ရိုလာကိုစတာ အလွဲ – Roller Coaster

ဇီဇီOctober 14, 20151min24431

ဘဖော ပို့(စ) ထဲ ရိုလာကိုစတာမြင်တော့ ကိုယ်နဲ့ ရိုလာကိုစတာရဲ့ ရေစက်အကြောင်းကို သတိရသွားတယ်။

ဟိ။

:mrgreenn:

 

ရိုလာကိုစတာရယ်လို့ စသိ စမြင်ဖူးတာက ၁ဝ တန်းး၊

မန်းလေး ပိုက်ကျုံး ဘက်မှာ ကစားကွင်း အသစ်ဖွင့်တော့ အဲဒါတွေပါ ပါတယ်။

မန်းလေးထုံးစံ အသစ်အဆန်းများမလုပ်ဖူးရင် ခေတ်မမှီတာမို့ မောင်နှမ ၆ ယောက် နဲ့ အဒေါ်တွေ အမေတွေရော လူကြီးတွေ ပါ ကစားကွင်းကို ချီတက်ကြတာပေါ့။

စစချင်း တော့ ဘာမှန်းမသိ။ လူတွေက စီးပြီး အော်ဟစ်နေတာမြင်တော့ အပိုတွေပါကွာ ပေါ့။ ဂလောက်များပေါ့။

:mrgreenn:

ဘာကို ကြည့်ပြီးတွေးတုန်းဆို နဂါးလှေကြီးလေ။ အမြင်အရတော့ ဘာမှ မဖြစ်သလိုပဲ။ ဒန်းစီးသလိုလေးလောက် ကို အကဲပိုတယ်မှတ်ခဲ့တာ။

:buu:

တကယ်လည်း စီးရော ပထမတော့ စလွှဲတာက ငြိမ့်ငြိမ့်လေးးး

ကိုယ်က ထိုင်မိတာကလည်း ဦးပိုင်းးး

ငင့်။ နောက်တော့လားး အနိမ့်ဆုံးရောက်လိုက်၊ အမြင့်ဆုံးဆုံးရောက်လိုက်နဲ့။ ဂစ်ဂစ်။

ရပ်ခိုင်းတော့လည်း ရပ်မရဘူးလေ။ စမိရင် အရှိန်သေမှ ရပ်တာကိုးး ။

ပိုဆိုးတာက ဘေးက ညီမလေးက ၆ နှစ်သမီး အားဂျီး ငိုတော့ ပိုဆိုးတာ။

မစီးရဲပဲ အောက်မှာကျန်ခဲ့တဲ့ သူ့ အမေ ကိုယ့် အဒေါ်ကလည်း ငိုပါလေရော။ ဘဝတွေ ပျက်နေကြတာမြန်းးးးး

:harr:

 

အာ့နဲ့ အောက်ကို ဆင်းတော့ မူးပြီး အန်ကြတာ။ ရိုလာကိုစတာ အစစ်မစီးရခင် မှတ်သွားတာ အဲဒီကစားကွင်း ခြေတောင်မချ။

:r:

