– ငါအခုလို လူဖြစ်လာတာ ရှေးရှေးဘ၀က ငါ့ကုသိုလ်ကံကြောင့်ဆိုရင် လက်ရှိဘ၀ ငါ့မိဘ၏ မေတ္တာစေတနာ အနစ်နာ စသည့် စသည့်ဖေါ်ပြလို့မကုန်နိုင်သည့် ငါ့မိဘ၏ကျေးဇူးတရားများကို သစ္စာဖေါက်ကျေးဇူးကန်းရာရောက်ပါမည်…

– ငါအခုလို ဖြောင်းသန်းသည့် ခရီးလမ်း လျှောက်လမ်းနိုင်တာ ရှေးရှေးဘ၀က ငါ့ကုသိုလ်ကံကြောင့်ဆိုရင် လက်ရှိဘ၀ ငါ့ကို သွန်သင်ဆုံးမ လမ်းညွှန်ပြသည့် ဆရာသမားကို သစ္စာဖေါက်ကျေးဇူးကန်းရာရောက်ပါမည်….

– ငါအခုလို လောကအလည်မှာ အဆင်ပြေနေတာ ရှေးရှေးဘ၀က ကုသိုလ်ကံကြောင့်ဆိုရင် လက်ရှိဘ၀ ငါ့ကိုကူညီဖေးမ စောင့်ရှောက်ကြသည့် အပေါင်းအသင်းမိတ်ဆွေများနှင့် လူသားအများကို သစ္စာဖေါက်ကျေးဇူးကန်းရာရောက်ပါမည်…

ဘ၀၏အကောင်းအဆိုး အကြောင်းအကျိုးမှန်သမျှ ရှေးဘ၀ ကုသိုလ်ကံက ပြဌာန်းတာမှန်ရင် လက်ရှိ ဘ၀ ဇွဲလုံးလ၀ိရိယ ပြော၊ပြု၊၊နေကြ ပစ္စပန်ကံမှန်သမျှတွေကို အသိအမှတ်မပြုရာရောက်သလို မိမိကိုယ်မိမိမပိုင် သူများချုပ်ကိုင်ရာနောက် တကောက်ကောက်လျှောက်လမ်းကြပေရဦးမည်….ဒါကြောင့် စဉ်းစားမျှော်မြင် ဆင်ခြင်ကြလော???….

About Ko out of...

Ko out of... has written 91 post in this Website..