NLD Flag ရဲ့အဓိပ်ပါယ်

ခုတလော နိုင်ငံရေးပါတီအသီးသီးမဲဆွယ်နေကြရာမှာ သက်ဆိုင်ရာပါတီအသီးသီးရဲ့

အလံတွေကို သတိထားမိတော့ခပ်ဆင်ဆင်တွေ လည်းတွေ့နေရပါတယ်…

ဒါကြောင့်စိုးရိမ်သူတွေက ပြည်သူအများထောက်ခံနေကြတဲ့ပါတီရဲ့အလံဟာဒီဟာပါ

ဒီဟာမဟုတ်ဖူးနော်၊ မမှားကြနဲ့ဆိုပြီး လူမှုကွန်ယက်တွေကနေ သတိပေးနေကြတာလည်း

တွေ့နေရပါတယ်….လူမှုကွန်ယက်မှာဖတ်ရသလောက်..အချို့တောနယ်တွေမှာ

NLD ကိုမဲထည့်မယ်..ဒို့ကတော့အမေစုရဲ့ခမောက်ပဲမဲပေးမယ် ပြောနေကြသတဲ့ဗျ

၁၉၉ဝ ရွေးကောက်ပွဲတုန်းက NLDရဲ့အထိန်းအမှတ်တံဆိပ်က ခမောက်ဖြစ်ခဲ့တာကိုး

ဆိုတော့ ကျေးလက်ဒေသတွေအထိ သက်ဆိုင်ရာပါတီတွေကအရောက်ဆင်းရှင်းပြဟောပြော

ဖို့လိုနေတာပေါ့…….ဒါတွေအသာထားပါလေ…ခုပြောချင်တာက..ဒီနေ့လူမှုကွန်ယက်ပေါ်တက်လာတဲ့

NLD ရဲ့ အလံနဲ့သူ့အဓိပ်ပါယ်လေးတွေ့လို့ မှတ်တမ်းဖြစ်ရအောင်ယူလာပြီးတင်ပြချင်တာပါ

12063818_744517292342956_8864935562133833169_n

 

 

Attachment2B-300x213

.ကွန်မန့်ထဲမှာ မအိက “ဗကသ အလံထဲက ခွပ်ဒေါင်းပုံလေးက လှတယ်
NLD ရဲ့အလံထဲက ခွပ်ဒေါင်းပုံက တုံးတိတိနဲ့ မလှမပ
အလံထဲက ခွပ်ဒေါင်းနဲ့ ကြယ်ဖြူက အနေထားအမျိုးမျိုးဖြစ်နေလို့
အဖွဲ့ချုပ်ကနေ အလံကို အတိကျသတ်မှတ်ဖို့ လိုတယ်လို့ ပြောနေကြတယ်”….လို့ပြောထားလို့ NLD ရဲ့မူရင်းအလံပုံတင်ပေးလိုက်ပါတယ်  :))

 

 

 

 

 

 

 

 

 

 

 

 

 

 

 

D Myo Chit – ဒီ မျိုး ချစ်

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ ့ NLD အလံ
***************************************************
အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ဟာ ၁၉၈၈ ခုနှစ်ဘုံးက ထွက်ပေါ်လာတာပါ။ ကျမတို ့စပြီး ထူထောင်စဉ်ကတည်းက လူတွေရဲ ့ အခြေခံအခွင့်အရေးကို အာမခံမယ့် ဒီမိုကရေစီစံနစ် ပေါ်ထွန်းဖို့ဆိုပြီးတော့ ကျမတို ့ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

