25
လူလည်းတထွေ ရေလည်းတခြား
.စာအုပ်အမှာစာရေးပေးသော ဆရာဦးဝင်းတင် အား ကျေးဇူးတင်ပါသည်။ အမှာစာ ဖတ်ပြီးလျှင် စာဖတ်ပရိသတ်ကြီး စာအုပ်ကို စိတ်ဝင်စားကြလာလိမ့်မည်ဟု ယုံကြည်ပါသည်။
—————————————————————————————
.စီစဉ်သူ၏အမှာ
.ဤစာအုပ်ရေးသူ ဘက်တီမာမွတ်ဒီသည် စာရေးဆရာ မဟုတ်ပါ။ သို့သော် သူ၏ .ဤစာအုပ်သည် အုပ်ရေ သန်းပေါင်းများစွာ ရောင်းရသည်။ ဤအမည်ဖြင့်ပင် ရုပ်ရှင်ရိုက်တော့လည်း ၀က်ဝက်ကွဲအောင်မြင်သည်။ ကျွန်တော်သည် မူရင်းစာအုပ်ကိုလည်း ဖတ်ဖူးသည်။ သူ့ ရုပ်ရှင်ကားကိုလည်း ကြည့်ဖူးသည်။ နှစ်ခုလုံး အောင်မြင်သည်ဆိုသော်လည်း ရုပ်ရှင်က ၀တ္ထုကို မမီပါ။
———–
———–
. ဤစာအုပ်ကို ဖတ်နေရင်း ကျွန်တော်သည် ဆရာအောင်သင်း၏ စကားတစ်ခွန်းကို သွားမှတ်မိသည်။
. မိန်းကလေးတွေဟာ ကိုယ်ယူမယ့် ယောက်ျားကို ရွေးတာ ထဘီရွေးတာလောက်တောင် အချိန်မယူဘူး။ ထဘီတစ်ထည်ဝယ်ဖို့အရေး ဈေးကို ခေါက်တုံ့ခေါက်ပြန် ပတ်ပြီး ရှာကြ၊ ရွေးကြ အချိန်အကုန် ခံကြပေမယ့် ယောက်ျားရွေးတာကျတော့ အဲဒီလောက် မကြာဘူး ဟူ၍ ဖြစ်ပါသည်။ သူ့စကားလုံးအတိုင်း အတိအကျ မဟုတ်သော်လည်း ဆိုလိုချက်ကတော့ ဤပုံအတိုင်းဖြစ်သည်။ ဤ၀တ္ထု သည် ယောက်ျားရွေးတာကို ဂါဝန် ရွေးသလောက် (သူတို့ကတော့ ဂါဝန်ပဲ ၀တ်တာကိုး) မကြာခဲ့သော အမေရိကန်သူ ဘက်တိမာမွတ်ဒီ၏ ဖြစ်ရပ်မှန် ၀တ္ထု ဖြစ်သည်။
. ၀တ္ထု ၏နောက်ခံကာလမှာ အီ၇န် အီရတ် စစ်ဖြစ်နေချိန် ဖြစ်၍ ၀တ္ထု နောက်ခံ ဒေသမှာ အီရန်နိုင်ငံ ဖြစ်ပါသည်။
—-
—-
.ဘ၀ခရီးဖော်ရွေးချယ်ရာတွင် အချစ်ကို အရင်းတည်ရမည် မှန်သော်လည်း အခြား ထည့်သွင်း စဉ်းစားရမည့် အချက်များ ရှိပါသည်။ အိမ်ထောင်ဘက်ကို ဦးနှောက်နှင့် ရွေးချယ်ခြင်း၊ နှလုံးသားနှင့် ရွေးချယ်ခြင်း၊ ဘယ်ဟာမှန်သလဲဟု မေးလျှင် ယတိပြတ် မပြောနိုင်သော်လည်း တစ်ယောက်ဆို တစ်ယောက်ဟု အစွဲသန်ကြသူတို့ကိုကား စောင်းတစ်လက်သည် သီချင်းတစ်ပုဒ်တည်းတီးဖို့ မဟုတ်ကြောင်း သိစေလိုပါသည်။
. ၀တ္ထု ကောင်းတို့မည်သည် ၀တ္ထု ဆုံးမှ အတွေးစပါသည်။ ဤ ၀တ္ထုကို ဖတ်ပြီးသောအခါ ၀တ္ထု ဇာတ်လမ်းနှင့် ၀တ္ထု က ပေးချင်သော အာဘော်သည် သင့်ခေါင်းထဲမှ တော်တော်နှင့် ပျောက်သွားမည် မဟုတ်ဘဲ သင့်အတွေးများ ဖြန့်ကျက် ကျယ်ဝန်းလာလိမ့်မည်ဖြစ်ကြောင်း ကျွန်တော် အာမခံပါသည်။
.၀င်းတင်
.လောကသစ်စာပေ
ဒါက.. စာအုပ်အဖုံးလေး..

