန်းတာ၊ မွပ်ဆန့်ကြင်တာ အဲဒီကနေ စစ်တပ်ကို တခုတည်းသော အားကိုးလ ျှာအဖြစ် ပုံဖော်တာ .. နောက်တော့ ဒီခ ျုပ်နိုင်လ ျင် ကလားပြည်ဖြစ်မယ်၊ တဒိုင်းတပြည်လုံး မွပ်ကုန်မည် စသဖြင့် သင်္ကန်းဝတ်နဲ့ စည်းကေ ျာ်တာ။။။ မင်းတို့ နိုင်ငံရေးသမားလဲ ဘာထူးသလဲ စောဒကတက်နို်င်တယ်.. မှန်အိ အဲလို ပုံသွင်းပြောဆိုမှုတွေ နိုင်ငံရေးမှာ မကင်း။ သို့သော ် သိထားဖို့က လူနဲ့ ဘုန်းကြီးမတူဒါ။ မဘသသည် လူဝတ်ကြောင်လား.. သက္ကန်းဝတ်သက်သက်လား။ လူလိုပဲ လိင်ဓါတ်မှတော့ ရတနာသုံးပါး အနွယ်ဝင်ဆိုပြီး အရှိခိုးကန်တော့ခံ၊ စားဦးစားဖ ျား လှူ တန်းတာခံနေဖို့ သင့်ပါအိလော။ လိမ်ညာတတ်သူကို လူထဲမှာ လူယုတ်ဆို သံဃာဆိုပြီး မ ျက်စေ့မှိတ်ယုန်ဓါတ်တဲ့ တောသူတောင်သား သဒ္ဓါတရားကို လှည့်ဖ ျားလိင်ညာနေတဲ့ မဘသကိုယ်တော ်ဆို ရဟန်းယုတ်ပေါ့။ ခြွင်းခ ျက်အနေနဲ့ ပိုမပြော မလိင်ဘဲ ဖြစ်ရပ်မှန်ကို ဆိတ်ခံစားမှုနဲ့ ပြောတဲ့သူဆိုလ ျင်တော့ အဲဒီထဲ မပါပေါ့ဂ ျာ။

မိုက်ဘူးသီး ကိုယ်ဒေါ်ဂ ျီး
မိုက်ဘူးသီး ကိုယ်ဒေါ်ဂ ျီး

အထက်မှာ ပြောပီးသား.. နေလ ျှာဒိုင်းမှာ စည်းရှိတယ်။ ဘုန်းကြီးဖြစ်လို့ လောကီအရေး မပါရ မဆိုလို..။ သာသနာဆုတ်ခေတ်မှာ အဲလို ကန့်သတ်မရစကောင်း။ ပါနေတာလဲ ကြာခဲ့ပြီ.. ခုမှ မလှုပ်ရဆို မဖြစ်နို်င်တာ ပြောသလိုဖြစ်မည်။ ဒါပေမဲ့ သင်္ကန်းအရည်ခြုံပီး ဝိနည်း၂၂ရသွယ် လိုက်နာရတဲ့ ရဟန်းတော ်များ အခြေခံ မုသာဝါဒါဖြင့် မလုံဆိုလ ျင်တော့ လူဝတ်ကြောင်ထက် သာမထူးပြီ။ ခိုင်လုံတဲ့ သတင်းတွေ ကြားသိမြင်နေရတယ်။ ဒေါ်စုက ဆော ်ဒီအာရေဗ ျက ဒေါ်လာငါးသန်း ယူထားသတဲ့။ ဘင်္ဂါလီတွေကို သူတက်လ ျင် အထဲဆွဲသွင်းမှာတဲ့..။ ဆော ်ဒီအစိုးမရနဲ့ လာဘ်ဝါးခြင်း ရိုက်ထားသတဲ့… စာတတ်ပေတတ်၊ ဘာဘွဲ့ညာဘွဲ့ရ၊ ကေ ျာင်းထိုင် မဘသတွေကိုယ်တိုင် နှုတ်ကပြောတာ၊ မဟုတ်မမှန် ဝါဒဖြန့်နေတာနော ်။ တောရွာဖက်တွေဆို ပိုဆိုးတဲ့ ဝါဒဖြန့်မှုတွေရှိတယ်၊ ဆိတ်မှန်း ပြောသလိုမ ျိုး မဟုတ်ဘဲ တကယ် အထောက်အထား ရှိသလို၊ သူတို့ကပဲ စောင့်စည်းနေရလို ထုတ်မပြနိုင်သလိုလို။ ကူးစက်ပိုးလို ဘုန်းကြီးလောကအတွင်း ပြန့်နေဘုံက သဂ ျီးတို့မြို လော့အိမ်က ျယ်လိစ်မှာတောင် ရှိသဗ ျား။ ကေ ျာင်းထိုင်ကိုယ်ဒေါ်တဗါး… နာမည်တော့ အပေါဒေါ့ပါဖူး.. ဒေါ်စုကို အပုပ်ခ ျ ၊ အူးအောင်ဆန်းဦးတော့ အမွှမ်းတင်..။ အစောက ဆော ်ဒီဇာတ်လမ်းတွေ လုပ်ကြံပြောဆို။ စစ်တပ်တော့ ကောင်းသဗ ျ ၊ စာရင်းနဲ့ ဇယားနဲ့ လမ်းဘယ်နှစ်မိုင်၊ တံတားဘယ်နှစ်စင်း၊ ကေ ျာင်ဘယ်နှစ်ကျောင်း၊ ဆေးရုံဘယ်နှစ်ရုံ ဆောက်ထားဂေ ျာင်း စစ်အာဏာရှင် သက်ဆိုးရှည်ဖို့ ပြောရတာအမော။ ခင်ဗ ျားတို့ အထင်ကြီးတဲ့ သဂ ျီးဇုတ် မာမွပ်ခိုင်မ်တောင် ပြားပြားဝပ် အူးခြတာ တွေ့ဂဲ့သေး။