 

~~~~~~~~~~~~~~~~

နောက်တော့ စလုံးရောက်ပြီး ၂၀၀၉ မှာ မင်းသားကြီးက တစ်ရုံးလုံး ဟောင်ကောင်လိုက်ပို့တယ်။

ခရစ်စမတ်နေ့ကြီး ဒစ်စနေလန်း ကို သွားကြပါလေရော။

:mrgreenn:

အမယ်။ ရိုလာကိုစတာ တွေ ရှောင်ပြီး ကျန်တာ သေးသေးမွှားမွှားလေးတွေ

လှည့်ပတ် ကစားး

ဓာတ်ပုံရိုက်

စားသောက်ပြီး ညဦးပိုင်းရောက်တော့ မှ Space Mountain ဆိုတာက ဖွင့်တယ်။

ဘာမှန်းမသိတာနဲ့ ရှေ့က စီးပြီး ထွက်လာတဲ့ ဆိုက် အင်ဂျင်နီယာလေးကို မေးရော။

😳

“ဟာ။ အာကာသထဲ သွားရသလိုပဲ၊ ကြယ်လေးတွေရော ဂြိုလ်တွေရော နဲ့ မိုက်တယ်”

ဟယ်။ ကိုယ်နဲ့ ရုံးက အမနဲ့ ၂ ယောက်သား စီးမယ် ဆို ဝင်တန်းစီကြတာပေါ့။

:n:

ယာဉ်ပျံ ပုံ ရထားလုံးလေး လာတယ်။ ဝင်ထိုင်ပြီး သွားကြတာပေါ့။

ယာဉ်ပျံ လေးက ဖြေးဖြေးလေး သွားနေတုန်းး အမှောင်ထဲမှာ ကြယ်လေးတွေရော ဂြိုလ်တွေပါ ကိုယ်က အာကာသယာဉ်ထဲကနေ လိုက်ကြည့်နေသလိုလို။

.

.

.

ဝုန်းးးး

 

အမငီးးး

:chee:

 

တည့်ပဲ …!!!! ယာဉ်ပျံ ကပြုတ်ကျသွားတာ အမှောင်တွင်းကြီးထဲကို….

 

အားးးးးးးးးး

:byee:

:byee:

 

အဲဒီက စ ရိုလာကိုစတာ ခရီး စ ပါပြီ။

 

မှောင်ထဲမှာ ဘေးမှာ ကြယ်လေးတွေ မှိတ်တုတ်မှိတ်တုတ်လည်း မခံစားနိုင်တော့ဘူးးး

မျက်လုံးကို စုံမှိတ်ပြီး အော် တာ အော်တာ။

:byee:

 

ယာဉ်ပျံ က ပြုတ်ကျလိုက်

ဘယ်ကို ကွေ့လိုက်

ညာကို ကွေ့လိုက်။

အဲဒါမျိုးကို ၂ မိနစ်တောင်မရှိပါဘူးး ကိုယ်တွေမတော့ ကဘာ ပျက်သလို…..

မူလနေရာ ပြန်ရောက်လို့ရထားလေး ရပ်တော့မှ ဆင်းလာရတော့…..

ကိုယ်က ခါးလေး ဘယ်စောင်းလို့။

အမက ညာဘက် စောင်းစောင်းလေးးး။

:ff:

ရုတ်တရက်အကွေ့တော့မှာ တစ်ကိုယ်လုံး ကြောက်လို့ တောင့်ထားမိတဲ့ ဒဏ်တွေလေ။ အခန့်မသင့်တော့ စောင်းသွားရော။

မပြီးသေးဘူးးး

အပြင်ရောက်တော့ ရုံးက လူတွေ က ဓာတ်ပုံကို ကြည့်ပြီး ရီနေကြပြီ။

:l:

ငင့်။ လမ်းဆုံးမှာ ကင်မရာရှိတယ်။ အမှတ်တယ ဓာတ်ပုံ အော်တိုရိုက်ပြီး အပြင်မှာ ရွေးရတာ။

ဂစ်ဂစ်။ အရုပ်ဆိုးဆုံး ပုံတွေ အပြင်မှာ ကိုယ့်ထက် အရင်ရောက်နေပြီ။

စိတ်နာချက်များတော့ အဟားခံလို့ မပြီးးးး

:l:

~~~~~~~~~~~~~~~

 

 

မနှစ်က တော့ စလုံးက ယူနီဗာဆယ် စတူဒီယိုကြီး ကို ဧည့်သည် လိုက်ပို့ထာ။

နာမည်အကြီးဆုံး ရိုလာကိုစတာ လမ်းရှည်ကြီးလည်း မစီးဘူး ကြိုပြောပြီးသားးး

ဟောင်ကောင်က Space Mountain လို ဟာမျိုးလည်း မစီးဘူးပြောထားတာ။ ဟိဟိ။

:mrgreenn:

:mrgreenn:

ရုံးက ကောင်လေး က ဘယ်မှ မသွားချင်နေ Transformer တော့ ဝင်ခဲ့လို့ မှာလို့ ဝင်တယ်။

ကြိုက်လိုက်တာဗျာ။ 4D ride ကိုးးး

ကိုယ်က စက်ရုပ် ကိုယ်ထဲက လိုက်ရတဲ့ အတိုင်းပဲ။ အတော်သဘောကျတယ်။ ဟိ

:bb:

 