Was this answer helpful?
LikeDislike.အဲစာအုပ်ထဲမှာ လူကို အမေရိကန်၊ တိုင်းပြည်ကို အမေရိကား ။ အဲလိုပဲ ရေးထားတော့တာ။ သဂျီးပြောတဲ့ အမေရိကန်တွေ က တွေ နားမလည်တော့ဘူး ။ ရှုပ်ကုန်ပြီလေ။ အမေရိကပြည်ထောင်စုလား။ အမေရိကန်ပြည်ထောင်စုလား။ အမေရိကနိုင်ငံလား။ အမေရိကန်နိုင်ငံလား။။ အောင်မလေး ရူးရချည့်။
Was this answer helpful?
LikeDislike“America is full of dreamers. We push new frontiers by choice. That’s what makes us American.” —President Obama on why he’s optimistic that we can meet the challenge of climate change if we work together: go.wh.gov/Alaska #ActOnClimate
အိုဘားမားက အဲဒီအပေါ်ကအတိုင်း ပြီးခဲ့တဲ့လကပြောခဲ့တယ်..။
အမေရိကားနဲ့.. အမေရိကန်က.. မြန်မာကိုယ်ပိုင်စာ/စကားမဟုတ်…။
ရှိပြီးသားအင်္ဂလိပ်စာအသံထွက်ကို.. မြန်မာသံဖလှယ်ရေးတာမို့… America ကို.. အမေရိကား..။ American ကို.. အမေရိကန်လို့ပဲ ဒါရိုက်ရေးသင့်..သုံးသင့်တယ်..။
အင်္ဂလန်( England) နဲ့.. အင်္ဂလိပ်(English ) လိုပေါ့…။
ဂျာမဏီ(Germany)နဲ့.. ဂျာမန်(German)လိုပေါ့…။
ဆိုတော့…
United States of America ကို.. အမေရိကပြည်ထောင်စု..
အမေရိကနိုင်ငံဖြစ်ရပါမယ်..။
ရှင်းလှပါတယ်မျှစ်မမရယ်..။
တချိန်မှာ.. သမိုင်းတွင်ရစ်ပါမယ်..။ အမှန်ကိုရအောင်ရေးခဲ့.. မှတ်တမ်းတင်ခဲ့သူတွေရယ်လို့…။
Was this answer helpful?
LikeDislike.အခု စာအုပ်မှာ စကားပြောပိုင်းမဟုတ်ဘဲ စာပိုင်းမှာ အမေရိကပြည်ထောင်စု လို့ ရေးသေးတယ်။ ဒါပေမယ့် ဆရာက ပြင်လိုက်တယ်။ မရဘူး သဂျီးရဲ့။ အခု ဂျာနယ်တွေ စာအုပ်တွေမှန်သမျှ ဘယ်သူမှ အမေရိကပြည်ထောင်စုလို့ မရေးကြရဘူး။ ကိုယ်ကရေးလည်း သူတို့က ပြင်လိုက်မှာပဲ။ နောက်အုပ်တွေမှာ အမေရိကပြည်ထောင်စုလို့ ရအောင်ရေးကြည့်ဦးမယ်။ မျှစ်ကြော်လည်း ဒါကို မှန်တယ် ထင်တယ်။
Was this answer helpful?
LikeDislikeကြိုးစားသာပြင်ပါ…။
တနေ့နေ့မှာ.. အိမ်ဖြူတော်ကနေ.. စာထုတ်ကန့်ကွက်ခိုင်းမယ်…။
Was this answer helpful?