အလိုမရှိ ဆိုကြည့် ခ ျို ၏ ပလို့ဂ ျိ
အလိုမရှိ ဆိုကြည့် ခ ျို ၏ ပလို့ဂ ျိ

ဘုန်းကြီးပဲဗ ျာ.. မလိင်ပါနဲ့။ သုံးတောင်ဝတ် အမယ်အိုတယောက်ကို ကိုးတောင်ဝတ်လည်းဖြင် ၂၂ရသွယ်သော သိက္ခာပုဒ်စောင့်ထိန်းရမည့် ယောက ျ်ားသား မဘသဂိုင်းဝံ ကိုယ်တော ်တွေ အဲလောက်ထိ ယုတ်ပတ်ဖို့ မသင့်။ စစ်တပ် နဲ့ ဖွတ်က ခွေးက ျင့်ခွေးကြံ ကြံတာ မဆန်း.. သူတို့ဇစ်မြစ်ကိုက မမှန်။ မဘသကရော ဘာလဲ ဘယ်လဲ….။ ပြည်တွင်း၊ ပြည်ပက တတ်သိပညာရှင် ရဟန်းရှင်၊လူ တွေရော ဘာလဲ ဘယ်လဲ။ နာမည်တလုံးနဲ့နေ ပြောတော့ သာသနာ၊ ပြည်သူအတွက် ဘာညာသာတကာ အားလုံး လေထဲမှာလား။ မဘသကို ဆန့်က ျင်ရမည် မဆိုလို၊ ထိန်းကြောင်းပဲ့ပြင် ဝေဖန်ပေးဖို့ ပြောတာ။

အရှေ့အလယ်ပိုင်းဒေသ ဆူလောင်ပွက်တာ လာဘ်တဆုပ်စာ ဘာသာရေးဆရာတွေကြောင့်ဆိုပေမဲ့ လူအမ ျားစု ကိုယ်နဲ့မဆိုင်သလိုနေ၊ မစစ်ကြော မဝေဖန်ရဲမှုကနေ မြစ်ဖ ျားခံတယ်.. ဒီတော့ ကိုယ်တန်လ ျှာ တန်လ ျှာပဲ ရတဲ့သဘောပေါ့။ မြန်တ ျန့်ပြည်လည်း မာမွတ်တို့ပုံစံ လိုက်ကြမလား။ ပြည်တင်းလ ျင် မင်းတောင် မခံနိုင်လ ျင် (စစ်တပ်တော့ ထားတော့ ဒင်းရို့က တကယ်ပစ်တာ) နတ်ပြည် ငရဲ ကိုယ်လုပ်မှ ကိုယ်သွားရတဲ့ ဗုဒ္ဓဘာသာမှာ မှိုင်းအတိုက်ခံနေကြမလား။ စစ်တပ် နှစ်ငါးဆယ် နည်းမ ျိုးစုံ ဝါဒဖြန့် ဥနှောက်ဆေးတာ မအောင်မြင်။ ခုတော့ နောက်စုန်း လာဘ်နက် ဘာသာရေးအစွန်းရောက်ဝါဒ ထုတ်သုံးပြီ။ သင်္ကန်းဝတ်ရုံနဲ့ ဖင်ကုန်းအူးခြ၊ ပြောသမ ျှ ယုန်ကြမည် ဆိုလ ျင်ဖြင့် ဘယ်သူမှ ဆွဲတင်ကယ်လို့ မရတဲ့ အသူရာခေ ျာက်ထဲ မြန်တ ျန်ပြည် ဒီတခါ က ျတော့မည်။

ဗုံးကြီးစာခြ ငါကွ ဦးကြောင်ကြီး

 

23 comments

  • ဇီဇီခင်ဇော်

    September 28, 2015 at 11:13 am

    စစ်တပ်ကလူတွေရော
    ဘုန်းကြီးတပ်က လူတွေရော အမျိုးသား ရင့်မကြီးတွေ
    အသက် ၇ဝ မိန်းမ တစ်ယောက်ကို ဝိုင်း အပုပ်ချနေကြတာ
    ညစ်နေကြတာ၊
    မြင်လို့ ကြားလို့ မကောင်း။

    တတ်နိုင်ဘူးးး
    ညာဏ်နည်း၊ ပညာနည်း၊ ကိုယ်ခံအားနည်းသူတွေ များလာတဲ့ တိုင်းပြည်က ပျက်မှာပဲ။

    ဒီ တစ်ခေါက်မအောင်မြင်လည်း မေစု နားရတာပေါ့ကွီ။ သူ့ ဘဝက အနေသာကြီးပဲဟာ။

    နာလည်း အနေသာကြီးမို့ မနာတော့ပါဘူးးး
    :mrgreenn:

    သံသရာနဲ့ ယှဉ်ရင် ဘွားတော်က ခုချိန်ထိ Right Way ယူထားတာပါ။
    ပူစရာတော့ သိပ်မရှိ။