***** အဲ့ဒီတော့ အလံကိုကြည့်လိုက်လို ့ရှိရင် “အလံရဲ့အောက်ခံအရောင်က အနီရောင်” ပေါ့။ အနီရောင်ဟာ “သတ္တိ” ကိုရည်ညွှန်းပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် အတွင်းမှာ ဝင်ရောက်ပြီးတော့ လှုပ်ရှားဖို ့ဆိုတာ အင်မတန်မှ သတ္တိလိုအပ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဘာဖြစ်လို ့လဲဆိုတော့ ကျမတို ့ဟာ အာဏာရှင်စံနစ်ကို စိန်ခေါ်တဲ ့အခါမှာ အန္တရာယ်တွေ အများကြီးရှိခဲ့ပါတယ်။ ကျမတို ့ ဒီ့ချုပ်အဖွဲ ့ဝင်တွေ အတော်များများဟာ အထိန်းသိမ်းခံရပါတယ်။ အထိန်းသိမ်းခံရတာ ထောင်ကျတယ်ဆိုတာ တလမဟုတ်၊ တနှစ်မဟုတ် တချို ့ဆိုရင် အနှစ် ၂ဝ အထိတောင် ထောင်ကျခဲ့ပါတယ်။ ဒါပေမယ့် ကျမတို့ ဒီ့ချုပ်အဖွဲ ့ဝင်တွေဟာ ထောင်ထဲမှာ ဘယ်လိုပဲမက်လုံးပေးပြီး လွှတ်ပေးမယ်ပြောပြော ဒီမိုကရေစီအတွက် ရပ်တည်ခဲ့ပါတယ်။ ဒီမိုကရေစီအတွက် ရပ်တည်တယ်ဆိုတာ ပြည်သူအတွက်ရပ်တည်တာပဲ။ ဘာဖြစ်လို ့လဲဆိုတော့ ကျမတို ့တဦးချင်း တယောက်ချင်း ဘာအကျိုးအမြတ်မှ မရခဲ့ပါဘူး၊ ကျမတို ့အဖွဲ ့ချုပ်အဖွဲ ့ဝင်တွေ တချို ့ဆိုလို ့ရှိရင် တချိန်တခါတုံးက အင်မတန်မှ အဆင်ပြေနေပေမယ့် နိုင်ငံရေးလုပ်လို ့ဆိုပြီးတော့ ဖိအားပေးတာတွေ မတရားသဖြင့် အရေးယူတာတွေကြောင့်မို ့လို ့ စီးပွါးရေး ပျက်သွားတာတွေရှိပါတယ်။ ဒါပေမယ့် ကျမတို ့ဟာ ယုံကြည်ချက်နဲ ့ဆက်ပြီးတော့ ရှင်သန်ခဲ့တယ် ရပ်တည်ခဲ့တယ်။ အဲ့ဒါကြောင့် ကျမတို ့”အလံရဲ့ နောက်ခံအနီ” ဆိုတာ “သတ္တိ” ကို ရည်ညွှန်းတာပါ။ သတ္တိမရှိပဲနဲ ့ စစ်မှန်တဲ့ ထိရောက်တဲ့ နိုင်ငံရေး လုပ်လို ့မရပါဘူး။

***** နောက်တော့ ကျမတို ့ အလံမှာ “ကြယ်ဖြူကြီး” ရှိပါတယ်။ “ကြယ်ဖြူကြီး”ဆိုတာဟာ တော်လှန်ရေးစိတ်ဓါတ် “ဖြူစင်တဲ့တော်လှန်ရေးစိတ်ဓါတ်” ကိုရည်ညွှန်းတာ ဖြစ်ပါတယ်။

ကျမတို ့လွတ်လပ်ရေးကာလတုံးကလည်း ဒီကြယ်ဖြူကြီးကို တော်လှန်ရေးရဲ ့ သင်္ကေတ အနေနဲ ့ ကျမတို ့သုံးခဲ့ပါတယ်။ ဒီတော့ တော်လှန်ရေးဆိုတာကို အချို ့က အကြမ်းဖက်တဲ ့ကိစ္စလို ့ ထင်ကြတယ်။ ဒါမမှန်ပါဘူး။ တော်လှန်ရေး ဆိုတဲ့ အဓိပ္ပါယ်ဟာ စံနစ်တခု အပြောင်းအလဲတခုကို ထိထိရောက်ရောက် လုပ်တာဟာ တော်လှန်တာပါပဲ၊ တော်လှန်ရေးပဲ။ တော်လှန်ရေးဆိုတာ အပြောင်းအလဲကြီးမယ့်၊ ထိရောက်ကြီးမားတဲ ့အပြောင်းအလဲကြီးကို တော်လှန်ရေးလို ့ခေါ်ပါတယ်။ ပြီးတော့ တော်လှန်ရေးဆိုတာ အကြမ်းဖက်တဲ့တော်လှန်ရေး မျိုးလည်း ဖြစ်နိုင်တယ်၊ ငြိမ်းချမ်းတဲ့တော်လှန်ရေး မျိုးလည်းဖြစ်နိုင်တယ်။ ကျမတို ့အဖွဲ ့ချုပ်ဟာ အကြမ်းဖက်ရေးကို လုံးဝမလုပ်ဖူး ဆိုတဲ့ မူနဲ ့ ထူထောင်ခဲ့တဲ့ အဖွဲ ့ပါ။ ဘယ်လိုပဲကျတို ့ကို မတရားသဖြင့် ဘယ်လိုနည်းတွေနဲ ့ပဲ တိုက်ခိုက် တိုက်ခိုက် ကျမတို ့ဘယ်တော့မှ အကြမ်းဖက်တဲ့နည်းတွေနဲ ့ ပြန်ပြီးတော့ မတုံ ့ပြန်ခဲ့ပါဘူး။ ဒါ့ကြောင့် ဒီ “ကြယ်ဖြူကြီး” ဟာ “ဖြူစင်တဲ့တော်လှန်ရေး စိတ်ဓါတ်” ရဲ့ သင်္ကေတ ဖြစ်ပါတယ်။ ဖြူဖြူစင်စင်နဲ ့ ပြည်သူလူထုအတွက် လိုအပ်တဲ့ အပြောင်းအလဲတွေကို မြန်မြန်ဆန်ဆန် ပြည့်ပြည့်စုံစုံ ဖြစ်ဖို့အတွက် ကြိုးစားမယ်ဆိုတဲ့ အဓိပ္ပါယ် ဖေါ်ဆောင်ပါတယ်။