LikeDislikeစာအုပ်တွေ အများကြီး ဖတ်ချင်တယ်
ဒါပေမယ့်
အချိန်က နည်းနည်းလေးတောင် မပိုဘူး
Was this answer helpful?
LikeDislike.အမရောပဲ။ စာတောင်သိပ်မဖတ်နိုင်ဘူး။ မဖတ်နိုင်ရင် ကျန်ခဲ့မှာပဲ သိနေရက်နဲ့
Was this answer helpful?
LikeDislike( ၀တ္ထု ကောင်းတို့မည်သည် ၀တ္ထု ဆုံးမှ အတွေးစပါသည်။ )
အဲဒီစကားလေးကို သိပ်သဘောကျတာပဲ။
ဟိုးတုန်းက ကြည့်ခဲ့ဖူးတဲ့ တရုတ်သိုင်းကားတစ်ကားက ရုပ်ရှင်ပြီးသွားပြီးတာတောင် စိတ်ကအဲဒီအကြောင်းပဲတွေးနေမိပြီး တနုံ့နုံ့နဲ့ အတွေးတွေ အများကြီးကျန်ခဲ့ဖူးတယ်။
Was this answer helpful?
LikeDislikeMany Congratulation!
ကျား တစ်ယောက် ကို ရွေးချယ်ဖို့ “ကံ” တစ်ခု လဲ လိုသလားလို့။ lol:-))))
Was this answer helpful?
LikeDislike.တီမမ၊ အရီးလတ်
.ဒီအမှာက အပေါ်ယံ ပါးပါးလေး ရေးထားတာပါ။ စာအုပ်တစ်အုပ်လုံးဟာ အိမ်ထောင်ရေးထက် အဲဒီတိုင်းပြည်ကို အူမချေးခါးမကျန် လှစ်ဟပြလိုက်တာပါ။ အာဏာရှင်စနစ် ဖြစ်ထွန်းခဲ့ရခြင်းအကြောင်းမှာ ပညာရေးရယ်၊ ဘာသာရေးရယ်၊ ဘယ်လောက်ထိ နက်နက်နဲနဲ အမြစ်တွယ် ခြယ်လှယ်နေတယ်ဆိုတာ။ အဲဒါကို သေချာဖွင့်ပြနိုင်တာ။ ဖတ်ကြည့်ပြီးမှပဲ သိမယ်။ ဒါတောင်မှ ဖတ်တဲ့လူ သဘောပေါက်လွဲနိုင်သေးတယ်။ ပြီးတော့ အခု မြန်မာမှာလုပ်နေတဲ့ မျိုးစောင့်ဥပဒေ။ ဒီဥပဒေကြောင့် မိန်းကလေးတွေဟာ ငါတို့ကို ဥပဒေက ကာကွယ်ထားတယ်၊ အလိုမတူဘဲ ဘာသာကူးပြောင်းခိုင်းလို့ မရဘူး ဆိုပြီး အစ္စလာမ် ယူပစ်လိုက်မှ ဒုက္ခလှလှရောက်မယ်။ မျိုးစောင့်ဥပဒေဟာ အစ္စလာမ်ကိုယူဖို့ တွန်းအားလိုဖြစ်သွားမှာကြောက်ရတယ်။ လူ့အခွင့်အရေး ဒီမိုရယ်၊ မျိုးစောင့်ဥပဒေရယ်ကြားမှာ အမှန်တကယ်လိုအပ်နေတာက အသိဥာဏ်ပါ။ သူတို့ အစ္စလာမ်တွေအကြောင်း နောကျေအောင်သိထားမှ နည်းပရိယာယ်မှန်မှာပါ။ ဒီစာအုပ်ဟာ အဲဒီ အသိဥာဏ်ကို သေချာပေါက် ဖွင့်ပေးနိုင်မှာပါ။ အကြောင်းအရာပိုင်း အားကောင်းတယ်။ ပြန်ထားတာကတော့ သိပ်ပြီး အနုမစိတ်နိုင်ခဲ့ဘူး။ စာမျက်နှာအရမ်းများတော့ ထုတ်ဝေသူကိုလည်း အားနာရတယ်။
Was this answer helpful?