    • @QUIL@

      September 29, 2015 at 7:27 am

      နားသင့်တာကြာဘာဘီအေ

      • ဇီဇီခင်ဇော်

        September 29, 2015 at 7:51 am

        အရွယ်ကောင်းပြီး ဖွန်ကြောင်ရုံလောက်ပဲ သိတဲ့ ကောင်တွေ များနေလွန်းလို့ ကို
        နားမနေနိုင်တာ။

        တိုင်းပြည် နာ တယ်လေအေ
        :kwi:

        • @QUIL@

          September 29, 2015 at 11:41 am

          အဘ အူးတင်ဧ ကျန်းမာပာဇီ

  • kai

    September 28, 2015 at 1:52 pm

    အဟင်းဟင်း…
    ဒီအတိုင်းသွား.. တိုင်းပြည်ဘာဖြစ်မလဲပါ.. ဆက်ပြောထားတယ်…။
    အာဖဂန်နစ္စတန်..တွေ့တယ်မဟုတ်လား..
    အဲဒီထက်.. ဆိုး..။

    အဲ..
    ကောင်းချင်ရင်အလွယ်လေး..
    မည်သူကမှ.. မည်သူ့ကိုမှ.. ဖူးမျှော်မာန်လျှော့ ရှိခိုးပူဇော်ကန်တော့ခြင်း…မပြုရ..။

    အလွယ်လေး..။ ဘယ်သူ့မှလိုက်တိုက်တွန်းနေစရာလည်းမလို..
    ကိုယ်အခုထလုပ်.. အခု.. လွတ်မြောက်လိမ့်…။ :k:

    • @QUIL@

      September 29, 2015 at 7:26 am

      ဘာဗျ
      ယှဉ်စယာလား မယှဉ်နဲ့
      ကျုပ်တို့က အာဖဂန်ထက်အပုံယီးသာဒယ်
      မဟာအဝီဇိ မို့လေ

      • kai

        September 29, 2015 at 8:34 am

        ကျုပ်က.. “ဘက”ပညာရေးစကထဲက…ဖြစ်လာမယ်.. ဖြစ်လာမယ်..
        ဖြစ်လာတော့မယ်… လုပ်နေတာ…
        အခု.. အဟမ်း.. ဘွတ်..
        …ပိုဆိုးလာပြီပေါ့…။

        အခုဘကပညာရေးထဲကကလေးတွေ..အရွယ်ရောက်ချိန်… အသက် ၂၅တန်း.. ၃ဝတန်း.. အဲဒီကနေ.. တိုင်းပြည်အုပ်ချုပ်နိုင်တဲ့အရွယ်.. ၄ဝကျော်..၅ဝတန်းရောက်ချိန်.. မြန်မာပြည်ကိုမျှော်ကြည့်လိုက်…
        မဟာအဝီစိက.. သနားလိမ့်..။ :k:

        • Shwe Ei

          September 29, 2015 at 4:55 pm

          -ဘက ကျောင်းတွေမှာ အစိုးရ ကထုတ်ထားတဲ့
          -သင်ရိုးညွှန်းတမ်းတွေကိုဘဲ ဆရာ ဆရာမတွေ
          -လခပေး ငှားပီး သင်တာလို့ ပျောပီးဘီနော်..သဂျီး
          -ဟွင်းးးးဟွင်းးး

        • kai

          September 30, 2015 at 12:04 am

          ဘုန်းဘုန်းတွေ.. ဘာသာရေးမလုပ်ပဲ.. ကျောင်းအုပ်ချုပ်ရေးလုပ်နေတာကိုက… အမှား..။
          ဆိုတော့…
          လိုက်ဆို… ဩကာသ..ဩကာသ.. င့ါထိုင်ကန်တော့ကြ…တဲ့..

  • Courage

    September 28, 2015 at 3:54 pm

    ပြောတော့ ပြောချင်ပါတယ်။ နို့ ပြောလဲ မပြောရဲလို့ မပြောတော့ပါဘူး။ 😀
    ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းတောင် သူ့ကို လေးနဲ့ခွင်းခဲ့သူ သောနုတ္တရကို သင်္ကန်လေး ခြုံထားတာမြင်ရုံနဲ့ လွတ်ငြိမ်းခွင့် ပေးခဲ့တာကိုပဲ နှလုံးသွင်းပါတယ်။
    စလေကြီးရဲ့ စကားနဲ့ဆိုရရင်တော့ “ဘုရား လှိုဏ်ခေါင်း၊ အောင်း၍ မာန်သွေး၊ ဟောင်သည့်ခွေးကို၊ အရေးပြုကာ၊ ခွင့်မသာသကဲ့သို့၊ ထိုသူယုတ်အား၊ သတ်မိငြားသော်၊ တရားတော်ဂိုဏ်း၊ မလွတ်ရာချေ” လို့ပဲ မှတ်ထားပါတယ်ဗျာ။

    မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း မျက်စိပိတ်၊ နားပိတ်၊ မုသာနွံ့တွင်းပိတ်နေခြင်းမှု ကင်းလွတ်ကျပါစေ…