အာ့နဲ့ ရှေ့ဆက်သွားတော့ မမ်မီ တွေရှိတဲ့ အီဂျစ်နေရာကိုရောက်တယ်။

ကိုယ်က Horror/Thriller Movie ကြိုက်သမား။

မင်းသားရော ဗီလိန်ရော ကြိုက်တာမို့ မမ်မီသာ 4D နဲ့ ကြည့်ရမယ် ဆို ပျော်တာပေါ့ အမေရယ် ဆိုပြီး ဝင် တန်းစီတယ်။

:aa:

အပေါက်ဝတင် တားခံရတယ်။ ကင်မရာတွေရော ဖုန်းတွေရော မျက်မှန်တွေရော လော့ကာထဲ သိမ်းခဲ့ပါတဲ့။

😯

ငင့်။ ဘာလို့ပါလိမ့်ပေါ့။ အဲဒီအထိ မရိပ်မိသေးဘူးးး

ထားတယ်ပေါ့။ ပိုကောင်းတယ်ပေါ့.။

😳

ဝင်သွားတော့ မမ်မီကားထဲက ရထားလုံးလေး လာတယ်။ တက်လိုက်တော့ ခါးပတ်တွေ ပါတွေပါ ပတ်ပေးတာ။

ရှေ့က တန်းကလည်း ဖိထားသေးး

😐

စ သွားပါပြီ။ ပိရမစ်ထဲကို ၊ ဟိုနေရာရောက် အခေါင်းကြီးထဲက မမ်မီကြီးထလာလိုက်။

ဒီနေရာက မီးခိုးလုံးလေးတွေ မှုတ်လိုက်၊ ကိုယ့်မတော့ တဟီးဟီးနဲ့ သဘောတွေကျထာ။

:aa:

ရထားလေးက ရုတ်တရက် ရပ်သွားတယ်။ အရှေ့မှာ စကရင်ထဲမှာ ဟို မမ်မီကားထဲက လူသားစား အကောင်လေးတွေ ထွက်လာတာကို ပြနေတာ။

ကိုယ့်မှာ ဘယ်နားက အကောင်လေးတွေ ပေါ်လာမတုန်း ကြည့်နေတုန်းးး……

.

.

.

 

ဒုန်းးးးး

 

ရထားလုံးက ၉ဝ ဒီဂရီ ပက်လက်ဖြစ်ပြီး ပြုတ်ကျတာဗျာ။

:byee:

ကိုယ့် နှလုံးသား တစ်ခုလုံး အပြင်ကို ခုန်ထွက်သလိုပဲ ခံစားလိုက်ရတယ်။

:byee:

မမျှော်လင့်ထားတာမို့ ထုံးစံအတိုင်း မျက်စိစုံမှိတ် အော်တော့တာပဲ။

:byee:

အားးးးးးး

:byee:

ဘေးမှာပြလာတဲ့ ဘာမံမီ ဘာအရိုးစုမှလည်း မမြင်တော့ဘူးး

:f:

ပြန်ထွက်လာတဲ့ အချိန် ဒူးတွေ မခိုင်တော့လို့ လူတွဲနဲ့ ထွက်လာရတယ်။

ခွီးးးးး

:ee:

ဒီလိုနဲ့ပဲ အာဗျဲ ၂ ပုံ အဖတ်တင်ပြီး ရိုလာကိုစတာနဲ့ ကြော ပြတ်သွားတော့တာပါပဲ။

:buu:

31 comments

  • Wow

    October 14, 2015 at 10:16 am

    ဟီးးးး အလှအပဒွေ လူသိကုန်တာပေါ့ :mrgreen:

    • ဇီဇီခင်ဇော်

      October 16, 2015 at 8:11 am

      တအားလှလွန်းလို့ဖွက်ထားရဒယ်ရယ်

      :k:

  • HMM

    October 14, 2015 at 10:27 am

    ရိုလာကိုစတာစီးတိုင်​း ဘာဘာဘာမှမြင်​ဘူး မျက်​စိမှိတ်​ပီး အ​သေ​အော်​တယ်​…
    USS သူငယ်​ချင်​း​တွေနဲ့သွားတာ မယ်​မင်​းကြီးမ​တွေ မမ်​မီကို၃ခါပြန်​စီးသ​လေ…စီးလဲပီး​ရောလူလဲ​မြော့​ရော…ဟိုအကြီးကြီး​တေပိတ်​ထားတာ ​တော်​​သေးရဲ့..​ကျေးဇူးကြီပါ​ပေ့ USSရယ်​..မယ်​မင်​းကြီးမ​တွေက​တော့ ​တောက်​တခက်​ခက်​​ပေါ့