LikeDislikeသံစဉ်လှိုင်းကတော့ ဖတ်ရင်း တန်းလန်းး
ကျနော့ ရဲ့ အကျင့်တွေ မကောင်းတော့ဘူး အမရေ။
အွန်လိုင်းမှာ စာကို အမြန်ဖတ်ပါများတော့ စာအုပ်ကို အာရုံစူးစိုက်ဖတ်ဖို့ ခက်နေပြန်ပြီ။
အရင်ကဆို ခနရယ်။
ခု အတော်ဖတ်နေရတယ်။
အာရုံမမိတာ။
နောက်တစ်ခုက ဖတ်ရင်း ဆက်စပ်စဉ်းစားမိတဲ့ အတွေးနောက် လိုက်လိုက်သွားသေးတာ။
Was this answer helpful?
LikeDislike.အမရောပဲ အွန်လိုင်းသုံးကတည်းက စာဖတ်တာကျသွားတယ်။ စာကို တစိမ့်စိမ့်ဖတ်ပြီး အရသာခံတတ်တဲ့ အကျင့်ရအောင် ပြင်ယူရဦးမှာ။ စာအုပ်တစ်အုပ်ဟာ သိပ်ပြီးပေးစွမ်းတယ်။ အွန်လိုင်းကတောင် ဒီလောက်ပေးစွမ်းနေရင် ကမ္ဘာကျော်စာတစ်အုပ်ဟာ ပေးစွမ်းမယ်ဆိုတာ သေချာတာပေါ့။ ဒါကိုသိရက်၊ ကိုယ့်အသက်မွေးဝမ်းကျောင်းမှန်း သိရက်နဲ့တောင် ခုတလော စာဖတ်အားကျလာတယ်။
Was this answer helpful?
LikeDislike.၀ယ်ဖတ်ရမဲ့စာအုပ်စါရင်းထဲတို့ထားတယ်..စိတ်လည်းဝင်စားပါတယ်
Was this answer helpful?
LikeDislike.ဦးကြီးမိုက် ဖတ်စရာတော့ မလိုပါဘူး။ ဒါပေမယ့် ဦးကြီးမိုက် သမီးကတော့ ဖတ်သင့်တယ် ထင်ပါတယ်။ တနေ့မှာ ကမ္ဘာပတ်မယ့် တစ်ယောက်ဟာ ဒီစာအုပ်လေးတော့ ဖတ်ထားသင့်ပါတယ်။ စာမေးပွဲပြီးရင် အနားယူတဲ့အနေနဲ့ ဖတ်ထားသင့်ပါတယ်။ တနေ့ အိမ်ထောင်ပြု ဦးမှာပဲ မဟုတ်လား။ အရေးကြီးတယ် လို့ ပြောချင်ပါတယ်။
Was this answer helpful?
LikeDislikeရုပ်ရှင်ကလည်း.. မာလာလာကိုတင်ထားတယ်..။
အချိန်ကိုက်ပါပဲ..။
He Named Me Malala
PG-13 2015 ‧ Documentary ‧ 1h 27m
After the Taliban tries to kill her for speaking out on behalf of girls’ education, Pakistani teenager Malala Yousafzai emerges as a leading advocate for children’s rights and the youngest-ever Nobel Peace Prize Laureate.
Release date: October 2, 2015 (USA)
Director: Davis Guggenheim
Music composed by: Thomas Newman
Distributor: Fox Searchlight Pictures
Producers: Davis Guggenheim, Walter Parkes, Laurie MacDonald
စကားအတင်းစပ်…
အင်္ဂါဂြိုလ်မှာ.. ရေတွေ့… သတ္တ၀ါတွေတွေ့..။
ပလူတိုမှာ.. ရေတွေ့.. အေလီယန်တွေ့ရင်.. အဲဒါတွေကျ… ထာဝရဘုရားသခင်ဘယ်လိုဖန်ဆင်းထားသလည်း.. ဖန်ဆင်းရှင်ဝါဒအမြင်တွေသိချင်သား..
အင်း..
လူလည်းတထွေ..ရေလည်း.. တခြား.. ဂြိုလ်သားသမီးများ..။
Was this answer helpful?
LikeDislikeအနော်တို့လို ရွေးလွန်းလို့ မရသူတွေ ကျတော့ကော မွဝင့်….