  • မင်း ခန့် ကျော်

    September 28, 2015 at 4:20 pm

    နိင်ငံရေးမှာ
    “ထာဝရ မိတ်ဆွေမရှိ
    ထာဝရ ရန်သူလဲမရှိ”
    သုံးတတ်လျှင်ဆေး
    အပုတ်ချလျှင်ဘေး။
    နှစ်ဖက် စလုံး ကမြန်မာ့နိုင်ငံရေးမှာ ထွားထွားတွေ။
    ထွားထွား ကိုစားတတ်မှ။
    သမိုင်းကိုပစ်ပယ်လို့လဲမရ။
    မဘသ
    ဝန်ထမ်းထု
    ခရိုနီ ပိုင်လုပ်ငန်းစုများမှ ဝန်ထမ်းများ
    အဲဒါတွေနဲ့ 25 % ပေါင်းလိုက်ရင်ဖြင့်။
    ပါနပ်ရမဲ့အချိန်။

    • kai

      September 29, 2015 at 8:36 am

      တမတ်သားကိုပဲပေါင်းဖို့လိုပါတယ်…။
      သားသုံးသားမှာ.. ၂သားကျသူ.. အနိုင်..။ :k:

      • မင်း ခန့် ကျော်

        September 29, 2015 at 9:17 am

        တမတ်သားကိုတော့ လျို့ဝှက်မဲပေးတဲ့အချိန်ကျမှ
        ကွန်ပြူတာကို ဆော့ဝဲထဲ့ပလိုက်ရင်ဖြင့်
        76% ဖြစ်ပြီးခြေဥပြင် ခ်ခ်ခ်။
        လောလောဆယ် ဒါယိကာ ဒါယိကာမ တို့
        ရဲ့မဲအားကိုဖြင့် မက်မက်မောမော :mrgreen:

  • naywoon ni

    September 28, 2015 at 10:10 pm

    မဘသ ကိုယ်​၌ က ဆိပ်​တပ်​ထဲက သ​န္ဓေ ပိုးဗျ ဆိပ်​တပ်​ထဲကလာတာ hiv လိုပဲ ​ဆေး​တွေ့ဖို့လမ်​းမမြင်​​သေး ​ဟေး ​ဟေး ​ပျော်​ဆြာဂျီး သခင်​မျိုး​ဟေ့ ဒို့မပါ 🙂

  • Mike

    September 29, 2015 at 10:45 am

    မြန်မာပြည် ထိပ်တန်း သတင်းထူးများ added 2 new photos.

    မ ဘ သ ကိုလမက္ခံရင် ဗုဒ္ဓဘာသာမဟုတ်ဘူးဆိုရင်ဥုးဇင်းကိုဗုဒ္ဓဘာသာမဟုတ်ဘူးလို့ သတ်မှတ်လိုက်ပါ ကျုပ်ကလည်း မ ဘ သ သံဃာလို့အထင်ခံရမှာအကြောက်ဆုံးပဲ ဥုးဝီရသူ ရဟန်းကျင့်ဝတ်နဲ့မညီဘူးလို့ကျုပ်ပြောတယ် ကျုပ်အမျိုးသားရေးယောင်ယောင် ဘာယောင်ယောင် ညာယောင်နဲ့ ထေရဝါဒ ခြစားတာကိုကျုပ်တို့လက္ခံပေးရမလား သံဃာတော်ချင်းချင်းစိတ်ဝမ်းကွဲကြတာမြင်ရတာ ရင်အနာဆုံးပဲ ခုကျုပ်ရဟန်း ရွှေငွေမကိုင်ဘူး ဒါပေမဲ့ကျုပ်မှာပြည်စုံ ဘာလဲဆို သီလ သမာဓိ ပညာပြည့်စုံတယ်မဟုတ်ပေမဲ့ ထေရဝါဒဗုဒ္ဓဘာသာ ဝင်ဖြစ်လို့ တရားကိုလေ့လာခွင့်ရလို့ပြည့်စုံတယ် ဝေနေယျသတ္တဝါတွေအပေါ်မေတ္တာထားနိုင်တယ် ဝေနေယျဆိုတာ အဆုံးအစမရှိတဲ့ အနန္တစင်္ကြာဝဠာအတွင်းကျင်လည်းကြကုန်သောသတ္တဝါတွေကိုဆိုလိုတာပါ လူနတ်တိရိစ္ဆာန် အပ္ပာယ်ဘုံသားမကျန်တူညီတဲ့မေတ္တာထားခြင်းပဲ ဥုးဝီရသူဒီလိုမေတ္တာထားနိုင်လား ကျုပ်မေးလိုက်မယ် သံဃာတော်တွေဟာမတုကာမတွေနဲ့ကင်းရှင်းတာအကောင်းဆုံးပဲ ကျုပ်တို့ရဟန်းတွေဟာသူတစ်ပါးရတနာသုံးပါးကိုကြည်ညိုလို့ စင်စင်ကြယ်ကြယ်လှူဒါန်းလိုက် တဲ့ဆွမ်းကိုဘုန်းနေရတယ် သူတစ်ပါးလှူဒါန်းထားတဲ့သင်္ကန်းကိုဝတ်ရုံဆင်မြန်းနေရတယ် သူတစ်ပါးလှူဒါန်းထားတဲ့ကျောင်းသင်္ကန်းကိုအမှီပြုနေရတယ် သူတစ်ပါးလှူဒါန်းထားတဲ့ဆေးဝါးတွေကိုမှီဝဲသုံးစွဲနေရတယ် ကိုယ်ပိုင်ရယ်ဆိုလို့ဘာမှမရှိပါဘူး လူ့ဘဝခဏတာလာခိုက် ရှင်ရဟန်းဖြစ်ခွင့်ရတာပဲ ဂုဏ်ယူစရာရှိတယ် ရှင်းရှင်းပြောရရင်ချီးထုပ်တွေကိုယ်စီထမ်းထားပြီးလောဘ ဒေါသ မာန်မာနတွေနဲ့ တစ်ဦးကိုတစ်ဦးတိုက်ခိုက်နေတဲ့လုပ်ရပ်တွေဟာ ရဟန်တွေနဲ့မသင့်လျှော်ပါဘူး မ ဘ သရဲ့လုပ်ရပ်တွေက ဆွမ်းဒကာဒါယိကာမတွေကို အကုသိုလ်ပေးနေတယ်လို့မြင်ပါတယ် ဘုရားရှင်လက်ထက်ကတည်းက မ ဘ သအဖွဲ့စည်းဆိုတာမရှိခဲ့ပါဘူး ကျုပ်ကတော့ဒကာဒါယိကာမတွေကိုအကုသိုလ်ပေးတဲ့ဘုန်းကြီးဖြစ်ရမှာအကြောက်ဆုံးပဲ ခုတိုင်းပြည်မှာမဲပေးရမဲ့အရေးကြီးဆုံးအချိန်ကို ရင်ဆိုင်ရတော့မယ် ကျုပ်ကတော့အဂတိမလိုက်စားဘူးဟေ့ ဘယ်သူ့ကိုပေးပါလို့မပြောဘူး အများပြည်သူလက္ခံနိုင်တဲ့သူကိုမဲပေးကြ အတွေးမမှားကြနဲ့ အတွေးမှားတဲ့ပြည်သူဒုက္ခတွေကိုဉာဏ်နဲ့ကြိုမြင်ထားပါ ဥုးဇင်းကတိုင်းပြည်တိုးတက်စေချင်တယ်ပြည်သူတွေကိုချမ်းသာစေချင်တယ် ပညာတတ်အုပ်ချုပ်တာကိုမြင်ချင်တယ် ဥုးဇင်းကတောရဘုန်းကြီးတစ်ပါးပါ