    • ဇီဇီခင်ဇော်

      October 16, 2015 at 8:12 am

      ဟမ်မငေးး
      မသိပဲစီးမိတာကလွဲရင် သိသိကြီးနဲ့တော့ မစီးတာ။
      သတ္တိကောင်းတဲ့သူတွေတော့လေးစားတယ်လို့။

      :kwi:

      • HMM

        October 16, 2015 at 2:29 pm

        သတိ္တကောင်းချက်တော့ ပြောမနေနဲ့ ထွက်လာတဲ့ ပုံထဲမှာ ကိုယ်အာအပြဲဆုံး။
        ၃ခါစီးဖြစ်တာက ပထမ၁ခေါက် ဘယ်လိုလေးလဲဟဆိုပြီး သိချင်လို့စီးတာ(စီးလဲပြီးရော ရင်ထဲလှပ်လှပ်ဖြစ်ရော)
        ထပ်မစီးတော့ဘူးလုပ်တာ မယ်မင်းကြီးမတွေ အဆွဲကောင်းတာနဲ့ ဒုတိယ၁ခေါက် ကန့်လန့်ကန့်လန့်ပါသွားပြန်ရော(ပြန်လဲထွက်လာရော ဒူးကချောင်တောင်တောင်ဖြစ်)
        တတိယ၁ခေါက် စီးအုံးမယ်လုပ်ကြတော့ ၁ယောက်ထဲလဲ အပြင်မှာမစောင့်ချင်တာရော၊၂ခေါက်တောင်စီးပြီးမှတော့ မထူးပါဘူးလေဆိုပြီး အံကြိတ်လိုက်သွားတာ မျော့ပီးထွက်လာရရော။
        ဘယ်နှခေါက်စီးစီး အမြင့်ကကျတိုင်း ဖင်လေသလပ်သလိုဖြစ်တာကို မခံစားနိုင်ဘူး :byee:

  • Alinsett @ Maung Thura

    October 14, 2015 at 11:45 am

    ကျနော်ဖြင့် ချားရဟက်တောင် ဘုရားပွဲဈေးတွေမှာ .. အခုနောက်ပိုင်း မစီးဖြစ်တော့ …
    အာ့မျိုးကြီးသာ စီးရရင်…
    အင်းးးး
    အဟီးးး ပိုက်ဆံပေး အချိန်ပေးပြီး.. ကိုယ့် ရှူရှူး ထွက်ကျမယ့်အဖြစ်တော့..
    လူကြားထဲ အဖြစ်မခံနိုင်ဘူးဆိုပြီး…
    မစီးဖြစ်တော့တာ…

    :mrgreen:

    • ဇီဇီခင်ဇော်

      October 16, 2015 at 8:12 am

      အဟိဟိ။
      ဟုတ်တယ်နော်။
      ရှူးမပေါက်ချခဲ့မိတာ တော်သေး ဆက်ဆက်ရယ်။
      ဒူးတွေတော့ မတ်မတ်မရပ်နိုင်အောင် မခိုင်တော့တာ။

      :k:

  • uncle gyi

    October 14, 2015 at 10:04 pm

    မိုက်တယ်
    အဲဒါမှအရသာ

    • ဇီဇီခင်ဇော်

      October 16, 2015 at 8:13 am

      အန်ကယ်ဂျီးးး
      တညား အဲဒီ အရသာမကြိုက်ဘူးး

      :mrgreenn:

  • Ma Ma

    October 15, 2015 at 6:00 am

    ရန်ကုန်မှာလည်း တိရစာ္ဆန်ဥယျာဉ်ထဲမှာ စဖွင့်တုန်းကပဲ တစ်ခါစီးဖူးတယ်။်
    သိပ်မကြမ်းတာရွေးစီးမယ်ဆိုပြီး ပတ်ခြာလည်လှည့်ရုံပဲထင်ပြီး စီးလိုက်တာ ၄၅ဒီဂရီစောင်းပြီး ခြားရဟတ်လို လည်တာ ဘေးနားကကုက္ကိုပင်ကြီးတွေထက်တောင် မြင့်သွားသေးတယ်။
    ပြီးလည်းပြီးရော ကိုယ်ကတော့အိန္ဒြေဆယ်နိုင်သေးတယ်။
    ဘေးက လူတွဲပြီး ထွက်လာတာတွေ၊ ဆံပင်ဖရိုဖရဲတွေ၊ မူးပြီးအန်နေတဲ့သူတွေကြည့်ပြီး ရီလိုက်ရတာ။
    နောက်ဘယ်တော့မှမစီးတော့ဘူးလို့ သန္နိဌာန်ချလိုက်တယ်။
    ဒါပေမယ့် စလုံးက Wild wild wet (နာမည်ကို အသံထွက်လောက်ပဲ မှတ်မိတော့တယ်) ကတော့ မကြမ်းလို့ ပျော်ဖို့ကောင်းသား။

    • ဇီဇီခင်ဇော်

      October 16, 2015 at 8:14 am

      Wild wild wet က ရေနဲ့ ဆော့ရတာများတယ်။
      ပျော်စရာကြီးးး
      ပျော်ပွဲစားထွက်ဖို့ ပိုကောင်းတယ်။

      🙂

  • Wow

    October 15, 2015 at 7:26 am

    Final Destination ကျိပီးထဲက ရိုလာကိုစတာစီးရင်…
    ကားပိတ်လို့ ကိုယ့်ရှေ့မှာ သံချောင်းတွေ အများကြီးတင်တဲ့ကားရှိနေရင်…
    လန့်ထှာ :mrgreen:

    • ဇီဇီခင်ဇော်

      October 16, 2015 at 8:15 am

      အဲဒီကားတွေ ကြည့်ကြည့်ပြီး
      ဆေ့ဖတီးသင်တန်းတွေ တက်တက်ပြီး ပိုပိုကြောက်တတ်လာတာခက်တယ်။
      :a:

  • Mike

    October 15, 2015 at 9:41 am

    .ဟောင်ကောင် ဒစ်စနေလန်း ရောက်ဖူးတယ်…ရိုလာကိုစတာလည်းစီးခဲ့တယ်..
    .က ျုပ်လည်းသတ္တိမသေးဘူး….အော်ရတာပဲ..ဟီး :))

    • ဇီဇီခင်ဇော်

      October 16, 2015 at 8:15 am

      အဲလို အာဗျဲနဲ့ ဖွင့်အော်လိုက်ရင် နည်းနည်း ပိုသက်သာတယ်။
      ဓာတ်ပုံထဲမလှတာ တစ်ပိုင်းပေါ့။

      :byee:

  • တောင်ပေါ်သား

    October 15, 2015 at 4:07 pm

    အနော်ကတော့ တစ်ခါမှ မစီးဖူးဘူး ၊

    အမြင့်ကို ကြောက်လို့ ၊

    • ဇီဇီခင်ဇော်

      October 16, 2015 at 8:16 am

      တညားလည်း အမြင့်ကြောက်တယ်။
      ဒူးထဲက ယားလာတာ။

      :mrgreenn:

  • ကြည်ဆောင်း

    October 15, 2015 at 4:07 pm

    အဲ့လို အော်ဟစ်ပြီးစီးချင်တာ
    တစ်ယောက်ထဲတော့ဟုတ်ဘူး
    နည်းနည်းအသည်းကောင်းမဲ့သူနဲ့

    • ဇီဇီခင်ဇော်

      October 16, 2015 at 8:16 am

      ငင်။
      ထူးပါဘူးး
      ဘယ်သူပါပါ ဘယ်သူရှိရှိ။
      ကြောက်ရတော့ ကိုယ်ပဲ။
      စီးတော့ဘူးး
      ဟိဟိ

      :k:

  • ဂျက်စပဲရိုး

    October 16, 2015 at 4:13 pm

    ရိုလာကိုစတာ
    ရဟတ်
    အဲ့လို အမြင့်တက်တာတွေ ချာချာလည်တာတွေ ကို သိပ် မခံစား နိုင်ဘူး။

    အမြင့်ရောက်ရင် ရင်ခေါင်း ထဲက ယားကျိကျိ ဖြစ်လာသလိုလို ခြေဖဝါး တွေ ယားလာသလိုလို နဲ့။