ဟီးးးး စတာဘာာာာ
ဒီဇတ်လမ်းလေး စိတ်ဝင်စားတယ် စာအုပ်ဆိုင်မှာ ရှာဝယ်ဦးမယ်…
ဒါပေမဲ့ ပြသနာက စာတွေ အများကြီးဆို အာရုံစိုက်လို့မရဘူးဖြစ်နေတယ်..
ကိုယ်လဲ အများကြီး ရေးလို့မရ… သူများရေးတာလဲ အာရုံစိုက်လို့မရ
Was this answer helpful?
LikeDislike.ဟုတ်တယ် ဝေါင်းရေ။ အွန်လိုင်းမှာ စာဖတ်ပြီးရင် အဲလိုတွေဖြစ်ကုန်တာ ကိုယ်တွေ့။ စာအုပ် အားပေးမယ်ဆိုလို့ ကျေးဇူးအကြီးကြီးတင်ပါတယ်။ ကားလမ်းကြပ်နေချိန်မှာ ဖတ်လို့ရတယ် ညီမရေ။ ဇာတ်က အသွက်မို့။ တစိမ့်စိမ့်ဖတ်ရတာမျိုး မဟုတ်ဘူး။
Was this answer helpful?
LikeDislikeအီရန်က အခု ငပွဂျီး ဖြစ်နေတယ်။။။။ အရှေ့အလယ်ပိုင်း ပဋိပက္ခ သူမွှေနေဆိုပဲ။။ ဝိုင်းဆဲဂျကွာ. အမျိုး၊ ဘာသာ၊ သာသနာအတွက် အီရန်က အလျှာတိုလာ မာမွပ်ခိုင်မ်ဆိုဒဲ့ မူလာဂျီးကို…
Was this answer helpful?
LikeDislike.အီရန်ကို လျှော့တွက်လို့ မရ။ သူက လက်ဘနွန် ကျောထောက်နောက်ခံနဲ့။ တကယ့် ငပွကြီး။
Was this answer helpful?
LikeDislikeစာအုပ်ကိုမဖတ်ရသေးတော့
စာအုပ်အကြောင်းမပြောသေးဘူး။
သံစဉ်လှိုင်းကတော့ ပထမရက်နည်းနည်း
နူးထားပြီးအလုပ်ပိတ်ရက်မှာတစ်နေ့ထဲ
အပြီးဖတ်တာ။
ဖတ်လိုက်တွေးလိုက်နဲ့သိပ်အရသာရှိ။
စန္ဒယားတီးတတ်ချင်စိတ်ပေါ်လာသလို
သံလွင်နဲ့
မဲလွင်ကရင်ထဲလာညိနေတယ်။
ကောင်းမှကောင်း
Was this answer helpful?
LikeDislike.စာအုပ်ကိုကြိုက်တယ်ဆိုတော့ ရေးရတဲ့လူလည်း အားတွေရှိသွားတာပေါ့။ စာအုပ်ကို ကြိုက်တယ်ဆိုလို့ ကျေးဇူး တင်ပါတယ် လေးပေါက်ရေ။ အခု ထွက်တာကတော့ အသွက်ပါ။ အသွက်က ကျမ သိပ်မပိုင်။
Was this answer helpful?
LikeDislikeကပေါက်ကြီး
စန္ဒယားသံ သီးသန့်နားထောင်ချင်ရင် ကျွန်မ ရဲ့ ဖေးဘရိတ် လေးပါ။
.ခေါင်းထဲရှုပ်လာရင် ငြိမ်ပြီး မျက်စိမှိတ် နားထောင်ကြည့်။
အိပ်ပျော်တော့ မသွားစေနဲ့ ဗျ။
(ရှည်လွန်းလို့ အစကနားမထောင်ချင်ရင် 5:30 မိနစ် လောက်က စပြီး နားထောင်ကြည့်။) :-)))
Was this answer helpful?
LikeDislikeစန္ဒယား တီးတာ မလွယ်ဘူးပဲ ။
Was this answer helpful?
LikeDislikeကျေးကျေးပါကိုလတ်ကြီးရေ
နားထောင်ကြည့်ပါအုံးမယ်
Was this answer helpful?
LikeDislikeTyping tutor လိုမျိုး စန္ဒယားတီးသင်ချင်ရင် အဲဒီလိုခွေကြည့်ပြီး လိုက်တီးရင် ရမလားမသိဘူး။

Was this answer helpful?
LikeDislike