    အရှင်ရေဝတ

  • Mike

    September 29, 2015 at 11:13 am

    မဟာ မိုင်း
    32 mins · Edited ·

    ဒီရက်တွေအတွင်း မ.ဘ.သ နဲ့ပတ်သက်ပြီး ခပ်ဆတ်ဆတ်ပြောနေရတာ အကြောင်းရှိပါတယ်။

    လူတွေဟာ ဒီမိုကရေစီအိပ်မက်ကိုအရူးအမူးမက်နေချိန်၊ နောက်ဆုံးမြှော်လင့်ရာအဖြစ် အသည်းကြားက မဲတစ်ပြားပေးဖို့ အားတက်သရောဖြစ်နေတဲ့အချိန်၊

    ဒီလောက်အရေးကြီးနေတဲ့အချိန်မှာ မ.ဘ.သ က NLD ကိုမဲမပေးဖို့ စည်းရုံးပါသတဲ့။

    တကယ့်ဖျက်မြင်းပဲ။

    အနာပေါ်ဆားပက်သလို ခံစားရတယ်။ အနှစ်နှစ်အလလတောင့်တလာတဲ့ ဒီမိုကရေစီပန်းတိုင်ရောက်ခါနီးမှ ပျက်ဆီးခဲ့ရင်မ.ဘ.သ ဟာ သမိုင်းတရားခံပဲ။
    ကိုယ်လှူတဲ့ဆွမ်းနဲ့ ကိုယ့်ကိုပြန်ကျေးဇူးဆပ်တာလား အရှင်ဘုရားတို့။

    ပြောလိုက်ပါရဲ့ဗျာ။

    သံဃာဂုဏ်းသင့်မလေးဘာလေးနဲ့ ဘာမခြိမ်းခြောက်ပါနဲ့။ ဒီလိုခြိမ်းခြောက်ရုံနဲ့ ကြောက်တတ်တဲ့ ခပ်ပိန်းပိန်းငတုန်းကောင်မဟုတ်ဘူး။

    ကြိုက်တဲ့နေရာ၊ ကြိုက်တဲ့အချိန် မည်သည့်ပညာရှိရှေ့မှာမဆို အသိဉာဏ်စစ်တမ်းပြိုင်ဝံ့တယ်။

    သံဃာစစ်တွေကို ကြည်ညိုတတ်လွန်းလို့ ပိုခံစားရတယ်။
    ဓမ္မစစ်တွေကို လိုက်စားပြီး သိတတ်လွန်းလို့ တရားနဲ့မလျော်တာတွေမြင်ရင် ယူကျုံးမရဖြစ်တယ်။

    ဥပမာပြောပြမယ်။

    ၁) မျိုးစောင့်အောင်ပွဲဆိုပြီး ရဟန်းတွေလှည့်လည်နေတာကိုတွေ့ရင်..
    ၂) သာသနာ့အလံကိုကိုင်ပြီး Night Club ထဲမှာလို ကခုန်နေတာကိုမြင်ရရင်..
    ၃) မယ်သီလတွေအမျိုးသားအောင်ပွဲသီချင်းဆိုပြီး ဘုန်းကြီးတွေလက်ခုပ်တီးနေတာကိုမြင်ရင်..
    ၄) ဘုန်းကြီးတစ်ပါးက ( )သည်မဆိုပြီး အမျိုးသမီးတစ်ယောက်အားဆဲရေးလိုက်ခြင်းကို ဝမ်းသာအားရအားပေးနေတာကိုမြင်ရင်..
    ၅) ဘာသာခြားမုန်းတီးရေးတရားတွေကြားနေရရင်..