***** “ခွပ်ခေါင်း” ကတော့သိတဲ့အတိုင်းပါပဲ၊ ဒေါင်းဆိုတာ အင်မတန်မှ မင်္ဂလာရှိတဲ့ငှက် ဖြစ်တယ်။ ကျမတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာအရ ဒေါင်းကို အင်မတန်မှ တန်ဖိုးထားခဲ့ပါတယ်။ ဒေါင်းဆိုတာ ကျက်သရေရှိတယ်၊ လှပတယ်၊ သတ္တိရှိတယ်။ ခွပ်ဒေါင်းဆိုတော့ ခွပ်နေတဲ့အခြေအနေပေါ့နော်၊

အဲ့ဒီတော့ တချို ့တွေက ခွပ်ဒေါင်းဆိုတာ ရန်ဖြစ်ချင်တဲ့ စိတ်ဓါတ်လားလို့ ့ပြောကြပါတယ်။ ဒီလိုမဟုတ်ပါဘူး။ ခွပ်ဒေါင်းဆိုတာ ကျမတို ့နိုင်ငံမှာ လူငယ်များ၊ ကျောင်းသားလူငယ်များ လွတ်လပ်ရေးအတွက် လာပ်ခဲ့စဉ်တုံးကလည်း ခွပ်ဒေါင်းကို သင်္ကေတ အဖြစ်ထားခဲ့ပါတယ်။ ဒီတော့ ကျမတို ့ရဲ့ “ဒီမိုကရေစီ လှုပ်ရှားမှုထဲမှာ ပြည်သူတွေနဲ ့ အထူးသဖြင့် လူငယ်တွေရဲ ့ ကဏ္ဍကို အသိအမှတ်ပြုတဲ ့အနေနဲ ့” ဒီ “ခွပ်ဒေါင်း” ကို ကျမတို ့သုံးထားခြင်း ဖြစ်ပါတယ်။ “ရွှေရောင်ခွပ်ဒေါင်းကြီး” ဆိုတော့ တန်ဖိုးရှိတဲ့ ခွပ်ဒေါင်းကြီး၊ တောက်ပြောင်တဲ့ ခွပ်ဒေါင်းကြီး ပေါ့နော်……ခွပ်ဒေါင်းဆိုတာ တိုက်ရဲခိုက်ရဲတဲ့ အဓိပ္ပါယ် ဆိုပေမယ့် ကျမကတော့ ကျမတို့ပြည်သူတွေ အမြဲပဲတိုက်နေခိုက်နေရမယ် ဆိုတဲ့ဟာတွေကို မဖြစ်စေချင်ပါဘူး။ ဒါက ကျမရုပ်ပိုင်းဆိုင်ရာကို ပြောတာ မဟုတ်ဖူးနော်၊ စိတ်ဓါတ်ရေးရာကို ပြောတာ။ ပြည်သူတွေအတွက် ရှေ့ကနေပြီးတော့ နေပေးရမယ်။ နိုင်ငံရေးလုပ်တဲ့ အဖွဲ့တွေဟာ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုကိစ္စတွေမှာ ပြည်သူတွေရဲ့ ရှေ့ကနေပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။