    ူယူနီဗာဆယ် စတူဒီယို က ဟာကြီး ကိုတော့ ခုထိ မစီးဖြစ်သေးဘူး။
    စီးဖြစ်မယ်လဲ မထင်ပါဘူးလေ ဟီးဟီး။

    • ဇီဇီခင်ဇော်

      October 17, 2015 at 1:46 pm

      ခိခိ..
      တူတူပဲ.. ကိုယ့်ရောဂါ ကို မရှာတော့ဘူးး
      :k:

  • surmi

    October 16, 2015 at 4:42 pm

    အဲ့ ဒါမျိုးဒွေ ဘဟ်တော့မှမစီးဘူးးး
    အမြင့်ကြောက် ရောဂါရှိလို့
    :kwi:

    • ဇီဇီခင်ဇော်

      October 17, 2015 at 1:48 pm

      Like you Kha Ma
      Like chway Ma
      :mrgreenn:

  • pooch

    October 17, 2015 at 10:55 am

    ကိုယ်လည်း မူးတတ်တယ် အမြင့်ဘယ်လောက်တက်ရတက်ရ ချာလပတ်ရမ်းနေတာမျိုးဆိုရင်တော့ မူးလိုက်တာမှ

    သိတဲ့အတိုင်း ကိုယ်က ကားစီး ကားမူး လေယာဉ်စီးလေယာဉ်မူး မမူးတာကို မရှိဘူးရယ် ပိုက်ဆံပေးပြီးတော့ ကိုယ့်ကိုယ်ကို မနှိပ်စက်ဖူး မြို့တော်ဥယာဉ်မှာတခါတော့ လှေကြီးစီးဖူးတယ် နောက်ပိုင်းတော့ မစီးတော့ဘူး အဲ့ဒါမျိုးတွေ

    • ဇီဇီခင်ဇော်

      October 17, 2015 at 1:49 pm

      အမြင့်လည်းးမကြိုက
      ချာလပတ်ရမ်းးတာလည်းး မကြိုက်
      😥

  • kai

    October 17, 2015 at 12:50 pm

    တင့်သင့်လျှောက်ပတ်တဲ့.. နှလုံးသွင်းပေါ့…
    အမြင့်ကို တက်ဟန်ပြုတယ်.. ပြုတ်ကျဟန်ပြုတယ်…
    တကယ်မဟုတ်..။ အမှန်မဟုတ်..။ မသေ..။

    နောက်တာပါ..
    ကျုပ်ကတော့ ရိုလာကိုစတာပြီးတယ်..။
    အနီးအနားက.. မှီနိုင်တာတွေကို.. လက်နဲ့တောင်အတင်းခုန်ရိုက် တို့ထိဖို့ကြိုးစားကြည့်သေး…
    လှေတော့မရ..။
    မူးသဗျ..။ :k:

    • ဇီဇီခင်ဇော်

      October 17, 2015 at 1:50 pm

      ငင့်..
      ဒီ တဂျီးး အငြိမ်မနေချက်..
      ကိုယ် ဖြင့် လှုပ်တောင် မလှုပ်နိုင်
      :a:

  • အောင် မိုးသူ

    November 30, 2015 at 9:53 am

    မံမီ နဲ့ ထရန်စဖော်မာတော့ အရမ်းကြိုက ်ယူအက်စ်အက်စ်ကို ရောက်တုန်းက ရိုလာကိုစတာက ပိတ်ထားတော့ လွဲခဲ့တယ် အဟင့်။

    • ဇီဇီခင်ဇော်

      November 30, 2015 at 11:31 am

      မွသဲတို့ သားအမိတော့ ရိုလာပေါ် တင်လွှတ်လိုက်တာ။
      ဟိ။
      နာ တော့မစီးရဲလို့ အပြင်မှာ ထိုင်စောင့်နာ။

      :k:

  • ဦးကြောင်ကြီး

    November 30, 2015 at 12:33 pm

    စပေ့စ်မောင်တိန်လို အတုရိုလာကိုစတာမ ျိုး မကောင်းဘူး.. နံရံမှာ နည်းပညာနဲ့ ကြယ်လတွေ အင်ထုပီး အောက်က ရထားကို နိမ့်လိုက်မြင့်လိုက် လုပ်ပေးတာ… အပြင်လေဟာနယ်မှာ စီးရတာမ ျိုးမှ တန်ဒါ… ငတုံးမ..

Leave a Reply