    ခင်ဗျား ဘယ်လိုခံစားရလဲ။

    ဒါတွေနဲ့ပတ်သက်ပြီး ခင်ဗျား ကျေနပ်ပျော်ရွှင်နေမယ်ဆိုရင် ခင်ဗျားလောက် အသိဉာဏ်ခေါင်းပါးပြီး စိတ်ဓါတ်အောက်တန်းကျတဲ့သူလောကမှာ မရှိဘူးလို့ ကျုပ်စွတ်စွဲတယ်။

    လောကမှာ လူမိုက်နဲ့တဘက်စွန်းသမားတွေများရတဲ့အထဲ ဒီလိုရေလိုက်လွဲနေတဲ့ အဖွဲ့အစည်းကြီးအားကောင်းလာတာကို အသိဉာဏ်ရှိတဲ့လူတိုင်း စိုးရိမ်မကင်းဖြစ်နေရတယ်ဗျ။

    မ.ဘ.သ ရဲ့ လမ်းစဉ်ဟာ ဝိနည်းနဲ့မလျော်တဲ့အတွက် အဖွဲ့ဝင်အဖြစ်အထင်ခံရမှာကိုတောင် ရှက်ကြတဲ့ ရဟန်းတွေအများကြီးရှိနေတယ်။

    တကယ့် အမျိုးဘာသာသာသနာအတွက်ဆိုရင် လူငယ်တွေ ကိုယ်ကျင့်သီလကောင်းဖို့ ဟောပါတော့လား၊
    ထကြွလုံ့လဝီရိယနဲ့ပြည့်စုံအောင်စည်းရုံးပါတော့လား၊
    မိမိအကျိုး၊ လောကအကျိုးဆထက်ထမ်းပိုးသယ်ပိုးနိုင်တဲ့ယောင်္ကျားကောင်း၊ ယောကျာင်္းမြတ်ဖြစ်အောင် နည်းပေးလမ်းပြပါတော့လား။
    တရားမျှတဲ့လူ့အဖွဲ့အစည်းဖြစ်အောင် ဥပဒေစိုးမိုးဖို့ မင့်ကျင့်တရားဆယ်ပါး၊ နာယကဂုဏ်ခြောက်ပါး တရားတော်တွေဟောပါတော့လား။

    ဗုဒ္ဓမြတ်စွာဘုရားက လူအချင်းချင်း မေတ္တာထားဖို့ဟောထားရက်နဲ့ ဘုန်ုးကြီးက ကုလားမှရွေးပြီးမုန်းတီးအောင် ဟောနေတာကိုမြင်ရင် ရှက်စိတ်က ငယ်ထိပ်တက်ဆောင့်တယ်။

    ဘာသာခြားနဲ့ လူမျိုးခြားမုန်းတီးရေးတွေဟောပြောဖို့နဲ့ မုဒိန်းသုတေသနလုပ်ဖို့ကိစ္စလောက်ကတော့ ကီလီဈေးက ငါးထမ်းတဲ့ လူတွေတောင် လုပ်နိုင်တယ်။

