ချီးကျူးခန်းလေးဖွင့်ပါရစေ ဟတ်ဟတ်

Mr. PocketOctober 12, 20151min2298

ကျွန်တော်တို့မြန်မာတွေ စိတ်ထားလေး ကောင်းမွန်တာကိုဗျာ.. ဒီနေ့တွေ့လိုက်ရတော့ စိတ်ချမ်းသာသွားတယ်…

ဒီနေ့ အလုပ်ကိုလာတော့ ၄၅ အဲယားကွန်း လေး တွေ့တာနဲ့စီးလာလိုက်တယ်..

ကားပေါ်ရောက်တော့ နေရာမရ..အဲယားကွန်းနဲ့ဆိုတော့ လူပိုများတယ်မလား.. အဲ့တာနဲ့ရတဲ့နေရာလေးဝင်ရပ်ရတာပေါ့..

အဲ အဲ့ဒီမှာ ချီးကျူးချင်တာလေးတွေတွေ့ပါလေရော… ထိုင်ခုံမရတဲ့အမျိုးသမီးတွေ လက်ထဲလည်းအထုပ်တွေကလည်းများသကိုး..ထိုင်ခုံရတဲ့အမျိုးသားတွေက ကိုင်ပေးသကိုး တကယ်ရက်ရက်ရောရောကို ကိုင်ပေးတာ…(အမျိုးသမီးတွေကလည်းချောသကိုး ခ်ခ်) အလုပ်သွားတဲ့အမျိုးသမီးတိုင်းရဲ့ လက်ထဲမှာကလည်း တစ်ဆွဲ တစ်လွယ်လောက်တော့ အသာလေးပါသကိုး၊ ပြောချင်တာကတော့ဒါလေးပါ.. မြန်မာလူမျိုးတွေ ကူညီတတ်ပုံများပြောပါတယ်…တကယ့်ကို အားရပါးရကူညီတာ  ဘတ်စ်ကားပေါ်မှာ မနိုင်မနင်းဖြစ်နေတဲ့သူတွေကို(အမျိုးသမီး ချောချောလေးတွေသီးသန့်) အထုပ်တွေကူကိုင်ပေးတာတွေ့ရတော့ ဝမ်းသာတယ်ဗျာ.. (အဘိုးကြီးတွေ့ခမျာတော့ ဂေါက်ထီးကြီးနဲ့ အလေးအပင်တွေနဲ့ ဘတ်စ်ကားပေါ် ရရာနေရာမတ်တပ်ရပ်… မဖြစ်ဖြစ်တဲ့နည်းနဲ့ဒီခရီးဝေးဝေးနီးနီး ရောက်မဲ့ အချိန်အထိ စီးပေတော့..)

 

ကျွန်တော်ပြောချင်တာ တစ်ချို့ကိုပါ တကယ်ကူညီတတ်တဲ့ လူငယ်လေးတွေ အများကြီးရှိပါတယ်(ကျွန်တော်အပါအဝင်ပေါ့ တိန်)အဲ့လိုကူညီတဲ့လူတွေရှိသလို ဘဘ ကျေးဇူးနဲ့ ဘဝသစ် စခွင့်ရတဲ့ လူငယ်တစ်စုကလည်း အထဲမှာတုန်းက လူတွေ အပြင်မှာ ပြန်ဆုံပြီး ဘဝဟောင်းကအလုပ်လေးတွေကို အစုအဖွဲ့နဲ့ပြန်လုပ်နေကြတာကို ဝမ်းနည်းစွာနဲ့ တွေ့နေကြားနေရပြန်တယ်ဗျာ..

ကဲကဲ.. ပုံပြင်လေးကတော့ဒါပါပဲ ခလေးတို့ရေ… အခုတော့ တော်သေးဘီ…. ဘိုင့်…

8 comments

  • မြစပဲရိုး

    October 13, 2015 at 4:07 am

    ဘဝဟောင်းကအလုပ်လေးတွေ ဆိုတာ “ခါး” လား။
    .ပေါ်တင် ဓားမြတိုက် နေတဲ့ ခေတ်မှာ။ 🙄

  • ဇီဇီခင်ဇော်

    October 13, 2015 at 8:01 am

    ဘဘကြီးက သူလိုရင် ခိုင်းလို့ ရအောင်တဲ့။
    အပြင်မှာ လွတ်လွတ်လပ်လပ်ထားထားတာ။
    စာသင်သားတွေတော့ နံရံလေးဘက်ကိုပို့ထားတယ်လေ။

    😥

  • ဦးကြောင်ကြီး

    October 13, 2015 at 10:01 am

    .မြန်မှာဆိတ်ဓါတ်
    .တဏှာသိပ်ဖက်
    .အဝှာလိပ်ဝက်
    .ဗလာနှိပ်စက်..

  • ဇီဇီခင်ဇော်

    October 15, 2015 at 6:23 am

    စောစောစီးးစီးး အမျှဝေအူးးမှ..!!
    သန်းးမကြီးးကောင်းးမှု အကျဉ်းးသား ၆၀၀ဝ ကို ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးးမတဲ့…
    အမျှx၃ကြိမ်
    ဒေါသထွက်နေသောလူအုပ်ကြီးးနှင့် လက်ပတ်နီ စွမ်းအားရှင်တို့ အင်အားးဖြည့်တင်းးမှု အတွက် သာဓု ခေါ်ဆိုကြကုန်..!!
    😥

    • Ma Ma

      October 15, 2015 at 8:20 am

      ဘုရားတရားကို ပိုသတိရဖို့၊
      ကုသိုလ်အာရုံပိုရဖို့ ဖြစ်လာတယ်လို့ပဲ သဘောထားပါတယ်။
      သာ……….ဓု 😥 😥 😥

    • Mr. Pocket

      October 15, 2015 at 10:55 am

      ဖျားရေ ဒါမျိုးတော့ သာဓုလုံးဝ မခေါ်နိုင်ပါဘူး အစ်မတော်.. ကျွန်တော်မျိုးရဲ့ ဇီဝိန်ကို ချုပ်သွားတော်မူပါတော့လို့…

  • Alinsett @ Maung Thura

    October 15, 2015 at 11:29 am

    အနော်လည်း ကောင်မလေးချောချောလေးတွေ ဆိုရင်
    သိပ်ကူညီချင်နေတတ်တာ
    အမျိိုးသားဆိုသူတွေကတော့ ကိုယ့်အား ကိုယ်ကိုးကြပေါ့
    အဟိ

    :mrgreen:

  • padonmar

    October 16, 2015 at 11:24 pm

    သူရို့က ကောင်မလေးတွေ အထုပ်ကိုင်ပေးရင် ကိုယ်က ဘိုးကြီးဘွားကြီးတွေ အထုပ်ကိုင်ပေးလိုက်ပေါ့။

Leave a Reply