ဒါတာဝန်ပါပဲ။

(ဒေါ်အောင်ဆန်းစုကြည်၏ ၂၂/၉/၂၀၁၅ ကော့မှုးခရီးစဉ် သမင်ခြံကျေးရွာတွင် ဟောပြောခဲ့သည့် မိန်ခွန်းမှ ကောက်နုတ်ပါသည်)

CD to https://www.facebook.com/DMyoChit.page

မသိသေးသူတွေလည်းသိရအောင်လာတင်ပေးတာပါဗျာ

ရွာသူားအားလုံးကိုခင်မင်လေးစားလှ ျက်

ထာဝရလမ်းဆက်လျှောက်နေတဲ့

ကြီးမိုက်။

၃၀၊ ၉၊ ၂၀၁၅

7 comments

  • ဇီဇီခင်ဇော်

    September 30, 2015 at 2:00 pm

    အလံ တို့ လိုဂိုတို့ကတော့ မဲစာရွက်ထဲ ပါမှာ မို့သာ ကြည့်နေရတာ။
    ဘာမှမကြည့်ချင်ဘူးးး
    စု ရှိတဲ့ဘက် ပဲ လိုက်မှာ။
    :mrgreenn:

  • Ma Ei

    September 30, 2015 at 4:08 pm

    ဗကသ အလံထဲက ခွပ်ဒေါင်းပုံလေးက လှတယ်
    NLD ရဲ့အလံထဲက ခွပ်ဒေါင်းပုံက တုံးတိတိနဲ့ မလှမပ
    အလံထဲက ခွပ်ဒေါင်းနဲ့ ကြယ်ဖြူက အနေထားအမျိုးမျိုးဖြစ်နေလို့
    အဖွဲ့ချုပ်ကနေ အလံကို အတိကျသတ်မှတ်ဖို့ လိုတယ်လို့ ပြောနေကြတယ်
    ဒါပေမယ့် အဓိကကတော့ အနီရောင်အောက်ခံမှာ ကြယ်ဖြူနဲ့ ခွပ်ဒေါင်းဝါ ကို မဲပေးကြပါလို့ နော်….

  • Mike

    October 1, 2015 at 9:10 am

    .မအိရေ…အခုကပုံနှိပ်တိုက်တွေမှာကိုယ့်သဘောနဲ့ကိုယ်ရိုက်နေကြလို့ အနည်းငယ်လွဲကြတာလို့ထင်တယ်
    .NLD ရဲ့မူရင်းအလံကို ပန်းချီမောင်မောင်သိုက်ကဆွဲပေးသတဲ့…မူရင်းအလံပုံတင်ပေးလိုက်ပါတယ်
    . ကျေးဇူးပါ ဇီဇီ နဲ့ မွအိရေ :))

  • @QUIL@

    October 1, 2015 at 2:57 pm

    အစိမ်းရောင်ကမျက်စိအေးသဗျ
    ဒချိ ဒချိ

  • @QUIL@

    October 1, 2015 at 4:10 pm

    ပါပါမိုက်ကယဲ
    ဆားကိုဆို အမြင်စောင်းသယ်
    ဟိုကြောင်ဆိုရင် မျက်နှာသာပေးသယ်
    ဆား ညော် သဂျီးကိုသာ ဒီလူဂျီး ဂွေးဇိအနာပေါက်ပါဇီပြောချင်ပြောမယ်
    ပါပါမိုက်ကို မပြောဘူးညော်
    ဆားဖာတာ ဆား ဒါမျိုးမကြောက်လို့ ရွာရိုးလျောက်တယ်ဆိုပီး
    မဲသွပ် တို့ တာမွေလူမိုက် ဇာယိတို့ ကပ်ပလီ လူဝင်စား မီးသွေးချောတို့နဲ့ သာသပ်ချင်သပ်မယ်
    ပါပါမိုက် ကို မစော်ကားဘူးညော်

    ဆား က လူလိမ်မာလေးဘာ ဒယ်ဒီပါပါး ခြစ်ဖေဖေရယ်

    p.s ဟိုအင်ဂလိကန်က အာလဖွားကြီးသမီးကိုတော့ ရင်ထဲမကောင်းစွာနဲ့ပဲ

    အားဟိ

  • Mike

    October 1, 2015 at 4:19 pm

    .ဟာဂျီ @QUIL@
    .ပြီးခဲ့တဲ့အပါတ်က ဆော်ဒီလူနင်းသေတဲ့အထဲပါသွားရမှာ 🙂

Leave a Reply