  • Mike

    September 29, 2015 at 3:51 pm

    အမွှေစိန် ဇာဇာဇော်

    မဘသ ကိုယ်တော်များသို့
    ******************
    အရှင်ဘုရားတို့ မိန့်ကြားချက်များ Skynet မှာ မကြာမကြာ ကြားနေရလို့ ဒီစာကိုရေးလိုက်ရတာပါ ဘာသာရေးနဲ့ ပတ်သက်ပြီးအတတ်နိုင်ဆုံးရှောင်ရှားပါသော်လည်း မရေးမဖြစ်လာလို့ပါ
    အရှင်ဘုရားတို့ လက်ရှိအစိုးရကို ထောက်ခံအားပေးတာကို တပည့်တော်တို့ ပြောစရာမရှိပါ
    အရှင်ဘုရားတို့ အတိုက်အခံပါတီကို မနှစ်သက်မထောက်ခံတာလည်း တပည့်တော်တို့ ပြောစရာမရှိပါ
    သို့သော်
    အရှင်ဘုရားတို့နှုတ်မှတဖွဖွမိန့်ကြားနေသော ပရမ်းပတာပါတီအာဏာရရင် လူမျိုးခြားကြီးဆိုးမယ်တို့ အမျိုးဘာသာစော်ကားနေသောပါတီကို မဲမထည့်ဖို့တို့ စသည်ဖြင့် ဟောပြောမိန့်ကြားနေမှုများအား တပည့်တော်တို့ မနေသာတော့လို့ပါဘုရား အရှင်ဘုရားတို့ လက်ရှိအစိုးရကို မတိုက်ခိုက်လို့ ဒီမိုတွေက အရှင်ဘုရားတို့ကို မကြည်ညိုဘူးဆိုတာ လုံးဝမှားနေပါတယ်ဘုရား အရှင်ဘုရားတို့ ဘယ်ဘက်မှမပါပဲ သမာသမတ်ကျစွာ အလယ်အလတ်ရပ်တည်ပြီး နိဗ္ဗာန်ရောက်ကြောင်းသာ အာရုံပြုနေမယ်ဆိုလဲ တပည့်တော်တို့က အထူးကြည်ညိုနေပြီးသားပါဘုရား ခုတော့ လက်ရှိအာဏာရပါတီကသာ အမျိုးဘာသာစောင့်ရှောက်သူဖြစ်ပြီး အတိုက်အခံက အမျိုးဘာသာသစ္စာဖောက်ဖြစ်သယောင် ဟောပြောနေတာတွေဟာ တရားမျှတမှုမရှိလို့ပါဘုရား ဒါဆို အရှင်ဘုရားတို့ကို တခုလောက်မေးလျှောက်ပါရစေဘုရား လက်ရှိအာဏာရပါတီရဲ့ အမျိုးဘာသာစောင့်ရှောက်ပုံလေးများ တပည့်တော်တို့ကို တခုတလေလောက်ညွှန်ပြတော်မူပါဘုရား ရွေးကောက်ပွဲ မဲနိုင်ဖို့တွက် ဘုရားတွေမဲဖောက်ပေးပြီးမဲဆွယ်တာတော့ ထည့်မပြောပါနဲ့ဘုရား အဲဒါ သူတို့ရဲ့ ယတြာအစီရင်တွေမို့ပါ ဘုရား အနီးစပ်ဆုံးရွှေဝါရောင်သံဃာများကို အကြမ်းဖက်ဖြိုခွင်းခြင်း ဘုန်းကြီးကျောင်းများ သိမ်များ အဓမ္မဖျက်ဆီးခြင်း ဘုန်းတော်ကြီးများအတင်းအဓမ္မ သင်္ကန်းဆွဲချွတ်အမှုဆင်ခြင်း အဲဒါတွေဟာ လက်ရှိအာဏာရပါတီရဲ့ အမျိုးဘာသာစောင့်ရှောက်ခြင်းလား ဘုရား ဘုန်းကြီးကျောင်းအဖျက်ခံရလို့ အပျက်အဆီးပုံ အောက်က ကိုရင်ငယ်လေးတွေရဲ့ ညှိုးငယ်သော မျက်နှာလေးတွေဟာ ခုထိ မျက်စိထဲက မထွက်နိုင်လောက်အောင် ရင်နာနေရပါတယ်ဘုရား ပြီးတော့ အတိုက်ခံပါတီရဲ့ အမျိုးဘာသာ သစ္စာဖောက်ပုံလေးကိုလဲ ထောက်ပြပါဦးဘုရား ပါတီထဲက အစ္စလာမ်ဘာသာဝင် တချို့တလေလောက်နဲ့တော့ အမျိုးသားသစ္စာဖောက်အမည်မတပ်ပါနဲ့ဘုရား နိုင်ငံရေးဟာ ဘာသာရေးနဲ့ မသက်ဆိုင်သလို ပါတီတိုင်းမှာ လူမျိုးစုံ ဘာသာစုံရှိမှာပဲဘုရား NLD ပါတီရဲ့ဥပဒေ အကြံပေးဦးကိုနီ တယောက်ကိုပဲ အမျိုးမျိုးအပြစ်ရှာမနေပါနဲ့ဘုရား ပြီးခဲ့တဲ့သက်တမ်း ၅ နှစ်လုံးလုံး လွှတ်တော်အမတ်လုပ်ခဲ့တဲ့ အာဏာရပါတီ ကိုယ်စားပြု ဘင်္ဂလီအမတ်တွေဟာ လွှတ်တော်ထဲ ခပ်တည်တည်နဲ့ အိပ်ငိုက်ခဲ့ပြီးပါပြီဘုရား ဒါကို အရှင်ဘုရားတို့ဘက်က ဆန့်ကျင်ကန့်ကွက်တဲ့အသံ တချက်မှတောင် မကြားမိပါလားဘုရား
    နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ အရှင်ဘုရားတို့ကို ဆွမ်းဆက်ကပ်လှူတန်းနေတဲ့ ဒကာ ဒကာမတွေ အဆင်ပြေမှ အမျိုးဘာသာကို ဒီထက်မက စောင့်ရှောက် လှူတန်းနိုင်မှာပါ ဘုရား ဒီဒကာ ဒကာမတွေ အစစအရာရာအဆင်ပြေဖို့ အရာအားလုံးပြောင်းလဲရမှာပါဘုရား အဲဒီအပြောင်းလဲတွက် အရှင်ဘုရားတို့ အားပေးကူညီမှုမပြုနိုင်ရင်တောင် တပည့်တော်တို့ဘဝကို နောက်ထပ်ငါးနှစ် ထပ်မနှစ်ပါနဲ့တော့ဘုရား ဒါလေးတခုပဲ ရှိခိုးဦးတင်တောင်းပန်ချင်ပါတယ်ဘုရား တပည့်တော်ကတော့ မဘသပဲဖြစ်ဖြစ် သံဃာအားလုံးကို မခွဲခြားပဲ တတ်နိုင်သလောက်လေးတော့ အလှူဒါနပြုနေမှာပါဘုရား
    အရှင်ဘုရားတို့ ဆွမ်းဒကာ ဒကာမတွေအပေါ် မေတ္တာစိတ်များထားနိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်ဘုရား

    • kai

      September 30, 2015 at 12:12 am

      တပည့်တော်ကတော့ မဘသပဲဖြစ်ဖြစ် သံဃာအားလုံးကို မခွဲခြားပဲ တတ်နိုင်သလောက်လေးတော့ အလှူဒါနပြုနေမှာပါဘုရား

