ငါတို့တိုင်းပြည်

ခင္ခOctober 7, 20151min1423

ငယ်တုန်းက ဆိုတဲ့ကဗျာ

သတိရ မိတယ်ကွာ

 

ဂျပ်အေးသူ့ အမေရိုက်

လုံးလည် ချာလည်လိုက်

 

သပွတ်အူထက် ရှုပ်လို့လည်

အဆုံး မရှိဘူးကွယ်

 

ဒို့နိုင်ငံလည်း ဒီလိုဘဲ

ချာလည်ချာလည် အမြဲ

 

ကောင်းနိုးကောင်းနိုး မျှော်တွေးတယ်

နှစ်တွေကလည်း ကုန်လို့ဟယ်

 

သက်ပြင်းအခါခါ ချမိပ

ဒို့နိုင်ငံ၏ ပြည်သူ့ဘဝ။

 

ခင်ခ။

3 comments

  • ဝင့်ပြုံးမြင့်

    October 8, 2015 at 2:15 am

    .မနေ့ညက ဘာဖြစ်လို့လဲ မသိ။ မန်းဂဇက်ကြီး တိ်တ်ဆိတ်ခြောက်ကပ်နေတယ်လို့ တွေးမိရင်းက တဆက်တည်း လေးခ ကို သွားသတိရတယ်။ ပျောက်နေတာ ကြာပြီလို့။ ခုမှပေါ်လာတော့တယ်။

  • Mike

    October 8, 2015 at 9:24 am

    .သက်ပြင်းအခါခါ ချမိပ

    .ဒို့နိုင်ငံ၏ ပြည်သူ့ဘဝ။……ကဗျာဖတ်ပြီးသက်ပြင်းချသွားတယ်ကိုခရေ :))

  • Alinsett @ Maung Thura

    October 9, 2015 at 7:32 am

    .ရွှေပြည်တော်ရယ် မျှော်နေလည်းဝေးး
    ဓူဝံကြယ်စင် မြင်နေလည်းဝေးးးးး

Leave a Reply