ကိုယ်ပိုင်ညနေခင်း…..

Mr. PocketOctober 5, 20151min983

လေထုထဲက နှလုံးသားနဲ့ဖမ်းဆုပ်မိတဲ့…

တေးသွား အပိုင်းအစ တစ်ချို့ရယ်…၊

အနှစ်သာရတွေ လျှံဝေစီးကျနေတဲ့ သင်္ခါရ သဘာဝ ရသ တစ်ချို့ရယ်…

ပေးဆပ်ခြင်းရဲ့နောက် တိုးလျှိူ ပျော်ဝင်နေတဲ့ ရယူခြင်းအတ္တ အနုပညာတွေရယ်..

အောင်မြင်မှုဝဝလင်လင် စားသုံးပြီးသွားတဲ့

ဗိုက်ပြည့်နေတဲ့ မျက်နှာပြုံပြုံးကြီးရယ်….

ညနေခင်းတစ်ချပ်ပေါ်ဝယ် လှလှပပ တည်ခင်းပြီး…

ငါ့ညနေစာအတွက်..

ဝမ်းစာဖြည့်စားသုံးလိုက်တဲ့…နောက်…..အလင်းအစား အမှောင်ဝင်…..ညလယ်နှစ်ချိုက်အိပ်စက်ခဲ့…. သည်…… ။       ။

 

3 comments

  • kai

    October 6, 2015 at 6:09 am

    ညနေစာဝမ်းဖြည့်ကောင်းစားခဲ့သူတွေ
    နေထွက်တရက် နောက်တမနက်မှာတော့…
    စားပြီးသမျှ ပြန်အန်ရလိမ့်မပေါ့…
    အထက်ကဆန်မလား…. အောက်ကသွန်မလား…
    တွေးနေလို့တော့မရ.. ထွက်ကိုထွက်ရမယ့်.. လောကပါလ…သဘာဝ..။ ။

    • Mr. Pocket

      October 6, 2015 at 9:07 am

      ဟုတ်ပဗျာသိပ်မှန်သပ… ကျွန်တော့်ကဗျာနောက်ဆုံးမှာ ဒီအပုဒ်လေးဖြည့်လိုက်ရင်ကောင်းမယ်ထင်ပ….

  • Alinsett @ Maung Thura

    October 6, 2015 at 12:53 pm

    တချို့သော မြန်မာစကားလုံး( အက္ခရာတွေ )ကို
    .ဖတ် ဖတ်ပြီး ကျနော် ဖျားတယ်
    တချို့ကိုတော့ ဖတ် ဖတ် မောတယ်

Leave a Reply