      အဲဒါ.. ထောက်ခံနေတာနဲ့သဘောအတူတူပဲ…။
      ကြားနေရင်တောင်.. ထောက်ခံတဲု့သဘောသက်ရောက်နေတဲ့ခေတ်မှာ.. စားဝတ်နေရေးဖြည့်ပေးနေတာလောက်.. ထောက်ခံနေတာဘာရှိသေးသလဲ…။
      ဆွမ်းကပ်ကထဲက.. အရှင်ဘုရား မဘသကိုထောက်ခံပါသလားမေး..
      ထောက်ခံတယ်ဆိုရင်.. ကန်တော့ဆွမ်းပါပြော..
      အဲဒီ.. “ကန်တော့ဆွမ်း”ကန်င်ပိန်း…လုပ်သင့်…။

      • Mike

        September 30, 2015 at 9:58 am

        .ဒီလိုတွေလည်းလုပ်နေကြပါပြီ

        Nanda Win

        မဘသ က မျိုးစောင့်ဥပ ဒေ အောင် ပွဲကိုသုဝဏ္ဏမိုးလုံ

        လေလုံမှာကျင်းပမယ် ။ အဲဒီအတွက်လာတဲ့မဘသ

        ဆရာတော်တွေ ကကျွန်တော်တို ့အလှူအမြဲလုပ်တဲ့

        ဘုန်းကြီးကျောင်းမှာလည်းတည်းမယ်တဲ့။

        ကျောင်းထိုင် ဆရာတော်က မဘသ ဆရာတော်တွေ

        ဆွမ်းအပါအဝင် အစစအရာရာတာဝန်ယူပေးရမယ်ဆို

        တော့ ကျွန်တော့ ယောက်ခထီးကိုပါ အစည်းအ ဝေး

        တက်ဖို ့အလှူခံဖို ့အ ကြောင်းကြားလာပါတယ်။

        တစ်နေ ့ တရား ၃ ကြိမ်ထိုင် တရားခွေနှစ်ခွေနာ

        ဝါတွင်း ၃ လလုံး ဥပုလ် စောင့်တဲ့ကျွန်တော့ယော်ခထီး

        က ပြန်ပြောလိုက်ပါတယ် ” အစည်းအ ဝေးလည်း

        မတက်နိုင် ဘူး လှူလဲမလှူနိုင် ဘူး ။ အခုလို မဘသ

        တွေနဲ ့ပတ်သက် နေ ရင် နောက်တပည့်တော်တို ့နဲ ့လာ

        မပတ်သက် တော့ ပါနဲ ့ဘုရား ” လို ့ဦးဇင်းတစ်ပါးက

        နေ ဆရာတော်ကြီးကို ပြန်လျောက်ခိုင်းလိုက်တယ်။

        အာ့လို ချစ်တာ မဘသ ကို

        အာ့…ကျော့ယောက်ခထီး လေ…

        ကျော်က မ ပြောသေးဘူး

        ကြည့်နေတယ် ဟ်ဟ့်

  • Mike

    September 30, 2015 at 8:31 am

    .သပိတ်..သပိတ်..မှောက်…မှောက်

  • uncle gyi

    October 1, 2015 at 9:31 pm

    အစိုးရကလဲသူူမွေးထားတာဘာမှမလုပ်သေချာတယ်
    ဘုန်းကြီးတွေကလဲတရားနဲ့နေတာဆိုတော့ဒီလိုမဘသများကိုဘာမှပြောမှာမဟုတ်
    ဒီတော့ပြည်သူပဲကျန်တယ်
    ဘာမှမပြောပဲနေကြမလား
    ပြောသင့်တာကိုပြောကြမလား

  • မြစပဲရိုး

    October 3, 2015 at 2:06 pm

    ဒီ ပွဲ က ၂၁ပေါက်ရိုက် တဲ့ ဖဲ ဆိုရင်
    ဒီချုပ် မှာ ရှိတဲ့ ၂ကဒ် က အသက်ပြည့် ဖို့ ခက်နေတယ်။
    လက်ရှိ ဘာမှမဝင် မပြော ဘဲ ငြိမ်ပြီး ကြည့်နေတဲ့ ပရို များ နောက်ကွယ် မှာ ဝင်ပေါင်း ပေးကြပါစေ လို့ ဘဲ ဆုတောင်းရမှာဘဲ။
    လူ တွေကြောင့် သာသနာ ညိုးနွမ်းလာတာ ကို မြင်ရက် နဲ့
    လူတွေကြောင့် ပညာရပ် ကို စော်ကားခံနေရတာ ကို မြင်နေရက် နဲ့
    ဆိုင်ရာ ပရို များ ဆက်ပြီး မသိဟန်ဆောင်နေကြဦးမယ် ဆိုရင် မတရားမှု ကို အားပေးနေသလို ပါ။
    မျက်နှာ နာလို့၊ ဝင်ပါရမှာ အားနာလို့၊ ကိုယ့် ကို ထိမှာစိုးလို့ ရှောင်မယ် ဆိုလဲ သဘောပါကွယ်။
    ကိုယ် ဆိုလဲ ဝင်ပါဖို့ အတွက် ရဲ၊ မရဲ ဆိုတာကတော့ အဲဒီနေရာ ရောက်နေမှာ သိမှာကိုး။
    ဒါပေမဲ့ ဒီအတိုင်း ဆက်သွားလို့ ကတော့ တိုင်းပြည်နာချိန် ကိုယ်လဲ ပါ နိုင်တယ်ဆိုတာပါဘဲ။

Leave a Reply