” ဘဝပန်းချီ “

“ဘဝပန်းချီ”

IMG_7380 [1600x1200]

ဘဝ ဆိုသဟာကြီးမှာ

ပါဝင်ကပြခြင်းအတွက်

ကိုယ်တိုင်

ဇာတ်လမ်းရွေးချယ်ခွင့်မရှိ။

 

ဇာတိ မှ ဇရာ

ဗျာဓိ  မရဏာ အဆုံး

သီကုံးရေးအပ်

သတ်မှတ်ပေးထားသော

ဇာတ်လမ်းတွင်သာ

ပါချင်လဲပါ

မပါချင်လဲပါ

က ချင်လည်းက

မက ချင်လဲက

ဘဝဇာတ်ဆရာ

အလိုတော်အတိုင်းသာ။

 

အစုံစုံသော ဘဝထဲမှာ

တောင်းရမ်းသူ  ပေးကမ်းသူ

ရောင်းသူ ဝယ်သူ

လည်သူ နားသူ

စားသူ မျှော်သူ

မတူသော အရောင်များဖြင့်

ဖွဲ့စည်းအပ်သော

ပန်းချီကားအလား

အချို့အဆင်းလှ

အချို့အဆင်းမလှ

အချို့ ချမ်းသာ

ထားစရာနေရာမရှိ

အချို့ကား စားစရာပင်မရှိအောင်ဆင်းရဲ

ကံထူး ကံမြတ်

ကံထပ် ကံပွင့်

ကံလွင့် ကံမွဲ

ကံနည်း ကံဆိုး

အမျိုးမျိုးသောကံ

ဖန်လာသမျှ

စံရခြင်း

ခံရခြင်း

ဖြစ်ခြင်းပျက်ခြင်း

မှန်သမျှ

မည်သူမပြု

မိမိအမူ့

ကိုယ်စိုက်သမျှ

ကိုယ်သိမ်းရန်။

 

ကိုပေါက်လက်ဆောင် အတွေးစဉ်

၃  ၁ဝ  ၂၀၁၅

 

 

 

 

 

 

 

 

 

 

 

 

 

 

5 comments

  • aye.kk

    October 3, 2015 at 12:21 pm

    ဘဝပန်းချီ
    မနာချင်လည်းနာရဦးမည်
    မအိုချင်လည်းအိုရဦးမည်
    မသေချင်လည်းသေရဦးမည်
    သူရေးဆွဲတဲ့ဘဝပန်းချီ
    အနားသတ်လှပနိုင်ဖို့ဒါန,သီလ,ဘာဝနာတရားဖြင့်
    အလှပန်းဆင်မြန်းနိုင်ရမည်။

  • Mike

    October 8, 2015 at 9:39 am

    .ရွေးချယ်ခွင့်လေးတော့ပေးပါကိုပေါက်ရယ် :))
    .ပျောက်နေတာကြာပါပေါ့…ကိုယ်တိုင်လည်းရွာထဲအရောက်နဲ..သတိရပါတယ်ဗျာ

  • Shar Thet Man

    May 16, 2018 at 4:11 pm

    မှန်လှပေစွ

Leave a Reply