အိပ်ကပ်

Mr. PocketOctober 1, 20151min20810

လက်နဲ့နှိုက်ကြည့်ခိုက် မိမိရရဘာမှ မစမ်းမိခဲ့…

ဗလာ နဲ့ နတ္ထိ သူနိုင်ကိုယ်နိုင်အပြိုင်ကျဲကြတဲ့ နေရာလေး…။

အမှားအမှန်မသဲကွဲ…

အနိုင်အရှုံး မထင်ပေါ်တဲ့ နေရာလေး….။

မျှော်လင့်ချက်တွေ အစပျိုးသလို…

သေဆုံးသလို ဘာမှမရေရာတဲ့ အနာဂတ်တစ်ခုက

စတင်အမြစ်တွယ် ခဲ့….

အော်မိခင်….

ဖခင်မရှိတဲ့ နေရာလေးမှာ ငါ့ကိုမွေးဖွားခဲ့လေတယ်ကွယ်…

ထားပါလေ… ဒါက ကိုယ့်ကံပဲလေ….။

ငါ့နေရာဝင်မဲ့ နောက်ထပ်ငါ့လိုလူ ….

ငါ့လိုကံနဲ့ဝေး.. ဖထွေးနဲ့ဝေးပါစေ…….။    ။

10 comments

  • ဇီဇီခင်ဇော်

    October 1, 2015 at 12:59 pm

    လူသစ်ထင်ပါရဲ့။
    ကြိုဆိုပါတယ်။

    🙂

    • Mr. Pocket

      October 1, 2015 at 4:32 pm

      ဟုတ်ကျေးဇူးပါ

  • @QUIL@

    October 1, 2015 at 5:04 pm

    ရွာသားသစ်လား
    ဝဲလ်ကမ်းဗျာ
    ရွာထဲလာရင် လူရွေးပေါင်းဗျ
    ထိပ်ဆုံး ဟို န်ဒါလီဖင်ကောက်လေး ကိုအဖက်မလုပ်နဲ့
    အဲ့သာ အရေးကြီးတယ်
    ပီး သူနဲ့မတဲ့အတူနေတဲ့ ကြောင်စုန်းကြီးကိုလည်း သတိထားဗျ
    မောင်ဂီဆိုတဲ့မြန်မာသဒါကို ဖျက်ဆီးနေတဲ့ ငတိကိုလည်း မပေါ့နဲ့
    အဲ
    သူ့အမျိုးတွေက ပိုဆိုးတယ် တာမွေလူမိုက်ဇာယိ တို့
    ဆောင်ကြာမြိုင်သထေး မမဝေါင်တို့ဆိုတာ ဒင်းအစ်မတွေပေါ့
    ငနဲသားက အစ်မလူမိုက်တွေအားကိုးနဲ့ ကွကိုယ် နှာဗူးဂိုဏ်းချုပ်ဘွဲ့ ခံသတဲ့ ဟုတ်မဟုတ် စုံစမ်းကြည့်ပေါ့ဗျာ

    သူ့ကို အနီဆန်တယ်ဆိုပီး သမီးမပေးတဲ့ ဗေလုဝဗလ နဲ့ အင်ဂလိကန်က အာလဖွားကြီးတယောက်လည်း ရှိသေးသဗျ

    တူမပေးတာမယူလို့ဆိုပီး ဒင်းကို အသေရအရှင်ရရ မဘသနဲ့ပေါင်းပီးထောင်ချချင်တဲ့ ကတ်ပီတန်ဂဒေါ်ကလည်း တမျိုး
    အဲ့လူတွေ မပတ်သတ်မိစေနဲ့ဗျို့ ရှော့ရှိတယ်

    • Mr. Pocket

      October 2, 2015 at 9:02 am

      ဟုတ်ဗျ သိသင့်တာလေးတွေသိထားရတော့ကောင်းတာပေါ့..ခ်ခ် ဒါမှလည်း ရှောင်သင့်တာရှောင်ပြီးတည့်တည့်တိုးသင့်တာတိုးရမှာပေါ့နော်…

  • kai

    October 3, 2015 at 3:36 pm

    အိပ်ဖေါင်းလို့.. အမည်ပြောင်းပါလား..
    ပညတ်သွားရာ.. ဓါတ်သက်ပါအောင်..။ :k:

  • Mr. Pocket

    October 3, 2015 at 4:23 pm

    အဲသတိတစ်ချက်လွတ်သွားတယ်ဗျ ဟုတ်ပ ဟုတ်ပ

  • ဦးကြောင်ကြီး

    October 4, 2015 at 11:32 pm

    PorkCat ဆော့တတ် ကြော့လာဘ် မော့ဆက်..

  • Alinsett @ Maung Thura

    December 9, 2015 at 4:30 pm

    -အေးဗျာ—
    တချို့ကျတော့လည်း မွေးလာကတည်းက လူမှန်နေရာမှန်မှာ—
    တချို့ကျတော့လည်း— လူမှန်နေရာမှန်ကို အချိန်မှန် မရောက်နိုင်ပဲ
    တဝဲရယ်မှ လည်တယ်လည်နယ်နဲ့—

Leave a Reply